ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, March 17, 2016

ထမင္းစားျပီးရင္ေရတစ္ခြက္တိုက္လိုက္ပါ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကေလးငယ္ေတြဟာ ငယ္စဥ္ကတည္းက သူဘာလုပ္ခ်င္တယ္ဆုိတာ မသိၾကပါဘူး။ ဒါေၾကာင္႕ သူတုိ႕ကုိ ၾကီးျပင္းလာေအာင္ပ်ိဳးေထာင္ျပဳစုလာတဲ႕ မိသားစုလုပ္ငန္းေပၚမူတည္ျပီး ဆရာဝန္သားသမီးေတြက နားၾကပ္နဲ႕ေဆာ႕ရင္း ဆရာဝန္ျဖစ္ခ်င္တယ္လုိ႕ေျပာမယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ႕ ဝက္အူလွည္႕ေလးေတြကိုင္ျပီး အင္ဂ်င္နီယာျဖစ္ခ်င္တယ္လုိ႕ေျပာမယ္။ တစ္ခ်ိဳ႕စီးပြားေရးသမားေတြရဲ႕ သားသမီးေတြက ဂဏန္းတြက္စက္ကုိင္ျပီးတြက္ခ်က္တမ္းကစားေနတဲ႕ သားသမီးကို သူေ႒းျဖစ္ေတာ႕မွာပဲဆုိျပီး ဝမ္းသာၾကတယ္။
.
.
ကေလးေတြရဲ႕ႏႈတ္ဖ်ားကေန “ သမီးက ” ၊ “ သားသားက ” ဘာျဖစ္ခ်င္တယ္ဆိုတာ ေျပာထြက္လာႏိုင္ေအာင္လုပ္ေဆာင္ေပးဖို႕ လူၾကီးေတြက လမ္းေက်ာင္းေပးရပါမယ္။ အဲဒီနိဒါန္းစကားခ်ီးကို မထစ္မေငါ႕ေျပာလာတဲ႕ေနာက္ ကေလးေတြရဲ႕ပကတိစိတ္ထဲမွာ ဖခင္လိုျဖစ္ခ်င္သလား ? မိခင္လိျုဖစ္ခ်င္သလား ? ဒါမွမဟုတ္ သူတို႕ၾကည္႕ေနတဲ႕ကာတြန္းကားထဲက ပါဝါရိန္းဂ်ားလို ျဖစ္ခ်င္သလား ? စတဲ႕ ဦးတည္ရာတစ္ခုခုရဖို႕ ဦးေႏွာက္ကုိဖြင္႕ေပးဖို႕ လိုအပ္ပါတယ္။
.
မိဘအလုပ္အကိုင္က ကားစပယ္ရာျဖစ္ပါေစ .. ကုမၸဏီတစ္ခုရဲ႕အမႈေဆာင္အရာရွိျဖစ္ပါေစ .. ကေလးငယ္ရဲ႕ရင္ထဲကျဖစ္ခ်င္စိတ္ကို ေပးေျပာသင္႕ပါတယ္။ ဒီကေနမွ သူတုိ႕ဘဝရဲ႕ယံုၾကည္မႈရွိလာေအာင္ မိဘအုပ္ထိန္းသူေတြက လက္ရွိဘဝက ေအာင္ျမင္သူမ်ား နဲ႕ က်ရွံဴးသူမ်ားကို သာဓကအေနနဲ႕ထုတ္ျပရင္း သင္ၾကားေပးႏိုင္ပါမယ္။ ဒီပံုရိပ္ေတြဟာ အခ်ိန္တန္ရင္ သူတို႕ဘဝျဖစ္လာလိမ္႕မယ္။ ဒီတဒဂၤကေတြဟာ သူတို႕ရဲ႕မွတ္ပံုတင္ျဖစ္သလို သူတို႕ရဲ႕အရိပ္လည္း ျဖစ္ပါတယ္။ ဒါဟာ ဘဝကားကုိေမာင္းႏွင္မယ္႕ ယာဥ္ေမာင္းလိုင္စင္တစ္ခုလို႕လည္း ယူဆႏိုင္ပါတယ္။ အေၾကာင္းရင္းကေတာ႕ ကေလးငယ္ဟာ “ သူၾကီးလာရင္ .. ဘာျဖစ္ေအာင္လုပ္မယ္ ” ဆိုတဲ႕ရည္မွန္းခ်က္ကိုေရာက္ေအာင္သြားရန္ ဆႏၵျဖစ္ေပၚလာေစဖို႕ ေမာင္းႏွင္ေပးမယ္႕ ယႏၱရားေတြ ျဖစ္လို႕ပါ။

.
.
ကနဦးေမြးဖြားလာတုန္းက ကေလးေတြရဲ႕ဦးေႏွာက္မွာ ဘာမွတ္ဥာဏ္မွမပါလာေပမယ္႕ ပကတိျဖဴစင္မႈအျပည္႕ရွိတဲ႕ ပါဝါစြမ္းရည္ေလးေတြ ပါရွိခဲ႕တယ္။ သူတုိ႕ကိုယ္သူတို႕ .. သံသယျဖစ္ေနမႈေတြ မရွိဘူး၊ အားငယ္စိတ္ေတြ မရွိဘူး၊ ယံုၾကည္မႈတစ္ခုကိုလက္မခံပဲ အတင္းအဓမၼဆန္႕က်င္တတ္တဲ႕သဘာဝေတြ မရွိၾကပါဘူး။ သုိ႕ေသာ္လည္း အရြယ္ေရာက္လာတဲ႕အခါ လူ႕ေလာက က သင္ေပးလိုက္တဲ႕ မေကာင္းမႈ၊ လမ္းမွားေရာက္မႈမွန္သမွ်ကို ခါးစည္းခံရင္း သူတို႕ဦးေႏွာက္ထဲကို အထက္ကေျပာခဲ႕တဲ႕အက်င္႕ဆိုးေတြ ေရာက္ခ်င္းမလွေရာက္လာတာကို ေတြ႕ရပါလိမ္႕မယ္။
.
ဒါေတြကိုကာကြယ္ႏိုင္ရန္ “ မိမိကိုယ္တိုင္ယံုၾကည္မႈရွိျခင္း - Self-Confidence ” ဆိုတဲ႕ ဒိုင္းတစ္ခုနဲ႕ကာကြယ္တတ္ေအာင္ သင္ေပးေစခ်င္တယ္။ တစ္ဆက္တည္း သူတုိ႕မွာမက္စရာအိမ္မက္မရွိတဲ႕အခါ ငယ္ရြယ္တဲ႕ကေလးေတြမွာ အရြယ္တိုင္လို႕ လမ္းမေလွ်ာက္တာတုိ႕၊ စကားမေျပာတာတို႕၊ အစားအေသာက္ကိုကိုယ္တိုင္ယူငင္မစားေသာက္တာတုိ႕ ျဖစ္လာတတ္ပါတယ္။ တစ္ခုခုၾကံဳလိုက္တိုင္း၊ ရွံဴးနိမ္႕သြားတုိင္း ျဖစ္ႏိုင္ေတာ႕မွာမဟုတ္ဘူးဆိုျပီး အားေလွ်ာ႕လာတတ္္ၾကတယ္။
.
တကယ္ေတာ႕ အျပင္ေလာကကိုထြက္လာကတည္းက ေအာင္ျမင္ေအာင္လုပ္မယ္ဆုိျပီးေတြးခဲ႕ၾကသူခ်ည္းပါပဲ။ ကေလးေတြဟာ လက္ခံလြယ္တယ္။ ပံုတူကူးလြယ္တယ္။ အတုခိုးျမန္တယ္။ ေက်ာ္လႊားရမလား ? သူတို႕လုပ္တတ္တယ္။ ၾကိဳတင္ျပင္ဆင္ထားရမလား ? သူတုိ႕ႏွစ္သက္တယ္။ ဒီအမူအက်င္႕ေတြအေပၚမွာ လူၾကီးက ျမင္တတ္ရင္ အဆင္ေျပပါျပီ။
.
.
အေနာက္တုိင္းက ေရွးစာဆိုတစ္ခုအရ “ လူသားေတြဟာ သူတို႕ေမွ်ာ္လင္႕ထားသလို အျမင္႕ဆံုး ေနၾကသလို အနိမ္႕ဆံုးလည္း ေနၾကတယ္ ” ဆိုတဲ႕စကားကုိေျပာျပခ်င္တယ္။ အျဖစ္မွန္မွာေတာ႕ ေကာင္းတဲ႕ရလဒ္ရလာဖုိ႕ ေကာင္းတဲ႕ရည္မွန္းခ်က္ရွိရမွာျဖစ္သလို ဘာကိုရည္ရြယ္ရမွန္းသိေစတဲ႕ သတိတရားမရွိသ၍ေတာ႕ အနိမ္႕ဘဝနဲ႕ပဲ ေနသြားရမယ္လို႕ေျပာထားတာပါ။ ဒါနဲ႕အတူ ကေလးေတြနဲ႕လူငယ္ေတြဟာ ကုိယ္ဘာျဖစ္ခ်င္သလဲဆုိတဲ႕ ေက်ာက္သင္ပုန္းပံုရိပ္ကိုမဖမ္းမိေသးတဲ႕ကာလပတ္လံုး တဝဲလည္လည္ျဖစ္ေနရင္း ဘဝေရယဥ္ေၾကာမွာ နစ္ေျမာလိုက္သြားႏိုင္ပါတယ္။
.
အထက္ကဆိုခဲ႕တဲ႕အတိုင္းတစ္ကယ္ျဖစ္ခဲ႕ရင္ သူတို႕ဘာကိုေမွ်ာ္လင္႕ရမယ္ဆိုတာကိုသိေအာင္ ဘယ္ပံုဘယ္နည္းလုပ္ေဆာင္ေပးႏိုင္ပါသလဲ? ဒီ႕အတြက္ သူတို႕ကုိေလ႕လာႏိုင္တဲ႕အခ်ိန္ေကာင္းရွိပါတယ္၊ ေနရာေကာင္းရွိပါတယ္။ အဲဒါကေတာ႕ သူတို႕ကစားေနတဲ႕အခ်ိန္၊ သူတို႕ေပ်ာ္ရႊင္ေနတဲ႕အခ်ိန္မွာေတြ႕ရတဲ႕ သူတို႕ေလးေတြအားသန္တဲ႕ “ ဝါသနာ ” ဟာ သူတို႕ဘဝတံခြန္တိုင္ထူႏိုင္ဖို႕ လမ္းစျဖစ္တယ္ဆိုတာကို သတိထားၾကည္႕ႏုိင္ပါတယ္။
.
.
ကေလးေတြ နဲ႕ လူငယ္အမ်ားစုဟာ သူတို႕ဝါသနာပါတာကိုလုပ္ခြင္႕ရျခင္းအားျဖင္႕ လုပ္ငန္းခြင္မွာဆိုရင္ ေပ်ာ္ရႊင္မယ္ .. ဒါဆိုရင္ မိဘေတြက စိတ္ေအးရျပီ။ ေက်ာင္းသင္ခန္းစာပညာေရးမွာ သူတုိ႕လုပ္္ခ်င္တာလုပ္ေနရရင္ ေဘးအေမွာင္႕ပေယာဂဝင္ဖို႕ ခက္သြားပါျပီ။ သူတို႕စိတ္ပါဝင္စားေနတဲ႕အခါမ်ိဳး၊ သည္းၾကီးမည္းၾကီးဂိမ္းကစားေနတဲ႕အခါမ်ိဳး ထမင္းေခၚေကြ်းလို႕မရလို႕ စိတ္မပ်က္ပါနဲ႕ .. သူတို႕မွာ စိတ္ဝင္စားတၾကီးလုပ္စရာတစ္ခုရွိေနတာက ေကာင္းျခင္းမဂၤလာတစ္ခုပါ။ အမွားကိုေရွာင္ကြင္းႏိုင္ေစဖို႕ ေဝးေဝးသြားရွာေနစရာမလိုပါဘူး .. မ်က္စိေရွ႕မွာတင္ လူၾကီးေတြဟာ ကိုယ္ၾကံဳခဲ႕တဲ႕အမွားေတြကို ခ်ျပလိုက္ရံုနဲ႕ ကုိယ္႕ရင္ေသြး သားသမီးေတြအတြက္ တန္ဖိုးရွိတဲ႕ သင္ခန္းစာေတြ ျဖစ္လာမွာပါ။
.
သားသမီးကို ေဆးလိပ္မေသာက္ေစခ်င္ရင္ မိဘထဲကတစ္ေယာက္ေယာက္က ေသာက္ျပေနလို႕ကေတာ႕ ဘယ္နည္းနဲ႕မွ စံျပျဖစ္မလာႏုိင္ပါဘူး။ ထုိနည္းတူစြာ အရက္ေသာက္ေနတဲ႕မိဘရဲ႕သားသမီးကို ျပစ္မ်ိဳးမွဲ႕မထင္ဆံုးမႏုိင္ဖို႕ဆိုတာ ေတာ္ေတာ္လြန္ကဲတဲ႕ေမွ်ာ္လင္႕ခ်က္လို႕ ေျပာရပါလိမ္႕မယ္။ ဒီလိုဆုိရင္ ပညာမတတ္တဲ႕မိသားစုက .. ပညာမတတ္ခဲ႕တဲ႕ အေဖ အေမ က သားသမီးကိုပညာတတ္ျဖစ္ေစခ်င္လြန္းလို႕ “ ငါတိုိ႕က ပညာမတတ္ခဲ႕ဘူး။ ဒါေၾကာင္႕ ငါ႕သားေရ .. ငါ႕သမီးေရ .. မင္းတုိ႕ေခတ္မွာပညာတတ္ျဖစ္ေအာင္လုပ္ၾက ”  ဆုိျပီး ရင္နင္႕စြာ လမ္းညႊန္မႈေပးၾကတာကို ခံစားလို႕ရပါတယ္။
.
.
တစ္ခါက ကေလးငယ္လက္ကိုဆြဲျပီး မဟတၱမဂႏၶီၾကီးဆီကုိ “ အခ်ိဳစားလြန္းလို႕ဆံုးမေပးပါ ” ဆိုတဲ႕ မိခင္တစ္ေယာက္အေၾကာင္း အမွတ္ရမိတယ္။ ကေလးမိခင္ကေတာင္းဆိုေတာ႕ ဂႏၶီ က ေနာက္ေန႕မွလာခဲ႕ဖို႕ ျပန္ခ်ိန္းလိုက္တယ္။ ဒါနဲ႕ ေနာက္ေန႕မွာ အဲဒီသားအမိျပန္ေရာက္အလာမွာ “ ေလးစားရတဲ႕ ေခါင္းေဆာင္ဂႏၶီၾကီးရွင္႕ ..။ ဒီေန႕ခ်ိန္းလို႕ ျပန္ေရာက္လာပါျပီ။ ကြ်န္မကေလး ခ်ိဳခ်ဥ္ေတြ၊ သၾကားလံုးေတြ စားလြန္းလို႕ ဆံုးမေပးပါ ” လို႕ ထပ္ခြင္႕ပန္ပါတယ္။ ဒီအခါမွာ ဂႏၶီက ကေလးမ်က္ႏွာကိုၾကည္႕ျပီး “ အခ်ိဳေတြသိပ္မစားနဲ႕ ” လို႕ တစ္ခြန္းတည္း ဆံုးမလိုက္တယ္။
.
ဒီအခါမွာ ဂႏၶီလို ႏုိင္ငံ႕ဥေသွ်ာင္တစ္ေယာက္က ထမ္းရ ပုိးရေလာက္တဲ႕ ၾကီးၾကီးက်ယ္က်ယ္ဆံုးမစကားထြက္လာမလားလို႕ ေမွ်ာ္လင္႕ေနတဲ႕ မိခင္က အရပ္ထဲမွာဆံုးမသလို၊ အိမ္မွာဆံုးမသလို “ အခ်ိဳေတြသိပ္မစားနဲ႕ ” ဆိုတာကုိၾကားရေတာ႕ ေတာ္ေတာ္အထင္ေသးသြားပါတယ္။ ဒါကို ကေလးမိခင္က “ ဒါနဲ႕မ်ား ဂႏၶီၾကီးရယ္ .. ေရးၾကီးခြင္က်ယ္လုပ္လုိ႕ ဒီေန႕ခ်ိန္းလိုက္ရေသးတယ္။ မေန႕ကတည္းက ကေလးကို အခ်ိဳေတြသိပ္မစားနဲ႕လို႕ေျပာလႊတ္လိုက္ေတာ႕ .. ျပီးေရာေပါ႕ ” ဆုိျပီး ခနဲ႕တဲ႕တဲ႕ ေျပာပါေတာ႕တယ္။
.
.
ထိုးႏွက္ခ်က္ကို သတိထားဆင္ျခင္ျပီး မဟတၱမဂႏၶီၾကီးေျပာသြားတာက သိပ္အဖိုးတန္ပါတယ္ “ မေန႕က ငါ သၾကားလံုးစားေနလို႕ပါ ” တဲ႕။ ဆုိလိုတာက သူကုိယ္တိုင္အခ်ိဳကိုစြဲလမ္းႏွစ္သက္ေနတဲ႕အခ်ိန္မွာ အျပစ္ကင္းတဲ႕ကေလးတစ္္ေယာက္ကို အခ်ိဳမစားနဲ႕လို႕ေျပာျပီး သူ႕ကုိယ္သူညာတဲ႕အလုပ္မ်ိဳး ဂႏၶီလို အမ်ားသိႏုိင္ငံ႕ေခါင္းေဆာင္တစ္ေယာက္ မလုပ္ပါဘူး။ ဒါေၾကာင္႕ သူကိုယ္တုိင္အခ်ိဳမစားတဲ႕ေနာက္တစ္ေန႕က်မွ ကေလးကုိ လိပ္ျပာသန္႕သန္႕ဆံုးမစကား ျမြက္ၾကားပါတယ္။
.
ကုိယ္တုိင္ကိုယ္က်ဘာမွမသိတဲ႕ အမိျမန္မာႏုိင္ငံတည္ေဆာက္ေရးမွာ ကိုယ္႕သမီးကုိ ဆရာဝန္ၾကီးျဖစ္ရင္ျပီးျပီ .. ႏိုင္ငံျခားေက်ာင္းတက္ရရင္ေတာ္ျပီ ဆုိတဲ႕ မိဘေတြထဲမွာ စာဖတ္သူတစ္ေယာက္ပါဝင္ေနသလား စဥ္းစားေစခ်င္ပါတယ္။ ကုိယ္႕ေခတ္တုန္းကအခြင္႕အေရးမရခဲ႕လို႕ လူငယ္ေတြကို အတင္းလုပ္ခုိင္းသမွ် ဘာတစ္ခု အေကာင္းျဖစ္လာတာ ျမင္ခဲ႕ရပါသလဲ? ဒီလုိ ညွိမရခဲ႕တဲ႕အခ်က္ေတြေၾကာင္႕ပဲ ကေလးလည္းအသက္ၾကီးလာ .. မိဘေတြလည္း အုိမင္းမစြမ္းလာတဲ႕အခါ ကုိယ္႕သားသမီးမွာ အသက္အရြယ္နဲ႕ထုိက္တန္တဲ႕ ငယ္ရြယ္သူတုိ႕ရဲ႕ပ်ိဳမ်စ္မႈရဲ႕စြမ္းအင္ေတြ ပ်က္သုန္းကုန္ပါျပီ .. မရွိေတာ႕ပါဘူး။
.
.
ဒါေၾကာင္႕ လူ႕ေလာကထဲကို ပုိ႕လႊတ္လိုက္မယ္႕ သားသမီးေတြကို ဝါသနာအရင္းခံတဲ႕အလုပ္ကို လမ္းေၾကာင္းခ်ေပးသင္႕ပါတယ္။ ေနာက္က်မွ သေဘာမေတြ႕လုိ႕ အခါေႏွာင္းေနာင္တ ျပန္ရႏုိင္ေပမယ္႕ လူငယ္ဘဝဆုိတာ ဘယ္ေတာ႕မွျပန္မရေတာ႕ပါဘူး။ အသိေနာက္က်ေပမယ္႕ မိဘ နဲ႕ သားသမီး စိတ္ရွိရင္ စားပြဲဝုိင္းမွာ ထမင္းအတူစားျပီး ေဆြးေႏြးႏုိင္ပါတယ္။
.
သူတို႕ျဖစ္ခ်င္တာ ေပးလုပ္ပါ။ မိဘဘက္က ဘာလုပ္ေပးႏုိင္မလဲ .. ဝန္နဲ႕အားကို တုိင္းတာျပပါ။ အေပးနဲ႕အယူ ရွိေပမယ္႕ အေပးအယူ မျဖစ္ပါေစနဲ႕။ လက္ရွိေခတ္ကို ပစ္မထားပါနဲ႕။ နည္းပညာကုိ ေလ႕လာပါ။ ထမင္းစားျပီးရင္ ေရတစ္ခြက္တိုက္လုိက္ပါ။ ဒီေလာက္အထိ ရိုးရိုးေလးနဲ႕လြယ္ပါတယ္။
.
.
အမွတ္တရအေနနဲ႕ အေဝးမွာေက်ာင္းတက္ေနတဲ႕သမီးရဲ႕ သူဝါသနာပါျပီး သူကိုယ္တိုင္ဆြဲထားတဲ႕ Graphic Design ေလးကို ေဆာင္းပါးပံုေလးအျဖစ္ တင္ေပးလိုက္ပါတယ္။
.
ခင္လ်က္
.
07-26-2015 and 03-17-2016
.
.
.
Myanmar Unicode Version:
.
.
“ ထမင်းစားပြီးရင်ရေတစ်ခွက်တိုက်လိုက်ပါ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကလေးငယ်တွေဟာ ငယ်စဉ်ကတည်းက သူဘာလုပ်ချင်တယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့် သူတို့ကို ကြီးပြင်းလာအောင်ပျိုးထောင်ပြုစုလာတဲ့ မိသားစုလုပ်ငန်းပေါ်မူတည်ပြီး ဆရာဝန်သားသမီးတွေက နားကြပ်နဲ့ဆော့ရင်း ဆရာဝန်ဖြစ်ချင်တယ်လို့ပြောမယ်။ တစ်ချို့ကျပြန်တော့ ဝက်အူလှည့်လေးတွေကိုင်ပြီး အင်ဂျင်နီယာဖြစ်ချင်တယ်လို့ပြောမယ်။ တစ်ချို့စီးပွားရေးသမားတွေရဲ့ သားသမီးတွေက ဂဏန်းတွက်စက်ကိုင်ပြီးတွက်ချက်တမ်းကစားနေတဲ့ သားသမီးကို သူဋ္ဌေးဖြစ်တော့မှာပဲဆိုပြီး ဝမ်းသာကြတယ်။
.
.
ကလေးတွေရဲ့နှုတ်ဖျားကနေ “ သမီးက ” ၊ “ သားသားက ” ဘာဖြစ်ချင်တယ်ဆိုတာ ပြောထွက်လာနိုင်အောင်လုပ်ဆောင်ပေးဖို့ လူကြီးတွေက လမ်းကျောင်းပေးရပါမယ်။ အဲဒီနိဒါန်းစကားချီးကို မထစ်မငေါ့ပြောလာတဲ့နောက် ကလေးတွေရဲ့ပကတိစိတ်ထဲမှာ ဖခင်လိုဖြစ်ချင်သလား ? မိခင်လိျုဖစ်ချင်သလား ? ဒါမှမဟုတ် သူတို့ကြည့်နေတဲ့ကာတွန်းကားထဲက ပါဝါရိန်းဂျားလို ဖြစ်ချင်သလား ? စတဲ့ ဦးတည်ရာတစ်ခုခုရဖို့ ဦးနှောက်ကိုဖွင့်ပေးဖို့ လိုအပ်ပါတယ်။
.
မိဘအလုပ်အကိုင်က ကားစပယ်ရာဖြစ်ပါစေ .. ကုမ္ပဏီတစ်ခုရဲ့အမှုဆောင်အရာရှိဖြစ်ပါစေ .. ကလေးငယ်ရဲ့ရင်ထဲကဖြစ်ချင်စိတ်ကို ပေးပြောသင့်ပါတယ်။ ဒီကနေမှ သူတို့ဘဝရဲ့ယုံကြည်မှုရှိလာအောင် မိဘအုပ်ထိန်းသူတွေက လက်ရှိဘဝက အောင်မြင်သူများ နဲ့ ကျရှူံးသူများကို သာဓကအနေနဲ့ထုတ်ပြရင်း သင်ကြားပေးနိုင်ပါမယ်။ ဒီပုံရိပ်တွေဟာ အချိန်တန်ရင် သူတို့ဘဝဖြစ်လာလိမ့်မယ်။ ဒီတဒင်္ဂကတွေဟာ သူတို့ရဲ့မှတ်ပုံတင်ဖြစ်သလို သူတို့ရဲ့အရိပ်လည်း ဖြစ်ပါတယ်။ ဒါဟာ ဘဝကားကိုမောင်းနှင်မယ့် ယာဉ်မောင်းလိုင်စင်တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။ အကြောင်းရင်းကတော့ ကလေးငယ်ဟာ “ သူကြီးလာရင် .. ဘာဖြစ်အောင်လုပ်မယ် ” ဆိုတဲ့ရည်မှန်းချက်ကိုရောက်အောင်သွားရန် ဆန္ဒဖြစ်ပေါ်လာစေဖို့ မောင်းနှင်ပေးမယ့် ယန္တရားတွေ ဖြစ်လို့ပါ။
.
.
ကနဦးမွေးဖွားလာတုန်းက ကလေးတွေရဲ့ဦးနှောက်မှာ ဘာမှတ်ဥာဏ်မှမပါလာပေမယ့် ပကတိဖြူစင်မှုအပြည့်ရှိတဲ့ ပါဝါစွမ်းရည်လေးတွေ ပါရှိခဲ့တယ်။ သူတို့ကိုယ်သူတို့ .. သံသယဖြစ်နေမှုတွေ မရှိဘူး၊ အားငယ်စိတ်တွေ မရှိဘူး၊ ယုံကြည်မှုတစ်ခုကိုလက်မခံပဲ အတင်းအဓမ္မဆန့်ကျင်တတ်တဲ့သဘာဝတွေ မရှိကြပါဘူး။ သို့သော်လည်း အရွယ်ရောက်လာတဲ့အခါ လူ့လောက က သင်ပေးလိုက်တဲ့ မကောင်းမှု၊ လမ်းမှားရောက်မှုမှန်သမျှကို ခါးစည်းခံရင်း သူတို့ဦးနှောက်ထဲကို အထက်ကပြောခဲ့တဲ့အကျင့်ဆိုးတွေ ရောက်ချင်းမလှရောက်လာတာကို တွေ့ရပါလိမ့်မယ်။
.
ဒါတွေကိုကာကွယ်နိုင်ရန် “ မိမိကိုယ်တိုင်ယုံကြည်မှုရှိခြင်း - Self-Confidence ” ဆိုတဲ့ ဒိုင်းတစ်ခုနဲ့ကာကွယ်တတ်အောင် သင်ပေးစေချင်တယ်။ တစ်ဆက်တည်း သူတို့မှာမက်စရာအိမ်မက်မရှိတဲ့အခါ ငယ်ရွယ်တဲ့ကလေးတွေမှာ အရွယ်တိုင်လို့ လမ်းမလျှောက်တာတို့၊ စကားမပြောတာတို့၊ အစားအသောက်ကိုကိုယ်တိုင်ယူငင်မစားသောက်တာတို့ ဖြစ်လာတတ်ပါတယ်။ တစ်ခုခုကြုံလိုက်တိုင်း၊ ရှူံးနိမ့်သွားတိုင်း ဖြစ်နိုင်တော့မှာမဟုတ်ဘူးဆိုပြီး အားလျှော့လာတတ်ကြတယ်။
.
တကယ်တော့ အပြင်လောကကိုထွက်လာကတည်းက အောင်မြင်အောင်လုပ်မယ်ဆိုပြီးတွေးခဲ့ကြသူချည်းပါပဲ။ ကလေးတွေဟာ လက်ခံလွယ်တယ်။ ပုံတူကူးလွယ်တယ်။ အတုခိုးမြန်တယ်။ ကျော်လွှားရမလား ? သူတို့လုပ်တတ်တယ်။ ကြိုတင်ပြင်ဆင်ထားရမလား ? သူတို့နှစ်သက်တယ်။ ဒီအမူအကျင့်တွေအပေါ်မှာ လူကြီးက မြင်တတ်ရင် အဆင်ပြေပါပြီ။
.
.
အနောက်တိုင်းက ရှေးစာဆိုတစ်ခုအရ “ လူသားတွေဟာ သူတို့မျှော်လင့်ထားသလို အမြင့်ဆုံး နေကြသလို အနိမ့်ဆုံးလည်း နေကြတယ် ” ဆိုတဲ့စကားကိုပြောပြချင်တယ်။ အဖြစ်မှန်မှာတော့ ကောင်းတဲ့ရလဒ်ရလာဖို့ ကောင်းတဲ့ရည်မှန်းချက်ရှိရမှာဖြစ်သလို ဘာကိုရည်ရွယ်ရမှန်းသိစေတဲ့ သတိတရားမရှိသ၍တော့ အနိမ့်ဘဝနဲ့ပဲ နေသွားရမယ်လို့ပြောထားတာပါ။ ဒါနဲ့အတူ ကလေးတွေနဲ့လူငယ်တွေဟာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ ကျောက်သင်ပုန်းပုံရိပ်ကိုမဖမ်းမိသေးတဲ့ကာလပတ်လုံး တဝဲလည်လည်ဖြစ်နေရင်း ဘဝရေယဉ်ကြောမှာ နစ်မြောလိုက်သွားနိုင်ပါတယ်။
.
အထက်ကဆိုခဲ့တဲ့အတိုင်းတစ်ကယ်ဖြစ်ခဲ့ရင် သူတို့ဘာကိုမျှော်လင့်ရမယ်ဆိုတာကိုသိအောင် ဘယ်ပုံဘယ်နည်းလုပ်ဆောင်ပေးနိုင်ပါသလဲ? ဒီ့အတွက် သူတို့ကိုလေ့လာနိုင်တဲ့အချိန်ကောင်းရှိပါတယ်၊ နေရာကောင်းရှိပါတယ်။ အဲဒါကတော့ သူတို့ကစားနေတဲ့အချိန်၊ သူတို့ပျော်ရွှင်နေတဲ့အချိန်မှာတွေ့ရတဲ့ သူတို့လေးတွေအားသန်တဲ့ “ ဝါသနာ ” ဟာ သူတို့ဘဝတံခွန်တိုင်ထူနိုင်ဖို့ လမ်းစဖြစ်တယ်ဆိုတာကို သတိထားကြည့်နိုင်ပါတယ်။
.
.
ကလေးတွေ နဲ့ လူငယ်အများစုဟာ သူတို့ဝါသနာပါတာကိုလုပ်ခွင့်ရခြင်းအားဖြင့် လုပ်ငန်းခွင်မှာဆိုရင် ပျော်ရွှင်မယ် .. ဒါဆိုရင် မိဘတွေက စိတ်အေးရပြီ။ ကျောင်းသင်ခန်းစာပညာရေးမှာ သူတို့လုပ်ချင်တာလုပ်နေရရင် ဘေးအမှောင့်ပယောဂဝင်ဖို့ ခက်သွားပါပြီ။ သူတို့စိတ်ပါဝင်စားနေတဲ့အခါမျိုး၊ သည်းကြီးမည်းကြီးဂိမ်းကစားနေတဲ့အခါမျိုး ထမင်းခေါ်ကျွေးလို့မရလို့ စိတ်မပျက်ပါနဲ့ .. သူတို့မှာ စိတ်ဝင်စားတကြီးလုပ်စရာတစ်ခုရှိနေတာက ကောင်းခြင်းမင်္ဂလာတစ်ခုပါ။ အမှားကိုရှောင်ကွင်းနိုင်စေဖို့ ဝေးဝေးသွားရှာနေစရာမလိုပါဘူး .. မျက်စိရှေ့မှာတင် လူကြီးတွေဟာ ကိုယ်ကြုံခဲ့တဲ့အမှားတွေကို ချပြလိုက်ရုံနဲ့ ကိုယ့်ရင်သွေး သားသမီးတွေအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ဖြစ်လာမှာပါ။
.
သားသမီးကို ဆေးလိပ်မသောက်စေချင်ရင် မိဘထဲကတစ်ယောက်ယောက်က သောက်ပြနေလို့ကတော့ ဘယ်နည်းနဲ့မှ စံပြဖြစ်မလာနိုင်ပါဘူး။ ထိုနည်းတူစွာ အရက်သောက်နေတဲ့မိဘရဲ့သားသမီးကို ပြစ်မျိုးမှဲ့မထင်ဆုံးမနိုင်ဖို့ဆိုတာ တော်တော်လွန်ကဲတဲ့မျှော်လင့်ချက်လို့ ပြောရပါလိမ့်မယ်။ ဒီလိုဆိုရင် ပညာမတတ်တဲ့မိသားစုက .. ပညာမတတ်ခဲ့တဲ့ အဖေ အမေ က သားသမီးကိုပညာတတ်ဖြစ်စေချင်လွန်းလို့ “ ငါတို့က ပညာမတတ်ခဲ့ဘူး။ ဒါကြောင့် ငါ့သားရေ .. ငါ့သမီးရေ .. မင်းတို့ခေတ်မှာပညာတတ်ဖြစ်အောင်လုပ်ကြ ”  ဆုိျပီး ရင္နင္႕စြာ လမ္းညႊန္မႈေပးၾကတာကို ခံစားလို႕ရပါတယ္။
.
.
တစ်ခါက ကလေးငယ်လက်ကိုဆွဲပြီး မဟတ္တမဂန္ဓီကြီးဆီကို “ အချိုစားလွန်းလို့ဆုံးမပေးပါ ” ဆိုတဲ့ မိခင်တစ်ယောက်အကြောင်း အမှတ်ရမိတယ်။ ကလေးမိခင်ကတောင်းဆိုတော့ ဂန္ဓီ က နောက်နေ့မှလာခဲ့ဖို့ ပြန်ချိန်းလိုက်တယ်။ ဒါနဲ့ နောက်နေ့မှာ အဲဒီသားအမိပြန်ရောက်အလာမှာ “ လေးစားရတဲ့ ခေါင်းဆောင်ဂန္ဓီကြီးရှင့် ..။ ဒီနေ့ချိန်းလို့ ပြန်ရောက်လာပါပြီ။ ကျွန်မကလေး ချိုချဉ်တွေ၊ သကြားလုံးတွေ စားလွန်းလို့ ဆုံးမပေးပါ ” လို့ ထပ်ခွင့်ပန်ပါတယ်။ ဒီအခါမှာ ဂန္ဓီက ကလေးမျက်နှာကိုကြည့်ပြီး “ အချိုတွေသိပ်မစားနဲ့ ” လို့ တစ်ခွန်းတည်း ဆုံးမလိုက်တယ်။
.
ဒီအခါမှာ ဂန္ဓီလို နိုင်ငံ့ဥသျှောင်တစ်ယောက်က ထမ်းရ ပိုးရလောက်တဲ့ ကြီးကြီးကျယ်ကျယ်ဆုံးမစကားထွက်လာမလားလို့ မျှော်လင့်နေတဲ့ မိခင်က အရပ်ထဲမှာဆုံးမသလို၊ အိမ်မှာဆုံးမသလို “ အချိုတွေသိပ်မစားနဲ့ ” ဆိုတာကိုကြားရတော့ တော်တော်အထင်သေးသွားပါတယ်။ ဒါကို ကလေးမိခင်က “ ဒါနဲ့များ ဂန္ဓီကြီးရယ် .. ရေးကြီးခွင်ကျယ်လုပ်လို့ ဒီနေ့ချိန်းလိုက်ရသေးတယ်။ မနေ့ကတည်းက ကလေးကို အချိုတွေသိပ်မစားနဲ့လို့ပြောလွှတ်လိုက်တော့ .. ပြီးရောပေါ့ ” ဆိုပြီး ခနဲ့တဲ့တဲ့ ပြောပါတော့တယ်။
.
.
ထိုးနှက်ချက်ကို သတိထားဆင်ခြင်ပြီး မဟတ္တမဂန္ဓီကြီးပြောသွားတာက သိပ်အဖိုးတန်ပါတယ် “ မနေ့က ငါ သကြားလုံးစားနေလို့ပါ ” တဲ့။ ဆိုလိုတာက သူကိုယ်တိုင်အချိုကိုစွဲလမ်းနှစ်သက်နေတဲ့အချိန်မှာ အပြစ်ကင်းတဲ့ကလေးတစ်ယောက်ကို အချိုမစားနဲ့လို့ပြောပြီး သူ့ကိုယ်သူညာတဲ့အလုပ်မျိုး ဂန္ဓီလို အများသိနိုင်ငံ့ခေါင်းဆောင်တစ်ယောက် မလုပ်ပါဘူး။ ဒါကြောင့် သူကိုယ်တိုင်အချိုမစားတဲ့နောက်တစ်နေ့ကျမှ ကလေးကို လိပ်ပြာသန့်သန့်ဆုံးမစကား မြွက်ကြားပါတယ်။
.
ကိုယ်တိုင်ကိုယ်ကျဘာမှမသိတဲ့ အမိမြန်မာနိုင်ငံတည်ဆောက်ရေးမှာ ကိုယ့်သမီးကို ဆရာဝန်ကြီးဖြစ်ရင်ပြီးပြီ .. နိုင်ငံခြားကျောင်းတက်ရရင်တော်ပြီ ဆိုတဲ့ မိဘတွေထဲမှာ စာဖတ်သူတစ်ယောက်ပါဝင်နေသလား စဉ်းစားစေချင်ပါတယ်။ ကိုယ့်ခေတ်တုန်းကအခွင့်အရေးမရခဲ့လို့ လူငယ်တွေကို အတင်းလုပ်ခိုင်းသမျှ ဘာတစ်ခု အကောင်းဖြစ်လာတာ မြင်ခဲ့ရပါသလဲ? ဒီလို ညှိမရခဲ့တဲ့အချက်တွေကြောင့်ပဲ ကလေးလည်းအသက်ကြီးလာ .. မိဘတွေလည်း အိုမင်းမစွမ်းလာတဲ့အခါ ကိုယ့်သားသမီးမှာ အသက်အရွယ်နဲ့ထိုက်တန်တဲ့ ငယ်ရွယ်သူတို့ရဲ့ပျိုမျစ်မှုရဲ့စွမ်းအင်တွေ ပျက်သုန်းကုန်ပါပြီ .. မရှိတော့ပါဘူး။
.
.
ဒါကြောင့် လူ့လောကထဲကို ပို့လွှတ်လိုက်မယ့် သားသမီးတွေကို ဝါသနာအရင်းခံတဲ့အလုပ်ကို လမ်းကြောင်းချပေးသင့်ပါတယ်။ နောက်ကျမှ သဘောမတွေ့လို့ အခါနှောင်းနောင်တ ပြန်ရနိုင်ပေမယ့် လူငယ်ဘဝဆိုတာ ဘယ်တော့မှပြန်မရတော့ပါဘူး။ အသိနောက်ကျပေမယ့် မိဘ နဲ့ သားသမီး စိတ်ရှိရင် စားပွဲဝိုင်းမှာ ထမင်းအတူစားပြီး ဆွေးနွေးနိုင်ပါတယ်။
.
သူတို့ဖြစ်ချင်တာ ပေးလုပ်ပါ။ မိဘဘက်က ဘာလုပ်ပေးနိုင်မလဲ .. ဝန်နဲ့အားကို တိုင်းတာပြပါ။ အပေးနဲ့အယူ ရှိပေမယ့် အပေးအယူ မဖြစ်ပါစေနဲ့။ လက်ရှိခေတ်ကို ပစ်မထားပါနဲ့။ နည်းပညာကို လေ့လာပါ။ ထမင်းစားပြီးရင် ရေတစ်ခွက်တိုက်လိုက်ပါ။ ဒီလောက်အထိ ရိုးရိုးလေးနဲ့လွယ်ပါတယ်။
.
.
အမှတ်တရအနေနဲ့ အဝေးမှာကျောင်းတက်နေတဲ့သမီးရဲ့ သူဝါသနာပါပြီး သူကိုယ်တိုင်ဆွဲထားတဲ့ Graphic Design လေးကို ဆောင်းပါးပုံလေးအဖြစ် တင်ပေးလိုက်ပါတယ်။
.
ခင်လျက်
.
07-26-2015 and 03-17-2016




No comments: