ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, December 25, 2015

( ၂ဝ၁၆ ) မဂၤလာႏွစ္သစ္လက္ေဆာင္ အမွန္တရားစကား အခြန္း ( ၅ဝ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
လူၾကီးမင္းတို႕၏ဘဝႏွင္႕အလုပ္အကိုင္မ်ားတြင္ မည္သို႕ပင္ၾကံဳေတြ႕ေနေစကာမူ သင္႕ေရွ႕တြင္ျဖတ္သန္းသြားခဲ႕ေသာ ဘဝတူလူသားမ်ားသည္ ရွိေနၾကမည္မွာ မလြဲေပ။ ဆယ္စုႏွစ္ ( ၂ ) ခုေက်ာ္ ဂ်ာနယ္လစ္တစ္ဦးအျဖစ္ ျဖတ္သန္းခဲ႕သည္႕ ကြ်န္မအေနျဖင္႕ ေဒၚလာဘီလ်ံခ်ီၾကြယ္ဝခ်မ္းသားသည္႕သူေ႒းမ်ားမွသည္ ေအာင္ျမင္မႈအသီးသီးကို ရယူပိုင္ဆိုင္ထားေသာ အလႊာေပါင္းစံုမွ ေအာင္ျမင္သူမ်ားစြာကုိ လူေတြ႕အင္တာဗ်ဴးခြင္႕ရခဲ႕ပါသည္။
.
ထိုအထဲတြင္ စြန္႕ဦးလုပ္ငန္းတီထြင္သူ - Entrepreneur မ်ား ႏွင္႕ ကုမၸဏီလုပ္ငန္းစတင္သူ - Startup မ်ားလည္း ပါဝင္သည္။ မွတ္မွတ္ရရ ဦးေႏွာက္ကင္ဆာ - Brain Cancer တိုက္ဖ်က္သည္႕ကုမၸဏီတစ္ခုပင္ ပါလိုက္ေသးသည္။
.
.
၄င္းတုိ႕အားလံုး၏စကားလံုးမ်ားသည္ စီးပြားေရးႏွင္႕ဘဝတိုးတက္ေရးတုိ႕ကုိ လွစ္ဟျပေသာ အမွန္တရားစကားမ်ား ျဖစ္ေနပါသည္။ အခ်ိဳ႕အသိပညာမ်ားဆိုလွ်င္ ေန႕စဥ္စီးပြားေရးအလုပ္အကိုင္အတြက္ လိုက္နာရန္ - Tips  မ်ား ( သို႕မဟုတ္ ) လွည္႕ကြက္ - Tricks မ်ားကို ေရွာင္ကြင္းရန္ အနီးကပ္လာေရာက္ေျပာျပေနသကဲ႕သို႕ ရွိေနပါသည္။
.
ထုိ႕ေၾကာင္႕ လာမည္႕ႏွစ္သစ္တြင္ အမ်ားသူငါေလ႕လာႏွလံုးသြင္းႏုိင္ရန္အလုိ႕ငွာ အမွန္တရားစကားအခြန္း ( ၅ဝ ) ကို ေအာက္တြင္ မခြ်င္းမခ်န္ ေဖာ္ျပလိုက္ရပါသည္။
.
ဂ်ဴလီေဘာ႕ / ဂ်ာနယ္လစ္ - Julie Bort  / Journalist ( Business Insider )

.
.
၁.. သင္၏အၾကိဳက္ဆံုးဝါသနာ ႏွင္႕ အတိတ္ကာလတို႕ကုိ တစ္သက္တာဘဝရပ္တည္မႈအလုပ္အေနျဖင္႕သြတ္သြင္းစရာမလိုပါ။ အကယ္၍ အလုပ္သည္သင္႕အတြက္အဓိပၸာယ္ရွိေနပါလ်ွင္ အလုပ္ခြင္တြင္ရွိေသာသင္႕ဘဝသည္ သာယာေပ်ာ္ရႊင္ဖြယ္ျဖစ္မည္မွာ မလြဲေပ။
.
.
၂.. အလုပ္ကိုခ်စ္ျမတ္ႏိုး၍မရပါက ဤအလုပ္ကိုလုပ္ရသည္႕အေၾကာင္းရင္းကို ခ်စ္ျမတ္ႏိုးပါ။ သင္႕အလုပ္ႏွင္႕ကုမၸဏီကို မခ်စ္မႏွစ္သက္သည္မွာ ျဖစ္ေကာင္းျဖစ္ေနႏုိင္ပါသည္။ သုိ႕ေသာ္ ကုမၸဏီမွေပးေသာ ေငြေၾကး ႏွင္႕ အက်ိဳးခံစားခြင္႕တုိ႕က သင္႕မိသားစုကုိေကာင္းက်ိဳးျပဳေနပါသည္။ ကုိယ္ပိုင္ေရြးခ်ယ္မႈျဖင္႕ မိသားစုအတြက္ မွန္ကန္ေသာအလုပ္ကို လုပ္ျဖစ္ေအာင္လုပ္ပါ။ သို႕ျဖစ္၍သာ တစ္ဆင္႕တက္၍ သင္ခ်စ္ခင္ႏွစ္သက္သည္႕ ရာထူးရာခံေနရာက႑ကို ေရာက္လာမည္ျဖစ္ပါသည္။
.
.
၃.. သင္႕ပတ္ဝန္းက်င္တြင္ အေကာင္းျမင္သူမ်ားဝန္းရံေနပါေစ။ ထုိအေျခအေနမွတစ္ဆင္႕ သင္႕ထံတြင္ အေကာင္းျမင္ေသာရလဒ္မ်ားထြက္ေပၚလာပါမည္။
.
.
၄.. ကြ်မ္းက်င္ေသာ၊ ထူးခြ်န္ေျပာင္ေျမာက္ေသာအရည္အခ်င္းမ်ားကိုအသံုးျပဳ၍ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုသံုးစြဲခဲ႕ပါလ်ွင္ သင္သည္ပိုမိုေပ်ာ္ရႊင္လာပါလိမ္႕မည္။
.
.
၅.. အားနည္းခ်က္ကိုတိုးတက္ေစရန္အလို႕ငွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုသံုးစြဲခဲ႕ပါလွ်င္ သင္သည္စိတ္ရႈတ္ေထြးမႈမ်ားျဖင္႕သာ လံုးပမ္းေနရပါလိမ္႕မည္။
.
.
၆.. လက္ေတြ႕ေဖာ္ေဆာင္မႈသည္သာ အရည္အေသြးသစ္တို႕ကို ေမြးဖြားေပးႏုိင္သည္။ ထုိ႕ေၾကာင္႕ ကိစၥရပ္တစ္ခုခုကို အသစ္အေနျဖင္႕ေလ႕လာသည္႕အခါတြင္ စိတ္ရွည္ပါ။
.
.
၇.. အျမဲတမ္းသစ္လြင္လတ္ဆတ္ေနရန္တစ္ခုတည္းေသာနည္းလမ္းမွာ အခ်င္းအရာအသစ္မ်ားကို အျမဲသင္ယူေနျခင္းျဖစ္သည္။
.
.
၈.. အသစ္သင္ေနသည္ဆိုျခင္းမွာ သင္တန္းသားအသစ္ႏွင္႕တူသည္။ ဆိုလိုသည္မွာ “ စိတ္ထားအသစ္ ” ထားျခင္းႏွင္႕အတူ အမွားမ်ားလည္းေတြ႕ႏုိင္ပါသည္။
.
.
၉.. စိတ္ထားအသစ္ျဖင္႕ပိုမုိလိုက္ေလ်ာညီေထြစြာသင္ၾကားရင္းအမွားေတြ႕သည္ရွိေသာ္ အခ်င္းအရာအသစ္မ်ားကို သင္ယူတတ္ေျမာက္ဖို႕ရာ ပိုမိုလြယ္ကူျပီဟုမွတ္ပါ။
.
.
၁ဝ.. အေၾကာင္းအရာတစ္ခုမွစတင္၍ေျပာင္းလဲသင္႕ျပီဟုတြက္ဆမိပါက သင္ကုိယ္တိုင္ ထုိေျပာင္းလဲမႈကိုဦးေဆာင္မႈျပဳပါ။
.
.
၁၁.. ထိုေသးေသးေလးမွ စတင္တည္ေဆာက္ပါ။
.
.
၁၂.. ထင္သာျမင္သာသည္႕လုပ္ငန္းအစပ်ိဳးမႈျဖင္႕ စတင္ပါ။ ထိုမွတစ္ဆင္႕ ခက္ခဲေသာကိစၥရပ္မ်ားကို ခ်ည္းကပ္ပါ။
.
.
၁၃.. နည္းပညာပိုင္းယူဆခ်က္ကိုအားျပဳ၍ အႏုသုခုမဖန္တီးမႈမ်ားကိုထည္႕သြင္းကာ သင္၏ေခါင္းေဆာင္မႈအပိုင္းက႑ကုိ ဖြင္႕လွစ္ျပသပါ။
.
.
၁၄.. မည္သည္႕အခ်ိန္တြင္ဆက္လက္ေမာင္းႏွင္ေနရမည္၊ မည္သည္႕အခ်ိန္တြင္ရပ္လိုက္ရမည္ဆိုသည္ကုိသိေအာင္လုပ္ျခင္းသည္ သင္ယူရအခက္ဆံုးသင္ခန္းစာျဖစ္သည္။ သင္႕ကုိမည္သူမွ်မသင္ေပးႏုိင္ပါ။ ထုိ႕ေၾကာင္႕ တစ္ခ်ိဳ႕ေနရာတြင္ သင္ကိုယ္တိုင္ေရြးခ်ယ္ရမည္။
.
.
၁၅.. တူညီေသာနည္းလမ္းသံုးျပီး တူညီေသာအလုပ္ကိုလုပ္၍ မတူညီေသာရလဒ္ရခ်င္သည္႕ကိစၥရပ္ကုိ “ အသံုးမက်ျခင္း ” ဟု အဓိပၸာယ္ဖြင္႕သည္။ အကယ္၍ ထြက္ေပၚလာသည္႕ရလဒ္မေကာင္းခဲ႕လွ်င္ တစ္စံုတစ္ခုကိုေျပာင္းလဲလိုက္ပါ .. ျပီးလွ်င္ .. ျပန္ၾကိဳးစားၾကည္႕ပါ။
.
.
၁၆.. တစ္ဦးတစ္ေယာက္တည္း မည္သူမွ်မေအာင္ျမင္ပါ။
.
.
၁၇.. အကူအညီေတာင္းပါ။ ေတာင္းသည္႕အကူအညီ တိက်ပါေစ။ ဝမ္းေျမာက္သည္႕စိတ္ကိုထားပါ။ လိုအပ္သည္႕အကူအညီေရာက္လာသည္႕အခါ ဝမ္းေျမာက္ဝမ္းသာခ်ီးက်ဴးပါ။
.
.
၁၈.. လူသားမ်ားသည္ ကမၻာၾကီးကို မတူညီသည္႕အေတြ႕အၾကံဳမ်ားျဖင္႕ ျဖတ္သန္းၾကသည္။ လူ ( ၂ ) ဦးသည္ အစည္းအေဝးတစ္ခုကိုအတူတူတက္ျပီး မတူညီသည္႕ယူဆခ်က္မ်ားျဖင္႕ လမ္းခြဲသြားၾကလိမ္႕မည္။ ခုိက္ရန္မျဖစ္ပြားပါႏွင္႕။ ထုိမတူညီမႈကို အသံုးခ်လိုက္ပါ။
.
.
၁၉.. မတူကြဲျပားမႈကို အားေပးပါ။ သင္၏အားနည္းခ်က္ကုိ ဝမ္းစာျဖည္႕ေပးႏုိင္မည္႕အေကာင္းဆံုးနည္းလမ္းမွာ မတူညီသည္႕ခြန္အားမ်ားျပည္႕ဝေနသည္႕အဖြဲ႕ဝင္တစ္ဦးဦးကုိ အတြင္းစည္းတြင္ ေရြးခ်ယ္ထားရန္ျဖစ္သည္။
.
.
၂ဝ.. တစ္ဦးတစ္ေယာက္ကုိ မၾကိဳက္မႏွစ္ျမိဳ႕ေသာ္လည္း ရုိေသေလးစားျခင္း ျဖင္႕ ကိုယ္ခ်င္းစာတရားထား၍ဆက္ဆံပါ။
.
.
၂၁.. လူတိုင္းအေပၚ “ ဒီလိုလုပ္သင္႕တယ္ ”  ဟု အျမဲမယူဆပါႏွင္႕။ ထုိနည္းတူစြာ မိမိဦးေခါင္းေပၚကုိ မည္သူတစ္ဦးတစ္ေယာက္ကုိမွ်  “ ဒီလိုလုပ္သင္႕တယ္ ” ဟု ခြင္႕မျပဳပါႏွင္႕။
.
.
၂၂.. သင္မည္မွ်ၾကိဳးစားလုပ္ကိုင္ရသည္၊ သင္ဘယ္ေလာက္ရရွိသည္ဆုိသည္ကုိ အပထား  .. သင္႕ထက္မ်ားစြာပိုင္ဆုိင္ေနသူ အျမဲတမ္းရွိေနသည္။
.
.
၂၃.. သင္႕ထက္ေလ်ာ႕ပါးစြာပိုင္ဆိုင္ေနသူမ်ားလည္းရွိေနသည္ကုိ မွတ္ပါေလ။
.
.
၂၄.. သင္႕ပေရာဂ်က္အတြက္၊ ကုမၸဏီအတြက္ ( အခ်ိန္၊ ေငြေၾကး၊ လူ ) စသည္႕ လိုအပ္ေသာအရင္းအျမစ္အားလံုး မရွိေနႏုိင္ပါ။ မည္သူတစ္ဦးတစ္ေယာက္မွ် သူတုိ႕လိုခ်င္ေသာ သတင္းအခ်က္အလက္၊ အရင္းအျမစ္မ်ားကို အားလံုးမပိုင္ဆိုင္ႏိုင္ပါ။
.
.
၂၅.. အရင္းအျမစ္တစ္ခုမရွိျခင္းသည္ ဆင္ေျခတစ္ခုမဟုတ္ပါ။ မျမင္သာေအာင္ ဟန္ေဆာင္ထားသည္႕မဂၤလာတရားတစ္ခု ျဖစ္ပါသည္။ ထုိ႕ေၾကာင္႕ သင္႕တြင္ တီထြင္ဆန္းသစ္မႈဥာဏ္ရွိရမည္။
.
.
၂၆.. တီထြင္ၾကံဆျခင္း ႏွင္႕ လမ္းသစ္ထြင္ေဖာက္ထြက္ျခင္းသည္ သင္ယူတတ္ေျမာက္ႏုိင္သည္႕နည္းတူ ေလ႕က်င္႕ျခင္းျဖင္႕ ေအာင္ျမင္ရာ၏။ ပံုမွန္ကိစၥရပ္မ်ားကို နည္းလမ္းသစ္မ်ားသံုး၍ တီထြင္ၾကံဆခရီးဆက္ပါ။
.
.
၂၇.. ကုမၸဏီ၊ အလုပ္၊ ပေရာဂ်က္တုိ႕၏ အစပ်ိဳးသက္တမ္းႏုခ်ိန္တြင္ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားအေပၚ “ ေထာက္ခံပါသည္ ”  ဟု ေျပာရလိမ္႕မည္။ ေနာက္ပိုင္းအဆင္႕မ်ားတြင္မူ “ မေထာက္ခံပါ ” ဟု ေျပာရန္ လိုအပ္လာပါလိမ္႕မည္။
.
.
၂၈.. ဆန္႕က်င္ဘက္ေဝဖန္မႈသည္ မျဖစ္မေနရွိေနရေပမည္။ အလိုအေလ်ာက္မျငင္းပယ္ပါႏွင္႕။ အမွန္တရားအတံုးအခဲေလးမ်ားကိုရွာေဖြျပီး စစ္ေဆးပါ။ ျပီးလွ်င္က်န္တာေတြကုိ စြန္႕ပစ္လိုက္ပါ။
.
.
၂၉.. အေကာင္းဘက္အၾကိဳက္လိုက္ေဝဖန္မႈမ်ိဳးကုိ ခ်င္႕ခ်ိန္ပါ။ အလိုအေလ်ာက္လက္မခံလုိက္ပါႏွင္႕ ..  မျငင္းပယ္လိုက္ပါႏွင္႕။ အမွန္တရားအတံုးအခဲေလးမ်ားကိုရွာေဖြျပီး စစ္ေဆးပါ။ ျပီးလွ်င္က်န္တာေတြကုိ စြန္႕ပစ္လိုက္ပါ။
.
.
၃ဝ.. ေကာင္းသည္႕၊ ဆိုးသည္႕ တစ္ပါးသူ၏ထင္ျမင္ခ်က္ကို သင္၏ကိုယ္ပိုင္ထင္ျမင္ခ်က္အေပၚ မအုပ္မိုးေစပါႏွင္႕။ အေကာင္းအဆုိးေဝဖန္ခံႏိုင္သည္႕ အက်ိဳးျပဳစကားမ်ားအေနႏွင္႕ၾကည္႕ျမင္တတ္ျပီး အတြင္းစိတ္သ႑န္မွအလင္းေရာင္အပိုင္းအစေလးမ်ားကို ရွာေဖြပါ။
.
.
၃၁.. ေဝဖန္မႈျပဳသည္႕အခါ အလုပ္အေၾကာင္းကုိသာ ေျပာဆိုပါ။ လူပုဂၢိဳလ္ကို မထိပါးပါႏွင္႕။
.
.
၃၂.. ၾကီးၾကီးၾကံ အိမ္မက္ၾကီးၾကီးမက္။ ( ဆန္႕က်င္ဘက္ = ေသးေသးၾကံ အိပ္မက္မမက္ )
.
.
၃၃.. အိပ္မက္ကို အထူးလမ္းျပေျမပံုအျဖစ္ ပစ္မွတ္ထားပါ။ အိပ္မက္ကို ယခုခ်က္ခ်င္း သင္ပံုေဖာ္ႏုိင္ေပးမည္မဟုတ္။ သုိ႕ေသာ္ အိပ္မက္ရွိရာသို႕အေရာက္သြားဖို႕ရာမူကား ေျခလွမ္းမ်ားစြာကုိ ဦးတည္ေလွ်ာက္လွမ္းဖို႕ပင္ျဖစ္သည္။
.
.
၃၄.. ကိစၥၾကီး ကိစၥရပ္မ်ားကိုၾကံစည္လ်ွင္ “ ေထာက္ခံပါသည္ ” ဆိုသည္ထက္ “ မေထာက္ခံပါ ” ဆိုသည္႕စကားကိုသာ ၾကားရလိမ္႕မည္။ သူတို႕သည္ အဆံုးအျဖတ္ေပးသူမ်ားမဟုတ္ပါ .. သင္သာ ခ်မွတ္သူျဖစ္သည္။
.
.
၃၅.. သင္႕ေအာင္ျမင္မႈရလဒ္မ်ားေၾကာင္႕ ပိုမိုေကာင္းမြန္ေအာင္လုပ္ရန္ ႏွင္႕ ပိုမိုုျမန္ဆန္ေအာင္အားထုတ္ရန္ ဖိအားမ်ားရရွိလာလိမ္႕မည္။ ထပ္တိုးလာသည္႕ ဝတၱရားမ်ားႏွင္႕ လက္ရွိအေျခအေနထက္ပိုမုိေကာင္းမြန္စြာကိုယ္တြယ္ႏုိင္မည္ဆိုလွ်င္ ဤကမ္းလွမ္းလာသည္႕ ေရႊအခြင္႕အေရးကို ဆုတ္ကိုင္လိုက္ပါ။
.
.
၃၆.. ေအာင္ျမင္မႈတစ္ခု၏လ်ွိဳ႕ဝွက္ခ်က္ကုိေျပာပါဆုိလွ်င္ “ သင္႕အစီအစဥ္ကုိတစ္ျခားသူမ်ားႏွင္႕မျပတ္တမ္းဆက္သြယ္ပါ။ ျဖစ္ႏုိင္သည္႕မည္သည္႕နည္းလမ္းတစ္ခုစီအတြက္မဆို လူတိုင္းႏွင္႕ဆက္သြယ္ပါ ”
.
.
၃၇.. ကြန္ယက္ခ်ဲ႕ပါ။ လူသစ္ မိတ္သစ္မ်ား ဖြဲ႕ပါ။ သူတုိ႕ႏွင္႕ အဆက္အသြယ္မျပတ္ပါေစႏွင္႕။
.
.
၃၈.. သင္႕ကုမၸဏီတြင္ မည္သည္႕နည္းပညာသံုး၍ မည္သည္႕ဝန္ေဆာင္မႈလုပ္ငန္းကို တီထြင္ဖန္တီးမိသည္ျဖစ္ေစ ဤကိစၥသည္ ထြက္ကုန္တစ္ခုတည္း၏အေၾကာင္းအရာမဟုတ္ေပ။ ထုိအရာသည္ လူသားမ်ားအားလံုး ႏွင္႕ အသက္ေပါင္းမ်ားစြာ၏ တိုးတက္ရာတိုးတက္ေၾကာင္းျဖစ္သည္။
.
.
၃၉.. မည္မွ်ေလာက္အထိသင္ေအာင္ျမင္သည္ျဖစ္ေစ သင္က်ရွံဴးႏုိင္သည္ .. ၾကီးမားစြာက်ရွံဴးႏုိင္သည္။
.
.
၄ဝ.. က်ရွံဴးျခင္းသည္ မေကာင္းေသာအရာမဟုတ္ပါ။ ျဖစ္ရိုးျဖစ္စဥ္၏အစိတ္အပိုင္းတစ္ခုသာျဖစ္သည္။
.
.
၄၁.. စြန္႕စားပါ။ ဆင္ကန္းေတာတုိးစြန္႕စားျခင္းမ်ိဳးမဟုတ္ .. တြက္ခ်က္ျခင္းျဖင္႕စြန္႕စားပါ။
.
.
၄၂.. က်ရွံဴးဖို႕မေမွ်ာ္မွန္းထားပါႏွင္႕ .. သို႕ေသာ္လည္း အစီအစဥ္ခ်ထားပါ။ အၾကီးဆံုးကစားပြဲကုိ အျမဲတမ္း ႏွင္႕ အေကာင္းဆံုးအႏုိင္ရႏုိင္ရန္နည္းလမ္းမွာ မ်ားျပားလွစြာေသာရွံဳးႏုိင္ေျခမ်ားအတြက္ အရံအစီအစဥ္မ်ားၾကိဳတင္ေရးဆြဲထားျခင္းျဖစ္သည္။
.
.
၄၃.. တစ္ခါတစ္ရံတြင္ သတိၾကီးမႈကို ေလထဲလြင္႕ပစ္ျပီး သင္ျမင္ထားသမွ်ကုိရင္း၍ အေလာင္းအစားျပဳလုပ္သင္႕သည္။ မည္သည္႕အခ်ိန္လုပ္ဟု မည္သူတစ္ဦးတစ္ေယာက္ကမွ် သင္႕ကုိေျပာမည္မဟုတ္ေပ။ စိတ္ထဲတြင္ အလြန္ျပင္းပ်ေနလွ်င္ လုပ္ခ်ပစ္လိုက္ပါ။
.
.
၄၄.. မည္သို႕ရုိေသရမည္ကုိ ေလ႕လာပါ။ သို႕ေသာ္ “ မဟုတ္ဘူး ” ဆိုသည္႕ “ No ” တစ္လံုးကိုေတာ႕ ျမဲျမဲျမံျမံေျပာပါ။
.
.
၄၅.. “ ဟုတ္ကဲ႕ ” ဆုိသည္ကုိ ၾကိမ္ဖန္မ်ားစြာ ရသေလာက္ေျပာေပးပါ။
.
.
၄၆.. အၾကိမ္ၾကိမ္အဖန္ဖန္ေျပာလာရသည္႕ သင္႕ “ ဟုတ္ကဲ႕ ” ၏ ကပ္လ်က္ အလုပ္၏နယ္နိမိတ္ကို တြဲလ်က္ပါပါေစ။ ကုမၸဏီ၏လုပ္ငန္းစဥ္ကို တြဲလ်က္ပါပါေစ။
.
.
၄၇.. လုိခ်င္တာရသည္႕အတြက္ ေပ်ာ္ရႊင္မႈရျပီဟုမထင္လုိက္ပါႏွင္႕။ ေပ်ာ္ရႊင္မႈအစစ္အမွန္သည္ သင္႕တြင္ရွိေသာအရာဝတၳဳကိုမည္သို႕ခံစားႏုိင္သည္ဟူေသာ အႏုပညာျဖစ္သည္။
.
.
၄၈.. မတူညီသည္႕စိတ္ဓါတ္အမ်ိဳးမ်ိဳးျဖင္႕က်င္႕ၾကံရမည္မွာ အလုပ္တိုင္း၏အစိတ္အပိုင္းတစ္ခုျဖစ္သည္။ ထုိ႕ေၾကာင္႕ ေလးစားပါ။ အလုပ္ကုိေကာင္းေကာင္းလုပ္ပါ။ ခ်ီးေျမွာက္ပါ။ ေပါင္းသင္းဆက္ဆံရခက္သူတစ္ဦးတစ္ေယာက္ေၾကာင္႕ သင္႕ပေရာဂ်က္၏ေနာက္တြဲ မျပဳတ္ပါေစႏွင္႕။
.
.
၄၉.. လုိခ်င္သည္႕အရာကိုအာရံုစုိက္ပါ။ မလိုခ်င္သည္႕အရာကို အာရံုမထားရ။
.
.
၅ဝ.. ကမၻာၾကီးကုိအမွန္တကယ္ေျပာင္းလဲလိုပါလွ်င္ ကမၻာၾကီး၏အစိတ္အပိုင္းအခ်ိဳ႕ကုိ လႊမ္းမိုးႏုိင္မည္႕၊ အပိုင္းအစတစ္ခုကိုအင္အားျဖစ္ေစမည္႕ စြမ္းအားမ်ားကုိ ေသခ်ာစြာေလ႕လာပါ။ ထုိအခ်က္မ်ားကိုအသံုးခ်ျပီး ပြင္႕လင္းလြတ္လပ္စြာ လုပ္ေဆာင္ပါ။ သူတစ္ပါးစံျပျဖစ္ေအာင္ လုပ္ျပပါ။ ထုိမွတစ္ဆင္႕တက္၍ အျခားသူမ်ားကိုလည္းေျပာင္းလဲလာေအာင္ လုပ္ႏုိင္ပါလိမ္႕မည္။
.
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
12-25-2015 For Prosperous New Year “2016”
.
Ref: Business Insider
.
.
.
Myanmar Unicode Version:
.
.
“ ( ၂ဝ၁၆ ) မင်္ဂလာနှစ်သစ်လက်ဆောင် အမှန်တရားစကား အခွန်း ( ၅ဝ ) ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
လူကြီးမင်းတို့၏ဘဝနှင့်အလုပ်အကိုင်များတွင် မည်သို့ပင်ကြုံတွေ့နေစေကာမူ သင့်ရှေ့တွင်ဖြတ်သန်းသွားခဲ့သော ဘဝတူလူသားများသည် ရှိနေကြမည်မှာ မလွဲပေ။ ဆယ်စုနှစ် ( ၂ ) ခုကျော် ဂျာနယ်လစ်တစ်ဦးအဖြစ် ဖြတ်သန်းခဲ့သည့် ကျွန်မအနေဖြင့် ဒေါ်လာဘီလျံချီကြွယ်ဝချမ်းသားသည့်သူဋ္ဌေးများမှသည် အောင်မြင်မှုအသီးသီးကို ရယူပိုင်ဆိုင်ထားသော အလွှာပေါင်းစုံမှ အောင်မြင်သူများစွာကို လူတွေ့အင်တာဗျူးခွင့်ရခဲ့ပါသည်။
.
ထိုအထဲတွင် စွန့်ဦးလုပ်ငန်းတီထွင်သူ - Entrepreneur များ နှင့် ကုမ္ပဏီလုပ်ငန်းစတင်သူ - Startup များလည်း ပါဝင်သည်။ မှတ်မှတ်ရရ ဦးနှောက်ကင်ဆာ - Brain Cancer တိုက်ဖျက်သည့်ကုမ္ပဏီတစ်ခုပင် ပါလိုက်သေးသည်။
.
.
၎င်းတို့အားလုံး၏စကားလုံးများသည် စီးပွားရေးနှင့်ဘဝတိုးတက်ရေးတို့ကို လှစ်ဟပြသော အမှန်တရားစကားများ ဖြစ်နေပါသည်။ အချို့အသိပညာများဆိုလျှင် နေ့စဉ်စီးပွားရေးအလုပ်အကိုင်အတွက် လိုက်နာရန် - Tips  များ ( သို့မဟုတ် ) လှည့်ကွက် - Tricks များကို ရှောင်ကွင်းရန် အနီးကပ်လာရောက်ပြောပြနေသကဲ့သို့ ရှိနေပါသည်။
.
ထို့ကြောင့် လာမည့်နှစ်သစ်တွင် အများသူငါလေ့လာနှလုံးသွင်းနိုင်ရန်အလို့ငှာ အမှန်တရားစကားအခွန်း ( ၅ဝ ) ကို အောက်တွင် မချွင်းမချန် ဖော်ပြလိုက်ရပါသည်။
.
ဂျူလီဘော့ / ဂျာနယ်လစ် - Julie Bort  / Journalist ( Business Insider )
.
.
၁.. သင်၏အကြိုက်ဆုံးဝါသနာ နှင့် အတိတ်ကာလတို့ကို တစ်သက်တာဘဝရပ်တည်မှုအလုပ်အနေဖြင့်သွတ်သွင်းစရာမလိုပါ။ အကယ်၍ အလုပ်သည်သင့်အတွက်အဓိပ္ပာယ်ရှိနေပါလျှင် အလုပ်ခွင်တွင်ရှိသောသင့်ဘဝသည် သာယာပျော်ရွှင်ဖွယ်ဖြစ်မည်မှာ မလွဲပေ။
.
.
၂.. အလုပ်ကိုချစ်မြတ်နိုး၍မရပါက ဤအလုပ်ကိုလုပ်ရသည့်အကြောင်းရင်းကို ချစ်မြတ်နိုးပါ။ သင့်အလုပ်နှင့်ကုမ္ပဏီကို မချစ်မနှစ်သက်သည်မှာ ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ သို့သော် ကုမ္ပဏီမှပေးသော ငွေကြေး နှင့် အကျိုးခံစားခွင့်တို့က သင့်မိသားစုကိုကောင်းကျိုးပြုနေပါသည်။ ကိုယ်ပိုင်ရွေးချယ်မှုဖြင့် မိသားစုအတွက် မှန်ကန်သောအလုပ်ကို လုပ်ဖြစ်အောင်လုပ်ပါ။ သို့ဖြစ်၍သာ တစ်ဆင့်တက်၍ သင်ချစ်ခင်နှစ်သက်သည့် ရာထူးရာခံနေရာကဏ္ဍကို ရောက်လာမည်ဖြစ်ပါသည်။
.
.
၃.. သင့်ပတ်ဝန်းကျင်တွင် အကောင်းမြင်သူများဝန်းရံနေပါစေ။ ထိုအခြေအနေမှတစ်ဆင့် သင့်ထံတွင် အကောင်းမြင်သောရလဒ်များထွက်ပေါ်လာပါမည်။
.
.
၄.. ကျွမ်းကျင်သော၊ ထူးချွန်ပြောင်မြောက်သောအရည်အချင်းများကိုအသုံးပြု၍ အချိန်တော်တော်များများကိုသုံးစွဲခဲ့ပါလျှင် သင်သည်ပိုမိုပျော်ရွှင်လာပါလိမ့်မည်။
.
.
၅.. အားနည်းချက်ကိုတိုးတက်စေရန်အလို့ငှာ အချိန်တော်တော်များများကိုသုံးစွဲခဲ့ပါလျှင် သင်သည်စိတ်ရှုတ်ထွေးမှုများဖြင့်သာ လုံးပမ်းနေရပါလိမ့်မည်။
.
.
၆.. လက်တွေ့ဖော်ဆောင်မှုသည်သာ အရည်အသွေးသစ်တို့ကို မွေးဖွားပေးနိုင်သည်။ ထို့ကြောင့် ကိစ္စရပ်တစ်ခုခုကို အသစ်အနေဖြင့်လေ့လာသည့်အခါတွင် စိတ်ရှည်ပါ။
.
.
၇.. အမြဲတမ်းသစ်လွင်လတ်ဆတ်နေရန်တစ်ခုတည်းသောနည်းလမ်းမှာ အချင်းအရာအသစ်များကို အမြဲသင်ယူနေခြင်းဖြစ်သည်။
.
.
၈.. အသစ်သင်နေသည်ဆိုခြင်းမှာ သင်တန်းသားအသစ်နှင့်တူသည်။ ဆိုလိုသည်မှာ “ စိတ်ထားအသစ် ” ထားခြင်းနှင့်အတူ အမှားများလည်းတွေ့နိုင်ပါသည်။
.
.
၉.. စိတ်ထားအသစ်ဖြင့်ပိုမိုလိုက်လျောညီထွေစွာသင်ကြားရင်းအမှားတွေ့သည်ရှိသော် အချင်းအရာအသစ်များကို သင်ယူတတ်မြောက်ဖို့ရာ ပိုမိုလွယ်ကူပြီဟုမှတ်ပါ။
.
.
၁ဝ.. အကြောင်းအရာတစ်ခုမှစတင်၍ပြောင်းလဲသင့်ပြီဟုတွက်ဆမိပါက သင်ကိုယ်တိုင် ထိုပြောင်းလဲမှုကိုဦးဆောင်မှုပြုပါ။
.
.
၁၁.. ထိုသေးသေးလေးမှ စတင်တည်ဆောက်ပါ။
.
.
၁၂.. ထင်သာမြင်သာသည့်လုပ်ငန်းအစပျိုးမှုဖြင့် စတင်ပါ။ ထိုမှတစ်ဆင့် ခက်ခဲသောကိစ္စရပ်များကို ချည်းကပ်ပါ။
.
.
၁၃.. နည်းပညာပိုင်းယူဆချက်ကိုအားပြု၍ အနုသုခုမဖန်တီးမှုများကိုထည့်သွင်းကာ သင်၏ခေါင်းဆောင်မှုအပိုင်းကဏ္ဍကို ဖွင့်လှစ်ပြသပါ။
.
.
၁၄.. မည်သည့်အချိန်တွင်ဆက်လက်မောင်းနှင်နေရမည်၊ မည်သည့်အချိန်တွင်ရပ်လိုက်ရမည်ဆိုသည်ကိုသိအောင်လုပ်ခြင်းသည် သင်ယူရအခက်ဆုံးသင်ခန်းစာဖြစ်သည်။ သင့်ကိုမည်သူမျှမသင်ပေးနိုင်ပါ။ ထို့ကြောင့် တစ်ချို့နေရာတွင် သင်ကိုယ်တိုင်ရွေးချယ်ရမည်။
.
.
၁၅.. တူညီသောနည်းလမ်းသုံးပြီး တူညီသောအလုပ်ကိုလုပ်၍ မတူညီသောရလဒ်ရချင်သည့်ကိစ္စရပ်ကို “ အသုံးမကျခြင်း ” ဟု အဓိပ္ပာယ်ဖွင့်သည်။ အကယ်၍ ထွက်ပေါ်လာသည့်ရလဒ်မကောင်းခဲ့လျှင် တစ်စုံတစ်ခုကိုပြောင်းလဲလိုက်ပါ .. ပြီးလျှင် .. ပြန်ကြိုးစားကြည့်ပါ။
.
.
၁၆.. တစ်ဦးတစ်ယောက်တည်း မည်သူမျှမအောင်မြင်ပါ။
.
.
၁၇.. အကူအညီတောင်းပါ။ တောင်းသည့်အကူအညီ တိကျပါစေ။ ဝမ်းမြောက်သည့်စိတ်ကိုထားပါ။ လိုအပ်သည့်အကူအညီရောက်လာသည့်အခါ ဝမ်းမြောက်ဝမ်းသာချီးကျူးပါ။
.
.
၁၈.. လူသားများသည် ကမ္ဘာကြီးကို မတူညီသည့်အတွေ့အကြုံများဖြင့် ဖြတ်သန်းကြသည်။ လူ ( ၂ ) ဦးသည် အစည်းအဝေးတစ်ခုကိုအတူတူတက်ပြီး မတူညီသည့်ယူဆချက်များဖြင့် လမ်းခွဲသွားကြလိမ့်မည်။ ခိုက်ရန်မဖြစ်ပွားပါနှင့်။ ထိုမတူညီမှုကို အသုံးချလိုက်ပါ။
.
.
၁၉.. မတူကွဲပြားမှုကို အားပေးပါ။ သင်၏အားနည်းချက်ကို ဝမ်းစာဖြည့်ပေးနိုင်မည့်အကောင်းဆုံးနည်းလမ်းမှာ မတူညီသည့်ခွန်အားများပြည့်ဝနေသည့်အဖွဲ့ဝင်တစ်ဦးဦးကို အတွင်းစည်းတွင် ရွေးချယ်ထားရန်ဖြစ်သည်။
.
.
၂ဝ.. တစ်ဦးတစ်ယောက်ကို မကြိုက်မနှစ်မြို့သော်လည်း ရိုသေလေးစားခြင်း ဖြင့် ကိုယ်ချင်းစာတရားထား၍ဆက်ဆံပါ။
.
.
၂၁.. လူတိုင်းအပေါ် “ ဒီလိုလုပ်သင့်တယ် ”  ဟု အမြဲမယူဆပါနှင့်။ ထိုနည်းတူစွာ မိမိဦးခေါင်းပေါ်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ  “ ဒီလိုလုပ်သင့်တယ် ” ဟု ခွင့်မပြုပါနှင့်။
.
.
၂၂.. သင်မည်မျှကြိုးစားလုပ်ကိုင်ရသည်၊ သင်ဘယ်လောက်ရရှိသည်ဆိုသည်ကို အပထား  .. သင့်ထက်များစွာပိုင်ဆိုင်နေသူ အမြဲတမ်းရှိနေသည်။
.
.
၂၃.. သင့်ထက်လျော့ပါးစွာပိုင်ဆိုင်နေသူများလည်းရှိနေသည်ကို မှတ်ပါလေ။
.
.
၂၄.. သင့်ပရောဂျက်အတွက်၊ ကုမ္ပဏီအတွက် ( အချိန်၊ ငွေကြေး၊ လူ ) စသည့် လိုအပ်သောအရင်းအမြစ်အားလုံး မရှိနေနိုင်ပါ။ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့လိုချင်သော သတင်းအချက်အလက်၊ အရင်းအမြစ်များကို အားလုံးမပိုင်ဆိုင်နိုင်ပါ။
.
.
၂၅.. အရင်းအမြစ်တစ်ခုမရှိခြင်းသည် ဆင်ခြေတစ်ခုမဟုတ်ပါ။ မမြင်သာအောင် ဟန်ဆောင်ထားသည့်မင်္ဂလာတရားတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် သင့်တွင် တီထွင်ဆန်းသစ်မှုဥာဏ်ရှိရမည်။
.
.
၂၆.. တီထွင်ကြံဆခြင်း နှင့် လမ်းသစ်ထွင်ဖောက်ထွက်ခြင်းသည် သင်ယူတတ်မြောက်နိုင်သည့်နည်းတူ လေ့ကျင့်ခြင်းဖြင့် အောင်မြင်ရာ၏။ ပုံမှန်ကိစ္စရပ်များကို နည်းလမ်းသစ်များသုံး၍ တီထွင်ကြံဆခရီးဆက်ပါ။
.
.
၂၇.. ကုမ္ပဏီ၊ အလုပ်၊ ပရောဂျက်တို့၏ အစပျိုးသက်တမ်းနုချိန်တွင် ကိစ္စရပ်တော်တော်များများအပေါ် “ ထောက်ခံပါသည် ”  ဟု ပြောရလိမ့်မည်။ နောက်ပိုင်းအဆင့်များတွင်မူ “ မထောက်ခံပါ ” ဟု ပြောရန် လိုအပ်လာပါလိမ့်မည်။
.
.
၂၈.. ဆန့်ကျင်ဘက်ဝေဖန်မှုသည် မဖြစ်မနေရှိနေရပေမည်။ အလိုအလျောက်မငြင်းပယ်ပါနှင့်။ အမှန်တရားအတုံးအခဲလေးများကိုရှာဖွေပြီး စစ်ဆေးပါ။ ပြီးလျှင်ကျန်တာတွေကို စွန့်ပစ်လိုက်ပါ။
.
.
၂၉.. အကောင်းဘက်အကြိုက်လိုက်ဝေဖန်မှုမျိုးကို ချင့်ချိန်ပါ။ အလိုအလျောက်လက်မခံလိုက်ပါနှင့် ..  မငြင်းပယ်လိုက်ပါနှင့်။ အမှန်တရားအတုံးအခဲလေးများကိုရှာဖွေပြီး စစ်ဆေးပါ။ ပြီးလျှင်ကျန်တာတွေကို စွန့်ပစ်လိုက်ပါ။
.
.
၃ဝ.. ကောင်းသည့်၊ ဆိုးသည့် တစ်ပါးသူ၏ထင်မြင်ချက်ကို သင်၏ကိုယ်ပိုင်ထင်မြင်ချက်အပေါ် မအုပ်မိုးစေပါနှင့်။ အကောင်းအဆိုးဝေဖန်ခံနိုင်သည့် အကျိုးပြုစကားများအနေနှင့်ကြည့်မြင်တတ်ပြီး အတွင်းစိတ်သဏ္ဍန်မှအလင်းရောင်အပိုင်းအစလေးများကို ရှာဖွေပါ။
.
.
၃၁.. ဝေဖန်မှုပြုသည့်အခါ အလုပ်အကြောင်းကိုသာ ပြောဆိုပါ။ လူပုဂ္ဂိုလ်ကို မထိပါးပါနှင့်။
.
.
၃၂.. ကြီးကြီးကြံ အိမ်မက်ကြီးကြီးမက်။ ( ဆန့်ကျင်ဘက် = သေးသေးကြံ အိပ်မက်မမက် )
.
.
၃၃.. အိပ်မက်ကို အထူးလမ်းပြမြေပုံအဖြစ် ပစ်မှတ်ထားပါ။ အိပ်မက်ကို ယခုချက်ချင်း သင်ပုံဖော်နိုင်ပေးမည်မဟုတ်။ သို့သော် အိပ်မက်ရှိရာသို့အရောက်သွားဖို့ရာမူကား ခြေလှမ်းများစွာကို ဦးတည်လျှောက်လှမ်းဖို့ပင်ဖြစ်သည်။
.
.
၃၄.. ကိစ္စကြီး ကိစ္စရပ်များကိုကြံစည်လျှင် “ ထောက်ခံပါသည် ” ဆိုသည်ထက် “ မထောက်ခံပါ ” ဆိုသည့်စကားကိုသာ ကြားရလိမ့်မည်။ သူတို့သည် အဆုံးအဖြတ်ပေးသူများမဟုတ်ပါ .. သင်သာ ချမှတ်သူဖြစ်သည်။
.
.
၃၅.. သင့်အောင်မြင်မှုရလဒ်များကြောင့် ပိုမိုကောင်းမွန်အောင်လုပ်ရန် နှင့် ပိုမိုမြန်ဆန်အောင်အားထုတ်ရန် ဖိအားများရရှိလာလိမ့်မည်။ ထပ်တိုးလာသည့် ဝတ္တရားများနှင့် လက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်စွာကိုယ်တွယ်နိုင်မည်ဆိုလျှင် ဤကမ်းလှမ်းလာသည့် ရွှေအခွင့်အရေးကို ဆုတ်ကိုင်လိုက်ပါ။
.
.
၃၆.. အောင်မြင်မှုတစ်ခု၏လျှို့ဝှက်ချက်ကိုပြောပါဆိုလျှင် “ သင့်အစီအစဉ်ကိုတစ်ခြားသူများနှင့်မပြတ်တမ်းဆက်သွယ်ပါ။ ဖြစ်နိုင်သည့်မည်သည့်နည်းလမ်းတစ်ခုစီအတွက်မဆို လူတိုင်းနှင့်ဆက်သွယ်ပါ ”
.
.
၃၇.. ကွန်ယက်ချဲ့ပါ။ လူသစ် မိတ်သစ်များ ဖွဲ့ပါ။ သူတို့နှင့် အဆက်အသွယ်မပြတ်ပါစေနှင့်။
.
.
၃၈.. သင့်ကုမ္ပဏီတွင် မည်သည့်နည်းပညာသုံး၍ မည်သည့်ဝန်ဆောင်မှုလုပ်ငန်းကို တီထွင်ဖန်တီးမိသည်ဖြစ်စေ ဤကိစ္စသည် ထွက်ကုန်တစ်ခုတည်း၏အကြောင်းအရာမဟုတ်ပေ။ ထိုအရာသည် လူသားများအားလုံး နှင့် အသက်ပေါင်းများစွာ၏ တိုးတက်ရာတိုးတက်ကြောင်းဖြစ်သည်။
.
.
၃၉.. မည်မျှလောက်အထိသင်အောင်မြင်သည်ဖြစ်စေ သင်ကျရှူံးနိုင်သည် .. ကြီးမားစွာကျရှူံးနိုင်သည်။
.
.
၄ဝ.. ကျရှူံးခြင်းသည် မကောင်းသောအရာမဟုတ်ပါ။ ဖြစ်ရိုးဖြစ်စဉ်၏အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။
.
.
၄၁.. စွန့်စားပါ။ ဆင်ကန်းတောတိုးစွန့်စားခြင်းမျိုးမဟုတ် .. တွက်ချက်ခြင်းဖြင့်စွန့်စားပါ။
.
.
၄၂.. ကျရှူံးဖို့မမျှော်မှန်းထားပါနှင့် .. သို့သော်လည်း အစီအစဉ်ချထားပါ။ အကြီးဆုံးကစားပွဲကို အမြဲတမ်း နှင့် အကောင်းဆုံးအနိုင်ရနိုင်ရန်နည်းလမ်းမှာ များပြားလှစွာသောရှုံးနိုင်ခြေများအတွက် အရံအစီအစဉ်များကြိုတင်ရေးဆွဲထားခြင်းဖြစ်သည်။
.
.
၄၃.. တစ်ခါတစ်ရံတွင် သတိကြီးမှုကို လေထဲလွင့်ပစ်ပြီး သင်မြင်ထားသမျှကိုရင်း၍ အလောင်းအစားပြုလုပ်သင့်သည်။ မည်သည့်အချိန်လုပ်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ သင့်ကိုပြောမည်မဟုတ်ပေ။ စိတ်ထဲတွင် အလွန်ပြင်းပျနေလျှင် လုပ်ချပစ်လိုက်ပါ။
.
.
၄၄.. မည်သို့ရိုသေရမည်ကို လေ့လာပါ။ သို့သော် “ မဟုတ်ဘူး ” ဆိုသည့် “ No ” တစ်လုံးကိုတော့ မြဲမြဲမြံမြံပြောပါ။
.
.
၄၅.. “ ဟုတ်ကဲ့ ” ဆိုသည်ကို ကြိမ်ဖန်များစွာ ရသလောက်ပြောပေးပါ။
.
.
၄၆.. အကြိမ်ကြိမ်အဖန်ဖန်ပြောလာရသည့် သင့် “ ဟုတ်ကဲ့ ” ၏ ကပ်လျက် အလုပ်၏နယ်နိမိတ်ကို တွဲလျက်ပါပါစေ။ ကုမ္ပဏီ၏လုပ်ငန်းစဉ်ကို တွဲလျက်ပါပါစေ။
.
.
၄၇.. လိုချင်တာရသည့်အတွက် ပျော်ရွှင်မှုရပြီဟုမထင်လိုက်ပါနှင့်။ ပျော်ရွှင်မှုအစစ်အမှန်သည် သင့်တွင်ရှိသောအရာဝတ္ထုကိုမည်သို့ခံစားနိုင်သည်ဟူသော အနုပညာဖြစ်သည်။
.
.
၄၈.. မတူညီသည့်စိတ်ဓါတ်အမျိုးမျိုးဖြင့်ကျင့်ကြံရမည်မှာ အလုပ်တိုင်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် လေးစားပါ။ အလုပ်ကိုကောင်းကောင်းလုပ်ပါ။ ချီးမြှောက်ပါ။ ပေါင်းသင်းဆက်ဆံရခက်သူတစ်ဦးတစ်ယောက်ကြောင့် သင့်ပရောဂျက်၏နောက်တွဲ မပြုတ်ပါစေနှင့်။
.
.
၄၉.. လိုချင်သည့်အရာကိုအာရုံစိုက်ပါ။ မလိုချင်သည့်အရာကို အာရုံမထားရ။
.
.
၅ဝ.. ကမ္ဘာကြီးကိုအမှန်တကယ်ပြောင်းလဲလိုပါလျှင် ကမ္ဘာကြီး၏အစိတ်အပိုင်းအချို့ကို လွှမ်းမိုးနိုင်မည့်၊ အပိုင်းအစတစ်ခုကိုအင်အားဖြစ်စေမည့် စွမ်းအားများကို သေချာစွာလေ့လာပါ။ ထိုအချက်များကိုအသုံးချပြီး ပွင့်လင်းလွတ်လပ်စွာ လုပ်ဆောင်ပါ။ သူတစ်ပါးစံပြဖြစ်အောင် လုပ်ပြပါ။ ထိုမှတစ်ဆင့်တက်၍ အခြားသူများကိုလည်းပြောင်းလဲလာအောင် လုပ်နိုင်ပါလိမ့်မည်။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
12-25-2015 For Prosperous New Year “2016”
.
Ref: Business Insider
.
“ ( ၂ဝ၁၆ ) မဂၤလာႏွစ္သစ္လက္ေဆာင္ အမွန္တရားစကား အခြန္း ( ၅ဝ ) ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၁၃ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၃ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/hvhlwo5w5mm36fz/NetGuide+Vol.4%2C+No.23+pdf.pdf







No comments: