ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, February 2, 2019

"ဘယ္အခ်ိန္ရွိေနျပီလဲ" What time is it (in your life)?

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

ဘယ္အခ်ိန္ရွိေနျပီလဲ? လို႕ေမးလိုက္တာက မိတ္ေဆြရဲ႕လက္မွာပတ္ထားတဲ႕နာရီကအခ်ိန္ကိုေမးတာမဟုတ္သလို လက္ကိုင္ဖုန္းရဲ႕ပါဝါကုိဖြင္႕ျပီးၾကည္႕ရတဲ႕ ဒစ္ဂ်စ္တယ္ကိန္းဂဏန္းကိုေမးတာလည္း မဟုတ္ပါဘူး။ မိတ္ေဆြတို႕ ကြ်န္ေတာ္တို႕ သက္ရွိသတၱဝါေတြ ဇီဝိန္မေၾကြခင္အထိေနရမယ္႕ႏွစ္ေပါင္း၊ လေပါင္း၊ ရက္ေပါင္း၊ နာရီေပါင္း၊ မိနစ္ေပါင္း၊ စကၠန္႕ေပါင္း၊ အသက္ရွဴသြင္းမႈေပါင္း၊ အသက္ရွဴထုတ္မႈအေပါင္း ဘယ္ေလာက္လုပ္ျပီးပ်က္စီးျပီးသကာလ အဆံုးမသတ္သြားခင္အထိ အခ်ိန္ဘယ္ေလာက္က်န္ေသးလဲလို႕ ေမးတာျဖစ္ပါတယ္။

မိတ္ေဆြတို႕ကိုယ္တိုင္ဒီလိုေမးခြန္းေမးျပီး မီးစာမကုန္ ေရကန္မခမ္းေသးခင္ "ငါဘာလုပ္ခဲ႕ရင္ေကာင္းမွာ" ဆုိတာမ်ိဳးေတြးမိသူဘယ္ႏွစ္ေယာက္မ်ားရွိေနပါျပီလဲ သိခ်င္မိတယ္။ မိတ္ေတြတို႕ရဲ႕ေပ်ာ္ရႊင္မႈေတြကိုႏႈတ္ယူသြားတဲ႕အခ်ိန္ေတြကို မွန္ၾကည္႕လုိက္တိုင္းသတိထားမိဖို႕အျမဲလုပ္ႏုိင္ပါ႕မလား? ဒါမွမဟုတ္ အိုမင္းရင္႕ေရာ္ျခင္းစာအုပ္ကို တစ္ရြက္ခ်င္းမလွန္ပဲ ဇရာရဲ႕စာမ်က္ႏွာေက်ာ္ဖတ္သြားတာကို အျမဲသိရွိႏုိင္ေအာင္ သတိထားႏုိင္ပါ႕မလား?

ေဆြမ်ိဳးေတြၾကားမွာ လုပ္ေဖာ္ကိုင္ဖက္ၾကားမွာ ေပ်ာ္ေပ်ာ္ပါးပါးေလွေလွာ္သြားသလို ေမာ္ေမာ္ၾကြားၾကြားေနနိုင္ရံုနဲ႕ မိတ္ေဆြတုိ႕ကုိယ္တိုင္ကိုယ္က် တန္ဖိုးရွိတဲ႕လူသားတစ္ေယာက္လို႕သတ္မွတ္လို႕ရတဲ႕ သက္ရွိသတၱဝါတစ္ေယာက္ျဖစ္ႏုိင္လာျပီလား?

အသည္းႏွလံုးကသီခ်င္းဆိုႏုိင္ဖို႕ မိတ္ေတြတို႕ရဲ႕ေန႕စဥ္ဘဝမွာ ဘာေတြမ်ားလိုအပ္ေနသလဲ? ရင္ခုန္စရာအနာဂါတ္ကို ပန္းခ်ီကားတစ္ခ်ပ္လိုပံုေဖာ္ႏုိင္ဖို႕ ဘယ္ေဆးအေရာင္က ေငြေၾကးနဲ႕ဝယ္လို႕မရႏုိင္ေလာက္ေအာင္ ရွားပါးေနပါသလဲ?

အလုပ္နဲ႕အိမ္၊ အိမ္နဲ႕သင္တန္း၊ သင္တန္းနဲ႕မီးဖိုေခ်ာင္၊ မီးဖိုေခ်ာင္နဲ႕ကုန္ေစ်းႏႈန္းၾကားဗ်ာမ်ားျပီး အနားမရႏုိင္တဲ႕ အိမ္ရွင္ထီး၊ အိမ္ရွင္မတို႕ကုိ ဘယ္သူကအားေပးစကားလာေျပာေပးပါသလဲ?

ဒီေမးခြန္းေတြကုိ ကိုယ္တိုင္မေျဖေသးခင္ ေအာက္မွာ အပုိင္းအျခား (၇) ခုကုိဖတ္ၾကည္႕ျပီး မိတ္ေဆြတို႕ဘယ္အခ်ိန္ေရာက္ေနျပီလဲဆိုတာသိႏုိင္ေအာင္ အိမ္စာေလးလုပ္လုိက္ၾကပါဦး။
.
.
အပုိင္းအျခား (၁) ။။။။။။။။။။ အျမဲတမ္းစိမ္းဘဝအရြယ္။ ဒီလုိအရြယ္မွာ ဘာလုပ္လုပ္ လန္းဆန္းတက္ၾကြျပီး ဥတု (၃) ပါးခံတဲ႕အရြယ္
.
.
အပုိင္းအျခား (၂) ။။။။။။။။။။ ငယ္ေသြးၾကြျပီးေနရာတုိင္းပါတဲ႕အရြယ္။ ဘယ္ေနရာမွာမွထဲထဲဝင္ဝင္လူရာအသြင္းမခံရတာကုိ ေပ်ာ္ေနတဲ႕အရြယ္
.
.
အပုိင္းအျခား (၃) ။။။။။။။။။။ မင္းတရားၾကီးအရြယ္။ ဘုရင္ျဖစ္တဲ႕အရြယ္။ လက္ညွိႈးညႊန္ရာေရျဖစ္တဲ႕အရြယ္
.
.
အပုိင္းအျခား (၄) ။။။။။။။။။။ အုပ္ထိန္းသူအရြယ္။ ဘယ္သူ ဘယ္သြားတယ္ . . ဘယ္ဝင္တယ္ . . ဘာယူသြားတယ္ . . ဘာထားခဲ႕တယ္ စာရင္းလုပ္တဲ႕အရြယ္
.
.
အပုိင္းအျခား (၅) ။။။။။။။။။။ အိမ္ေတာ္ေစာင္႕အရြယ္။ ဧည္႕ခန္းကိုအာဏာသိမ္းခံရတဲ႕အရြယ္
.
.
အပုိင္းအျခား (၆) ။။။။။။။။။။
အိမ္ေတာ္ထိန္းအရြယ္။ မိသားစုထဲကေနထြက္ရေတာ႕မယ္ဆုိတာသိတဲ႕အရြယ္
.
.
အပုိင္းအျခား (၇) ။။။။။။။။။။ မီးစာကုန္တဲ႕အရြယ္။ ေမွာင္ေတာ႕မွာကိုသိေနေပမယ္႕ ေနာက္ဆံုးလက္က်န္အလင္းေရာင္အတြက္ မီးစာညိဳမည္း ေနာက္ဆက္တြဲကိုေစာင္႕ေနရတဲ႕အရြယ္

ေနာက္တစ္ေခါက္ထပ္ေမးပါရေစဦး။ "ဘယ္အခ်ိန္ရွိေနျပီလဲ?" တကယ္သာစိတ္ရင္းအတိုင္း၊ စိတ္မွန္အတိုင္းဆုိရင္ ဘယ္အပိုင္းအျခားေရာက္ေနျပီဆိုတာသိတဲ႕ေနာက္

မိတ္ေဆြ
ဘာလုပ္ေနတယ္
ဘာမလုပ္ရေသးဘူး
ဘာလုပ္ခ်င္တယ္
ဘာမလုပ္ခ်င္ဘူး

။။။။။။။။။။ ဆိုတာေတြထက္ ။။။။။။။။။။။

ဘာလုပ္သင္႕တယ္
ဘာလုပ္ေတာ႕မယ္
အခု ငါ ဘာလုပ္မယ္ဆိုတာကိုသိလာပါလိမ္႕မယ္။

ကြဲျပားစြာယံုၾကည္ၾကတဲ႕ ဘာသာတရားတုိင္းက တူညီတဲ႕အေျဖတစ္ခုေပးထားတာရွိပါတယ္။ အဲဒါကေတာ႕ ငယ္ဘဝက ေက်ာင္းဗလာစာအုပ္အေနာက္ဖံုးမွာပါတဲ႕ "ေကာင္းမႈျမတ္ႏိုး ေကာင္းေအာင္က်ိဳး၍ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း" ဆုိတဲ႕ ေလာကနီတိရဲ႕ဘယ္အပိုင္းကို ကိုယ္႕ရဲ႕ေနဝင္ခ်ိန္အျပီး မုိးၾကီးခ်ဳပ္သြားတဲ႕ေနာက္တစ္ရက္မွာ ဘယ္မ်ိဳးဆက္ကိုျမင္ေစ႕ခ်င္သလဲဆုိတာ စဥ္းစား-ဆင္ျခင္-စီစဥ္-စတင္စုိင္းျပင္းဖို႕အခ်ိန္က်ပါျပီ မိတ္ေဆြတုိ႕ေရ . .။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
02-02-2019

Unicode Version:

"ဘယ်အချိန်ရှိနေပြီလဲ" What time is it (in your life)?
ဘယ်အချိန်ရှိနေပြီလဲ? လို့မေးလိုက်တာက မိတ်ဆွေရဲ့လက်မှာပတ်ထားတဲ့နာရီကအချိန်ကိုမေးတာမဟုတ်သလို လက်ကိုင်ဖုန်းရဲ့ပါဝါကိုဖွင့်ပြီးကြည့်ရတဲ့ ဒစ်ဂျစ်တယ်ကိန်းဂဏန်းကိုမေးတာလည်း မဟုတ်ပါဘူး။ မိတ်တွေတို့ ကျွန်တော်တို့ သက်ရှိသတ္တဝါတွေ ဇီဝိန်မကြွေခင်အထိနေရမယ့်နှစ်ပေါင်း၊ လပေါင်း၊ ရက်ပေါင်း၊ နာရီပေါင်း၊ မိနစ်ပေါင်း၊ စက္ကန့်ပေါင်း၊ အသက်ရှူသွင်းမှုပေါင်း၊ အသက်ရှူထုတ်မှုအပေါင်း ဘယ်လောက်လုပ်ပြီးပျက်စီးပြီးသကာလ အဆုံးမသတ်သွားခင်အထိ အချိန်ဘယ်လောက်ကျန်သေးလဲလို့ မေးတာဖြစ်ပါတယ်။

မိတ်တွေတို့ကိုယ်တိုင်ဒီလိုမေးခွန်းမေးပြီး မီးစာမကုန် ရေကန်မခမ်းသေးခင် "ငါဘာလုပ်ခဲ့ရင်ကောင်းမှာ" ဆိုတာမျိုးတွေးမိသူဘယ်နှစ်ယောက်များရှိနေပါပြီလဲ သိချင်မိတယ်။ မိတ်တွေတို့ရဲ့ပျော်ရွှင်မှုတွေကိုနှုတ်ယူသွားတဲ့အချိန်တွေကို မှန်ကြည့်လိုက်တိုင်းသတိထားမိဖို့အမြဲလုပ်နိုင်ပါ့မလား? ဒါမှမဟုတ် အိုမင်းရင့်ရော်ခြင်းစာအုပ်ကို တစ်ရွက်ချင်းမလှန်ပဲ ဇရာရဲ့စာမျက်နှာကျော်ဖတ်သွားတာကို အမြဲသိရှိနိုင်အောင် သတိထားနိုင်ပါ့မလား?

ဆွေမျိုးတွေကြားမှာ လုပ်ဖော်ကိုင်ဖက်ကြားမှာ ပျော်ပျော်ပါးပါးလှေလှော်သွားသလို မော်မော်ကြွားကြွားနေနိုင်ရုံနဲ့ မိတ်ဆွေတို့ကိုယ်တိုင်ကိုယ်ကျ တန်ဖိုးရှိတဲ့လူသားတစ်ယောက်လို့သတ်မှတ်လို့ရတဲ့ သက်ရှိသတ္တဝါတစ်ယောက်ဖြစ်နိုင်လာပြီလား?

အသည်းနှလုံးကသီချင်းဆိုနိုင်ဖို့ မိတ်တွေတို့ရဲ့နေ့စဉ်ဘဝမှာ ဘာတွေများလိုအပ်နေသလဲ? ရင်ခုန်စရာအနာဂါတ်ကို ပန်းချီကားတစ်ချပ်လိုပုံဖော်နိုင်ဖို့ ဘယ်ဆေးအရောင်က ငွေကြေးနဲ့ဝယ်လို့မရနိုင်လောက်အောင် ရှားပါးနေပါသလဲ?

အလုပ်နဲ့အိမ်၊ အိမ်နဲ့သင်တန်း၊ သင်တန်းနဲ့မီးဖိုချောင်၊ မီးဖိုချောင်နဲ့ကုန်စျေးနှုန်းကြားဗျာများပြီး အနားမရနိုင်တဲ့ အိမ်ရှင်ထီး၊ အိမ်ရှင်မတို့ကို ဘယ်သူကအားပေးစကားလာပြောပေးပါသလဲ?

ဒီမေးခွန်းတွေကို ကိုယ်တိုင်မဖြေသေးခင် အောက်မှာ အပိုင်းအခြား (၇) ခုကိုဖတ်ကြည့်ပြီး မိတ်ဆွေတို့ဘယ်အချိန်ရောက်နေပြီလဲဆိုတာသိနိုင်အောင် အိမ်စာလေးလုပ်လိုက်ကြပါဦး။
.
.
အပိုင်းအခြား (၁) ။။။။။။။။။။ အမြဲတမ်းစိမ်းဘဝအရွယ်။ ဒီလိုအရွယ်မှာ ဘာလုပ်လုပ် လန်းဆန်းတက်ကြွပြီး ဥတု (၃) ပါးခံတဲ့အရွယ်
.
.
အပိုင်းအခြား (၂) ။။။။။။။။။။ ငယ်သွေးကြွပြီးနေရာတိုင်းပါတဲ့အရွယ်။ ဘယ်နေရာမှာမှထဲထဲဝင်ဝင်လူရာအသွင်းမခံရတာကို ပျော်နေတဲ့အရွယ်
.
.
အပိုင်းအခြား (၃) ။။။။။။။။။။ မင်းတရားကြီးအရွယ်။ ဘုရင်ဖြစ်တဲ့အရွယ်။ လက်ညှိှုးညွှန်ရာရေဖြစ်တဲ့အရွယ်
.
.
အပိုင်းအခြား (၄) ။။။။။။။။။။ အုပ်ထိန်းသူအရွယ်။ ဘယ်သူ ဘယ်သွားတယ် . . ဘယ်ဝင်တယ် . . ဘာယူသွားတယ် . . ဘာထားခဲ့တယ် စာရင်းလုပ်တဲ့အရွယ်
.
.
အပိုင်းအခြား (၅) ။။။။။။။။။။ အိမ်တော်စောင့်အရွယ်။ ဧည့်ခန်းကိုအာဏာသိမ်းခံရတဲ့အရွယ်
.
.
အပိုင်းအခြား (၆) ။။။။။။။။။။
အိမ်တော်ထိန်းအရွယ်။ မိသားစုထဲကနေထွက်ရတော့မယ်ဆိုတာသိတဲ့အရွယ်
.
.
အပိုင်းအခြား (၇) ။။။။။။။။။။ မီးစာကုန်တဲ့အရွယ်။ မှောင်တော့မှာကိုသိနေပေမယ့် နောက်ဆုံးလက်ကျန်အလင်းရောင်အတွက် မီးစာညိုမည်း နောက်ဆက်တွဲကိုစောင့်နေရတဲ့အရွယ်

နောက်တစ်ခေါက်ထပ်မေးပါရစေဦး။ "ဘယ်အချိန်ရှိနေပြီလဲ?" တကယ်သာစိတ်ရင်းအတိုင်း၊ စိတ်မှန်အတိုင်းဆိုရင် ဘယ်အပိုင်းအခြားရောက်နေပြီဆိုတာသိတဲ့နောက်

မိတ်ဆွေ
ဘာလုပ်နေတယ်
ဘာမလုပ်ရသေးဘူး
ဘာလုပ်ချင်တယ်
ဘာမလုပ်ချင်ဘူး

။။။။။။။။။။ ဆိုတာတွေထက် ။။။။။။။။။။။

ဘာလုပ်သင့်တယ်
ဘာလုပ်တော့မယ်
အခု ငါ ဘာလုပ်မယ်ဆိုတာကိုသိလာပါလိမ့်မယ်။

ကွဲပြားစွာယုံကြည်ကြတဲ့ ဘာသာတရားတိုင်းက တူညီတဲ့အဖြေတစ်ခုပေးထားတာရှိပါတယ်။ အဲဒါကတော့ ငယ်ဘဝက ကျောင်းဗလာစာအုပ်အနောက်ဖုံးမှာပါတဲ့ "ကောင်းမှုမြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌တည်စေမင်း" ဆိုတဲ့ လောကနီတိရဲ့ဘယ်အပိုင်းကို ကိုယ့်ရဲ့နေဝင်ချိန်အပြီး မိုးကြီးချုပ်သွားတဲ့နောက်တစ်ရက်မှာ ဘယ်မျိုးဆက်ကိုမြင်စေ့ချင်သလဲဆိုတာ စဉ်းစား-ဆင်ခြင်-စီစဉ်-စတင်စိုင်းပြင်းဖို့အချိန်ကျပါပြီ မိတ်ဆွေတို့ရေ . .။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
02-02-2019

No comments: