ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
" ကြ်န္မက
ရွင္တို႕ရဲ႕အိမ္နီးနားခ်င္းႏုိင္ငံကလာတာ "
" ဒါေပမယ္႕
ကြ်န္မရဲ႕မိခင္ဘာသာစကားက ဖီဂ်န္ "
" အိမ္မွာေတာ႕
အဖိုး နဲ႕ အဖြားပဲ အိႏိၵယစကားေျပာတယ္ "
" ဒါေပမယ္႕
ဘယ္လိုပဲတြန္းတြန္း ကြ်န္မက အဂၤလိပ္လိုေျပာတယ္။ အခု အေမရိကားေရာက္ေတာ႕ အဂၤလိပ္လုိေျပာခဲ႕တဲ႕တစ္သက္လံုးအခက္အခဲမရွိခဲ႕ဘူးေလ
"
.
" ကြ်န္မဘဝလမ္းေၾကာင္းက
ထူးဆန္းတယ္။ ေျပာရရင္ ဟုိးေရွးေတာ္ေတာ္က်တဲ႕ ကြ်န္စံနစ္ၾကီးစုိးတုန္းက ကိုလုိေခတ္ကုိျပန္သြားရလိမ္႕မယ္
"
.
.
" အဲဒီတုန္းက
အခု ကယ္ရုိ - Carol ျဖစ္လာမယ္႕ ကြ်န္မက ဘယ္ဆီေနမွန္းမသိေသးပါဘူး "
" ျဗိတိသွ်ကိုလိုနီေတြဟာ
သူတုိ႕ရဲ႕ကုိလိုနီနယ္သစ္ေတြတိုက္ျပီးတုိင္း နယ္ေျမသစ္တစ္ခုျဖစ္ဖို႕၊ ႏိုင္ငံတစ္ခုျဖစ္ဖို႕နဲ႕
အဲဒီႏုိင္ငံ - Territory ကေန အဂၤလန္ကုိျပန္သယ္ဖို႕ လုပ္အား - Labor ေတြ အမ်ားၾကီးလိုတယ္
"
.
" ဒါေၾကာင္႕
သူတို႕သိမ္းထားျပီးသားျဖစ္တဲ႕ ကြ်န္မရဲ႕အေသြးအသားျဖစ္တည္ရာဇာစ္ျမစ္ႏိုင္ငံ အိႏိၵယႏိုင္ငံကေန
သေဘာၤၾကီးတစ္စီးနဲ႕ အိႏိၵယမ္းေတြအျပည္႕ တင္တယ္။ ေနာက္ပိုင္းေတာ႕ ေနာက္ထပ္သေဘာၤေတြထပ္ေတာ႕ရွိဦးမွာေပါ႕။
အဲဒီမွာ ကြ်န္မအဖိုးက ပါလာျပီး အခု ဒီကုိေရာက္လာတာ..။ ဒီႏိုင္ငံဆုိတာ ဖီဂ်ီႏုိင္ငံကုိေျပာတာ
အေမရိကားကိုေျပာတာမဟုတ္ေသးဘူး "
.
.
" အဖိုးကေန
ကြ်န္မအေဖ၊ ကြ်န္မအေဖကေန ထပ္ေမြးတဲ႕မ်ိဳးဆက္က်မွ ကြ်န္မကံပါလာတာေပါ႕ "
" ကြ်န္မ
ၾကည္႕ေနတယ္ .. မၾကာခဏၾကားေနတယ္ .. အေမရိကားမွာ အိႏိၵယေသြးပါတဲ႕မ်က္ႏွာျမင္တိုင္း (
Are you from India? ) ဆိုျပီးေမးၾကတယ္ "
" ကုလားနဲ႕တူတုိင္း
အိႏိၵယႏုိင္ငံကလာတာမဟုတ္ဘူးဆုိတာ ကြ်န္မရွင္းျပရတာလည္း အခါခါပဲ "
.
" ဥပမာ
- ႏႈတ္ခမ္းေမႊး၊ ပသုိင္းေမႊးနဲ႕ ကုလားဆင္ေတြ႕တဲ႕အခါ မင္း အာဖကန္နစၥတန္ကလား လို႕ ေမးမိသလိုေပါ႕။
ဒီလူမ်ိဳး ဒီႏိုင္ငံမွာမွ ကုလားဆင္ ရွိတာမဟုတ္ဘူး။ အနီးအနားမွာ ဂြာတီမာလာ၊ မလွမ္းမကမ္းမွာ
ေကာ႕စတာရီကာ စသျဖင္႕ ခပ္ဆင္ဆင္လူမ်ိဳးေတြေနၾကတယ္။ တစ္ခ်ိဳ႕ဆို ဆန္ဖရန္စစၥကိုမွာေနတဲ႕
အေမရိကန္ရဲ႕ရန္သူ အီရန္လူမ်ိဳးေတာင္ေတြ႕ဖူးၾကတာ သက္ေသပဲေလ "
.
.
" အခုေျပာခ်င္တာက
ဒီအလုပ္ကုိေရာက္လာရတဲ႕အေၾကာင္းရင္း..။ ဘယ္သူက - Referral ေခၚလုိ႕ေရာက္လာတာမဟုတ္ဘူး..။
ကိုယ္႕ဟာကုိယ္ေလွ်ာက္လို႕ရတာ။ ဒီမွာလုပ္တဲ႕ တစ္ခ်ိဳ႕အိႏိၵယမ္းေတြနဲ႕လည္းမသိဘူး
"
" အရင္လုပ္တဲ႕အလုပ္က
လစာေကာင္းတယ္။ ရာထူးလည္းေကာင္းတယ္။ ကြ်န္မတက္ထားတဲ႕ စီးပြားေရး - Business ဘြဲ႕နဲ႕လည္းကိုက္တယ္။
မေကာင္းတာက ေနရာ နဲ႕ အခ်ိန္..။"
.
" မနက္
( ၉ ) နာရီတက္ရတယ္ .. ရံုးက..။ အလုပ္ေရာက္ဖို႕ ကားေမာင္းခ်ိန္ အနည္းဆံုးမိနစ္ ( ၅ဝ
) လိုတယ္။ ဒါေတာင္ ကားလမ္းမက်ပ္မွေနာ္..။ အျပန္ကားလမ္းက ဘယ္လိုက်ပ္မွန္း ေျပာကုိမေျပာျပတတ္ေတာ႕ဘူး။
ညေနရံံုးဆင္းရင္ ကားတန္းရွည္ၾကီးကိုေစာင္႕ရတာနဲ႕ မနက္ၾကိဳထ ျပင္ဆင္ရတာနဲ႕ တစ္ရက္ကုိ
( ၈ ) နာရီ .. အလုပ္လုပ္ဖို႕ ျပင္ဆင္ရတာေရာ ဘာေရာ ညာေရာ ဆုိရင္ အနည္းဆံုး ( ၁၂ ) နာရီ
ရွိရင္ေတာင္မေလာက္ဘူး "
.
.
" တစ္ကယ္႕ျပသနာက
အိမ္ျပန္ေရာက္တဲ႕အခ်ိန္..။ ည ဆုိရင္ ( ၇ ) နာရီေက်ာ္မွ အိမ္ရိပ္နင္းရတယ္။ ဒီၾကားထဲ
ခ်က္ရ ျပဳတ္ရတယ္။ အိႏိၵယေသြးဆုိေတာ႕ သိတဲ႕အတိုင္း ထမင္းစားတာေတာင္ ငွက္ေပ်ာရြက္ေပၚမွာ
ဘာအရည္မွမက်န္ရသလို တစ္အိမ္လံုးကို ေျပာင္လွက္ေနမွ ေနတတ္တာဆုိေတာ႕ ျပီးလည္းျပီးေရာ
အိမ္သားေတြက အိပ္ျပီ။ ကြ်န္မ ကုတင္ေပၚေရာက္ေတာ႕ ည ( ၁၁ ) နာရီထုိးျပီ။ ဘယ္မွာလဲ မိသားစုနဲ႕ေနဖို႕အခ်ိန္ဆိုတာ
.. "
.
" ဒါနဲ႕
လုပ္ခနာရီစားနည္းခ်င္နည္းပါေစ .. ညေန ( ၄ ) နာရီေလာက္အိမ္ျပန္ေရာက္မယ္႕အလုပ္ကုိရွာရင္း
ဒီအလုပ္ကိုေရာက္လာတာ..။ အခုဆုိ သားကုိအိမ္ျပန္ေရာက္ရင္ ေတြ႕ရျပီ။ အိမ္အျပန္ေယာက်္ားအေမာေျပေအာင္
အစားအေသာက္ေတြၾကိဳစီစဥ္ထားလို႕ ရျပီ။ အားလံုးရွင္းလင္းသုတ္သင္ျပီးေတာ႕ အိမ္သူအိမ္သားေတြေရခ်ိဳးျပီးအနားယူရင္း
ဆံုေနရျပီ။ အေမရိကားလာတာေလ .. လုပ္ေကြ်းဖို႕ပါသလို အနားယူဖို႕လည္း လိုတယ္မဟုတ္လား
"
.
.
" သားကုိေကာင္းေကာင္းမွာထားတယ္။
ပညာသည္ပထမ၊ ပညာသည္ဒုတိယ၊ ပညာသည္တတိယ " လို႕..။
.
ပထမပညာက မသိနားမလည္ေသးတဲ႕လူငယ္ဘဝကို
လူမွန္းသိေအာင္ေျပာျပတဲ႕ " မ်က္စိပြင္႕ပညာ "
.
ဒုတိယပညာက
တစ္ခုခုသိဖုိ႕၊ သိျပီးသားတစ္ခုခုကိုအရင္းတည္တိုးပြားဖို႕ ရွာေဖြရင္းႏွီးတတ္တဲ႕
" ေငြျဖစ္ပညာ "
.
တတိယပညာက
တစ္ဦးခ်င္း၊ အဖြဲတစ္ဖြဲ႕အတြင္း၊ လူထုအတြင္း၊ တိုင္းျပည္အတြင္း၊ ႏိုင္ငံတကာအခင္းအက်င္းအထိေျခဆန္႕ကူညီႏိုင္တဲ႕
" ပရဟိတပညာ "
.
.
" ဒီေရာက္ျပီးမွ
ကြ်န္မ အိိႏိၵယကိုတစ္ခါမွျပန္မေရာက္ျဖစ္ေသးဘူး။ ဒါကလည္း ဆင္ေျခေကာင္းတာပါ။ ေမြးေတာ႕
ဖီဂ်ီ မွာ..။ ( အေမရိကားကတစ္ခ်ိဳ႕မိတ္ေဆြေတြဆို ဖီဂ်ီႏို္င္ငံကို ပန္းသီးထြက္တဲ႕ႏိုင္ငံလို႕ေျပာၾကတယ္
) အိမ္ေထာင္က်ေတာ႕ အေမရိကား..။ ေသြးနဲ႕ေခြ်းနဲ႕ရာဇဝင္အျပည္႕နဲ႕မူလေျမကုိ ဒီတစ္ေခါက္ေတာ႕ေရာက္ေအာင္ျပန္သြားရမယ္
"
.
" တစ္ကယ္သြားျဖစ္ရင္
ဘာသယ္သြားခ်င္သလဲ သိလား..? ။ အေပၚကေျပာခဲ႕တဲ႕ ပညာ ( ၃ ) မ်ိဳးတတ္တဲ႕လူေတြကုိ အဖိုးစီးလာခဲ႕တဲ႕
" ေလွၾကီးနဲ႕အျပည္႕ " သယ္သြားခ်င္တယ္။ ဒီလူေတြနဲ႕အိိႏိၵယႏိုင္ငံကုိအာရွမွာထြန္းေတာက္ေအာင္
တည္ေဆာက္မယ္။ ျပီးခဲ႕တဲ႕ရာစုႏွစ္၊ ဆယ္စုႏွစ္ဆီက ႏိုင္ငံကထြက္သြားတဲ႕ေ " ေလွၾကီးနဲ႕အျပည္႕လူေတြရဲ႕တန္ဖိုးေတြ
" မဆံုးရွံဴးေစရဘူး "
.
.
" သူေျပာမွ
စာေပေဟာေျပာပဲြေတြမွာ ဆရာေမာင္စိန္ဝင္း ( ပုတီးကုန္း ) က " ပန္းေလွ " ဆုိတဲ႕
ကဗ်ာေလးကိုမၾကာခဏ ရြတ္ျပ၊ ရွင္းျပ၊ ေဟာေျပာတာကို သတိရမိတယ္။ ငါးသတ္၊ ပင္လယ္သတၱဝါေတြအရွင္လတ္လတ္သတ္ထားတဲ႕
" ေလွေဟာင္းၾကီး " ဟာ ရနံ႕သင္းတဲ႕ပန္းေတြဘယ္ေလာက္ပင္ထည္႕ပင္ေသာ္ျငားလည္း
မေမႊးႏိုင္ပဲ နဂုိက်င္႕သားစြဲအပုပ္နဲ႕သာ စြဲရစ္ေနေလတယ္။ ကယ္ရုိရဲ႕အေျပာေတြကရွင္းလွသလို
အာရွသားတစ္ေယာက္ရဲ႕ရိုးသားမႈကို အေမရိကားေျမမွာေတြ႕ရတာ မဂၤလာတစ္ပါးပါ "
.
" ဒါေပမယ္႕
ကြ်န္ေတာ္ဗမာတစ္ေယာက္ဆိုတာသူသိျပီးတဲ႕ေနာက္မွာ သူေျပာတဲ႕ " ေလွၾကီး " ဆုိတာ
ကြ်န္ေတာ္လာရာေျမ ျမန္မာႏိုင္ငံကိုေစာင္းေျပာေနတာလားလို႕ မယိုးမယြ သံသယျဖစ္မိသြားတာကိုေတာ႕
ဝန္ခံလိုက္ပါရေစ "
.
.
ခင္လ်က္
.
ကုိညီညီ
( ေတာင္ၾကီး )
01-13-2017
.
.
Unicode
Version:
.
.
" ေလွၾကီးတစ္စီးရဲ႕အိမ္အျပန္ခရီး "
.
" ကျွန်မက
ရှင်တို့ရဲ့အိမ်နီးနားချင်းနိုင်ငံကလာတာ "
" ဒါပေမယ့်
ကျွန်မရဲ့မိခင်ဘာသာစကားက ဖီဂျန် "
" အိမ်မှာတော့
အဖိုး နဲ့ အဖွားပဲ အိန္ဒိယစကားပြောတယ် "
" ဒါပေမယ့်
ဘယ်လိုပဲတွန်းတွန်း ကျွန်မက အင်္ဂလိပ်လိုပြောတယ်။ အခု အမေရိကားရောက်တော့ အင်္ဂလိပ်လိုပြောခဲ့တဲ့တစ်သက်လုံးအခက်အခဲမရှိခဲ့ဘူးလေ
"
.
" ကျွန်မဘဝလမ်းကြောင်းက
ထူးဆန်းတယ်။ ပြောရရင် ဟိုးရှေးတော်တော်ကျတဲ့ ကျွန်စံနစ်ကြီးစိုးတုန်းက ကိုလိုခေတ်ကိုပြန်သွားရလိမ့်မယ်
"
.
.
" အဲဒီတုန်းက
အခု ကယ်ရို - Carol ဖြစ်လာမယ့် ကျွန်မက ဘယ်ဆီနေမှန်းမသိသေးပါဘူး "
" ဗြိတိသျှကိုလိုနီတွေဟာ
သူတို့ရဲ့ကိုလိုနီနယ်သစ်တွေတိုက်ပြီးတိုင်း နယ်မြေသစ်တစ်ခုဖြစ်ဖို့၊ နိုင်ငံတစ်ခုဖြစ်ဖို့နဲ့
အဲဒီနိုင်ငံ - Territory ကနေ အင်္ဂလန်ကိုပြန်သယ်ဖို့ လုပ်အား - Labor တွေ အများကြီးလိုတယ်
"
.
" ဒါကြောင့်
သူတို့သိမ်းထားပြီးသားဖြစ်တဲ့ ကျွန်မရဲ့အသွေးအသားဖြစ်တည်ရာဇာစ်မြစ်နိုင်ငံ အိန္ဒိယနိုင်ငံကနေ
သဘောင်္ကြီးတစ်စီးနဲ့ အိန္ဒိယမ်းတွေအပြည့် တင်တယ်။ နောက်ပိုင်းတော့ နောက်ထပ်သဘောင်္တွေထပ်တော့ရှိဦးမှာပေါ့။
အဲဒီမှာ ကျွန်မအဖိုးက ပါလာပြီး အခု ဒီကိုရောက်လာတာ..။ ဒီနိုင်ငံဆိုတာ ဖီဂျီနိုင်ငံကိုပြောတာ
အမေရိကားကိုပြောတာမဟုတ်သေးဘူး "
.
.
" အဖိုးကနေ
ကျွန်မအဖေ၊ ကျွန်မအဖေကနေ ထပ်မွေးတဲ့မျိုးဆက်ကျမှ ကျွန်မကံပါလာတာပေါ့ "
" ကျွန်မ
ကြည့်နေတယ် .. မကြာခဏကြားနေတယ် .. အမေရိကားမှာ အိန္ဒိယသွေးပါတဲ့မျက်နှာမြင်တိုင်း
( Are you from India? ) ဆိုပြီးမေးကြတယ် "
" ကုလားနဲ့တူတိုင်း
အိန္ဒိယနိုင်ငံကလာတာမဟုတ်ဘူးဆိုတာ ကျွန်မရှင်းပြရတာလည်း အခါခါပဲ "
.
" ဥပမာ
- နှုတ်ခမ်းမွှေး၊ ပသိုင်းမွှေးနဲ့ ကုလားဆင်တွေ့တဲ့အခါ မင်း အာဖကန်နစ္စတန်ကလား လို့
မေးမိသလိုပေါ့။ ဒီလူမျိုး ဒီနိုင်ငံမှာမှ ကုလားဆင် ရှိတာမဟုတ်ဘူး။ အနီးအနားမှာ ဂွာတီမာလာ၊
မလှမ်းမကမ်းမှာ ကော့စတာရီကာ စသဖြင့် ခပ်ဆင်ဆင်လူမျိုးတွေနေကြတယ်။ တစ်ချို့ဆို ဆန်ဖရန်စစ္စကိုမှာနေတဲ့
အမေရိကန်ရဲ့ရန်သူ အီရန်လူမျိုးတောင်တွေ့ဖူးကြတာ သက်သေပဲလေ "
.
.
" အခုပြောချင်တာက
ဒီအလုပ်ကိုရောက်လာရတဲ့အကြောင်းရင်း..။ ဘယ်သူက - Referral ခေါ်လို့ရောက်လာတာမဟုတ်ဘူး..။
ကိုယ့်ဟာကိုယ်လျှောက်လို့ရတာ။ ဒီမှာလုပ်တဲ့ တစ်ချို့အိန္ဒိယမ်းတွေနဲ့လည်းမသိဘူး
"
" အရင်လုပ်တဲ့အလုပ်က
လစာကောင်းတယ်။ ရာထူးလည်းကောင်းတယ်။ ကျွန်မတက်ထားတဲ့ စီးပွားရေး - Business ဘွဲ့နဲ့လည်းကိုက်တယ်။
မကောင်းတာက နေရာ နဲ့ အချိန်..။"
.
" မနက်
( ၉ ) နာရီတက်ရတယ် .. ရုံးက..။ အလုပ်ရောက်ဖို့ ကားမောင်းချိန် အနည်းဆုံးမိနစ် ( ၅ဝ
) လိုတယ်။ ဒါတောင် ကားလမ်းမကျပ်မှနော်..။ အပြန်ကားလမ်းက ဘယ်လိုကျပ်မှန်း ပြောကိုမပြောပြတတ်တော့ဘူး။
ညနေရုံံးဆင်းရင် ကားတန်းရှည်ကြီးကိုစောင့်ရတာနဲ့ မနက်ကြိုထ ပြင်ဆင်ရတာနဲ့ တစ်ရက်ကို
( ၈ ) နာရီ .. အလုပ်လုပ်ဖို့ ပြင်ဆင်ရတာရော ဘာရော ညာရော ဆိုရင် အနည်းဆုံး ( ၁၂ ) နာရီ
ရှိရင်တောင်မလောက်ဘူး "
.
.
" တစ်ကယ့်ပြသနာက
အိမ်ပြန်ရောက်တဲ့အချိန်..။ ည ဆိုရင် ( ၇ ) နာရီကျော်မှ အိမ်ရိပ်နင်းရတယ်။ ဒီကြားထဲ
ချက်ရ ပြုတ်ရတယ်။ အိန္ဒိယသွေးဆိုတော့ သိတဲ့အတိုင်း ထမင်းစားတာတောင် ငှက်ပျောရွက်ပေါ်မှာ
ဘာအရည်မှမကျန်ရသလို တစ်အိမ်လုံးကို ပြောင်လှက်နေမှ နေတတ်တာဆိုတော့ ပြီးလည်းပြီးရော
အိမ်သားတွေက အိပ်ပြီ။ ကျွန်မ ကုတင်ပေါ်ရောက်တော့ ည ( ၁၁ ) နာရီထိုးပြီ။ ဘယ်မှာလဲ မိသားစုနဲ့နေဖို့အချိန်ဆိုတာ
.. "
.
" ဒါနဲ့
လုပ်ခနာရီစားနည်းချင်နည်းပါစေ .. ညနေ ( ၄ ) နာရီလောက်အိမ်ပြန်ရောက်မယ့်အလုပ်ကိုရှာရင်း
ဒီအလုပ်ကိုရောက်လာတာ..။ အခုဆို သားကိုအိမ်ပြန်ရောက်ရင် တွေ့ရပြီ။ အိမ်အပြန်ယောကျ်ားအေမာေပြေအောင်
အစားအသောက်တွေကြိုစီစဉ်ထားလို့ ရပြီ။ အားလုံးရှင်းလင်းသုတ်သင်ပြီးတော့ အိမ်သူအိမ်သားတွေရေချိုးပြီးအနားယူရင်း
ဆုံနေရပြီ။ အမေရိကားလာတာလေ .. လုပ်ကျွေးဖို့ပါသလို အနားယူဖို့လည်း လိုတယ်မဟုတ်လား
"
.
.
" သားကိုကောင်းကောင်းမှာထားတယ်။
ပညာသည်ပထမ၊ ပညာသည်ဒုတိယ၊ ပညာသည်တတိယ " လို့..။
.
ပထမပညာက မသိနားမလည်သေးတဲ့လူငယ်ဘဝကို
လူမှန်းသိအောင်ပြောပြတဲ့ " မျက်စိပွင့်ပညာ "
.
ဒုတိယပညာက
တစ်ခုခုသိဖို့၊ သိပြီးသားတစ်ခုခုကိုအရင်းတည်တိုးပွားဖို့ ရှာဖွေရင်းနှီးတတ်တဲ့
" ငွေဖြစ်ပညာ "
.
တတိယပညာက
တစ်ဦးချင်း၊ အဖွဲတစ်ဖွဲ့အတွင်း၊ လူထုအတွင်း၊ တိုင်းပြည်အတွင်း၊ နိုင်ငံတကာအခင်းအကျင်းအထိခြေဆန့်ကူညီနိုင်တဲ့
" ပရဟိတပညာ "
.
.
" ဒီရောက်ပြီးမှ
ကျွန်မ အိိန္ဒိယကိုတစ်ခါမှပြန်မရောက်ဖြစ်သေးဘူး။ ဒါကလည်း ဆင်ခြေကောင်းတာပါ။ မွေးတော့
ဖီဂျီ မှာ..။ ( အမေရိကားကတစ်ချို့မိတ်ဆွေတွေဆို ဖီဂျီနို်င်ငံကို ပန်းသီးထွက်တဲ့နိုင်ငံလို့ပြောကြတယ်
) အိမ်ထောင်ကျတော့ အမေရိကား..။ သွေးနဲ့ချွေးနဲ့ရာဇဝင်အပြည့်နဲ့မူလမြေကို ဒီတစ်ခေါက်တော့ရောက်အောင်ပြန်သွားရမယ်
"
.
" တစ်ကယ်သွားဖြစ်ရင်
ဘာသယ်သွားချင်သလဲ သိလား..? ။ အပေါ်ကပြောခဲ့တဲ့ ပညာ ( ၃ ) မျိုးတတ်တဲ့လူတွေကို အဖိုးစီးလာခဲ့တဲ့
" လှေကြီးနဲ့အပြည့် " သယ်သွားချင်တယ်။ ဒီလူတွေနဲ့အိိန္ဒိယနိုင်ငံကိုအာရှမှာထွန်းတောက်အောင်
တည်ဆောက်မယ်။ ပြီးခဲ့တဲ့ရာစုနှစ်၊ ဆယ်စုနှစ်ဆီက နိုင်ငံကထွက်သွားတဲ့ေ " လှေကြီးနဲ့အပြည့်လူတွေရဲ့တန်ဖိုးတွေ
" မဆုံးရှံူးစေရဘူး "
.
.
" သူပြောမှ
စာပေဟောပြောပွဲတွေမှာ ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) က " ပန်းလှေ " ဆိုတဲ့
ကဗျာလေးကိုမကြာခဏ ရွတ်ပြ၊ ရှင်းပြ၊ ဟောပြောတာကို သတိရမိတယ်။ ငါးသတ်၊ ပင်လယ်သတ္တဝါတွေအရှင်လတ်လတ်သတ်ထားတဲ့
" လှေဟောင်းကြီး " ဟာ ရနံ႕သင်းတဲ့ပန်းတွေဘယ်လောက်ပင်ထည့်ပင်သော်ငြားလည်း
မမွှေးနိုင်ပဲ နဂိုကျင့်သားစွဲအပုပ်နဲ့သာ စွဲရစ်နေလေတယ်။ ကယ်ရိုရဲ့အပြောတွေကရှင်းလှသလို
အာရှသားတစ်ယောက်ရဲ့ရိုးသားမှုကို အမေရိကားမြေမှာတွေ့ရတာ မင်္ဂလာတစ်ပါးပါ "
.
" ဒါပေမယ့်
ကျွန်တော်ဗမာတစ်ယောက်ဆိုတာသူသိပြီးတဲ့နောက်မှာ သူပြောတဲ့ " လှေကြီး " ဆိုတာ
ကျွန်တော်လာရာမြေ မြန်မာနိုင်ငံကိုစောင်းပြောနေတာလားလို့ မယိုးမယွ သံသယဖြစ်မိသွားတာကိုတော့
ဝန်ခံလိုက်ပါရစေ "
.
.
ခင်လျက်
.
ကိုညီညီ
( တောင်ကြီး )
01-13-2017
No comments:
Post a Comment