ခရီးသြားေနသူ - ကိုညီညီ ( ေတာင္ၾကီး ) |
.
ဆရာသုခမိန္လိႈင္ က စကၤာပူေရာက္တုန္းစာေပေဟာေျပာပြဲတစ္ခုမွာ
“ စကၤာပူမွာေနရင္ ျမန္မာႏိုင္ငံမွာမေနရဘူး၊ ျမန္မာႏုိင္ငံမွာေနရင္ စကၤာပူမွာမေနရဘူး
” လုိ႕ေဟာခဲ႕တယ္။ ကြ်န္ေတာ႕အေတြ႕အၾကံဳ နဲ႕ ခံစားခ်က္တို႕ကိုေပါင္းစပ္လိုက္ရရင္ “ အေမရိကားေရာက္ရင္
ျမန္မာႏိုင္ငံျပန္ခ်င္၊ ျမန္မာႏိုင္ငံေရာက္ရင္ အေမရိကားသြားခ်င္ ” လို႕သာ အသြင္ေျပာင္းလိုက္ခ်င္တယ္။
တစ္ခါတစ္ရံလည္း ဘယ္ေနရာက အေပ်ာ္ဆံုးလည္းဆိုတာ ေတြးရင္းေတြးရင္းသာ အေျဖမရတဲ႕ပုစၦာတစ္ပုဒ္လို
ျဖစ္ေနပါတယ္။
.
ဖခင္ၾကီးရဲ႕လက္ငုတ္ရင္းအလုပ္ကိုလုပ္ရင္း
ကုန္သည္ဘဝကို ကြ်န္ေတာ္တစ္စိုက္မတ္မတ္လုပ္ခဲ႕တယ္။ မိဘစကားကုိ ေျမဝယ္မက်နားေထာင္ရင္း
ကြ်န္ေတာ႕ရဲ႕လူငယ္ဘဝေတြကို ဆိုင္လုပ္ငန္းမွာ နစ္ျမဳပ္ခဲ႕တယ္။ ေလာကၾကီးကက်ယ္ျပန္႕ေပမယ္႕
ကြ်န္ေတာ႕ရဲ႕ဆုိင္လုပ္ငန္းနယ္ပယ္ေလးဟာ က်ဥ္းေျမာင္းခဲ႕တယ္။ ဒါတင္ဘယ္ကဦးမလဲ .. ( ၁၇
) ႏွစ္ဆိုတဲ႕ ကုန္သည္ဘဝက ေမ႕မယ္ဆိုလည္းေမ႕ေလာက္စရာေပမယ္႕ အေနာက္ႏုိင္ငံကိုေခတၱေျခဦးဆန္႕ေနရတဲ႕ကြ်န္ေတာ႕မွာ
ဒဏ္ရာမ်ားစြာနဲ႕ မခ်ိတင္ကဲ ခံစားရေနျမဲပါ။
.
.
အေမရိကားမွာ ကုန္သည္လုပ္ဖို႕ခက္ခဲပါတယ္။
ေျပးစရာမရွိေပမယ္႕ ေလ်ာ္စရာရွိမွရမယ္႕ အေမရိကားပါ။ ဆုိလိုတာက အလုပ္တစ္ခုအတြက္ အဘက္ဘက္က
ေထာင္႕ေစ႕ေအာင္စီစဥ္ထားပါမွ ေတာ္ကာက်ပါတယ္။ ဒါဆို အြန္လိုင္းကေန ပစၥည္းေရာင္းမလား
.. ရပါတယ္။ ဘာေရာင္းေရာင္း တင္ေရာင္းတဲ႕ဝဘ္ဆိုဒ္ကို ( ၁ဝ% ) ခန္႕ ေပးႏုိင္ရင္ အဆင္ေျပပါတယ္။
ဝယ္သူက မၾကိဳက္လုိ႕ သတ္မွတ္ရက္အတြင္း ( ပစၥည္းသစ္ကိုပါကင္ဖြင္႕ျပီးသားျဖစ္ပါေစဦး
) ကိုယ္႕ဆီျပန္ပို႕ျပီး လဲလွယ္လုိ႕ရတယ္ဆုိတာလည္း မေမ႕ပါနဲ႕ဦး..။ ဒါကိုမွကုိယ္က ျပန္လက္မခံရင္
ၾကားကေရာင္းေပးတဲ႕ကုမၸဏီက ကုိယ္႕ဘဏ္ကဒ္ေတြထဲကိုေငြကုိ လက္တစ္ဆံုးျပန္ႏိႈက္ခြင္႕ရွိတဲ႕အတြက္
မလည္ရႈတ္လုပ္လို႕ မျဖစ္တဲ႕အေနအထားမွာ ရွိပါတယ္။
.
ဒါဆိုရင္ စားေသာက္ဆိုင္ဖြင္႕ၾကည္႕မလား
.. ျဖစ္ပါေသးတယ္။ ကုိယ္႕အရင္းကိုယ္တည္ .. စားသံုးသူကာကြယ္မႈအာမခံ၊ အရက္လိုင္စင္၊ ဆိုင္ခန္းငွားရမ္းစာခ်ဳပ္၊
အလုပ္သမားငွားရမ္းျခင္း စတဲ႕ လုိအပ္တာေတြျပည္႔စံုရင္ ဖြင္႕လို႕ရပါတယ္။ အားလံုးၾကားဖူးေနက်အတိုင္း
အေမရိကားမွာ အစစအရာရာ ေစ်းၾကီးတဲ႕အခါ ကုိယ္ေရာင္းတဲ႕အစားအေသာက္လည္း ေစ်းႏႈန္းလိုက္ျမင္႕လာပါလိမ္႕မယ္။
ျပီးေတာ႕ ကိုယ္႕တစ္ဆိုင္တည္းမွာသာရမယ္႕ Signature “ တစ္ခုခု ” ရွိရင္ လူလာပါလိမ္႕မယ္။
ဒါမွမဟုတ္ရင္ ဆိုင္ခြဲ - Chain Service ေတြမ်ားတဲ႕ ဗီယက္နမ္စားေသာက္ဆုိင္ေတြ နဲ႕ ဧရာမအေမရိကန္အျမန္ရစားေသာက္ဆိုင္ေတြကို
ယွဥ္ျပိဳင္ဖို႕ အဆင္သင္႕ျဖစ္ေနရပါမယ္။
.
.
အဲဒါေတြ အဆင္မေျပေသးရင္ ဓါတ္ဆီဆိုင္လိုမ်ိဳး
ဖြင္႕ၾကဦးမလား..။ ဒီလုပ္ငန္းကိုလုပ္ကုိင္သူေတြထဲမွာ အိႏိၵယႏြယ္ဖြားေတြ အေတြ႕မ်ားတယ္။
သူတို႕က ထင္ေပၚေက်ာ္ၾကားျခင္းမရွိပဲ ၾကိတ္ခ်မ္းသာတဲ႕လူမ်ိဳးေတြေလ..။ ဆီဆိုင္တစ္ဆိုင္လည္ပတ္ဖို႕
မီးအာမခံေရာ၊ ပတ္ဝန္းက်င္ကာကြယ္မႈအာမခံေရာ၊ လိုင္စင္ေရာ အားလံုးပတ္လည္ျပည္႕စံုဖို႕
အနည္းဆံုးေဒၚလာ ( ၂ဝဝဝဝဝ ) ေလာက္မရွိရင္ လုပ္ဖို႕ခက္ခဲတယ္လို႕ ေျပာျပၾကတယ္။ ေနရာေဒသ
နဲ႕ ဓါတ္ဆီဆိုင္တံဆိပ္ရဲ႕နာမည္ေက်ာ္ၾကားမႈ - Reputation အေပၚမွာ ေစ်းႏႈန္းကြဲျပားႏုိင္ပါတယ္။
ဓါတ္ဆီဆိုင္ဆိုေပမယ္႕ တိုလီမုတ္စေရာင္းတဲ႕လက္လီက အရမ္းျမတ္တာ..။
.
ဆံပင္ညွပ္ဆိုင္ဖြင္႕ရင္ေကာင္းမလား ..။
တစ္ခါညွပ္ရင္ အေပါစား တစ္ေခါင္း ( ၁ဝ ) ေဒၚလာ။ ပံုမွန္ ( ၁၂ ) ေဒၚလာ။ မိန္းကေလးညွပ္ရင္
( ၁၂ ) ေဒၚလာကေန ( ၂၅ ) ေဒၚလာအထိ ရွိတယ္။ ဆံပင္ေဆးဆိုးရင္ ( ၆၅ ) ေဒၚလာ၊ ဆံပင္ေကာက္
/ ေျဖာင္႕ရင္ ေဒၚလာ ( ၁ဝဝ ) ေက်ာ္တယ္။ ေစ်းမ်ားေတာ႕ တစ္ခ်ိဳ႕ျမန္မာေတြက တစ္ေခါင္း
( ၆ ) ေဒၚလာ နဲ႕ အိမ္မွာထုိင္ညွပ္တဲ႕ျမန္မာအိမ္ေတြမွာလိုက္ညွပ္တယ္။ ဒီလုပ္ငန္းကိုတစ္ကယ္လုပ္ခ်င္ရင္ေတာ႕
အေမရိကားကုိ ျမန္မာေတြထက္အေစာၾကီးၾကိဳေရာက္ေနတဲ႕ ဗီယက္နမ္လူမ်ိဳးဆိုင္ေတြကို ယွဥ္ျပိဳင္ရပါလိမ္႕မယ္။
သူတို႕ရဲ႕တစ္ခ်ိဳ႕ဆိုင္ေတြေတာင္ ကုမၸဏီၾကီးေတြကိုမယွဥ္ႏုိင္လို႕ လုပ္ငန္းသိမ္းျပီး
Franchise လုပ္တဲ႕အထိ မိုႏိုပိုလီအလုပ္ခံရတယ္။
.
.
အေမရိကားမွာ ပညာနဲ႕လုပ္စားတာ အေကာင္းဆံုးပါ။
အခြင္႕အလမ္းမ်ားတယ္။ အသစ္အဆန္းထြင္တဲ႕သူ ေနရာရတယ္။ ဘာသာစကားထက္စာရင္ ပညာက စကားေျပာတယ္။
ဒါေပမယ္႕ ပညာေတာ္ေပမယ္႕ ဆက္ဆံေရးက အေရးၾကီးျပန္တယ္။ ကိုယ္ေျပာတာသူမ်ားနားမလည္ .. သူမ်ားေျပာတာကိုယ္နားမလည္ရင္
ကိုယ္တတ္တဲ႕ပညာကုိ ဘယ္လိုမွ်ေဝႏိုင္ပါ႕မလဲ? ဒီအခက္အခဲကိုေက်ာ္ႏုိင္ရမယ္။ အေမရိကန္သံုးစံနစ္ေတြအေပၚမွာ
ကြ်မ္းက်င္ရမယ္။ ေန႕စဥ္ဘဝေတြဘယ္လိုခက္ခဲပါေစ အလုပ္ကို အခ်ိန္မွီေရာက္ႏုိင္ရမယ္။ အလုပ္မပ်က္ရေလေအာင္
အျမဲက်န္းမာေအာင္ ေနရမယ္။
.
နည္းပညာပိုင္းဆိုင္ရာမွာ ကမၻာမွာ ဂ်ပန္ကေအးေအးေဆးေဆးျဖစ္သြားျပီ။
လက္ရွိမွာ ေတာင္ကိုးရီးယားက အေမရိကားကို ယွဥ္ျပိဳင္တိုက္ေနတုန္းပါပဲ။ ဥပမာအားျဖင္႕
စမတ္ဖုန္းရဲ႕လည္ပတ္စံနစ္ေတြျဖစ္တဲ႕ iOS နဲ႕ အလြယ္တကူေမြးစားလို႕ရတဲ႕ Android တို႕ကိုၾကည္႕ရင္သိသာပါတယ္။
ဒီေနရာမွာ ႏုိင္ငံျခားကိုအလုပ္သြားလုပ္ဖို႕ျပင္ေနတဲ႕ ကြ်န္ေတာ္တို႕ျမန္မာေတြက လက္ကိုင္ဖုန္းသံုးတတ္ရံုေလးနဲ႕ေတာ႕
သိပ္ဟန္မက်ေတာ႕ဘူးလို႕ ထင္ပါတယ္။ ဒီလိုမ်ိဳးေဆာ႕ဝဲကုိ မျဖစ္မေနေရးတတ္ရမယ္လုိ႕ဆိုလိုတာမဟုတ္ေပမယ္႕
သာမန္သံုးစြဲသူရဲ႕ဗဟုသုတထက္ၾကြယ္ဝဖို႕လိုတာေတာ႕အမွန္ပါပဲ။
.
.
ကိုယ္႕ေျခကိုယ္႕လက္လုပ္ကုိင္လာခဲ႕တဲ႕ကြ်န္ေတာ္ဟာ
အဆိုပါႏုိင္ငံေရာက္ေတာ႕ သူတစ္ပါးရဲ႕ဝန္ထမ္းျဖစ္ရတယ္။ ဒါေၾကာင္႕ ကိုယ္႕ရဲ႕ဓနပိုင္ဆိုင္မႈကို
ေဘာင္ခတ္ခံရလာတဲ႕အခါ ျမန္မာႏုိင္ငံျပန္ခ်င္တယ္ .. လုပ္ငန္းျပန္လုပ္ခ်င္တယ္။ တစ္ကယ္လည္း
အမိေျမကိုျပန္နင္းတဲ႕အခါက်ေတာ႕ လုပ္ငန္းလုပ္ကိုင္ရတာအခက္အခဲမရွိေပမယ္႕ အဓိကက်တဲ႕ အေျခခံအေဆာက္အဦေတြရဲ႕ေခါင္ခုိက္တဲ႕ေစ်းႏႈန္းေတြက
လိုက္မီဖို႕ေတာ္ေတာ္ခက္ေနတယ္။ ဘယ္ေလာက္ေခတ္မွီတဲ႕နည္းပညာေတြသယ္ခ်လာပါေစဦး .. ဒီမွာက
ကိုယ္႕လမ္း နဲ႕ ကိုယ္႕လွည္း နဲ႕ အဆင္ေျပေနၾကတယ္။
.
နဂိုလုပ္လက္စအလုပ္မဟုတ္ပဲ တစ္ခုခုထပ္စြန္႕စားဖို႕က်ျပန္ေတာ႕
ကုိယ္႕အသက္ကမငယ္ေတာ႕ျပန္ဘူး။ ေသဖို႕ေနရာေရြးရမယ္ဆိုရင္ေတာ႕ ျမန္မာႏုိင္ငံကိုသာေရြးမိမွာပါ။
ဒါေပမယ္႕ ကာလအပိုင္းအျခားတစ္ခုအထိ ေနဖို႕ေနရာတစ္ခုအေနနဲ႕ ယာယီတဲစခန္းမွာ ေခတၱနားခုိပါရေစ။
ကေလးေတြရဲ႕ဘဝကို ကြ်န္ေတာ႕လို မရုန္းကန္ရေစခ်င္ဘူးေလ။
.
ဒါေၾကာင္႕မုိ႕ ရန္ကုန္ေလဆိပ္ေရာက္ရင္
ဆန္ဖရန္စစၥကို ကို ျပန္ခ်င္တယ္။ ဆန္ဖရန္ေလဆိပ္ေရာက္ရင္ ရန္ကုန္ ကုိ ျပန္ခ်င္တယ္။ ဒီေတာ႕
ဟုိမေရာက္ ဒီမေရာက္ျဖစ္ေနမယ္႕အတူတူ မထူးေတာ႕ပါဘူး .. အထီးက်န္ကမၻာထဲမွာ ကြ်န္ေတာ႕ကိုသာ
ထားရစ္ခဲ႕လုိက္ၾကပါေတာ႕..။
.
ခင္လ်က္
.
02-07-2016
.
.
.
Myanmar Unicode Version:
.
.
“ အထီးကျန်ကမ္ဘာထဲမှာကျွန်တော့ကိုထားခဲ့ ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး
)
.
ဆရာသုခမိန်လှိုင် က စင်္ကာပူရောက်တုန်းစာပေဟောပြောပွဲတစ်ခုမှာ
“ စင်္ကာပူမှာနေရင် မြန်မာနိုင်ငံမှာမနေရဘူး၊ မြန်မာနိုင်ငံမှာနေရင် စင်္ကာပူမှာမနေရဘူး
” လို့ဟောခဲ့တယ်။ ကျွန်တော့အတွေ့အကြုံ နဲ့ ခံစားချက်တို့ကိုပေါင်းစပ်လိုက်ရရင် “ အမေရိကားရောက်ရင်
မြန်မာနိုင်ငံပြန်ချင်၊ မြန်မာနိုင်ငံရောက်ရင် အမေရိကားသွားချင် ” လို့သာ အသွင်ပြောင်းလိုက်ချင်တယ်။
တစ်ခါတစ်ရံလည်း ဘယ်နေရာက အပျော်ဆုံးလည်းဆိုတာ တွေးရင်းတွေးရင်းသာ အဖြေမရတဲ့ပုစ္ဆာတစ်ပုဒ်လို
ဖြစ်နေပါတယ်။
.
ဖခင်ကြီးရဲ့လက်ငုတ်ရင်းအလုပ်ကိုလုပ်ရင်း
ကုန်သည်ဘဝကို ကျွန်တော်တစ်စိုက်မတ်မတ်လုပ်ခဲ့တယ်။ မိဘစကားကို မြေဝယ်မကျနားထောင်ရင်း
ကျွန်တော့ရဲ့လူငယ်ဘဝတွေကို ဆိုင်လုပ်ငန်းမှာ နစ်မြုပ်ခဲ့တယ်။ လောကကြီးကကျယ်ပြန့်ပေမယ့်
ကျွန်တော့ရဲ့ဆိုင်လုပ်ငန်းနယ်ပယ်လေးဟာ ကျဉ်းမြောင်းခဲ့တယ်။ ဒါတင်ဘယ်ကဦးမလဲ .. ( ၁၇
) နှစ်ဆိုတဲ့ ကုန်သည်ဘဝက မေ့မယ်ဆိုလည်းမေ့လောက်စရာပေမယ့် အနောက်နိုင်ငံကိုခေတ္တခြေဦးဆန့်နေရတဲ့ကျွန်တော့မှာ
ဒဏ်ရာများစွာနဲ့ မချိတင်ကဲ ခံစားရနေမြဲပါ။
.
.
အမေရိကားမှာ ကုန်သည်လုပ်ဖို့ခက်ခဲပါတယ်။
ပြေးစရာမရှိပေမယ့် လျော်စရာရှိမှရမယ့် အမေရိကားပါ။ ဆိုလိုတာက အလုပ်တစ်ခုအတွက် အဘက်ဘက်က
ထောင့်စေ့အောင်စီစဉ်ထားပါမှ တော်ကာကျပါတယ်။ ဒါဆို အွန်လိုင်းကနေ ပစ္စည်းရောင်းမလား
.. ရပါတယ်။ ဘာရောင်းရောင်း တင်ရောင်းတဲ့ဝဘ်ဆိုဒ်ကို ( ၁ဝ% ) ခန့် ပေးနိုင်ရင် အဆင်ပြေပါတယ်။
ဝယ်သူက မကြိုက်လို့ သတ်မှတ်ရက်အတွင်း ( ပစ္စည်းသစ်ကိုပါကင်ဖွင့်ပြီးသားဖြစ်ပါစေဦး
) ကိုယ့်ဆီပြန်ပို့ပြီး လဲလှယ်လို့ရတယ်ဆိုတာလည်း မမေ့ပါနဲ့ဦး..။ ဒါကိုမှကိုယ်က ပြန်လက်မခံရင်
ကြားကရောင်းပေးတဲ့ကုမ္ပဏီက ကိုယ့်ဘဏ်ကဒ်တွေထဲကိုငွေကို လက်တစ်ဆုံးပြန်နှိုက်ခွင့်ရှိတဲ့အတွက်
မလည်ရှုတ်လုပ်လို့ မဖြစ်တဲ့အနေအထားမှာ ရှိပါတယ်။
.
ဒါဆိုရင် စားသောက်ဆိုင်ဖွင့်ကြည့်မလား
.. ဖြစ်ပါသေးတယ်။ ကိုယ့်အရင်းကိုယ်တည် .. စားသုံးသူကာကွယ်မှုအာမခံ၊ အရက်လိုင်စင်၊ ဆိုင်ခန်းငှားရမ်းစာချုပ်၊
အလုပ်သမားငှားရမ်းခြင်း စတဲ့ လိုအပ်တာတွေပြည့်စုံရင် ဖွင့်လို့ရပါတယ်။ အားလုံးကြားဖူးနေကျအတိုင်း
အမေရိကားမှာ အစစအရာရာ ဈေးကြီးတဲ့အခါ ကိုယ်ရောင်းတဲ့အစားအသောက်လည်း ဈေးနှုန်းလိုက်မြင့်လာပါလိမ့်မယ်။
ပြီးတော့ ကိုယ့်တစ်ဆိုင်တည်းမှာသာရမယ့် Signature “ တစ်ခုခု ” ရှိရင် လူလာပါလိမ့်မယ်။
ဒါမှမဟုတ်ရင် ဆိုင်ခွဲ - Chain Service တွေများတဲ့ ဗီယက်နမ်စားသောက်ဆိုင်တွေ နဲ့ ဧရာမအမေရိကန်အမြန်ရစားသောက်ဆိုင်တွေကို
ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။
.
.
အဲဒါတွေ အဆင်မပြေသေးရင် ဓါတ်ဆီဆိုင်လိုမျိုး
ဖွင့်ကြဦးမလား..။ ဒီလုပ်ငန်းကိုလုပ်ကိုင်သူတွေထဲမှာ အိန္ဒိယနွယ်ဖွားတွေ အတွေ့များတယ်။
သူတို့က ထင်ပေါ်ကျော်ကြားခြင်းမရှိပဲ ကြိတ်ချမ်းသာတဲ့လူမျိုးတွေလေ..။ ဆီဆိုင်တစ်ဆိုင်လည်ပတ်ဖို့
မီးအာမခံရော၊ ပတ်ဝန်းကျင်ကာကွယ်မှုအာမခံရော၊ လိုင်စင်ရော အားလုံးပတ်လည်ပြည့်စုံဖို့
အနည်းဆုံးဒေါ်လာ ( ၂ဝဝဝဝဝ ) လောက်မရှိရင် လုပ်ဖို့ခက်ခဲတယ်လို့ ပြောပြကြတယ်။ နေရာဒေသ
နဲ့ ဓါတ်ဆီဆိုင်တံဆိပ်ရဲ့နာမည်ကျော်ကြားမှု - Reputation အပေါ်မှာ ဈေးနှုန်းကွဲပြားနိုင်ပါတယ်။
ဓါတ်ဆီဆိုင်ဆိုပေမယ့် တိုလီမုတ်စရောင်းတဲ့လက်လီက အရမ်းမြတ်တာ..။
.
ဆံပင်ညှပ်ဆိုင်ဖွင့်ရင်ကောင်းမလား ..။
တစ်ခါညှပ်ရင် အပေါစား တစ်ခေါင်း ( ၁ဝ ) ဒေါ်လာ။ ပုံမှန် ( ၁၂ ) ဒေါ်လာ။ မိန်းကလေးညှပ်ရင်
( ၁၂ ) ဒေါ်လာကနေ ( ၂၅ ) ဒေါ်လာအထိ ရှိတယ်။ ဆံပင်ဆေးဆိုးရင် ( ၆၅ ) ဒေါ်လာ၊ ဆံပင်ကောက်
/ ဖြောင့်ရင် ဒေါ်လာ ( ၁ဝဝ ) ကျော်တယ်။ ဈေးများတော့ တစ်ချို့မြန်မာတွေက တစ်ခေါင်း
( ၆ ) ဒေါ်လာ နဲ့ အိမ်မှာထိုင်ညှပ်တဲ့မြန်မာအိမ်တွေမှာလိုက်ညှပ်တယ်။ ဒီလုပ်ငန်းကိုတစ်ကယ်လုပ်ချင်ရင်တော့
အမေရိကားကို မြန်မာတွေထက်အစောကြီးကြိုရောက်နေတဲ့ ဗီယက်နမ်လူမျိုးဆိုင်တွေကို ယှဉ်ပြိုင်ရပါလိမ့်မယ်။
သူတို့ရဲ့တစ်ချို့ဆိုင်တွေတောင် ကုမ္ပဏီကြီးတွေကိုမယှဉ်နိုင်လို့ လုပ်ငန်းသိမ်းပြီး
Franchise လုပ်တဲ့အထိ မိုနိုပိုလီအလုပ်ခံရတယ်။
.
.
အမေရိကားမှာ ပညာနဲ့လုပ်စားတာ အကောင်းဆုံးပါ။
အခွင့်အလမ်းများတယ်။ အသစ်အဆန်းထွင်တဲ့သူ နေရာရတယ်။ ဘာသာစကားထက်စာရင် ပညာက စကားပြောတယ်။
ဒါပေမယ့် ပညာတော်ပေမယ့် ဆက်ဆံရေးက အရေးကြီးပြန်တယ်။ ကိုယ်ပြောတာသူများနားမလည် .. သူများပြောတာကိုယ်နားမလည်ရင်
ကိုယ်တတ်တဲ့ပညာကို ဘယ်လိုမျှဝေနိုင်ပါ့မလဲ? ဒီအခက်အခဲကိုကျော်နိုင်ရမယ်။ အမေရိကန်သုံးစံနစ်တွေအပေါ်မှာ
ကျွမ်းကျင်ရမယ်။ နေ့စဉ်ဘဝတွေဘယ်လိုခက်ခဲပါစေ အလုပ်ကို အချိန်မှီရောက်နိုင်ရမယ်။ အလုပ်မပျက်ရလေအောင်
အမြဲကျန်းမာအောင် နေရမယ်။
.
နည်းပညာပိုင်းဆိုင်ရာမှာ ကမ္ဘာမှာ ဂျပန်ကအေးအေးဆေးဆေးဖြစ်သွားပြီ။
လက်ရှိမှာ တောင်ကိုးရီးယားက အမေရိကားကို ယှဉ်ပြိုင်တိုက်နေတုန်းပါပဲ။ ဥပမာအားဖြင့်
စမတ်ဖုန်းရဲ့လည်ပတ်စံနစ်တွေဖြစ်တဲ့ iOS နဲ့ အလွယ်တကူမွေးစားလို့ရတဲ့ Android တို့ကိုကြည့်ရင်သိသာပါတယ်။
ဒီနေရာမှာ နိုင်ငံခြားကိုအလုပ်သွားလုပ်ဖို့ပြင်နေတဲ့ ကျွန်တော်တို့မြန်မာတွေက လက်ကိုင်ဖုန်းသုံးတတ်ရုံလေးနဲ့တော့
သိပ်ဟန်မကျတော့ဘူးလို့ ထင်ပါတယ်။ ဒီလိုမျိုးဆော့ဝဲကို မဖြစ်မနေရေးတတ်ရမယ်လို့ဆိုလိုတာမဟုတ်ပေမယ့်
သာမန်သုံးစွဲသူရဲ့ဗဟုသုတထက်ကြွယ်ဝဖို့လိုတာတော့အမှန်ပါပဲ။
.
.
ကိုယ့်ခြေကိုယ့်လက်လုပ်ကိုင်လာခဲ့တဲ့ကျွန်တော်ဟာ
အဆိုပါနိုင်ငံရောက်တော့ သူတစ်ပါးရဲ့ဝန်ထမ်းဖြစ်ရတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဓနပိုင်ဆိုင်မှုကို
ဘောင်ခတ်ခံရလာတဲ့အခါ မြန်မာနိုင်ငံပြန်ချင်တယ် .. လုပ်ငန်းပြန်လုပ်ချင်တယ်။ တစ်ကယ်လည်း
အမိမြေကိုပြန်နင်းတဲ့အခါကျတော့ လုပ်ငန်းလုပ်ကိုင်ရတာအခက်အခဲမရှိပေမယ့် အဓိကကျတဲ့ အခြေခံအဆောက်အဦတွေရဲ့ခေါင်ခိုက်တဲ့ဈေးနှုန်းတွေက
လိုက်မီဖို့တော်တော်ခက်နေတယ်။ ဘယ်လောက်ခေတ်မှီတဲ့နည်းပညာတွေသယ်ချလာပါစေဦး .. ဒီမှာက
ကိုယ့်လမ်း နဲ့ ကိုယ့်လှည်း နဲ့ အဆင်ပြေနေကြတယ်။
.
နဂိုလုပ်လက်စအလုပ်မဟုတ်ပဲ တစ်ခုခုထပ်စွန့်စားဖို့ကျပြန်တော့
ကိုယ့်အသက်ကမငယ်တော့ပြန်ဘူး။ သေဖို့နေရာရွေးရမယ်ဆိုရင်တော့ မြန်မာနိုင်ငံကိုသာရွေးမိမှာပါ။
ဒါပေမယ့် ကာလအပိုင်းအခြားတစ်ခုအထိ နေဖို့နေရာတစ်ခုအနေနဲ့ ယာယီတဲစခန်းမှာ ခေတ္တနားခိုပါရစေ။
ကလေးတွေရဲ့ဘဝကို ကျွန်တော့လို မရုန်းကန်ရစေချင်ဘူးလေ။
.
ဒါကြောင့်မို့ ရန်ကုန်လေဆိပ်ရောက်ရင်
ဆန်ဖရန်စစ္စကို ကို ပြန်ချင်တယ်။ ဆန်ဖရန်လေဆိပ်ရောက်ရင် ရန်ကုန် ကို ပြန်ချင်တယ်။ ဒီတော့
ဟိုမရောက် ဒီမရောက်ဖြစ်နေမယ့်အတူတူ မထူးတော့ပါဘူး .. အထီးကျန်ကမ္ဘာထဲမှာ ကျွန်တော့ကိုသာ
ထားရစ်ခဲ့လိုက်ကြပါတော့..။
.
ခင်လျက်
.
02-07-2016
No comments:
Post a Comment