ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, February 12, 2014

ဝင်သူကဝင် ထွက်တာကထွက်

လူသားတို့ရဲ့နှလုံးသားမှာ အပေါက် ( ၄ ) ပေါက်နဲ့အလုပ်လုပ်စေပါတယ် ၊ တစ်ကိုယ်လုံးကိုဖြတ်သန်းသန့်စင်ပြီးတဲ့လုပ်သားသွေးများဟာ မိခင်နှလုံးကို အားသစ်လောင်းဖို့ ပြန်လာကြပါတယ် ၊ တစ်ချိန်တည်းမှာပဲ လန်းဆန်းတက်ကြွတဲ့ လုပ်သားသွေးသစ်များက နောက်ထပ်လုပ်ငန်းဆောင်တာကို ထမ်းဆောင်ဖို့တာထွက်နေကြပါပြီ ၊ မှန်ကန်တဲ့လည်ပတ်မှုစက်ဝိုင်းကြာင့် အားအင်အသစ်များကိုတိုးတက်ဖြစ်ထွန်းစေတာကတော့ သန်မာတဲ့ခန္ဓဖြစ်စဉ် ဖြစ်ပါတယ် ၊ တစ်ကယ်လို့ ဝင်တာကနည်းပြီး ထွက်တာကများနေရင် တစ်နည်းအားဖြင့် အဝင်နဲ့အထွက်ဟာ တစ်နေရာရာမှာ မမျှမတဖြစ်နေခဲ့ရင် ဗဟိုထိန်းချုပ်မှုအောက်က ခန္ဓာကိုယ်ဟာအင်အားချည့်နဲ့ပြီး နောက်ဆုံးမှာ ယိမ်းယိုင်ပြိုလဲဖို့ရာ အကြောင်းဖန်လာနိုင်ပါတယ် ။