ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, August 11, 2015

ေအာင္ျမင္သူေတြမေျပာတဲ႕စကား ( ၇ ) ခြန္း

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
ေအာင္ျမင္မႈဆိုတာ ညအိပ္လိုက္တာနဲ႕ရလာတာမ်ိဳးမဟုတ္ပါဘူး။ တပင္တပန္းၾကိဳးစားအားထုတ္မႈ၊ ရင္းႏွီးရတဲ႕အခ်ိန္ နဲ႕ ထြန္းလင္းေတာက္ပတဲ႕စိတ္အားထက္သန္မႈတုိ႕ လိုအပ္ပါတယ္။  ေအာင္ျမင္မႈရထားတဲ႕ေခါင္းေဆာင္၊ စြန္္႕ဦးစီပြားတီထြင္သူ - Entrepreneur နဲ႕ အိုင္ဒီယာစားသမား - Idealist တုိ႕မွာ သူတုိ႕ထူးခြ်န္တဲ႕၊ အမ်ားနဲ႕မတူတဲ႕ ခရီးၾကမ္းေလွ်ာက္လွမ္းခဲ႕ရမႈေတြကုိယ္စီရွိၾကေပမယ္႕ “ ေအာင္ျမင္မႈသို႕ေရွ႕လွမ္းခ်ီ ” တဲ႕ ပန္းတုိင္ခ်င္းေတာ႕တူၾကတယ္။ ဒီလိုတစ္ဦးခြ်န္တစ္ေယာက္ေကာင္းကေန သူတုိ႕ဘယ္လုိၾကီးျပင္းလာတယ္၊ ဘယ္လုိရင္႕က်က္လာတယ္ဆိုတာကို ေလွ်ာက္ခဲ႕တဲ႕ခရီးလမ္းမွာေလ႕လာစရာအခ်က္ေတြအမ်ားၾကီးရွိပါတယ္။
.
.
 “ လူခ်မ္းသာေတြဘယ္လိုေတြးသလဲ ” စာအုပ္ေရးသူ စတိဗ္စီဘိုး - Steve Siebold က ႏွစ္ေပါင္း  ( ၃ဝ ) ေက်ာ္ကာလအတြင္း ေထာင္နဲ႕ခ်ီတဲ႕သန္းၾကြယ္သူေ႒းေတြကုိ အင္တာဗ်ဴးခဲ႕သူပါ ။ သူေ႒းေတြရဲ႕ေအာင္ျမင္မႈကေန ၾကြယ္ဝခ်မ္းသာမႈကိုရခဲ႕ပံုက ရုိးရုိးရွင္းရွင္းေလးပါလို႕ သူကရွင္းျပတယ္။ သူတုိ႕ကုိဘယ္မွာေမြးခဲ႕တယ္ဆိုတာ နဲ႕ သူတုိ႕ဘယ္သူေတြဆုိတာက အခရာမက်ပဲ သူတုိ႕ရဲ႕စိတ္ဓါတ္နဲ႕ပင္ကိုယ္သေဘာထား က အေရးၾကီးတယ္လို႕ ဆုိပါတယ္။
.
ဒီအရာကပဲ သူတို႕ရဲ႕ပန္းတုိင္ကိုေမာင္းႏွင္ေပးခဲ႕သလို ေနာက္မဆုတ္ဖို႕ အင္အားျဖစ္ေစျပန္ပါတယ္။ အဲဒီ Mindset ကသာ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီကုိ ဓနဥစၥာပိုင္ဆိုင္မႈအထြဋ္အထိပ္ကို ပို႕ေဆာင္ေပးခဲ႕တာ ေသခ်ာေနပါေတာ႕တယ္။ ေအာက္မွာေတာ႕ ေအာင္ျမင္သူမ်ားထံကမၾကားရႏုိင္တဲ႕စကား ( ၇ ) ခြန္းကုိ သူခြဲဲျခမ္းစိတ္ျဖာျပထားတာက ..
.
.
.
၁.. ဒီအလုပ္ကုိငါမုန္းတယ္
.
.
ေအာင္ျမင္သူေတြဟာ သူတို႕လုပ္ေနတဲ႕၊ ဦးေဆာင္ေနတဲ႕အလုပ္ကို သူတုိ႕ဘဝနဲ႕ဖယ္က်ဥ္စြာ မေလးမစားမလုပ္ပါဘူး။ တစ္ကယ္လို႕ ေရွာင္လြဲလို႕မရတဲ႕ အဆင္မေျပမႈေတြရွိခဲ႕ရင္ျဖစ္ျဖစ္၊ အႏႈတ္သေဘာေဆာင္တဲ႕အင္အားစုေတြနဲ႕ရင္ဆုိင္ေနရခ်ိန္မွာပဲျဖစ္ျဖစ္ ဒီလိုစကားမ်ိဳးမေျပာပါဘူး။
.
မေကာင္းျမင္တဲ႕အရာက ဘာကိုမွအေကာင္းမလုပ္ေပးႏုိင္ဘူး။ မေကာင္းျမင္တဲ႕စိတ္က သင္႕ဘဝခရီးကိုေအာင္ျမင္မႈဆီေရာက္ဖို႕ အရွိန္ေလွ်ာ႕နည္းသြားေစပါတယ္။ လူတစ္ဦးတစ္ေယာက္၊ အလုပ္တစ္ခု၊ ကုမၸဏီတစ္ခု တုိ႕ကုိ ေစာ္ကားေမာ္ကားေျပာဆိုမယ္႕အစား သင္႕တင္႕ေလွ်ာက္ပတ္တဲ႕နည္းလမ္းကိုသံုးရံုမက ဘာကိုမွဂရုမစိုက္တဲ႕ ဥေပကၡာခႏၱီတရားလက္ကုိင္ထားျပီး ေျဖရွင္းခဲ႕လို႕သာ သူတုိ႕ရဲ႕အခုလက္ရွိေနရာေတြကိုေရာက္ရွိေနတာျဖစ္ပါတယ္။

.
.
.
၂.. ဒါ .. လံုးဝမတရားဘူး
.
.
ကုိယ္ေတြကေတာ႕ ( ၂ ) ဆ ေလာက္ၾကိဳးစားရျပီး ျပိဳင္ဖက္က ဆုေတြဘာေတြရ၊ အသိအမွတ္ေတြအျပဳခံရျပီး ကိုယ္႕မွာေတာ႕ ဘာဆိုဘာမွမၾကားရတဲ႕ ဘဝမ်ိဳးၾကံဳဖူးပါသလား?
.
ေအာင္ျမင္တဲ႕သူေ႒းၾကီးေတြ မက်ဴးလြန္တဲ႕အမွားကေတာ႕ ဘဝအတြက္ဘယ္အရာက မတရားဘူးလို႕ ဘယ္သူနဲ႕မွ ခုိင္းႏိႈင္းျပီးအဆင္႕အတန္းမသတ္မွတ္တာပါပဲ။ အမွန္က မတရားမႈကို တရားက်ဖို႕နဲ႕ အေလ႕အက်င္႕ရလာဖို႕က သင္႕တာဝန္သာျဖစ္ပါတယ္။ ေအာင္ျမင္မႈဆိုတာ “ ေရာ႕ .. အင္႕ ” ဆိုျပီး လက္ေဆာင္ေပးလို႕၊ လက္ကမ္းလို႕ရတဲ႕အရာမ်ိဳးမွမဟုတ္တာ။
.
ရဖို႕အတြက္ သင္ကိုယ္တုိင္လုပ္ရမွာျဖစ္သလို ဝိရိယစုိက္ထုတ္ရာလမ္းခုလတ္မွာ “ သင္နဲ႕ထိုက္တန္တယ္လွခ်ည္႕ရဲ႕ ” ဆိုတာ အလုိလိုသိလာရမယ္႕အရာ ျဖစ္ပါတယ္။ “ မတရားဘူးလို႕ ” တအီအီ တစာစာ ဂ်ီက်ျပီးညည္းညဴေနမယ္႕အစား ကိစၥမ်ားကိုၾကိဳတင္စဥ္းစားျခင္း နဲ႕ ျဖစ္လာရင္ဘယ္လုိရင္ဆိုင္မလဲဆိုတာကိုျပင္ဆင္ထားျခင္းက အဆိုပါသူေ႒းေတြရဲ႕ လ်ိဳ႕ဝွက္ခ်က္လုိ႕ သိရပါတယ္။
.
.
.
၃.. ဒီလိုလုပ္ရမွာမဟုတ္ဘူးေလ
.
.
ထိုးေဖာက္တီထြင္ခ်င္တဲ႕အခ်င္းအရာဟာ ေအာင္ျမင္သူမ်ားရဲ႕ သြင္ျပင္လကၡဏာမွာေတြ႕ရေလ႕ရွိပါတယ္။ ကုန္ပစၥည္းအသစ္မ်ားကိုစိတ္ဝင္စားဖို႕လုိတာနဲ႕အညီ သမားရိုးက်နည္းလမ္းကေနခြဲထြက္ျပီးလုပ္ဖို႕ ေၾကာက္ရြံ႕ေနလို႕မရပါဘူး။ အသစ္မထြင္ပဲ ကိစၥတစ္ခုကုိ အၾကီးအက်ယ္ေအာင္ျမင္ခဲ႕သူဆိုတာ မရွိသေလာက္ရွားပါတယ္။
.
စတိဗ္ေဂ်ာ႕ ကို ၾကည္႕ပါ။ စတိဗ္ဟာ အျမဲတေစ အသြင္ဆန္းျပီးအသစ္ထြင္ဖို႕ စိတ္ကူးေနသူျဖစ္ပါတယ္။ သူ႕ရဲ႕ဆန္းသစ္မႈကေန အိုင္ဖုန္း နဲ႕ အိုက္ပက္ဆိုတာ ေပါက္ဖြားလာရတယ္။ ဒီပစၥည္းေသးေသးေလးေတြနဲ႕ ကမၻာၾကီးရဲ႕သူ႕အေပၚအျမင္ကို စတိဗ္က ေမွာက္ခ်ေျပာင္းလဲပစ္လုိက္တယ္။
.
စတိဗ္ေျပာတဲ႕စကားတစ္ခြန္းက ရင္ဘတ္ထိေစတယ္ “ တီထြင္ဆန္းသစ္မႈဟာ ေခါင္းေဆာင္တစ္ေယာက္လား ေနာက္လိုက္တစ္ေယာက္လားဆိုတာကုိ ထင္သာျမင္သာေစတယ္ ” ဆိုတဲ႕သင္ခန္းစာေလးပါ။
.
အလုပ္ခြင္မွာ စိတ္ကုိလြတ္လြတ္လပ္လပ္ထားျပီး တီထြင္ဆန္းသစ္တဲ႕ဥာဏ္အျမဲထားရမယ္လုိ႕ မွ်ေဝသူက Well Said ကုမၸဏီရဲ႕ဥကၠ႒ ဒါလင္းပရုိက္စ္ - Darlene Price ျဖစ္ပါတယ္။ တစ္စံုတစ္ေယာက္နဲ႕သေဘာထားခ်င္းမတိုက္ဆိုင္ရင္ေတာင္ “ အိုး .. ေကာင္းလုိက္တဲ႕အၾကံ။ သိပ္စိတ္ဝင္စားဖုိ႕ေကာင္းတာပဲ။ ကဲ .. နားေထာင္ၾကည္႕ရေအာင္။ အဲဒါ ဘယ္လုိအလုပ္ျဖစ္မလဲ ” ဆိုျပီး ေျပာသင္႕တယ္လုိ႕ “ ပရုိက္စ္ ” က ေျပာပါတယ္။
.
 “ ဒီကိစၥဟာ မတူကြဲျပားတဲ႕လမ္းစဥ္ပဲ။ ငါတုိ႕ ေကာင္းက်ိဳး ဆိုးက်ိဳးကုိ ေဆြးေႏြးၾကည္႕ရေအာင္ ” လို႕ ခြင္႕ေပးသင္႕တဲ႕အျပင္ “ နည္းလမ္းအသစ္ေတြကုိစမ္းသပ္ဖို႕ ဘယ္ေတာ႕မွမေၾကာက္ပါနဲ႕။ ဒါဟာ ေအာင္ျမင္မႈကိုခ်ည္းကပ္ရမယ္႕နည္းလမ္းမဟုတ္ပါဘူး ” ဆုိတဲ႕ စကားေတြက မွတ္သားရျပန္ပါတယ္။
.
.
.
၄.. ဒါ .. ငါ႕အလုပ္မဟုတ္ဘူး
.
.
ေအာင္ျမင္သူေတြ တစ္စိုက္မတ္မတ္လုိက္နာတဲ႕လမ္းေၾကာင္းၾကီးတစ္ခုရွိပါတယ္ .. “ အကယ္၍သင္ဟာ အမွန္တကယ္ေအာင္ျမင္သူျဖစ္ရင္ သူတစ္ပါးကိုလည္းေအာင္ျမင္ဖို႕ကူညီႏုိင္ပါလိမ္႕မယ္ ” ဆိုတာေလးပါ။
.
ဒီစကားမွန္မမွန္ကို “ တစ္ေယာက္ေယာက္ကအရိပ္ထဲမွာထုိင္ေနတယ္ .. ဆုိပါစုိ႕ ... အရင္က တစ္ေယာက္ေယာက္က ဒီသစ္ပင္ကိုစိုက္ခဲ႕လုိ႕ေပါ႕ ” ဆုိတဲ႕ ဘီလ်ံနာသူေ႒းၾကီး ဝါရင္းဘတ္ဖက္ -  Warren Buffett  ရဲ႕စကားကုိနားေထာင္မိရင္ သေဘာေပါက္လိမ္႕မယ္လို႕ထင္ပါတယ္။
.
သူတစ္ပါးနဲ႕ပူးေပါင္းအလုပ္လုပ္တတ္ျခင္းဟာ သင္႕ကုိေအာင္ျမင္မႈနဲ႕ပိုနီးစပ္ေစပါတယ္။ လူေတြနဲ႕၊ အသင္းအဖြဲ႕နဲ႕ေနထုိင္ေပါင္းသင္းမလုပ္တတ္သ၍ အမ်ားနဲ႕ညီညြတ္မွရႏုိင္မယ္႕ေအာင္ျမင္မႈကေတာ႕ သင္႕ဆီကုိ အလုိလိုေရာက္မလာႏိုင္ပါဘူး။
.
တစ္ကယ္လို႕ သင္ဟာခ်မ္းသာခ်င္ခ်မ္းသာလိမ္႕မယ္၊ ေအာင္ျမင္ခ်င္ေအာင္ျမင္လိမ္႕မယ္၊ သုိ႕ေပမယ္႕ သင္႕ဝန္ထမ္းမ်ား နဲ႕ သင္႕စီးပြားဘက္မ်ားရဲ႕ မျပတ္တဲ႕အားထုတ္မႈ နဲ႕ ပံ႕ပိုးျခင္းတို႕ကသာ ေအာင္ျမင္မႈ နဲ႕ ေက်ာ္ၾကားမႈရဲ႕ အဓိကအေၾကာင္းရင္းျဖစ္တယ္ဆုိတာကို သတိရဖို႕လိုပါတယ္။
.
.
.
၅.. ဒါ .. လံုးဝမျဖစ္ႏိုင္ဘူး
.
.
နယ္စည္းျခားထားျခင္း နဲ႕ အကန္႕အသတ္မ်ားဟာ လူ႕စိတ္ကေနဖန္တီးထားတယ္ဆုိတာ ေအာင္ျမင္သူမ်ားက ေကာင္းေကာင္းသိပါတယ္။ အဲဒီအတားအဆီးေတြကို လူကလုပ္တယ္ဆုိတာကိုလည္း သူတို႕မသိပဲမေနပါဘူး။ ဒီလိုအေတြးလြန္ေနတဲ႕ သတိလက္လြတ္စိတ္က ေကာင္းမႈေကာင္းရာျဖစ္ဖို႕ ေနုာက္ျပန္ဆြဲေနတာပါ။
.
တစ္ကယ္ရထုိက္သူဟာ ဘယ္အတားအဆီးက ဘယ္ေလာက္ၾကမ္းတမ္းတယ္ဆုိတာ အျပစ္မေျပာၾကပါ။ ဒီလုိေစာတကတက္မယ္႕အစား အခက္အခဲကိုေက်ာ္လႊားမယ္႕နည္းလမ္းကိုရွာျပီး တီထြင္ဆန္းသစ္မႈ နဲ႕ စိန္ေခၚၾကပါတယ္။
.
“ မလုပ္ႏိုင္ဘူး ”  ၊ “ မလုပ္တတ္ဘူး ”  ၊ “ မျဖစ္ႏုိင္ဘူး ” ဆိုတာေတြကို ေအာင္ျမင္သူမ်ားရဲ႕ႏႈတ္ဖ်ားကၾကားရဖို႕ မေမွ်ာ္မွန္းထားပါနဲ႕။ ျပသနာရွာတာ နဲ႕ အျပစ္တင္တာ သူတို႕အတြက္အက်ိဳးမရွိဘူးဆိုတာ သူတုိ႕သိတယ္။ ဒီလုိနည္းနဲ႕စိတ္ကုိထားတတ္ၾကတဲ႕ ေအာင္ျမင္သူမ်ားဟာ အေရွ႕ကိုေရာက္လာတဲ႕ျပသနာေတြကုိ သူတို႕ရဲ႕လက္နဲ႕ ရိုးရုိးေလးပဲရွင္းလိုက္ၾကပါတယ္။
.
.
.
၆.. ငါ ဒါလုပ္ခဲ႕လိုက္ရမွာ
.
.
“ ေနာင္တ ” ဆုိတာ တစ္္ဦးတစ္ေယာက္ကို နာက်င္မႈအေပးဆံုး ခပ္ျပင္းျပင္းခံစားခ်က္အဆုိးၾကီးပါ။ ဒဏ္ရာေပၚကိုစိတ္ေရာက္သြားတုိင္း “ ငါ ဒီလိုလုပ္ခဲ႕မိရင္ .. အေကာင္းသား ” လုိ႕ ေတြးတတ္ၾကတယ္။ တစ္ခ်ိဳ႕လက္လြတ္ဆံုးရွံဴးမႈမ်ားကိုျပန္ေတြးမိတဲ႕အခါတုိင္း “ ငါ ဒီလုိမလုပ္ခဲ႕မိရင္ေကာင္းမွာ ”  ဆိုတာလည္းေတြးမိသလို “ အမွန္္တကယ္ ဒီလိုမ်ိဳးလုပ္ခဲ႕သင္႕တာ ” လို႕ ေတြးမိႏိုင္ျပန္တယ္။ ေအာင္ျမင္သူမ်ားဟာ သူတို႕ကိုယ္သူတို႕ ေနာင္တရခြင္႕ ဘယ္ေတာ႕မွမေပးၾကပါဘူး။
.
ဒီ႕အတြက္ အေၾကာင္းျပခ်က္ ( ၂ ) ခုရွိတယ္ .. စားပြဲဝုိင္းကိုလွည္႕လိုက္ျပီး ရတဲ႕အခြင္႕အေရးကိုမလြတ္တမ္းယူမလား ( ဒါမွမဟုတ္ ) ဆက္သြားမယ္၊ ေနာက္ေစာင္႕ေနမယ္႕အခြင္႕အေရးတစ္ခုကိုဆက္ရွာမယ္ .. ဆိုတာထဲက တစ္ခုခုကိုေရြးရပါမယ္။ သင္သာအေရြးမွန္ရင္ “ ေနာင္တ ” က ဘယ္ေတာ႕မွ ဒုကၡမေပးႏိုင္ေတာ႕ပါဘူး။
.
.
.
၇.. ငါ႕မွာ တစ္ျခားေရြးစရာလမ္းမရွိဘူး
.
.
အခ်ိန္တိုင္းမွာ အခြင္႕အေရး နဲ႕ ဆင္ေျခဆုိတာ သင္႕ေရွ႕မွာေစာင္႕ေနၾကတယ္။ ေအာင္ျမင္သူမ်ားကေတာ႕ အခြင္႕အေရးကိုဘယ္လုိဆြတ္ခူးလိုက္ရမယ္ဆုိတာကုိ အေၾကာသိၾကတယ္။
.
“ အေၾကာင္းအရာတစ္ခုမွာ သင္ကေရြးခ်ယ္စရာမရွိလို႕လုပ္လိုက္ရတာပါဆိုရင္ သင္ကိုယ္တိုင္ ဒုကၡသည္ျဖစ္ေနျပီ။ အဲဒါက သင္႕ပတ္ဝန္းက်င္္ထက္ သင္႕မွာစြမ္းအားေတြေလ်ာ႕နည္းေနျပီဆိုတာကို ျပသေနတာျဖစ္တယ္ ” လုိ႕ ေနာက္ဆံုးပိတ္မွာ ပရုိက္စ္ က ထပ္ေျပာျပေပးထားပါတယ္။
.
.
ခ်စ္မိတ္ေဆြမ်ားအားလံုး ေအာင္ျမင္ၾကပါေစ။ ေအာင္ျမင္မႈကို ထိန္းထားႏုိင္ပါေစ။ ေအာင္ျမင္တဲ႕ႏိုင္ငံ ထူေထာင္ႏုိင္ၾကပါေစ..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
08-11-2015
.
ရည္ညႊန္းကိုးကား - Business Insider
.
.
.
“  အောင်မြင်သူတွေမပြောတဲ့စကား ( ၇ ) ခွန်း ” 
 ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) 
.
အောင်မြင်မှုဆိုတာ ညအိပ်လိုက်တာနဲ့ရလာတာမျိုးမဟုတ်ပါဘူး။ တပင်တပန်းကြိုးစားအားထုတ်မှု၊ ရင်းနှီးရတဲ့အချိန် နဲ့ ထွန်းလင်းတောက်ပတဲ့စိတ်အားထက်သန်မှုတို့ လိုအပ်ပါတယ်။  အောင်မြင်မှုရထားတဲ့ခေါင်းဆောင်၊ စွန့်ဦးစီပွားတီထွင်သူ - Entrepreneur နဲ့ အိုင်ဒီယာစားသမား - Idealist တို့မှာ သူတို့ထူးချွန်တဲ့၊ အများနဲ့မတူတဲ့ ခရီးကြမ်းလျှောက်လှမ်းခဲ့ရမှုတွေကိုယ်စီရှိကြပေမယ့် “ အောင်မြင်မှုသို့ရှေ့လှမ်းချီ ” တဲ့ ပန်းတိုင်ချင်းတော့တူကြတယ်။ ဒီလိုတစ်ဦးချွန်တစ်ယောက်ကောင်းကနေ သူတို့ဘယ်လိုကြီးပြင်းလာတယ်၊ ဘယ်လိုရင့်ကျက်လာတယ်ဆိုတာကို လျှောက်ခဲ့တဲ့ခရီးလမ်းမှာလေ့လာစရာအချက်တွေအများကြီးရှိပါတယ်။
.
.
 “ လူချမ်းသာတွေဘယ်လိုတွေးသလဲ ” စာအုပ်ရေးသူ စတိဗ်စီဘိုး - Steve Siebold က နှစ်ပေါင်း  ( ၃ဝ ) ကျော်ကာလအတွင်း ထောင်နဲ့ချီတဲ့သန်းကြွယ်သူဋ္ဌေးတွေကို အင်တာဗျူးခဲ့သူပါ ။ သူဋ္ဌေးတွေရဲ့အောင်မြင်မှုကနေ ကြွယ်ဝချမ်းသာမှုကိုရခဲ့ပုံက ရိုးရိုးရှင်းရှင်းလေးပါလို့ သူကရှင်းပြတယ်။ သူတို့ကိုဘယ်မှာမွေးခဲ့တယ်ဆိုတာ နဲ့ သူတို့ဘယ်သူတွေဆိုတာက အခရာမကျပဲ သူတို့ရဲ့စိတ်ဓါတ်နဲ့ပင်ကိုယ်သဘောထား က အရေးကြီးတယ်လို့ ဆိုပါတယ်။
.
ဒီအရာကပဲ သူတို့ရဲ့ပန်းတိုင်ကိုမောင်းနှင်ပေးခဲ့သလို နောက်မဆုတ်ဖို့ အင်အားဖြစ်စေပြန်ပါတယ်။ အဲဒီ Mindset ကသာ တစ်ဦးချင်းတစ်ယောက်ချင်းစီကို ဓနဥစ္စာပိုင်ဆိုင်မှုအထွဋ်အထိပ်ကို ပို့ဆောင်ပေးခဲ့တာ သေချာနေပါတော့တယ်။ အောက်မှာတော့ အောင်မြင်သူများထံကမကြားရနိုင်တဲ့စကား ( ၇ ) ခွန်းကို သူခွဲဲခြမ်းစိတ်ဖြာပြထားတာက ..
.
.
.
၁.. ဒီအလုပ်ကိုငါမုန်းတယ်
.
.
အောင်မြင်သူတွေဟာ သူတို့လုပ်နေတဲ့၊ ဦးဆောင်နေတဲ့အလုပ်ကို သူတို့ဘဝနဲ့ဖယ်ကျဉ်စွာ မလေးမစားမလုပ်ပါဘူး။ တစ်ကယ်လို့ ရှောင်လွဲလို့မရတဲ့ အဆင်မပြေမှုတွေရှိခဲ့ရင်ဖြစ်ဖြစ်၊ အနှုတ်သဘောဆောင်တဲ့အင်အားစုတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲဖြစ်ဖြစ် ဒီလိုစကားမျိုးမပြောပါဘူး။
.
မကောင်းမြင်တဲ့အရာက ဘာကိုမှအကောင်းမလုပ်ပေးနိုင်ဘူး။ မကောင်းမြင်တဲ့စိတ်က သင့်ဘဝခရီးကိုအောင်မြင်မှုဆီရောက်ဖို့ အရှိန်လျှော့နည်းသွားစေပါတယ်။ လူတစ်ဦးတစ်ယောက်၊ အလုပ်တစ်ခု၊ ကုမ္ပဏီတစ်ခု တို့ကို စော်ကားမော်ကားပြောဆိုမယ့်အစား သင့်တင့်လျှောက်ပတ်တဲ့နည်းလမ်းကိုသုံးရုံမက ဘာကိုမှဂရုမစိုက်တဲ့ ဥပေက္ခာခန္တီတရားလက်ကိုင်ထားပြီး ဖြေရှင်းခဲ့လို့သာ သူတို့ရဲ့အခုလက်ရှိနေရာတွေကိုရောက်ရှိနေတာဖြစ်ပါတယ်။

.
.
.
၂.. ဒါ .. လုံးဝမတရားဘူး
.
.
ကိုယ်တွေကတော့ ( ၂ ) ဆ လောက်ကြိုးစားရပြီး ပြိုင်ဖက်က ဆုတွေဘာတွေရ၊ အသိအမှတ်တွေအပြုခံရပြီး ကိုယ့်မှာတော့ ဘာဆိုဘာမှမကြားရတဲ့ ဘဝမျိုးကြုံဖူးပါသလား?
.
အောင်မြင်တဲ့သူဋ္ဌေးကြီးတွေ မကျူးလွန်တဲ့အမှားကတော့ ဘဝအတွက်ဘယ်အရာက မတရားဘူးလို့ ဘယ်သူနဲ့မှ ခိုင်းနှိုင်းပြီးအဆင့်အတန်းမသတ်မှတ်တာပါပဲ။ အမှန်က မတရားမှုကို တရားကျဖို့နဲ့ အလေ့အကျင့်ရလာဖို့က သင့်တာဝန်သာဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ “ ရော့ .. အင့် ” ဆိုပြီး လက်ဆောင်ပေးလို့၊ လက်ကမ်းလို့ရတဲ့အရာမျိုးမှမဟုတ်တာ။
.
ရဖို့အတွက် သင်ကိုယ်တိုင်လုပ်ရမှာဖြစ်သလို ဝိရိယစိုက်ထုတ်ရာလမ်းခုလတ်မှာ “ သင်နဲ့ထိုက်တန်တယ်လှချည့်ရဲ့ ” ဆိုတာ အလိုလိုသိလာရမယ့်အရာ ဖြစ်ပါတယ်။ “ မတရားဘူးလို့ ” တအီအီ တစာစာ ဂျီကျပြီးညည်းညူနေမယ့်အစား ကိစ္စများကိုကြိုတင်စဉ်းစားခြင်း နဲ့ ဖြစ်လာရင်ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုပြင်ဆင်ထားခြင်းက အဆိုပါသူဋ္ဌေးတွေရဲ့ လျို့ဝှက်ချက်လို့ သိရပါတယ်။
.
.
.
၃.. ဒီလိုလုပ်ရမှာမဟုတ်ဘူးလေ
.
.
ထိုးဖောက်တီထွင်ချင်တဲ့အချင်းအရာဟာ အောင်မြင်သူများရဲ့ သွင်ပြင်လက္ခဏာမှာတွေ့ရလေ့ရှိပါတယ်။ ကုန်ပစ္စည်းအသစ်များကိုစိတ်ဝင်စားဖို့လိုတာနဲ့အညီ သမားရိုးကျနည်းလမ်းကနေခွဲထွက်ပြီးလုပ်ဖို့ ကြောက်ရွံ့နေလို့မရပါဘူး။ အသစ်မထွင်ပဲ ကိစ္စတစ်ခုကို အကြီးအကျယ်အောင်မြင်ခဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။
.
စတိဗ်ဂျော့ ကို ကြည့်ပါ။ စတိဗ်ဟာ အမြဲတစေ အသွင်ဆန်းပြီးအသစ်ထွင်ဖို့ စိတ်ကူးနေသူဖြစ်ပါတယ်။ သူ့ရဲ့ဆန်းသစ်မှုကနေ အိုင်ဖုန်း နဲ့ အိုက်ပက်ဆိုတာ ပေါက်ဖွားလာရတယ်။ ဒီပစ္စည်းသေးသေးလေးတွေနဲ့ ကမ္ဘာကြီးရဲ့သူ့အပေါ်အမြင်ကို စတိဗ်က မှောက်ချပြောင်းလဲပစ်လိုက်တယ်။
.
စတိဗ်ပြောတဲ့စကားတစ်ခွန်းက ရင်ဘတ်ထိစေတယ် “ တီထွင်ဆန်းသစ်မှုဟာ ခေါင်းဆောင်တစ်ယောက်လား နောက်လိုက်တစ်ယောက်လားဆိုတာကို ထင်သာမြင်သာစေတယ် ” ဆိုတဲ့သင်ခန်းစာလေးပါ။
.
အလုပ်ခွင်မှာ စိတ်ကိုလွတ်လွတ်လပ်လပ်ထားပြီး တီထွင်ဆန်းသစ်တဲ့ဥာဏ်အမြဲထားရမယ်လို့ မျှဝေသူက Well Said ကုမ္ပဏီရဲ့ဥက္ကဋ္ဌ ဒါလင်းပရိုက်စ် - Darlene Price ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့သဘောထားချင်းမတိုက်ဆိုင်ရင်တောင် “ အိုး .. ကောင်းလိုက်တဲ့အကြံ။ သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကဲ .. နားထောင်ကြည့်ရအောင်။ အဲဒါ ဘယ်လိုအလုပ်ဖြစ်မလဲ ” ဆိုပြီး ပြောသင့်တယ်လို့ “ ပရိုက်စ် ” က ပြောပါတယ်။
.
 “ ဒီကိစ္စဟာ မတူကွဲပြားတဲ့လမ်းစဉ်ပဲ။ ငါတို့ ကောင်းကျိုး ဆိုးကျိုးကို ဆွေးနွေးကြည့်ရအောင် ” လို့ ခွင့်ပေးသင့်တဲ့အပြင် “ နည်းလမ်းအသစ်တွေကိုစမ်းသပ်ဖို့ ဘယ်တော့မှမကြောက်ပါနဲ့။ ဒါဟာ အောင်မြင်မှုကိုချည်းကပ်ရမယ့်နည်းလမ်းမဟုတ်ပါဘူး ” ဆိုတဲ့ စကားတွေက မှတ်သားရပြန်ပါတယ်။
.
.
.
၄.. ဒါ .. ငါ့အလုပ်မဟုတ်ဘူး
.
.
အောင်မြင်သူတွေ တစ်စိုက်မတ်မတ်လိုက်နာတဲ့လမ်းကြောင်းကြီးတစ်ခုရှိပါတယ် .. “ အကယ်၍သင်ဟာ အမှန်တကယ်အောင်မြင်သူဖြစ်ရင် သူတစ်ပါးကိုလည်းအောင်မြင်ဖို့ကူညီနိုင်ပါလိမ့်မယ် ” ဆိုတာလေးပါ။
.
ဒီစကားမှန်မမှန်ကို “ တစ်ယောက်ယောက်ကအရိပ်ထဲမှာထိုင်နေတယ် .. ဆိုပါစို့ ... အရင်က တစ်ယောက်ယောက်က ဒီသစ်ပင်ကိုစိုက်ခဲ့လို့ပေါ့ ” ဆိုတဲ့ ဘီလျံနာသူဋ္ဌေးကြီး ဝါရင်းဘတ်ဖက် -  Warren Buffett  ရဲ့စကားကိုနားထောင်မိရင် သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။
.
သူတစ်ပါးနဲ့ပူးပေါင်းအလုပ်လုပ်တတ်ခြင်းဟာ သင့်ကိုအောင်မြင်မှုနဲ့ပိုနီးစပ်စေပါတယ်။ လူတွေနဲ့၊ အသင်းအဖွဲ့နဲ့နေထိုင်ပေါင်းသင်းမလုပ်တတ်သ၍ အများနဲ့ညီညွတ်မှရနိုင်မယ့်အောင်မြင်မှုကတော့ သင့်ဆီကို အလိုလိုရောက်မလာနိုင်ပါဘူး။
.
တစ်ကယ်လို့ သင်ဟာချမ်းသာချင်ချမ်းသာလိမ့်မယ်၊ အောင်မြင်ချင်အောင်မြင်လိမ့်မယ်၊ သို့ပေမယ့် သင့်ဝန်ထမ်းများ နဲ့ သင့်စီးပွားဘက်များရဲ့ မပြတ်တဲ့အားထုတ်မှု နဲ့ ပံ့ပိုးခြင်းတို့ကသာ အောင်မြင်မှု နဲ့ ကျော်ကြားမှုရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုတာကို သတိရဖို့လိုပါတယ်။
.
.
.
၅.. ဒါ .. လုံးဝမဖြစ်နိုင်ဘူး
.
.
နယ်စည်းခြားထားခြင်း နဲ့ အကန့်အသတ်များဟာ လူ့စိတ်ကနေဖန်တီးထားတယ်ဆိုတာ အောင်မြင်သူများက ကောင်းကောင်းသိပါတယ်။ အဲဒီအတားအဆီးတွေကို လူကလုပ်တယ်ဆိုတာကိုလည်း သူတို့မသိပဲမနေပါဘူး။ ဒီလိုအတွေးလွန်နေတဲ့ သတိလက်လွတ်စိတ်က ကောင်းမှုကောင်းရာဖြစ်ဖို့ နေုာက်ပြန်ဆွဲနေတာပါ။
.
တစ်ကယ်ရထိုက်သူဟာ ဘယ်အတားအဆီးက ဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာ အပြစ်မပြောကြပါ။ ဒီလိုစောတကတက်မယ့်အစား အခက်အခဲကိုကျော်လွှားမယ့်နည်းလမ်းကိုရှာပြီး တီထွင်ဆန်းသစ်မှု နဲ့ စိန်ခေါ်ကြပါတယ်။
.
“ မလုပ်နိုင်ဘူး ”  ၊ “ မလုပ်တတ်ဘူး ”  ၊ “ မဖြစ်နိုင်ဘူး ” ဆိုတာတွေကို အောင်မြင်သူများရဲ့နှုတ်ဖျားကကြားရဖို့ မမျှော်မှန်းထားပါနဲ့။ ပြသနာရှာတာ နဲ့ အပြစ်တင်တာ သူတို့အတွက်အကျိုးမရှိဘူးဆိုတာ သူတို့သိတယ်။ ဒီလိုနည်းနဲ့စိတ်ကိုထားတတ်ကြတဲ့ အောင်မြင်သူများဟာ အရှေ့ကိုရောက်လာတဲ့ပြသနာတွေကို သူတို့ရဲ့လက်နဲ့ ရိုးရိုးလေးပဲရှင်းလိုက်ကြပါတယ်။
.
.
.
၆.. ငါ ဒါလုပ်ခဲ့လိုက်ရမှာ
.
.
“ နောင်တ ” ဆိုတာ တစ်ဦးတစ်ယောက်ကို နာကျင်မှုအပေးဆုံး ခပ်ပြင်းပြင်းခံစားချက်အဆိုးကြီးပါ။ ဒဏ်ရာပေါ်ကိုစိတ်ရောက်သွားတိုင်း “ ငါ ဒီလိုလုပ်ခဲ့မိရင် .. အကောင်းသား ” လို့ တွေးတတ်ကြတယ်။ တစ်ချို့လက်လွတ်ဆုံးရှူံးမှုများကိုပြန်တွေးမိတဲ့အခါတိုင်း “ ငါ ဒီလိုမလုပ်ခဲ့မိရင်ကောင်းမှာ ”  ဆိုတာလည်းတွေးမိသလို “ အမှန်တကယ် ဒီလိုမျိုးလုပ်ခဲ့သင့်တာ ” လို့ တွေးမိနိုင်ပြန်တယ်။ အောင်မြင်သူများဟာ သူတို့ကိုယ်သူတို့ နောင်တရခွင့် ဘယ်တော့မှမပေးကြပါဘူး။
.
ဒီ့အတွက် အကြောင်းပြချက် ( ၂ ) ခုရှိတယ် .. စားပွဲဝိုင်းကိုလှည့်လိုက်ပြီး ရတဲ့အခွင့်အရေးကိုမလွတ်တမ်းယူမလား ( ဒါမှမဟုတ် ) ဆက်သွားမယ်၊ နောက်စောင့်နေမယ့်အခွင့်အရေးတစ်ခုကိုဆက်ရှာမယ် .. ဆိုတာထဲက တစ်ခုခုကိုရွေးရပါမယ်။ သင်သာအရွေးမှန်ရင် “ နောင်တ ” က ဘယ်တော့မှ ဒုက္ခမပေးနိုင်တော့ပါဘူး။
.
.
.
၇.. ငါ့မှာ တစ်ခြားရွေးစရာလမ်းမရှိဘူး
.
.
အချိန်တိုင်းမှာ အခွင့်အရေး နဲ့ ဆင်ခြေဆိုတာ သင့်ရှေ့မှာစောင့်နေကြတယ်။ အောင်မြင်သူများကတော့ အခွင့်အရေးကိုဘယ်လိုဆွတ်ခူးလိုက်ရမယ်ဆိုတာကို အကြောသိကြတယ်။
.
“ အကြောင်းအရာတစ်ခုမှာ သင်ကရွေးချယ်စရာမရှိလို့လုပ်လိုက်ရတာပါဆိုရင် သင်ကိုယ်တိုင် ဒုက္ခသည်ဖြစ်နေပြီ။ အဲဒါက သင့်ပတ်ဝန်းကျင်ထက် သင့်မှာစွမ်းအားတွေလျော့နည်းနေပြီဆိုတာကို ပြသနေတာဖြစ်တယ် ” လို့ နောက်ဆုံးပိတ်မှာ ပရိုက်စ် က ထပ်ပြောပြပေးထားပါတယ်။
.
.
ချစ်မိတ်ဆွေများအားလုံး အောင်မြင်ကြပါစေ။ အောင်မြင်မှုကို ထိန်းထားနိုင်ပါစေ။ အောင်မြင်တဲ့နိုင်ငံ ထူထောင်နိုင်ကြပါစေ..။
.
ခင်မင်ခြင်းများစွာဖြင့်
.
08-11-2015
.

ရည်ညွှန်းကိုးကား - Business Insider
.
.
“ ေအာင္ျမင္သူေတြမေျပာတဲ႕စကား ( ၇ ) ခြန္း ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ( ၃၁ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၈ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/7gx1fetz1gb8u3h/NetGuide+Vol.4%2C+No.8.pdf


.
ဓါတ္ပံုပို႕ေပးတဲ႕ ကိုစိုင္းမင္းသူ ကို ေက်းဇူးတင္ပါတယ္


No comments: