ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, November 24, 2019

(၁) မိသားစု (၂) ကျောင်း (၃) အလုပ်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
မိသားစုလိုက် နေရာသစ်တစ်ခုမှာ အခြေချမယ်စဉ်းစားတော့ ကျွန်တော့ခေါင်းထဲမှာ အရွေ့ဖြစ်စဉ်ကြီး-Phases (၃) ခု ရှိခဲ့တယ်။ အဲဒီ (၃) ခုရဲ့ရှေ့မှာတော့ နောက်ပိုင်းနှစ်တွေကျမှဆုံးဖြတ်နိုင်မယ့် "ဒီနေရာမှာအခြေချမယ် (Yes, I’ll Stay)" နဲ့ "မနေဘူး ပြန်မယ် (No, I’m Out)" ဆိုတာတွေ ရှိနေခဲ့ပါတယ်။

တကယ့်ကိုစီမံကိန်းကြီးလိုဆွဲပြီး အမေရိကားမှာအခြေတည်သင့်တာက
ဦးစားပေး (၁) မိသားစု
ဦးစားပေး (၂) ကျောင်း
ဦးစားပေး (၃) အလုပ် တို့ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေကို “အစီအစဉ်အတိုင်း” ပေးမဖြတ်သန်းတဲ့တစ်ချို့တွေဟာ မှန်းသလိုမဖြစ်လာတော့ ဖြစ်သလိုလှမ်းလျှောက်ကြရင်း သူတို့ရဲ့ဘဝတွေဟာ ဦးတည်ရာမရဖြစ်လာတာမြင်ဖူးတယ်။ မိသားစုပါလာတဲ့အိမ်ထောင်စုမျိုးဟာ အမေရိကားမှာသိပ်အရေးကြီးတယ်။ အဓိကပြောချင်တာက ကလေးငယ်တွေကိုဘယ်လိုပျိုးထောင်ကြမလဲ? ဒီအကြောင်းအရာက အင်မတန်လက်ဝင်သလို နူးညံ့လွန်းတဲ့အပြင် ထိလွယ် ရှလွယ် ပွန်းပဲ့လွယ်ကြတယ်။

ဥပမာပေးရမယ်ဆိုရင် DV ပေါက်ပြီးအမေရိကားရောက်လာတဲ့မိန်းကလေးတစ်ယောက်ဟာ အင်ဂျင်နီယာဘာသာရပ်နဲ့ဘွဲ့ယူပြီး ဘဝကိုရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ထားပါသတဲ့။ ဒါနဲ့ ဒီကိုရောက်တယ်၊ ဘဝကိုအစကနေပြန်စရတယ်၊ အခြေချတယ်၊ အလုပ်စလုပ်တယ်၊ အလုပ်လုပ်ရင်းကျောင်းတက်တယ်၊ ကျောင်းစာကောင်းကောင်းလုပ်နိုင်ဖို့ အိပ်ချိန်နဲ့ အလဲအလှယ်လုပ်ရတယ်။ နောက်ပိုင်းကျေတာ့ အလုပ်လုပ်တဲ့အချိန်များလာပြီး ကျောင်းစာကိုပစ်ချထားလိုက်မှ အလုပ်ကောင်းကောင်းလုပ်နိုင်လာတယ်။ အဲဒါကိုပဲကြည့်။

အခုဆိုရင် သူရောက်တာ (၁ဝ) နှစ် ကျော်နေပြီ ကျောင်းကတက်လို့မပြီးသေးဘူး။ များလှတဲ့ဗာဟီရ၊ မပြတ်ရှာဖွေကျွေးမွေးရတဲ့ခန္ဓာရဲ့ဒုက္ခ၊ သင်လိုက်တဲ့ကျောင်းကစာတွေက မရ နဲ့ စာသင်ယူနစ်နည်းနည်းသာယူနိုင်တဲ့ သက်တမ်းရှည်ကျောင်းသားဖြစ် နေပါတယ်။

နောက်တစ်ယောက်ကျတော့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာကိုငယ်ငယ်လေးကတည်းကအလွန်အမင်းကြိုက်နှစ်သက်ခဲ့တဲ့ကောင်လေးတစ်ယောက်ဟာ သူမှန်းထားတဲ့အရွယ်ထက် (၈) နှစ်လောက်နောက်ကျမှ သူ့စိတ်ကူးအိပ်မက်တိုင်းပြည်အမေရိကားကိုရောက်တော့ လျှာတွေကခေါက်နေပြီ။ အင်္ဂလိပ်စကားကမပီတော့။
ကွမ်းတွေစားတာများလို့ စကားပြောတိုင်း လုံးလားထွေးလား နဲ့ နောက်ဆုံးစိတ်ညစ်ပြီး ဒီဘက်မြေမှာ ဘာကျောင်းမှပြန်မတက်ပဲ ဘဝကို အလုပ်ရေစီးကြောင်းထဲမျှောချလိုက်ပါရင်း မနက် (၉) နာရီသွား ညနေ (၅) နာရီပြန်တဲ့အနောက်တိုင်းအခေါ်-9 to 5 Job လိုင်းထဲရောက်သွားတာ ကြိုးစားဖို့အရွယ်ရှိသေးတဲ့ဘဝအတွက် အဖက်ဖက်ကနစ်နာရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒီဉပမာတွေက တစ်ကိုယ်ရေတစ်ကာယသမား အိမ်ထောင်မရှိထားသူတွေရဲ့ ကျောင်းနဲ့ပနံမသင့်ခဲ့တဲ့ သူတို့ရင်ထဲကဝေဒနာတွေကိုမျှဝေချင်ရုံသာ။

မိသားစုနဲ့လာသူတွေမှာရော ဇာတ်လမ်းပမာတွေမရှိဘူးလား? ရှိနေပါတယ်။ ဒီအပိုင်းမှာတော့ အပေါ်ကလို "မလုပ်ဖြစ်လိုက်တဲ့ဉပမာတွေ" မပေးချင်တော့ဘူး။ သူတို့လုပ်သွားတဲ့ လူမသိ သူမသိ လမ်းစဉ်လေးကကောင်းလွန်းလို့ ကျွန်တော့စိတ်ထဲမှာ အင်မတန်နှစ်သက်မိတာနဲ့အညီ ရေးပြချင်နေတာကြာနေပါပြီ။

အမျိုးသားက ဒီဘက်အမေရိကားကိုအရင်ရောက်တယ်။ သူတို့ပြောပြချက်အရ ခိုလှုံခွင့်လျှောက်ထားပြီး နိုင်ငံသားလျှောက်၊ အမာခံမြေတည်ဆောက်ပြီး မြန်မာနိုင်ငံက သူ့ဘဝမှာအချစ်ဆုံးတစ်ယောက်ကို ပြန်လက်ထပ်တယ်။ တစ်ဉီးရှာတာကို အိမ်ဖိုး နဲ့ အသုံးစားရိတ်တွေကျခံတယ်။ နောက်တစ်ဉီးရှာတာကို အရံအနေနဲ့ခွဲထားရင်းကျစ်ကျစ်ပါတောင်စုထားတယ်။ မလိုတာ မသုံးဘူး။ မဖြစ်မနေလိုမှသာ ငွေအကုန်အကျခံဝယ်ယူတယ်။

ဘယ်လောက်တောင်ချွေတာသလဲဆိုရင် (၄) နှစ်တိတိ လင်မယား (၂) ယောက် တစ်ယောက်ခန်းထဲပါတဲ့စတူဒီယို-Studio အိမ်ခန်းကိုငှားနေတယ်။ အခန်းကျဉ်းတဲ့အတွက် တစ်ယောက်အိပ်ကုတင်ပေါ်မှာ (၂) ယောက်အိပ်တယ်။ တစ်အိမ်လုံးမှာ ထမင်းစားတဲ့ပန်းကန်အကြီး (၂) ချပ်ပဲ ထားတယ်။ ဟင်းထည့်ဖို့ပန်းကန်တစ်ချို့ နဲ့ ဇွန်းခရင်း (၂) စုံရှိတယ်။

ဘယ်သူ့ကိုမှအိမ်လည်မခေါ်ဘူး။ တစ်လနေလို့ အပြင်စာတစ်ခေါက်ထွက်မစားဘူး။ ခြိုးခြံချွေတာတယ်။ အမျိုးသားအလုပ်လုပ်တဲ့နေရာကိုအမျိုးသမီးကလက်ရှိလုပ်နေတဲ့အလုပ်ကနေ ရအောင်ပြောင်းတယ်။ နေရာတစ်ခုတည်းမှာအလုပ်အတူတူလုပ်ရပြီလည်းဆိုရော စားရိတ်သက်သာအောင် ပိုနေတဲ့ကားတစ်စီးကိုရောင်းတယ်။ သတ်မှတ်ထားတဲ့ရည်မှန်းချက်မရောက်မချင်း အင်မတန်အသုံးအစွဲစည်းကမ်းကြီးတယ်။ ကလေးမယူဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံကကျန်ခဲ့တဲ့ဆွေမျိုးတွေကိုငွေလွှဲရင်တစ်ခါလွှဲရင် ဒေါ်လာ (၁၅ဝဝဝ) စုတာ . . စုတာ . . ငွေကိုအဲဒီလိုစုတာ။ ပြီးတော့ သူတို့နေခဲ့တဲ့ဒေသတစ်ဝိုက်မှာ ရာဘာခြံတွေဝယ်တယ်။ ဈေးတက်တယ်။ ထပ်မြှုပ်နှံတယ်။ ငွေထပ်ပို့တယ်။ ဈေးထပ်တက်တယ်။ အဲဒီအချိန်အထိ တစ်ယောက်အိပ်ကုတင်မှာ (၂) ယောက်အိပ်တုန်း။ စီးတဲ့ရေ နဲ့ ဆည်တဲ့ကန်သင်းကြားမှာ အိမ်မှာရှိတဲ့ထမင်းစားပန်ကန် (၂) ချပ်က အလည့်ကျအလုပ်အကျွေးပြုနေတုန်း။

ဒီလိုခြစ်ခြစ်ခြုပ်ခြုပ်စုထားတဲ့ အနစ်နာခံမှုတွေဟာ အမြစ်အပေါ်အပင်ပေါက်၊ အပင်ပေါ်အသီးသီးဖို့အချိန်တစ်ခုရောက်လာတဲ့အခါ အဲဒီအမျိုးသမီးဟာ ဒီဘက်နိုင်ငံသားစာမေးပွဲဖြေပါတယ်။ အောင်တာနဲ့ သူ့မိဘတွေကိုခေါ်တယ်။ မိဘတွေရောက်လာတဲ့အခါ သားသမီးယူပါတယ်။ အိမ်ကို အနှစ် (၃ဝ) လစဉ်ပေးနဲ့ဝယ်တယ်။ ကားအသစ်ဝယ်ပါတယ်။ အလုပ်မှာရာထူးတက်ပါတယ်။ မိဘတွေရောက်လာတော့ မြေးထိန်းပေးတော့ အလုပ်ပြန်ဝင်ရတာစိတ်ဖြောင့်ပါတယ်။ စီးပွားတက်ပါတယ်။

သူ့အကြောင်းတွေပြောပြကတည်းက ကျွန်တော်က သိပ်ဝမ်းသာဂုဏ်ယူမိနေတာကြာလှပြီ။ အမေရိကားရောက်သူတွေထဲမှာ သူရွှေ့သွားတဲ့အကွက်တွေက အလှပဆုံးပဲ။ မျက်စိရှေ့တင် မြင်နေရတော့ အချိုးအကွေ့တစ်ခုပြောင်းသွားတိုင်း တိုးတက်ချင်တဲ့ သူတို့လင်မယားရဲ့ဒီဇိုင်းကို အတိုင်းသားမြင်နေရတယ်။

ပထမနမူနာ ကောင်မလေး နဲ့ ဒုတိယနမူနာ ကောင်လေးတို့က လူငယ်အရွယ်ဖြစ်ပေမဲ့ ဖျားယောင်းတတ်တဲ့အမေရိကားရဲ့အလုပ်သံသရာကိုမလွန်ဆန်နိုင်ခဲ့ဘူး။ အလုပ်လုပ်တော့ ငွေရတယ်။ ငွေရတော့ သုံးချင်တယ် လူဝင်ဆန့်ချင်တယ်။ နောက်ဆုံးပေါ်ပစ္စည်းတွေကိုင်ချင်တယ်။ မူးချင်တယ် ရူးချင်တယ်။

မိသားစုတည်ဆောက်ဖို့စိတ်ကူးနည်းပါးတော့ အပင်ကကြွေကျတဲ့သစ်ရွက်ခြောက်ကလေးလို ရည်မှန်းချက်မယ်မယ်ရရ ထားလို့မရဘဲ လောကဓံလေတိုက်လိုက်တိုင်း ယိမ်းနွဲ့လွင့်ပါးကွယ်ပျောက်သွားတယ်။ ဒါကြောင့် မိသားစုတည်ထောင်ဖို့မအောင်မြင်တာ၊ ကျောင်းပြီးအောင်တက်ဖို့မစွမ်းသာတာတွေဟာ အလုပ်လုပ်နေရလို့၊ တစ်ရက်ကို (၈) နာရီ (၁ဝ) နာရီလုပ်နေရတဲ့ အလုပ်ကိုပုံချလိုက်ရမှ စားလို့ဝင်သွားတယ်၊ အိပ်လို့ပျော်သွားတယ်။

စီမံကိန်းတစ်ခုနဲ့အမေရိကားမှာမိသားစုတည်ဆောက်ဖို့ကြိတ်ကြံခဲ့တဲ့လင်မယားကတော့ တစ်ခုခုအောင်မြင်ဖို့ လက်ရှိဘဝကိုအဆင်းရဲခံတယ်။ ဘာအကြောင်းကြောင့်မှ လမ်းအလွဲမခံဘူး။ လောကဓံကိုသည်းညည်းခံတယ်။ ကိုယ့်အလှည့်ရောက်ဖို့တန်းစီစောင့်ဆိုင်းရတာကိုစိတ်ရှည်တယ်။ ဘယ်ကိစ္စမဆို မိသားစုအရေးကိုအလေးပေးပြီး သွေးအေးအေးတိုင်းထွာဆုံးဖြတ်တယ်။

ကြွားဝါတတ်တဲ့စိတ်ကိုနှိပ်ကွပ်ထားတာကြောင့်ငွေစုမိတယ်။ မိသားစုထူထောင်ဖို့ရင်းနှီးမြှုပ်နှံတယ်။ အခုသူတို့မွေးတဲ့သမီးလေးရှေ့မှာ နိုင်ငံတကာဆင့်မီအခမဲ့ကျောင်းပညာရေးက အဆင်သင့်စောင့်နေတယ်။ သူတို့က အခြေကျတဲ့အလုပ်မှာ အနေလှတဲ့ဘဝကို မိသားစုစုံစုံလင်လင်နဲ့ချီတက်သွားရင်း တောက်ပတဲ့သူတို့ရဲ့အနာဂါတ်ခရီးလမ်းကို ကျွန်တော်လှမ်းမြင်နေရပါတယ်။

အမေရိကားလာတော့မယ့်စာဖတ်သူတွေစိတ်ဓါတ်ကျမှာစိုးလို့ မိသားစုလိုက်လာပြီး မိသားစုဝင်တွေရဲ့အရေးကိစ္စကိုအလေးမထားလို့ ကွဲသွားတဲ့အိမ်ထောင်တွေအကြောင်း မရေးပြချင်တော့ဘူး။ အလုပ်များတဲ့အမေ နဲ့ အိမ်ပြန်နောက်ကျတဲ့အဖေ တို့ရဲ့ကြား ဂိမ်းဖိကစားပြီး ကျောင်းကပေးတဲ့အိမ်စာမတင်အားတဲ့ သားသမီးတွေအကြောင်း စိတ်ဓါတ်ကျမှာစိုးလို့ ဒီနေရာမှာမပြောပြချင်တော့ပါဘူး။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
11-24-2019


<Zawgyi>

"(၁) မိသားစု (၂) ေက်ာင္း (၃) အလုပ္" မိသားစုလိုက္ ေနရာသစ္တစ္ခုမွာ အေျခခ်မယ္စဥ္းစားေတာ့ ကၽြန္ေတာ့ေခါင္းထဲမွာ အေရြ႕ျဖစ္စဥ္ႀကီး-Phases (၃) ခု ရွိခဲ့တယ္။ အဲဒီ (၃) ခုရဲ့ေရွ႕မွာေတာ့ ေနာက္ပိုင္းႏွစ္ေတြက်မွဆုံးျဖတ္နိုင္မယ့္ "ဒီေနရာမွာအေျခခ်မယ္ (Yes, I’ll Stay)" နဲ႔ "မေနဘူး ျပန္မယ္ (No, I’m Out)" ဆိုတာေတြ ရွိေနခဲ့ပါတယ္။ တကယ့္ကိုစီမံကိန္းႀကီးလိုဆြဲၿပီး အေမရိကားမွာအေျခတည္သင့္တာက ဦးစားေပး (၁) မိသားစု ဦးစားေပး (၂) ေက်ာင္း ဦးစားေပး (၃) အလုပ္ တို႔ျဖစ္ပါတယ္။ ဒီျဖစ္စဥ္ေတြကို “အစီအစဥ္အတိုင္း” ေပးမျဖတ္သန္းတဲ့တစ္ခ်ိဳ႕ေတြဟာ မွန္းသလိုမျဖစ္လာေတာ့ ျဖစ္သလိုလွမ္းေလၽွာက္ၾကရင္း သူတို႔ရဲ့ဘဝေတြဟာ ဦးတည္ရာမရျဖစ္လာတာျမင္ဖူးတယ္။ မိသားစုပါလာတဲ့အိမ္ေထာင္စုမ်ိဳးဟာ အေမရိကားမွာသိပ္အေရးႀကီးတယ္။ အဓိကေျပာခ်င္တာက ကေလးငယ္ေတြကိုဘယ္လိုပ်ိဳးေထာင္ၾကမလဲ? ဒီအေၾကာင္းအရာက အင္မတန္လက္ဝင္သလို ႏူးညံ့လြန္းတဲ့အျပင္ ထိလြယ္ ရွလြယ္ ပြန္းပဲ့လြယ္ၾကတယ္။ ဥပမာေပးရမယ္ဆိုရင္ DV ေပါက္ၿပီးအေမရိကားေရာက္လာတဲ့မိန္းကေလးတစ္ေယာက္ဟာ အင္ဂ်င္နီယာဘာသာရပ္နဲ႔ဘြဲ႕ယူၿပီး ဘဝကိုရပ္တည္ဖို႔ စိတ္ပိုင္းျဖတ္ထားပါသတဲ့။ ဒါနဲ႔ ဒီကိုေရာက္တယ္၊ ဘဝကိုအစကေနျပန္စရတယ္၊ အေျခခ်တယ္၊ အလုပ္စလုပ္တယ္၊ အလုပ္လုပ္ရင္းေက်ာင္းတက္တယ္၊ ေက်ာင္းစာေကာင္းေကာင္းလုပ္နိုင္ဖို႔ အိပ္ခ်ိန္နဲ႔ အလဲအလွယ္လုပ္ရတယ္။ ေနာက္ပိုင္းေက်တာ့ အလုပ္လုပ္တဲ့အခ်ိန္မ်ားလာၿပီး ေက်ာင္းစာကိုပစ္ခ်ထားလိုက္မွ အလုပ္ေကာင္းေကာင္းလုပ္နိုင္လာတယ္။ အဲဒါကိုပဲၾကည့္။ အခုဆိုရင္ သူေရာက္တာ (၁ဝ) ႏွစ္ ေက်ာ္ေနၿပီ ေက်ာင္းကတက္လို႔မၿပီးေသးဘူး။ မ်ားလွတဲ့ဗာဟီရ၊ မျပတ္ရွာေဖြေကၽြးေမြးရတဲ့ခႏၶာရဲ့ဒုကၡ၊ သင္လိုက္တဲ့ေက်ာင္းကစာေတြက မရ နဲ႔ စာသင္ယူနစ္နည္းနည္းသာယူနိုင္တဲ့ သက္တမ္းရွည္ေက်ာင္းသားျဖစ္ ေနပါတယ္။ ေနာက္တစ္ေယာက္က်ေတာ့ ျမန္မာနိုင္ငံမွာ အဂၤလိပ္စာကိုငယ္ငယ္ေလးကတည္းကအလြန္အမင္းႀကိဳက္ႏွစ္သက္ခဲ့တဲ့ေကာင္ေလးတစ္ေယာက္ဟာ သူမွန္းထားတဲ့အရြယ္ထက္ (၈) ႏွစ္ေလာက္ေနာက္က်မွ သူ႔စိတ္ကူးအိပ္မက္တိုင္းျပည္အေမရိကားကိုေရာက္ေတာ့ လၽွာေတြကေခါက္ေနၿပီ။ အဂၤလိပ္စကားကမပီေတာ့။ ကြမ္းေတြစားတာမ်ားလို႔ စကားေျပာတိုင္း လုံးလားေထြးလား နဲ႔ ေနာက္ဆုံးစိတ္ညစ္ၿပီး ဒီဘက္ေျမမွာ ဘာေက်ာင္းမွျပန္မတက္ပဲ ဘဝကို အလုပ္ေရစီးေၾကာင္းထဲေမၽွာခ်လိုက္ပါရင္း မနက္ (၉) နာရီသြား ညေန (၅) နာရီျပန္တဲ့အေနာက္တိုင္းအေခၚ-9 to 5 Job လိုင္းထဲေရာက္သြားတာ ႀကိဳးစားဖို႔အရြယ္ရွိေသးတဲ့ဘဝအတြက္ အဖက္ဖက္ကနစ္နာရတာ မ်က္ျမင္ကိုယ္ေတြ႕ပါပဲ။ ဒီဉပမာေတြက တစ္ကိုယ္ေရတစ္ကာယသမား အိမ္ေထာင္မရွိထားသူေတြရဲ့ ေက်ာင္းနဲ႔ပနံမသင့္ခဲ့တဲ့ သူတို႔ရင္ထဲကေဝဒနာေတြကိုမၽွေဝခ်င္႐ုံသာ။ မိသားစုနဲ႔လာသူေတြမွာေရာ ဇာတ္လမ္းပမာေတြမရွိဘူးလား? ရွိေနပါတယ္။ ဒီအပိုင္းမွာေတာ့ အေပၚကလို "မလုပ္ျဖစ္လိုက္တဲ့ဉပမာေတြ" မေပးခ်င္ေတာ့ဘူး။ သူတို႔လုပ္သြားတဲ့ လူမသိ သူမသိ လမ္းစဥ္ေလးကေကာင္းလြန္းလို႔ ကၽြန္ေတာ့စိတ္ထဲမွာ အင္မတန္ႏွစ္သက္မိတာနဲ႔အညီ ေရးျပခ်င္ေနတာၾကာေနပါၿပီ။ အမ်ိဳးသားက ဒီဘက္အေမရိကားကိုအရင္ေရာက္တယ္။ သူတို႔ေျပာျပခ်က္အရ ခိုလႈံခြင့္ေလၽွာက္ထားၿပီး နိုင္ငံသားေလၽွာက္၊ အမာခံေျမတည္ေဆာက္ၿပီး ျမန္မာနိုင္ငံက သူ႔ဘဝမွာအခ်စ္ဆုံးတစ္ေယာက္ကို ျပန္လက္ထပ္တယ္။ တစ္ဉီးရွာတာကို အိမ္ဖိုး နဲ႔ အသုံးစားရိတ္ေတြက်ခံတယ္။ ေနာက္တစ္ဉီးရွာတာကို အရံအေနနဲ႔ခြဲထားရင္းက်စ္က်စ္ပါေတာင္စုထားတယ္။ မလိုတာ မသုံးဘူး။ မျဖစ္မေနလိုမွသာ ေငြအကုန္အက်ခံဝယ္ယူတယ္။ ဘယ္ေလာက္ေတာင္ေခၽြတာသလဲဆိုရင္ (၄) ႏွစ္တိတိ လင္မယား (၂) ေယာက္ တစ္ေယာက္ခန္းထဲပါတဲ့စတူဒီယို-Studio အိမ္ခန္းကိုငွားေနတယ္။ အခန္းက်ဥ္းတဲ့အတြက္ တစ္ေယာက္အိပ္ကုတင္ေပၚမွာ (၂) ေယာက္အိပ္တယ္။ တစ္အိမ္လုံးမွာ ထမင္းစားတဲ့ပန္းကန္အႀကီး (၂) ခ်ပ္ပဲ ထားတယ္။ ဟင္းထည့္ဖို႔ပန္းကန္တစ္ခ်ိဳ႕ နဲ႔ ဇြန္းခရင္း (၂) စုံရွိတယ္။ ဘယ္သူ႔ကိုမွအိမ္လည္မေခၚဘူး။ တစ္လေနလို႔ အျပင္စာတစ္ေခါက္ထြက္မစားဘူး။ ၿခိဳးၿခံေခၽြတာတယ္။ အမ်ိဳးသားအလုပ္လုပ္တဲ့ေနရာကိုအမ်ိဳးသမီးကလက္ရွိလုပ္ေနတဲ့အလုပ္ကေန ရေအာင္ေျပာင္းတယ္။ ေနရာတစ္ခုတည္းမွာအလုပ္အတူတူလုပ္ရၿပီလည္းဆိုေရာ စားရိတ္သက္သာေအာင္ ပိုေနတဲ့ကားတစ္စီးကိုေရာင္းတယ္။ သတ္မွတ္ထားတဲ့ရည္မွန္းခ်က္မေရာက္မခ်င္း အင္မတန္အသုံးအစြဲစည္းကမ္းႀကီးတယ္။ ကေလးမယူဘူး။ ဒါေပမဲ့ ျမန္မာနိုင္ငံကက်န္ခဲ့တဲ့ေဆြမ်ိဳးေတြကိုေငြလႊဲရင္တစ္ခါလႊဲရင္ ေဒၚလာ (၁၅ဝဝဝ) စုတာ . . စုတာ . . ေငြကိုအဲဒီလိုစုတာ။ ၿပီးေတာ့ သူတို႔ေနခဲ့တဲ့ေဒသတစ္ဝိုက္မွာ ရာဘာၿခံေတြဝယ္တယ္။ ေဈးတက္တယ္။ ထပ္ျမႇုပ္ႏွံတယ္။ ေငြထပ္ပို႔တယ္။ ေဈးထပ္တက္တယ္။ အဲဒီအခ်ိန္အထိ တစ္ေယာက္အိပ္ကုတင္မွာ (၂) ေယာက္အိပ္တုန္း။ စီးတဲ့ေရ နဲ႔ ဆည္တဲ့ကန္သင္းၾကားမွာ အိမ္မွာရွိတဲ့ထမင္းစားပန္ကန္ (၂) ခ်ပ္က အလည့္က်အလုပ္အေကၽြးျပဳေနတုန္း။ ဒီလိုျခစ္ျခစ္ျခဳပ္ျခဳပ္စုထားတဲ့ အနစ္နာခံမႈေတြဟာ အျမစ္အေပၚအပင္ေပါက္၊ အပင္ေပၚအသီးသီးဖို႔အခ်ိန္တစ္ခုေရာက္လာတဲ့အခါ အဲဒီအမ်ိဳးသမီးဟာ ဒီဘက္နိုင္ငံသားစာေမးပြဲေျဖပါတယ္။ ေအာင္တာနဲ႔ သူ႔မိဘေတြကိုေခၚတယ္။ မိဘေတြေရာက္လာတဲ့အခါ သားသမီးယူပါတယ္။ အိမ္ကို အႏွစ္ (၃ဝ) လစဥ္ေပးနဲ႔ဝယ္တယ္။ ကားအသစ္ဝယ္ပါတယ္။ အလုပ္မွာရာထူးတက္ပါတယ္။ မိဘေတြေရာက္လာေတာ့ ေျမးထိန္းေပးေတာ့ အလုပ္ျပန္ဝင္ရတာစိတ္ေျဖာင့္ပါတယ္။ စီးပြားတက္ပါတယ္။ သူ႔အေၾကာင္းေတြေျပာျပကတည္းက ကၽြန္ေတာ္က သိပ္ဝမ္းသာဂုဏ္ယူမိေနတာၾကာလွၿပီ။ အေမရိကားေရာက္သူေတြထဲမွာ သူေရႊ႕သြားတဲ့အကြက္ေတြက အလွပဆုံးပဲ။ မ်က္စိေရွ႕တင္ ျမင္ေနရေတာ့ အခ်ိဳးအေကြ႕တစ္ခုေျပာင္းသြားတိုင္း တိုးတက္ခ်င္တဲ့ သူတို႔လင္မယားရဲ့ဒီဇိုင္းကို အတိုင္းသားျမင္ေနရတယ္။ ပထမနမူနာ ေကာင္မေလး နဲ႔ ဒုတိယနမူနာ ေကာင္ေလးတို႔က လူငယ္အရြယ္ျဖစ္ေပမဲ့ ဖ်ားေယာင္းတတ္တဲ့အေမရိကားရဲ့အလုပ္သံသရာကိုမလြန္ဆန္နိုင္ခဲ့ဘူး။ အလုပ္လုပ္ေတာ့ ေငြရတယ္။ ေငြရေတာ့ သုံးခ်င္တယ္ လူဝင္ဆန႔္ခ်င္တယ္။ ေနာက္ဆုံးေပၚပစၥည္းေတြကိုင္ခ်င္တယ္။ မူးခ်င္တယ္ ႐ူးခ်င္တယ္။ မိသားစုတည္ေဆာက္ဖို႔စိတ္ကူးနည္းပါးေတာ့ အပင္ကေႂကြက်တဲ့သစ္ရြက္ေျခာက္ကေလးလို ရည္မွန္းခ်က္မယ္မယ္ရရ ထားလို႔မရဘဲ ေလာကဓံေလတိုက္လိုက္တိုင္း ယိမ္းႏြဲ႕လြင့္ပါးကြယ္ေပ်ာက္သြားတယ္။ ဒါေၾကာင့္ မိသားစုတည္ေထာင္ဖို႔မေအာင္ျမင္တာ၊ ေက်ာင္းၿပီးေအာင္တက္ဖို႔မစြမ္းသာတာေတြဟာ အလုပ္လုပ္ေနရလို႔၊ တစ္ရက္ကို (၈) နာရီ (၁ဝ) နာရီလုပ္ေနရတဲ့ အလုပ္ကိုပုံခ်လိုက္ရမွ စားလို႔ဝင္သြားတယ္၊ အိပ္လို႔ေပ်ာ္သြားတယ္။ စီမံကိန္းတစ္ခုနဲ႔အေမရိကားမွာမိသားစုတည္ေဆာက္ဖို႔ႀကိတ္ႀကံခဲ့တဲ့လင္မယားကေတာ့ တစ္ခုခုေအာင္ျမင္ဖို႔ လက္ရွိဘဝကိုအဆင္းရဲခံတယ္။ ဘာအေၾကာင္းေၾကာင့္မွ လမ္းအလြဲမခံဘူး။ ေလာကဓံကိုသည္းညည္းခံတယ္။ ကိုယ့္အလွည့္ေရာက္ဖို႔တန္းစီေစာင့္ဆိုင္းရတာကိုစိတ္ရွည္တယ္။ ဘယ္ကိစၥမဆို မိသားစုအေရးကိုအေလးေပးၿပီး ေသြးေအးေအးတိုင္းထြာဆုံးျဖတ္တယ္။ ႂကြားဝါတတ္တဲ့စိတ္ကိုႏွိပ္ကြပ္ထားတာေၾကာင့္ေငြစုမိတယ္။ မိသားစုထူေထာင္ဖို႔ရင္းႏွီးျမႇုပ္ႏွံတယ္။ အခုသူတို႔ေမြးတဲ့သမီးေလးေရွ႕မွာ နိုင္ငံတကာဆင့္မီအခမဲ့ေက်ာင္းပညာေရးက အဆင္သင့္ေစာင့္ေနတယ္။ သူတို႔က အေျခက်တဲ့အလုပ္မွာ အေနလွတဲ့ဘဝကို မိသားစုစုံစုံလင္လင္နဲ႔ခ်ီတက္သြားရင္း ေတာက္ပတဲ့သူတို႔ရဲ့အနာဂါတ္ခရီးလမ္းကို ကၽြန္ေတာ္လွမ္းျမင္ေနရပါတယ္။ အေမရိကားလာေတာ့မယ့္စာဖတ္သူေတြစိတ္ဓါတ္က်မွာစိုးလို႔ မိသားစုလိုက္လာၿပီး မိသားစုဝင္ေတြရဲ့အေရးကိစၥကိုအေလးမထားလို႔ ကြဲသြားတဲ့အိမ္ေထာင္ေတြအေၾကာင္း မေရးျပခ်င္ေတာ့ဘူး။ အလုပ္မ်ားတဲ့အေမ နဲ႔ အိမ္ျပန္ေနာက္က်တဲ့အေဖ တို႔ရဲ့ၾကား ဂိမ္းဖိကစားၿပီး ေက်ာင္းကေပးတဲ့အိမ္စာမတင္အားတဲ့ သားသမီးေတြအေၾကာင္း စိတ္ဓါတ္က်မွာစိုးလို႔ ဒီေနရာမွာမေျပာျပခ်င္ေတာ့ပါဘူး။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 11-24-2019

No comments: