ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, May 5, 2020

တန်ဖိုးသင့်အထည်ဆိုင်တွေဆက်လက်ရပ်တည်နိုင်မလား?


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

တန်ဖိုးသင့်အထည်ဆိုင်လို့ပြောရတာက သူ့ဆီမှာကိုယ်ပိုင်တံဆိပ်နဲ့ထုတ်လုပ်တဲ့အထည်တွေမရှိဘဲ တန်ဖိုးမြင့်အထည်တွေကိုလျှော့ဈေးနဲ့ရောင်းတဲ့ဆိုင်ကိုဆိုလိုပါတယ်။ ဒီလိုဆိုင်တွေမှာ အထည်ချည်းချည်းသာမဟုတ် အိမ်ထောင်ပရိဘောဂ၊ မီးဖိုချောင်သုံး၊ အိပ်ခန်းအသုံးအဆောင်၊ ပန်းခြံအလှဆင်ပစ္စည်းကနေ ဘီယာပုလင်းဖောက်တံအထိရောင်းချပါတယ်။

ပိုရှင်းအောင်ပြောပြရရင် ဉပမာ ကယ်ဗင်ကလိုင်း CK-Calvin Klein အင်္ကျီတစ်ထည်ကို တံဆိပ်ပိုင်ရှင် CK-Calvin Klein မှာဝယ်ရင် ၅၉.၉၉ ဒေါ်လာလို့ စိတ်ထဲမှာမှတ်ထားပေးပါ။ ဒီဇိုင်နာရှပ်အင်္ကျီလို့ခေါ်တဲ့ CK ဟာ သူ့သတ်မှတ်ချက်နဲ့သူ အထည် ၁ဝဝဝ ဆိုကုန်လောက်တယ်ဆိုပြီးထုတ်လုပ်လိုက်တယ်ဆိုပါတော့။

အထည် ၈ဝဝ ရောင်းကုန်အပြီးမှာ နောက်ထပ်ဒီဇိုင်းအသစ်က ထွက်လာတော့မယ်၊ ဝယ်သူတွေက ဒီ ဒီဇိုင်းကို ရိုးကုန်ပြီ၊ ဂိုဒေါင်ထဲမှာထားစရာနေရာကလည်း ကြပ်တည်းလာလေတော့ (ခေါင်းစဉ်ထဲမှာပါတဲ့) တန်ဖိုးသင့်အထည်ဆိုင်တွေဆီ ကျန်ဖြတ်၊ ပုတ်ပြတ် နဲ့ ဈေးလျှော့ရောင်းပြီးပို့လိုက်ကြပါတယ်။

ဒီအခါမှာ လျှော့ဈေးနဲ့ရထားတဲ့တန်ဖိုးသင့်အထည်ဆိုင်က မော်ဒယ်တစ်ဆင့်၊ နှစ်ဆင့်အောက်သွားတဲ့ CK အင်္ကျီကို ၂၉.၉၉ ဒေါ်လာနဲ့ရောင်းဖို့ပြင်ပါတယ်။ ဒါကိုသိတဲ့ဈေးဝယ်သူတွေက နာမည်ကြီးတံဆိပ်၊ အမျိုးအစားကောင်းအင်္ကျီ၊ သက်သာတဲ့ဈေးနှုန်းဆိုတဲ့ဆွဲဆောင်မှုတွေကြောင့် တန်ဖိုးသင့်အထည်ဆိုင်တွေမှာ ဝယ်ယူကြပါတယ်။

ဒီနည်းဗျူဟာနဲ့စီးပွားဖြစ်နေတဲ့ဆိုင်စာရင်းထဲမှာ TJ Maxx, Marshalls, Ross, Burlington Coat နဲ့ DD's Discount ဆိုင်တွေက နာမည်ကြီးပါတယ်။ အင်္ဂလိပ်စာလုံးကိုအတည့်ပြန်ရင်တော့ လက်လီအထည်အရောင်းဆိုင်-Clothing Retailers လို့ခေါ်ပေမယ့် တကယ်တမ်းကျတော့ တန်ဖိုးသင့်အထည်ဆိုင်-Off Price Stores ဆိုမှပိုပြီးအဓိပ္ပာယ်ပီပြင်မလားတွေးမိပါတယ်။
အရင်လိုစီးပွားရေးကောင်းနေကြတုန်း၊ လူတွေက သုံးနိုင်ဖြုန်းနိုင်နေကြတုန်းက ဒီစီးပွားရေးကိုလူတွေသတိမထားမိသလို ဆိုင်တွေမှာ စည်ကားလိုက်တဲ့လူအုပ်ကြီးနဲ့အားလုံးကအလုပ်ဖြစ်နေကြတာပေါ့။

အခုလို COVID-19 ဗိုင်းရပ်စ်ရဲ့ချုံခိုတိုက်ခိုက်မှုကြောင့် အိမ်ထဲမှာနေ-Shelter-In-Place Order ကြောင့် အထည်ဆိုင်တွေပိတ်ထားရတဲ့နောက်မှာတော့ တန်ဖိုးသင့်အထည်ဆိုင်တွေသာမက နာမည်ကြီး ဒီဇိုင်နာကုမ္ပဏီကြီးတွေလည်း စီးပွားရေးထိခိုက်မှုကြီးမားလာတယ်။

အဆိုးဆုံးက အထည်ဆိုင်တွေက မဖြစ်မနေဖွင့်ရမယ့် Essential Work ထဲမှာမပါတော့ အခုဆိုရင်ဆိုင်ပိတ်ထားရတာ ၂ လ ကျော်လာပါပြီ။ ဒီလိုဖြစ် နေတဲ့တစ်ချိန်တည်းမှာ အွန်လိုင်းကရောင်းတာကိုပါပိတ်ထားလိုက်ရတော့ ဆိုင်တွေမှာအထည်တွေက မလျော့၊ ဂိုဒေါင်ထဲကပစ္စည်းတွေက ဖုန်တက်၊ အလုပ်ပိတ် ပိုက်ဆံပြတ်၊ ဝင်ငွေမရှိ ဝန်ထမ်းဖြတ်၊ လူလျှော့တာတွေဆက်တိုက်လုပ်လာနေရပါတယ်။

ဒီရဲ့အကျိုးဆက်အနေနဲ့ ဒီဇိုင်နာကုမ္ပဏီကြီးတွေဟာ သူတို့ရောင်းမကုန်တဲ့အထည်တွေကို ပုတ်ပြတ်စံနစ်နဲ့လက်ခံပေးမယ့်ဆိုင်မရှိတော့ အထည်ကျန်တွေပုံ၊ အဟောင်းတွေပေါင်းစုစုံပြီး ဘယ်လိုဆက်စခန်းသွားကြမယ်ဆိုတာမသိနိုင်တော့ပါဘူး။

ဒီမှာမေးခွန်းတစ်ခုမေးစရာရှိတယ် "ဒီဇိုင်နာကုမ္ပဏီက ရောင်းမကုန်ရင် ဈေးလျှော့ရောင်းလို့မရဘူးလား?" မရဘူးမဟုတ်ပါဘူး . . ရပါတယ်။ ဒါပေမဲ့ မလုပ်ကြပါ။ အကြောင်းရင်းက ဒီလိုအမြဲလုပ်ပြီးဈေးလျှော့ရောင်းနေရင် သူတို့အသစ်ထွက်မယ့် နောက်ပစ္စည်းအတွက် အင်မတန်စွန့်စားရလို့ပါပဲ။

ဒါကြောင့် ဈေးချချင်ရင် လျှော့ဈေးဆိုင်ကိုပို့လိုက်တယ်။ "ကိုယ်တွေဆီမှာတော့ အားလုံး အလန်းဒီဇိုင်းချည်းပဲ" ဆိုတဲ့အရောင်းစံနစ်ပုံစံနဲ့သွားတာဖြစ်ပါတယ်။

မရင်ဆိုင်ရသေးတဲ့စိုးရိမ်မှုတစ်ခုအနေနဲ့ ဒီဇိုင်နာကုမ္ပဏီကထွင်ထားတဲ့ ဒီဇိုင်းအသစ်၊ အလန်းစား၊ အမိုက်စားအဝတ်အထည်ဆိုတာတွေဟာ အမေရိကားစီးပွားရေးပြန်ဖွင့်ပြီလည်းဆိုရော ရာသီချိန်လွန်၊ ဒိတ်အောက်၊ ဒီဇိုင်းပျောက်တဲ့အထည်တွေဖြစ်နေလောက်ပါပြီ။

ထိုနည်းနှင်နှင်ပဲ တန်ဖိုးသင့်အထည်ဆိုင်တွေမှာလည်း မရောင်းရသေးတဲ့အထည်တွေ၊ အသုံးအဆောင်တွေ၊ အထွေထွေသုံးပစ္စည်းတွေကို ငွေမြန်မြန်ပေါ်အောင်အချိန်ယူပြီးရောင်းရဦးမှာဖြစ်လို့ အထည်လက်ကျန်များနေတဲ့ ဒီ အမေရိကားအဝတ်တစ်လိုင်းလုံးအတွက် ရင်လေးနေမိကြောင်းပါခင်ဗျား။

Definition: Off-price retailers are retailers who provide high quality goods at cheap prices.

Ref: Business Insider

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-05-2020

<Zawgyi>

"တန္ဖိုးသင့္အထည္ဆိုင္ေတြဆက္လက္ရပ္တည္နိုင္မလား?" တန္ဖိုးသင့္အထည္ဆိုင္လို႔ေျပာရတာက သူ႔ဆီမွာကိုယ္ပိုင္တံဆိပ္နဲ႔ထုတ္လုပ္တဲ့အထည္ေတြမရွိဘဲ တန္ဖိုးျမင့္အထည္ေတြကိုေလၽွာ့ေဈးနဲ႔ေရာင္းတဲ့ဆိုင္ကိုဆိုလိုပါတယ္။ ဒီလိုဆိုင္ေတြမွာ အထည္ခ်ည္းခ်ည္းသာမဟုတ္ အိမ္ေထာင္ပရိေဘာဂ၊ မီးဖိုေခ်ာင္သုံး၊ အိပ္ခန္းအသုံးအေဆာင္၊ ပန္းၿခံအလွဆင္ပစၥည္းကေန ဘီယာပုလင္းေဖာက္တံအထိေရာင္းခ်ပါတယ္။
ပိုရွင္းေအာင္ေျပာျပရရင္ ဉပမာ ကယ္ဗင္ကလိုင္း CK-Calvin Klein အကၤ်ီတစ္ထည္ကို တံဆိပ္ပိုင္ရွင္ CK-Calvin Klein မွာဝယ္ရင္ ၅၉.၉၉ ေဒၚလာလို႔ စိတ္ထဲမွာမွတ္ထားေပးပါ။ ဒီဇိုင္နာရွပ္အကၤ်ီလို႔ေခၚတဲ့ CK ဟာ သူ႔သတ္မွတ္ခ်က္နဲ႔သူ အထည္ ၁ဝဝဝ ဆိုကုန္ေလာက္တယ္ဆိုၿပီးထုတ္လုပ္လိုက္တယ္ဆိုပါေတာ့။
အထည္ ၈ဝဝ ေရာင္းကုန္အၿပီးမွာ ေနာက္ထပ္ဒီဇိုင္းအသစ္က ထြက္လာေတာ့မယ္၊ ဝယ္သူေတြက ဒီ ဒီဇိုင္းကို ရိုးကုန္ၿပီ၊ ဂိုေဒါင္ထဲမွာထားစရာေနရာကလည္း ၾကပ္တည္းလာေလေတာ့ (ေခါင္းစဥ္ထဲမွာပါတဲ့) တန္ဖိုးသင့္အထည္ဆိုင္ေတြဆီ က်န္ျဖတ္၊ ပုတ္ျပတ္ နဲ႔ ေဈးေလၽွာ့ေရာင္းၿပီးပို႔လိုက္ၾကပါတယ္။
ဒီအခါမွာ ေလၽွာ့ေဈးနဲ႔ရထားတဲ့တန္ဖိုးသင့္အထည္ဆိုင္က ေမာ္ဒယ္တစ္ဆင့္၊ ႏွစ္ဆင့္ေအာက္သြားတဲ့ CK အကၤ်ီကို ၂၉.၉၉ ေဒၚလာနဲ႔ေရာင္းဖို႔ျပင္ပါတယ္။ ဒါကိုသိတဲ့ေဈးဝယ္သူေတြက နာမည္ႀကီးတံဆိပ္၊ အမ်ိဳးအစားေကာင္းအကၤ်ီ၊ သက္သာတဲ့ေဈးႏႈန္းဆိုတဲ့ဆြဲေဆာင္မႈေတြေၾကာင့္ တန္ဖိုးသင့္အထည္ဆိုင္ေတြမွာ ဝယ္ယူၾကပါတယ္။
ဒီနည္းဗ်ဴဟာနဲ႔စီးပြားျဖစ္ေနတဲ့ဆိုင္စာရင္းထဲမွာ TJ Maxx, Marshalls, Ross, Burlington Coat နဲ႔ DD's Discount ဆိုင္ေတြက နာမည္ႀကီးပါတယ္။ အဂၤလိပ္စာလုံးကိုအတည့္ျပန္ရင္ေတာ့ လက္လီအထည္အေရာင္းဆိုင္-Clothing Retailers လို႔ေခၚေပမယ့္ တကယ္တမ္းက်ေတာ့ တန္ဖိုးသင့္အထည္ဆိုင္-Off Price Stores ဆိုမွပိုၿပီးအဓိပၸာယ္ပီျပင္မလားေတြးမိပါတယ္။
အရင္လိုစီးပြားေရးေကာင္းေနၾကတုန္း၊ လူေတြက သုံးနိုင္ျဖဳန္းနိုင္ေနၾကတုန္းက ဒီစီးပြားေရးကိုလူေတြသတိမထားမိသလို ဆိုင္ေတြမွာ စည္ကားလိုက္တဲ့လူအုပ္ႀကီးနဲ႔အားလုံးကအလုပ္ျဖစ္ေနၾကတာေပါ့။
အခုလို COVID-19 ဗိုင္းရပ္စ္ရဲ့ခ်ဳံခိုတိုက္ခိုက္မႈေၾကာင့္ အိမ္ထဲမွာေန-Shelter-In-Place Order ေၾကာင့္ အထည္ဆိုင္ေတြပိတ္ထားရတဲ့ေနာက္မွာေတာ့ တန္ဖိုးသင့္အထည္ဆိုင္ေတြသာမက နာမည္ႀကီး ဒီဇိုင္နာကုမၸဏီႀကီးေတြလည္း စီးပြားေရးထိခိုက္မႈႀကီးမားလာတယ္။
အဆိုးဆုံးက အထည္ဆိုင္ေတြက မျဖစ္မေနဖြင့္ရမယ့္ Essential Work ထဲမွာမပါေတာ့ အခုဆိုရင္ဆိုင္ပိတ္ထားရတာ ၂ လ ေက်ာ္လာပါၿပီ။ ဒီလိုျဖစ္ ေနတဲ့တစ္ခ်ိန္တည္းမွာ အြန္လိုင္းကေရာင္းတာကိုပါပိတ္ထားလိုက္ရေတာ့ ဆိုင္ေတြမွာအထည္ေတြက မေလ်ာ့၊ ဂိုေဒါင္ထဲကပစၥည္းေတြက ဖုန္တက္၊ အလုပ္ပိတ္ ပိုက္ဆံျပတ္၊ ဝင္ေငြမရွိ ဝန္ထမ္းျဖတ္၊ လူေလၽွာ့တာေတြဆက္တိုက္လုပ္လာေနရပါတယ္။
ဒီရဲ့အက်ိဳးဆက္အေနနဲ႔ ဒီဇိုင္နာကုမၸဏီႀကီးေတြဟာ သူတို႔ေရာင္းမကုန္တဲ့အထည္ေတြကို ပုတ္ျပတ္စံနစ္နဲ႔လက္ခံေပးမယ့္ဆိုင္မရွိေတာ့ အထည္က်န္ေတြပုံ၊ အေဟာင္းေတြေပါင္းစုစုံၿပီး ဘယ္လိုဆက္စခန္းသြားၾကမယ္ဆိုတာမသိနိုင္ေတာ့ပါဘူး။
ဒီမွာေမးခြန္းတစ္ခုေမးစရာရွိတယ္ "ဒီဇိုင္နာကုမၸဏီက ေရာင္းမကုန္ရင္ ေဈးေလၽွာ့ေရာင္းလို႔မရဘူးလား?" မရဘူးမဟုတ္ပါဘူး . . ရပါတယ္။ ဒါေပမဲ့ မလုပ္ၾကပါ။ အေၾကာင္းရင္းက ဒီလိုအျမဲလုပ္ၿပီးေဈးေလၽွာ့ေရာင္းေနရင္ သူတို႔အသစ္ထြက္မယ့္ ေနာက္ပစၥည္းအတြက္ အင္မတန္စြန႔္စားရလို႔ပါပဲ။
ဒါေၾကာင့္ ေဈးခ်ခ်င္ရင္ ေလၽွာ့ေဈးဆိုင္ကိုပို႔လိုက္တယ္။ "ကိုယ္ေတြဆီမွာေတာ့ အားလုံး အလန္းဒီဇိုင္းခ်ည္းပဲ" ဆိုတဲ့အေရာင္းစံနစ္ပုံစံနဲ႔သြားတာျဖစ္ပါတယ္။
မရင္ဆိုင္ရေသးတဲ့စိုးရိမ္မႈတစ္ခုအေနနဲ႔ ဒီဇိုင္နာကုမၸဏီကထြင္ထားတဲ့ ဒီဇိုင္းအသစ္၊ အလန္းစား၊ အမိုက္စားအဝတ္အထည္ဆိုတာေတြဟာ အေမရိကားစီးပြားေရးျပန္ဖြင့္ၿပီလည္းဆိုေရာ ရာသီခ်ိန္လြန္၊ ဒိတ္ေအာက္၊ ဒီဇိုင္းေပ်ာက္တဲ့အထည္ေတြျဖစ္ေနေလာက္ပါၿပီ။
ထိုနည္းႏွင္ႏွင္ပဲ တန္ဖိုးသင့္အထည္ဆိုင္ေတြမွာလည္း မေရာင္းရေသးတဲ့အထည္ေတြ၊ အသုံးအေဆာင္ေတြ၊ အေထြေထြသုံးပစၥည္းေတြကို ေငြျမန္ျမန္ေပၚေအာင္အခ်ိန္ယူၿပီးေရာင္းရဦးမွာျဖစ္လို႔ အထည္လက္က်န္မ်ားေနတဲ့ ဒီ အေမရိကားအဝတ္တစ္လိုင္းလုံးအတြက္ ရင္ေလးေနမိေၾကာင္းပါခင္ဗ်ား။ Definition: Off-price retailers are retailers who provide high quality goods at cheap prices. Ref: Business Insider ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 05-05-2020

No comments: