ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, January 6, 2020

နွားသိုးဗိုလ်တစ်ကောင်နည်းဗျူဟာနဲ့အမေရိကားရောက်ဆိုနီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အမေရိကားရဲ့စတိုးဆိုင်တွေပေါ်မှာတွေ့ရတဲ့ဆိုနီတံဆိပ်ရုပ်မြင်သံကြားဟာဒီစင်တွေပေါ်လွယ်လွယ်ကလေးရောက်လာခဲ့ကြတာမဟုတ်ပါ။ အားမနာတမ်းပြောရမယ်ဆိုရင် (၁၉၇ဝ) ခုနှစ်ဝန်းကျင်က အမေရိကားမှာ နာမည်မရှိ၊ ထုတ်ကုန်ကိုလူမသိ၊ မေးမြန်းသူမရှိ ဂို‌ဒေါင်မှာ Stock တွေပိနေတာ ဂျပန်မှာရောင်းအကောင်းဆုံး Sony ရဲ့ ထွက်ကုန်‌တွေပဲဖြစ်ပါတယ်။

ဒါဆိုရင် ဆိုနီဟာ ဆိုင်တွေပေါ်မှာရောင်းမရတဲ့ပစ္စည်းတွေကိုအကုန်ပြန်သိမ်းပြီးဂျပန်နိုင်ငံကိုပြန်သယ်သွားသလား? မဟုတ်ရပါ။ လူသိများအောင်လုပ်ဖို့ခက်ခဲနေတဲ့တံဆိပ်တစ်ခုကို လူသိပ်မသိတဲ့ ပင်လယ်ရပ်ခြားရောင်းအားမြှင့်တင်ရေးဌာနအကြီးအကဲတစ်ယောက်ကို ဆိုနီက တာဝန်ပေးခဲ့ပါတယ်။

မစ္စတာရာနာဂီ-Mr. Yanagi အမေရိကန်နိုင်ငံချီကာဂိုမြို့ကိုရောက်တဲ့အခါမှာတော့ ချောင်ထိုးခံထားရတဲ့ဖုန်အလူးလူး ဆိုနီတီဗီတွေကဝမ်းနည်းဖွယ်ရာဆီးကြိုနေပါတယ်။ လက်ရှိခန့်ထားတဲ့မန်နေဂျာက ဆိုနီပစ္စည်းတွေကို ချီကာဂိုမြို့ရဲ့လမ်းတွေပေါ်မှာ၊ ချီကာဂိုမြို့ရဲ့သတင်းစာတွေပေါ်မှာ ဈေးနှုန်းတွေအတင်းချပြီးကြော်ငြာနေတာ၊ ကြိုးစားပြီးအရောင်းမြှင့်တင်နေတာ မစ္စတာရာနာဂီ တွေ့ရပါတယ်။

ဘယ်လိုပင်‌ကောင်းအောင်ကြော်ငြာပါစေ၊ ဘယ်လောက်သက်သာအောင်စျေးချနေပါ‌စေ သုံးစွဲသူကပစ္စည်းကောင်းလို့မသတ်မှတ်တာကအဓိကပြဿနာဆိုတာမစ္စတာရာနာဂီ တွေ့ရှိခဲ့တယ်။ ဒီအတွက်ရောဂါသည်ဆိုနီရဲ့စီးပွားရေးအသက်ရှင်မှုနဲ့အမေရိကားမှာရပ်တည်နိုင်ဖို့အတွက်ပထမဦးဆုံးကုထုံးကိုရှာဖွေပါတော့တယ်။
တစ်နေ့မှာတော့ မစ္စတာရာနာဂီဟာ စားကျက်‌မြေတစ်ခုရှေ့ကိုဖြတ်လျှောက်သွားတုန်း နွားသိုးအုပ်တစ်ခုကိုစုစည်းရင်းအလုပ်ရှုပ်နေတဲ့နွားကျောင်းသားတစ်ယောက်ရဲ့လုပ်ရပ်ကိုကြည့်နေမိတယ်။

သူဟာ နွားသိုးအုပ်ကို ခြံ-Penitentiary ဆီကို တစ်ကောင်ချင်းစီဆီပြန်သွင်းဖို့ ရှေ့ကနေ နဖားဆွဲ၊ နောက်ကနေ ခါးကိုတုတ်နဲ့တို့၊ ဘယ်ဘက်ကတစ်ကောင်ကိုအထဲသွင်းလိုက်၊ ညာဖက်ကတစ်ကောင်ကိုအထဲသွင်းလိုက်လုပ်မယ့်အစား ခေါင်လောင်းဆွဲထားတဲ့ခေါင်းဆောင်နွားသိုးကိုကိုင်၊ ခေါင်းလောင်းကိုလှုပ်ခါပေးလိုက်တဲ့အခါ ခြူသံကြားတဲ့နွားသိုးအုပ်ဟာ ခေါင်းဆောင်နွားသိုးဗိုလ်ရဲ့နောက်ကိုတကောက်ကောက်ပါအောင်လိုက်ပါတော့တယ်။

ဒီဖြစ်ရပ်ကိုမြင်ပြီးတဲ့မစ္စတာရာနာဂီဟာ ဦးနှောက်ထဲမှာဉာဏ်အလင်းတစ်ချက်ပွင့်သွားတယ်။ ဒီနည်းလမ်းကသာလျှင် ဆိုနီအမေရိကားကိုကယ်တင်နိုင်မယ်။ ဒီလေရှူပေါက်ကသာလျှင် ဆိုနီအ‌‌မေရိကားကိုအသက်ဆက်နိုင်စေမယ်ဆိုတာသိလာတယ်။

စျေးကွက်သုတေသနတွေအများကြီးလုပ်ပြီးတဲ့နောက်မှာ အိမ်သုံးအီလက်ထရောနစ်ပစ္စည်းတွေကိုအများဆုံးရောင်းပေးနေတဲ့ မင်ဆီလီရာ-Maxilier ဆိုင်ကိုမစ္စတာရာနာဂီ ပထမဦးဆုံးသွားရောက်ခဲ့တယ်။ အချိန်အကြာကြီးစောင့်ပြီးတဲ့နောက်မှာမှ "မန်‌နေဂျာမရှိဘူး" ဆိုတဲ့ စာရေးမဆီကစကားကိုကြားလိုက်ရတော့စိတ်ပျက်သွားသလား? မပျက်ပါ။ နောက်တစ်ရက်ထပ်သွားတယ်။ အလုပ်များတဲ့မန်နေဂျာကိုတွေ့ခွင့်ရဖို့တော်တော်လေးခက်ခဲနေပြန်တယ်။ ဒီလိုနဲ့ (၄) ကြိမ်မြောက်တဲ့အခါမှတွေ့တဲ့အခါ . .

"Sony ပစ္စည်းတွေ ငါတို့မတင်ဘူး" မန်နေဂျာက ခါးခါးသီးသီးပြောလိုက်တာပါ။

မန်နေဂျာရဲ့စကားကဒီနေရာမှာတင်မရပ်ဘဲ ဆိုနီရဲ့ထွက်ကုန်တွေက‌ လေလျော့နေတဲ့ဘောလုံးတစ်လုံးလိုပဲ ဟိုလူက ပုတ်ထုတ်၊ ဒီလူက ပုတ်ထုတ်နဲ့ ရောင်းဈေးသာကျသွားတယ် ဘယ်သူမှမဝယ်တဲ့အကြောင်းစီကာပတ်ကုံးရှင်းပြနေလေတော့တယ်။

မစ္စတာရာနာဂီ က တစ်ခွန်းတည်းသောစကားကိုပြောလိုက်တယ် "ဆိုနီ ဟာ အရင်ကလိုအမြဲဈေးချတဲ့ပစ္စည်းတခုအနေနဲ့ရှိတော့မှာမဟုတ်ဘဲ အောင်မြင်ကျော်ကြားလူသိများတဲ့ပစ္စည်းတစ်ခုနေရာကိုပြန်လည်ရယူမယ့်အကြောင်းသိစေချင်ပါတယ်"

သူဟာ တောင်လိုပုံနေတဲ့တယ်လီဗီးရှင်းတွေကိုအကုန်ပြန်သိမ်းတယ်။ မတန်တရာချထားတဲ့လျှော့‌ဈေးပရိုမိုးရှင်းတွေကို အကုန်ဖျက်သိမ်းတယ်။ ပထမခြေလှမ်းကနေစတင်ပြီး ဆိုနီရဲ့အမေရိကရောက်ဘဝကိုပြန်လည်မွေးဖွားသန့်စင်ပါတယ်။

မစ္စတာရာနာဂီဟာ နာမည်ကြီးသတင်းစာတွေမှာပုံစံပြောင်းပြီးကြော်ငြာသစ်တွေထည့်တယ်။ ဒါပေမဲ့ "ဆိုနီရဲ့သုံးစွဲသူဝန်ဆောင်မှုဌာန-Customer Service က ညံ့နေသေးတယ်" ဆိုပြီး မန်နေဂျာရဲ့ငြင်းပယ်မှုကိုခံနေရဆဲ။

ဒီလိုနဲ့ရုံးကိုပြန်ရောက်သွားတဲ့မစ္စတာရာနာဂီဟာ ကုန်ပစ္စည်းအာမခံသက်တမ်းဌာန-Warranty Department ကိုချက်ချင်းတည်ထောင်တယ်။ စတုတ္ထအကြိမ်အထိ မန်နေဂျာနဲ့တွေ့ခွင့်ရတဲ့တိုင် "ဆိုနီရဲ့ကျော်ကြားမှုဟာထင်သလောက်မဖြစ်လာသေးဘူး။ ဘယ်လိုလုပ်ပြီးသုံးစွဲသူတွေရဲ့ယုံကြည်မှုကိုရနိုင်ပါ့မလဲ" ဆိုပြီး ဆိုင်ပေါ်မှာတင်မရောင်းသေးပါဘူး။

မစ္စတာရာနာဂီလက်မလျှော့ပါ။ သူ့ရဲ့ဝန်ထမ်းအယောက် (၃ဝ) ကိုစုစည်းကာ Maxilier ကို ဖုန်းဆက်ပြီး တစ်ယောက်ကို Sony TV (၅) လုံး နေ့တိုင်းဝယ်ခိုင်းတယ်။ ဒီအခါမှာတော့ Maxilier ဟာ Sony TV တွေကို "ပစ္စည်းကုန်နေလို့နောက်မှပို့ပေးမယ်-Waiting to be delivered" စာရင်းထဲထည့်သွင်းလိုက်ရတော့တယ်။ နောက်ထပ်တွေ့ဆုံတဲ့အစည်းအဝေးမှာတော့ Maxilier မန်နေဂျာက ဒီလုပ်ရပ်ဟာ လူကြီးလူကောင်းဆန်တဲ့လုပ်ရပ်မဟုတ်ဘဲ သူတို့ Maxilier ရဲ့စီးပွားရေးလည်ပတ်မှုစံနစ်ကိုအနှောင့်အယှက်ပေးတာဖြစ်တဲ့အကြောင်းပြောပြီး မစ္စတာရာနာဂီကိုကြိမ်းမောင်းပါတယ်။

စကားအဆုံးမှာ မစ္စတာရာနာဂီက "ဒါဟာ ဂျပန်နိုင်ငံမှာအရောင်းရဆုံး ဆိုနီ ရဲ့အကျိုးတစ်ခုတည်းသာမဟုတ်ပဲ လုပ်ဖော်ကိုင်ဘက်စီးပွားရေးသမားတွေရဲ့အကျိုးတွေကိုပါဆောင်ကျဉ်းပေးတယ်။ ဒါကြောင့် ဆိုနီပစ္စည်းတွေကိုတင်ရောင်းပေးရုံနဲ့မိတ်ဆွေတို့ရဲ့ကုမ္ပဏီမှာပါ အမြတ်အစွန်းအကြီးအကျယ်ရမှာ အသေအချာပါပဲ" ဆိုပြီး ခါးလေးကိုင်းပြီး ရိုးရိုးသားသား စတင်နားချပါတယ်။

Maxilier မန်နေဂျာ က ခေါင်းမာတယ်။ တစ်ခြားကုမ္ပဏီကပေးတဲ့ကော်မရှင်ထက် (၂%) နည်းနေတယ်လို့ပြောတာကိုလည်း မစ္စတာရာနာဂီက အလျင်စလိုမတုံ့ပြန်ဘဲ အရောင်းသွက်ဆိုနီပစ္စည်းတွေက ရာခိုင်နှုန်းများများပေးတဲ့ပစ္စည်းတွေထက် အမြန်ငွေပေါ်ပြီး ရေရှည်မှာပိုမိုခိုင်မာတဲ့အမြတ်ရာခိုင်နှုန်းဆီကိုရောက်အောင်ပို့ပေးသွားမှာပါ" လို့ ရှင်းပြရင်း ဆိုနီပစ္စည်းတွေကို ဆိုင်ပေါ်တင်ပေးဖို့ ကနဦးသဘောတူညီမှုရခဲ့တယ်။ အဲဒါကတော့ ပထမဦးဆုံးလက်ခံခဲ့တဲ့ Sony TV (၂) လုံး ဖြစ်ပါတယ်။ ဒါတောင် "တစ်ပတ်အတွင်းမရောင်းရရင်ချက်ချင်းပြန်သိမ်းပေးရမယ်။ ဆက်မရောင်းတော့ပါ" ဆိုတဲ့အခြေအနေနဲ့လက်ခံပေးလိုက်ရတာပါ။

မစ္စတာရာနာဂီက သူ့ရဲ့အတော်ဆုံးအရောင်းသမားတွေထဲကလက်ရွေးစင် (၂) ယောက်ကို "ဒီ (၂) လုံးဟာ အမေရိကားမှာသန်းချီတဲ့ဆိုနီပစ္စည်းတွေရောင်းရခြင်းရဲ့အစဖြစ်တယ်" လို့ပြောဆိုပြီး Maxilier စတိုးဆိုင်ကြီးကို စိတ်အားထက်သန်စွာပို့ခိုင်းလိုက်တယ်။ တစ်ဆက်တည်းမှာ Maxilier ဆိုင်က တီဗီတင်တဲ့စင်နားမှာနေပြီး Maxilier ဝန်ထမ်းတွေကိုကူညီဖို့ပါ မှာလိုက်တယ်။ တစ်ယောက်တစ်လှည့်စီ Maxilier ရဲ့ ဝန်ထမ်းတွေကိုမျက်နှာချင်းဆိုင်ကကော်ဖီဆိုင်မှာ ကော်ဖီဝယ်တိုက်ရမယ့်အပြင် ဒီတီဗီ (၂) လုံးမှ မရောင်းရရင် နောက်နေ့အလုပ်ကိုပြန်လာစရာမလိုတော့ဘူးလို့ပါ တစ်ပါတည်းမှာကြားလိုက်ပါတယ်။

ညနေ (၄) နာရီအရောက်မှာ အရောင်းသမား (၂) ယောက်ဟာ ဆိုနီရုံးဆီကို အူယားဖားယားပြေးပြန်လာတယ်။ ဘယ်လိုလဲ? ဒီအရောင်းသမား (၂) ယောက်ကို အလုပ်ထုတ်ရတော့မှာလား? မဟုတ်ပါ။ သူတို့ရဲ့ရွှေရောင်ပါးစပ်ဖျားကနေ လက်ရှိ TV (၂) လုံးကိုရောင်းလိုက်ရတဲ့အပြင် နောက်ထပ် TV (၂) လုံးပို့ပေးဖို့ အော်ဒါ ပါလာတယ်ဆိုတဲ့စကားကိုကြားရတော့ မစ်စတာရာနာဂီ အားတက်လာတယ်။

အဲဒီအချိန်ကနေစပြီးတော့ ချီကာဂိုမြို့ရဲ့ထိပ်တန်းလျှပ်စစ်ပစ္စည်းအရောင်းစာရင်းထဲကို ဆိုနီ ဝင်ရောက်နိုင်လာတယ်။ ပိုကောင်းသွားတဲ့အချက်က အမေရိကန်တွေငွေသုံးပြီးလက်ဆောင်အပေးအများဆုံး အေးခဲတဲ့ ဒီဇင်ဘာလမှာ ဆိုနီရဲ့ရောင်းအားအစခရီးက မအေးခဲခဲ့ဘူး။ (၂) လုံးနဲ့စလိုက်တဲ့ Sony TV တွေဟာ ခရစ္စမတ်လည်းပြီးရော စာရင်းချုပ်ကြည့်လိုက်တာ စုစုပေါင်း အလုံး (၇ဝဝဝ) ရောင်းလိုက်ရတာကို အံ့သြဖွယ်ရာတွေ့ရှိရပါတယ်။

ဘယ်ပြောကောင်းမလဲ . . အမြတ်အစွန်းအကြီးအကျယ်ရသွားတဲ့ Maxilier မန်နေဂျာဟာ ဆက်ဆံရေးတွေပြောင်းလာပြီး နောက်နှစ်မှာ ဆိုနီထွက်ကုန်တွေကို အဓိကထားတင်ရောင်းမယ့်အကြောင်းပြောရင်း တစ်ချိန်တည်းမှာပဲ ချီကာဂိုမြို့ရဲ့လက်လီဆိုင်ပေါင်း (၁ဝဝ) ကျော်ရှိတဲ့လျှပ်စစ်ပစ္စည်းဆိုင်တွေဆီက အမှာစာတွေလက်ခံရရှိလာတယ်။ ဒီလိုတိုးတက်မှုဟာ အဲဒီအချိန်တုန်းက ချီကာဂိုမြို့ရောင်းအားရဲ့ (၃%) ကို ဆိုနီ ရရှိခဲ့တာဖြစ်ပါတယ်။

နွားသိုးဗိုလ်ရဲ့ဦးချိုကို ကိုင်မိထားတဲ့ဆိုနီဟာ အမေရိကားစျေးကွက်တွေကို နည်းပရိယာယ်ကြွယ်ဝစွာချဲ့ထွင်တယ်။ နေရာ (၃) ခုမှာရှိတဲ့ဆိုင်ခွဲတွေပေါ်မှာ ဆိုနီပစ္စည်းတွေကိုအမာခံတင်ရောင်းခိုင်းလိုက်ရုံနဲ့ ပြည်နယ် (၈) ခုရဲ့ရောင်းအားနဲ့ညီမျှတဲ့ပစ္စည်းတွေဖြုန်းနိုင်မယ်ဆိုတာ ခန့်မှန်းလာနိုင်တယ်။ ဒါပေမဲ့ သုံးစွဲသူတွေက အချော့ကြိုက်တယ်။ အရောင်းသမားတွေရဲ့စိတ်ရှည်မှု နဲ့ သူတို့ကိုင်တွယ်တဲ့ပစ္စည်းအပေါ်မှာအကျွမ်းဝင်မှုတို့က စကားပြောတယ်ဆိုတာ သူလေ့လာမိတယ်။

"ရန်သူကိုနိုင်ချင်ရင် ခေါင်းဆောင်ကိုရအောင်ဖမ်း" ဆိုတဲ့စစ်တိုက်တဲ့နည်းဗျူဟာ ဟာ မစ်စတာရာနာဂီဖတ်ခဲ့တဲ့ကျမ်းစာအုပ်များဖြစ်နေမလား? ဆန်းစစ်ကြည့်လိုက်တော့ ချီကာဂိုမြို့ရဲ့လျှပ်စစ်ပစ္စည်းရောင်းအားအကောင်းဆုံးဆိုင်၊ ဦးဆောင်တဲ့ဘုရင်၊ စီးပွားရေးစစ်သေနာပတိချုပ်ကို မစ်စတာရာနာဂီ ရှာဖွေတွေ့ရှိအသုံးချခဲ့လိုက်နိုင်တာထင်ရှားတယ်။ သုံးစွဲသူတွေလျစ်လျူရှုမိနေတဲ့ ဆိုနီရဲ့ထွက်ကုန်တွေအတွက် အားနည်းချက်ကဘယ်မှာရှိသလဲဆိုတာကိုတွေ့ရှိပြီး "နွားသိုးဗိုလ်တစ်ကောင်နည်းဗျူဟာ" ကို သုံးစွဲအရောင်းမြင့်တင်နိုင်ခဲ့လို့သာ အမေရိကားမှာ ဆိုနီကို နေရာတိုင်းမှာ အခုလိုမြင်နေရတာဖြစ်ပါတယ်။

ဘယ်စီးပွားရေးမှာမဆို လုပ်ငန်းရှင်တွေဟာ ဘယ်နေရာမှာ တစ်ဆစ်ချိုးအချက်လေးတွေရှိသလဲဆိုတာသိဖို့လိုအပ်တယ်။ စီးပွားပြိုင်ဘက်ထဲမှာ ဘယ်သူကခေါင်းဆောင်၊ ခေါင်းဆောင်တွေထဲမှာ ဘယ်သူကပြိုင်ဘက် ဆိုတာမြင်နိုင်သူက စားသွားတာပါပဲ။ အကွက်မြင်နိုင်သူက မိမိတို့စီးပွားရေးထုတ်ကုန်တွေသုံးပြီး လိုတဲ့နေရာမှာဗျူဟာချလုပ်ကိုင်သွားရင်း စျေးကွက်ကို အမြဲရယူနိုင်ကြတယ်။

ဆိုနီ တော့ မသိဘူး . . ကိုညီညီကတော့ တောင်ပေါ်သားပီပီ "ခေါင်ထိ အကုန်စား" ဆိုတဲ့စကားကို အမြဲမှတ်မိနေတယ်။ ခေါင်းဆောင်ကိုသာတစ်ခွန်းပြောနိုင်ရင် လက်အောက်ငယ်သားတွေကိုအကုန်သြဇာညောင်းသလိုပဲ စီးပွားရေးမှာ နွားသိုးဗိုလ်တစ်ကောင်ကို ချိုကိုင်မိထားပြီးရင်တော့ ကျန်တဲ့ပြဿနာတွေဆိုတာ အေးအေးညောင်းညောင်း ရေစီးကောင်းသွားပါတော့တယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
01-06-2020

Ref: Entrepreneur Mindset

<Zawgyi>

"ႏြားသိုးဗိုလ္တစ္ေကာင္နည္းဗ်ဴဟာနဲ႔အေမရိကားေရာက္ဆိုနီ"
အေမရိကားရဲ့စတိုးဆိုင္ေတြေပၚမွာေတြ႕ရတဲ့ဆိုနီတံဆိပ္႐ုပ္ျမင္သံၾကားဟာဒီစင္ေတြေပၚလြယ္လြယ္ကေလးေရာက္လာခဲ့ၾကတာမဟုတ္ပါ။ အားမနာတမ္းေျပာရမယ္ဆိုရင္ (၁၉၇ဝ) ခုႏွစ္ဝန္းက်င္က အေမရိကားမွာ နာမည္မရွိ၊ ထုတ္ကုန္ကိုလူမသိ၊ ေမးျမန္းသူမရွိ ဂို‌ေဒါင္မွာ Stock ေတြပိေနတာ ဂ်ပန္မွာေရာင္းအေကာင္းဆုံး Sony ရဲ့ ထြက္ကုန္‌ေတြပဲျဖစ္ပါတယ္။

ဒါဆိုရင္ ဆိုနီဟာ ဆိုင္ေတြေပၚမွာေရာင္းမရတဲ့ပစၥည္းေတြကိုအကုန္ျပန္သိမ္းၿပီးဂ်ပန္နိုင္ငံကိုျပန္သယ္သြားသလား? မဟုတ္ရပါ။ လူသိမ်ားေအာင္လုပ္ဖို႔ခက္ခဲေနတဲ့တံဆိပ္တစ္ခုကို လူသိပ္မသိတဲ့ ပင္လယ္ရပ္ျခားေရာင္းအားျမႇင့္တင္ေရးဌာနအႀကီးအကဲတစ္ေယာက္ကို ဆိုနီက တာဝန္ေပးခဲ့ပါတယ္။

မစၥတာရာနာဂီ-Mr. Yanagi အေမရိကန္နိုင္ငံခ်ီကာဂိုၿမိဳ႕ကိုေရာက္တဲ့အခါမွာေတာ့ ေခ်ာင္ထိုးခံထားရတဲ့ဖုန္အလူးလူး ဆိုနီတီဗီေတြကဝမ္းနည္းဖြယ္ရာဆီးႀကိဳေနပါတယ္။ လက္ရွိခန႔္ထားတဲ့မန္ေနဂ်ာက ဆိုနီပစၥည္းေတြကို ခ်ီကာဂိုၿမိဳ႕ရဲ့လမ္းေတြေပၚမွာ၊ ခ်ီကာဂိုၿမိဳ႕ရဲ့သတင္းစာေတြေပၚမွာ ေဈးႏႈန္းေတြအတင္းခ်ၿပီးေၾကာ္ျငာေနတာ၊ ႀကိဳးစားၿပီးအေရာင္းျမႇင့္တင္ေနတာ မစၥတာရာနာဂီ ေတြ႕ရပါတယ္။

ဘယ္လိုပင္‌ေကာင္းေအာင္ေၾကာ္ျငာပါေစ၊ ဘယ္ေလာက္သက္သာေအာင္ေစ်းခ်ေနပါ‌ေစ သုံးစြဲသူကပစၥည္းေကာင္းလို႔မသတ္မွတ္တာကအဓိကျပႆနာဆိုတာမစၥတာရာနာဂီ ေတြ႕ရွိခဲ့တယ္။ ဒီအတြက္ေရာဂါသည္ဆိုနီရဲ့စီးပြားေရးအသက္ရွင္မႈနဲ႔အေမရိကားမွာရပ္တည္နိုင္ဖို႔အတြက္ပထမဦးဆုံးကုထုံးကိုရွာေဖြပါေတာ့တယ္။

တစ္ေန႔မွာေတာ့ မစၥတာရာနာဂီဟာ စားက်က္‌ေျမတစ္ခုေရွ႕ကိုျဖတ္ေလၽွာက္သြားတုန္း ႏြားသိုးအုပ္တစ္ခုကိုစုစည္းရင္းအလုပ္ရႈပ္ေနတဲ့ႏြားေက်ာင္းသားတစ္ေယာက္ရဲ့လုပ္ရပ္ကိုၾကည့္ေနမိတယ္။

သူဟာ ႏြားသိုးအုပ္ကို ၿခံ-Penitentiary ဆီကို တစ္ေကာင္ခ်င္းစီဆီျပန္သြင္းဖို႔ ေရွ႕ကေန နဖားဆြဲ၊ ေနာက္ကေန ခါးကိုတုတ္နဲ႔တို႔၊ ဘယ္ဘက္ကတစ္ေကာင္ကိုအထဲသြင္းလိုက္၊ ညာဖက္ကတစ္ေကာင္ကိုအထဲသြင္းလိုက္လုပ္မယ့္အစား ေခါင္ေလာင္းဆြဲထားတဲ့ေခါင္းေဆာင္ႏြားသိုးကိုကိုင္၊ ေခါင္းေလာင္းကိုလႈပ္ခါေပးလိုက္တဲ့အခါ ျခဴသံၾကားတဲ့ႏြားသိုးအုပ္ဟာ ေခါင္းေဆာင္ႏြားသိုးဗိုလ္ရဲ့ေနာက္ကိုတေကာက္ေကာက္ပါေအာင္လိုက္ပါေတာ့တယ္။

ဒီျဖစ္ရပ္ကိုျမင္ၿပီးတဲ့မစၥတာရာနာဂီဟာ ဦးေႏွာက္ထဲမွာဉာဏ္အလင္းတစ္ခ်က္ပြင့္သြားတယ္။ ဒီနည္းလမ္းကသာလၽွင္ ဆိုနီအေမရိကားကိုကယ္တင္နိုင္မယ္။ ဒီေလရႉေပါက္ကသာလၽွင္ ဆိုနီအ‌‌ေမရိကားကိုအသက္ဆက္နိုင္ေစမယ္ဆိုတာသိလာတယ္။

ေစ်းကြက္သုေတသနေတြအမ်ားႀကီးလုပ္ၿပီးတဲ့ေနာက္မွာ အိမ္သုံးအီလက္ထေရာနစ္ပစၥည္းေတြကိုအမ်ားဆုံးေရာင္းေပးေနတဲ့ မင္ဆီလီရာ-Maxilier ဆိုင္ကိုမစၥတာရာနာဂီ ပထမဦးဆုံးသြားေရာက္ခဲ့တယ္။ အခ်ိန္အၾကာႀကီးေစာင့္ၿပီးတဲ့ေနာက္မွာမွ "မန္‌ေနဂ်ာမရွိဘူး" ဆိုတဲ့ စာေရးမဆီကစကားကိုၾကားလိုက္ရေတာ့စိတ္ပ်က္သြားသလား? မပ်က္ပါ။ ေနာက္တစ္ရက္ထပ္သြားတယ္။ အလုပ္မ်ားတဲ့မန္ေနဂ်ာကိုေတြ႕ခြင့္ရဖို႔ေတာ္ေတာ္ေလးခက္ခဲေနျပန္တယ္။ ဒီလိုနဲ႔ (၄) ႀကိမ္ေျမာက္တဲ့အခါမွေတြ႕တဲ့အခါ . .

"Sony ပစၥည္းေတြ ငါတို႔မတင္ဘူး" မန္ေနဂ်ာက ခါးခါးသီးသီးေျပာလိုက္တာပါ။

မန္ေနဂ်ာရဲ့စကားကဒီေနရာမွာတင္မရပ္ဘဲ ဆိုနီရဲ့ထြက္ကုန္ေတြက‌ ေလေလ်ာ့ေနတဲ့ေဘာလုံးတစ္လုံးလိုပဲ ဟိုလူက ပုတ္ထုတ္၊ ဒီလူက ပုတ္ထုတ္နဲ႔ ေရာင္းေဈးသာက်သြားတယ္ ဘယ္သူမွမဝယ္တဲ့အေၾကာင္းစီကာပတ္ကုံးရွင္းျပေနေလေတာ့တယ္။

မစၥတာရာနာဂီ က တစ္ခြန္းတည္းေသာစကားကိုေျပာလိုက္တယ္ "ဆိုနီ ဟာ အရင္ကလိုအျမဲေဈးခ်တဲ့ပစၥည္းတခုအေနနဲ႔ရွိေတာ့မွာမဟုတ္ဘဲ ေအာင္ျမင္ေက်ာ္ၾကားလူသိမ်ားတဲ့ပစၥည္းတစ္ခုေနရာကိုျပန္လည္ရယူမယ့္အေၾကာင္းသိေစခ်င္ပါတယ္"

သူဟာ ေတာင္လိုပုံေနတဲ့တယ္လီဗီးရွင္းေတြကိုအကုန္ျပန္သိမ္းတယ္။ မတန္တရာခ်ထားတဲ့ေလၽွာ့‌ေဈးပရိုမိုးရွင္းေတြကို အကုန္ဖ်က္သိမ္းတယ္။ ပထမေျခလွမ္းကေနစတင္ၿပီး ဆိုနီရဲ့အေမရိကေရာက္ဘဝကိုျပန္လည္ေမြးဖြားသန႔္စင္ပါတယ္။

မစၥတာရာနာဂီဟာ နာမည္ႀကီးသတင္းစာေတြမွာပုံစံေျပာင္းၿပီးေၾကာ္ျငာသစ္ေတြထည့္တယ္။ ဒါေပမဲ့ "ဆိုနီရဲ့သုံးစြဲသူဝန္ေဆာင္မႈဌာန-Customer Service က ညံ့ေနေသးတယ္" ဆိုၿပီး မန္ေနဂ်ာရဲ့ျငင္းပယ္မႈကိုခံေနရဆဲ။

ဒီလိုနဲ႔႐ုံးကိုျပန္ေရာက္သြားတဲ့မစၥတာရာနာဂီဟာ ကုန္ပစၥည္းအာမခံသက္တမ္းဌာန-Warranty Department ကိုခ်က္ခ်င္းတည္ေထာင္တယ္။ စတုတၳအႀကိမ္အထိ မန္ေနဂ်ာနဲ႔ေတြ႕ခြင့္ရတဲ့တိုင္ "ဆိုနီရဲ့ေက်ာ္ၾကားမႈဟာထင္သေလာက္မျဖစ္လာေသးဘူး။ ဘယ္လိုလုပ္ၿပီးသုံးစြဲသူေတြရဲ့ယုံၾကည္မႈကိုရနိုင္ပါ့မလဲ" ဆိုၿပီး ဆိုင္ေပၚမွာတင္မေရာင္းေသးပါဘူး။

မစၥတာရာနာဂီလက္မေလၽွာ့ပါ။ သူ႔ရဲ့ဝန္ထမ္းအေယာက္ (၃ဝ) ကိုစုစည္းကာ Maxilier ကို ဖုန္းဆက္ၿပီး တစ္ေယာက္ကို Sony TV (၅) လုံး ေန႔တိုင္းဝယ္ခိုင္းတယ္။ ဒီအခါမွာေတာ့ Maxilier ဟာ Sony TV ေတြကို "ပစၥည္းကုန္ေနလို႔ေနာက္မွပို႔ေပးမယ္-Waiting to be delivered" စာရင္းထဲထည့္သြင္းလိုက္ရေတာ့တယ္။ ေနာက္ထပ္ေတြ႕ဆုံတဲ့အစည္းအေဝးမွာေတာ့ Maxilier မန္ေနဂ်ာက ဒီလုပ္ရပ္ဟာ လူႀကီးလူေကာင္းဆန္တဲ့လုပ္ရပ္မဟုတ္ဘဲ သူတို႔ Maxilier ရဲ့စီးပြားေရးလည္ပတ္မႈစံနစ္ကိုအေႏွာင့္အယွက္ေပးတာျဖစ္တဲ့အေၾကာင္းေျပာၿပီး မစၥတာရာနာဂီကိုႀကိမ္းေမာင္းပါတယ္။

စကားအဆုံးမွာ မစၥတာရာနာဂီက "ဒါဟာ ဂ်ပန္နိုင္ငံမွာအေရာင္းရဆုံး ဆိုနီ ရဲ့အက်ိဳးတစ္ခုတည္းသာမဟုတ္ပဲ လုပ္ေဖာ္ကိုင္ဘက္စီးပြားေရးသမားေတြရဲ့အက်ိဳးေတြကိုပါေဆာင္က်ဥ္းေပးတယ္။ ဒါေၾကာင့္ ဆိုနီပစၥည္းေတြကိုတင္ေရာင္းေပး႐ုံနဲ႔မိတ္ေဆြတို႔ရဲ့ကုမၸဏီမွာပါ အျမတ္အစြန္းအႀကီးအက်ယ္ရမွာ အေသအခ်ာပါပဲ" ဆိုၿပီး ခါးေလးကိုင္းၿပီး ရိုးရိုးသားသား စတင္နားခ်ပါတယ္။

Maxilier မန္ေနဂ်ာ က ေခါင္းမာတယ္။ တစ္ျခားကုမၸဏီကေပးတဲ့ေကာ္မရွင္ထက္ (၂%) နည္းေနတယ္လို႔ေျပာတာကိုလည္း မစၥတာရာနာဂီက အလ်င္စလိုမတုံ႔ျပန္ဘဲ အေရာင္းသြက္ဆိုနီပစၥည္းေတြက ရာခိုင္ႏႈန္းမ်ားမ်ားေပးတဲ့ပစၥည္းေတြထက္ အျမန္ေငြေပၚၿပီး ေရရွည္မွာပိုမိုခိုင္မာတဲ့အျမတ္ရာခိုင္ႏႈန္းဆီကိုေရာက္ေအာင္ပို႔ေပးသြားမွာပါ" လို႔ ရွင္းျပရင္း ဆိုနီပစၥည္းေတြကို ဆိုင္ေပၚတင္ေပးဖို႔ ကနဦးသေဘာတူညီမႈရခဲ့တယ္။ အဲဒါကေတာ့ ပထမဦးဆုံးလက္ခံခဲ့တဲ့ Sony TV (၂) လုံး ျဖစ္ပါတယ္။ ဒါေတာင္ "တစ္ပတ္အတြင္းမေရာင္းရရင္ခ်က္ခ်င္းျပန္သိမ္းေပးရမယ္။ ဆက္မေရာင္းေတာ့ပါ" ဆိုတဲ့အေျခအေနနဲ႔လက္ခံေပးလိုက္ရတာပါ။

မစၥတာရာနာဂီက သူ႔ရဲ့အေတာ္ဆုံးအေရာင္းသမားေတြထဲကလက္ေရြးစင္ (၂) ေယာက္ကို "ဒီ (၂) လုံးဟာ အေမရိကားမွာသန္းခ်ီတဲ့ဆိုနီပစၥည္းေတြေရာင္းရျခင္းရဲ့အစျဖစ္တယ္" လို႔ေျပာဆိုၿပီး Maxilier စတိုးဆိုင္ႀကီးကို စိတ္အားထက္သန္စြာပို႔ခိုင္းလိုက္တယ္။ တစ္ဆက္တည္းမွာ Maxilier ဆိုင္က တီဗီတင္တဲ့စင္နားမွာေနၿပီး Maxilier ဝန္ထမ္းေတြကိုကူညီဖို႔ပါ မွာလိုက္တယ္။ တစ္ေယာက္တစ္လွည့္စီ Maxilier ရဲ့ ဝန္ထမ္းေတြကိုမ်က္ႏွာခ်င္းဆိုင္ကေကာ္ဖီဆိုင္မွာ ေကာ္ဖီဝယ္တိုက္ရမယ့္အျပင္ ဒီတီဗီ (၂) လုံးမွ မေရာင္းရရင္ ေနာက္ေန႔အလုပ္ကိုျပန္လာစရာမလိုေတာ့ဘူးလို႔ပါ တစ္ပါတည္းမွာၾကားလိုက္ပါတယ္။

ညေန (၄) နာရီအေရာက္မွာ အေရာင္းသမား (၂) ေယာက္ဟာ ဆိုနီ႐ုံးဆီကို အူယားဖားယားေျပးျပန္လာတယ္။ ဘယ္လိုလဲ? ဒီအေရာင္းသမား (၂) ေယာက္ကို အလုပ္ထုတ္ရေတာ့မွာလား? မဟုတ္ပါ။ သူတို႔ရဲ့ေရႊေရာင္ပါးစပ္ဖ်ားကေန လက္ရွိ TV (၂) လုံးကိုေရာင္းလိုက္ရတဲ့အျပင္ ေနာက္ထပ္ TV (၂) လုံးပို႔ေပးဖို႔ ေအာ္ဒါ ပါလာတယ္ဆိုတဲ့စကားကိုၾကားရေတာ့ မစ္စတာရာနာဂီ အားတက္လာတယ္။

အဲဒီအခ်ိန္ကေနစၿပီးေတာ့ ခ်ီကာဂိုၿမိဳ႕ရဲ့ထိပ္တန္းလၽွပ္စစ္ပစၥည္းအေရာင္းစာရင္းထဲကို ဆိုနီ ဝင္ေရာက္နိုင္လာတယ္။ ပိုေကာင္းသြားတဲ့အခ်က္က အေမရိကန္ေတြေငြသုံးၿပီးလက္ေဆာင္အေပးအမ်ားဆုံး ေအးခဲတဲ့ ဒီဇင္ဘာလမွာ ဆိုနီရဲ့ေရာင္းအားအစခရီးက မေအးခဲခဲ့ဘူး။ (၂) လုံးနဲ႔စလိုက္တဲ့ Sony TV ေတြဟာ ခရစၥမတ္လည္းၿပီးေရာ စာရင္းခ်ဳပ္ၾကည့္လိုက္တာ စုစုေပါင္း အလုံး (၇ဝဝဝ) ေရာင္းလိုက္ရတာကို အံ့ၾသဖြယ္ရာေတြ႕ရွိရပါတယ္။

ဘယ္ေျပာေကာင္းမလဲ . . အျမတ္အစြန္းအႀကီးအက်ယ္ရသြားတဲ့ Maxilier မန္ေနဂ်ာဟာ ဆက္ဆံေရးေတြေျပာင္းလာၿပီး ေနာက္ႏွစ္မွာ ဆိုနီထြက္ကုန္ေတြကို အဓိကထားတင္ေရာင္းမယ့္အေၾကာင္းေျပာရင္း တစ္ခ်ိန္တည္းမွာပဲ ခ်ီကာဂိုၿမိဳ႕ရဲ့လက္လီဆိုင္ေပါင္း (၁ဝဝ) ေက်ာ္ရွိတဲ့လၽွပ္စစ္ပစၥည္းဆိုင္ေတြဆီက အမွာစာေတြလက္ခံရရွိလာတယ္။ ဒီလိုတိုးတက္မႈဟာ အဲဒီအခ်ိန္တုန္းက ခ်ီကာဂိုၿမိဳ႕ေရာင္းအားရဲ့ (၃%) ကို ဆိုနီ ရရွိခဲ့တာျဖစ္ပါတယ္။

ႏြားသိုးဗိုလ္ရဲ့ဦးခ်ိဳကို ကိုင္မိထားတဲ့ဆိုနီဟာ အေမရိကားေစ်းကြက္ေတြကို နည္းပရိယာယ္ႂကြယ္ဝစြာခ်ဲ႕ထြင္တယ္။ ေနရာ (၃) ခုမွာရွိတဲ့ဆိုင္ခြဲေတြေပၚမွာ ဆိုနီပစၥည္းေတြကိုအမာခံတင္ေရာင္းခိုင္းလိုက္႐ုံနဲ႔ ျပည္နယ္ (၈) ခုရဲ့ေရာင္းအားနဲ႔ညီမၽွတဲ့ပစၥည္းေတြျဖဳန္းနိုင္မယ္ဆိုတာ ခန႔္မွန္းလာနိုင္တယ္။ ဒါေပမဲ့ သုံးစြဲသူေတြက အေခ်ာ့ႀကိဳက္တယ္။ အေရာင္းသမားေတြရဲ့စိတ္ရွည္မႈ နဲ႔ သူတို႔ကိုင္တြယ္တဲ့ပစၥည္းအေပၚမွာအကၽြမ္းဝင္မႈတို႔က စကားေျပာတယ္ဆိုတာ သူေလ့လာမိတယ္။

"ရန္သူကိုနိုင္ခ်င္ရင္ ေခါင္းေဆာင္ကိုရေအာင္ဖမ္း" ဆိုတဲ့စစ္တိုက္တဲ့နည္းဗ်ဴဟာ ဟာ မစ္စတာရာနာဂီဖတ္ခဲ့တဲ့က်မ္းစာအုပ္မ်ားျဖစ္ေနမလား? ဆန္းစစ္ၾကည့္လိုက္ေတာ့ ခ်ီကာဂိုၿမိဳ႕ရဲ့လၽွပ္စစ္ပစၥည္းေရာင္းအားအေကာင္းဆုံးဆိုင္၊ ဦးေဆာင္တဲ့ဘုရင္၊ စီးပြားေရးစစ္ေသနာပတိခ်ဳပ္ကို မစ္စတာရာနာဂီ ရွာေဖြေတြ႕ရွိအသုံးခ်ခဲ့လိုက္နိုင္တာထင္ရွားတယ္။ သုံးစြဲသူေတြလ်စ္လ်ဴရႈမိေနတဲ့ ဆိုနီရဲ့ထြက္ကုန္ေတြအတြက္ အားနည္းခ်က္ကဘယ္မွာရွိသလဲဆိုတာကိုေတြ႕ရွိၿပီး "ႏြားသိုးဗိုလ္တစ္ေကာင္နည္းဗ်ဴဟာ" ကို သုံးစြဲအေရာင္းျမင့္တင္နိုင္ခဲ့လို႔သာ အေမရိကားမွာ ဆိုနီကို ေနရာတိုင္းမွာ အခုလိုျမင္ေနရတာျဖစ္ပါတယ္။

ဘယ္စီးပြားေရးမွာမဆို လုပ္ငန္းရွင္ေတြဟာ ဘယ္ေနရာမွာ တစ္ဆစ္ခ်ိဳးအခ်က္ေလးေတြရွိသလဲဆိုတာသိဖို႔လိုအပ္တယ္။ စီးပြားၿပိဳင္ဘက္ထဲမွာ ဘယ္သူကေခါင္းေဆာင္၊ ေခါင္းေဆာင္ေတြထဲမွာ ဘယ္သူကၿပိဳင္ဘက္ ဆိုတာျမင္နိုင္သူက စားသြားတာပါပဲ။ အကြက္ျမင္နိုင္သူက မိမိတို႔စီးပြားေရးထုတ္ကုန္ေတြသုံးၿပီး လိုတဲ့ေနရာမွာဗ်ဴဟာခ်လုပ္ကိုင္သြားရင္း ေစ်းကြက္ကို အျမဲရယူနိုင္ၾကတယ္။

ဆိုနီ ေတာ့ မသိဘူး . . ကိုညီညီကေတာ့ ေတာင္ေပၚသားပီပီ "ေခါင္ထိ အကုန္စား" ဆိုတဲ့စကားကို အျမဲမွတ္မိေနတယ္။ ေခါင္းေဆာင္ကိုသာတစ္ခြန္းေျပာနိုင္ရင္ လက္ေအာက္ငယ္သားေတြကိုအကုန္ၾသဇာေညာင္းသလိုပဲ စီးပြားေရးမွာ ႏြားသိုးဗိုလ္တစ္ေကာင္ကို ခ်ိဳကိုင္မိထားၿပီးရင္ေတာ့ က်န္တဲ့ျပႆနာေတြဆိုတာ ေအးေအးေညာင္းေညာင္း ေရစီးေကာင္းသြားပါေတာ့တယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
01-06-2020

Ref: Entrepreneur Mindset

No comments: