ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, September 27, 2020

ရေချိုးပြီးသွားပြီ

 

ဒီအော်သံကိုကျွန်တော့မိသားစုဝင်တွေ ၁ ပတ်မှာ ၅ ကြိမ်ကြားရလေ့ရှိတယ်။ တစ်ချို့သီတင်းပတ်တွေမှာ ၆ ကြိမ်။ ရုံးပိတ်တဲ့အခါတွေဆိုရင် ၁ ပတ်မှာ ၄ ကြိမ်။ ဘာအတွက်လည်းဆိုတာရှင်းပြပါမယ်။

           နေ့တိုင်းအပြင်ထွက်တဲ့ကျွန်တော်ဟာအပြင်လောကနဲ့အထိအတွေ့အရှိဆုံးလူတစ်ယောက်။ အလုပ်သွား၊ လိုအပ်တာလေးဝယ်၊ ကားဆီထည့်၊ ကားပြင်ဝပ်ရှော့သွား၊ အစားအသောက်သွားဝယ် ဒီလိုလှုပ်ရှားမှုတွေကနေ အပြင်ကရောဂါပိုးမပါလာဘူးမပြောနိုင်ဘူးလေ။

        ရေချိုးတဲ့အကြောင်းမရောက်သေးခင် ဒီဘက်မြေကိုမလာခင်ကကျွန်တော့ငယ်ဘဝအကြောင်းပြောပါဦးမယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့မိသားစုကအသက်ကြီးသူကိုအရိုအသေပေးရ၊ ကြောက်ရွံ့ရတဲ့ဓလေ့ရှိသဗျ။ မိသားစုဝင်အချင်းချင်း “ချစ်တယ်” ဆိုတဲ့စကားတစ်သက်လုံးမပြောခဲ့ကြဘူး။ ညီအစ်ကိုချင်း၊ မောင်နှမချင်းလမ်းမှာဆုံတဲ့အခါနှတ်ဆက်ဖို့မဆိုထားနဲ့ ပြုံးပြလေ့တောင်မရှိခဲ့ဘူး။ ဒါကြောင့် “ကိုညီညီတစ်ယောက်ဆက်ဆံရေးမောက်မာလိုက်တာ” ဆိုတာကို ကြီးမှတော်တော်ပြင်ခဲ့ရသပေါ့ဗျာ။

          အချိန်တစ်ခုရောက်လာတော့ဒီဘက်မြေကိုအခြေချရင်းကျွန်တော်တို့မိသားစုအတွင်းအချင်းချင်းရင်းနှီးမှုကိုပြန်တည်ဆောက်ရင်းကလေးတွေကြီးပြင်းလာတယ်။ 

မနက်ကျွန်တော်အလုပ်သွားရင် မိန်းမနဲ့ကလေးတွေအိပ်နေရင်းကို နဖူးလေးနမ်းသွားတယ်။ 

အိမ်ပြန်ရောက်လာတဲ့အခါကျရင်လည်း “ပျော်ရွှင်စွာအိမ်ပြန်ရောက်ခြင်း” ကို လူစုံလူစေ့နဖူးလေးတွေပေါ်မှာအနမ်းလေးတွေနဲ့ပြန်အသက်သွင်းတယ်။ 

ညအိပ်ရင်လည်းဒီအတိုင်းပဲ သူ့ရဲ့ခင်ပွန်း၊ သူတို့ရဲ့ဖခင်ကသူတို့ကိုချင်ခင်ကြင်နာစွာနဖူးလေးနမ်းပြီးမှအိပ်စက်ခြင်းညအတွက်အိပ်မက်မက်ခွင့်ပေးတယ်ဆိုတာသူတို့အမြဲမှတ်မိနေတယ်။ အနှစ် ၂ဝ လောက်လေ့ကျင့်ခဲ့တဲ့ဒီထုံးစံလေးဟာ ၂ဝ၂ဝ ခုနှစ်ရောက်တော့အားလုံးပျက်ရော။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်-၁၉ ရောဂါပိုးကြောင့်မိသားစုဝင်အချင်းချင်းကူးစက်ကုန်မှာစိုးတာကိုး။

        ဒါကြောင့် အပြင်ကဘယ်သူပြန်လာပြန်လာ ကားဂိုဒေါင်ထဲမှာအတွင်းခံနဲ့အောက်ခံအင်္ကျီကလွဲပြီး သန့်တဲ့အိမ်နေအဝတ်အစားနဲ့လဲဝတ်၊ မိသားစုဝင်တွေကိုအသံနဲ့သာနှုတ်ဆက်ပြီးအပေါ်ထပ်ရေချိုးခန်းထဲတန်းဝင်၊ ရေချိုး၊ တစ်ကိုယ်လုံးသန့်စင်၊ အဝတ်ဟောင်းကိုသီးသန့်ခြင်းထဲမှာထည့်တဲ့စံနစ်တစ်ခုချရပါတယ်။

          ပြီးတာနဲ့အပုပ်ကောင်ကိုရုပ်ဆောင်နေတဲ့ခန္ဓာကိုယ်ကိုအိမ်သားတွေကြိုက်တဲ့အမွှေးနံ့သာလိမ်း၊ ရေချိုးခန်းမှာကိုယ်သုံးစွဲခဲ့သမျှသန့်ရှင်းရေးပြန်လုပ်။ လူရော ရေချိုးခန်းရောအသစ်ဖြစ်သွားပြီဆိုတော့မှ မိသားစုဝင်တွေရှိတဲ့တစ်ခန်းချင်းစီကိုဝင်ပြီး “ရေချိုးပြီးသွားပြီ” လို့အော်ပြီး နဖူးလေးနမ်းပြီးနှုတ်ဆက်ရတာ။ တစ်ရက်တစ်ရက်ဒီလို “ရေချိုးပြီးသွားပြီ” လို့အော်ရမယ့်အချိန်ကိုစောင့်လိုက်ရတာ အမောပဲ။

        ကိုဗစ်-၁၉ ရောဂါပိုးကကျွန်တော်တို့ကိုဘာသင်ပေးသလဲဆိုတော့

  • အပြင်ထွက်-Mask တပ်
  • အလုပ်မှာ-ခွာခွာနေ
  • လူကြားထဲမှာ-သတိထား
  • ဈေးမဝယ်ခင်-စာရင်းကြိုလုပ်
  • ကုန်စုံဆိုင်မှာ-လိုတာကိုတန်းဝယ်
  • ကားပေါ်ပြန်ရောက်-လက်ကိုပိုးသတ်
  • ကားပေါ်ကပစ္စည်းချ-အရက်ပျံသုတ်
  • ပြန်လာ-လက်ဆေး/လက်မောင်းအထိဆေး
  • အိမ်ထဲမဝင်ခင်-အိမ်နေအင်္ကျီလဲ
  • အိမ်သားတွေနဲ့မထိတွေ့ခင်-ရေချိုး
  • ရေချိုးပြီးရင်-သန့်ရှင်းရေးပြန်လုပ်
  • တကယ်သန့်သွားပြီဆို-တစ်အိမ်လုံးပတ်ပြီး “ရေချိုးပြီးသွားပြီ” ဆိုပြီးနဖူးလိုက်နမ်း။

          သိပ်ကြမ်းတယ်လို့တော့မထင်နဲ့ဦး။ တကယ်တော့ ကိုဗစ်-၁၉ ရောဂါဆိုးကကိုယ့်ထက်ကြမ်းတယ်။ ကိုဗစ်-၁၉ ရောဂါပိုးကလူတွေနဲ့တွေ့တာနည်းအောင်လုပ်နေတာအသိအသာကြီး။ ဒါကြောင့်မိသားစုဝင်တွေကိုမနက်ရော၊ နေ့ရော၊ ညဘက်ရောတွေ့နေသမျှအချိန်တိုင်းသန့်နေမှဖြစ်မှာ။ လက်ဆေး၊ ဂျယ်လိမ်း၊ ခပ်ခွာခွာနေ ဆိုတာတွေဟာ “သတိစိတ်၊ အသိစိတ်၊ ပစ္စုပ္ပန်စိတ်” ရှိနေမှလုပ်ဖြစ်တာ။ 

          သတိမရှိရင်၊ အသိစိတ်မရှိရင်၊ စိတ်ကပစ္စုပ္ပန်တည့်တည့်မှာမရှိရင် မိမိဆီမှာပါလာမှန်း မပါလာမှန်းမသိတဲ့ ကိုဗစ်-၁၉ ရောဂါဆိုး၊ ကိုဗစ်-၁၉ ရောဂါပိုးကို အိမ်သူအိမ်သားတွေကိုလက်ဆင့်ကမ်းသလိုဖြစ်နေတာလေ။ အိမ်မှာပဲနေတာ အပြင်လည်းမထွက်ဘူး ဘယ်ကနေကူးလာမှန်းမသိဘူးဆိုသူတွေကဒီနည်းလမ်းတွေနဲ့အကူးခံလိုက်ရတာတွေပေါ့။

        ကွန်ပျူတာဆာဗာ၊ ဒေတာစင်တာ၊ Cloud Storage တွေမှာ လုံခြုံရေးအတွက်နံရံတံတိုင်းခြားဖို့ Firewall ကာသလို မိမိအိမ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးမဝင်ရောက်နိုင်ဖို့အကောင်းဆုံးကာကွယ်နည်းက လူလူချင်းမထိတွေ့ခင် အသုံးဆောင်တွေကိုသီးသန့်ဖယ်ထားပြီး “ရေချိုးချ” လိုက်တာပါပဲ။

          ဘယ်နေရာဘယ်ဌာနေရောက်နေနေ အသိဉာဏ်ကိုသတိနဲ့ယှဉ်၊ အခြေအနေကိုပစ္စုပ္ပန်တည့်တည့်မြင်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါဆိုး၊ ကိုဗစ်-၁၉ ရောဂါပိုးရန်မှရှောင်ကွင်းနိုင်ပါစေ။ နေ့တိုင်း “ရေချိုးပြီးသွားပြီ” လို့ သန့်သန့်ပြန့်ပြန့်အော်ဟစ်နိုင်ပါစေ။

ခင်လျက်

ကိုညီညီ (တောင်ကြီး)

09-27-2020


<Zawgyi>


“ေရခ်ိဳးၿပီးသြားၿပီ”


ဒီေအာ္သံကိုကၽြန္ေတာ့မိသားစုဝင္ေတြ ၁ ပတ္မွာ ၅ ႀကိမ္ၾကားရေလ့ရွိတယ္။ တစ္ခ်ိဳ႕သီတင္းပတ္ေတြမွာ ၆ ႀကိမ္။ ႐ုံးပိတ္တဲ့အခါေတြဆိုရင္ ၁ ပတ္မွာ ၄ ႀကိမ္။ ဘာအတြက္လည္းဆိုတာရွင္းျပပါမယ္။ ေန႔တိုင္းအျပင္ထြက္တဲ့ကၽြန္ေတာ္ဟာအျပင္ေလာကနဲ႔အထိအေတြ႕အရွိဆုံးလူတစ္ေယာက္။ အလုပ္သြား၊ လိုအပ္တာေလးဝယ္၊ ကားဆီထည့္၊ ကားျပင္ဝပ္ေရွာ့သြား၊ အစားအေသာက္သြားဝယ္ ဒီလိုလႈပ္ရွားမႈေတြကေန အျပင္ကေရာဂါပိုးမပါလာဘူးမေျပာနိုင္ဘူးေလ။ ေရခ်ိဳးတဲ့အေၾကာင္းမေရာက္ေသးခင္ ဒီဘက္ေျမကိုမလာခင္ကကၽြန္ေတာ့ငယ္ဘဝအေၾကာင္းေျပာပါဦးမယ္။ ကၽြန္ေတာ္ႀကီးျပင္းခဲ့တဲ့မိသားစုကအသက္ႀကီးသူကိုအရိုအေသေပးရ၊ ေၾကာက္ရြံ့ရတဲ့ဓေလ့ရွိသဗ်။ မိသားစုဝင္အခ်င္းခ်င္း “ခ်စ္တယ္” ဆိုတဲ့စကားတစ္သက္လုံးမေျပာခဲ့ၾကဘူး။ ညီအစ္ကိုခ်င္း၊ ေမာင္ႏွမခ်င္းလမ္းမွာဆုံတဲ့အခါႏွတ္ဆက္ဖို႔မဆိုထားနဲ႔ ျပဳံးျပေလ့ေတာင္မရွိခဲ့ဘူး။ ဒါေၾကာင့္ “ကိုညီညီတစ္ေယာက္ဆက္ဆံေရးေမာက္မာလိုက္တာ” ဆိုတာကို ႀကီးမွေတာ္ေတာ္ျပင္ခဲ့ရသေပါ့ဗ်ာ။ အခ်ိန္တစ္ခုေရာက္လာေတာ့ဒီဘက္ေျမကိုအေျခခ်ရင္းကၽြန္ေတာ္တို႔မိသားစုအတြင္းအခ်င္းခ်င္းရင္းႏွီးမႈကိုျပန္တည္ေဆာက္ရင္းကေလးေတြႀကီးျပင္းလာတယ္။ မနက္ကၽြန္ေတာ္အလုပ္သြားရင္ မိန္းမနဲ႔ကေလးေတြအိပ္ေနရင္းကို နဖူးေလးနမ္းသြားတယ္။ အိမ္ျပန္ေရာက္လာတဲ့အခါက်ရင္လည္း “ေပ်ာ္ရႊင္စြာအိမ္ျပန္ေရာက္ျခင္း” ကို လူစုံလူေစ့နဖူးေလးေတြေပၚမွာအနမ္းေလးေတြနဲ႔ျပန္အသက္သြင္းတယ္။ ညအိပ္ရင္လည္းဒီအတိုင္းပဲ သူ႔ရဲ့ခင္ပြန္း၊ သူတို႔ရဲ့ဖခင္ကသူတို႔ကိုခ်င္ခင္ၾကင္နာစြာနဖူးေလးနမ္းၿပီးမွအိပ္စက္ျခင္းညအတြက္အိပ္မက္မက္ခြင့္ေပးတယ္ဆိုတာသူတို႔အျမဲမွတ္မိေနတယ္။ အႏွစ္ ၂ဝ ေလာက္ေလ့က်င့္ခဲ့တဲ့ဒီထုံးစံေလးဟာ ၂ဝ၂ဝ ခုႏွစ္ေရာက္ေတာ့အားလုံးပ်က္ေရာ။ ဘာျဖစ္လို႔လည္းဆိုေတာ့ ကိုဗစ္-၁၉ ေရာဂါပိုးေၾကာင့္မိသားစုဝင္အခ်င္းခ်င္းကူးစက္ကုန္မွာစိုးတာကိုး။ ဒါေၾကာင့္ အျပင္ကဘယ္သူျပန္လာျပန္လာ ကားဂိုေဒါင္ထဲမွာအတြင္းခံနဲ႔ေအာက္ခံအကၤ်ီကလြဲၿပီး သန႔္တဲ့အိမ္ေနအဝတ္အစားနဲ႔လဲဝတ္၊ မိသားစုဝင္ေတြကိုအသံနဲ႔သာႏႈတ္ဆက္ၿပီးအေပၚထပ္ေရခ်ိဳးခန္းထဲတန္းဝင္၊ ေရခ်ိဳး၊ တစ္ကိုယ္လုံးသန႔္စင္၊ အဝတ္ေဟာင္းကိုသီးသန႔္ျခင္းထဲမွာထည့္တဲ့စံနစ္တစ္ခုခ်ရပါတယ္။ ၿပီးတာနဲ႔အပုပ္ေကာင္ကို႐ုပ္ေဆာင္ေနတဲ့ခႏၶာကိုယ္ကိုအိမ္သားေတြႀကိဳက္တဲ့အေမႊးနံ့သာလိမ္း၊ ေရခ်ိဳးခန္းမွာကိုယ္သုံးစြဲခဲ့သမၽွသန႔္ရွင္းေရးျပန္လုပ္။ လူေရာ ေရခ်ိဳးခန္းေရာအသစ္ျဖစ္သြားၿပီဆိုေတာ့မွ မိသားစုဝင္ေတြရွိတဲ့တစ္ခန္းခ်င္းစီကိုဝင္ၿပီး “ေရခ်ိဳးၿပီးသြားၿပီ” လို႔ေအာ္ၿပီး နဖူးေလးနမ္းၿပီးႏႈတ္ဆက္ရတာ။ တစ္ရက္တစ္ရက္ဒီလို “ေရခ်ိဳးၿပီးသြားၿပီ” လို႔ေအာ္ရမယ့္အခ်ိန္ကိုေစာင့္လိုက္ရတာ အေမာပဲ။ ကိုဗစ္-၁၉ ေရာဂါပိုးကကၽြန္ေတာ္တို႔ကိုဘာသင္ေပးသလဲဆိုေတာ့

  • အျပင္ထြက္-Mask တပ္
  • အလုပ္မွာ-ခြာခြာေန
  • လူၾကားထဲမွာ-သတိထား
  • ေဈးမဝယ္ခင္-စာရင္းႀကိဳလုပ္
  • ကုန္စုံဆိုင္မွာ-လိုတာကိုတန္းဝယ္
  • ကားေပၚျပန္ေရာက္-လက္ကိုပိုးသတ္
  • ကားေပၚကပစၥည္းခ်-အရက္ပ်ံသုတ္
  • ျပန္လာ-လက္ေဆး/လက္ေမာင္းအထိေဆး
  • အိမ္ထဲမဝင္ခင္-အိမ္ေနအကၤ်ီလဲ
  • အိမ္သားေတြနဲ႔မထိေတြ႕ခင္-ေရခ်ိဳး
  • ေရခ်ိဳးၿပီးရင္-သန႔္ရွင္းေရးျပန္လုပ္
  • တကယ္သန႔္သြားၿပီဆို-တစ္အိမ္လုံးပတ္ၿပီး “ေရခ်ိဳးၿပီးသြားၿပီ” ဆိုၿပီးနဖူးလိုက္နမ္း။ သိပ္ၾကမ္းတယ္လို႔ေတာ့မထင္နဲ႔ဦး။ တကယ္ေတာ့ ကိုဗစ္-၁၉ ေရာဂါဆိုးကကိုယ့္ထက္ၾကမ္းတယ္။ ကိုဗစ္-၁၉ ေရာဂါပိုးကလူေတြနဲ႔ေတြ႕တာနည္းေအာင္လုပ္ေနတာအသိအသာႀကီး။ ဒါေၾကာင့္မိသားစုဝင္ေတြကိုမနက္ေရာ၊ ေန႔ေရာ၊ ညဘက္ေရာေတြ႕ေနသမၽွအခ်ိန္တိုင္းသန႔္ေနမွျဖစ္မွာ။ လက္ေဆး၊ ဂ်ယ္လိမ္း၊ ခပ္ခြာခြာေန ဆိုတာေတြဟာ “သတိစိတ္၊ အသိစိတ္၊ ပစၥဳပၸန္စိတ္” ရွိေနမွလုပ္ျဖစ္တာ။ သတိမရွိရင္၊ အသိစိတ္မရွိရင္၊ စိတ္ကပစၥဳပၸန္တည့္တည့္မွာမရွိရင္ မိမိဆီမွာပါလာမွန္း မပါလာမွန္းမသိတဲ့ ကိုဗစ္-၁၉ ေရာဂါဆိုး၊ ကိုဗစ္-၁၉ ေရာဂါပိုးကို အိမ္သူအိမ္သားေတြကိုလက္ဆင့္ကမ္းသလိုျဖစ္ေနတာေလ။ အိမ္မွာပဲေနတာ အျပင္လည္းမထြက္ဘူး ဘယ္ကေနကူးလာမွန္းမသိဘူးဆိုသူေတြကဒီနည္းလမ္းေတြနဲ႔အကူးခံလိုက္ရတာေတြေပါ့။ ကြန္ပ်ဴတာဆာဗာ၊ ေဒတာစင္တာ၊ Cloud Storage ေတြမွာ လုံျခဳံေရးအတြက္နံရံတံတိုင္းျခားဖို႔ Firewall ကာသလို မိမိအိမ္အတြင္း ကိုဗစ္-၁၉ ေရာဂါပိုးမဝင္ေရာက္နိုင္ဖို႔အေကာင္းဆုံးကာကြယ္နည္းက လူလူခ်င္းမထိေတြ႕ခင္ အသုံးေဆာင္ေတြကိုသီးသန႔္ဖယ္ထားၿပီး “ေရခ်ိဳးခ်” လိုက္တာပါပဲ။ ဘယ္ေနရာဘယ္ဌာေနေရာက္ေနေန အသိဉာဏ္ကိုသတိနဲ႔ယွဥ္၊ အေျခအေနကိုပစၥဳပၸန္တည့္တည့္ျမင္နိုင္ၿပီး ကိုဗစ္-၁၉ ေရာဂါဆိုး၊ ကိုဗစ္-၁၉ ေရာဂါပိုးရန္မွေရွာင္ကြင္းနိုင္ပါေစ။ ေန႔တိုင္း “ေရခ်ိဳးၿပီးသြားၿပီ” လို႔ သန႔္သန႔္ျပန႔္ျပန႔္ေအာ္ဟစ္နိုင္ပါေစ။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 09-27-2020



No comments: