ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, August 23, 2014

အေးရှမ်းတွေ အားနာတတ်တာဟုတ်ရဲ့လား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အမေရိကားရောက် အေးရှမ်းတွေကို ( ၃ ) မျိုးလောက်ခွဲကြည့်ရအောင်။ ပထမအုပ်စုက အမေရိကန်ကျူးကျော်စစ်တွေကနေ ပြည်ဝင်ခွင့်ကို လျော်ကြေးသဘောမျိုးပေးလိုက်ရတဲ့အခါ အပိုဆုအနေနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံသားတွေ - ဥပမာ - ဖိလစ်ပိုင်စစ်အခြေစိုက်စခန်း နဲ့ စစ်ဘေးဒဏ်ခံ ဗီယက်နမ်ပြည်သူတွေ။ သူတို့တစ်တွေဟာ တရုတ် နဲ့ အိန္ဒိယန်းတွေပြီးရင် ထပ်တိုးရောက်လာတဲ့ အေးရှမ်းတွေလို့ပြောလို့ရတယ်။ ဖိလစ်ပိုင်သမ္မတမားကို့စ် ပြုတ်ကျပြီးနောက်ပိုင်းမှာ သူ့နိုင်ငံစီးပွားရေးဝင်ငွေ ( ၆ဝ ) % ကျော်ဟာ ပြည်ပထွက် ဖိလစ်ပီးနိုးတွေ ပြည်တွင်းပြန်လွှဲငွေတွေဆီကနေ ရခဲ့တယ်။ သူတို့နိုင်ငံဟာ အနောက်နိုင်ငံသားတွေ နဲ့ အများစုကိုးကွယ်ရာဘာသာတူညီတာလည်း ပံ့ပိုးအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။
.
.
ရောက်လေရာမှာ တည့်အောင်ပေါင်းတတ်တဲ့လူမျိုးဖြစ်ပြီး အင်္ဂလိပ်စကားပြော ယျေဘုယျကျွမ်းကျင်သူများလို့ ပြောနိုင်တယ်။ သူတို့ချင်းတွေ့ရင် ဘေးကလူကို ဂရုမစိုက်ပဲ ပထမဘာသာစကား First Language ကို အားပါးတရ ပြောတတ်လွန်းလို့ မြန်မာတွေက သူတို့ကို “ ဖဦးထုပ် ”  လို့ ချစ်စနိုးခေါ်ကြတယ်။ သူတို့ချင်းအဖွဲ့ကျနေတဲ့စကားဝိုင်းကို ဘေးကနားထောင်ရင် ဗမာလို “ ပစောက် ” နဲ့ အင်္ဂလိပ်စာလုံး “ P ” တို့ကို ရောသမမွှေ၊ ပြီးရင် “ ကကြီး ” အသံစုံကို အပေါ်ကနေ နည်းနည်းဖြူးလိုက်သလို ကုလားသံ အနည်းငယ်ပေါက်ပြီး စကားပြောမြန်တယ်။ ဒီလူမျိုးတွေရဲ့ အားသာချက် က ပြည်ပထွက်အလုပ်လုပ်သက်ကြာလာတော့ အကြောသိ ဓါတ်သိဖြစ်နေကြပြီး ရရင် ရသလို ရေသာခိုတတ်ကြတယ်။

.
.
ယှဉ်လုပ်မယ့်အလုပ်ဆို အလျှော့ပေးလိုက်ပြီး စကားချောလေးနဲ့ ချော့မော့တတ်သူ အများကြီး တွေ့ဖူးပါတယ်။ ကြိုးစားပမ်းစားလုပ်သူတွေရှိပေမယ့် ဘိုစိတ် ပိုပေါက်သူတွေကျတော့ ပျင်းကြတာများတယ်။ ဒေသခံယဉ်ကျေးမှုကို ခင်တတ်လွန်းသမို့ သူတို့မစားတတ်တဲ့ အစားအသောက်မရှိသလောက်ပါပဲ။ လောင်းကစားဆို ထိပ်ဆုံးက ပြေးနေပြီး တနင်္လာနေ့မှာ အိပ်ငိုက်နေပြန်သလို ဘယ်တော့ သောကြာနေ့ ပြန်ရောက်မလဲဆိုတာ နေ့တိုင်း နှုတ်ဆက်နေသူများထဲမှာ တစ်မျိုးအပါအဝင်ပါ။ အလုပ်ချိန် ( ၈ ) နာရီပြည့်ဖို့သာ အာရုံလာရင် လာသလို စကားတစ်ပြောပြောလုပ်သူများဖြစ်ကြပါတယ်။ အထူးသဖြင့် အမေရိကားမှာ ဘေးနိုင်ငံ မက္ကစီကိုသားများပြီးရင် အတွေ့ရအများဆုံးလူမျိုးအဖြစ် အမွှန်းတင်ချင်ပါတယ်။
.
.
သူတို့က အားနာတတ်ပါသလား?
.
.
စကားချိုသလောက် လုံးဝ အားမနာတတ်သူများဖြစ်ပါတယ်။ ကိုးကွယ်ရာဘာသာအရ လူ့ဘဝဆိုတာ ရခဲတယ် .. ရတဲ့အချိန်ပျော်သလောက်နေဆိုသူများအုပ်စုတွေရဲ့ အမာခံတွေအဖြစ် ယူဆမယ်ဆို ယူဆနိုင်ပါတယ်။ ပွင့်လင်းလိုက်တာမှ ပြောမနေနဲ့။ မြန်မာတွေ မင်းရေးကျယ်တယ်ဆိုတာ Filipino တွေကို ဘယ်မှီပါ့မလဲ။ ဒီဘက်နိုင်ငံမှာ ဘို တွေနဲ့ အိမ်ထောင်ကျသူ ဖဦးထုပ်တွေမှ အများကြီးပါ။ အများအကျိုးနဲ့ မိမိအဆင်ပြေဖို့၊ လုပ်ကိုင်ရတာသက်သာဖို့ ကိုယ်ချင်းမစာ အတ္တကြီးတဲ့ လူမျိုးလို့ပြောမယ်ဆိုရင် ခံစားဖူးသူတိုင်း ခံမငြင်းနိုင်လောက်ပါဘူး။ လူမျိုးခြား နဲ့ အိမ်ထောင်ကျလို့ အကျဉ်ခံရတယ်ဆိုတာထက် ဂုဏ်ယူတတ်တဲ့ လူမျိုး လူစားတွေဖြစ်လို့ အေးရှမ်းတွေထဲမှာ ပထမနေရာ ပေးထားပါတယ်။
.

ပူးတွဲပထမ ထပ်မံတင်ဆက်ပါမည်။

koko2yeye@gmail.com

No comments: