ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, May 18, 2020

"စလုံးလုံးကြီးတင်တဝမ်းပူသတ် "စိတ်"

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကျွန်တော်တစ်သက်လုံးအထင်မှားခဲ့တာတစ်ခုရှိတယ်။ အမှန်ကိုမြင်ရမယ်လို့သိအောင်ဘယ်သူမှပြောပြခဲ့တာမရှိသလို ကိုယ်ကိုယ်တိုင်လည်း ဘယ်ဟာမှန်မှန်အရေးမကြီးဘူးလို့ထင်ခဲ့တယ်။

အဲဒါက အခု နယ်မြေသစ်မှာအခြေကျလာတဲ့နောက်ပိုင်းနှစ်တွေမှာမှ အကောင်းအဆိုး အကြောင်းအကျိုးကိုဆက်စပ်မြင်လာပြီးမှသိလာတာ နှစ်ပေါင်း (၃ဝ) ကျော်ဆိုတော့ တော်တော်နောက်ကျခဲ့တယ်လို့ပြောလို့ရတယ်။

အဲဒီအမြင်မှားကတော့ စိတ်ပညာသင်ယူတဲ့သူတွေကို “အရူးတွေယူတဲ့မေဂျာ” ကိုတက်နေတာလို့ပြောလိုပြော၊ ဒဿနဗေဒသင်ယူနေသူတွေကို “စိတ်မနှံ့" လို့ ဆိုလိုဆို၊ နောက်ဆိုရင် ဒီလူ ကြောင်တောင်တောင်ဖြစ်သွားမယ်လို့ ဝေဖန်လိုဝေဖန် ပတ်ဝန်းကျင်ကပြောခဲ့ကြတယ်။

လူတွေဟာနေ့စဉ်လှုပ်ရှား‌နေသမျှ လိုက်ပါရတဲ့ရုပ်ခန္ဓာရွှေ့လျားမှုမပြုခင် "စိတ်" ကသာ အရင်ကြံဆရတယ်။ စိတ်ကူးကြောင့်သာ ရဲတိုက်ကြီးတွေကို လူတွေတည်ဆောက်နိုင်ကြတယ်။ စိတ်ရဲ့အရင်ကြံဆမှုကိုလုပ်ရပ်လိုက်ပါနိုင်လို့သာလူတွေဟာ လေယာဉ်ပျံတွေတီထွင်ကြတယ်။ ဒီလောက်အရေးကြီးတဲ့ "စိတ်ပညာ" ကို ကျွန်တော်ကြီးပြင်းခဲ့တဲ့မြန်ပြည်ကြီးမှာ အထက်ကရေးပြခဲ့သလို အပြောခံရတယ်။

ဒါကြောင့်လည်းကျွန်တော်ဟာ "စိတ်ကိုမပြင်ဘဲ" ရုပ်ဝတ္တုကိုသာတိုးတက်အောင်လုပ်တတ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။

စကားကောင်းကောင်းမပြောလည်း ပိုက်ဆံရရင်ပြီးရော၊ သမာမလား မသမာဘူးလားမသေချာဘူး ကိုယ်အမြတ်ရရင်ပြီးရော၊ အမှန်ပြောသလား စေတနာပါသလားမစဉ်းစားဘူး ကိုယ့်အတွက်တွက်ခြေကိုက်ရင်ပြီးရော စတဲ့အချက်တွေနဲ့ကိုက်ညီတဲ့ ဘူဇွာစိတ်ဓါတ်ရှိသူလူတန်းစားတွေ မြန်မာနိုင်ငံမှာသိပ်များခဲ့တယ်။

အခု ဒီဘက်မြေမှာ လူကိုအခြေမခံ၊ "စိတ်" ကိုအခြေခံတဲ့လူတန်းစားကြားမှာ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်လာရင် ကျွန်တော်ဟာ အစကနေပြန်သင်ရတယ်။ အမေရိကန်ပညာ‌ရေးမှာ အလယ်တန်းမှာကတည်းက ပထဝီနိုင်ငံရေးကိုသင်တယ်။
အဲဒါက လူသားတိုင်းမိမိမှီတင်းနေထိုင်တဲ့နိုင်ငံတိုးတက်ရေးကိုစဉ်းစားရမယ်ဆိုတာ ဦးနှောက်ထဲ ပန္နက်ရိုက်ပေးလိုက်တာပါပဲ။

နောက် အတန်းထပ်တက်လာတော့ ကျောင်းသားဟာ ပိုမိုကျယ်ပြန့်လာတဲ့ကျောင်းသားလောကဆီကနေ ဖို နဲ့ မ ဘယ်လိုပြောဆိုဆက်ဆံရတယ်၊ လူတွေကြားမှာ စကားဘယ်လိုပြောရတယ်၊ အလုပ်ခွင်ဝင်ဖို့အတွက် ဘယ်လိုပြင်ဆင်ရတယ်၊ နောက်ဆုံး အိမ်သူအိမ်သား မိသားစုဝင်တွေနဲ့ဘယ်လိုပြောဆိုဆက်ဆံရတယ်ဆိုတာတွေကိုသိစေဖို့ "စိတ်ပညာဘာသာရပ်"ကိုထည့်သွင်းသင်ကြားပေးလေတယ်။

ဒါဆိုရင် မေးခွန်းတစ်ခုက ဆက်ဆွေးနွေးစရာဖြစ်လာတယ်။ အဲဒါက “စိတ်ပညာ” တို့ “ဒဿန‌ဗေဒပညာ” တို့ကိုတတ်တဲ့သူတွေဟာ ကွန်ပျူတာသိပ္ပံ၊ ဆရာဝန် နဲ့ အင်ဂျင်နီယာတို့လို လခကောင်းပါ့မလား? ဆိုတာပါပဲ။

ဒီနေရာမှာ ကျောင်းသား (သို့မဟုတ်) ပညာရှင်ဟာ သူတတ်ထားတဲ့ စိတ်ပညာကို သူ့ဘဝထဲကိုဘယ်လောက်သယ်ဆောင်လာသလဲဆိုတာပေါ်မူတည်ပါတယ်လို့ဖြေပါရစေ။

အခုဆိုရင် ဂူးဂဲလ်၊ မိုက်ခရိုဆော့ဖ်၊ ဖေ့ဘွတ်ခ် တို့လို နည်းပညာကုမ္ပဏီတွေက မန်နေဂျာငှားတဲ့အခါ စိတ်ပညာမေဂျာ၊ ဒဿနဗေဒမေဂျာ နဲ့ နောက်ပိုင်း လူမှုဆက်ဆံရေးမေဂျာတွေနဲ့ နှစ်ထပ်ကွမ်းဘာသာရပ်-Double Major ရထားသူတွေကိုဖိတ်ခေါ်ပြီးငှားရမ်းကြတယ်။

သူလိုကိုယ်လို မန်နေဂျာတွေ တစ်နှစ်ကိုဒေါ်လာ (၇ဝဝဝဝ) လောက်ရနေတဲ့အချိန် အဆိုပါ စိတ်ပညာနဲ့ဒဿနမေဂျာပြီးထားသူမန်နေဂျာတွေက ဒေါ်လာ (၁၂ဝဝဝဝ) ကျော် ရကြတယ်။ ဒါဟာလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါ အားလုံးဟာကွန်ပျူတာနဲ့ချည်းမပြီးဘူးဆိုတာကို ပြောပြနေတာပါ။

လုပ်သားတွေအတွက် အုပ်ချုပ်မှုလိုတယ်။ ဒီလိုပဲ လူလူချင်းဆက်ဆံတဲ့အခါ တစ်ဘက်သားကိုအလေးထားတတ်တာ၊ တစ်ယောက်နဲ့တစ်ယောက်ကောင်းမွန်မျှတဆက်ဆံတတ်တာ၊ အရေးဒုက္ခ အခက်အခဲကြုံတိုင်း မိတ်ဆွေကောင်းတို့ရောက်ရောက်လာတတ်တာ နဲ့ အကူအညီမတောင်းရဘဲ အလိုက်သိတတ်တာတွေဟာ ဘယ်လိုလူတစ်ယောက်တစ်လေတို့ရဲ့အရောင်ဆိုးတာကိုမှမခံရသေးတဲ့ လောကရဲ့သဘာဝအလှလို့တင်စားချင်ပါတယ်။

လူတွေဟာ နေ့နေ့ညည စကားပြောရင်ပြော၊ နားထောင်ရင်နားထောင်၊ စဉ်းစားရင်စဉ်းစား၊ ဘာမှမအားရင်တောင် တစ်ခုခုနောက်လိုက်နေတာက နည်းပညာမဟုတ်ပါဘူး။

အစိုးမရတဲ့
ပြန့်လွင့်လွယ်တဲ့
ဖောက်ပြန်တတ်တဲ့
ခေါင်းမာတတ်တဲ့
ပျင်းရိတတ်တဲ့
ခိုင်းစေရခက်တဲ့
ရည်ရွယ်ချက်မဲ့နေတတ်တဲ့
အကျိုးမရှိတာတွေကိုသာ
လုပ်ချင်နေတဲ့
အလေလိုက်
ကြိုက်စရာတွေကိုသာ
လိုက်ရှာနေတဲ့
နောက်ဆုံး
တန်ဖိုးရှိတဲ့လူ့ဘဝသက်တမ်းကို
အကျိုးမရှိအချိန်ဖြုန်း
လက်စတုံးပစ်ချင်နေတာက
စလုံးလုံးကြီးတင်တဝမ်းပူသတ် "စိတ်"
ဖြစ်ပါတယ်။


အခုတော့ဗျာ ကမ္ဘာကြီးကသူ့ဝန်ရိုး‌ပေါ်မှာ နေ့နဲ့ည ရောက်ချီပြန်ချီလုပ်နေသမျှ လူသားကလည်း စိတ်ရူးနဲ့စိတ်ကောင်းကြား မှောက်ချီလှန်ချီလုပ်နေတော့တာပဲ။

ဒါကို ကျွန်တော်တို့ဘယ်လိုတန်ဖိုးထားကြမလဲ? မသေခင်အညွန့်ဝေနေတဲ့မီးစာတိုလေးကို ဘာလို့ရန်ငြိုးထားငြိမ်းပစ်စေတော့မလဲ?

အားနည်းတယ်။ ဝမ်းနည်းတယ်။
အားငယ်တယ်။ သိမ်ငယ်တယ်။
အားကြီးတယ်။ အတ္တကြီးတယ်။
ဘယ်နေရာမှာ "စိတ်" မပါတာရှိသလဲ။
လောကမှာ
အရာရာဟာ
စိတ်ကြောင့်သာ
အကောင်အထည်ပေါ်ရတာ
အမှန်အကန်ပါပဲ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-18-2020

<Zawgyi>

"စလုံးလုံးႀကီးတင္တဝမ္းပူသတ္ "စိတ္" ကၽြန္ေတာ္တစ္သက္လုံးအထင္မွားခဲ့တာတစ္ခုရွိတယ္။ အမွန္ကိုျမင္ရမယ္လို႔သိေအာင္ဘယ္သူမွေျပာျပခဲ့တာမရွိသလို ကိုယ္ကိုယ္တိုင္လည္း ဘယ္ဟာမွန္မွန္အေရးမႀကီးဘူးလို႔ထင္ခဲ့တယ္။ အဲဒါက အခု နယ္ေျမသစ္မွာအေျခက်လာတဲ့ေနာက္ပိုင္းႏွစ္ေတြမွာမွ အေကာင္းအဆိုး အေၾကာင္းအက်ိဳးကိုဆက္စပ္ျမင္လာၿပီးမွသိလာတာ ႏွစ္ေပါင္း (၃ဝ) ေက်ာ္ဆိုေတာ့ ေတာ္ေတာ္ေနာက္က်ခဲ့တယ္လို႔ေျပာလို႔ရတယ္။ အဲဒီအျမင္မွားကေတာ့ စိတ္ပညာသင္ယူတဲ့သူေတြကို “အ႐ူးေတြယူတဲ့ေမဂ်ာ” ကိုတက္ေနတာလို႔ေျပာလိုေျပာ၊ ဒႆနေဗဒသင္ယူေနသူေတြကို “စိတ္မႏွံ့" လို႔ ဆိုလိုဆို၊ ေနာက္ဆိုရင္ ဒီလူ ေၾကာင္ေတာင္ေတာင္ျဖစ္သြားမယ္လို႔ ေဝဖန္လိုေဝဖန္ ပတ္ဝန္းက်င္ကေျပာခဲ့ၾကတယ္။ လူေတြဟာေန႔စဥ္လႈပ္ရွား‌ေနသမၽွ လိုက္ပါရတဲ့႐ုပ္ခႏၶာေရႊ႕လ်ားမႈမျပဳခင္ "စိတ္" ကသာ အရင္ႀကံဆရတယ္။ စိတ္ကူးေၾကာင့္သာ ရဲတိုက္ႀကီးေတြကို လူေတြတည္ေဆာက္နိုင္ၾကတယ္။ စိတ္ရဲ့အရင္ႀကံဆမႈကိုလုပ္ရပ္လိုက္ပါနိုင္လို႔သာလူေတြဟာ ေလယာဥ္ပ်ံေတြတီထြင္ၾကတယ္။ ဒီေလာက္အေရးႀကီးတဲ့ "စိတ္ပညာ" ကို ကၽြန္ေတာ္ႀကီးျပင္းခဲ့တဲ့ျမန္ျပည္ႀကီးမွာ အထက္ကေရးျပခဲ့သလို အေျပာခံရတယ္။ ဒါေၾကာင့္လည္းကၽြန္ေတာ္ဟာ "စိတ္ကိုမျပင္ဘဲ" ႐ုပ္ဝတၱဳကိုသာတိုးတက္ေအာင္လုပ္တတ္တဲ့လူတစ္ေယာက္ျဖစ္လာခဲ့တယ္။ စကားေကာင္းေကာင္းမေျပာလည္း ပိုက္ဆံရရင္ၿပီးေရာ၊ သမာမလား မသမာဘူးလားမေသခ်ာဘူး ကိုယ္အျမတ္ရရင္ၿပီးေရာ၊ အမွန္ေျပာသလား ေစတနာပါသလားမစဥ္းစားဘူး ကိုယ့္အတြက္တြက္ေျခကိုက္ရင္ၿပီးေရာ စတဲ့အခ်က္ေတြနဲ႔ကိုက္ညီတဲ့ ဘူဇြာစိတ္ဓါတ္ရွိသူလူတန္းစားေတြ ျမန္မာနိုင္ငံမွာသိပ္မ်ားခဲ့တယ္။ အခု ဒီဘက္ေျမမွာ လူကိုအေျခမခံ၊ "စိတ္" ကိုအေျခခံတဲ့လူတန္းစားၾကားမွာ စိတ္ဓာတ္ေရးရာနဲ႔ပတ္သက္လာရင္ ကၽြန္ေတာ္ဟာ အစကေနျပန္သင္ရတယ္။ အေမရိကန္ပညာ‌ေရးမွာ အလယ္တန္းမွာကတည္းက ပထဝီနိုင္ငံေရးကိုသင္တယ္။ အဲဒါက လူသားတိုင္းမိမိမွီတင္းေနထိုင္တဲ့နိုင္ငံတိုးတက္ေရးကိုစဥ္းစားရမယ္ဆိုတာ ဦးေႏွာက္ထဲ ပႏၷက္ရိုက္ေပးလိုက္တာပါပဲ။ ေနာက္ အတန္းထပ္တက္လာေတာ့ ေက်ာင္းသားဟာ ပိုမိုက်ယ္ျပန္႔လာတဲ့ေက်ာင္းသားေလာကဆီကေန ဖို နဲ႔ မ ဘယ္လိုေျပာဆိုဆက္ဆံရတယ္၊ လူေတြၾကားမွာ စကားဘယ္လိုေျပာရတယ္၊ အလုပ္ခြင္ဝင္ဖို႔အတြက္ ဘယ္လိုျပင္ဆင္ရတယ္၊ ေနာက္ဆုံး အိမ္သူအိမ္သား မိသားစုဝင္ေတြနဲ႔ဘယ္လိုေျပာဆိုဆက္ဆံရတယ္ဆိုတာေတြကိုသိေစဖို႔ "စိတ္ပညာဘာသာရပ္"ကိုထည့္သြင္းသင္ၾကားေပးေလတယ္။ ဒါဆိုရင္ ေမးခြန္းတစ္ခုက ဆက္ေဆြးေႏြးစရာျဖစ္လာတယ္။ အဲဒါက “စိတ္ပညာ” တို႔ “ဒႆန‌ေဗဒပညာ” တို႔ကိုတတ္တဲ့သူေတြဟာ ကြန္ပ်ဴတာသိပၸံ၊ ဆရာဝန္ နဲ႔ အင္ဂ်င္နီယာတို႔လို လခေကာင္းပါ့မလား? ဆိုတာပါပဲ။ ဒီေနရာမွာ ေက်ာင္းသား (သို႔မဟုတ္) ပညာရွင္ဟာ သူတတ္ထားတဲ့ စိတ္ပညာကို သူ႔ဘဝထဲကိုဘယ္ေလာက္သယ္ေဆာင္လာသလဲဆိုတာေပၚမူတည္ပါတယ္လို႔ေျဖပါရေစ။ အခုဆိုရင္ ဂူးဂဲလ္၊ မိုက္ခရိုေဆာ့ဖ္၊ ေဖ့ဘြတ္ခ္ တို႔လို နည္းပညာကုမၸဏီေတြက မန္ေနဂ်ာငွားတဲ့အခါ စိတ္ပညာေမဂ်ာ၊ ဒႆနေဗဒေမဂ်ာ နဲ႔ ေနာက္ပိုင္း လူမႈဆက္ဆံေရးေမဂ်ာေတြနဲ႔ ႏွစ္ထပ္ကြမ္းဘာသာရပ္-Double Major ရထားသူေတြကိုဖိတ္ေခၚၿပီးငွားရမ္းၾကတယ္။ သူလိုကိုယ္လို မန္ေနဂ်ာေတြ တစ္ႏွစ္ကိုေဒၚလာ (၇ဝဝဝဝ) ေလာက္ရေနတဲ့အခ်ိန္ အဆိုပါ စိတ္ပညာနဲ႔ဒႆနေမဂ်ာၿပီးထားသူမန္ေနဂ်ာေတြက ေဒၚလာ (၁၂ဝဝဝဝ) ေက်ာ္ ရၾကတယ္။ ဒါဟာလုပ္ငန္းခြင္မွာအလုပ္လုပ္တဲ့အခါ အားလုံးဟာကြန္ပ်ဴတာနဲ႔ခ်ည္းမၿပီးဘူးဆိုတာကို ေျပာျပေနတာပါ။ လုပ္သားေတြအတြက္ အုပ္ခ်ဳပ္မႈလိုတယ္။ ဒီလိုပဲ လူလူခ်င္းဆက္ဆံတဲ့အခါ တစ္ဘက္သားကိုအေလးထားတတ္တာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ေကာင္းမြန္မၽွတဆက္ဆံတတ္တာ၊ အေရးဒုကၡ အခက္အခဲၾကဳံတိုင္း မိတ္ေဆြေကာင္းတို႔ေရာက္ေရာက္လာတတ္တာ နဲ႔ အကူအညီမေတာင္းရဘဲ အလိုက္သိတတ္တာေတြဟာ ဘယ္လိုလူတစ္ေယာက္တစ္ေလတို႔ရဲ့အေရာင္ဆိုးတာကိုမွမခံရေသးတဲ့ ေလာကရဲ့သဘာဝအလွလို႔တင္စားခ်င္ပါတယ္။ လူေတြဟာ ေန႔ေန႔ညည စကားေျပာရင္ေျပာ၊ နားေထာင္ရင္နားေထာင္၊ စဥ္းစားရင္စဥ္းစား၊ ဘာမွမအားရင္ေတာင္ တစ္ခုခုေနာက္လိုက္ေနတာက နည္းပညာမဟုတ္ပါဘူး။ အစိုးမရတဲ့ ျပန႔္လြင့္လြယ္တဲ့ ေဖာက္ျပန္တတ္တဲ့ ေခါင္းမာတတ္တဲ့ ပ်င္းရိတတ္တဲ့ ခိုင္းေစရခက္တဲ့ ရည္ရြယ္ခ်က္မဲ့ေနတတ္တဲ့ အက်ိဳးမရွိတာေတြကိုသာ လုပ္ခ်င္ေနတဲ့ အေလလိုက္ ႀကိဳက္စရာေတြကိုသာ လိုက္ရွာေနတဲ့ ေနာက္ဆုံး တန္ဖိုးရွိတဲ့လူ႔ဘဝသက္တမ္းကို အက်ိဳးမရွိအခ်ိန္ျဖဳန္း လက္စတုံးပစ္ခ်င္ေနတာက စလုံးလုံးႀကီးတင္တဝမ္းပူသတ္ "စိတ္" ျဖစ္ပါတယ္။ အခုေတာ့ဗ်ာ ကမၻာႀကီးကသူ႔ဝန္ရိုး‌ေပၚမွာ ေန႔နဲ႔ည ေရာက္ခ်ီျပန္ခ်ီလုပ္ေနသမၽွ လူသားကလည္း စိတ္႐ူးနဲ႔စိတ္ေကာင္းၾကား ေမွာက္ခ်ီလွန္ခ်ီလုပ္ေနေတာ့တာပဲ။ ဒါကို ကၽြန္ေတာ္တို႔ဘယ္လိုတန္ဖိုးထားၾကမလဲ? မေသခင္အညြန႔္ေဝေနတဲ့မီးစာတိုေလးကို ဘာလို႔ရန္ၿငိဳးထားၿငိမ္းပစ္ေစေတာ့မလဲ? အားနည္းတယ္။ ဝမ္းနည္းတယ္။ အားငယ္တယ္။ သိမ္ငယ္တယ္။ အားႀကီးတယ္။ အတၱႀကီးတယ္။ ဘယ္ေနရာမွာ "စိတ္" မပါတာရွိသလဲ။ ေလာကမွာ အရာရာဟာ စိတ္ေၾကာင့္သာ အေကာင္အထည္ေပၚရတာ အမွန္အကန္ပါပဲ။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 05-18-2020

No comments: