ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 7, 2021

ကားတစ်စီးအကြွေးနဲ့ဝယ်စီးဖို့ချေးငွေအကြောင်း

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ချေးငွေလို့ဆိုဆို၊ ကားလုံးလို့ခေါ်ခေါ် ကားတစ်စီးကို ငွေလက်ငင်းချ မဝယ်ချင်တဲ့အခါ၊ မဝယ်နိုင်တဲ့အခါ၊ မဖြစ်မနေ ငွေချေးဝယ်ရတဲ့အခါ အမေရိကားမှာ ‌အကြွေးပြန်ဆပ်နိုင်တဲ့ရာဇဝင် လိုပါတယ်။ ဒါကို FICO Score လို့ခေါ်ပြီး the Fair Isaac Corporation က ထွင်ခဲ့တာပါ။ မြန်မာအခေါ် ခရက်ဒစ်ရှိဖို့ လိုတယ်ဆိုတာမျိုးပေါ့ဗျာ။ ကားဝယ်ဖို့ ခရက်ဒစ် လိုတယ်ဆိုတာ လိုရုံဆိုရုံလေးသာ။ ကားအကြွေးဝယ်တာကို ရောင်းချင်လွန်းတဲ့ ဒီလာကြီး၊ ဒီလာအလတ်၊ ဒီလာပေါက်စနဲ့ တသီးပုဂ္ဂလ ကားဝယ်ရောင်းတွေ အများကြီးပါ။

"အဘယ့်ကြောင့်အမေရိကား" စာအုပ်မှာ ကားအကြောင်း အကုန်အစင်ထည့်ရေးလိုက်ပြီး နောက်ရေးစရာမလိုတော့လောက်အောင် စုံလင်ပြီလို့ ထင်ခဲ့တာ တကယ်တော့ မစုံသေးပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကားရဲ့ ခြေထောက်ဟာ ကား၊ လူတစ်ယောက် အလုပ်လုပ်ရင်းပိုက်ဆံရဖို့က နေရာတော်တော်များများမှာ မရှိမဖြစ်က ကား။ ဒါကြောင့်ပဲ အမေရိကားရောက်တာနဲ့ ဘယ်သူမဆို ကားမောင်းနိုင်အောင် အရင် စီစဉ်ရတယ်။

တဆင့်ချင်းတွက်ပြရရင် အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် ကားတစ်စီးကို ‌ဒေါ်လာ ၂ဝဝဝဝ ပေးဝယ်တော့မယ် ဆိုပါတော့။ ဘယ်နည်းနဲ့‌ပဲငွေရှင်းရှင်း ကာားတန်ဖိုးရဲ့ ၁ဝ% ခန့်ကို အခွန်ကြေး၊ ‌ဒေါ်လာ ၁ဝဝဝ ခန့်ကို က.ည.န ကြေးအနေနဲ့ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ဒေါ်လာ ၂၃ဝဝဝ ခန့် ပေးရပါမယ်။ ငွေလက်ငင်းချဝယ်လိုက်ရင် အားလုံးကိစ္စရှင်း၊ ဒီလာက ပို့လာပေးတဲ့ ကားပိုင်ဆိုင်မှုစာရွက်-Title နဲ့ သက်တမ်းရှိစာရွက်ကို စောင့်နေရုံပဲ။ ဒါပေမဲ့ ငွေအကျေမချေဘဲ ဝယ်မယ်ဆိုရင် ဘယ်လိုအဆင့်တွေ ရှိမလဲလို့ လာမေးကြတယ်။

Friday, August 6, 2021

ဆရာကြီးဆိုသူများသို့

ကျွန်တော်ဘဝတလျှောက်မှာ ဆရာတွေအများကြီး ရှိပေမဲ့ ဆရာကြီးဆိုသူတွေထဲမှာ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ပဲ ကျွန်တော်လေးစားတယ်။ ဒါတောင် အမျိုးသမီး။ အ.လ.က ၅ က ကျောင်းအုပ်ဆရာမကြီး။ အခု အင်တာနက်ပေါ်မှာက ဆရာကြီးလို့သုံးလိုက်ရင် အဲဒါ ရွဲ့စောင်းပြောတာ၊ ချိတ်တာ၊ ဖဲ့တာ၊ အထင်သေးလို့ပြောတာ၊ ငယ်ငယ် ကျောင်းတုန်းက စကားနဲ့ပြောရင် အကြီးကြီးလုပ်တာ။ မူလစာလုံးဟာ လူတွေရဲ့ တလွဲယူမှု ခေတ်ရေစီးကြောင်းကြောင့် အဓိပ္ပာယ်ပြောင်းလာရတယ်။


ကျွန်တော်ဟာ ဆရာကြီးတစ်ယောက် မဟုတ်ပါ။ ဘာဘွဲ့မှ မရထားပါ။ သာမန်ဘဝကနေ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး အခုလိုအချိန်မှာ "ပြည်လည်အသိပညာမျှဝေသူ" အဆင့်ထိရောက်ဖို့ တဖြည်းဖြည်းတက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ စာအုပ်ထုတ်တယ်ဆိုတာလည်း ကိုယ်ရေးထားတာတွေဟာ တချိန်ချိန် အင်တာနက်ကြီး မည်းမှောင်ကျသွားရင် နောက်လူတွေ အမေရိကားအကြောင်း လေ့လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ၂ အုပ်ထုတ်ထားပြီ။ မသေခင်အထိ ၇ အုပ်ပြည့်အောင် ထုတ်အုံးမယ်။ စာတွေက အဆင်သင့်။

နေရာသစ်မှာ ခြေလာချတာက အဓိက သားသမီးပညာရေးကောင်းဖို့။ ကျန်တာတွေက သာမညတွေ။ ဖြစ်လည်း ရတယ်။ မဖြစ်လည်း ရတယ်။ ဒီလိုစိတ်မျိုး ထားထားတာ ဘာကြောင့် ဆရာကြီး ဖြစ်ချင်ရမှာလဲ။ ကျွန်တော့ဘဝမှာ တက္ကသိုလ်ပညာ သင်ရင်းတန်းလန်း ငွေစက္ကူ တရားမဝင်ဘူး ကြေငြာတယ်။ အဲဒါတောင် ဒုတိယတစ်ကြိမ်။ အဝေးသင်ရောက်သွားလည်း ကျောင်းက တက်လို့မရတော့ဘူး။ ဒီလို ခါးကျိုးခဲ့ကတည်းက အသေမှတ်ထားတာ "ငါ့သားသမီးအလှည့်ကျရင် ဒီလို မဖြစ်စေရဘူး"

လိုရင်းကို ပြန်ကောက်ရရင် အင်တာနက်မှာ စာရေးရင်းနဲ့ အမေရိကားနဲ့ ပတ်သက်ရင် ကိုညီညီ (တောင်ကြီး) ရေးတာကို ဖတ်ကြမယ်ဆိုပြီး ဖြစ်လာတယ်။ နာမည်ကြီးတာကို ကျွန်တော် စိတ်မဝင်စားဘူး။ အလုပ်ရှုတ်တယ်။ ဒါကလည်း ကျွန်တော်ဖြစ်ချင်လို့ လုပ်ထားတဲ့ဘဝ မဟုတ်ဘူး။ ကျွန်တော် လုပ်ချင်တာကို ရွေးလုပ်ရင်း ဖြစ်လာတဲ့ဘဝ။ ဒါကို ဘာကြောင့် ဆရာကြီး ဖြစ်ချင်ရမှာလဲ။ ကျွန်‌တော့ခေါင်းပေါ်မှာ ဆရာကြီးဆိုတာ မရှိဘူး။ ကျွန်တော့ခေါင်းပေါ်မှာ အမှိုက်ပုံး မရှိဘူး။ လာသွန်လို့ မရဘူး။ လက်မခံထားဘူး။

Monday, August 2, 2021

ဝင်းဗိုလ်၊ ဖိုးထောင်နဲ့ မောင်မောင်နိုင် ငယ်သူငယ်ချင်း ၂ ယောက်အကြောင်း

ခပ်ငယ်ငယ်အရွယ် ကျောင်းတုန်းက ကျောင်းနေဘက် သူငယ်ချင်း၂ ယောက်ကို ပြန်သတိရမိတယ်။ တကယ့်အဖြစ်အပျက်ဆိုတော့ နာမည်အစစ်မှန်တွေသုံးပြီး ရေးပြသွားပါမယ်။

တစ်ယောက်က ဝင်းဗိုလ်၊ နောက်တစ်ယောက်က ဖိုးထောင်။ သူတို့နှစ်ယောက်လုံးမှာ တူညီတဲ့ အချက်တစ်ခုရှိတယ်။ အဲဒါကတော့ ကျန်တဲ့ ကျောင်းသူကျောင်းသားတွေထက် လူကောင်ကြီး၊ အသက်ကြီးနေတာပါ။
ဝင်းဗိုလ်ရဲ့ အဖေဟာ အဲဒီတုန်းက ဆတ်သားကင်၊ ဆိတ်သားကင်တို့ကို လှည့်လည်ရောင်းချသူပါ။ ဝင်းဗိုလ်ဟာ ကျောင်းမလာခင်နဲ့ ကျောင်းဆင်းသွားတဲ့နောက်ပိုင်းမှာ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ မိသားစု တနိုင်တပိုင် စီးပွားရေးကို ကူလုပ်ရတယ်။
ဆရာမက အိမ်စာပေးလိုက်တိုင်း နောက်နေ့မှာ ပြန်မတင်နိုင်လို့ အမြဲလိုလို ဒဏ်ပေးခံရတယ်။ အဲဒီဒဏ်ကလွတ်အောင် ဝင်းဗိုလ်ဟာ အတန်းထဲရောက်လာရင် ကျောင်းသားငယ်တွေဆီက အိမ်စာကိုအမြန်ကူးပြီး တင်တယ်။
ဒီလိုလုပ်နိုင်တာက ၁ ရက် ၂ ရက်၊ အိမ်စာ မတင်နိုင်တာက အကြိမ်အများကြီးဆိုတော့ သူ့ခန္ဓာကိုယ်က ကြီးကောင်ကြီးမားပေမဲ့ ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး ဒဏ်ပေးခံရပြီပေါ့။
ဝင်းဗိုလ်ဟာ သ်ပ်ပျော်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ကျွန်တော်နဲ့ ရွယ်တူ ကျောင်းသူ ကျောင်းသားတွေထက် ၂ နှစ် ကြီးနေတာက ၄ တန်းနဲ့ ၅ တန်းတို့မှာ ၁ နှစ်စီ ကျထားလို့ပါ။
စာမေးပွဲတွေကျ၊ အတန်းတွေကျလို့ အသက်ကြီးလာပေမဲ့ ဝင်းဗိုလ်ဟာ ဘယ်တော့မှ စိတ်မညစ်ဘူး။ သူ့ညီငယ် ညီမလေးတွေကို အမြဲလိုလို စတတ် နောက်တတ်တယ်။ ခုံပေါ်တက်ပြီး ဒ‌ဏ်ပေးခံရတိုင်း မတ်တပ်ရပ်နေတုန်းမှာ တစ်ခန်းလုံးကို "ဟေ့ ဒီမှာကြည့်ကြ" လို့ အော်တတ်တယ်။
တစ်ခန်းလုံးက သူ့ကိုကြည့်ပြီလည်းဆိုရော ကမ္ဘာစိုးအတွင်းခံဘောင်းဘီ မပါတဲ့ သူဝတ်ထားတဲ့ပုဆိုးကို က္ငင်းလုံးကျွတ် ချွတ်ချလိုက်တယ်။ ဒီတော့ သူ့ရဲ့ ကမ္ဘာဦးက "တပင်တိုင်မြနန်းနဲ့ ပတ္တမြားကြီး ၂ လုံး" ကို လူစုံ လူစေ့ မြင်သွားကြရတော့တာပေါ့။ မမြင်ကွယ်ရာ၊ မနှစ်သက်ဖွယ်ရာ ဖြစ်ပေမဲ့ ဝင်းဗိုလ်ဟာ ဒဏ်ပေးခံရတိုင်း ဆရာမ မရှိတဲ့အချိန်ဆိုရင် ဒီလိုမျိုး အမြဲလုပ်တတ်တယ်။

၁ နှစ်ကျော်သွားတဲ့ ပြည်ပရောက် ဂရင်းကတ် ပြန်ဝင်နိုင်ဖို့

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


ကပ်ရောဂါကြောင့်၊ ကျန်းမာရေးကြောင့်၊ ထိခိုက်ဒဏ်ရာရမှုကြောင့်၊ နေထိုင်ရတာ မပျော်ရွှင်တော့တာကြောင့် စတဲ့ အကြောင်းတစ်ခုခုကြောင့် အမေရိကန်နိုင်ငံ ပြင်ပရောက်နေတဲ့ ၁ နှစ်ထက် ကျော်လွန်အောင် နေထိုင်ထားတဲ့ ဂရင်းကတ်ပိုင်ရှင်ဟာ ပြည်ပြန်ၒင်လို့ရသလားလို့ ကျွန်တော့ကို လာမေးကြပါတယ်။

အမှန်က ဂရင်းကတ်သမားဟာ ပြည်ပမှာ ၁ နှစ်ထက်ကျော်အောင် နေထိုင်မယ်ဆိုရင် ၂ နှစ်အထိ ပြည်ပြန်ဝင်ခွင့်ရှိတဲ့ Re-Entry ပါမစ်- I-131, Application for Travel Document- https://bit.ly/3xQE3YV ကို လျှောက်ထားပြီး လက်ဗွေနှိပ်ရင် စာအုပ်ထွက်လာပါတယ်။ ဒါ‌လျှောက်ပြီး ဂရင်းကတ်နဲ့ထွက်ပြီး Re-Entry နဲ့ ပြန်ဝင်တာတွေကို မြန်မာတွေ လုပ်နေကျပါ။

အခုက ဒီလို ဂရင်းကတ် ၁ နှစ်၊ Re-Entry ၂ နှစ် တို့ထက်ကျော်ပြီး နေထိုင်သူတွေဟာ အမေရိကားကို ပြန်ဝင်ချင်နေကြပါတယ်။ သူတို့အတွက် လုပ်ဆောင်စရာတွေက များပါတယ်။

လက်ထဲမှာ ဂရင်းကတ်သက်တမ်းရှိနေပေမဲ့လည်း ပြန်ဝင်ရမယ့်နေ့ထက် ရက်လွန်နေကြတယ်။ ဒါကို ပြန်လျှောက်ရတဲ့ ဖောင် Returning Resident (SB-1) Immigrant Visa- ကိုရဖို့ I-117, Application to Determine Returning Resident Status- https://bit.ly/2Tk1YB9 ကို ဒေါ်လာ ၁၈ဝ ပေးပြီး ပြန်လျှောက်ရမှာပါ။

မလျှောက်ခင် ၃ လလောက်အလိုမှာ‌ လျှောက်တင်တော့မယ်လို့ နီးစပ်ရာ ‌အမေရိကန်သံရုံးကို အကြောင်းကြားသင့်တယ်လို့ တရားဝင်စာမျက်နှာမှာ ရေးထားပါတယ်။ စာတင်ဖို့၊ ဆေးစစ်ဖို့၊ ကာကွယ်ဆေး အပြည့်အဝထိုးဖို့၊ အင်တာဗျူးဝင်ဖို့အတွက် ၃ လ ဆိုတာ လုံလောက်တဲ့ အချိန်လို့လည်း ပြောပြထားပါတယ်။

ခရီးလွန်သူဟာ ဒီလို ပြည်ဝင်ခွင့် ပြန်လျှောက်ဆိုလို့သာ လျှောက်နေရတယ် သူ့လက်ထဲမှာ ဂရင်းကတ်က ရှိနေဆဲပါ။ သက်တမ်းလည်း ကျန်ကောင်း ကျန်နေနိုင်ပါတယ်။ သံမှူးက သိချင်တဲ့ အကြောင်းပြချက်တွေက ရှင်းရှင်းလေးပါ။ ဖောင်ထဲမှာ နံပါတ်တွေအရ

ချေးငွေယူပြီး ကျောင်းတက်မလို့လား

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အမေရိကားအကြောင်းပဲ ပြောတာပါနော်။ Student Loan ဆိုတာက အမေရိကားမှာ Green Card သမားနဲ့ နိုင်ငံသားတွေသာ ချေးခွင့်ရပါတယ်။ Green Card သမားဆိုတာက ဆွေမျိုးပဲ ခေါ်ခေါ်၊ Refugee နဲ့ပဲ လာလာ၊ ဒီနိုင်ငံထဲရောက်လို့ Asylum ခံထားသူပဲ ဖြစ်ဖြစ် Green Card ပိုင်ဆိုင်ထားသူ အားလုံးကို ဆိုလိုပါတယ်။ ခိုလှုံခွင့်အောင်ထားပြီး လက်ထဲကို ကတ်ပြားမရောက်သေးပေမဲ့ #A Number ရထားပြီးသူ ဆိုတာက Green Card ရဖို့ နံပါတ်ကြိုထုတ်ပေးထားတာနဲ့ အတူတူပါပဲ။
Green Card ရဲ့ ရုံးစာအကျယ်ဖွင့်ဟာ #A Number-Alien Registration Number လို့ ရေးပါတယ်။ ဆိုလိုတာက အမေရိကန်နိုင်ငံအပြင်ဘက်က ဂြိုဟ်သားတစ်ယောက်ရဲ့စာရင်းနံပါတ်လို့ ရီစရာ‌အနေနဲ့ မှတ်ထားမိတာကို သတိရမိတယ်။ LPR- Lawful Permanent Resident ဆိုတာလည်း "ဥပဒေကိုလိုက်နာသောအမြဲတမ်းနေထိုင်သူ" လို့ မှတ်သားမိတာကိုပါ တခါတည်း အမှတ်ရမိပြန်ပါတယ်။
ဒီ‌အရည်အသွေးတွေကြောင့် အမေရိကား အဖွဲ့အစည်းအသီးသီးက "အမြတ်ရဖို့" ငွေချေးတာ ဖြစ်ပါတယ်။ ဒါကို ကျောင်းသားက ချေးတဲ့ငွေဖြစ်လို့ Student Loan လို့ ခေါ်တာပါ။ ကျောင်းသားတိုင်း ငွေချေးခွင့်မရပါ။ အပြည်ပြည်ဆိုင်ရာ ကျောင်းသားက ပိုဆိုး။ ငွေမရှိရင် ကျောင်းလာတက်လို့ မရပါ။
ဒီနေရာမှာ စောဒကတက်ကြမယ် စာသင်ဆု ရှိတယ်လေ၊ စကောလား ပေးတယ်လေ၊ ဂရင့်-Grant ရှိတယ်လေ။ ဟုတ်ပါတယ် ရှိကြပါတယ်။ ဒီဟာတွေက ‌Student Loan မဟုတ်ပါဘူး။ စကောလားရှစ်ပေးတယ်ဆိုတာ ကျောင်းက ငွေချေးပေးတာ မဟုတ်ပါဘူး။ ကျောင်းလခထဲက ‌‌စကောလားငွေကို နှုတ်ပေးသွားတာ မဟုတ်ပါဘူး။ ကျောင်းသားက သူပေးရမယ့်ဟာ ပေးရပါတယ်။ ကျောင်းက အပြည့်ရပါတယ်။ မရှုတ်သွားပါနဲ့။
စကောလားပေးတဲ့သူက ကျောင်းသား ကျောင်းတက်ပြီ၊ ကျောင်းလခသွင်းပြီ၊ သွင်းခွင့်ရှိပြီဆိုတော့မှ အထောက်အထားမျိုးစုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ကျောင်းကို ချက်လက်မှတ်ပို့ပေးတာ ဖြစ်တယ်။ ကျောင်းသားက သူ့ဘဏ်စာရင်းထဲကို တိုက်ရိုက်သွင်းတဲ့ငွေစံနစ်-Direct Deposit ဆင်ထားပေးတယ်ဆိုရင်တော့ စကောလားငွေဟာ ကျောင်းသားအကောင့်ထဲဝင်၊ ကျောင်းသားရဲ့ ပေးရမယ့်ငွေနဲ့ပေါင်း၊ ပြီးတာနဲ့ ကျောင်းကို အပြည့်သွင်း- ဒီလိုစံနစ်နဲ့ သွားတာပါ။
ဟုတ်ပါပြီ ဟုတ်ပါပြီ။ ရှမ်းချေ ချေနည်း နဲ့ ရှင်းပြပါမယ်။ ကျောင်းလခက ‌ဒေါ်လာ ၂ဝဝဝဝ၊ စကောလားက ၄ဝဝဝ ဆိုပါစို့။ ကျောင်းသားက ၁၆ဝဝဝ ပေးရမှာပေါ့။ ကျောင်းသားက ကျောင်းလခ ၁၆ဝဝဝ သွင်းတဲ့အခါ သူဌေးကြီးတစ်ယောက်ဆီက ၄ဝဝဝ တန်တဲ့ ချက်လက်မှတ်က ကျောင်းကို သွားနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် စကောလားပေးတယ်ဆိုတာ ကျောင်းက ကျောင်းလခလျှော့ယူလိုက်တာ မဟုတ်ပါဘူး။ ကျောင်းက ၂ဝဝဝဝ ရမှာက ရမှာပါပဲ။ တစ်ချို့ကိစ္စမှာတော့ ကျောင်းတွေကိုယ်တိုင်ပေးတဲ့ စကောလားဆိုရင်တော့ ကျောင်းကြေး ‌လျှော့ပေးတာ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ကျောင်းသားက ကျောင်းမတက်ဘဲ အဲဒီစကောလား ၄ဝဝဝ တန် ချက်လက်မှတ်ကို ကျွန်တော် ကျွန်မဆီကို ပို့ပေးပါဆိုရင် မရပါဘူး။ သူက ဘယ်ကျောင်းအတွက်၊ ညာကျောင်းအတွက်‌ပေးတဲ့ စကောလားဖြစ်လို့ ဒီ‌စကောလားကို အောင်ထားတဲ့ ကျောင်းသား ကျောင်းလာတက်ရင် ငါပို့ပေးလိုက်မယ်ဆိုတဲ့ စနစ်နဲ့ အသက်ဝင် ပေးချေတာ ဖြစ်ပါတယ်။
ခေါင်းစဉ်ကို ပြန်ဆက်ရရင် အပြည်ပြည်ဆိုင်ရာကျောင်းသားဟာ ငွေမရှိဘဲ အမေရိကန်အစိုးရဆီက ငွေချေးတက်လို့ မရပါဘူး။ ချေးချင်ရင် မြန်မာဆိုရင်ပေါ့ မြန်မာနိုင်ငံကတည်းက တခါတည်း ချေးယူခဲ့ရမှာဖြစ်ပြီး ကျောင်းကတော့ ၂ဝဝဝဝ မပေးရင် ‌ကျောင်းပေးမတက်ပါဘူး။ ဒါပေမဲ့ သူ့ Semester နဲ့သူ ခွဲပေး၊ ခွဲသွင်းလို့ရတော့ အသက်ရှူချောင်ပါသေးတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေဟာ ကျောင်းသားချေးငွေနဲ့ ကင်းလွတ်ကြတယ်ဆိုသော်ငြားလည်း ကိုယ့်‌မြေ ကိုယ့်ရွာမှာ လယ်ရောင်း၊ မြေရောင်း၊ ဆိုင်ခန်းပေါင်၊ ကွန်ဒို အလဲအထပ်ရိုက် ဆိုတဲ့ ဇာတ်လမ်းတွေကတော့ နောက်ကွယ်မှာ ရှိနေကြအုံးမှာပါပဲ။
ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာကျောင်းသားက တစ်ခုကောင်းတာက ချည်နှောင်မှု-Attachment ကင်းတယ်။ ဘာကတ်မှ မရှိ၊ ဘာဆိုရှယ်မှ မရှိ၊ ဘာ Work Permit မှ မရှိပေမဲ့ ဘဝကို အသစ်က ပြန်စလို့ရတယ်။ အခွင့်အရေးနယ်မြေလေ၊ အကျအဆုံးနယ်မြေ (နေပြည်တော်ကြပ်ပြေးဒေသ) မှ မဟုတ်တာပဲ။
တကယ်ကို ဘဝဇာတ်ကို တစ်ကွက်ချင်းပြန်ကလို့ ရတယ်။ ခိုလှုံသူသင်ရိုးညွှန်းတမ်းကြီးကို တစ်မျက်နှာချင်း လှန်လို့ရတယ်။ ဘာကြောက်စရာ ရှိသလဲ။ ဘာမှ ကြောက်စရာ မရှိဘူး။ တစ်ခုပဲ . . ဘာမဆိုရင်ဆိုင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ 125 Points ထက် မနိမ့်တဲ့ Duolingo အင်္ဂလိပ်စာ အရည်အသွေးသာ နှလုံးသားထဲ ထည့်လာခဲ့ . . ရကို ရတယ်။