ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, January 12, 2018

အေရာင္အေသြးစံုျဖစ္ေနတဲ႕စေကာလားရွစ္ေတြရဲ႕အေၾကာင္း

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
. ေက်ာင္းေကာင္းေကာင္းေတြကေပးတဲ႕ပညာသင္ဆုေတြကုိစံုစမ္းရင္း ျပည္ပထြက္ခြာပညာရွာဖို႕ျပင္ဆင္ေနၾကတဲ႕ျမန္မာႏိုင္ငံက အဂၤလိပ္စာကြ်မ္းက်င္ေက်ာင္းသားေတြကုိဦးတည္ျပီး ေခါင္းစဥ္ပါအေၾကာင္းအရာေတြကုိေျပာျပခ်င္ပါတယ္။ အမ်ားအားျဖင္႕ စာသင္ၾကားမႈအေထာက္အကူျပဳဆု - Scholarship နာမယ္ေတြဟာ ျမန္မာႏိုင္ငံမွာအရင္ကတည္းကအသံုးနည္းခဲ႕တာျဖစ္လို႕ ဒီေနရာမွာ မရမကဘာသာျပန္မယ္႕အစား အဂၤလိပ္နာမယ္ကိုသာသံုးသြားဖို႕ခြင္႕ျပဳခ်က္ၾကိဳတင္ေတာင္းခံအပ္ပါတယ္။
.
. ပထမဦးဆံုး စေကာလားရွစ္ေတြအေၾကာင္းမေျပာခင္ Grant ဆိုတဲ႕ ပညာသင္ဆုအေၾကာင္းအရင္သိထားဖို႕လိုသလို အေမရိကန္ႏိုင္ငံမွာေက်ာင္းလာတက္ဖို႕ဆုိရင္ Fafsa ဆိုတဲ႕ Free Application for Federal Student Aid အေၾကာင္းသိထားရင္ ပုိမုိႏွံ႕စပ္ေအာင္ေလ႕လာႏုိင္ဖို႕ အသံုးဝင္ေစမွာျဖစ္ပါတယ္။
.
.
. အစပိုင္းကေျပာခဲ႕တဲ႕အတုိင္း ဘယ္လုိစာသင္ဆုေပးတဲ႕ေက်ာင္းမဆို စာစီစာကံုး (သို႔) ကိုယ္တုိင္ေရးစာတစ္ခုခုကိုတင္ခုိင္းေလ႕ရွိတယ္။ ဒါကုိ အဂၤလိပ္လုိေရးရသလို ေက်ာင္းသားအေနနဲ႕ ေက်ာင္းကလက္ခံတဲ႕အဆင္႕တစ္ခုအထိေရးျပရတာေၾကာင္႕ အဂၤလိပ္စာကြ်မ္းက်င္တဲ႕ျပည္ပစာသင္ဆုရွာေဖြေနတဲ႕ေက်ာင္းသားေတြကိုရည္ညႊန္းတယ္လုိ႕ေျပာရျခင္းျဖစ္ပါတယ္။
.
. စစ္တမ္းတစ္ခုအရ အေမရိကားမွာ ေဒၚလာ (၁ဝဝ) နဲ႕အထက္ Grant ပညာသင္ဆုေပးတဲ႕ အစုိုးရ၊ ဖယ္ဒရယ္ျပည္နယ္၊ ေဖာင္ေဒးရွင္း၊ ကုမၸဏီ၊ ေကာ္ပို္ေရးရွင္း၊ အက်ိဳးအျမတ္မယူတဲ႕အဖြဲ႕အစည္း၊ ပညာေရးအသင္းအဖြဲ႕ နဲ႕ စီးပြားေရးလုပ္ငန္းမ်ားသာမက တသီးပုဂၢလခ်မ္းသာသူေတြ စတဲ႕ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္ - Grant Makers ေပါင္း (၈၈ဝဝဝ) ခန္႕ရွိျပီး ႏွစ္စဥ္ေထာက္ပံ႕ေငြ ေဒၚလာ သန္း (၄ဝဝဝဝ) ရွိတယ္ဆုိတာ သိရပါတယ္။
.
.
. စေကာလားရွစ္ရဲ႕သဘာဝ သတ္မွတ္ခ်က္အတုုိင္း ေက်ာင္းသားကုိ လစဥ္၊ ႏွစ္စဥ္ အျပင္ စာသင္ကာလ - Semester အလုိက္ ေထာက္ပံ႕ေငြေပးေနက်ျဖစ္ေပမယ္႕ Grant တစ္ခုရတယ္ဆုိရင္ေတာ႕ စာသင္ႏွစ္တစ္ခုလံုးအတြက္၊ ေမဂ်ာတစ္ခုလံုးအတြက္ (၁) ၾကိမ္သာ အျပီးေပးတာျဖစ္ျပီး ျပန္ဆပ္စရာမလိုတဲ႕ ပညာသင္ကူေငြျဖစ္ပါတယ္။
.
. မားကက္တင္းနဲ႕ဆက္ႏြယ္တဲ႕တစ္ခ်ိဳ႕စီးပြားေရးအဖြဲ႕အစည္းေတြက Grant ကုိ ေခ်းေငြပံုစံနဲ႕ ပံုမွားရုိက္ေၾကာ္ျငာခ်င္တာေတြရွိတာေၾကာင္႕ အမွတ္မွားႏုိင္တာေတြကုိ ေက်ာင္းသားေတြသတိထားရမယ္။ ဒါေပမဲ႕ Grant ရဲ႕ စိမ္ေခၚမႈတစ္ခုက စေကာလားရွစ္လိုပဲ Grant ရဖို႕ Grant Writing ေရးတင္ရတာပါ။ Grant Writing ဟာ အျမဲတမ္း စာစီစာကံုးျဖစ္ေနဖို႕မလုိပဲ တင္ျပလႊာ - Proposal အေနနဲ႕လည္းေလွ်ာက္ႏုိင္တာျဖစ္လို႕ ကန္႕သတ္ခ်က္ေလ်ာ႕နည္းပါတယ္။
.
.
. "Fafsa ကုိေလွ်ာက္ဖို႕ ေက်ာင္းသားဟာ အေမရိကန္ႏိုင္ငံသား ဒါမွမဟုတ္ အနည္းဆံုး Green Card ကိုင္ထားတဲ႕ PR - Permanent Residence (Noncitizens တစ္မ်ိဳးမ်ိဳး) ျဖစ္ရပါမယ္" ႏိုင္ငံျပင္ပကေနလာတက္တဲ႕ အျပည္ျပည္ဆုိင္ရာေက်ာင္းသားတစ္ေယာက္ဟာ Fafsa ကို ေလွ်ာက္ခြင္႕မရွိသလုိ အလည္လာသူဧည္႕သည္ေတြဟာလည္း Fafsa ေလွ်ာက္ခြင္႕မရႏုိင္ပါဘူး။
.
. Fafsa ကုိရဖုိ႕ စာစီစာကံုးမလုိေသးပါ။ ေက်ာင္းသားဆီကေန SAP - Satisfactory Academic Progress ဆိုတာလုိပါတယ္။ အဓိကလိုအပ္ခ်က္ကေတာ႕ ေက်ာင္းသားရဲ႕စာသင္ခန္းရမွတ္ေတြမွာ စီ - C ထက္မနိမ္႕တဲ႕ စာလုိက္ႏုိင္မႈစြမ္းရည္ ရွိရပါမယ္။ တစ္ဆက္တည္းမွာ ကိုယ္တုိင္အလုပ္လုပ္ရင္ ဝင္ေငြစာရြက္ - Pay Stub or Paycheck ၊ မွီခုိဆိုရင္ မိဘေတြရဲ႕ဝင္ေငြခြန္ကုိေၾကျငာတဲ႕ W2 Form ရယ္၊ ႏွစ္ကုန္လို႕အခြန္ေဆာင္ထားျပီးတဲ႕ Tax Return Transcript ေတြတင္ရေတာ႕ အလုပ္ရႈတ္လွသလို ရံုးစာရြက္ေတြတင္ဖို႕ နဲ႕ အြန္လိုင္းေဖာင္ျဖည္႕ရတာနဲ႕မရင္းႏွီးသူေတြအဖို႕ ခက္ခဲႏုိင္ပါတယ္။
.
.
. ျပည္နယ္ဘက္ကစစ္ေဆးျပီးလုိ႕အတည္ျပဳေပးလုိက္တယ္ဆိုရင္ ေက်ာင္းသားဟာ Fafsa ကေန ေက်ာင္းစာသင္ႏွစ္တစ္ႏွစ္စာအတြက္ အမ်ားဆံုးေဒၚလာ (၅၅၅ဝ) ကို ေက်ာင္းလခေတြကေန ထုတ္ႏႈတ္အကုန္အက်ခံႏုိင္ပါတယ္။ ဒါက တစ္ႏွစ္စာျဖစ္ျပီး ေနာက္ပိုင္းႏွစ္ေတြအတြက္ အထက္ကေျပာခဲ႕သလုိ ေနာက္ဆုံးရထားတဲ႕စာရြက္စာတမ္းေတြနဲ႕အသစ္ထပ္ေလွ်ာက္ရမွာျဖစ္ပါတယ္။ ကဲ . . စေကာလားရွစ္ဘက္သြားရေအာင္ . .။
.
. စေကာလားရွစ္ေတြကို အဖြဲ႕အစည္းအမ်ိဳးမ်ိဳးက ပံုစံမတူေအာင္ေပးၾကပါတယ္။ ေအာက္မွာအေသးစိတ္ဆက္ဖတ္ၾကည္႕ပါ။
.
.
Academic Scholarships ။။။။။။။။။။ အကယ္ဒဲမစ္စေကာလားရွစ္က စာသင္သားကုိအဓိကေပးတဲ႕ဘယ္လိုစာသင္ဆုမ်ိဳးမဆိုအက်ံဳးဝင္ပါတယ္။ ေက်ာင္းသားေျဖဆိုတဲ႕ GPA - Grade Point Average လို အေျခခံအမွတ္အျပင္ ေကာလိပ္တက္ဖို႕ေျဖထားတဲ႕ SAT - Scholastic Assessment Tests နဲ႕ ACT - American College Testing Program တုိ႕နဲ႕ စာသင္ဆုေပးမေပးဆုိတာကိုဆံုးျဖတ္တာမ်ိဳးပါ။
.
.
Athletic Scholarships ။။။။။။။။။။ အားကစားဆုိင္ရာစေကာလားရွစ္ ကုိ အားကစားတစ္ခုခုမွာထူးခြ်န္ရင္ေလွ်ာက္ထားႏုိင္တဲ႕ေက်ာင္းေတြရွိပါတယ္။ မ်ားေသာအားျဖင္႕ ေက်ာင္းသားတစ္ေယာက္ဟာ စာထက္အားကစားမွာသိပ္ထူးခြ်န္ေနရင္ အတန္းတက္ေပးတာမ်ိဳးအျပင္ ေက်ာင္းလခကင္းလြတ္ခြင္႕တစ္ခုဖန္တီးေပးထားတဲ႕ စာသင္ဆုျဖစ္ပါတယ္။
.
.
Merit Scholarships ။။။။။။။။။။ ထူးခြ်န္စေကာလားရွစ္မွာ အလႊာအမ်ိဳးမ်ိဳးရွိပါတယ္။ အထူးသျဖင္႕ ေက်ာင္းတစ္ေက်ာင္း၊ ေမဂ်ာတစ္ခု၊ လိုင္းတစ္လုိင္း၊ ဘာသာရပ္တစ္ခုမွာ ေပါက္ေျမာက္ေအာင္ျမင္သူကုိေပးတဲ႕စာသင္ဆုမ်ိဳးျဖစ္ပါတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ႕ ကလပ္အသင္းေတြမွာ၊ လူမႈအသင္းအဖြဲ႕ နဲ႕ ပရဟိတလူမႈအဖြဲ႕အစည္းေတြမွာပါဝင္ခဲ႕တဲ႕လုပ္ရပ္ေတြေၾကာင္႕ အထူးျပဳေလွ်ာက္ထားႏုိင္တဲ႕ "ေပးခ်င္သလုိေပးႏုိင္တဲ႕ စိတ္ၾကိဳက္စာသင္ဆု" လုိ႕ နားလည္ႏုိင္ပါတယ္။
.
.
.
Merit-based ။။။။။။။။။။ ထူးခြ်န္မႈတစ္ခုခုကိုအေျခခံတဲ႕ ဒီစေကာလားရွစ္မွာ ေက်ာင္းသားရဲ႕စာေတာ္မႈ၊ အႏုပညာ၊ အားကစား နဲ႕ တျခားအရည္အခ်င္းေတြကိုထည္႕တြက္ႏုိင္ပါတယ္။ ဒီဆုရျပီဆုိရင္ ေက်ာင္းသားတက္မယ္႕ေက်ာင္းကုိ အဖြဲ႕အစည္းကေန ခ်က္လက္မွတ္ကိုတုိက္ရုိက္ေပးပုိ႕ပါတယ္။
.
.
Need-based ။။။။။။။။။။။ လိုအပ္မႈတစ္ခုခုကိုဦးတည္ျပီးေပးတဲ႕စာသင္ဆု ဆုိေတာ႕ အက်ိဳးေမွ်ာ္ျပီးလုပ္တဲ႕ေၾကာ္ျငာနဲ႕အမွတ္မွားႏုိင္ပါတယ္။ ဒီအမ်ိဳးအစားက အမ်ားအားျဖင္႕ ေက်ာင္းသားအတြက္ရည္ရြယ္တယ္ဆုိရင္ Grant အေနနဲ႕ေပးၾကပါတယ္။
.
.
Student-specific ။။။။။။။။။။ ထူးျခားတဲ႕ေက်ာင္းသားေတြကုိေပးတဲ႕စာသင္ဆုလို႕သိရပါတယ္။ ဒီပရုိဂရမ္ကုိဝင္ဖို႕ လူမ်ိဳး၊ ဘာသာေရး၊ မိသားစုအသုိင္းအဝိုင္း နဲ႕ က်န္းမာေရးကုသမႈေနာက္ခံေတြလုိပါတယ္။ အထူးသျဖင္႕ လူနည္းစုျဖစ္သူေက်ာင္းသားေတြကိုေရြးခ်ယ္ျပီးေပးတတ္ျပီး နမူနာအေနနဲ႕ သူေ႒းၾကီးဘီဂိတ္နဲ႕ဇနီးတို႕ရဲ႕ The Gates Millennium Scholars ဆုိရင္ ထူးခြ်န္တဲ႕အာဖရိကန္အေမရိကန္၊ အိႏိၵယမ္းအေမရိကန္၊ ကြ်န္းဆြယ္ဖြားအေမရိကန္ နဲ႕ လက္တင္အေမရိကန္ေတြကုိေပးတဲ႕စာသင္ဆုလို႕သိရတယ္။
.
.
Career-specific ။။။။။။။။။။ အလုပ္အကိုင္ေပၚမူတည္ျပီးေပးတဲ႕စာသင္ဆုက ေနာင္အက်ိဳးေမွ်ာ္မႈကင္းရဲ႕လားဆုိတာ စဥ္းစားစရာရွိပါတယ္။ ေက်ာင္းတစ္ခု၊ တကၠသိုလ္တစ္ခုခုက သူတုိ႕ရဲ႕ဘာသာရပ္တစ္ခုခုမွာအင္မတန္ထူးခြ်န္ျပီး ေနာင္ ေက်ာင္းကုိေရာ၊ လုပ္ငန္းနယ္ပယ္ကကုမၸဏီေတြၾကားမွာေရာ အလုပ္အကုိင္ရမႈကိုပါ အာမခံျပီးေပးတဲ႕ဆုမ်ိဳးျဖစ္ပါတယ္။ ေက်ာင္းက ဒီဆုရထားသူကိုလက္မလႊတ္ႏုိင္သလုိ သတ္မွတ္ထားတဲ႕ကုမၸဏီ၊ အဖြဲ႕အစည္းတစ္ခုခုမွာမလုပ္ေတာ႕ရင္ ဒီဆုကိုရပ္ဆိုင္းႏုိင္ခြင္႕ရွိိတဲ႕ ခံဝန္ - Bond ထုိးထားရတဲ႕စာခ်ဳပ္ေတြ ေနာက္ကြယ္မွာရွိႏုိင္ပါတယ္။
.
.
Brand Scholarships ။။။။။။။။။။ တံဆိပ္နဲ႕ကုန္ပစၥည္းကိုပရုိမုိးရွင္းလုပ္ရင္းေပးတဲ႕စာသင္ဆုမ်ိဳးပါ။ ဥပမာအေနနဲ႕ Miss America Scholarships ဆုိရင္ ပါဝင္တဲ႕အလွမယ္ဟာ က်င္းပတဲ႕ကုမၸဏီကေပးတဲ႕စာသင္ဆုနဲ႕ အေမရိကားမွာေက်ာင္းျပီးေအာင္တက္ႏုိင္ပါတယ္။ အျခားတစ္ဖက္မွာလည္း ဒီအလွမယ္တက္တဲ႕အတြက္ Miss America ရဲ႕ ပံုရိပ္ကပိုလင္းလွက္လာသလုိ ေက်ာင္းရဲ႕ေက်ာ္ၾကားမႈကလည္းပိုမုိသင္းပ်ံ႕လာႏုိင္တဲ႕ ေၾကာ္ျငာစေကာလားရွစ္လို႕ နားလည္ရပါတယ္။
.
.
Creative Contest Scholarships ။။။။။။။။။။ တီထင္ဆန္းသစ္ႏုိင္မႈစြမ္းအားေပၚမူတည္ျပီးေပးတဲ႕စာသင္ဆုမ်ိဳးပါ။ ဒီဆုရတဲ႕ေက်ာင္းသားဟာ သက္ေသျပစရာလိုတဲ႕အေသးစားစီမံကိန္း - Mini Project တစ္ခုခုကို တင္ျပရတတ္ပါတယ္။ ဒီလုပ္ရပ္ကေန အကဲျဖတ္အဖြဲ႕က သူ႕အၾကံအစည္ နဲ႕ စိတ္ကူးက အနာဂါတ္မွာျဖစ္လာႏုိင္စရာရွိတယ္ဆုိတာကိုအဓိကထည္႕သြင္းစဥ္းစားျပီး အားေပးကူညီတဲ႕စေကာလားရွစ္မ်ိဳးျဖစ္ပါတယ္။
.
.
. အေပၚက စေကာလားရွစ္မ်ိဳးစံုကိုၾကည္႕ျပီး စာသင္ဆုဆိုတာ "ေက်ာင္း" ဆုိတဲ႕ေနရာတစ္ခုတည္းကလာတာမဟုတ္တာကုိ ျမင္သာေလာက္ပါျပီ။ ဒါေၾကာင္႕ အေမရိကန္ေက်ာင္းသားေတြဟာ သူတုိ႕ေက်ာင္းက မိဘဆရာအသင္းကိစၥေတြ၊ လူမႈေရးရံပံုေငြပြဲေတြ၊ ပြဲလမ္းသဘင္ျပင္ဆင္ျခင္း နဲ႕ အစိုးရရံုးေတြရဲ႕လုပ္ငန္းေဆာင္တာေတြမွာ လုပ္အားေပး - Volunteer လုပ္ေပးၾကရင္း အခြင္႕အလမ္းရွာၾကတယ္။
.
. ဘာျဖစ္လုိ႕လဲဆိုေတာ႕ အဲဒီလို လူေတြထဲမွာ သူေ႒းေတြ အေျမာက္အမ်ားပါဝင္ျပီး ေငြေၾကးတတ္ႏုိင္တဲ႕အေလွ်ာက္ သူတို႕ကူညီေနတဲ႕ေက်ာင္းအျပင္ ေက်ာင္းသားေတြရဲ႕ေရွ႕ေရးအတြက္ ကိုယ္ပုိင္စေကာလားရွစ္ေတြေထာက္ပံ႕ျပီး အနာဂါတ္လူငယ္ေတြ အဖိုးႏႈန္းသက္သာရံုမက ေက်ာင္းျမန္ျမန္ျပီးေအာင္ ေျမေတာင္ေျမွာက္တတ္ၾကလုိ႕ပါဘဲ။
.
.
. ျမန္မာႏုိင္ငံမွာလဲ ဒီလိုစာသင္ဆုေတြေပးႏုိင္တဲ႕အဖြဲ႕အစည္းေတြ၊ လူခ်မ္းသာေတြ အမ်ားၾကီးရွိၾကပါတယ္။ တစ္ခ်ိဳ႕ကုမၸဏီသူေ႒းေတြဆုိရင္ သူတုိ႕ပစၥည္းေၾကာ္ျငာရင္း ေက်ာင္းသားတက္ခ်င္တဲ႕ေက်ာင္းလခကုိစိုက္ထုတ္ေပးရင္း Brand Scholarships ေတြ ေပးႏုိင္တယ္။ တစ္ခ်ိဳ႕ထူးခြ်န္တဲ႕အားကစားသမားေတြကုိ Athletic Scholarships ေပးႏုိင္တယ္။ ပညာရပ္တစ္ခုမွာသိပ္ထူးခြ်န္တဲ႕ေက်ာင္းသားေတြကုိ Creative Contest Scholarships ေပးႏုိင္တယ္ဆုိတာကို အစိုးရ နဲ႕ စီးပြားေရးအဖြဲ႕အစည္းေတြ မသိလိုက္ဘူးျဖစ္ေနမွာစိုးလို႕ မ်က္စိအျမင္ဖြင္႕ေရးသားလိုက္ရပါတယ္။
.
Ref: Internet
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 01-12-2018
.
. Unicode Version:
.
.
. "အရောင်အသွေးစုံဖြစ်နေတဲ့စကောလားရှစ်တွေရဲ့အကြောင်း"
. ကျောင်းကောင်းကောင်းတွေကပေးတဲ့ပညာသင်ဆုတွေကိုစုံစမ်းရင်း ပြည်ပထွက်ခွာပညာရှာဖို့ပြင်ဆင်နေကြတဲ့မြန်မာနိုင်ငံက အင်္ဂလိပ်စာကျွမ်းကျင်ကျောင်းသားတွေကိုဦးတည်ပြီး ခေါင်းစဉ်ပါအကြောင်းအရာတွေကိုပြောပြချင်ပါတယ်။ အများအားဖြင့် စာသင်ကြားမှုအထောက်အကူပြုဆု - Scholarship နာမယ်တွေဟာ မြန်မာနိုင်ငံမှာအရင်ကတည်းကအသုံးနည်းခဲ့တာဖြစ်လို့ ဒီနေရာမှာ မရမကဘာသာပြန်မယ့်အစား အင်္ဂလိပ်နာမယ်ကိုသာသုံးသွားဖို့ခွင့်ပြုချက်ကြိုတင်တောင်းခံအပ်ပါတယ်။
.
. ပထမဦးဆုံး စကောလားရှစ်တွေအကြောင်းမပြောခင် Grant ဆိုတဲ့ ပညာသင်ဆုအကြောင်းအရင်သိထားဖို့လိုသလို အမေရိကန်နိုင်ငံမှာကျောင်းလာတက်ဖို့ဆိုရင် Fafsa ဆိုတဲ့ Free Application for Federal Student Aid အကြောင်းသိထားရင် ပိုမိုနှံ့စပ်အောင်လေ့လာနိုင်ဖို့ အသုံးဝင်စေမှာဖြစ်ပါတယ်။
.
.
. အစပိုင်းကပြောခဲ့တဲ့အတိုင်း ဘယ်လိုစာသင်ဆုပေးတဲ့ကျောင်းမဆို စာစီစာကုံး (သို့) ကိုယ်တိုင်ရေးစာတစ်ခုခုကိုတင်ခိုင်းလေ့ရှိတယ်။ ဒါကို အင်္ဂလိပ်လိုရေးရသလို ကျောင်းသားအနေနဲ့ ကျောင်းကလက်ခံတဲ့အဆင့်တစ်ခုအထိရေးပြရတာကြောင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့ပြည်ပစာသင်ဆုရှာဖွေနေတဲ့ကျောင်းသားတွေကိုရည်ညွှန်းတယ်လို့ပြောရခြင်းဖြစ်ပါတယ်။
.
. စစ်တမ်းတစ်ခုအရ အမေရိကားမှာ ဒေါ်လာ (၁ဝဝ) နဲ့အထက် Grant ပညာသင်ဆုပေးတဲ့ အစိုုးရ၊ ဖယ်ဒရယ်ပြည်နယ်၊ ဖောင်ဒေးရှင်း၊ ကုမ္ပဏီ၊ ကော်ပို်ရေးရှင်း၊ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း၊ ပညာရေးအသင်းအဖွဲ့ နဲ့ စီးပွားရေးလုပ်ငန်းများသာမက တသီးပုဂ္ဂလချမ်းသာသူတွေ စတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် - Grant Makers ပေါင်း (၈၈ဝဝဝ) ခန့်ရှိပြီး နှစ်စဉ်ထောက်ပံ့ငွေ ဒေါ်လာ သန်း (၄ဝဝဝဝ) ရှိတယ်ဆိုတာ သိရပါတယ်။
.
.
. စကောလားရှစ်ရဲ့သဘာဝ သတ်မှတ်ချက်အတုုိင်း ကျောင်းသားကို လစဉ်၊ နှစ်စဉ် အပြင် စာသင်ကာလ - Semester အလိုက် ထောက်ပံ့ငွေပေးနေကျဖြစ်ပေမယ့် Grant တစ်ခုရတယ်ဆိုရင်တော့ စာသင်နှစ်တစ်ခုလုံးအတွက်၊ မေဂျာတစ်ခုလုံးအတွက် (၁) ကြိမ်သာ အပြီးပေးတာဖြစ်ပြီး ပြန်ဆပ်စရာမလိုတဲ့ ပညာသင်ကူငွေဖြစ်ပါတယ်။
.
. မားကက်တင်းနဲ့ဆက်နွယ်တဲ့တစ်ချို့စီးပွားရေးအဖွဲ့အစည်းတွေက Grant ကို ချေးငွေပုံစံနဲ့ ပုံမှားရိုက်ကြော်ငြာချင်တာတွေရှိတာကြောင့် အမှတ်မှားနိုင်တာတွေကို ကျောင်းသားတွေသတိထားရမယ်။ ဒါပေမဲ့ Grant ရဲ့ စိမ်ခေါ်မှုတစ်ခုက စကောလားရှစ်လိုပဲ Grant ရဖို့ Grant Writing ရေးတင်ရတာပါ။ Grant Writing ဟာ အမြဲတမ်း စာစီစာကုံးဖြစ်နေဖို့မလိုပဲ တင်ပြလွှာ - Proposal အနေနဲ့လည်းလျှောက်နိုင်တာဖြစ်လို့ ကန့်သတ်ချက်လျော့နည်းပါတယ်။
.
.
. "Fafsa ကိုလျှောက်ဖို့ ကျောင်းသားဟာ အမေရိကန်နိုင်ငံသား ဒါမှမဟုတ် အနည်းဆုံး Green Card ကိုင်ထားတဲ့ PR - Permanent Residence (Noncitizens တစ်မျိုးမျိုး) ဖြစ်ရပါမယ်" နိုင်ငံပြင်ပကနေလာတက်တဲ့ အပြည်ပြည်ဆိုင်ရာကျောင်းသားတစ်ယောက်ဟာ Fafsa ကို လျှောက်ခွင့်မရှိသလို အလည်လာသူဧည့်သည်တွေဟာလည်း Fafsa လျှောက်ခွင့်မရနိုင်ပါဘူး။
.
. Fafsa ကိုရဖို့ စာစီစာကုံးမလိုသေးပါ။ ကျောင်းသားဆီကနေ SAP - Satisfactory Academic Progress ဆိုတာလိုပါတယ်။ အဓိကလိုအပ်ချက်ကတော့ ကျောင်းသားရဲ့စာသင်ခန်းရမှတ်တွေမှာ စီ - C ထက်မနိမ့်တဲ့ စာလိုက်နိုင်မှုစွမ်းရည် ရှိရပါမယ်။ တစ်ဆက်တည်းမှာ ကိုယ်တိုင်အလုပ်လုပ်ရင် ဝင်ငွေစာရွက် - Pay Stub or Paycheck ၊ မှီခိုဆိုရင် မိဘတွေရဲ့ဝင်ငွေခွန်ကိုကြေငြာတဲ့ W2 Form ရယ်၊ နှစ်ကုန်လို့အခွန်ဆောင်ထားပြီးတဲ့ Tax Return Transcript တွေတင်ရတော့ အလုပ်ရှုတ်လှသလို ရုံးစာရွက်တွေတင်ဖို့ နဲ့ အွန်လိုင်းဖောင်ဖြည့်ရတာနဲ့မရင်းနှီးသူတွေအဖို့ ခက်ခဲနိုင်ပါတယ်။
.
.
. ပြည်နယ်ဘက်ကစစ်ဆေးပြီးလို့အတည်ပြုပေးလိုက်တယ်ဆိုရင် ကျောင်းသားဟာ Fafsa ကနေ ကျောင်းစာသင်နှစ်တစ်နှစ်စာအတွက် အများဆုံးဒေါ်လာ (၅၅၅ဝ) ကို ကျောင်းလခတွေကနေ ထုတ်နှုတ်အကုန်အကျခံနိုင်ပါတယ်။ ဒါက တစ်နှစ်စာဖြစ်ပြီး နောက်ပိုင်းနှစ်တွေအတွက် အထက်ကပြောခဲ့သလို နောက်ဆုံးရထားတဲ့စာရွက်စာတမ်းတွေနဲ့အသစ်ထပ်လျှောက်ရမှာဖြစ်ပါတယ်။ ကဲ . . စကောလားရှစ်ဘက်သွားရအောင် . .။
.
. စကောလားရှစ်တွေကို အဖွဲ့အစည်းအမျိုးမျိုးက ပုံစံမတူအောင်ပေးကြပါတယ်။ အောက်မှာအသေးစိတ်ဆက်ဖတ်ကြည့်ပါ။
.
.
Academic Scholarships ။။။။။။။။။။ အကယ်ဒဲမစ်စကောလားရှစ်က စာသင်သားကိုအဓိကပေးတဲ့ဘယ်လိုစာသင်ဆုမျိုးမဆိုအကျုံးဝင်ပါတယ်။ ကျောင်းသားဖြေဆိုတဲ့ GPA - Grade Point Average လို အခြေခံအမှတ်အပြင် ကောလိပ်တက်ဖို့ဖြေထားတဲ့ SAT - Scholastic Assessment Tests နဲ့ ACT - American College Testing Program တို့နဲ့ စာသင်ဆုပေးမပေးဆိုတာကိုဆုံးဖြတ်တာမျိုးပါ။
.
.
Athletic Scholarships ။။။။။။။။။။ အားကစားဆိုင်ရာစကောလားရှစ် ကို အားကစားတစ်ခုခုမှာထူးချွန်ရင်လျှောက်ထားနိုင်တဲ့ကျောင်းတွေရှိပါတယ်။ များသောအားဖြင့် ကျောင်းသားတစ်ယောက်ဟာ စာထက်အားကစားမှာသိပ်ထူးချွန်နေရင် အတန်းတက်ပေးတာမျိုးအပြင် ကျောင်းလခကင်းလွတ်ခွင့်တစ်ခုဖန်တီးပေးထားတဲ့ စာသင်ဆုဖြစ်ပါတယ်။
.
.
Merit Scholarships ။။။။။။။။။။ ထူးချွန်စကောလားရှစ်မှာ အလွှာအမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ကျောင်းတစ်ကျောင်း၊ မေဂျာတစ်ခု၊ လိုင်းတစ်လိုင်း၊ ဘာသာရပ်တစ်ခုမှာ ပေါက်မြောက်အောင်မြင်သူကိုပေးတဲ့စာသင်ဆုမျိုးဖြစ်ပါတယ်။ တစ်ချို့ကျပြန်တော့ ကလပ်အသင်းတွေမှာ၊ လူမှုအသင်းအဖွဲ့ နဲ့ ပရဟိတလူမှုအဖွဲ့အစည်းတွေမှာပါဝင်ခဲ့တဲ့လုပ်ရပ်တွေကြောင့် အထူးပြုလျှောက်ထားနိုင်တဲ့ "ပေးချင်သလိုပေးနိုင်တဲ့ စိတ်ကြိုက်စာသင်ဆု" လို့ နားလည်နိုင်ပါတယ်။
.
.
.
Merit-based ။။။။။။။။။။ ထူးချွန်မှုတစ်ခုခုကိုအခြေခံတဲ့ ဒီစကောလားရှစ်မှာ ကျောင်းသားရဲ့စာတော်မှု၊ အနုပညာ၊ အားကစား နဲ့ တခြားအရည်အချင်းတွေကိုထည့်တွက်နိုင်ပါတယ်။ ဒီဆုရပြီဆိုရင် ကျောင်းသားတက်မယ့်ကျောင်းကို အဖွဲ့အစည်းကနေ ချက်လက်မှတ်ကိုတိုက်ရိုက်ပေးပို့ပါတယ်။
.
.
Need-based ။။။။။။။။။။။ လိုအပ်မှုတစ်ခုခုကိုဦးတည်ပြီးပေးတဲ့စာသင်ဆု ဆိုတော့ အကျိုးမျှော်ပြီးလုပ်တဲ့ကြော်ငြာနဲ့အမှတ်မှားနိုင်ပါတယ်။ ဒီအမျိုးအစားက အများအားဖြင့် ကျောင်းသားအတွက်ရည်ရွယ်တယ်ဆိုရင် Grant အနေနဲ့ပေးကြပါတယ်။
.
.
Student-specific ။။။။။။။။။။ ထူးခြားတဲ့ကျောင်းသားတွေကိုပေးတဲ့စာသင်ဆုလို့သိရပါတယ်။ ဒီပရိုဂရမ်ကိုဝင်ဖို့ လူမျိုး၊ ဘာသာရေး၊ မိသားစုအသိုင်းအဝိုင်း နဲ့ ကျန်းမာရေးကုသမှုနောက်ခံတွေလိုပါတယ်။ အထူးသဖြင့် လူနည်းစုဖြစ်သူကျောင်းသားတွေကိုရွေးချယ်ပြီးပေးတတ်ပြီး နမူနာအနေနဲ့ သူဋ္ဌေးကြီးဘီဂိတ်နဲ့ဇနီးတို့ရဲ့ The Gates Millennium Scholars ဆိုရင် ထူးချွန်တဲ့အာဖရိကန်အမေရိကန်၊ အိန္ဒိယမ်းအမေရိကန်၊ ကျွန်းဆွယ်ဖွားအမေရိကန် နဲ့ လက်တင်အမေရိကန်တွေကိုပေးတဲ့စာသင်ဆုလို့သိရတယ်။
.
.
Career-specific ။။။။။။။။။။ အလုပ်အကိုင်ပေါ်မူတည်ပြီးပေးတဲ့စာသင်ဆုက နောင်အကျိုးမျှော်မှုကင်းရဲ့လားဆိုတာ စဉ်းစားစရာရှိပါတယ်။ ကျောင်းတစ်ခု၊ တက္ကသိုလ်တစ်ခုခုက သူတို့ရဲ့ဘာသာရပ်တစ်ခုခုမှာအင်မတန်ထူးချွန်ပြီး နောင် ကျောင်းကိုရော၊ လုပ်ငန်းနယ်ပယ်ကကုမ္ပဏီတွေကြားမှာရော အလုပ်အကိုင်ရမှုကိုပါ အာမခံပြီးပေးတဲ့ဆုမျိုးဖြစ်ပါတယ်။ ကျောင်းက ဒီဆုရထားသူကိုလက်မလွှတ်နိုင်သလို သတ်မှတ်ထားတဲ့ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုခုမှာမလုပ်တော့ရင် ဒီဆုကိုရပ်ဆိုင်းနိုင်ခွင့်ရှိိတဲ့ ခံဝန် - Bond ထိုးထားရတဲ့စာချုပ်တွေ နောက်ကွယ်မှာရှိနိုင်ပါတယ်။
.
.
Brand Scholarships ။။။။။။။။။။ တံဆိပ်နဲ့ကုန်ပစ္စည်းကိုပရိုမိုးရှင်းလုပ်ရင်းပေးတဲ့စာသင်ဆုမျိုးပါ။ ဥပမာအနေနဲ့ Miss America Scholarships ဆိုရင် ပါဝင်တဲ့အလှမယ်ဟာ ကျင်းပတဲ့ကုမ္ပဏီကပေးတဲ့စာသင်ဆုနဲ့ အမေရိကားမှာကျောင်းပြီးအောင်တက်နိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဒီအလှမယ်တက်တဲ့အတွက် Miss America ရဲ့ ပုံရိပ်ကပိုလင်းလှက်လာသလို ကျောင်းရဲ့ကျော်ကြားမှုကလည်းပိုမိုသင်းပျံ့လာနိုင်တဲ့ ကြော်ငြာစကောလားရှစ်လို့ နားလည်ရပါတယ်။
.
.
Creative Contest Scholarships ။။။။။။။။။။ တီထင်ဆန်းသစ်နိုင်မှုစွမ်းအားပေါ်မူတည်ပြီးပေးတဲ့စာသင်ဆုမျိုးပါ။ ဒီဆုရတဲ့ကျောင်းသားဟာ သက်သေပြစရာလိုတဲ့အသေးစားစီမံကိန်း - Mini Project တစ်ခုခုကို တင်ပြရတတ်ပါတယ်။ ဒီလုပ်ရပ်ကနေ အကဲဖြတ်အဖွဲ့က သူ့အကြံအစည် နဲ့ စိတ်ကူးက အနာဂါတ်မှာဖြစ်လာနိုင်စရာရှိတယ်ဆိုတာကိုအဓိကထည့်သွင်းစဉ်းစားပြီး အားပေးကူညီတဲ့စကောလားရှစ်မျိုးဖြစ်ပါတယ်။
.
.
. အပေါ်က စကောလားရှစ်မျိုးစုံကိုကြည့်ပြီး စာသင်ဆုဆိုတာ "ကျောင်း" ဆိုတဲ့နေရာတစ်ခုတည်းကလာတာမဟုတ်တာကို မြင်သာလောက်ပါပြီ။ ဒါကြောင့် အမေရိကန်ကျောင်းသားတွေဟာ သူတို့ကျောင်းက မိဘဆရာအသင်းကိစ္စတွေ၊ လူမှုရေးရံပုံငွေပွဲတွေ၊ ပွဲလမ်းသဘင်ပြင်ဆင်ခြင်း နဲ့ အစိုးရရုံးတွေရဲ့လုပ်ငန်းဆောင်တာတွေမှာ လုပ်အားပေး - Volunteer လုပ်ပေးကြရင်း အခွင့်အလမ်းရှာကြတယ်။
.
. ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို လူတွေထဲမှာ သူဋ္ဌေးတွေ အမြောက်အများပါဝင်ပြီး ငွေကြေးတတ်နိုင်တဲ့အလျှောက် သူတို့ကူညီနေတဲ့ကျောင်းအပြင် ကျောင်းသားတွေရဲ့ရှေ့ရေးအတွက် ကိုယ်ပိုင်စကောလားရှစ်တွေထောက်ပံ့ပြီး အနာဂါတ်လူငယ်တွေ အဖိုးနှုန်းသက်သာရုံမက ကျောင်းမြန်မြန်ပြီးအောင် မြေတောင်မြှောက်တတ်ကြလို့ပါဘဲ။
.
.
. မြန်မာနိုင်ငံမှာလဲ ဒီလိုစာသင်ဆုတွေပေးနိုင်တဲ့အဖွဲ့အစည်းတွေ၊ လူချမ်းသာတွေ အများကြီးရှိကြပါတယ်။ တစ်ချို့ကုမ္ပဏီသူဋ္ဌေးတွေဆိုရင် သူတို့ပစ္စည်းကြော်ငြာရင်း ကျောင်းသားတက်ချင်တဲ့ကျောင်းလခကိုစိုက်ထုတ်ပေးရင်း Brand Scholarships တွေ ပေးနိုင်တယ်။ တစ်ချို့ထူးချွန်တဲ့အားကစားသမားတွေကို Athletic Scholarships ပေးနိုင်တယ်။ ပညာရပ်တစ်ခုမှာသိပ်ထူးချွန်တဲ့ကျောင်းသားတွေကို Creative Contest Scholarships ပေးနိုင်တယ်ဆိုတာကို အစိုးရ နဲ့ စီးပွားရေးအဖွဲ့အစည်းတွေ မသိလိုက်ဘူးဖြစ်နေမှာစိုးလို့ မျက်စိအမြင်ဖွင့်ရေးသားလိုက်ရပါတယ်။
.
Ref: Internet
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 01-12-2018

No comments: