ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, June 4, 2017

လူငယ္ေတြအမွားလုပ္ရင္ ဘယ္လိုဆူမလဲ?

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. အမွန္အတုိင္းေျပာရရင္ ငယ္ငယ္တုန္းက အရြယ္မေရာက္ေသးတဲ႕ (၉) ႏွစ္အရြယ္ကေလးတစ္ေယာက္ကို သူ႕အေဖဆူတာျမင္လိုက္ကတည္းက ဒီေမးခြန္းကိုေမးခ်င္ခဲ႕တာ အခုဆိုရင္ ႏွစ္ေပါင္းအေတာ္ၾကာေနျပီ။ ကေလးငယ္က ကေလးဘာသာဘာဝ သာမန္အမွားတစ္ခုကို က်ဴးလြန္တယ္။ ၾကီးမားတာ မဟုတ္ဘူး . . သိပ္ဆုိးရြားတာ မဟုတ္ဘူး။ ဟဲ႕ ကေလး . . ဘာလို႕လုပ္တာလဲ . . ေနာက္မလုပ္နဲ႕ . . အရိုက္ခံရမယ္ . . ဘာ . . ညာ နဲ႕ ဆုိရင္ ျပီးတဲ႕ကိစၥကို သူ႕အေဖက " မင္း အိမ္ေပၚကဆင္းသြား " လို႕ ေျပာေတာ႕ ကေလးငယ္က ငိုပါေလေရာ။
.
. ၾကမ္းတမ္းစြာအဆူခံရမယ္လို႕ထင္ထားျပီး ေနာက္မျဖစ္ေစရပါဘူး လို႔ စိတ္ပိုင္းျဖတ္ထားတဲ႕ကေလးငယ္ဟာ တည္ျငိမ္ေအးေဆးျပီး ရုပ္အတည္ၾကီးနဲ႔ တစ္ခြန္းတည္းေျပာလိုက္တဲ႕ အေဖ႕စကားေၾကာင္႕ အင္မတန္တုန္လႈပ္သြားျပီး ၾကမ္းျပင္ေပၚထိုင္ခ်လိုက္တယ္။ သူ႕ပါးစပ္ကလည္း " မလုပ္ပါနဲ႕ ေဖေဖရယ္။ သား . . ဒီအိမ္မွာပဲ ေနပါရေစ " လို႕ ငိုသံေရာျပီး ေအာ္ေျပာတယ္။
.
.
. ဒါကို အေဖက ဒီေနရာမွာတင္္ ေျပာသင္႕တဲ႕စကားေျပာ၊ ဆူသင္႕တာဆူျပီး " အသိဥာဏ္ နဲ႕ အမွန္တရားကိုေခါင္းထဲဝင္ေအာင္ " ေခ်ာ႕ေမာ႕မေျပာပဲ " မရဘူး။ ခြင္႕မလႊတ္ႏိုင္ဘူး။ မင္း အိမ္ေပၚကဆင္းသြား " လို႕ ထပ္ေျပာေလတယ္။
.
. ဒီကေလး နဲ႕ ဒီအေဖ ဘယ္လိုဆက္ျဖစ္ၾကတယ္လို႕ စာဖတ္သူမ်ားထင္ပါသလဲ ? (အျဖစ္မွန္ကို ေဆာင္းပါးတစ္ေနရာမွာ ေရးထားေပးပါတယ္)

.
.
. ကေလးငယ္ဟာ အေဖ႔အေမြကိုဆက္ခံလို႕ (၁၃) ႏွစ္မွာ ေဆးလိပ္စေသာက္တယ္။ (၁၅) ႏွစ္မွာ ဘီယာေသာက္တတ္ေနရံုမက သားနဲ႕အေဖ သူငယ္ခ်င္းလိုေပါင္းတယ္လို႕ယူဆျပီး ေသာက္ပြဲေတြကုိေခၚသြားတတ္တဲ႕အေဖေၾကာင္႕ ကေလးဟာ (၁၈) ႏွစ္မတုိင္ခင္ အရက္ေသာက္တတ္လာတယ္။ ေနာက္ပိုင္း အေဖမူးျပီးအိမ္ျပန္တဲ႕ညနက္ပိုင္းမွာ ေမွာင္မုိက္တဲ႕လမ္းၾကားတစ္ေနရာကေန ေခါင္းေလးငိုက္စုိက္ငိုက္စုိက္နဲ႔ထြက္လာတတ္တဲ႔ သားတို႔ဟာ ရပ္ကြက္သူ ရပ္ကြက္သားေတြအတြက္ အျမင္မဆန္းေတာ႕ပါဘူး။
.
. ဒါေပမယ္႕ ဒီကေလးဟာ တစ္ခ်ိန္မွာ ေအာင္ျမင္လာခဲ႕တယ္။ ႏိုင္ငံရပ္ျခားမွာ သူ႕ဟာသူရပ္တည္ႏိုင္ဖို႕" အေျခခံေကာင္းတဲ႕အဂၤလိပ္စာ " သူ႕ဆီမွာ ရွိတယ္။ အလုပ္အကိုင္ေကာင္းတယ္။ သြားလာလႈပ္ရွားရင္း ဘဝတစ္ခုကိုပံုေဖာ္ႏိုင္လာတယ္။ ဒါ႕အျပင္ သူ႕ရဲ႕သန္းေခါင္ထက္မနက္ခဲ႕တဲ႕ညပိုင္းေတြကို အျပီးတိုင္ ရွင္းလင္းခြာဖယ္ႏုိင္ခဲ႕တာကုိ အသိအမွတ္ျပဳပါတယ္။
.
.
. ဒီလိုျဖစ္လာေအာင္ ေဆြးမ်ိဳးမိတ္သဂၤဟအေပါင္း နဲ႕ မိဘအသိုင္းအဝိုင္းတို႕အားလံုး သူ႕ကိုကူညီခဲ႕တယ္။ ဆက္မနစ္ဖို႕ ႏြံထဲကေန ဆြဲမရင္း ဝိုင္းဆြဲ ဝုိင္းတင္ အားေပးကူညီတယ္။ တက္ခဲ႕တဲ႕ေဆးရံုမ်ားစြာရဲ႕ အရက္နာက်ေန႕ရက္ၾကမ္းေတြကို ျပန္လွည္႕မၾကည္႕စတမ္း စခန္းသိမ္းေစတယ္။
.
. ဒါ႕အျပင္ အသက္ (၄ဝ) မွ ဘဝစတဲ႕တုိင္းျပည္ကို လူငယ္ေလးတစ္ေယာက္လို ျပည္ဝင္ေျပာင္းေရႊ႕ခြင္႕က်လာတဲ႕အခါမွာေတာ႕ အရာရာဟာ အသစ္ျဖစ္ခဲ႕ျပီး အခန္းဆက္ အရက္နာက်ဇာတ္လမ္းေတြကို တစ္ခန္းရပ္ႏုိင္ခဲ႕တယ္။
.
.
. ဒါေတြအားလံုးကိုျပန္ျခံဳငံုသံုးသပ္ၾကည္႕ရင္ ကေလးငယ္ (အခုေတာ႕လူငယ္ေလးျဖစ္ျပီ) ဟာ မိ နဲ႕ ဘ တုိ႕ရဲ႕ မၾကာခဏအိမ္တြင္းခုိက္ရန္ျဖစ္ပြားမႈဟာ သူ႕ရဲ႕ရင္ႏွစ္သည္းညွာမွာ ျပည္တြင္းစစ္ အျမဲျဖစ္ေနတယ္။ တစ္ခုခုလိုအပ္လို႕အကူအညီေတာင္းဖို႕ မိဘနားခ်ည္းကပ္ရင္ မအားလပ္ၾကတဲ႕မိဘေတြေၾကာင္႕ မထူးပါဘူး ဆိုျပီး အရက္ကိုအေဖာ္ျပဳတတ္လာတယ္။ အေရးၾကံဳတဲ႕အခ်ိန္မွာ နားဝင္ေအာင္ ဆိုဆံုးမဖို႕ အားနည္းခဲ႕တဲ႕မိဘေတြေၾကာင္႕လို႕အျပစ္အားလံုးကိုပံုခ်ရင္ ေဘးကၾကည္႕ေနတဲ႕လူေတြသိပ္ေလာဘၾကီးသြားတယ္ဆုိႏိုင္မလားပဲ . .။
.
.
. အမွန္က လူေတြဟာ " ကိုယ္ဘယ္လိုအထိန္းအေက်ာင္းခံခဲ႕ရတယ္ဆုိတာေပၚမူတည္ျပီး " မိမိတို႕ရဲ႕သားသမီးကုိ ပံုစံတူ သြန္သင္ၾကတယ္။ ငယ္ငယ္က အရိုက္ခံခဲ႕ရတဲ႕မိဘဟာ သားသမီးကုိ ရုိက္ႏွက္ေျပာဆိုဖို႕ဝန္မေလးသလို အျမဲအျပစ္တင္ခဲ႕ရတဲ႕မိဘအေနနဲ႕ မိမိသားသမီးအမွားလုပ္တုိင္း ျပစ္တင္ၾကိမ္းေမာင္းျခိမ္းေျခာက္ဖို႕ မခက္ခဲေတာ႕ဘူး။
.
. ဒါေၾကာင္႕ ဆရာေတာ္တစ္ပါးေဟာျပဖူးခဲ႕တဲ႕ " သင္လုပ္သည္႕ကံ သင္႕ထံ တစ္ေန႕ျပန္လာလိမ္႕မည္ " ဆုိတဲ႔တရားေလးက ဒီေန႕ဒီအခ်ိန္အထိ ေသြးထြက္ေအာင္မွန္ေနတုန္းပါပဲ။
.
.
. ကြ်န္ေတာ္ငယ္ငယ္က မၾကာခဏ အရိုက္ခံရတယ္။ မၾကာခဏ အဆူခံရတယ္။ နည္းမ်ိဳးစံုနဲ႕အျပစ္ေပးခံရေတာ႕ စိတ္အရမ္းညစ္ခဲ႕တယ္။ ဒါေပမယ္႕ ဒီလိုပံုတူတဲ႕အမွားမ်ိဳးထပ္မေတြ႕ရေအာင္ ေကာင္းမြန္စြာရွင္းျပတာကို " အျမဲေမွ်ာ္လင္႕ခဲ႕ေပမယ္႕ " မရခဲ႕ဘူး။ ဒါေၾကာင္႕ ကုိယ္ပိုင္မိသားစုထူေထာင္လို႕ ရင္ေသြးဦးေလးရလာတဲ႕အခါ ထုိနည္းတူစြာဆံုးမမိခဲ႕တယ္။ အထိအနာဆံုးနဲ႕ဓါးစာခံျဖစ္သြားသူကေတာ႕ ကြ်န္ေတာ႕သမီးပဲ (ေတာင္းပန္ပါတယ္ သမီးရယ္)။
.
. ဒီစိတ္ေတြကို အခ်ိန္တစ္ခုအေရာက္မွာ ကြ်န္ေတာ္ျဖတ္ႏိုင္ခဲ႕တယ္။ သားသမီးေတြကို နည္းမွန္လမ္းမွန္ဆံုးမႏိုင္ဖို႕ " ဘယ္လုိစာကုိဖတ္ရမယ္ဆုိတာ " ကို သိလာတဲ႕တစ္ေန႕ကစလို႕ လမ္းစရလာခဲ႕တယ္။
.
.
. ဒါေပမယ္႕ ကေလးငယ္ေတြကုိ တစ္သက္လံုးမွတ္မိေစဖို႕၊ တူညီတဲ႕အမွားမ်ိဳးထပ္မလုပ္ေစဖို႕ ကြန္ျမဴနစ္နည္းလမ္း ပဲဆိုဆို အတင္းအၾကပ္လုပ္တာမ်ိဳးလို႔ပဲေျပာေျပာ တစ္ခါတစ္ရံလုပ္မိေသးတယ္။ ဥပမာ - မနာေအာင္ရိုက္လုိက္တာမ်ိဳး၊ စကားတစ္ခြန္းကို မွတ္ေလာက္သားေလာက္ေအာင္ အသည္းႏွလံုးထဲအထိ နစ္သြားေအာင္ အသံက်ယ္က်ယ္ဟိန္းေဟာက္ေျပာလိုက္တာတုိ႕ လုပ္မိပါေသးတယ္။ ဒါေၾကာင္႕ ပညာရွိေတြက " ေသြးသာေဖာက္လဲလို႕ရမယ္ . . မ်ိဳးရုိးဗီဇက လဲမရဘူး " လို႕ ေျပာၾကတာ ျဖစ္လိမ္႔မယ္။
.
. ဒီအထိဖတ္လာတဲ႕ ခ်စ္မိတ္ေဆြရဲ႕စိတ္ထဲမွာ အခုေလာက္ဆုိ " ေအာ္ . . ငါ႕သား ငါ႕သမီးကိုဆံုးမတာ အတင္းေရာကာေရာ လုပ္မိေနပါေပါ႔လား . . သူတုိ႕ကုိသနားလိုက္တာ . . ငါတို႔ နည္းမွန္လမ္းမွန္နဲ႔ဆံုးမသင္႔တယ္ " လို႕ ေတြးမိျပီဆုိရင္ ဒီစာကိုေရးျပီးအသိပညာေပးရတာ တန္ဖိုးသင္႔တဲ႕ပီတိတစ္ခုကုိ ကြၽန္ေတာ္ရလုိက္ပါျပီ။
.
.
. ျပီးေတာ႕ ေနာက္ပိုင္း ဒီဘက္ႏို္င္ငံကိုေရာက္မွၾကားဖူးတဲ႕ " သူတပါးက မိမိကိုဆက္ဆံေစလုိတဲ႕အတုိင္း လူတိုင္းကို ဆက္ဆံပါ - Treat Others Like How You Want To Be Treated " ဆိုတဲ႕စကားက ဒီႏိုင္ငံကလူေတြကို (အနည္းနဲ႕အမ်ား) ပိုမိုႏူးညံ႕ေစတာကို သိလာတယ္။ တစ္ဆက္တည္း ေလာကနီတိေတြ၊ လူလူခ်င္းဆက္ဆံသင္႕ပံုအသိပညာေတြ၊ လူသားအခ်င္းခ်င္းတန္ဖိုးထားတတ္မႈေတြ၊ အားေပးေျမွာက္ပင္႕တြန္းတင္တတ္တဲ႕ Motivation စိတ္ေတြကို အဂၤလိပ္လိုေရးထားတဲ႕ ဘေလာ႕ဂ္စာမ်က္ႏွာေတြေပၚမွာဖတ္မိလာေတာ႕ ကြ်န္ေတာ္ပုိသိျမင္လာတယ္။
.
. ပထမ
ကေလးတစ္ေယာက္၊ လူငယ္တစ္ေယာက္ ယဥ္ေက်းလိမၼာဖို႕ဟာ သူေန႕တုိင္းသြားတဲ႕ ေက်ာင္းနဲ႕ အမ်ားၾကီးပတ္သက္ပါတယ္။ သူတို႔အသံကို နားေထာင္ေပးပါ။ သူတို႔ျဖစ္ခ်င္တာကို ၿပီးဆံုးေအာင္ေျပာျပပါေစ။ သူတို႔အိပ္မက္ေတြ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အရင္းအျမစ္ေတြ မိဘေတြနားက ရသြားပါေစ။
.
.
. ဒုတိယအလႊာအေနနဲ႕ မိဘရဲ႕ သားသမီးပညာေရးကိုဘယ္ေလာက္အထိစိတ္ဝင္စားတယ္ဆုိတာက အခရာက်ျပန္တယ္။
.
. တတိယအလႊာက်ေတာ႕ သားသမီးေပါင္းေနတဲ႕ သူငယ္ခ်င္းအသိုင္းအဝုိင္းက " သူေကာင္းႏိုင္၏။ မေကာင္းႏိုင္၏ " ဆုိတာကုိ အျမဲလိုလိုအဆံုးအျဖတ္ေပးႏိုင္တယ္လို႔ ကြၽန္ေတာ္ယံုၾကည္တယ္။
.
.
. ေနာက္ဆံုးအလႊာက ဒုတိယအလႊာကိုျပန္ဖတ္ပါ . . မိဘရဲ႕ သားသမီးကို ဆံုးမပံု က ေအာက္ကအခ်က္ေတြအားလံုးကို အေျဖေပးသြားပါလိမ္႕မယ္။
.
. ကြ်န္ေတာ္တုိ႕ဟာ ဘယ္အရာမွ ေမြးကတည္းကမတတ္လာပါဘူး။ ၾကံဳမယ္၊ ဆံုမယ္၊ မွားယြင္းမယ္ . . ဒါဟာ ေလာကဓံပဲ။ ဒါကို " ဘာျဖစ္လို႕မွားလာခဲ႕ရတာလဲ? " ဆုိျပီး အျပစ္တင္တာထက္စာရင္ " ဘာေၾကာင္႕ မွားရတာလဲ? " " ဒီလုိအမွားမ်ိဳးမၾကံဳရေအာင္ ဘယ္လုိလုပ္ရမလဲ? " ဆုိတာက ပိုအလုပ္ျဖစ္တယ္။ ခရီးေရာက္တယ္။ တာသြားတယ္။
.
.
. တစ္နည္းအားျဖင္႕ " ၾကံဳခဲ႕တဲ႕အမွားေတြကေန မိတ္ေဆြဘယ္လိုသင္ယူ - Learn ခဲ႕သလဲအေပၚမွာ မူတည္ပါတယ္။ အမွားျပင္တတ္တဲ႔မိဘေတြကို သားသမီးေတြက အင္မတန္ေလးစားတယ္ေနာ . . သတိထားၾကပါ "။ ဒါေၾကာင္႕ နိဂုံုးပိုင္းအထိဖတ္လာသူေတြအတြက္ သားသမီးကိုဘယ္လိုဆံုးမရမယ္ဆုိတဲ႕အေျဖကိုေတြးမိေလာက္ျပီလို႕ ယူဆရင္း . .။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 06-04-2017
.
. အျဖစ္မွန္ ။ ။ ကေလးငယ္ဟာ အေဖရဲ႕ေမာင္းထုတ္သံကိုေၾကာက္ျပီး ခပ္လွမ္းလွမ္းကအဖြားအိမ္ကုိ တစ္ကိုယ္တည္္း သြားခဲ႕တယ္။ ကေလးေပ်ာက္လို႕ျပန္ရွာေတာ႕ အဖြားက လူၾကီးေတြကိုဆူပါတယ္။ အခုထက္ထိ လူငယ္ေလးမွာ အဲဒီစိတ္ဒဏ္ရာက ေျခာက္လွန္႕ေနဆဲ. .။
.
.
Unicode Version:
.
.
. " လူငယ်တွေအမှားလုပ်ရင် ဘယ်လိုဆူမလဲ? "
. အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက အရွယ်မရောက်သေးတဲ့ (၉) နှစ်အရွယ်ကလေးတစ်ယောက်ကို သူ့အဖေဆူတာမြင်လိုက်ကတည်းက ဒီမေးခွန်းကိုမေးချင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်းအတော်ကြာနေပြီ။ ကလေးငယ်က ကလေးဘာသာဘာဝ သာမန်အမှားတစ်ခုကို ကျူးလွန်တယ်။ ကြီးမားတာ မဟုတ်ဘူး . . သိပ်ဆိုးရွားတာ မဟုတ်ဘူး။ ဟဲ့ ကလေး . . ဘာလို့လုပ်တာလဲ . . နောက်မလုပ်နဲ့ . . အရိုက်ခံရမယ် . . ဘာ . . ညာ နဲ့ ဆိုရင် ပြီးတဲ့ကိစ္စကို သူ့အဖေက " မင်း အိမ်ပေါ်ကဆင်းသွား " လို့ ပြောတော့ ကလေးငယ်က ငိုပါလေရော။
.
. ကြမ်းတမ်းစွာအဆူခံရမယ်လို့ထင်ထားပြီး နောက်မဖြစ်စေရပါဘူး လို့ စိတ်ပိုင်းဖြတ်ထားတဲ့ကလေးငယ်ဟာ တည်ငြိမ်အေးဆေးပြီး ရုပ်အတည်ကြီးနဲ့ တစ်ခွန်းတည်းပြောလိုက်တဲ့ အဖေ့စကားကြောင့် အင်မတန်တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်တယ်။ သူ့ပါးစပ်ကလည်း " မလုပ်ပါနဲ့ ဖေဖေရယ်။ သား . . ဒီအိမ်မှာပဲ နေပါရစေ " လို့ ငိုသံရောပြီး အော်ပြောတယ်။
.
.
. ဒါကို အဖေက ဒီနေရာမှာတင် ပြောသင့်တဲ့စကားပြော၊ ဆူသင့်တာဆူပြီး " အသိဥာဏ် နဲ့ အမှန်တရားကိုခေါင်းထဲဝင်အောင် " ချော့မော့မပြောပဲ " မရဘူး။ ခွင့်မလွှတ်နိုင်ဘူး။ မင်း အိမ်ပေါ်ကဆင်းသွား " လို့ ထပ်ပြောလေတယ်။
.
. ဒီကလေး နဲ့ ဒီအဖေ ဘယ်လိုဆက်ဖြစ်ကြတယ်လို့ စာဖတ်သူများထင်ပါသလဲ ? (အဖြစ်မှန်ကို ဆောင်းပါးတစ်နေရာမှာ ရေးထားပေးပါတယ်)
.
.
. ကလေးငယ်ဟာ အဖေ့အမွေကိုဆက်ခံလို့ (၁၃) နှစ်မှာ ဆေးလိပ်စသောက်တယ်။ (၁၅) နှစ်မှာ ဘီယာသောက်တတ်နေရုံမက သားနဲ့အဖေ သူငယ်ချင်းလိုပေါင်းတယ်လို့ယူဆပြီး သောက်ပွဲတွေကိုခေါ်သွားတတ်တဲ့အဖေကြောင့် ကလေးဟာ (၁၈) နှစ်မတိုင်ခင် အရက်သောက်တတ်လာတယ်။ နောက်ပိုင်း အဖေမူးပြီးအိမ်ပြန်တဲ့ညနက်ပိုင်းမှာ မှောင်မိုက်တဲ့လမ်းကြားတစ်နေရာကနေ ခေါင်းလေးငိုက်စိုက်ငိုက်စိုက်နဲ့ထွက်လာတတ်တဲ့ သားတို့ဟာ ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် အမြင်မဆန်းတော့ပါဘူး။
.
. ဒါပေမယ့် ဒီကလေးဟာ တစ်ချိန်မှာ အောင်မြင်လာခဲ့တယ်။ နိုင်ငံရပ်ခြားမှာ သူ့ဟာသူရပ်တည်နိုင်ဖို့" အခြေခံကောင်းတဲ့အင်္ဂလိပ်စာ " သူ့ဆီမှာ ရှိတယ်။ အလုပ်အကိုင်ကောင်းတယ်။ သွားလာလှုပ်ရှားရင်း ဘဝတစ်ခုကိုပုံဖော်နိုင်လာတယ်။ ဒါ့အပြင် သူ့ရဲ့သန်းခေါင်ထက်မနက်ခဲ့တဲ့ညပိုင်းတွေကို အပြီးတိုင် ရှင်းလင်းခွာဖယ်နိုင်ခဲ့တာကို အသိအမှတ်ပြုပါတယ်။
.
.
. ဒီလိုဖြစ်လာအောင် ဆွေးမျိုးမိတ်သင်္ဂဟအပေါင်း နဲ့ မိဘအသိုင်းအဝိုင်းတို့အားလုံး သူ့ကိုကူညီခဲ့တယ်။ ဆက်မနစ်ဖို့ နွံထဲကနေ ဆွဲမရင်း ဝိုင်းဆွဲ ဝိုင်းတင် အားပေးကူညီတယ်။ တက်ခဲ့တဲ့ဆေးရုံများစွာရဲ့ အရက်နာကျနေ့ရက်ကြမ်းတွေကို ပြန်လှည့်မကြည့်စတမ်း စခန်းသိမ်းစေတယ်။
.
. ဒါ့အပြင် အသက် (၄ဝ) မှ ဘဝစတဲ့တိုင်းပြည်ကို လူငယ်လေးတစ်ယောက်လို ပြည်ဝင်ပြောင်းရွှေ့ခွင့်ကျလာတဲ့အခါမှာတော့ အရာရာဟာ အသစ်ဖြစ်ခဲ့ပြီး အခန်းဆက် အရက်နာကျဇာတ်လမ်းတွေကို တစ်ခန်းရပ်နိုင်ခဲ့တယ်။
.
.
. ဒါတွေအားလုံးကိုပြန်ခြုံငုံသုံးသပ်ကြည့်ရင် ကလေးငယ် (အခုတော့လူငယ်လေးဖြစ်ပြီ) ဟာ မိ နဲ့ ဘ တို့ရဲ့ မကြာခဏအိမ်တွင်းခိုက်ရန်ဖြစ်ပွားမှုဟာ သူ့ရဲ့ရင်နှစ်သည်းညှာမှာ ပြည်တွင်းစစ် အမြဲဖြစ်နေတယ်။ တစ်ခုခုလိုအပ်လို့အကူအညီတောင်းဖို့ မိဘနားချည်းကပ်ရင် မအားလပ်ကြတဲ့မိဘတွေကြောင့် မထူးပါဘူး ဆိုပြီး အရက်ကိုအဖော်ပြုတတ်လာတယ်။ အရေးကြုံတဲ့အချိန်မှာ နားဝင်အောင် ဆိုဆုံးမဖို့ အားနည်းခဲ့တဲ့မိဘတွေကြောင့်လို့အပြစ်အားလုံးကိုပုံချရင် ဘေးကကြည့်နေတဲ့လူတွေသိပ်လောဘကြီးသွားတယ်ဆိုနိုင်မလားပဲ . .။
.
.
. အမှန်က လူတွေဟာ " ကိုယ်ဘယ်လိုအထိန်းအကျောင်းခံခဲ့ရတယ်ဆိုတာပေါ်မူတည်ပြီး " မိမိတို့ရဲ့သားသမီးကို ပုံစံတူ သွန်သင်ကြတယ်။ ငယ်ငယ်က အရိုက်ခံခဲ့ရတဲ့မိဘဟာ သားသမီးကို ရိုက်နှက်ပြောဆိုဖို့ဝန်မလေးသလို အမြဲအပြစ်တင်ခဲ့ရတဲ့မိဘအနေနဲ့ မိမိသားသမီးအမှားလုပ်တိုင်း ပြစ်တင်ကြိမ်းမောင်းခြိမ်းခြောက်ဖို့ မခက်ခဲတော့ဘူး။
.
. ဒါကြောင့် ဆရာတော်တစ်ပါးဟောပြဖူးခဲ့တဲ့ " သင်လုပ်သည့်ကံ သင့်ထံ တစ်နေ့ပြန်လာလိမ့်မည် " ဆိုတဲ့တရားလေးက ဒီနေ့ဒီအချိန်အထိ သွေးထွက်အောင်မှန်နေတုန်းပါပဲ။
.
.
. ကျွန်တော်ငယ်ငယ်က မကြာခဏ အရိုက်ခံရတယ်။ မကြာခဏ အဆူခံရတယ်။ နည်းမျိုးစုံနဲ့အပြစ်ပေးခံရတော့ စိတ်အရမ်းညစ်ခဲ့တယ်။ ဒါပေမယ့် ဒီလိုပုံတူတဲ့အမှားမျိုးထပ်မတွေ့ရအောင် ကောင်းမွန်စွာရှင်းပြတာကို " အမြဲမျှော်လင့်ခဲ့ပေမယ့် " မရခဲ့ဘူး။ ဒါကြောင့် ကိုယ်ပိုင်မိသားစုထူထောင်လို့ ရင်သွေးဦးလေးရလာတဲ့အခါ ထိုနည်းတူစွာဆုံးမမိခဲ့တယ်။ အထိအနာဆုံးနဲ့ဓါးစာခံဖြစ်သွားသူကတော့ ကျွန်တော့သမီးပဲ (တောင်းပန်ပါတယ် သမီးရယ်)။
.
. ဒီစိတ်တွေကို အချိန်တစ်ခုအရောက်မှာ ကျွန်တော်ဖြတ်နိုင်ခဲ့တယ်။ သားသမီးတွေကို နည်းမှန်လမ်းမှန်ဆုံးမနိုင်ဖို့ " ဘယ်လိုစာကိုဖတ်ရမယ်ဆိုတာ " ကို သိလာတဲ့တစ်နေ့ကစလို့ လမ်းစရလာခဲ့တယ်။
.
.
. ဒါပေမယ့် ကလေးငယ်တွေကို တစ်သက်လုံးမှတ်မိစေဖို့၊ တူညီတဲ့အမှားမျိုးထပ်မလုပ်စေဖို့ ကွန်မြူနစ်နည်းလမ်း ပဲဆိုဆို အတင်းအကြပ်လုပ်တာမျိုးလို့ပဲပြောပြော တစ်ခါတစ်ရံလုပ်မိသေးတယ်။ ဥပမာ - မနာအောင်ရိုက်လိုက်တာမျိုး၊ စကားတစ်ခွန်းကို မှတ်လောက်သားလောက်အောင် အသည်းနှလုံးထဲအထိ နစ်သွားအောင် အသံကျယ်ကျယ်ဟိန်းဟောက်ပြောလိုက်တာတို့ လုပ်မိပါသေးတယ်။ ဒါကြောင့် ပညာရှိတွေက " သွေးသာဖောက်လဲလို့ရမယ် . . မျိုးရိုးဗီဇက လဲမရဘူး " လို့ ပြောကြတာ ဖြစ်လိမ့်မယ်။
.
. ဒီအထိဖတ်လာတဲ့ ချစ်မိတ်ဆွေရဲ့စိတ်ထဲမှာ အခုလောက်ဆို " အော် . . ငါ့သား ငါ့သမီးကိုဆုံးမတာ အတင်းရောကာရော လုပ်မိနေပါပေါ့လား . . သူတို့ကိုသနားလိုက်တာ . . ငါတို့ နည်းမှန်လမ်းမှန်နဲ့ဆုံးမသင့်တယ် " လို့ တွေးမိပြီဆိုရင် ဒီစာကိုရေးပြီးအသိပညာပေးရတာ တန်ဖိုးသင့်တဲ့ပီတိတစ်ခုကို ကျွန်တော်ရလိုက်ပါပြီ။
.
.
. ပြီးတော့ နောက်ပိုင်း ဒီဘက်န်ိုင်ငံကိုရောက်မှကြားဖူးတဲ့ " သူတပါးက မိမိကိုဆက်ဆံစေလိုတဲ့အတိုင်း လူတိုင်းကို ဆက်ဆံပါ - Treat Others Like How You Want To Be Treated " ဆိုတဲ့စကားက ဒီနိုင်ငံကလူတွေကို (အနည်းနဲ့အများ) ပိုမိုနူးညံ့စေတာကို သိလာတယ်။ တစ်ဆက်တည်း လောကနီတိတွေ၊ လူလူချင်းဆက်ဆံသင့်ပုံအသိပညာတွေ၊ လူသားအချင်းချင်းတန်ဖိုးထားတတ်မှုတွေ၊ အားပေးမြှောက်ပင့်တွန်းတင်တတ်တဲ့ Motivation စိတ်တွေကို အင်္ဂလိပ်လိုရေးထားတဲ့ ဘလော့ဂ်စာမျက်နှာတွေပေါ်မှာဖတ်မိလာတော့ ကျွန်တော်ပိုသိမြင်လာတယ်။
.
. ပထမ
ကလေးတစ်ယောက်၊ လူငယ်တစ်ယောက် ယဉ်ကျေးလိမ္မာဖို့ဟာ သူနေ့တိုင်းသွားတဲ့ ကျောင်းနဲ့ အများကြီးပတ်သက်ပါတယ်။ သူတို့အသံကို နားထောင်ပေးပါ။ သူတို့ဖြစ်ချင်တာကို ပြီးဆုံးအောင်ပြောပြပါစေ။ သူတို့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အရင်းအမြစ်တွေ မိဘတွေနားက ရသွားပါစေ။
.
.
. ဒုတိယအလွှာအနေနဲ့ မိဘရဲ့ သားသမီးပညာရေးကိုဘယ်လောက်အထိစိတ်ဝင်စားတယ်ဆိုတာက အခရာကျပြန်တယ်။
.
. တတိယအလွှာကျတော့ သားသမီးပေါင်းနေတဲ့ သူငယ်ချင်းအသိုင်းအဝိုင်းက " သူကောင်းနိုင်၏။ မကောင်းနိုင်၏ " ဆိုတာကို အမြဲလိုလိုအဆုံးအဖြတ်ပေးနိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်။
.
.
. နောက်ဆုံးအလွှာက ဒုတိယအလွှာကိုပြန်ဖတ်ပါ . . မိဘရဲ့ သားသမီးကို ဆုံးမပုံ က အောက်ကအချက်တွေအားလုံးကို အဖြေပေးသွားပါလိမ့်မယ်။
.
. ကျွန်တော်တို့ဟာ ဘယ်အရာမှ မွေးကတည်းကမတတ်လာပါဘူး။ ကြုံမယ်၊ ဆုံမယ်၊ မှားယွင်းမယ် . . ဒါဟာ လောကဓံပဲ။ ဒါကို " ဘာဖြစ်လို့မှားလာခဲ့ရတာလဲ? " ဆိုပြီး အပြစ်တင်တာထက်စာရင် " ဘာကြောင့် မှားရတာလဲ? " " ဒီလိုအမှားမျိုးမကြုံရအောင် ဘယ်လိုလုပ်ရမလဲ? " ဆိုတာက ပိုအလုပ်ဖြစ်တယ်။ ခရီးရောက်တယ်။ တာသွားတယ်။
.
.
. တစ်နည်းအားဖြင့် " ကြုံခဲ့တဲ့အမှားတွေကနေ မိတ်ဆွေဘယ်လိုသင်ယူ - Learn ခဲ့သလဲအပေါ်မှာ မူတည်ပါတယ်။ အမှားပြင်တတ်တဲ့မိဘတွေကို သားသမီးတွေက အင်မတန်လေးစားတယ်နော . . သတိထားကြပါ "။ ဒါကြောင့် နိဂုံးပိုင်းအထိဖတ်လာသူတွေအတွက် သားသမီးကိုဘယ်လိုဆုံးမရမယ်ဆိုတဲ့အဖြေကိုတွေးမိလောက်ပြီလို့ ယူဆရင်း . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-04-2017
.
. အဖြစ်မှန် ။ ။ ကလေးငယ်ဟာ အဖေရဲ့မောင်းထုတ်သံကိုကြောက်ပြီး ခပ်လှမ်းလှမ်းကအဖွားအိမ်ကို တစ်ကိုယ်တည်း သွားခဲ့တယ်။ ကလေးပျောက်လို့ပြန်ရှာတော့ အဖွားက လူကြီးတွေကိုဆူပါတယ်။ အခုထက်ထိ လူငယ်လေးမှာ အဲဒီစိတ်ဒဏ်ရာက ခြောက်လှန့်နေဆဲ. .။

No comments: