ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, June 24, 2020

ပြောင်းလဲမှုမှာသာ တန်ဖိုးကငြိတွယ်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော်နေတဲ့အိမ်က ပင်လယ်ကမ်းခြေနဲ့နီးသလို လေဆိပ် ၁ ခုနဲ့လည်းနီးတယ် (SFO မဟုတ်ပါ)။ လမ်းလျှောက်ရင် ကမ်းစပ်ကို ၆ မိနစ်နဲ့ရောက်တယ်။ ကမ်းခြေကနေမျက်နှာချင်းဆိုင်ကိုကြည့်လိုက်ရင် လေယာဉ်ပျံအတက်အဆင်းတွေကို ရှင်းရှင်းကြီးမြင်‌နေရသလို ဟိုးနောက်ခံမြူနှင်းတိမ်ပုပုအိုက်အိုက်လေးအောက်မှာတော့ အေးလို့ခိုက်ခိုက်တုန်နေတဲ့ ဆန်ဖရန်စစ္စကိုမြို့ကို‌တွေ့နိုင်ပါတယ်။

အိမ်တွင်းအောင်းကာလနောက်ပိုင်း မိသားစုနဲ့ပထမဦးဆုံးဒီနေ့ အပြင်ထွက်လမ်းလျှောက်ကြည့်တော့အသွားအပြန် ၅၅ မိနစ်အတွင်းမှာ OAK လေဆိပ်ကိုဆင်းတာ လေယာဉ် ၁ဝ စင်း ရှိတယ်(ကိုယ်တိုင်လိုက်ရေထားတာ)။ အရင်တွေ့နေကျထက် တစ်ဝက်လျော့နည်းနေတာ ကိုဗစ်-၁၉ ကာလကြောင့်ဆိုတာ ရှင်းပြဖို့တောင်လိုမယ်မထင်ပါဘူး။

အဲဒီ လေယာဉ်ပျံ ၁ဝ စင်းမှာ အားလုံးကလူစီးလေယာဉ်တွေလို့ထင်ပါသလား? မဟုတ်ပါ။ လူစီးက ၇ စင်း (Southwest လေကြောင်းလိုင်းချည်းချည်း ၆ စင်း နဲ့ Alaska လေကြောင်းက ၁ စင်း) နဲ့ ကုန်တင်လေယာဉ်က ၃ စင်း(FedEx ၂ စင်း နဲ့ UPS ၁ စင်း)။ အဲဒီထဲမှာ ကုန်တင်လေယာဉ် ၃ စင်း . . အဲဒါက ထူးဆန်းတာ။

ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအစီအစဉ်ကြောင့် လူတွေကိုအိမ်ထဲနေခိုင်းပေမယ့် ကုန်ပစ္စည်း၊ လေယာဉ်ပိုင်းလော့ နဲ့ ကုန်ပို့သမားတွေက အိမ်ထဲမှာနေလို့မရဘူး။ အဆပေါင်းများစွာတိုးလာတဲ့အလုပ်တွေကြောင့် အွန်လိုင်းဈေးရောင်းတဲ့အလုပ် နဲ့ သူနဲ့ဆက်နွယ်တဲ့သယ်ယူပို့ဆောင်ရေးနယ်ပယ်မှာ အင်မတန်အလုပ်များကြတာကိုပြောပြချင်တာပါ။

တစ်ခြားဘက်မှာတော့ ကျွန်တော်အလုပ်ကပြန်လာတိုင်း လမ်းညာဘက်လေယာဉ်ကွင်းဘေးကပါကင်မှာစက်ပိတ်ပြီးရပ်ထားတဲ့ Alaska လေယာဉ် ၈ စင်း နဲ့ ထားစရာနေရာမရှိလို့ ကားလမ်းတစ်လမ်းအကူးက ကိုယ်ပိုင်ဂျက်လေယာဉ်ကွင်းမှာအငှားရပ်ထားတဲ့ Alaska လေယာဉ် ၆ စင်း (စုစုပေါင်း လေကြောင်း ၁ လိုင်းထဲက ၁၄ စင်း) တို့ဟာ "ရပ်ထားတာ ၄ လ ဆက်တိုက်" ရှိနေတာကိုကြည့်ရင် လူစီးခရီးသည်လေယာဉ်တွေဟာ ထိန်းသိမ်းခအတွက် နေ့တိုင်းဒေါ်လာသန်းနဲ့ချီပြီးဆုံးရှူံးနေတာကိုစိတ်မကောင်းဖြစ်မိပါတယ်။

အခုတစ်ခေါက်တော့ လူတွေ အိမ်ကပ်ပြီဆိုတာနဲ့ လေကြောင်းလိုင်းတွေ ဘိုင်ပြတ်သွားနိုင်တယ်ဆိုတာ ဒီကပ်ရောဂါဆန်းက သင်ပေးလိုက်တာပါ။ ဒါပေမဲ့ ပြောင်းလဲမှုတိုင်းမှာ အင်အား ၂ ခု အမြဲရှိတယ် . .
အစုန် နဲ့ အဆန်။
ဒါကတော့ ပြောင်းလဲမှုကိုမိတ်ဆွေ

ဘယ်လိုကြိုဆိုသလဲ?
ဘယ်လိုလက်ခံသလဲ?
ဘယ်လိုပြင်ဆင်သလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။

လေယာဉ် ၁ဝ စင်း မှာ ၃ စီးက ကုန်တင်တာဆိုတော့ ၃ဝ%။ ဒီ ၃ဝ% က ကိန်းဂဏန်းနဲ့ဆိုရင်နည်းတယ်ထင်ရပေမဲ့ အလုပ်က ၅ ဆ လောက်တက်လာတယ်။ ကျန်တဲ့ ၇ဝ% က ကိန်းဂဏန်းနဲ့ဆိုရင်များတယ်ဆိုပေမဲ့ ပျံသန်းလို့ဝင်ငွေရမှုက အရင်ထက် ၁ဝ ဆ လောက်လျော့သွားတယ်။ အမှန်က ကိန်းဂဏန်းတွေမှာ တန်ဖိုးမရှိပါ။ ပြောင်းလဲမှုမှာသာ တန်ဖိုးက ငြိတွယ်တာ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-24-2020

<Zawgyi>

"ေျပာင္းလဲမႈမွာသာ တန္ဖိုးကၿငိတြယ္"       
            ကၽြန္ေတာ္ေနတဲ့အိမ္က ပင္လယ္ကမ္းေျခနဲ႔နီးသလို ေလဆိပ္ ၁ ခုနဲ႔လည္းနီးတယ္ (SFO မဟုတ္ပါ)။ လမ္းေလၽွာက္ရင္ ကမ္းစပ္ကို ၆ မိနစ္နဲ႔ေရာက္တယ္။ ကမ္းေျခကေနမ်က္ႏွာခ်င္းဆိုင္ကိုၾကည့္လိုက္ရင္ ေလယာဥ္ပ်ံအတက္အဆင္းေတြကို ရွင္းရွင္းႀကီးျမင္‌ေနရသလို ဟိုးေနာက္ခံျမဴႏွင္းတိမ္ပုပုအိုက္အိုက္ေလးေအာက္မွာေတာ့ ေအးလို႔ခိုက္ခိုက္တုန္ေနတဲ့ ဆန္ဖရန္စစၥကိုၿမိဳ႕ကို‌ေတြ႕နိုင္ပါတယ္။

          အိမ္တြင္းေအာင္းကာလေနာက္ပိုင္း မိသားစုနဲ႔ပထမဦးဆုံးဒီေန႔ အျပင္ထြက္လမ္းေလၽွာက္ၾကည့္ေတာ့အသြားအျပန္ ၅၅ မိနစ္အတြင္းမွာ OAK ေလဆိပ္ကိုဆင္းတာ ေလယာဥ္ ၁ဝ စင္း ရွိတယ္(ကိုယ္တိုင္လိုက္ေရထားတာ)။ အရင္ေတြ႕ေနက်ထက္ တစ္ဝက္ေလ်ာ့နည္းေနတာ ကိုဗစ္-၁၉ ကာလေၾကာင့္ဆိုတာ ရွင္းျပဖို႔ေတာင္လိုမယ္မထင္ပါဘူး။

          အဲဒီ ေလယာဥ္ပ်ံ ၁ဝ စင္းမွာ အားလုံးကလူစီးေလယာဥ္ေတြလို႔ထင္ပါသလား? မဟုတ္ပါ။ လူစီးက ၇ စင္း (Southwest ေလေၾကာင္းလိုင္းခ်ည္းခ်ည္း ၆ စင္း နဲ႔ Alaska ေလေၾကာင္းက ၁ စင္း) နဲ႔ ကုန္တင္ေလယာဥ္က ၃ စင္း(FedEx ၂ စင္း နဲ႔ UPS ၁ စင္း)။ အဲဒီထဲမွာ ကုန္တင္ေလယာဥ္ ၃ စင္း . . အဲဒါက ထူးဆန္းတာ။

         ေရာဂါျပန႔္ပြားမႈထိန္းခ်ဳပ္ေရးအစီအစဥ္ေၾကာင့္ လူေတြကိုအိမ္ထဲေနခိုင္းေပမယ့္ ကုန္ပစၥည္း၊ ေလယာဥ္ပိုင္းေလာ့ နဲ႔ ကုန္ပို႔သမားေတြက အိမ္ထဲမွာေနလို႔မရဘူး။ အဆေပါင္းမ်ားစြာတိုးလာတဲ့အလုပ္ေတြေၾကာင့္ အြန္လိုင္းေဈးေရာင္းတဲ့အလုပ္ နဲ႔ သူနဲ႔ဆက္ႏြယ္တဲ့သယ္ယူပို႔ေဆာင္ေရးနယ္ပယ္မွာ အင္မတန္အလုပ္မ်ားၾကတာကိုေျပာျပခ်င္တာပါ။

          တစ္ျခားဘက္မွာေတာ့ ကၽြန္ေတာ္အလုပ္ကျပန္လာတိုင္း လမ္းညာဘက္ေလယာဥ္ကြင္းေဘးကပါကင္မွာစက္ပိတ္ၿပီးရပ္ထားတဲ့ Alaska ေလယာဥ္ ၈ စင္း နဲ႔ ထားစရာေနရာမရွိလို႔ ကားလမ္းတစ္လမ္းအကူးက ကိုယ္ပိုင္ဂ်က္ေလယာဥ္ကြင္းမွာအငွားရပ္ထားတဲ့ Alaska ေလယာဥ္ ၆ စင္း (စုစုေပါင္း ေလေၾကာင္း ၁ လိုင္းထဲက ၁၄ စင္း) တို႔ဟာ "ရပ္ထားတာ ၄ လ ဆက္တိုက္" ရွိေနတာကိုၾကည့္ရင္ လူစီးခရီးသည္ေလယာဥ္ေတြဟာ ထိန္းသိမ္းခအတြက္ ေန႔တိုင္းေဒၚလာသန္းနဲ႔ခ်ီၿပီးဆုံးရႉံးေနတာကိုစိတ္မေကာင္းျဖစ္မိပါတယ္။

          အခုတစ္ေခါက္ေတာ့ လူေတြ အိမ္ကပ္ၿပီဆိုတာနဲ႔ ေလေၾကာင္းလိုင္းေတြ ဘိုင္ျပတ္သြားနိုင္တယ္ဆိုတာ ဒီကပ္ေရာဂါဆန္းက သင္ေပးလိုက္တာပါ။ ဒါေပမဲ့ ေျပာင္းလဲမႈတိုင္းမွာ အင္အား ၂ ခု အျမဲရွိတယ္ . . 
အစုန္ နဲ႔ အဆန္။ 
ဒါကေတာ့ ေျပာင္းလဲမႈကိုမိတ္ေဆြ

ဘယ္လိုႀကိဳဆိုသလဲ?
ဘယ္လိုလက္ခံသလဲ?
ဘယ္လိုျပင္ဆင္သလဲ ဆိုတဲ့အေပၚ မူတည္ပါတယ္။ 

          ေလယာဥ္ ၁ဝ စင္း မွာ ၃ စီးက ကုန္တင္တာဆိုေတာ့ ၃ဝ%။ ဒီ ၃ဝ% က ကိန္းဂဏန္းနဲ႔ဆိုရင္နည္းတယ္ထင္ရေပမဲ့ အလုပ္က ၅ ဆ ေလာက္တက္လာတယ္။ က်န္တဲ့ ၇ဝ% က ကိန္းဂဏန္းနဲ႔ဆိုရင္မ်ားတယ္ဆိုေပမဲ့ ပ်ံသန္းလို႔ဝင္ေငြရမႈက အရင္ထက္ ၁ဝ ဆ ေလာက္ေလ်ာ့သြားတယ္။ အမွန္က ကိန္းဂဏန္းေတြမွာ တန္ဖိုးမရွိပါ။ ေျပာင္းလဲမႈမွာသာ တန္ဖိုးက ၿငိတြယ္တာ။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)

06-24-2020

No comments: