2000 Honda Accord LX |
ဟိုတစ်လောကတည်းက ကားအကြောင်းအဓိကဖော်ပြနေတဲ့ဂျာနယ်ကို
စေတနာရှေ့ထားပြီးပြောပြခဲ့ပြီးဖြစ်ပါတယ် ၊ မီဒီယာသမားရဲ့တာဝန်သိစိတ်ဖြစ်တဲ့ မှားရင်ပြင်ရမယ်
၊ အမှားမပြင်မချင်းဆက်မှားနေမယ် ဆိုသလို ကူညီအသိပေးခဲ့တာပါ ၊ RECALL ဆိုတဲ့ အင်္ဂလိပ်စာလုံးရဲ့တိုက်ရိုက်အဓိပ္ပာယ်က
“ re-call : to ask people to return ( a product with a defect or problem ) “ ဖြစ်ပါတယ်
၊ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ Dumex နို့မှုန့်ပြန်သိမ်းပွဲကြီးက မြန်မာနို့မှုန့်ဈေးကွက်ကို
အနည်းငယ်လှုပ်ခါသွားပါသေးတယ် ၊ ရှင်းပါတယ်-ထုတ်လုပ်သူကုမ္ပဏီက ကုန်ပစ္စည်းကိုဖြန့်ချိရေးမလုပ်သေးခင်
သုတေသနနဲ့ဖွံဖြိုးတိုးတက်ရေးအဖွဲ့- R&D-Research and Development Team ကို ကျော်ဖြတ်ရပါတယ်
၊ ထိုမှတဖန် ကုန်အရည်အသွေးစစ်အဖွဲ့-QC – Quality Control ကိုအောင်မှရောင်းခွင့်ရမှာပါ
၊ လူသုံးကုန် နဲ့ စားသောက်ကုန်အားလုံး RECALL
ခေါ်တယ်ဆိုရင်တော့ သေချာပါတယ် ၊ ဈေးကွက်ထဲပါမက စားသုံးသူလက်ရောက်ကုန်တွေကိုပါလိုက်သိမ်းပြီး
ရောင်းဈေးအတိုင်းပြန်လိုက်ဝယ်ပါတော့တယ် ၊ ကုန်တိုက်နဲ့ဆိုင်တွေက ဆက်မရောင်းရသလို စားသုံးသူ
အန္တရာယ်မရှိအောင် ထုတ်လုပ်တဲ့ကုမ္ပဏီ က အပြည့်အဝ တာဝန်ယူဖြေရှင်းကြရပါတယ် ။
မော်တော်ကားကျတော့ဒီလိုမဟုတ်ပါဘူး
၊ ကားအသစ် ရောင်းထုတ်လိုက်ပြီဆိုကတည်းက ဘာပြသနာမှမရှိလို့ပါ ၊