ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, January 10, 2018

အေၾကြးနည္းေအာင္ေက်ာင္းတက္ ေစ်းမ်ားေအာင္အလုပ္ေလွ်ာက္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
. အာရွတုိက္ကလာၾကတဲ႕ အေမရိကန္မိသားစုေတြ အာရွတိုက္သားအေမရိကန္ေတြဟာ သူတုိ႕သားသမီးကိုထိန္းတဲ႕ေနရာမွာအနည္းငယ္ကြန္ျမဴနစ္ဆန္ေပမယ္႕ ကြ်န္ေတာ႕လုိျမန္မာတစ္ေယာက္ရဲ႕နားနဲ႕ၾကားရသမွ်လက္ခံႏိုင္စရာအေၾကာင္းရွိပါတယ္။ အမ်ားအားျဖင္႕ဘုိအစစ္ေတြက ကေလးတစ္ေယာက္ရဲဲ႕တည္ျငိမ္မႈ နဲ႕ တစ္သီးပုဂၢလဆံုးျဖတ္ပုိင္ခြင္႕ကုိ လူျဖစ္တဲ႕ေန႕ကစ (၁၈) ႏွစ္ျပည္႕တာနဲ႕ ကိုယ္ပုိင္ဆံုးျဖတ္ခြင္႕ေတြနဲ႕အတူ ကိုယ္႕တာဝန္ကိုယ္ယူခုိင္းတတ္တာမ်ိဳးေတြ႕ရတယ္။
.
. ဒါေပမဲ႕ အေမရိကန္မိသားစုေတြအားလံုးဟာ သားသမီးေတြရဲ႕ဘဝကုိဒီလိုမ်ိဳး ျဖစ္ခ်င္ရာျဖစ္ပေလ႕ေစ မ်က္ႏွာလႊဲခဲ႕နဲ႕ပစ္သလို ပစ္မခ်လိုက္ၾကပါဘူး။ တစ္ခ်ိဳ႕ ေဒသခံဘုိမိသားစုေတြဆိုရင္ အထက္တန္းေက်ာင္းေအာင္ျပီးတဲ႕ သားသမီးကုိ ေကာလိပ္ေက်ာင္းျပီးတဲ႕အထိ မိဘပိုက္ဆံနဲ႕ထားေပးၾကတာေတြ႕ဖူးတယ္။ မိရုိးဖလာအယူအဆကုိပယ္ျပီး သိပ္ေကာင္းၾကတဲ႕မိဘေတြ အေမရိကားမွာရွိၾကပါတယ္။
.
.
. ကေလးရဲ႕စိတ္ထဲမွာ အစအဆံုးမိဘအေထာက္အကူယူရလုိ႕ ေရသာခိုအေလလိုက္မယ္႕အစား စာကုိဖိၾကိဳးစားတာေတြ႕ရေတာ႕ အင္မတန္မုဒိတာပြားရပါတယ္။ တျခားတျခားေသာ လူလတ္ပိုင္းေတြက်ေတာ႕ သူတုိ႕မိဘေတြက ေက်ာင္းၾကီးတက္တဲ႕အခါ အကူအညီမေပးလို႕ အခုလို အသက္ (၃ဝ) ေရာက္တဲ႕အထိ ေက်ာင္းေခ်းေငြ - Student Loan ကုိ အလီလီအစိတ္စိတ္ခြဲဆပ္လုိ႕ မျပတ္ႏုိင္ေသးဘူးတဲ႕ဗ်ာ . . တကယ္ပါ . . တကယ္ပါ။
.
. ပိုဆိုးတဲ႕အေတြ႕အၾကံဳတစ္ခုအရ မိန္းကေလးတစ္ေယာက္ေျပာျပတဲ႕အသံထြက္အင္တာဗ်ဴးကိုနားေထာင္ရတာ သူ (မာစတာ ဂုဏ္ထူးတန္း) ေက်ာင္းျပီးေတာ႕ ဘြဲ႕ယူရေရာတဲ႕။ ေပ်ာ္သလားဆုိေတာ႕ . . ေပ်ာ္လည္းေပ်ာ္တယ္ . . စိတ္လည္းညစ္တယ္ တဲ႕။ အင္တာဗ်ဴးေမးတဲ႕သူ - Host က "Why not happy?" လို႕ေမးေတာ႕ ေနာက္ (၆) လ - ေငြမဆပ္စရာမလိုေသးတဲ႕ - Grace Period ျပီးရင္ ေက်ာင္းေခ်းေငြ စတင္ဆပ္ရေတာ႕မွာ . . ေငြက ေဒၚလာ (၁၃ဝ,ဝဝဝ) တဲ႕ေလ . .။

.
.
. အဲဒါကုိၾကည္႕ . . အဲဒါကိုၾကည္႕ . .။ ေခ်းေငြဆိုတာ ျပန္ဆပ္ရတဲ႕အမ်ိဳး . . အခမဲ႕ ေရာ႕ . . အင္႕ ဆုိျပီး လက္ထဲထည္႕ေပးလိုက္တာမဟုတ္ဘူး။ ဒါေၾကာင္႕ (အေမရိကားထဲက) ေနာက္ပိုင္းေက်ာင္းသားေတြဟာ ေက်ာင္းလခအခမဲ႕ေပးဖို႕ဥပေဒေရးဆြဲျပီး (ဥပမာ - နယူးေယာက္) ၊ ေရးဆြဲဆဲျပည္နယ္ေတြကုိ လွမ္းထြက္ၾကဖို႕ အေၾကြးကမ္းေျခကုိဖယ္ခြာဖို႕ၾကိဳးစားၾကတယ္။
.
. ဥေရာပထဲမွာဆုိ ေက်ာင္းပညာေရးအခမဲ႕ရဖို႕အခြင္႕အလမ္းအသာဆံုးျဖစ္တဲ႕ ဂ်ာမဏီႏုိင္ငံကိုစဥ္းစားၾကတယ္။ တစ္ျခား အေျခခံပညာေရးမွာ ကမၻာအေကာင္းဆံုးလို႕နာမယ္ၾကီးေနတဲ႕ ဖင္လန္ႏိုင္ငံရဲ႕ပညာေရးစံနစ္ကုိ မိမိတုိ႕ရဲ႕သားသမီးငယ္ေတြကုိအေမြေပးခ်င္ၾကတယ္။
.
.
. ဒီလိုမိ်ဳးပညာေရးအခမဲ႕မဟုတ္ေပမယ္႕ မဆိုသာသေလာက္ေလးေပးရတဲ႕ အဂၤလိပ္စကားလြယ္လြယ္ေျပာႏိုင္တဲ႕စာသင္ေကာင္းတဲ႕ႏိုင္ငံ အာရွတုိက္မွာရွိပါတယ္။ စကၤာပူ - မဟုတ္ေသးဘူး။ တရုတ္ - ေဝးသြားျပီ။ မေလးရွား - နီးလာျပီ နီးလာျပီ။ ဂ်ပန္ - ေဝးသြားျပီ ေဝးသြားျပီ။ ကြ်န္ေတာ္တုိ႕ရဲ႕အိမ္နီးနားခ်င္း အိႏိၵယႏုိင္ငံပါ။
.
. အမ်ားျမင္မိေအာင္ေျပာျပရရင္ စာေရးဆရာ/သီးခ်င္ေရးဆရာ/အဆုိေတာ္/အကဲျဖတ္ဒိုင္ "အရုိး" ဟာ အိႏိၵယတကၠသိုလ္မွာေက်ာင္းျပီးခဲ႕သူပါ။ သူ႕ကုိ ေက်ာင္းသားသူငယ္ခ်င္းေတြက Burma Boy လို႕ေခၚၾကတယ္ဆုိတာ ဆရာအရုိးေဟာေျပာတဲ႕စာေပေဟာေျပာပြဲတစ္ခုမွာနားေထာင္ဖူးတယ္။ ေနာက္တစ္ခုက . .
.
.
. ျပီးခဲ႕တဲ႕ (၄) ႏွစ္ေလာက္က ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသ - Bay Area မွာ "ခမ္းအကယ္ဒမီျမန္မာဘာသာျပန္အဖြဲ႕" က ဖိတ္လို႕ ထမင္းစားပြဲတစ္ခုတက္ေရာက္ဖူးတယ္။ တုိတုိေျပာရရင္ အဲဒီမွာ ျမန္မာႏိုင္ငံမွာေနခဲ႕ျပီး ျပည္ျမိဳ႕မွာဆန္စက္ပုိင္ဖူးတဲ႕အိႏိၵယသူေ႒းတစ္ေယာက္ (ေနာက္ပုိင္းအိႏိၵယေျပာင္းသြားတယ္) ရဲ႕ ေျမးက အေမရိကားမွာ အင္ဂ်င္နီယာပညာနဲ႕ခ်မ္းသာလာေတာ႕သူ႕အဖိုးနာမယ္နဲ႕ပညာသင္ဆုေပးဖို႕ကမ္းလွမ္းဖူးတယ္။ အဲဒီစေကာလားရွစ္ကုိလိုခ်င္ရင္လိုအပ္ခ်က္ေတြရွိေပမယ္႕ အဓိကစိမ္ေခၚမႈက အင္ဂ်င္နီယာဘြဲ႕ကုိ အိႏိၵယတကၠသိုလ္တစ္ခုခုမွာတက္ရမယ္လို႕ ဆိုထားပါတယ္။
.
. ေဒလီတကၠသိုလ္ရဲ႕ေက်ာင္းဝင္ခြင္႕ကုိဝင္ၾကည္႕လုိက္ေတာ႕ အေျပာနဲ႕မဟုတ္၊ တကယ္ကိုအလုပ္ျဖစ္တဲ႕ေက်ာင္းပညာေရးေၾကာင္႕ အိႏိၵယမွာ ပညာတတ္ဘြဲ႕ရေတြမ်ားျပီး ဘာေၾကာင္႕ကမၻာပတ္ျပီး အလုပ္ေကာင္းေတြရေနၾကတယ္ဆုိတာ သိရေတာ႕တယ္။
.
.
. အၾကမ္းဖ်ဥ္း နဲ႕ ေယဘုယ်တြက္ၾကည္႕ျပီး ရူဘီးေငြကုိေဒၚလာဖြဲ႕လုိက္တဲ႕အခါ တစ္ႏွစ္စာအတြက္
ေက်ာင္းလခ၊ အေဆာင္၊ စာသင္ခန္းခ နဲ႕
မေတာ္တဆထိခုိက္မႈကာကြယ္ေရးေၾကးအထိ
အကုန္ပါျပီးသားကုိ တစ္ႏွစ္စာ (၂၂၆၈) ေဒၚလာ

ေက်ာင္းစာရင္းသြင္းေၾကး (***တစ္ၾကိမ္သာ***) အတြက္ (၂၈၃) ေဒၚလာ နဲ႕

ေက်ာင္းဝန္ထမ္းေၾကး၊ စာသင္႒ာနေၾကးအတြက္ ႏွစ္စဥ္ (၉၅) ေဒၚလာ တုိ႕အျပင္

ေက်ာင္းသားကုိယ္႕ဟာကိုယ္သံုးဖို႕ (၁၆၃၇) ေဒၚလာကုိပါ

ပိုပိုသာသာထည္႕တြက္လုိက္မယ္ဆိုရင္ လြန္ေရာကြ်ံေရာ

တစ္ႏွစ္ကုိ ေဒၚလာ (၄ဝဝဝ) တည္းနဲ႕ ကမၻာ႕အဆင္႕မွီပညာတတ္တစ္ေယာက္ျဖစ္လာႏုိင္ပါတယ္။
.
.
တစ္ဆက္တည္းေျပာရရင္ အေနာက္ႏုိင္ငံတစ္ခုခုက နာမယ္ၾကီးေက်ာင္းတစ္ခုခုမွာတက္မယ္႕ (၁) ႏွစ္စာကုန္က်စားရိတ္ဟာ အိႏိၵယတကၠသိုလ္ထက္စာရင္ (၈) ဆ နဲ႕ (၁ဝ) ဆ ၾကား ပုိမ်ားေနတာကုိ ျမင္ေအာင္ၾကည္႕ေစခ်င္တယ္။
.
.
. ဒီေငြဟာ အခုလက္ရွိရန္ကုန္မွာ အျပည္ျပည္ဆုိင္ရာအဂၤလိပ္ေက်ာင္းတစ္ေက်ာင္းမွာ ကေလးငယ္တစ္ေယာက္ကုိ (၄) လ ေက်ာင္းေပးတက္တဲ႕ပမာဏေလာက္နဲ႕ကိုက္ညီသေလာက္ရွိေနတာျဖစ္လို႕ အေတာ႕ကုိအဖိုးႏႈန္းခ်ိဳသာတဲ႕ အိႏၵိယအစုိးရရဲ႕ေကာင္းမြန္တဲ႕ေထာက္ပံ႕မႈအျဖစ္ သံုးသပ္ရမွာျဖစ္ပါတယ္။
.
. ဒါေၾကာင္႕ ကမၻာ႕အဆင္႕မီပညာေရးကုိ ကုိယ္႕နည္းကိုယ္႕ဟန္နဲ႕တက္လွမ္းေနၾကတဲ႕ (ကန္ေတာ႕ပါရဲ႕) ေနာက္က်က်န္ျမန္မာမိသားစုမ်ားကုိကိုယ္တုိင္ေရာ၊ ကိုယ္႕သားသမီးေတြအတြက္ပါကိုယ္ခ်င္းစာလို႕ေျပာျပခ်င္တာကေတာ႕ ပညာလုိလို႕တကၠသိုလ္တက္မွာလား? ႏိုင္ငံေကာင္းလုိ႕ ေက်ာင္းေျပာင္းတက္ခ်င္တာလား? ဆိုတာ စဥ္းစားေစခ်င္ပါတယ္။
.
.
. တစ္ခုေျပာစရာရွိတာက "အိႏိၵယမ္းေတြရွိရင္ လူကနံရင္နံ မဟုတ္ရင္ မဆလာ က နံတယ္" ဆိုတဲ႕ အေနာက္ႏုိ္င္ငံကေျပာေလ႕ေျပာထရွိတဲ႕ ဒဏ္ကုိခံႏုိင္ရင္ အဆင္ေျပပါတယ္။ ထမင္းအစား ခ်ာပါတီစားရင္း ငွက္ေပ်ာရြက္ေပၚကပဲဟင္းကုိ မကုန္မခမ္းလွ်ာနဲ႕လ်က္ကာ ေရဘံုဘုိင္မွာလက္ေဆးတတ္ရင္ ျဖစ္ပါတယ္။ ေျပာရင္ေတာ႕ အမ်ားၾကီးပါ။ ေရာက္ဖူးသူေတြက ပုိသိႏုိင္ျပီး အေကာင္းျမင္တဲ႕စိတ္နဲ႕ထည္႕တြက္ၾကည္႕ဖို႕တုိက္တြန္းလိုပါတယ္။
.
. ကြ်န္ေတာ္ "အိႏိၵယမ္းေတြေကာင္းေၾကာင္း" ေျပာေနတာမဟုတ္ပါဘူး။ "အစုိးရေကာင္းေၾကာင္း" ေရးျပေနတာသာျဖစ္ပါတယ္။ ကြယ္လြန္သြားျပီျဖစ္တဲ႕ဆရာဦးေအာင္သင္းရဲ႕ "အစုိးရေကာင္းမေကာင္းဆိုတာ သူ႕ျပည္သူေတြရဲ႕ က်န္းမာေရး နဲ႕ ပညာေရးက႑မွာ ေငြဘယ္ေလာက္သံုးတယ္ဆုိတာကို ၾကည္႕ရတယ္ကြ" ဆုိတာကုိ အျမဲအမွတ္ရေနလို႕ ဒီစာကုိေရးမိပါတယ္။ ၾကည္႕လုိက္ေလ . . Pepsi ၊ MasterCard ၊ Microsoft နဲ႕ Google တို႕က အမႈေဆာင္အရာရွိခ်ဳပ္ - CEO ေတြ ဘယ္ႏုိ္င္ငံကေန အေမရိကားေျပာင္းလာၾကတာလဲလို႕ . .။
.
.
. အခုလုိဆိုေတာ႕ ပညာတတ္ခ်င္တာလား? ေဖာ္ၾကြားလုပ္ခ်င္တာလား? ႏိုင္ငံေရြးခ်င္တာလား? ဆိုတာ ပီပီျပင္ျပင္ျမင္ေလာက္ျပီမုိ႕ ေက်ာင္းျပီးသြားေတာင္ဆပ္လို႕မေက်တဲ႕ ေက်ာင္းသားေခ်းေငြေတြရဲ႕ဝန္ထုပ္ဝန္ပိုးဒဏ္ကုိသိေလာက္ျပီထင္ပါတယ္။ တဆက္တည္း ေစ်းၾကီးတဲ႕ႏိုင္ငံရဲ႕ေက်ာင္းတက္ျပီး ေက်ာင္းေခ်းေငြကိုေနာက္မွဆပ္မလား? (အားေတာ႕နာပါရဲ႕) . . ေစ်းသက္သာျပီး အျမင္မလွတဲ႕တကၠသိုလ္ကို ကုိယ္ႏုိ္္င္တဲ႕ေငြနဲ႕အျပီးတက္ျပီး ဝင္ေငြေကာင္းတဲ႕အေနာက္ႏုိင္ငံေတြကိုအလုပ္သြားလုပ္မလား? ဆုိတဲ႕ စာလံုးထင္းထင္းၾကီးနဲ႕ေမးခြန္းကို ေျဖၾကည္႕ေစခ်င္တယ္။ Bollywood နဲ႕မေက်နပ္ပဲ Hollywood ရွိတဲ႕ႏိုင္ငံရဲ႕ေက်ာင္းကုိမွသြားတက္ခ်င္တယ္ဆုိရင္ေတာ႕ ေမာင္႕သေဘာ . . ေမာင္႕သေဘာ . .။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 01-10-2018
.
ေဒလီတကၠသိုလ္၏ႏိုင္ငံတကာေက်ာင္းသားမ်ားဝင္ခြင္႕လမ္းညႊန္ -
https://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=4&cad=rja&uact=8&ved=0ahUKEwjopeuqhc7YAhXpcd8KHQ5RDNkQFghIMAM&url=http%3A%2F%2Fmusic.du.ac.in%2Fpdf%2FAdmission%2520process%2520of%2520Foregin%2520Student.pdf&usg=AOvVaw38y0NQ8LqzV-CvVoR5KegV
.
.
Unicode Version:
.
.
. "အကြွေးနည်းအောင်ကျောင်းတက် စျေးများအောင်အလုပ်လျှောက်"
. အာရှတိုက်ကလာကြတဲ့ အမေရိကန်မိသားစုတွေ အာရှတိုက်သားအမေရိကန်တွေဟာ သူတို့သားသမီးကိုထိန်းတဲ့နေရာမှာအနည်းငယ်ကွန်မြူနစ်ဆန်ပေမယ့် ကျွန်တော့လိုမြန်မာတစ်ယောက်ရဲ့နားနဲ့ကြားရသမျှလက်ခံနိုင်စရာအကြောင်းရှိပါတယ်။ အများအားဖြင့်ဘိုအစစ်တွေက ကလေးတစ်ယောက်ရဲဲ့တည်ငြိမ်မှု နဲ့ တစ်သီးပုဂ္ဂလဆုံးဖြတ်ပိုင်ခွင့်ကို လူဖြစ်တဲ့နေ့ကစ (၁၈) နှစ်ပြည့်တာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေနဲ့အတူ ကိုယ့်တာဝန်ကိုယ်ယူခိုင်းတတ်တာမျိုးတွေ့ရတယ်။
.
. ဒါပေမဲ့ အမေရိကန်မိသားစုတွေအားလုံးဟာ သားသမီးတွေရဲ့ဘဝကိုဒီလိုမျိုး ဖြစ်ချင်ရာဖြစ်ပလေ့စေ မျက်နှာလွှဲခဲ့နဲ့ပစ်သလို ပစ်မချလိုက်ကြပါဘူး။ တစ်ချို့ ဒေသခံဘိုမိသားစုတွေဆိုရင် အထက်တန်းကျောင်းအောင်ပြီးတဲ့ သားသမီးကို ကောလိပ်ကျောင်းပြီးတဲ့အထိ မိဘပိုက်ဆံနဲ့ထားပေးကြတာတွေ့ဖူးတယ်။ မိရိုးဖလာအယူအဆကိုပယ်ပြီး သိပ်ကောင်းကြတဲ့မိဘတွေ အမေရိကားမှာရှိကြပါတယ်။
.
.
. ကလေးရဲ့စိတ်ထဲမှာ အစအဆုံးမိဘအထောက်အကူယူရလို့ ရေသာခိုအလေလိုက်မယ့်အစား စာကိုဖိကြိုးစားတာတွေ့ရတော့ အင်မတန်မုဒိတာပွားရပါတယ်။ တခြားတခြားသော လူလတ်ပိုင်းတွေကျတော့ သူတို့မိဘတွေက ကျောင်းကြီးတက်တဲ့အခါ အကူအညီမပေးလို့ အခုလို အသက် (၃ဝ) ရောက်တဲ့အထိ ကျောင်းချေးငွေ - Student Loan ကို အလီလီအစိတ်စိတ်ခွဲဆပ်လို့ မပြတ်နိုင်သေးဘူးတဲ့ဗျာ . . တကယ်ပါ . . တကယ်ပါ။
.
. ပိုဆိုးတဲ့အတွေ့အကြုံတစ်ခုအရ မိန်းကလေးတစ်ယောက်ပြောပြတဲ့အသံထွက်အင်တာဗျူးကိုနားထောင်ရတာ သူ (မာစတာ ဂုဏ်ထူးတန်း) ကျောင်းပြီးတော့ ဘွဲ့ယူရရောတဲ့။ ပျော်သလားဆိုတော့ . . ပျော်လည်းပျော်တယ် . . စိတ်လည်းညစ်တယ် တဲ့။ အင်တာဗျူးမေးတဲ့သူ - Host က "Why not happy?" လို့မေးတော့ နောက် (၆) လ - ငွေမဆပ်စရာမလိုသေးတဲ့ - Grace Period ပြီးရင် ကျောင်းချေးငွေ စတင်ဆပ်ရတော့မှာ . . ငွေက ဒေါ်လာ (၁၃ဝ,ဝဝဝ) တဲ့လေ . .။
.
.
. အဲဒါကိုကြည့် . . အဲဒါကိုကြည့် . .။ ချေးငွေဆိုတာ ပြန်ဆပ်ရတဲ့အမျိုး . . အခမဲ့ ရော့ . . အင့် ဆိုပြီး လက်ထဲထည့်ပေးလိုက်တာမဟုတ်ဘူး။ ဒါကြောင့် (အမေရိကားထဲက) နောက်ပိုင်းကျောင်းသားတွေဟာ ကျောင်းလခအခမဲ့ပေးဖို့ဥပဒေရေးဆွဲပြီး (ဥပမာ - နယူးယောက်) ၊ ရေးဆွဲဆဲပြည်နယ်တွေကို လှမ်းထွက်ကြဖို့ အကြွေးကမ်းခြေကိုဖယ်ခွာဖို့ကြိုးစားကြတယ်။
.
. ဥရောပထဲမှာဆို ကျောင်းပညာရေးအခမဲ့ရဖို့အခွင့်အလမ်းအသာဆုံးဖြစ်တဲ့ ဂျာမဏီနိုင်ငံကိုစဉ်းစားကြတယ်။ တစ်ခြား အခြေခံပညာရေးမှာ ကမ္ဘာအကောင်းဆုံးလို့နာမယ်ကြီးနေတဲ့ ဖင်လန်နိုင်ငံရဲ့ပညာရေးစံနစ်ကို မိမိတို့ရဲ့သားသမီးငယ်တွေကိုအမွေပေးချင်ကြတယ်။
.
.
. ဒီလိုမျိုးပညာရေးအခမဲ့မဟုတ်ပေမယ့် မဆိုသာသလောက်လေးပေးရတဲ့ အင်္ဂလိပ်စကားလွယ်လွယ်ပြောနိုင်တဲ့စာသင်ကောင်းတဲ့နိုင်ငံ အာရှတိုက်မှာရှိပါတယ်။ စင်္ကာပူ - မဟုတ်သေးဘူး။ တရုတ် - ဝေးသွားပြီ။ မလေးရှား - နီးလာပြီ နီးလာပြီ။ ဂျပန် - ဝေးသွားပြီ ဝေးသွားပြီ။ ကျွန်တော်တို့ရဲ့အိမ်နီးနားချင်း အိန္ဒိယနိုင်ငံပါ။
.
. အများမြင်မိအောင်ပြောပြရရင် စာရေးဆရာ/သီးချင်ရေးဆရာ/အဆိုတော်/အကဲဖြတ်ဒိုင် "အရိုး" ဟာ အိန္ဒိယတက္ကသိုလ်မှာကျောင်းပြီးခဲ့သူပါ။ သူ့ကို ကျောင်းသားသူငယ်ချင်းတွေက Burma Boy လို့ခေါ်ကြတယ်ဆိုတာ ဆရာအရိုးဟောပြောတဲ့စာပေဟောပြောပွဲတစ်ခုမှာနားထောင်ဖူးတယ်။ နောက်တစ်ခုက . .
.
.
. ပြီးခဲ့တဲ့ (၄) နှစ်လောက်က ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ - Bay Area မှာ "ခမ်းအကယ်ဒမီမြန်မာဘာသာပြန်အဖွဲ့" က ဖိတ်လို့ ထမင်းစားပွဲတစ်ခုတက်ရောက်ဖူးတယ်။ တိုတိုပြောရရင် အဲဒီမှာ မြန်မာနိုင်ငံမှာနေခဲ့ပြီး ပြည်မြို့မှာဆန်စက်ပိုင်ဖူးတဲ့အိန္ဒိယသူဋ္ဌေးတစ်ယောက် (နောက်ပိုင်းအိန္ဒိယပြောင်းသွားတယ်) ရဲ့ မြေးက အမေရိကားမှာ အင်ဂျင်နီယာပညာနဲ့ချမ်းသာလာတော့သူ့အဖိုးနာမယ်နဲ့ပညာသင်ဆုပေးဖို့ကမ်းလှမ်းဖူးတယ်။ အဲဒီစကောလားရှစ်ကိုလိုချင်ရင်လိုအပ်ချက်တွေရှိပေမယ့် အဓိကစိမ်ခေါ်မှုက အင်ဂျင်နီယာဘွဲ့ကို အိန္ဒိယတက္ကသိုလ်တစ်ခုခုမှာတက်ရမယ်လို့ ဆိုထားပါတယ်။
.
. ဒေလီတက္ကသိုလ်ရဲ့ကျောင်းဝင်ခွင့်ကိုဝင်ကြည့်လိုက်တော့ အပြောနဲ့မဟုတ်၊ တကယ်ကိုအလုပ်ဖြစ်တဲ့ကျောင်းပညာရေးကြောင့် အိန္ဒိယမှာ ပညာတတ်ဘွဲ့ရတွေများပြီး ဘာကြောင့်ကမ္ဘာပတ်ပြီး အလုပ်ကောင်းတွေရနေကြတယ်ဆိုတာ သိရတော့တယ်။
.
.
. အကြမ်းဖျဉ်း နဲ့ ယေဘုယျတွက်ကြည့်ပြီး ရူဘီးငွေကိုဒေါ်လာဖွဲ့လိုက်တဲ့အခါ တစ်နှစ်စာအတွက်
ကျောင်းလခ၊ အဆောင်၊ စာသင်ခန်းခ နဲ့
မတော်တဆထိခိုက်မှုကာကွယ်ရေးကြေးအထိ
အကုန်ပါပြီးသားကို တစ်နှစ်စာ (၂၂၆၈) ဒေါ်လာ

ကျောင်းစာရင်းသွင်းကြေး (***တစ်ကြိမ်သာ***) အတွက် (၂၈၃) ဒေါ်လာ နဲ့

ကျောင်းဝန်ထမ်းကြေး၊ စာသင်ဋ္ဌာနကြေးအတွက် နှစ်စဉ် (၉၅) ဒေါ်လာ တို့အပြင်

ကျောင်းသားကိုယ့်ဟာကိုယ်သုံးဖို့ (၁၆၃၇) ဒေါ်လာကိုပါ

ပိုပိုသာသာထည့်တွက်လိုက်မယ်ဆိုရင် လွန်ရောကျွံရော

တစ်နှစ်ကို ဒေါ်လာ (၄ဝဝဝ) တည်းနဲ့ ကမ္ဘာ့အဆင့်မှီပညာတတ်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
.
. တစ်ဆက်တည်းပြောရရင် အနောက်နိုင်ငံတစ်ခုခုက နာမယ်ကြီးကျောင်းတစ်ခုခုမှာတက်မယ့် (၁) နှစ်စာကုန်ကျစားရိတ်ဟာ အိန္ဒိယတက္ကသိုလ်ထက်စာရင် (၈) ဆ နဲ့ (၁ဝ) ဆ ကြား ပိုများနေတာကို မြင်အောင်ကြည့်စေချင်တယ်။
.
.
. ဒီငွေဟာ အခုလက်ရှိရန်ကုန်မှာ အပြည်ပြည်ဆိုင်ရာအင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာ ကလေးငယ်တစ်ယောက်ကို (၄) လ ကျောင်းပေးတက်တဲ့ပမာဏလောက်နဲ့ကိုက်ညီသလောက်ရှိနေတာဖြစ်လို့ အတော့ကိုအဖိုးနှုန်းချိုသာတဲ့ အိန္ဒိယအစိုးရရဲ့ကောင်းမွန်တဲ့ထောက်ပံ့မှုအဖြစ် သုံးသပ်ရမှာဖြစ်ပါတယ်။
.
. ဒါကြောင့် ကမ္ဘာ့အဆင့်မီပညာရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့တက်လှမ်းနေကြတဲ့ (ကန်တော့ပါရဲ့) နောက်ကျကျန်မြန်မာမိသားစုများကိုကိုယ်တိုင်ရော၊ ကိုယ့်သားသမီးတွေအတွက်ပါကိုယ်ချင်းစာလို့ပြောပြချင်တာကတော့ ပညာလိုလို့တက္ကသိုလ်တက်မှာလား? နိုင်ငံကောင်းလို့ ကျောင်းပြောင်းတက်ချင်တာလား? ဆိုတာ စဉ်းစားစေချင်ပါတယ်။
.
.
. တစ်ခုပြောစရာရှိတာက "အိန္ဒိယမ်းတွေရှိရင် လူကနံရင်နံ မဟုတ်ရင် မဆလာ က နံတယ်" ဆိုတဲ့ အနောက်နို်င်ငံကပြောလေ့ပြောထရှိတဲ့ ဒဏ်ကိုခံနိုင်ရင် အဆင်ပြေပါတယ်။ ထမင်းအစား ချာပါတီစားရင်း ငှက်ပျောရွက်ပေါ်ကပဲဟင်းကို မကုန်မခမ်းလျှာနဲ့လျက်ကာ ရေဘုံဘိုင်မှာလက်ဆေးတတ်ရင် ဖြစ်ပါတယ်။ ပြောရင်တော့ အများကြီးပါ။ ရောက်ဖူးသူတွေက ပိုသိနိုင်ပြီး အကောင်းမြင်တဲ့စိတ်နဲ့ထည့်တွက်ကြည့်ဖို့တိုက်တွန်းလိုပါတယ်။
.
. ကျွန်တော် "အိန္ဒိယမ်းတွေကောင်းကြောင်း" ပြောနေတာမဟုတ်ပါဘူး။ "အစိုးရကောင်းကြောင်း" ရေးပြနေတာသာဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာဦးအောင်သင်းရဲ့ "အစိုးရကောင်းမကောင်းဆိုတာ သူ့ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍမှာ ငွေဘယ်လောက်သုံးတယ်ဆိုတာကို ကြည့်ရတယ်ကွ" ဆိုတာကို အမြဲအမှတ်ရနေလို့ ဒီစာကိုရေးမိပါတယ်။ ကြည့်လိုက်လေ . . Pepsi ၊ MasterCard ၊ Microsoft နဲ့ Google တို့က အမှုဆောင်အရာရှိချုပ် - CEO တွေ ဘယ်နို်င်ငံကနေ အမေရိကားပြောင်းလာကြတာလဲလို့ . .။
.
.
. အခုလိုဆိုတော့ ပညာတတ်ချင်တာလား? ဖော်ကြွားလုပ်ချင်တာလား? နိုင်ငံရွေးချင်တာလား? ဆိုတာ ပီပီပြင်ပြင်မြင်လောက်ပြီမို့ ကျောင်းပြီးသွားတောင်ဆပ်လို့မကျေတဲ့ ကျောင်းသားချေးငွေတွေရဲ့ဝန်ထုပ်ဝန်ပိုးဒဏ်ကိုသိလောက်ပြီထင်ပါတယ်။ တဆက်တည်း စျေးကြီးတဲ့နိုင်ငံရဲ့ကျောင်းတက်ပြီး ကျောင်းချေးငွေကိုနောက်မှဆပ်မလား? (အားတော့နာပါရဲ့) . . စျေးသက်သာပြီး အမြင်မလှတဲ့တက္ကသိုလ်ကို ကိုယ်နို််င်တဲ့ငွေနဲ့အပြီးတက်ပြီး ဝင်ငွေကောင်းတဲ့အနောက်နိုင်ငံတွေကိုအလုပ်သွားလုပ်မလား? ဆိုတဲ့ စာလုံးထင်းထင်းကြီးနဲ့မေးခွန်းကို ဖြေကြည့်စေချင်တယ်။ Bollywood နဲ့မကျေနပ်ပဲ Hollywood ရှိတဲ့နိုင်ငံရဲ့ကျောင်းကိုမှသွားတက်ချင်တယ်ဆိုရင်တော့ မောင့်သဘော . . မောင့်သဘော . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 01-10-2018

No comments: