![]() |
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
စာအုပ်ကြော်ငြာ မဟုတ်ပါနော်။ တော်လှန်ရေးကာလမှာ ကိုယ်ရေးနေကျစာတွေ၊ အလုပ်တွေကို ပစ်ချထားပြီးသားပါ။ ဒါပေမဲ့ ၁ နှစ်မှာ အနည်းဆုံး ၂ ကြိမ် စာဖတ်သူတွေတောင်းဆိုတတ်တဲ့ စာအုပ်လေးတစ်အုပ် ထွက်ထားမိတာကြောင့် ကျွန်တော့ပို့စ်ကို တော်လှန်ရေးမျက်စိနဲ့ ဖတ်ရှုပေးကြပါ။
စာအုပ်ထုတ်လုပ်သူတစ်ယောက်ကို မေးလိုက်တာ အခု လက်ရှိ



.



.



.



.



.



.



.



.



တဆက်တည်း အခု လက်ရှိ တအုပ်ကို ၅ဝဝဝ ကျပ်နဲ့ရောင်းနေတဲ့ စာအုပ်ကို အခုအချိန်မှာ အသစ်ပြင်ဆင်ပုံနှိပ်မယ်ဆိုရင် လက်ရှိဈေးအားလုံးနဲ့ တွက်လိုက်တော့ ဘာဖြန့်ချိခမှ မပါသေးဘူး တစ်အုပ်ကို အရင်း "၆ဝဝဝ ကျပ်" လောက် ကျသင့်နေမလားလို့မေးတော့ "ဒီလောက် ကုန်ကျနိုင်တယ်" လို့ မဝံ့မရဲ မှတ်ချက်ပေးပါတယ်။
ဒါကြောင့် ဘယ်သူတွေပဲ အုပ်ချုပ်အုပ်ချုပ်၊ ဘယ်သူတွေပဲ မတရားလုပ်လုပ်၊ ဘယ်လိုဥပဒေတွေပဲ ပြဌာန်းပြဌာန်း ဘယ်အစိုးရမှ ထိန်းချုပ်လို့မရတဲ့ "မိမိရဲ့ကိုယ်ပိုင်အတွေးရင့်ကျက်ဖို့" သုတစာပေ၊ ရသစာပေ၊ သုတေသနစာပေ၊ အထုပ္ပတ္တိစာပေနဲ့ စစ်ရေးဗျူဟာ၊ တော်လှန်ရေး၊ ဘာသာရေးစာမွန် စာကောင်းတွေကို ဝယ်ဖတ်ပေးဖို့ အချိန်ကောင်း ဖြစ်ပါတယ်။
တနည်းအားဖြင့် ဆိုင်တွေပေါ်မှာရောက်နေကြတဲ့ စာအုပ်တွေဆိုတာ အရင် ပြည်သူ့အစိုးရလက်ထက်ကတည်းက ရိုက်နှိပ်ထားခဲ့တဲ့ စာအုပ်တွေသာ ဖြစ်ကြတယ်။
ဒါကြောင့် ခက်ခဲကျပ်တည်းနေတဲ့ စာအုပ်လောကကို အကျိုးပြုရင်း၊ စာအုပ်တိုက်တွေက တွက်ခြေမကိုက်လို့ ဈေးတက်မရောင်းခင်စပ်ကြား အမြတ်ထုတ်ရင်း၊ မိမိရဲ့ လစဉ်သုံးဘတ်ဂျက်တွေထဲက အနည်းငယ် ဖယ်ထုတ်ရင်း
.



.



တစ်ခုပိုကောင်းတာက ကိုယ်လိုချင်တဲ့ (ဘယ်စာရေးဆရာဖြစ်ဖြစ်) စာအုပ်ဝယ်ပေးလို့ ဒီငွေဟာ စစ်အုပ်စုဆီကို မရောက်နိုင်တာကြောင့် အိမ်တွင်းနေပြည်သူတွေအတွက် တဖက်တလမ်းက 𝗖𝗗𝗠 လုပ်ပြီးသား ဖြစ်နေတာပါ။
ဒီငွေတွေဟာ စာရေးသူ၊ ထုတ်ဝေသူ၊ ပုံနှိပ်သူ၊ စာစီစာပြင်သူ၊ မျက်နှာဖုံးဒီဇိုင်းဆွဲသူ၊ အတွင်းစာပြင်သူ၊ စာလုံးပေါင်းစစ်သူနဲ့ လက်လီအရောင်းဆိုင်တွေကို တိုက်ရိုက်အထောက်အကူရစေမှာ ဖြစ်ပါကြောင်း တော်လှန်ရေး ခေါင်းလောင်းထိုးလိုက်ရပါတယ်။
"ငါ့ရုပ်ခန္ဓာကို သတ်လို့ရမယ်၊ မှန်ကန်တဲ့ ငါ့အတွေးအခေါ်တွေကို ဘယ်တော့မှ သတ်လို့မရစေရ"
ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-16-2021
No comments:
Post a Comment