ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, August 7, 2017

စစ်နဲ့ငြိမ်းချမ်းရေးတေး မဟစ်ကြွေးရသေးတဲ့တေးသီငှက်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

. တရေးမှ မပျော်တဲ့ည မှောင်လွန်းနေပေမယ့်
အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့ သတိတရားနဲ့
စိတ်မလျှော့နဲ့လေ . . ကိုခိုင်ထူး။
.
. ပတ်ဝန်းကျင်လှည့်ကြည့်မိတော့တမ်းတတဲ့သူ
ကိုခိုင်ထူးတစ်ယောက်တည်းမဟုတ်ပါဘူး
ရောင်နီမလာခင်အနောက်ဘက်ကနေ စိမ်းလန်းမြက်ခင်းပြင်
ဆက်လျှောက်ကြမယ် . . ကိုခိုင်ထူး။
.
. ယုံကြည်ထား . . စိတ်လျှော့မယ် မကြံနဲ့နော်
ငိုသံလေး . . ဝေးလွင့်စွာပျောက်သွားစေပါ့မယ်
ရင်ထဲမှာကိုယ်လေသိပ်ချစ်တတ်တဲ့ ကိုခိုင်ထူး . . အရှုံးမပေး နဲ့လေ။
.
. ဘဝကို တဗွေထဲ ဖြတ်သန်းလာတဲ့ ကိုခိုင်ထူး
ပေးတဲ့ဆုနဲ့ပြည့်စုံလို့ နောက်ဆုံးတွေ့ဆုံခြင်း ဆိုတဲ့စကားမဆိုပဲ
ဘဝအဆက်ဆက်က ဝဋ်ကြွေးရှိရင်လည်း ကျေပါစေတော့ ကိုခိုင်ထူး . . ရယ်။
.
. တကယ်တော့ ဘဝမှာ
မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်ဆိုတာ အမှန်ပါပဲ
အခုကြုံရတဲ့ ဘဝဟာ သီချင်းလေးတစ်ပုဒ်ဆိုရင်
လက်ရှိကြုံရတဲ့ ဝေဒနာကို ပန်းလေးတစ်ဆုပ် လို့ပဲ သဘောထားပေးပါ ကိုခိုင်ထူး။
.
. အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူတူ ပူဆွေးမှုများလည်း သူခေါ်ခဲ့ပေမယ့်
ဆို - တေးသီငှက်ရဲ့ စစ်ကိုင်းလမ်းကတေးသံကတော့
ဆေးရုံကုတင်အထိ ပျံ့လွင့်နေဆဲ . . ကိုခိုင်ထူး ရယ်။
.
. လောကနတ်က လိုရင်အကုန်လုံး ယူ တာ မဆန်းပါဘူး
အခုတစ်ခါတော့ အကုန်ရရင်ရ လို့ စိတ်မကြီးပဲ
 ကိုခိုင်ထူးကို
 ကျွန်တော်တို့လောကကြီးအတွက်
 ကြွေမယ့်မိုး မသဲပါနဲ့။
 .
 ဒီတစ်ခေါက်တော့
 သေချာမှ ဆိုတဲ့ ကျန်းမာရေးအခြေအနေနဲ့
 စစ်နဲ့ငြိမ်းချမ်းရေးသံစဉ်
 အချိန်မီဟစ်ကြွေးနိုင်ဖို့
 ချန်ထားပေးခဲ့ပါနော် . .။
.
. အမှန်က ကိုခိုင်ထူးဟာ မြတ်သောအကျင့်ကိုကျင့်ရင်း
လေကုန်ရေခမ်းဖြစ်ကာ မဆုံးတဲ့သစ္စာတရားကိုအဖော်ပြုနေသူပါ
ဒါကြောင့်
သံစဉ်နဲ့အတူ
မိုးရဲရင် ဆောင်းရဲရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့
နေရာဟောင်းလေးမှာ
တေးချစ်သူပရိသတ်များနဲ့
ပြန်လည်ဆုံဆည်းကြစို့လား
တေးမြုံငှက်ကြီး ခင်များ . .။
.
. အမာခံပရိသတ်
. ကိုညီညီ (တောင်ကြီး)
. 08-07-2017