ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, June 17, 2017

အေမရိကန္ေက်ာင္းသားတစ္ေယာက္ရဲ႕ (၁၂) တန္း ခရီးရွည္

.
. ပညာေရးစံနစ္မတူတဲ႕အတြက္ ျမန္မာႏိုင္ငံမွာ (၁ဝ) ႏွစ္တက္ရတဲ႕ ဆယ္တန္းဟာ အေမရိကားမွာ (၁၂) တန္းအထိတက္ရပါတယ္။ အရြယ္မေရာက္ေသးတဲ႕မူၾကိဳကုိထည္႕မတြက္ရင္ (၁) တန္း - 1st Grader ကေန (၅) တန္း - 5th Grader အထိကုိ မူလတန္ုး၊ (၆) ၊ (၇) နဲ႕ (၈) တန္း ကုိ အလယ္တန္းမွာတက္ရတယ္။
.
. (၉) တန္းကုိ Freshman Year ၊ (၁ဝ) တန္းကို Sophomore ၊ (၁၁) တန္းကုိ ဂ်ဴနီယာ နဲ႕ (၁၂) တန္းကို စီနီယာလို႕အသီးသီးေခၚၾကတဲ႕ အထက္တန္းေက်ာင္းေရာက္တဲ႕အခါ ကေလးတစ္ေယာက္ဟာ အသက္အားျဖင္႕ (၁၆) ႏွစ္ နဲ႕ (၁၇) ႏွစ္ ပတ္လည္ေလာက္ ေရာက္ေနပါျပီ။
.
.
. ဒီႏိုင္ငံကုိေျပာင္းေရႊ႕လာၾကတဲ႕ မိဘေတြရဲ႕ကေလးငယ္ေတြအတြက္ အေျခခံပညာေက်ာင္းကုိတက္ဖို႕ သိပ္လြယ္တယ္။ ဘာသာစကားအခက္အခဲဟာလည္း လပိုင္းအတြင္း ကိုယ္႕ကေလးက စာလိုက္ႏုိင္လာတဲ႕အခါ စုိးရိမ္ပူပန္မႈေတြကုိ အတန္အတင္႕ေလ်ာ႕ပါးသြားပါလိမ္႕မယ္။ ေက်ာင္းလခက ထင္ထားသေလာက္မကုန္က်ပဲ အခမဲ႕နီးပါးျဖစ္တဲ႕အခါ ကိုယ္ထူကိုယ္ထ အားစိုက္ျပီး ကေလးေက်ာင္းၾကိဳ၊ ေက်ာင္းပို႕လုပ္ေပးရံုပါပဲ။ ဒါက ေျပာင္းေရႊ႕မိသားစုေတြကို အားေပးစကားေျပာတာပါ။ ဒီမွာေမြးသူေတြ၊ ဒီေျမေပါက္အာရွတုိက္သားေတြက်ေတာ႕ ဘယ္လိုအေျခအေနရွိပါသလဲ?
.
. တစ္ေန႕တစ္ေန႕ နာရီရွည္ၾကာအလုပ္လုပ္ၾကတဲ႕မိဘေတြမွာ မိန္းမကေက်ာင္းပို႕ရင္ ေယာက္်ားကအလုပ္ျပီးလို႕ ေက်ာင္းသြားၾကိဳ၊ ဒီလိုမွမလုပ္ႏိုင္ရင္ ေက်ာင္းကားဖယ္ရီနဲ႕အပ္ထား၊ ဒါမွမဟုတ္ အိမ္နီးနားခ်င္းကုိပိုက္ဆံေပးျပီး ပို႕ခိုင္း၊ ၾကိဳခိုင္း . . ဒီလိုနဲ႕ မိဘ နဲ႕ သားသမီးဟာ အိပ္ခ်ိန္မွသာေတြ႕လာၾကသလို တစ္ျဖည္းျဖည္း နံရံတံတုိင္းပါးပါးေလး ျခားလာၾကတယ္။

.
.
. ဝန္ထမ္းအင္အားစုနဲ႕ဖြဲ႕စည္းထားတဲ႕ အေမရိကားဘ႑ာေရးလမ္းေၾကာင္းမွာပါဝင္ကခုန္ရင္း ဒီလိုမိဘေတြဟာ ေမာပမ္းလာၾကေတာ႕ ထြက္ေပါက္ရွာၾကတယ္။ ဒီထဲမွာ အေၾကာင္းမွားျပီး အရက္ေသစာစြဲလမ္းသြားသူေတြ ပါမယ္၊ မေလာက္ငတဲ႕ဝင္ေငြကိုအေၾကာင္းျပျပီး ေလာင္းကစားနဲ႕ျငိစြန္းသြားသူေတြ ပါမယ္၊ မေျပလည္တဲ႕အလုပ္ခြင္အခက္အခဲေတြေၾကာင္႕ အိမ္ - ျခံ - ေျမ မျမဲသမွ် ေက်ာင္းေတြေအဆင္႕ဆင္႕ေျပာင္းၾကေတာ႕ သားသမီးေတြရဲ႕ အထက္တန္းေက်ာင္းသားဘဝကေန ထြက္ - Drop Out လုပ္ရင္း အလုပ္လုပ္ရဖို႕အေၾကာင္းဖန္လာတာေတြ ရွိလာတယ္။
.
. ယံုၾကည္ရတဲ႕ အေမရိကန္အစုိးရရဲ႕စစ္တမ္းအရ ႏွစ္စဥ္ အထက္တန္းေက်ာင္းသား (၁.၂) သန္း ဟာ ေက်ာင္းထြက္ၾကတယ္။ ဆက္တက္ၾကတဲ႕အထဲက (၂၅%) ဟာ အထက္တန္းေရာက္ျပီးမွ (၁၂) တန္းျပီးေအာင္မတက္ႏိုင္ၾကပါဘူး။
.
.
. တစ္ဆက္တည္း အထက္တန္းျပီးသမွ်ရဲ႕ (၆၆%) သာ ေကာလိပ္ နဲ႕ တကၠသိုလ္ေက်ာင္းၾကီးေတြကုိ မလြဲတမ္းခရီးဆက္ႏို္င္ၾကတယ္။ ေက်ာင္းသား (၁ဝဝ) မွာ (၅၉) ေယာက္ကသာ ဘြဲ႕တံဆိပ္ကိုပိုင္ဆိုင္ႏို္င္တယ္ဆိုတဲ႕ ရာခုိင္ႏႈန္းကိုၾကည္႕ရျပန္ေတာ႕ ေကာလိပ္ေရာက္ျပီးတုိင္းဘြဲ႕ရတယ္လို႕ ပံုေသကားခ်ပ္ မွတ္လို႕မရျပန္ပါဘူး။ အေမရိကန္တစ္တုိင္းျပည္လံုးမွာ (၂ဝ၁၆) ခုႏွစ္စာရင္းအရ အေျခခံပညာေက်ာင္းသား (၅ဝ.၄) သန္း နဲ႕တြက္ၾကည္႕ရင္ ပညာေရးဆံုးခန္းမတိုင္တဲ႕ အေမရိကန္ေတြ ဘယ္ေလာက္မ်ားတယ္ဆုိတာကုိ ျမင္ႏုိင္ပါတယ္။
.
. အဲဒီအခ်င္းအရာရဲ႕သပြတ္အူအက်ိဳးဆက္အေနနဲ႕ ေက်ာင္းထြက္သူမ်ားလာတာနဲ႕အမွ် အလုပ္လက္မဲ႕ႏႈန္း တုိးလာတယ္။ ရံုးေရာက္ ဂါတ္ေရာက္ ရာဇဝတ္မႈေတြ ေပါလာတယ္။ အမႈအခင္းပြားမ်ားလာတာနဲ႕အညီ အခြန္ထမ္းေတြကိုခ်တဲ႕အခြန္အတုပ္ေတြဟာ ထင္မွတ္မထားေလာက္ေအာင္ တစ္ရိပ္ရိပ္တက္လာတယ္။
.
.
. စီးပြားေရးဆိုးက်ိဳးဘက္ၾကည္႕တဲ႕အခါ အေျခခံလစာနဲ႕အလုပ္လုပ္သူ မတရားမ်ားလာတယ္။ ဒီကေန ပညာမတတ္သူဦးေရမ်ားလာလို႕ အလုပ္အကိုင္အခြင္႕အလမ္းေဖာ္ေဆာင္ႏိုင္မႈ ေလ်ာ႕က်လာတယ္။ စီးပြားရွာလို႕မေျပလည္၊ မေျပလည္လို႕အလြယ္လိုက္၊ အလြယ္လိုက္လို႕ ခပ္မိုက္မိုက္ေငြရွာၾကရင္း လူ (၁ဝဝဝဝဝ) မွာ (၇၁၆) ဦး ေထာင္က်ေနရတဲ႕ ကမၻာ႕အမ်ားဆံုးအက်ဥ္းေထာင္ဥယ်ာဥ္ကို အေမရိကားက (၂ဝ၁၃) စာရင္းအရ ပိုင္ဆိုင္ေနပါေတာ႕တယ္။
.
. ၾကားဖူးေနက်အတုိင္း အေမရိကားဟာ သူ႕ႏိုင္ငံမွာပညာတတ္မ်ားစြာ လိုအပ္ေနတယ္။ ဒါမွလည္း ျပန္လည္ထူေထာင္ေရးလုပ္ရင္း တစ္ဖက္မွာ အတတ္ပညာကိုဦးေဆာင္မယ္႕ လူငယ္ေျခတက္ေတြကို အျမဲေမြးထုတ္ေနရတယ္။ ဒါေၾကာင္႕ ဒီေျမမွာေမြးတဲ႕ ေသြးေလးေနတဲ႕လူငယ္ေတြအစား ကမၻာအရပ္ရပ္ကေျပာင္းေရႊ႕လုပ္သားေတြရဲ႕ ေသြးသစ္ေတြကို တန္းတူအခြင္႕အေရးေပးဖို႕နည္းလမ္းရွာလာတယ္။ ဒီအတြက္ ပညာေရးသာအဓိကဆုိတာ တက္လာတဲ႕သမၼတအဆက္ဆက္က တစ္ညီတည္းလက္ခံၾကတယ္။
.
.
. ဒါေၾကာင္႕ အေမရိကားကိုလာဖို႕ၾကိဳစားသူတိုင္း ေက်ာင္းတက္ဖို႕ကြ်န္ေတာ္အျမဲေျပာတယ္။ ေရာက္ေရာက္ခ်င္း ေနရာသစ္မွာ အားတုန္းလည္ပတ္ပါ။ ကေလးငယ္ပါရင္ အေျခခံပညာေက်ာင္းမွာအေျခက်ေအာင္ အပ္ႏွံပါ။ ကိုယ္တိုင္က အေျခခံ နဲ႕ ေကာင္းမြန္တဲ႕အဆင္႕ျမင္႕အဂၤလိပ္စာအရည္အခ်င္းပါလာရင္ ေနထုိင္ခြင္႕က်အျပီး (၁) ႏွစ္ေက်ာ္လို႕ အလုပ္အကိုင္ေလးျမဲျပီဆိုရင္ ေက်ာင္းဆက္တက္ပါလို႕ တုိက္တြန္းေနက်ပါ။
.
. ဒါဟာ အေမရိကန္အစုိးရရဲ႕ေပၚလစီ နဲ႕ ကိုက္ညီသလို လူသားအရင္းအျမစ္လုိအပ္ခ်က္ကိုလည္း ျဖည္႕ဆည္းေပးရာလည္းေရာက္ေနတယ္။ ပိုပိုကဲကဲေျပာရရင္ ပညာတတ္ထားေတာ႕ ပြဲလည္တင္႕တယ္ ဂုဏ္ ရွိတယ္။ လူဝင္ဆန္႕တယ္။ ရွင္းရွင္းထပ္ေျပာရရင္ ေငြပိုရတယ္။ ဒီထက္ေကာင္းတာ ဘာရွိဦးမလဲ?
.
.
. ဒီေလာက္ဆို သားသမီးကုိထိန္းေက်ာင္းရတဲ႕ အေမရိကန္ေရာက္မိဘေတြရဲ႕မလြယ္တဲ႕ဘဝေတြကို သိေလာက္ျပီလို႕ ယံုၾကည္ပါတယ္။ တစ္ခ်ိဳ႕က လက္ငုပ္စီးပြားေရးကို မပစ္ထားႏိုင္လို႕ သားသမီးကို လႊတ္ထားတယ္။ သူတုိ႕အနာဂါတ္က အခ်ိန္တန္လို႕ေကာင္းသြားရင္အေၾကာင္းမဟုတ္ေပမယ္႕ ေငြကုန္လူပန္းျပီး ဘာမွမျဖစ္လာပဲ ျမန္မာႏိုင္ငံျပန္လည္း သံုးမရ ျပဳမရဆုိရင္ ဘယ္တန္ပါ႕မလဲ?
.
. တစ္ခ်ိဳ႕မ်ားက်ျပန္ေတာ႕ “ သားသားမီးမီးက အသားစား၊ ေဖေဖ ေမေမတုိ႕က အရုိးစား ” ဆုိတဲ႕ လူရုပ္မထြက္၊ အနစ္နာခံ၊ ပင္းပန္းႏြမ္းလ်လွသေလာက္ ပညာေရးအားေပးတဲ႕မိဘေတြကုိေတြ႕ရရင္ အင္မတန္အားရေက်နပ္မိတယ္။ ခ်ီးက်ဴးမိတယ္။ ေလးစားမိတယ္။ “ ကမၻာေျမေပၚမွာ သင္ဘယ္ေနရာေရာက္ေနေန ပညာေရးသာ အခရာပါပဲ “ ဆိုတာ ပိုလက္ခံလာမိပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 06-19-2017
.
. ရည္ညြန္းကိုးကား- https://ies.ed.gov/
.
.
Unicode Version:
.
.
. “ အမေရိကန်ကျောင်းသားတစ်ယောက်ရဲ့ (၁၂) တန်း ခရီးရှည် ”
. ပညာရေးစံနစ်မတူတဲ့အတွက် မြန်မာနိုင်ငံမှာ (၁ဝ) နှစ်တက်ရတဲ့ ဆယ်တန်းဟာ အမေရိကားမှာ (၁၂) တန်းအထိတက်ရပါတယ်။ အရွယ်မရောက်သေးတဲ့မူကြိုကိုထည့်မတွက်ရင် (၁) တန်း - 1st Grader ကနေ (၅) တန်း - 5th Grader အထိကို မူလတန်ုး၊ (၆) ၊ (၇) နဲ့ (၈) တန်း ကို အလယ်တန်းမှာတက်ရတယ်။
.
. (၉) တန်းကို Freshman Year ၊ (၁ဝ) တန်းကို Sophomore ၊ (၁၁) တန်းကို ဂျူနီယာ နဲ့ (၁၂) တန်းကို စီနီယာလို့အသီးသီးခေါ်ကြတဲ့ အထက်တန်းကျောင်းရောက်တဲ့အခါ ကလေးတစ်ယောက်ဟာ အသက်အားဖြင့် (၁၆) နှစ် နဲ့ (၁၇) နှစ် ပတ်လည်လောက် ရောက်နေပါပြီ။
.
.
. ဒီနိုင်ငံကိုပြောင်းရွှေ့လာကြတဲ့ မိဘတွေရဲ့ကလေးငယ်တွေအတွက် အခြေခံပညာကျောင်းကိုတက်ဖို့ သိပ်လွယ်တယ်။ ဘာသာစကားအခက်အခဲဟာလည်း လပိုင်းအတွင်း ကိုယ့်ကလေးက စာလိုက်နိုင်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေကို အတန်အတင့်လျော့ပါးသွားပါလိမ့်မယ်။ ကျောင်းလခက ထင်ထားသလောက်မကုန်ကျပဲ အခမဲ့နီးပါးဖြစ်တဲ့အခါ ကိုယ်ထူကိုယ်ထ အားစိုက်ပြီး ကလေးကျောင်းကြို၊ ကျောင်းပို့လုပ်ပေးရုံပါပဲ။ ဒါက ပြောင်းရွှေ့မိသားစုတွေကို အားပေးစကားပြောတာပါ။ ဒီမှာမွေးသူတွေ၊ ဒီမြေပေါက်အာရှတိုက်သားတွေကျတော့ ဘယ်လိုအခြေအနေရှိပါသလဲ?
.
. တစ်နေ့တစ်နေ့ နာရီရှည်ကြာအလုပ်လုပ်ကြတဲ့မိဘတွေမှာ မိန်းမကကျောင်းပို့ရင် ယောက်ျားကအလုပ်ပြီးလို့ ကျောင်းသွားကြို၊ ဒီလိုမှမလုပ်နိုင်ရင် ကျောင်းကားဖယ်ရီနဲ့အပ်ထား၊ ဒါမှမဟုတ် အိမ်နီးနားချင်းကိုပိုက်ဆံပေးပြီး ပို့ခိုင်း၊ ကြိုခိုင်း . . ဒီလိုနဲ့ မိဘ နဲ့ သားသမီးဟာ အိပ်ချိန်မှသာတွေ့လာကြသလို တစ်ဖြည်းဖြည်း နံရံတံတိုင်းပါးပါးလေး ခြားလာကြတယ်။
.
.
. ဝန်ထမ်းအင်အားစုနဲ့ဖွဲ့စည်းထားတဲ့ အမေရိကားဘဏ္ဍာရေးလမ်းကြောင်းမှာပါဝင်ကခုန်ရင်း ဒီလိုမိဘတွေဟာ မောပမ်းလာကြတော့ ထွက်ပေါက်ရှာကြတယ်။ ဒီထဲမှာ အကြောင်းမှားပြီး အရက်သေစာစွဲလမ်းသွားသူတွေ ပါမယ်၊ မလောက်ငတဲ့ဝင်ငွေကိုအကြောင်းပြပြီး လောင်းကစားနဲ့ငြိစွန်းသွားသူတွေ ပါမယ်၊ မပြေလည်တဲ့အလုပ်ခွင်အခက်အခဲတွေကြောင့် အိမ် - ခြံ - မြေ မမြဲသမျှ ကျောင်းတွေအေဆင့်ဆင့်ပြောင်းကြတော့ သားသမီးတွေရဲ့ အထက်တန်းကျောင်းသားဘဝကနေ ထွက် - Drop Out လုပ်ရင်း အလုပ်လုပ်ရဖို့အကြောင်းဖန်လာတာတွေ ရှိလာတယ်။
.
. ယုံကြည်ရတဲ့ အမေရိကန်အစိုးရရဲ့စစ်တမ်းအရ နှစ်စဉ် အထက်တန်းကျောင်းသား (၁.၂) သန်း ဟာ ကျောင်းထွက်ကြတယ်။ ဆက်တက်ကြတဲ့အထဲက (၂၅%) ဟာ အထက်တန်းရောက်ပြီးမှ (၁၂) တန်းပြီးအောင်မတက်နိုင်ကြပါဘူး။
.
.
. တစ်ဆက်တည်း အထက်တန်းပြီးသမျှရဲ့ (၆၆%) သာ ကောလိပ် နဲ့ တက္ကသိုလ်ကျောင်းကြီးတွေကို မလွဲတမ်းခရီးဆက်န်ိုင်ကြတယ်။ ကျောင်းသား (၁ဝဝ) မှာ (၅၉) ယောက်ကသာ ဘွဲ့တံဆိပ်ကိုပိုင်ဆိုင်န်ိုင်တယ်ဆိုတဲ့ ရာခိုင်နှုန်းကိုကြည့်ရပြန်တော့ ကောလိပ်ရောက်ပြီးတိုင်းဘွဲ့ရတယ်လို့ ပုံသေကားချပ် မှတ်လို့မရပြန်ပါဘူး။ အမေရိကန်တစ်တိုင်းပြည်လုံးမှာ (၂ဝ၁၆) ခုနှစ်စာရင်းအရ အခြေခံပညာကျောင်းသား (၅ဝ.၄) သန်း နဲ့တွက်ကြည့်ရင် ပညာရေးဆုံးခန်းမတိုင်တဲ့ အမေရိကန်တွေ ဘယ်လောက်များတယ်ဆိုတာကို မြင်နိုင်ပါတယ်။
.
. အဲဒီအချင်းအရာရဲ့သပွတ်အူအကျိုးဆက်အနေနဲ့ ကျောင်းထွက်သူများလာတာနဲ့အမျှ အလုပ်လက်မဲ့နှုန်း တိုးလာတယ်။ ရုံးရောက် ဂါတ်ရောက် ရာဇဝတ်မှုတွေ ပေါလာတယ်။ အမှုအခင်းပွားများလာတာနဲ့အညီ အခွန်ထမ်းတွေကိုချတဲ့အခွန်အတုပ်တွေဟာ ထင်မှတ်မထားလောက်အောင် တစ်ရိပ်ရိပ်တက်လာတယ်။
.
.
. စီးပွားရေးဆိုးကျိုးဘက်ကြည့်တဲ့အခါ အခြေခံလစာနဲ့အလုပ်လုပ်သူ မတရားများလာတယ်။ ဒီကနေ ပညာမတတ်သူဦးရေများလာလို့ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်နိုင်မှု လျော့ကျလာတယ်။ စီးပွားရှာလို့မပြေလည်၊ မပြေလည်လို့အလွယ်လိုက်၊ အလွယ်လိုက်လို့ ခပ်မိုက်မိုက်ငွေရှာကြရင်း လူ (၁ဝဝဝဝဝ) မှာ (၇၁၆) ဦး ထောင်ကျနေရတဲ့ ကမ္ဘာ့အများဆုံးအကျဉ်းထောင်ဥယျာဉ်ကို အမေရိကားက (၂ဝ၁၃) စာရင်းအရ ပိုင်ဆိုင်နေပါတော့တယ်။
.
. ကြားဖူးနေကျအတိုင်း အမေရိကားဟာ သူ့နိုင်ငံမှာပညာတတ်များစွာ လိုအပ်နေတယ်။ ဒါမှလည်း ပြန်လည်ထူထောင်ရေးလုပ်ရင်း တစ်ဖက်မှာ အတတ်ပညာကိုဦးဆောင်မယ့် လူငယ်ခြေတက်တွေကို အမြဲမွေးထုတ်နေရတယ်။ ဒါကြောင့် ဒီမြေမှာမွေးတဲ့ သွေးလေးနေတဲ့လူငယ်တွေအစား ကမ္ဘာအရပ်ရပ်ကပြောင်းရွှေ့လုပ်သားတွေရဲ့ သွေးသစ်တွေကို တန်းတူအခွင့်အရေးပေးဖို့နည်းလမ်းရှာလာတယ်။ ဒီအတွက် ပညာရေးသာအဓိကဆိုတာ တက်လာတဲ့သမ္မတအဆက်ဆက်က တစ်ညီတည်းလက်ခံကြတယ်။
.
.
. ဒါကြောင့် အမေရိကားကိုလာဖို့ကြိုစားသူတိုင်း ကျောင်းတက်ဖို့ကျွန်တော်အမြဲပြောတယ်။ ရောက်ရောက်ချင်း နေရာသစ်မှာ အားတုန်းလည်ပတ်ပါ။ ကလေးငယ်ပါရင် အခြေခံပညာကျောင်းမှာအခြေကျအောင် အပ်နှံပါ။ ကိုယ်တိုင်က အခြေခံ နဲ့ ကောင်းမွန်တဲ့အဆင့်မြင့်အင်္ဂလိပ်စာအရည်အချင်းပါလာရင် နေထိုင်ခွင့်ကျအပြီး (၁) နှစ်ကျော်လို့ အလုပ်အကိုင်လေးမြဲပြီဆိုရင် ကျောင်းဆက်တက်ပါလို့ တိုက်တွန်းနေကျပါ။
.
. ဒါဟာ အမေရိကန်အစိုးရရဲ့ပေါ်လစီ နဲ့ ကိုက်ညီသလို လူသားအရင်းအမြစ်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရာလည်းရောက်နေတယ်။ ပိုပိုကဲကဲပြောရရင် ပညာတတ်ထားတော့ ပွဲလည်တင့်တယ် ဂုဏ် ရှိတယ်။ လူဝင်ဆန့်တယ်။ ရှင်းရှင်းထပ်ပြောရရင် ငွေပိုရတယ်။ ဒီထက်ကောင်းတာ ဘာရှိဦးမလဲ?
.
.
. ဒီလောက်ဆို သားသမီးကိုထိန်းကျောင်းရတဲ့ အမေရိကန်ရောက်မိဘတွေရဲ့မလွယ်တဲ့ဘဝတွေကို သိလောက်ပြီလို့ ယုံကြည်ပါတယ်။ တစ်ချို့က လက်ငုပ်စီးပွားရေးကို မပစ်ထားနိုင်လို့ သားသမီးကို လွှတ်ထားတယ်။ သူတို့အနာဂါတ်က အချိန်တန်လို့ကောင်းသွားရင်အကြောင်းမဟုတ်ပေမယ့် ငွေကုန်လူပန်းပြီး ဘာမှမဖြစ်လာပဲ မြန်မာနိုင်ငံပြန်လည်း သုံးမရ ပြုမရဆိုရင် ဘယ်တန်ပါ့မလဲ?
.
. တစ်ချို့များကျပြန်တော့ “ သားသားမီးမီးက အသားစား၊ ဖေဖေ မေမေတို့က အရိုးစား ” ဆိုတဲ့ လူရုပ်မထွက်၊ အနစ်နာခံ၊ ပင်းပန်းနွမ်းလျလှသလောက် ပညာရေးအားပေးတဲ့မိဘတွေကိုတွေ့ရရင် အင်မတန်အားရကျေနပ်မိတယ်။ ချီးကျူးမိတယ်။ လေးစားမိတယ်။ “ ကမ္ဘာမြေပေါ်မှာ သင်ဘယ်နေရာရောက်နေနေ ပညာရေးသာ အခရာပါပဲ “ ဆိုတာ ပိုလက်ခံလာမိပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-19-2017
.
. ရည်ညွန်းကိုးကား- https://ies.ed.gov/





No comments: