ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, November 1, 2015

အားသစ္တဖန္ျပန္ျဖစ္လာမယ္႕ Feedback

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ျမန္မာႏုိင္ငံရဲ႕ မ်က္စိေမွး-နားေလး စီးပြားေရးဘဝကေန ေနာက္ထပ္အခန္းက႑တစ္ခုဖြင္႕ဖို႕အေကာင္းဆံုးအခ်ိန္ကိုျပပါဆိုရင္ လက္မတင္ေလးတင္မွ အနည္းငယ္ပြင္႕လင္းလာတဲ႕ ကုန္သြယ္မႈအရွိန္အဟုန္ကုိ ျပရမွာျဖစ္ပါတယ္။ အခုလိုအခ်ိန္မွာ လုပ္ခစားသာမန္လူတန္းစားအျပင္ သင္ညာ၊ ရာထူး၊ ပညာေရး နဲ႕ ရင္းႏွီးလုပ္ကိုင္စားေသာက္ရမယ္႕ လုပ္ငန္းအေတြ႕အၾကံဳတုိ႕ကို “ ထည္႕ေရာင္း - Sell ” ရပါတယ္။ ဒါကို အေနာက္ႏုိင္ငံမွာ မိမိရဲ႕အခ်ိန္ကိုေရာင္းတယ္၊ လုပ္အားကိုေရာင္းတယ္လို႕ သံုးႏႈန္းၾကျပီး ေနာက္ဆံုးမွာ အလုပ္ရွင္ဘက္က “ လုပ္ငန္းအေတြ႕အၾကံဳ - Work Experience ” ကို ဝယ္ခ်င္တာ ျဖစ္ပါတယ္။
.
ဒီေတာ႕ အလုပ္ေလွ်ာက္တဲ႕အခါ မိမိရဲ႕အေတြ႕အၾကံဳကို ေမးသမွ်ျပန္ေျပာႏုိင္ေအာင္ ေခါင္းထဲမွာစီထားရမယ္။ ဒါမွသာ ေကာက္ကာငင္ကာေမးခ်လာတဲ႕ လူေတြ႕ေမးျမန္းျခင္း - Interview ဆိုတာလည္း ခက္တယ္မရွိပဲ ေအာင္ျမင္စရာနည္းလမ္းျဖစ္လာပါမယ္။ လူေတြက အင္တာဗ်ဴး .. အင္တာဗ်ဴးလို႕သာ အလြယ္ေျပာၾကတာ ဘာေတြျပင္ဆင္ရမယ္ဆိုတာ နဲ႕ ဘယ္ေနရာကအရင္းအျမစ္ေတြကုိ ယူငင္သံုးစြဲရမယ္ဆုိတာကို အနည္းစုေသာလုပ္သားမ်ားသာ သိၾကပါတယ္။ ဒါေၾကာင္႕ အေနာက္ႏုိင္ငံကေန ဘယ္လုိေကာင္းတဲ႕နမူနာေတြကို ကြ်န္ေတာ္တို႕သင္ယူဖို႕ရွိေနပါသလဲ? ေလ႕လာၾကည္႕ရေအာင္..။
.
.
အလုပ္တစ္ခုကိုဝင္ေရာက္ေလွ်ာက္ထားမယ္ဆိုတဲ႕အခါ ဘယ္သူမဆို “ ဘာေတြေမးမလဲ မသိဘူးေနာ္ ” လို႕ မလူးသာမလႈပ္သာ က်ဥ္းၾကပ္တဲ႕ဇာတ္ကြက္ကေန စျပီးစဥ္းစားၾကတယ္။ စာဖတ္သူမ်ားေရာ ဒီအယူအဆရွိတဲ႕ထဲမွာ ပါေနပါသလား? ဆန္းစစ္ၾကည္႕ပါ။ အေမရိကားက အင္တာဗ်ဴးေျဖဖို႕ျပင္ဆင္ေနသူတစ္ေယာက္ဟာ “ ငါသာအလုပ္ရွင္ဆုိရင္ ဘယ္လုိလူကိုအလုပ္ခန္႕မလဲ? ” ဆိုတာကေန စစဥ္းစားပါတယ္။ ဒီကေနမွ သူေလွ်ာက္တဲ႕ရာထူးဟာ ဘယ္လိုအလုပ္မ်ိဳးလဲ? ဘယ္လိုစီမံခန္႕ခြဲမႈေတြလုပ္ရသလဲ? ဘာလိုအပ္ခ်က္ေတြအရ ဘယ္လိုျပင္ဆင္ထားမွ ေအာင္ႏုိင္မယ္ဆိုတာကုိပါ ခေရေစ႕တြင္းက် ေလ႕လာၾကတယ္။
.
အလုပ္ရွင္ဘက္ကေနၾကည္႕ရင္လည္း သူတို႕မလိုခ်င္သူ၊ အရည္အခ်င္းမျပည္႕မွီသူေတြပါလာမယ္ဆုိတာ အင္တာဗ်ဴးမေခၚခင္ကတည္းက ၾကိဳသိေနျပီးသားပါ။ ဒါေၾကာင္႕ အေကာင္းဆံုး နဲ႕ အရည္အခ်င္းျပည္႕မွီသူကိုေမွ်ာ္လင္႕ရင္း စမ္းတဝါးဝါးအရည္အခ်င္း နဲ႕ မမွီ႕တမွီ လာေရာက္ေလွ်ာက္ထားမယ္႕သူေတြကုိပါ လက္ခံစစ္ေဆးရတယ္။ ဒီေတာ႕ သူတုိ႕ရဲ႕အင္တာဗ်ဴးေခၚစာကို ဒီလိုပို႕ပါတယ္။
.
Dear Ko Ko,
Thank you for applying for the Quality Control Inspector position.  Since we received so many applications, we are going to start by having very brief (5 minutes or so) conversations with everyone who met the minimum qualifications.  After that, we will decide whether to do more extensive interviews with everyone, or with just a few

.
.
ဖတ္ၾကည္႕ျပီးသြားျပီဆိုေတာ႕ ေမးစရာေတြရွိေနေလာက္ပါျပီ။ သူတို႕ရဲ႕ ဒီအလုပ္ေခၚစာဟာ ဆန္ကာတင္ခါခ်-အင္တာဗ်ဴးတစ္ခု ျဖစ္ပါတယ္။ ဆိုလိုတာက ေလွ်ာက္သူမ်ားေနတဲ႕ထဲက ေတာ္တဲ႕သူ၊ ေကာင္းတဲ႕သူ၊ ကိုက္ညီမယ္႕သူကို ေခါင္းေခါက္ျပီးေရြးတဲ႕ပြဲတစ္ခုလို႕ဆိုရင္ မမွားပါဘူး။ ဥပမာ - ကုမၸဏီကေခၚခ်င္တာ ( ၆ ) ေယာက္တည္း၊ လာေလွ်ာက္သူက အေယာက္ ( ၃ဝ ) ဆိုရင္ မ်ားလြန္းမေနေပဘူးလား? ဒါေၾကာင္႕ ပုိေနတဲ႕ ( ၂၄ ) ေယာက္ကိုဖယ္ထုတ္ဖို႕ ဒီနည္းလမ္းကိုသံုးၾကတယ္။
.
ဒါ႕အျပင္ သူတုိ႕ရဲ႕ အလုပ္ေခၚစာမွာပါတဲ႕ အနည္းဆံုးျပည္႕မွီခ်က္မ်ား - Minimum Qualifications ဆိုတာက “ မမွီရင္မေလွ်ာက္နဲ႕ ” လို႕ တားထားသလို အင္တာဗ်ဴးမွန္သမွ် ရာထူးတိုးဖို႕ဝင္ေလွ်ာက္ေနသူေတြကို စစ္ထုတ္ဖို႕ တားကြက္တစ္ခု အျဖစ္နားလည္ႏုိင္ပါတယ္။ ဒီလိုဆိုရင္ လူ ( ၃ဝ ) ထဲမွာ ကုမၸဏီကလိုခ်င္သူ ( ၆ ) ေယာက္ကို ၾကက္ကေလး ငွက္ကေလးေကာက္လိုက္သလို လွမ္းဆဲြတင္လုိက္ရံုပဲလား ဆိုေတာ႕လည္း မဟုတ္ေသးျပန္ပါဘူး။ အင္တာဗ်ဴးထုိင္သူ - Interviewer ေတြရဲ႕ ပူးေပါင္းဆံုးျဖတ္ခ်က္အရ ျငင္းရခက္သူ ( ၉ ) ေယာက္ေလာက္ကုိ ဒုတိယအင္တာဗ်ဴးေခၚစာကို ေအာက္ပါအတိုင္းထပ္ပို႕ပါတယ္။
.
“Dear Ko Ko,
Thank you for applying for the Quality Control Inspector position.  We would like to invite you to the next round of interviews, which will take approximately 1/2 hour, with a few more people. You will meet with: ဘယ္သူ ဘယ္ဝါ ” ဆိုျပီး ထပ္ေတြ႕ရမယ္႕၊ အင္တာဗ်ဴးထပ္ေျဖရမယ္႕ ခပ္ၾကီးၾကီးရာထူးရထားသူလူၾကီးေတြက စစ္မွာပါ။
.
.
ဒါ႕အျပင္ Extensive Interview လို႕ဆိုထားတဲ႕အတိုင္း လူတိုင္းေျဖရန္မလြယ္ကူတဲ႕ ေမးခြန္းေတြကုိ ေနာက္တစ္ဆင္႕ - The Next Round of Interview မွာ နာရီဝက္အခ်ိန္ယူျပီး ေျဖရမွာပါ။ ဒါဆိုရင္ ဒီအဆင္႕အထိေရာက္လာသူက ရဖို႕အခြင္႕အေရးရွိျပီး ပထမအင္တာဗ်ဴးက ( ၅ ) မိနစ္သာလူေတြ႕စစ္ခံခဲ႕ရသူမ်ားက မရၾကေတာ႕ပါဘူး။ ဒါက ရိုးစင္းသလို ေမးသူ-ေျဖသူ ႏွစ္ဦးႏွစ္ဖက္လံုး ဘယ္သူမွ မနစ္နာေစတဲ႕နည္းဆုိတာ သိသာပါတယ္။
.
ပထမအင္တာဗ်ဴးမွာ ဘယ္သူလဲ? ဘာအလုပ္လုပ္သလဲ? အလုပ္ရရင္ ဘယ္အခ်ိန္အလုပ္စဆင္းႏုိင္သလဲ? ဆုိတာနဲ႕ ( ၅ ) မိနစ္ျပည္႕သြားႏုိင္ေပမယ္႕ ဒုတိယအဆင္႕တက္သူအတြက္ကေတာ႕ သူေလွ်ာက္ထားတဲ႕အလုပ္ခြင္ကုိ ဘယ္ေလာက္သိသလဲဆုိတာအေပၚမွာ ေမးခြန္းေတြဆင္႕ကာဆင္႕ကာ တက္လာမွာျဖစ္ပါတယ္။ အဲဒီလုိ လုပ္ငန္းကြ်မ္းက်င္မႈအင္တာဗ်ဴးကိုမေျဖႏုိင္ရင္ ဖိုင္နယ္ ( ၆ ) ေယာက္ထဲမပါပဲ ဒုတိယအဆင္႕မွာလည္း ျပဳတ္သြားႏုိင္တာ သတိျပဳရပါမယ္။ ( ဥပမာေပးျခင္းသာ )
.
.
အေရးအၾကီးဆံုးက အင္တာဗ်ဴးမေအာင္သူေတြကုိ အလုပ္ရွင္ေတြရဲ႕ဆက္ဆံပံုပါ။ အခုလက္ရွိျမန္မာႏုိင္ငံမွာ အလုပ္လက္မဲ႕မ်ားတဲ႕အခါ မ်ားျပားလွတဲ႕အင္တာဗ်ဴးေတြအေပၚမွာ အင္တာဗ်ဴးထုိင္သူေတြက စိတ္ညစ္ေနတာေတြကို ၾကားရ၊ ဖတ္ရေတာ႕ ကြ်န္ေတာ္ ေတာ္ေတာ္စိတ္မေကာင္းျဖစ္မိတယ္။ တစ္ခ်ိဳ႕ဆုိ ေလွာင္ေျပာင္ေျပာဆိုၾကသလို သူတုိ႕အခ်င္းခ်င္းၾကားမွာ ဟားတိုက္စရာအျဖစ္ေတာင္ ေျပာစမတ္ရွိလာၾကတယ္။ ဒါမေကာင္းတဲ႕ လကၡဏာပါ။ အခုလိုကုမၸဏီမွာ ဒီလုိလူၾကီးေတြရွိၾကတာ ကုမၸဏီပိုင္ရွင္ ဒါမွမဟုတ္ အုပ္ခ်ဳပ္မႈအဖြဲ႕က သိဟန္မတူပါဘူး။ က႑အားလံုးအတြက္ နစ္နာေစပါတယ္။
.
အေမရိကားမွာေတာ႕ အင္တာဗ်ဴးမေအာင္သူကို Feedback ေပးတယ္ဆုိတာ ရွိတယ္။ အလုပ္ရဲ႕လိုအပ္ခ်က္အရ မေအာင္သူက ဘယ္ေနရာမွာ ဘာအလုပ္ကို မလုပ္တတ္မကိုင္တတ္ျဖစ္လို႕ဆုိတာမ်ိဳးျပန္ေျပာျပတယ္။ ဟုတ္တယ္ေလ .. သူမလုပ္တတ္ရင္ အင္တာဗ်ဴးမွာေမးတာ ဘယ္ေျဖႏုိင္ပါ႕မလဲ။ တစ္လက္စထဲ အင္တာဗ်ဴးမေအာင္သူကို ေနာင္ဒီလိုအင္တာဗ်ဴးအတြက္ ဘာေတြျပင္ဆင္ခဲ႕သင္႕တယ္ဆုိတာမ်ိဳးကိုပါ ပညာေပးတယ္။ ဥပမာ - စာရင္းစစ္ရာထူးအတြက္ ဘာလုပ္ရတယ္၊ ဘာကုိင္ရတယ္ဆိုတာကုိ တာဝန္က်လုပ္ေဆာင္ေနတဲ႕ စာရင္းစစ္ကုိသြားေမးပါ ဆုိတာမ်ိဳး၊ စာရင္းေတြကိုင္တတ္ဖို႕ အနည္းဆံုးကြန္ပ်ဴတာနဲ႕စာရင္းလုပ္တတ္မွျဖစ္မွာကို မတတ္ေနတာမ်ိဳး၊ သင္တန္းတက္သင္ယူသင္႕တာမ်ိဳး စသျဖင္႕ ေျပာျပတယ္။
.
.
ဒီလုိသိရေတာ႕ အရည္အခ်င္းမမွီသူဘက္ကၾကည္႕ရင္ ေျဖသာသလို “ ဘာဆက္လုပ္ရမယ္ဆိုတာ သူသိသြားတယ္ ” ဒါ ပညာေရးပါပဲ။ ဒီလုိမသိရသူက သူသိထားတာေလးကိုဆုတ္ကိုင္ရင္း ဘယ္ေတာ႕မွ အရည္အခ်င္းမတက္လာသလို ေနာက္ကုမၸဏီတစ္ခုကိုသြားေလ်ွာက္ရင္လည္း အခက္အခဲမ်ားေနဦးမွာပါ။ ဒီလို Feedback ေပးျခင္းအားျဖင္႕ အေမရိကားရဲ႕ ဝန္ထမ္းအင္အား - Staffing ကို အရည္အခ်င္းျမင္႕တက္ေစတယ္။ စီးပြားေရးကို ဦးေမာ႕ေစတယ္။ ပညာတတ္ေတြ ပိုမိုမ်ားျပားလာေစတယ္။ အရည္အခ်င္းရွိသူေတြ ပုိမိုေနရာရလာသလို အက်ိဳးစီးပြားရွာတတ္တဲ႕လူေတာ္လူေကာင္းေတြေၾကာင္႕ တိုင္းျပည္စီးပြားေရးထူထူေထာင္ေထာင္ျဖစ္လာေစတယ္။ အစုိးရက ဒါကိုလုိခ်င္တာ..။
.
ဒီလိုအသိပညာမ်ိဳးကို အထက္တန္းေက်ာင္းသားဘဝကတည္းက ေက်ာင္းကေနသင္လႊတ္လုိက္တယ္ဆုိရင္ ယံုႏိုင္ပါမည္လား? ဆရာက ေက်ာင္းသားကုိ ဘယ္ေန႕မွာ အင္တာဗ်ဴးရွိတယ္ဆိုတာကုိ ခ်ိန္းေပးတယ္။ သူတုိ႕ခ်ိန္းတဲ႕အခ်ိန္မွာ ဝတ္ေကာင္းစားလွ - Professional ကုိ သပ္သပ္ရပ္ရပ္ဝတ္ျပီးသြားရတယ္။ ေမးတာ ျမန္းတာကို မွန္ေအာင္ေျဖခိုင္းတယ္။ အလုပ္အတြက္ ျမန္မာလို CV Form လို႕ေခၚတဲ႕ အေမရိကန္အေခၚ Resume ကို ကိုယ္တိုင္ေရးရတယ္။ ျပီးေတာ႕ အဲဒီအထဲမွာပါတဲ႕ အလုပ္အေတြ႕အၾကံဳေတြကုိ တစ္ေသြမတိမ္းမွန္ေအာင္ေျဖခိုင္းတယ္။ ဆင္႕ပြားထြက္လာမယ္႕ ဥာဏ္စမ္းေမးခြန္းေတြနဲ႕ ထိေတြ႕ေပးတယ္။
.
.
ဒီလိုကေလးမ်ိဳးတစ္ေယာက္ အျပင္ေလာကထဲေရာက္လာတဲ႕အခါ အလုပ္မရပဲေနပါေတာ႕မလား? ေက်ာင္းသားအရြယ္ကတည္းက အစစအရာရာျပင္ဆင္ေပးလိုက္ဖို႕ အေျခခံပညာေက်ာင္းေတြမွာ အစိုးရကျဖစ္ျဖစ္၊ ျပည္နယ္ဖက္ဒရယ္အစုိးရကျဖစ္ျဖစ္ ဖိအားေတြအျမဲတမ္းရိွပါတယ္။ ေက်ာင္းသားတစ္ေယာက္အလုပ္ခြင္ထဲဝင္ဖို႕ ဒီလုိေက်ာင္းေတြကသာ သင္မေပးလုိက္ရင္ ေနာက္တစ္ခ်ိန္ခ်ိန္မွာ အစုိးရအတြက္ အလုပ္သိပ္ရႈတ္ေစပါတယ္။ ဝန္ထုတ္ဝန္ပိုးျဖစ္ျပီး အလုပ္လက္မဲ႕မ်ားေစပါတယ္။ ဒါ႕အျပင္ ေနာက္က်မွ အလုပ္လက္မဲ႕ေလွ်ာ႕ခ်ေရး၊ ဆင္းရဲမႈပေပ်ာက္ေရး စတာေတြအေပၚမွာ မသံုးခ်င္သံုးခ်င္ ဘ႑ာေငြေတြ အကုန္ခံမယ္႕အစား ဦးေႏွာက္ေကာင္းတဲ႕ကေလးအရြယ္ကတည္းက အတတ္သင္ေပးလုိက္တာက အစုိးအရအတြက္ သိပ္ရွင္းပါတယ္။
.
ေခါင္းစီးစာသားကိုျပန္ေကာက္ရရင္ ျမန္မာႏုိင္ငံကအလုပ္ခန္႕သူမ်ားအေနနဲ႕ မိမိဟာ ရာထူးၾကီးတစ္ခုရွိထားတယ္ဆိုတာ နဲ႕ ေအာက္က မတတ္သူ၊ မသိေသးသူကို ႏွိမ္ဖို႕မၾကိဳးစားပါနဲ႕။ မိမိဟာ အျမင္႕တန္းတစ္ခုမွာ ရာထူးၾကီးၾကီးတစ္ခုရေနတာဟာ ေအာက္ေျခကလူကုိခ်ိနဲ႕သြားေအာင္လုပ္ခ်လိုက္ဖို႕မဟုတ္ပါဘူး။ အမွန္က “ အၾကီးတန္းရာထူးယူထားေလေလ ေအာက္ကလူ အေပၚတက္ ရာထူးရေအာင္ ကူညီေပးရမွာ ”  ျဖစ္ပါတယ္။ အလုပ္လုပ္တတ္ေအာင္ သင္ေပးရမွာျဖစ္ပါတယ္။ အင္တာဗ်ဴးမေအာင္သူကုိ ေကာင္းေကာင္းမြန္မြန္လမ္းျပေပးႏုိင္တဲ႕ အျပဳသေဘာေဆာင္တဲ႕ Feedback ေပးၾကပါလို႕ တုိက္တြန္းလိုက္ပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
11-01-2015
.
.
.
“ အားသစ်တဖန်ပြန်ဖြစ်လာမယ့် Feedback ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
မြန်မာနိုင်ငံရဲ့ မျက်စိမှေး-နားလေး စီးပွားရေးဘဝကနေ နောက်ထပ်အခန်းကဏ္ဍတစ်ခုဖွင့်ဖို့အကောင်းဆုံးအချိန်ကိုပြပါဆိုရင် လက်မတင်လေးတင်မှ အနည်းငယ်ပွင့်လင်းလာတဲ့ ကုန်သွယ်မှုအရှိန်အဟုန်ကို ပြရမှာဖြစ်ပါတယ်။ အခုလိုအချိန်မှာ လုပ်ခစားသာမန်လူတန်းစားအပြင် သင်ညာ၊ ရာထူး၊ ပညာရေး နဲ့ ရင်းနှီးလုပ်ကိုင်စားသောက်ရမယ့် လုပ်ငန်းအတွေ့အကြုံတို့ကို “ ထည့်ရောင်း - Sell ” ရပါတယ်။ ဒါကို အနောက်နိုင်ငံမှာ မိမိရဲ့အချိန်ကိုရောင်းတယ်၊ လုပ်အားကိုရောင်းတယ်လို့ သုံးနှုန်းကြပြီး နောက်ဆုံးမှာ အလုပ်ရှင်ဘက်က “ လုပ်ငန်းအတွေ့အကြုံ - Work Experience ” ကို ဝယ်ချင်တာ ဖြစ်ပါတယ်။
.
ဒီတော့ အလုပ်လျှောက်တဲ့အခါ မိမိရဲ့အတွေ့အကြုံကို မေးသမျှပြန်ပြောနိုင်အောင် ခေါင်းထဲမှာစီထားရမယ်။ ဒါမှသာ ကောက်ကာငင်ကာမေးချလာတဲ့ လူတွေ့မေးမြန်းခြင်း - Interview ဆိုတာလည်း ခက်တယ်မရှိပဲ အောင်မြင်စရာနည်းလမ်းဖြစ်လာပါမယ်။ လူတွေက အင်တာဗျူး .. အင်တာဗျူးလို့သာ အလွယ်ပြောကြတာ ဘာတွေပြင်ဆင်ရမယ်ဆိုတာ နဲ့ ဘယ်နေရာကအရင်းအမြစ်တွေကို ယူငင်သုံးစွဲရမယ်ဆိုတာကို အနည်းစုသောလုပ်သားများသာ သိကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံကနေ ဘယ်လိုကောင်းတဲ့နမူနာတွေကို ကျွန်တော်တို့သင်ယူဖို့ရှိနေပါသလဲ? လေ့လာကြည့်ရအောင်..။
.
.
အလုပ်တစ်ခုကိုဝင်ရောက်လျှောက်ထားမယ်ဆိုတဲ့အခါ ဘယ်သူမဆို “ ဘာတွေမေးမလဲ မသိဘူးနော် ” လို့ မလူးသာမလှုပ်သာ ကျဉ်းကြပ်တဲ့ဇာတ်ကွက်ကနေ စပြီးစဉ်းစားကြတယ်။ စာဖတ်သူများရော ဒီအယူအဆရှိတဲ့ထဲမှာ ပါနေပါသလား? ဆန်းစစ်ကြည့်ပါ။ အမေရိကားက အင်တာဗျူးဖြေဖို့ပြင်ဆင်နေသူတစ်ယောက်ဟာ “ ငါသာအလုပ်ရှင်ဆိုရင် ဘယ်လိုလူကိုအလုပ်ခန့်မလဲ? ” ဆိုတာကနေ စစဉ်းစားပါတယ်။ ဒီကနေမှ သူလျှောက်တဲ့ရာထူးဟာ ဘယ်လိုအလုပ်မျိုးလဲ? ဘယ်လိုစီမံခန့်ခွဲမှုတွေလုပ်ရသလဲ? ဘာလိုအပ်ချက်တွေအရ ဘယ်လိုပြင်ဆင်ထားမှ အောင်နိုင်မယ်ဆိုတာကိုပါ ခရေစေ့တွင်းကျ လေ့လာကြတယ်။
.
အလုပ်ရှင်ဘက်ကနေကြည့်ရင်လည်း သူတို့မလိုချင်သူ၊ အရည်အချင်းမပြည့်မှီသူတွေပါလာမယ်ဆိုတာ အင်တာဗျူးမခေါ်ခင်ကတည်းက ကြိုသိနေပြီးသားပါ။ ဒါကြောင့် အကောင်းဆုံး နဲ့ အရည်အချင်းပြည့်မှီသူကိုမျှော်လင့်ရင်း စမ်းတဝါးဝါးအရည်အချင်း နဲ့ မမှီ့တမှီ လာရောက်လျှောက်ထားမယ့်သူတွေကိုပါ လက်ခံစစ်ဆေးရတယ်။ ဒီတော့ သူတို့ရဲ့အင်တာဗျူးခေါ်စာကို ဒီလိုပို့ပါတယ်။
.
“Dear Ko Ko,
Thank you for applying for the Quality Control Inspector position.  Since we received so many applications, we are going to start by having very brief (5 minutes or so) conversations with everyone who met the minimum qualifications.  After that, we will decide whether to do more extensive interviews with everyone, or with just a few”
.
.
ဖတ်ကြည့်ပြီးသွားပြီဆိုတော့ မေးစရာတွေရှိနေလောက်ပါပြီ။ သူတို့ရဲ့ ဒီအလုပ်ခေါ်စာဟာ ဆန်ကာတင်ခါချ-အင်တာဗျူးတစ်ခု ဖြစ်ပါတယ်။ ဆိုလိုတာက လျှောက်သူများနေတဲ့ထဲက တော်တဲ့သူ၊ ကောင်းတဲ့သူ၊ ကိုက်ညီမယ့်သူကို ခေါင်းခေါက်ပြီးရွေးတဲ့ပွဲတစ်ခုလို့ဆိုရင် မမှားပါဘူး။ ဥပမာ - ကုမ္ပဏီကခေါ်ချင်တာ ( ၆ ) ယောက်တည်း၊ လာလျှောက်သူက အယောက် ( ၃ဝ ) ဆိုရင် များလွန်းမနေပေဘူးလား? ဒါကြောင့် ပိုနေတဲ့ ( ၂၄ ) ယောက်ကိုဖယ်ထုတ်ဖို့ ဒီနည်းလမ်းကိုသုံးကြတယ်။
.
ဒါ့အပြင် သူတို့ရဲ့ အလုပ်ခေါ်စာမှာပါတဲ့ အနည်းဆုံးပြည့်မှီချက်များ - Minimum Qualifications ဆိုတာက “ မမှီရင်မလျှောက်နဲ့ ” လို့ တားထားသလို အင်တာဗျူးမှန်သမျှ ရာထူးတိုးဖို့ဝင်လျှောက်နေသူတွေကို စစ်ထုတ်ဖို့ တားကွက်တစ်ခု အဖြစ်နားလည်နိုင်ပါတယ်။ ဒီလိုဆိုရင် လူ ( ၃ဝ ) ထဲမှာ ကုမ္ပဏီကလိုချင်သူ ( ၆ ) ယောက်ကို ကြက်ကလေး ငှက်ကလေးကောက်လိုက်သလို လှမ်းဆွဲတင်လိုက်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပြန်ပါဘူး။ အင်တာဗျူးထိုင်သူ - Interviewer တွေရဲ့ ပူးပေါင်းဆုံးဖြတ်ချက်အရ ငြင်းရခက်သူ ( ၉ ) ယောက်လောက်ကို ဒုတိယအင်တာဗျူးခေါ်စာကို အောက်ပါအတိုင်းထပ်ပို့ပါတယ်။
.
“Dear Ko Ko,
Thank you for applying for the Quality Control Inspector position.  We would like to invite you to the next round of interviews, which will take approximately 1/2 hour, with a few more people. You will meet with: ဘယ်သူ ဘယ်ဝါ ” ဆိုပြီး ထပ်တွေ့ရမယ့်၊ အင်တာဗျူးထပ်ဖြေရမယ့် ခပ်ကြီးကြီးရာထူးရထားသူလူကြီးတွေက စစ်မှာပါ။
.
.
ဒါ့အပြင် Extensive Interview လို့ဆိုထားတဲ့အတိုင်း လူတိုင်းဖြေရန်မလွယ်ကူတဲ့ မေးခွန်းတွေကို နောက်တစ်ဆင့် - The Next Round of Interview မှာ နာရီဝက်အချိန်ယူပြီး ဖြေရမှာပါ။ ဒါဆိုရင် ဒီအဆင့်အထိရောက်လာသူက ရဖို့အခွင့်အရေးရှိပြီး ပထမအင်တာဗျူးက ( ၅ ) မိနစ်သာလူတွေ့စစ်ခံခဲ့ရသူများက မရကြတော့ပါဘူး။ ဒါက ရိုးစင်းသလို မေးသူ-ဖြေသူ နှစ်ဦးနှစ်ဖက်လုံး ဘယ်သူမှ မနစ်နာစေတဲ့နည်းဆိုတာ သိသာပါတယ်။
.
ပထမအင်တာဗျူးမှာ ဘယ်သူလဲ? ဘာအလုပ်လုပ်သလဲ? အလုပ်ရရင် ဘယ်အချိန်အလုပ်စဆင်းနိုင်သလဲ? ဆိုတာနဲ့ ( ၅ ) မိနစ်ပြည့်သွားနိုင်ပေမယ့် ဒုတိယအဆင့်တက်သူအတွက်ကတော့ သူလျှောက်ထားတဲ့အလုပ်ခွင်ကို ဘယ်လောက်သိသလဲဆိုတာအပေါ်မှာ မေးခွန်းတွေဆင့်ကာဆင့်ကာ တက်လာမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ငန်းကျွမ်းကျင်မှုအင်တာဗျူးကိုမဖြေနိုင်ရင် ဖိုင်နယ် ( ၆ ) ယောက်ထဲမပါပဲ ဒုတိယအဆင့်မှာလည်း ပြုတ်သွားနိုင်တာ သတိပြုရပါမယ်။ ( ဥပမာပေးခြင်းသာ )
.
.
အရေးအကြီးဆုံးက အင်တာဗျူးမအောင်သူတွေကို အလုပ်ရှင်တွေရဲ့ဆက်ဆံပုံပါ။ အခုလက်ရှိမြန်မာနိုင်ငံမှာ အလုပ်လက်မဲ့များတဲ့အခါ များပြားလှတဲ့အင်တာဗျူးတွေအပေါ်မှာ အင်တာဗျူးထိုင်သူတွေက စိတ်ညစ်နေတာတွေကို ကြားရ၊ ဖတ်ရတော့ ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်မိတယ်။ တစ်ချို့ဆို လှောင်ပြောင်ပြောဆိုကြသလို သူတို့အချင်းချင်းကြားမှာ ဟားတိုက်စရာအဖြစ်တောင် ပြောစမတ်ရှိလာကြတယ်။ ဒါမကောင်းတဲ့ လက္ခဏာပါ။ အခုလိုကုမ္ပဏီမှာ ဒီလိုလူကြီးတွေရှိကြတာ ကုမ္ပဏီပိုင်ရှင် ဒါမှမဟုတ် အုပ်ချုပ်မှုအဖွဲ့က သိဟန်မတူပါဘူး။ ကဏ္ဍအားလုံးအတွက် နစ်နာစေပါတယ်။
.
အမေရိကားမှာတော့ အင်တာဗျူးမအောင်သူကို Feedback ပေးတယ်ဆိုတာ ရှိတယ်။ အလုပ်ရဲ့လိုအပ်ချက်အရ မအောင်သူက ဘယ်နေရာမှာ ဘာအလုပ်ကို မလုပ်တတ်မကိုင်တတ်ဖြစ်လို့ဆိုတာမျိုးပြန်ပြောပြတယ်။ ဟုတ်တယ်လေ .. သူမလုပ်တတ်ရင် အင်တာဗျူးမှာမေးတာ ဘယ်ဖြေနိုင်ပါ့မလဲ။ တစ်လက်စထဲ အင်တာဗျူးမအောင်သူကို နောင်ဒီလိုအင်တာဗျူးအတွက် ဘာတွေပြင်ဆင်ခဲ့သင့်တယ်ဆိုတာမျိုးကိုပါ ပညာပေးတယ်။ ဥပမာ - စာရင်းစစ်ရာထူးအတွက် ဘာလုပ်ရတယ်၊ ဘာကိုင်ရတယ်ဆိုတာကို တာဝန်ကျလုပ်ဆောင်နေတဲ့ စာရင်းစစ်ကိုသွားမေးပါ ဆိုတာမျိုး၊ စာရင်းတွေကိုင်တတ်ဖို့ အနည်းဆုံးကွန်ပျူတာနဲ့စာရင်းလုပ်တတ်မှဖြစ်မှာကို မတတ်နေတာမျိုး၊ သင်တန်းတက်သင်ယူသင့်တာမျိုး စသဖြင့် ပြောပြတယ်။
.
.
ဒီလိုသိရတော့ အရည်အချင်းမမှီသူဘက်ကကြည့်ရင် ဖြေသာသလို “ ဘာဆက်လုပ်ရမယ်ဆိုတာ သူသိသွားတယ် ” ဒါ ပညာရေးပါပဲ။ ဒီလိုမသိရသူက သူသိထားတာလေးကိုဆုတ်ကိုင်ရင်း ဘယ်တော့မှ အရည်အချင်းမတက်လာသလို နောက်ကုမ္ပဏီတစ်ခုကိုသွားလျှောက်ရင်လည်း အခက်အခဲများနေဦးမှာပါ။ ဒီလို Feedback ပေးခြင်းအားဖြင့် အမေရိကားရဲ့ ဝန်ထမ်းအင်အား - Staffing ကို အရည်အချင်းမြင့်တက်စေတယ်။ စီးပွားရေးကို ဦးမော့စေတယ်။ ပညာတတ်တွေ ပိုမိုများပြားလာစေတယ်။ အရည်အချင်းရှိသူတွေ ပိုမိုနေရာရလာသလို အကျိုးစီးပွားရှာတတ်တဲ့လူတော်လူကောင်းတွေကြောင့် တိုင်းပြည်စီးပွားရေးထူထူထောင်ထောင်ဖြစ်လာစေတယ်။ အစိုးရက ဒါကိုလိုချင်တာ..။
.
ဒီလိုအသိပညာမျိုးကို အထက်တန်းကျောင်းသားဘဝကတည်းက ကျောင်းကနေသင်လွှတ်လိုက်တယ်ဆိုရင် ယုံနိုင်ပါမည်လား? ဆရာက ကျောင်းသားကို ဘယ်နေ့မှာ အင်တာဗျူးရှိတယ်ဆိုတာကို ချိန်းပေးတယ်။ သူတို့ချိန်းတဲ့အချိန်မှာ ဝတ်ကောင်းစားလှ - Professional ကို သပ်သပ်ရပ်ရပ်ဝတ်ပြီးသွားရတယ်။ မေးတာ မြန်းတာကို မှန်အောင်ဖြေခိုင်းတယ်။ အလုပ်အတွက် မြန်မာလို CV Form လို့ခေါ်တဲ့ အမေရိကန်အခေါ် Resume ကို ကိုယ်တိုင်ရေးရတယ်။ ပြီးတော့ အဲဒီအထဲမှာပါတဲ့ အလုပ်အတွေ့အကြုံတွေကို တစ်သွေမတိမ်းမှန်အောင်ဖြေခိုင်းတယ်။ ဆင့်ပွားထွက်လာမယ့် ဥာဏ်စမ်းမေးခွန်းတွေနဲ့ ထိတွေ့ပေးတယ်။
.
.
ဒီလိုကလေးမျိုးတစ်ယောက် အပြင်လောကထဲရောက်လာတဲ့အခါ အလုပ်မရပဲနေပါတော့မလား? ကျောင်းသားအရွယ်ကတည်းက အစစအရာရာပြင်ဆင်ပေးလိုက်ဖို့ အခြေခံပညာကျောင်းတွေမှာ အစိုးရကဖြစ်ဖြစ်၊ ပြည်နယ်ဖက်ဒရယ်အစိုးရကဖြစ်ဖြစ် ဖိအားတွေအမြဲတမ်းရှိပါတယ်။ ကျောင်းသားတစ်ယောက်အလုပ်ခွင်ထဲဝင်ဖို့ ဒီလိုကျောင်းတွေကသာ သင်မပေးလိုက်ရင် နောက်တစ်ချိန်ချိန်မှာ အစိုးရအတွက် အလုပ်သိပ်ရှုတ်စေပါတယ်။ ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး အလုပ်လက်မဲ့များစေပါတယ်။ ဒါ့အပြင် နောက်ကျမှ အလုပ်လက်မဲ့လျှော့ချရေး၊ ဆင်းရဲမှုပပျောက်ရေး စတာတွေအပေါ်မှာ မသုံးချင်သုံးချင် ဘဏ္ဍာငွေတွေ အကုန်ခံမယ့်အစား ဦးနှောက်ကောင်းတဲ့ကလေးအရွယ်ကတည်းက အတတ်သင်ပေးလိုက်တာက အစိုးအရအတွက် သိပ်ရှင်းပါတယ်။
.
ခေါင်းစီးစာသားကိုပြန်ကောက်ရရင် မြန်မာနိုင်ငံကအလုပ်ခန့်သူများအနေနဲ့ မိမိဟာ ရာထူးကြီးတစ်ခုရှိထားတယ်ဆိုတာ နဲ့ အောက်က မတတ်သူ၊ မသိသေးသူကို နှိမ်ဖို့မကြိုးစားပါနဲ့။ မိမိဟာ အမြင့်တန်းတစ်ခုမှာ ရာထူးကြီးကြီးတစ်ခုရနေတာဟာ အောက်ခြေကလူကိုချိနဲ့သွားအောင်လုပ်ချလိုက်ဖို့မဟုတ်ပါဘူး။ အမှန်က “ အကြီးတန်းရာထူးယူထားလေလေ အောက်ကလူ အပေါ်တက် ရာထူးရအောင် ကူညီပေးရမှာ ”  ဖြစ်ပါတယ်။ အလုပ်လုပ်တတ်အောင် သင်ပေးရမှာဖြစ်ပါတယ်။ အင်တာဗျူးမအောင်သူကို ကောင်းကောင်းမွန်မွန်လမ်းပြပေးနိုင်တဲ့ အပြုသဘောဆောင်တဲ့ Feedback ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
11-01-2015
.
“ အားသစ္တဖန္ျပန္ျဖစ္လာမယ္႕ Feedback ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၅ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၉ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။







No comments: