ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, May 29, 2014

ဥာဏ်မိုးအောင် မေးလို့ဖြေသည်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


မေးခွန်း - ကျွန်တော် U.S ရောက်တာသိပ်မကြာသေးဘူးဗျ ၊ ဒီထက်တိုးတက်ဖို့အတွက် ဘာဆက်လုပ်သင့်သလဲ ၊ ကျောင်းတက်သင့်သလား ၊ ကျောင်းတက်ရင်ကော ဘယ်လို ကျောင်းတက်ရမလည်း ကျေးဇူးပြုပြီးဖြေကြားပေးပါ ၊ ကျေးဇူးတင်ပါတယ် ။


ကိုဥာဏ်မိုးအောင် ရဲ့ မေးခွန်းကို ဒီစာစုလေး နဲ့ ဖြေပေးချင်ပါတယ် ။

.
.

---- U.S မှာ ဘဝတိုးတက်ဖို့
ပညာတတ် / ပညာရှင် လုပ်မှာလား ၊ 
ပညာ နဲ့အလုပ် လုပ်မလား ၊ 
အလုပ် သီးသန့်လုပ်မလား ၊ 
အလုပ်ကြမ်းသမား လုပ်မလား ဆိုပြီး ( ၄ ) မျိုး ခွဲပြီး ဖြေကြားချင်ပါတယ် ။
.
.
---- ပညာတတ် / ပညာရှင် ဖြစ်ပြီးသားဆိုရင် အမေရိကားမှာ လစာကောင်းကောင်း နဲ့ သူများတကာရဲ့အထက်မှာနေနိုင်ပါတယ် ၊ ဒီကဏ္ဍက လူအများစုလက်တွေ့ဘဝအနေနဲ့လှမ်းဆွတ်ဖို့ခက်ခဲတော့ အကျဉ်းချုံးဖြေဆိုပါ့မယ် ၊ အမေရိကန်နိုင်ငံ ဟာ ခေတ်အဆက်ဆက် ပညာတတ် " ဦးနှောက် " တွေ တင်သွင်းခဲ့တယ် ၊ အခု လက်ရှိလည်း မရပ်သေးပါ ၊ အသွင်ပြောင်းမှုတော့ရှိပါတယ် ၊ “ လူညီရင် ဥပဒေဖြစ်တယ် “ ဆိုတဲ့ စကားဟာ မြန်မာပြည်မှာတော့မသိဘူး အမေရိကားမှာတော့ မှန်ကန်တယ်လို့ ဆိုရလိမ့်မယ် ၊ အရင် ရှေးကာလမှာ အမေရိကန်တွေ မလုပ်နိုင်တဲ့ အဆင့်မြင့်ပညာရပ်တွေအတွက် နိုင်ငံတကာ က တော်ပေ့ ဆိုသူတွေကို ကဒ်အဖြူ  - White Card ဆိုတဲ့ ဗီဆာ တစ်မျိုးတီထွင်ပြီး နိုင်ငံတွင်းကို တင်သွင်းခဲ့တယ် ၊ ( ထင်ရှားသည့် ဥပမာ - အိန္ဒိယမှ ဆော့ဝဲ ပရိုဂရမ်မာများ ) ။

Sunday, May 25, 2014

ကျွန်တော့နာမည် ဖေ့စ်ဘွတ်ခ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


         ကျွန်တော့နာမည်ဖေ့စ်ဘွတ်ခ် ၊ အများကခေါ်တော့ ဖေ့ဘုတ် လို့လဲ ခေါ်တယ် ၊ နေတာ က ဟဲ .. ဟဲ . .  အမေရိကားမှာ ဗျ ၊ မင်လိုပန်းခြံ လို့ခေါ်တဲ့နေရာ ဟာ ကျွန်တော့အိမ်ပဲ ၊ အိမ်ရောက်ဖို့ဆို တံတားတစ်ခုကိုဖြတ်ရတယ် ၊ နာမယ်က ဒန်ပါတန် တံတားလို့ခေါ်တယ် ဆိုလားပဲ ၊ ကျွန်တော်ကတော့ စိတ်မဝင်စားပါဘူး ၊ လာချင်တဲ့သူလာ ထွက်ချင်တဲ့သူထွက် ကျွန်တော်နဲ့မဆိုင် ၊ ကျွန်တော့အလုပ်က လူမှုရေးတွေ မျှပေးမယ် ၊ ဆွေးနွေးမယ် ၊ လူတွေက ဘယ်လိုမှန်းကို မသိဘူး ၊ အလကားနေရင်း ကျွန်တော့ဆီမှာ လာလာ “ Share ” နေကြတာပဲ ၊ ကိုယ့်ဖာသာကိုယ်တော့ မရေးကြဘူး ၊ တင်လိုက်ကြတဲ့ဓါတ်ပုံတွေ ရိုက်လိုက်ကြတဲ့ လှုပ်ရှားမှု Clip တွေ ၊ တစ်ခါတစ်လေ ညီအစ်ကိုမောင်နှမ မမြင်သင့်တာတွေကော တင်သဗျ ၊ ကျွန်တော် က ဘာပြောလို့ရမလဲ ၊ ဟုတ်တယ်လေ စဉ်းစားကြည့် လူတစ်ခု ကံတစ်ခု မဟုတ်လား ၊ ဒါပေမယ့် လူတစ်ခု ဖေ့စ်ဘွတ်ခ် အကောင့် အများကြီးရှိတာ ခင်များတို့ ဘယ်လိုပြောမလဲ ၊ ကဲ ထပ်ကြည့်လိုက်ဦး ကျုပ်ပြောလို့ရသလားလို့ ၊ ဟွန်း .. ပြောရင်း ပြောရင်း နည်းနည်းတောင် တင်းလာပြီ ၊ ဥပမာ - ဦးဘ ဆိုတဲ့အကောင့်က ဦးဘ ဟုတ်လို့လား ၊ ဦးရဲထွဋ် အကောင့်ကတော့ ဦးရဲထွဋ် အမှန်လို့ပြောတာပဲ ၊ အေးဟုတ်တယ် သူမှ သူအစစ်ပါ ၊ သူတင်တဲ့ ပို့စ်အောက်မှာ ဘာရေးရေး ဘယ်လောက်နာအောင်ပြောပြော သူဘာမှ ပြန်မပြောဘူး မဖြုံဘူး ၊ ဒါဆိုသေချာသလောက်ရှိတယ် ၊  မြန်မာတစ်နိုင်ငံလုံးရဲ့အသံကို ပါးစပ်တစ်ပေါက်တည်း ကို ဝ, ကွက် အပ်ထားတဲ့ အရေခွံထူ စပီကာ ဆိုတာ ဖြစ်နိုင်ခြေအများကြီးရှိတယ် ။