ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, April 23, 2017

ေမးခြန္းေမးသည္ဆိုရာဝယ္

. " ေမးခြန္းေမးသည္ဆိုရာဝယ္ "
. ေမးလာတဲ႕ေမးခြန္းေတြကို အြန္လုိင္းဆယ္လီမဟုတ္တဲ႕ကြ်န္ေတာ္ဟာ ရသမွ်အခ်ိန္ေလးမွာ ၾကိဳးစားျပီး ေျဖၾကားပါတယ္။ ေမးခြန္းေတြက အစံုပါ။ ဒါေပမယ္႕ တစ္ခုေသခ်ာတာက အခက္အခဲတစ္ခုမရွိပဲ၊ အၾကပ္အတည္းထဲေရာက္မေနပဲ၊ ေနာက္ဆံုး တစ္ခုခုမသိခ်င္ပဲ ကြ်န္ေတာ႕ကိုေမးစရာအေၾကာင္းမေပၚေပါက္ပါဘူး။ ဒါကုိပဲေျဖခြင္႕ရတဲ႕အတြက္ ေက်နပ္မႈတစ္ခုကို ကြ်န္ေတာ႕အခ်ိန္ေတြနဲ႕လဲလွယ္မိတာ တစ္ခါတစ္ေလက်ေတာ႕ အျပစ္ျဖစ္ရပါတယ္။
.
. အမ်ားအားျဖင္႕ အေမရိကားအေတြ႕အၾကံဳအေျခခံေဆာင္းပါးေတြေရးသူကုိ အေမရိကားဘယ္လုိလာႏုိင္မလဲဆိုတာေမးတာ သဘာဝက်ပါတယ္။ ဒါေၾကာင္႕လည္း ( https://www.facebook.com/photo.php?fbid=1507631116192023&set=pb.100008354461942.-2207520000.1447039794.&type=3&theater ) ဆိုတဲ႕လင္႕ကို (ျပန္ရွင္းျပမေနရေအာင္) ဖတ္ဖို႕ ကြ်န္ေတာ္ျပန္ပို႕ေပးတတ္ပါတယ္။
.
.
. ေကာင္းျပီ . . ေမးခြန္းေမးသူေတြက ဒီေနရာမွာတင္ရပ္မသြားပါဘူး။ ဒီလိုတရားဝင္နည္းလမ္းအရမဟုတ္ပဲ (ေရာက္ရင္ျပီးေရာ) တစ္ျခားေအာက္လမ္းေတြမရွိဘူးလား? လို႕ ေစာဒကတက္ျပန္ပါတယ္။ ကြ်န္ေတာ္က အေမရိကားမွာ ကုမၸဏီအတုေထာင္ျပီး လူကုန္ကူးႏုိင္ရင္လည္း အေကာင္းသား . .။
.
. သိေပမယ္႕ေျပာလုိ႕မရတဲ႕ (သူမ်ားေျပာျပတဲ႕ဇာတ္လမ္းေတြ) မရွိမဟုတ္ ရွိသေပါ႕ဗ်ာ။ ဒါေပမယ္႕ ေမးခြန္းရွင္ေတြထင္သလို တရားမဝင္လာေရာက္ျပီး အခုဟန္က်ေတာ႕မွ DV ေပါက္ျပီးေရာက္လာသလိုလုိ၊ အမ်ိဳးေတြေခၚလို႕ပဲေလယာဥ္ဘီးဖက္လိုက္လာရသလိုလို ဟန္ေဆာင္ေကာင္းျပီး လူရာဝင္ခ်င္သူေတြရဲ႕အျဖစ္သႏွစ္ကိုမွ မသိၾကပဲေလ။
.
.
. ဥပမာ-ကြ်န္ေတာ္ငယ္ငယ္တုန္းကဆိုရင္ ထုိင္ဝမ္၊ ဂ်ပန္သြားတာ နာမယ္ၾကီးတယ္။ ေနာက္ေတာ႕ (၁၉၈ဝ) ေလာက္မွာ အေမရိကားကုိအလည္သြားရင္း အႏုပညာရွင္တစ္ခ်ိဳ႕ ခုန္ခ်ေနခဲ႕ဖူးတယ္။ (၁၉၉ဝ) ေလာက္က်ေတာ႕ ျမန္မာႏိုင္ငံရဲ႕ပ်က္သြားတဲ႕ေခတ္တစ္ေခတ္မွာ အရင္ေရာက္ႏွင္႕ၾကတဲ႕အေမရိကားေရာက္ ပါပါး၊ မာမားေတြကေနတစ္ဆင္႕ ေနာက္မ်ိဳးဆက္ေတြေရာက္လာၾကတယ္။

.
. ဒါေပမယ္႕ အခုေနာက္ပိုင္း အင္တာနက္ပြင္႕လင္းလာသလို နည္းပညာလိုက္မွီေအာင္သံုးလာတဲ႕ျမန္မာႏုိင္ငံမွာ ဆက္သြယ္ေရးပိုေကာင္းလာေတာ႕ DV အေၾကာင္း လူပိုသိလာတယ္။ ႏုိင္ငံရပ္ျခားကိုေမးၾကည္႕ ျမန္းၾကည္႕သူေတြအတြက္ ထည္႕စဥ္းစားစရာအခ်က္အလက္ေတြမ်ားလာတယ္။
.
.
. တစ္ဆက္တည္း အေမရိကားေက်ာင္းတက္ဖို႕တတ္ႏိုင္သလို ပို႕လည္းပို႕ႏုိင္တဲ႕မိဘေတြ မ်ားလာတယ္။ အဲဒီေတာ႕ ဒီေရာက္တဲ႕ ထိပ္ဆံုးမ်ိဳးဆက္ - Baby Boomers (၁၉၅ဝခန္႕ေမြးသူမ်ား) တစ္စထက္တစ္စ ကြယ္လြန္ကုန္တယ္။ အခု အြန္လိုင္းမွာတက္ၾကြေနသူအမ်ားစုက ျမန္မာႏုိင္ငံရဲ႕အစုိးရဆန္႕က်င္ေရးတစ္ခုခုကိုျမင္ေတြ႕ခဲ႕ၾကဖူးသူေတြပါေနတယ္။ ဒီအထဲကမွ ႏုိင္ငံေရးအေရးေကာင္းသူေတြ ဒါဇင္ဝက္ေလာက္ လိုင္းေပၚမွာဖတ္ဖူးတယ္။ အေျပာေကာင္းသူေတြ အေရးေကာင္းသူေတြ နာမယ္ၾကီးသေလာက္ သူငယ္ခ်င္း " တုိးနီ " လို (၁၈) ပိုင္းအထိ ( http://konyinyitaunggyi.blogspot.com/2014/12/blog-post_31.html ) က်က်နနေျပာျပသူ မရွိသေလာက္ရွားတယ္။ ေစတနာေတြက ပါးတယ္။
.
. ဒါတင္ဘယ္ကဦးမလဲ . . က်ေနာ္/က်မတုိ႕ DV ေပါက္ထားတယ္၊ အမ်ိဳးေတြေခၚတာ အလွည္႕က်ျပီ လာရေတာ႕မယ္၊ ဘာေလ႕လာရမလဲ ဆုိသူေတြအတြက္ ( http://konyinyitaunggyi.blogspot.com/2015/09/blog-post_25.html ) ဆိုျပီး ေရးေပးတာ ရွိျပီးသား။
.
.
. တစ္ခ်ိဳ႕က်ေတာ႕ အေမရိကားအေၾကာင္း ဒီေလာက္ေရးေနတာ ဒါေမးရင္သူမေျဖႏိုင္ေလာက္ပါဘူးဆိုျပီး စမ္းသူေတြရွိတယ္။ အေမရိကားရဲ႕ကုမၸဏီေတြအေၾကာင္း ေသြးတိုးစမ္းၾကတယ္။ သူတုိ႕မသိတာက ကုိညီညီက ကုန္သည္တစ္ေယာက္ျဖစ္ခဲ႕ျပီး မေအာင္ျမင္ႏုိင္ဘူးထင္တဲ႕လုပ္ငန္းေတြကုိေအာင္ျမင္ေအာင္လုပ္ျပခဲ႕သလုိ ေအာင္ျမင္ျပီးသားလုပ္ငန္းေတြကိုသပ္သပ္ရပ္ရပ္သိမ္းဆည္းခဲ႕သူဆုိတာပါပဲ။ ဒါေတြကို သူတုိ႕ဖတ္ဖို႕ အေနာက္ႏိုင္ငံရဲ႕စီးပြားေရးကို ( http://konyinyitaunggyi.blogspot.com/2016/05/blog-post_29.html ) ေရးျပလိုက္တယ္ . . ရွင္းေရာ . .။
.
. ဒါေပမယ္႕ ဒီအုပ္စုေတြထက္ ပုိရွင္း ပိုလင္းတဲ႕ ခ်စ္မိတ္ေဆြေတြအတြက္ ေပ်ာ္စရာေကာင္းတဲ႕ အေမရိကားေရာက္ဘဝအေမာေတြကို အားေပးခ်င္တဲ႕အခါ ( http://konyinyitaunggyi.blogspot.com/2015/07/blog-post_17.html ) ဒီလိုေလး ေရးျပခဲ႕တယ္။ သူတို႕ေတြဖတ္ျပီး ေပ်ာ္ပါေစဆုိတာထက္ အသိပညာေတြကို မရွာမေဖြပဲ စာထဲမွာပါႏုိင္သေလာက္ပါေအာင္ ညွပ္သပ္ထည္႕ျပီး ဖတ္လိုက္ေစတယ္။
.
.
. ေနာက္တစ္မ်ိဳးက်ေတာ႕ အေနာက္ႏုိင္ငံကအေတြ႕အၾကံဳေတြကို ရသဆန္ဆန္ဖတ္ခ်င္တယ္။ ဒါမ်ိဳးေတြကို ဘာသာျပန္ နဲ႕ ေဖ႕ဘြတ္ခ္ မွာ သူမ်ားရွယ္တာထက္ တစ္ဆင္႕တက္ျပီးမဖတ္ျဖစ္ေသးသူေတြအတြက္ ကြ်န္ေတာ္သိခဲ႕၊ သင္ခဲ႕၊ ၾကားခဲ႕သမွ် မွတ္သားစရာေတြကို လက္ရွိ (၁၄) ပိုင္းအထိ ( http://konyinyitaunggyi.blogspot.com/2017/01/blog-post_13.html ) ကြ်န္ေတာ္ ျပန္ေရးျပတယ္။ သူမ်ားေျပာတာေတြဆိုေတာ႕ ရက္ပိုင္းအတြင္းမေရးခ်ရင္ ၾကာၾကာမွတ္မထားႏိုင္ဘူး။
.
. ဒီၾကားထဲ " အစ္ကုိေရးတာဖတ္ျပီး အေမရိကားအေၾကာင္းေတာ္ေတာ္သိေနျပီ " လို႕ မက္ေဆ႕ပုိ႕လာၾကသူေတြေၾကာင္႕ စာစေရးျဖစ္ခဲ႕တဲ႕ ေနရာသစ္မွသင္ယူျခင္း (၁၁) ပိုင္းဟာ ( http://konyinyitaunggyi.blogspot.com/2013/06/blog-post.html ) ေဟာင္းေနေပမယ္႕ အေမရိကားအေၾကာင္းသိခ်င္သူေတြအတြက္ သင္ပုန္းၾကီးျဖစ္ခဲ႕တယ္။
.
.
. ဒီ႕အျပင္ ခင္မင္ရင္းႏွီးသူေတြကေျပာျပတဲ႕ ဘဝအေငြ႕အသက္ခပ္မွ်ဥ္းမွ်ဥ္းေလးေတြကို စုစည္းျပီး ( http://konyinyitaunggyi.blogspot.com/2016/09/blog-post_26.html ) ေရးထားမိေတာ႕ စာဖတ္သူေတြက အေမရိကားေရာက္တုိင္းဘဝက လြယ္လြယ္ေလးမဟုတ္တာကို သိျမင္ဖို႕ေျပာျပျဖစ္တယ္။ ပညာေရး နဲ႕ ေက်ာင္းအေၾကာင္းဆုိရင္ ေျပာမေနနဲ႕ေတာ႕ ကြ်န္ေတာ႕စာတုိင္း တစ္ေနရာမဟုတ္ တစ္ေနရာ ဒီေခါင္းစဥ္ေတြက အျမဲပါဝင္ေနက် ဇာတ္လိုက္ေက်ာ္ေတြပဲ။
.
. ဒါနဲ႕တင္ ဘယ္က ဦးမလဲ . . ကြ်န္ေတာ႕ကိုေမးသူေတြကို အဂၤလိပ္စာေကာင္းေကာင္းလုပ္ဖို႕၊ ကိုယ္ေရး၊ ကိုယ္ဖတ္၊ ကိုယ္နားေထာင္၊ ကိုယ္ေျပာတဲ႕အဂၤလိပ္စာကုိတစ္ဆင္႕ျမင္႕ဖို႕ အျမဲေျပာတယ္။ အိမ္ထဲကေန အိမ္ျပင္ထြက္တာနဲ႕ ကိုယ္႕စကားသူမ်ားနားလည္သလို ျမန္မာႏုိင္ငံကေန အျပင္ကိုထြက္လိုက္တာနဲ႕ ကိုယ္ေျပာတဲ႕အဂၤလိပ္စကားက ႏိုင္ငံျခားသားေတြနားလည္ရမယ္။ ျမန္မာစာ နဲ႕ အဂၤလိပ္စာဟာ ဒဂၤါးျပားရဲ႕အေရွ႕ဘက္ နဲ႕ အေနာက္ဘက္လို ေက်ာခ်င္းကပ္ေနေပမယ္႕ သူတုိ႕ေျပာတဲ႕အဂၤလိပ္စာကို ကိုယ္က ပိုင္ပိုင္ႏုိင္ႏိုင္နားလည္ရမယ္လုိ႕အၾကံေပးမိတယ္။
.
.
. အဲဒီကေန ေနာက္တစ္ဆင္႕တက္ေမးလာရင္ အေမရိကန္အစိုးရဗီဆာဝဘ္ဆိုဒ္ ( https://travel.state.gov/content/visas/en.html ) နဲ႕ ကေနဒါအစုိးရဗီဆာဝဘ္ဆိုဒ္ ( http://www.cic.gc.ca/english/visit/index.asp ) ေတြကို ဘယ္သူ႕အကူအညီမွမယူပဲ ဖတ္ႏုိင္ေအာင္ ကြ်န္ေတာ္ခုိင္းတတ္တယ္။
.
. သိတဲ႕အတုိင္းပဲ လူႏိုင္မိတ္ေဆြေတြက ေမးတာေတာ႕ပိုင္တယ္၊ စာဖတ္ဖို႕ပ်င္းၾကတယ္။ ဒါေၾကာင္႕ သိခ်င္တာတစ္ခုခုုဆိုရင္ မက္ေဆ႕ေဘာက္ကေန " ဒင္ကနဲ " ေမးလိုက္တာကို သိပါတယ္။ ဒါေပမယ္႕ ဘယ္ေလာက္အဆင္ေျပတယ္ေျပာေျပာ၊ ဘယ္ေလာက္ဒုကၡေရာက္တယ္ေျပာေျပာ၊ ဘယ္လိုပင္ေမာပန္းရပါတယ္လုိ႕ေျပာေျပာ မယံုၾကပါဘူး။ သူတုိ႕ရဲ႕စိတ္ကူးေတြ မဆိတ္သုဥ္းသြားဘူး . . ကြ်န္ေတာ္သိတယ္။
.
.
. ဒါေၾကာင္႕ ကြ်န္ေတာ္ေျပာခ်င္တာက . . ေမးပါ။ ေမးခြန္းေမးတာ ေကာင္းတယ္။ အဲဒါထက္ ဘာေမးရမလဲသိတာ ပိုေကာင္းတယ္။ ေနာက္ဆံုး တစ္ခုခုကိုတစ္ကယ္လုပ္ေနပါျပီ . . ေနာက္ဘာဆက္လုပ္ရမလဲလို႕ေမးတာက အေကာင္းဆံုးပါပဲ။
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 04-23-2017
.
.
Unicode Version:
.
.
. " မေးခွန်းမေးသည်ဆိုရာဝယ် "
. မေးလာတဲ့မေးခွန်းတွေကို အွန်လိုင်းဆယ်လီမဟုတ်တဲ့ကျွန်တော်ဟာ ရသမျှအချိန်လေးမှာ ကြိုးစားပြီး ဖြေကြားပါတယ်။ မေးခွန်းတွေက အစုံပါ။ ဒါပေမယ့် တစ်ခုသေချာတာက အခက်အခဲတစ်ခုမရှိပဲ၊ အကြပ်အတည်းထဲရောက်မနေပဲ၊ နောက်ဆုံး တစ်ခုခုမသိချင်ပဲ ကျွန်တော့ကိုမေးစရာအကြောင်းမပေါ်ပေါက်ပါဘူး။ ဒါကိုပဲဖြေခွင့်ရတဲ့အတွက် ကျေနပ်မှုတစ်ခုကို ကျွန်တော့အချိန်တွေနဲ့လဲလှယ်မိတာ တစ်ခါတစ်လေကျတော့ အပြစ်ဖြစ်ရပါတယ်။
.
. အများအားဖြင့် အမေရိကားအတွေ့အကြုံအခြေခံဆောင်းပါးတွေရေးသူကို အမေရိကားဘယ်လိုလာနိုင်မလဲဆိုတာမေးတာ သဘာဝကျပါတယ်။ ဒါကြောင့်လည်း ( https://www.facebook.com/photo.php?fbid=1507631116192023&set=pb.100008354461942.-2207520000.1447039794.&type=3&theater ) ဆိုတဲ့လင့်ကို (ပြန်ရှင်းပြမနေရအောင်) ဖတ်ဖို့ ကျွန်တော်ပြန်ပို့ပေးတတ်ပါတယ်။
.
.
. ကောင်းပြီ . . မေးခွန်းမေးသူတွေက ဒီနေရာမှာတင်ရပ်မသွားပါဘူး။ ဒီလိုတရားဝင်နည်းလမ်းအရမဟုတ်ပဲ (ရောက်ရင်ပြီးရော) တစ်ခြားအောက်လမ်းတွေမရှိဘူးလား? လို့ စောဒကတက်ပြန်ပါတယ်။ ကျွန်တော်က အမေရိကားမှာ ကုမ္ပဏီအတုထောင်ပြီး လူကုန်ကူးနိုင်ရင်လည်း အကောင်းသား . .။
.
. သိပေမယ့်ပြောလို့မရတဲ့ (သူများပြောပြတဲ့ဇာတ်လမ်းတွေ) မရှိမဟုတ် ရှိသပေါ့ဗျာ။ ဒါပေမယ့် မေးခွန်းရှင်တွေထင်သလို တရားမဝင်လာရောက်ပြီး အခုဟန်ကျတော့မှ DV ပေါက်ပြီးရောက်လာသလိုလို၊ အမျိုးတွေခေါ်လို့ပဲလေယာဉ်ဘီးဖက်လိုက်လာရသလိုလို ဟန်ဆောင်ကောင်းပြီး လူရာဝင်ချင်သူတွေရဲ့အဖြစ်သနှစ်ကိုမှ မသိကြပဲလေ။
.
.
. ဥပမာ-ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် ထိုင်ဝမ်၊ ဂျပန်သွားတာ နာမယ်ကြီးတယ်။ နောက်တော့ (၁၉၈ဝ) လောက်မှာ အမေရိကားကိုအလည်သွားရင်း အနုပညာရှင်တစ်ချို့ ခုန်ချနေခဲ့ဖူးတယ်။ (၁၉၉ဝ) လောက်ကျတော့ မြန်မာနိုင်ငံရဲ့ပျက်သွားတဲ့ခေတ်တစ်ခေတ်မှာ အရင်ရောက်နှင့်ကြတဲ့အမေရိကားရောက် ပါပါး၊ မာမားတွေကနေတစ်ဆင့် နောက်မျိုးဆက်တွေရောက်လာကြတယ်။
.
. ဒါပေမယ့် အခုနောက်ပိုင်း အင်တာနက်ပွင့်လင်းလာသလို နည်းပညာလိုက်မှီအောင်သုံးလာတဲ့မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးပိုကောင်းလာတော့ DV အကြောင်း လူပိုသိလာတယ်။ နိုင်ငံရပ်ခြားကိုမေးကြည့် မြန်းကြည့်သူတွေအတွက် ထည့်စဉ်းစားစရာအချက်အလက်တွေများလာတယ်။
.
.
. တစ်ဆက်တည်း အမေရိကားကျောင်းတက်ဖို့တတ်နိုင်သလို ပို့လည်းပို့နိုင်တဲ့မိဘတွေ များလာတယ်။ အဲဒီတော့ ဒီရောက်တဲ့ ထိပ်ဆုံးမျိုးဆက် - Baby Boomers (၁၉၅ဝခန့်မွေးသူများ) တစ်စထက်တစ်စ ကွယ်လွန်ကုန်တယ်။ အခု အွန်လိုင်းမှာတက်ကြွနေသူအများစုက မြန်မာနိုင်ငံရဲ့အစိုးရဆန့်ကျင်ရေးတစ်ခုခုကိုမြင်တွေ့ခဲ့ကြဖူးသူတွေပါနေတယ်။ ဒီအထဲကမှ နိုင်ငံရေးအရေးကောင်းသူတွေ ဒါဇင်ဝက်လောက် လိုင်းပေါ်မှာဖတ်ဖူးတယ်။ အပြောကောင်းသူတွေ အရေးကောင်းသူတွေ နာမယ်ကြီးသလောက် သူငယ်ချင်း " တိုးနီ " လို (၁၈) ပိုင်းအထိ ( http://konyinyitaunggyi.blogspot.com/2014/12/blog-post_31.html ) ကျကျနနပြောပြသူ မရှိသလောက်ရှားတယ်။ စေတနာတွေက ပါးတယ်။
.
. ဒါတင်ဘယ်ကဦးမလဲ . . ကျနော်/ကျမတို့ DV ပေါက်ထားတယ်၊ အမျိုးတွေခေါ်တာ အလှည့်ကျပြီ လာရတော့မယ်၊ ဘာလေ့လာရမလဲ ဆိုသူတွေအတွက် ( http://konyinyitaunggyi.blogspot.com/2015/09/blog-post_25.html ) ဆိုပြီး ရေးပေးတာ ရှိပြီးသား။
.
.
. တစ်ချို့ကျတော့ အမေရိကားအကြောင်း ဒီလောက်ရေးနေတာ ဒါမေးရင်သူမဖြေနိုင်လောက်ပါဘူးဆိုပြီး စမ်းသူတွေရှိတယ်။ အမေရိကားရဲ့ကုမ္ပဏီတွေအကြောင်း သွေးတိုးစမ်းကြတယ်။ သူတို့မသိတာက ကိုညီညီက ကုန်သည်တစ်ယောက်ဖြစ်ခဲ့ပြီး မအောင်မြင်နိုင်ဘူးထင်တဲ့လုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်ပြခဲ့သလို အောင်မြင်ပြီးသားလုပ်ငန်းတွေကိုသပ်သပ်ရပ်ရပ်သိမ်းဆည်းခဲ့သူဆိုတာပါပဲ။ ဒါတွေကို သူတို့ဖတ်ဖို့ အနောက်နိုင်ငံရဲ့စီးပွားရေးကို ( http://konyinyitaunggyi.blogspot.com/2016/05/blog-post_29.html ) ရေးပြလိုက်တယ် . . ရှင်းရော . .။
.
. ဒါပေမယ့် ဒီအုပ်စုတွေထက် ပိုရှင်း ပိုလင်းတဲ့ ချစ်မိတ်ဆွေတွေအတွက် ပျော်စရာကောင်းတဲ့ အမေရိကားရောက်ဘဝအမောတွေကို အားပေးချင်တဲ့အခါ ( http://konyinyitaunggyi.blogspot.com/2015/07/blog-post_17.html ) ဒီလိုလေး ရေးပြခဲ့တယ်။ သူတို့တွေဖတ်ပြီး ပျော်ပါစေဆိုတာထက် အသိပညာတွေကို မရှာမဖွေပဲ စာထဲမှာပါနိုင်သလောက်ပါအောင် ညှပ်သပ်ထည့်ပြီး ဖတ်လိုက်စေတယ်။
.
.
. နောက်တစ်မျိုးကျတော့ အနောက်နိုင်ငံကအတွေ့အကြုံတွေကို ရသဆန်ဆန်ဖတ်ချင်တယ်။ ဒါမျိုးတွေကို ဘာသာပြန် နဲ့ ဖေ့ဘွတ်ခ် မှာ သူများရှယ်တာထက် တစ်ဆင့်တက်ပြီးမဖတ်ဖြစ်သေးသူတွေအတွက် ကျွန်တော်သိခဲ့၊ သင်ခဲ့၊ ကြားခဲ့သမျှ မှတ်သားစရာတွေကို လက်ရှိ (၁၄) ပိုင်းအထိ ( http://konyinyitaunggyi.blogspot.com/2017/01/blog-post_13.html ) ကျွန်တော် ပြန်ရေးပြတယ်။ သူများပြောတာတွေဆိုတော့ ရက်ပိုင်းအတွင်းမရေးချရင် ကြာကြာမှတ်မထားနိုင်ဘူး။
.
. ဒီကြားထဲ " အစ်ကိုရေးတာဖတ်ပြီး အမေရိကားအကြောင်းတော်တော်သိနေပြီ " လို့ မက်ဆေ့ပို့လာကြသူတွေကြောင့် စာစရေးဖြစ်ခဲ့တဲ့ နေရာသစ်မှသင်ယူခြင်း (၁၁) ပိုင်းဟာ ( http://konyinyitaunggyi.blogspot.com/2013/06/blog-post.html ) ဟောင်းနေပေမယ့် အမေရိကားအကြောင်းသိချင်သူတွေအတွက် သင်ပုန်းကြီးဖြစ်ခဲ့တယ်။
.
.
. ဒီ့အပြင် ခင်မင်ရင်းနှီးသူတွေကပြောပြတဲ့ ဘဝအငွေ့အသက်ခပ်မျှဉ်းမျှဉ်းလေးတွေကို စုစည်းပြီး ( http://konyinyitaunggyi.blogspot.com/2016/09/blog-post_26.html ) ရေးထားမိတော့ စာဖတ်သူတွေက အမေရိကားရောက်တိုင်းဘဝက လွယ်လွယ်လေးမဟုတ်တာကို သိမြင်ဖို့ပြောပြဖြစ်တယ်။ ပညာရေး နဲ့ ကျောင်းအကြောင်းဆိုရင် ပြောမနေနဲ့တော့ ကျွန်တော့စာတိုင်း တစ်နေရာမဟုတ် တစ်နေရာ ဒီခေါင်းစဉ်တွေက အမြဲပါဝင်နေကျ ဇာတ်လိုက်ကျော်တွေပဲ။
.
. ဒါနဲ့တင် ဘယ်က ဦးမလဲ . . ကျွန်တော့ကိုမေးသူတွေကို အင်္ဂလိပ်စာကောင်းကောင်းလုပ်ဖို့၊ ကိုယ်ရေး၊ ကိုယ်ဖတ်၊ ကိုယ်နားထောင်၊ ကိုယ်ပြောတဲ့အင်္ဂလိပ်စာကိုတစ်ဆင့်မြင့်ဖို့ အမြဲပြောတယ်။ အိမ်ထဲကနေ အိမ်ပြင်ထွက်တာနဲ့ ကိုယ့်စကားသူများနားလည်သလို မြန်မာနိုင်ငံကနေ အပြင်ကိုထွက်လိုက်တာနဲ့ ကိုယ်ပြောတဲ့အင်္ဂလိပ်စကားက နိုင်ငံခြားသားတွေနားလည်ရမယ်။ မြန်မာစာ နဲ့ အင်္ဂလိပ်စာဟာ ဒင်္ဂါးပြားရဲ့အရှေ့ဘက် နဲ့ အနောက်ဘက်လို ကျောချင်းကပ်နေပေမယ့် သူတို့ပြောတဲ့အင်္ဂလိပ်စာကို ကိုယ်က ပိုင်ပိုင်နိုင်နိုင်နားလည်ရမယ်လို့အကြံပေးမိတယ်။
.
.
. အဲဒီကနေ နောက်တစ်ဆင့်တက်မေးလာရင် အမေရိကန်အစိုးရဗီဆာဝဘ်ဆိုဒ် ( https://travel.state.gov/content/visas/en.html ) နဲ့ ကနေဒါအစိုးရဗီဆာဝဘ်ဆိုဒ် ( http://www.cic.gc.ca/english/visit/index.asp ) တွေကို ဘယ်သူ့အကူအညီမှမယူပဲ ဖတ်နိုင်အောင် ကျွန်တော်ခိုင်းတတ်တယ်။
.
. သိတဲ့အတိုင်းပဲ လူနိုင်မိတ်ဆွေတွေက မေးတာတော့ပိုင်တယ်၊ စာဖတ်ဖို့ပျင်းကြတယ်။ ဒါကြောင့် သိချင်တာတစ်ခုခုဆိုရင် မက်ဆေ့ဘောက်ကနေ " ဒင်ကနဲ " မေးလိုက်တာကို သိပါတယ်။ ဒါပေမယ့် ဘယ်လောက်အဆင်ပြေတယ်ပြောပြော၊ ဘယ်လောက်ဒုက္ခရောက်တယ်ပြောပြော၊ ဘယ်လိုပင်မောပန်းရပါတယ်လို့ပြောပြော မယုံကြပါဘူး။ သူတို့ရဲ့စိတ်ကူးတွေ မဆိတ်သုဉ်းသွားဘူး . . ကျွန်တော်သိတယ်။
.
.
. ဒါကြောင့် ကျွန်တော်ပြောချင်တာက . . မေးပါ။ မေးခွန်းမေးတာ ကောင်းတယ်။ အဲဒါထက် ဘာမေးရမလဲသိတာ ပိုကောင်းတယ်။ နောက်ဆုံး တစ်ခုခုကိုတစ်ကယ်လုပ်နေပါပြီ . . နောက်ဘာဆက်လုပ်ရမလဲလို့မေးတာက အကောင်းဆုံးပါပဲ။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 04-23-2017






No comments: