ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, April 19, 2016

အျမဲဝဖို႕ေခ်ာင္းေနတဲ႕ခႏၶာကိုယ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ထိုင္ဝမ္ႏုိင္ငံကေန အေမရိကားေရာက္လာတဲ႕ ဆရာဝန္တစ္ဦးက ေျပာျပဖူးတယ္။ ေျပာျပတယ္ဆုိတာထက္ ျပီးခဲ႕တဲ႕ႏွစ္က ကြ်န္ေတာ္ သည္းေျခအိတ္ခြဲစိတ္မႈလုပ္ျပီးခါစ မ်က္ႏွာေခ်ာင္က်လာတာကုိ သူက “ ခင္မ်ား ေတာ္ေတာ္ပိန္သြားတယ္ ” လို႕ မွတ္ခ်က္ေပးႏႈတ္ဆက္ရာကေန စကားစမိတာျဖစ္ပါတယ္။ ခြဲစိတ္မႈျပီးလို႕ အိမ္မွာနားေနတဲ႕ကာလမွာ အမ်ိဳးသမီးက လူနာကြ်န္ေတာ႕ကို ေတာ္ေတာ္ဂရုစိုက္ပါတယ္။
.
အစားအေသာက္စားရင္ အဖတ္ေတြ အခဲေတြအစား အရည္ေသာက္ခိုင္းတယ္ .. ၾကက္စြတ္ျပဳတ္ အျမဲပါတယ္။ အသားေတြကို ေသးေသးေလးျဖစ္ေအာင္ ႏႊင္ေကြ်းတယ္။ ပန္းေဂၚဖီစိမ္း - Broccoli ဆို ကတ္ေၾကးနဲ႕ ညွပ္ေကြ်းတယ္။ အမ်ားၾကီးမစားခိုင္းဘူး .. တစ္နာရီျခားတစ္ခါ ေကြ်းတယ္။ ေနာက္ပိုင္းမွာ ႏွစ္နာရီတစ္ခါ စားခုိင္းပါတယ္။
.
.
ဒီလိုနဲ႕ ေမ႕ေဆးကေန နလံထူလာတဲ႕ အဆီခပ္ျပည္႕ျပည္႕ခႏၶာကိုယ္ဟာ ကိုယ္ရည္စစ္လာတယ္။ ေျပာရရင္ေတာ႕ ထပ္တိုးစရာအဆီအစိမ္႕ေတြ ထပ္မျဖည္႕ဆည္းေပးေတာ႕တဲ႕အတြက္ ေဖာင္းေနတာေတြ ပိန္လာတဲ႕သေဘာပါ။ ဒါနဲ႕ တစ္ပတ္ေက်ာ္လာေရာ အလုပ္ျပန္တက္ေတာ႕ ဒီစံနစ္အတုိင္းပဲ စားတယ္ .. ေသာက္တယ္။ ခ်က္ခ်င္းၾကီး လူေကာင္ေသးသြားတဲ႕ ကြ်န္ေတာ႕မ်က္ႏွာပိန္ကိုသတိထားမိသူမ်ားက ေနမေကာင္းဘူးလားလို႕ ေမးၾကတယ္။
.
အဲဒီ ဆရာဝန္ကုိ အက်ိဳးအေၾကာင္းရွင္းျပျပီး “ ကြ်န္ေတာ္က မ်က္ႏွာေခ်ာင္ခ်င္တာမဟုတ္ဘူး။ ဗိုက္က်ခ်င္တာဗ် ” လို႕ ေျပာေတာ႕ သူက “ ဗိုက္က ဝရင္ အရင္ပူတယ္။ ပိန္သြားရင္ ေနာက္ဆံုးမွ က်တယ္ ” လို႕ ျပန္ေျပာတာကို ကြ်န္ေတာ္အေသအခ်ာမွတ္ထားမိတယ္။ဆက္စပ္ျပီးစဥ္းစားတဲ႕အခါ သူေျပာတာနဲ႕ ကြ်န္ေတာ႕လက္ရွိအေျခအေနတို႕က ေသြးထြက္တာထက္မွန္ေနတာကို ေတြ႕ရတယ္။ သူကလည္း သာမန္လူမွမဟုတ္တာ .. ဆရာဝန္ပဲေလ။
.
ဆရာဝန္ေပမယ္႕ အသက္ၾကီးမွ မိသားစုနဲ႕ အေမရိကားေရာက္လာ၊ သမီးႏွစ္ေယာက္က တကၠသိုလ္တက္၊ ဆရာဝန္လည္း ဆက္မလုပ္ခ်င္၊ ပိုက္ဆံကလည္း မရွာလို႕မျဖစ္၊ ျမန္မာႏုိင္ငံကိုလည္း ျပန္လို႕မရ၊ ဒီမွာလည္း မေနခ်င္ အားလံုးနဲ႕ေထာ္ေလာ္ကန္႕လန္႕မလုပ္ခ်င္လို႕ ဘယ္သူနဲ႕မွ အလာပသလာပ စကားမေျပာ .. ဒါေပမယ္႕ တစ္ခုခုမေျပာလိုက္နဲ႕ အကုန္လံုးကို သူသိတယ္ဆိုတဲ႕ လူေတာ္ၾကီးပါ။ ကဲပါ .. သူ႕အေၾကာင္းအသာထား .. အခုက သူေျပာခဲ႕တဲ႕စကားတစ္ခြန္းေနာက္က ေလွၾကီးနဲ႕အျပည္႕ထည္႕ထားတဲ႕အေတြးေတြအေၾကာင္း ဆက္ရေအာင္..။

.
.
အသက္ၾကီးလာေတာ႕ ခႏၶာကိုယ္ကသစၥာရွိတယ္လို႕ ဆုိရမလားပဲ..။ ငယ္ငယ္တုန္းက ဒီလိုမဟုတ္ဘူး .. ဘယ္ေလာက္စားစား မဝဘူး။ ေၾကးအိုး ( ၂ ) ပြဲေလာက္စားျပီးလို႕ ေထာပတ္ေဖ်ာ္ရည္ေသာက္ျပီးတာေတာင္ ေတာင္ၾကီးမင္းလမ္းက လမ္းေလွ်ာက္ဆင္းလာလုိ႕ လမ္းထိပ္က “ ပတ္ကား ” ဆိုင္မွာ ေရစိမ္တစ္ပြဲဝင္ဆြဲလိုက္ေသးတာေတာင္ ဗိုက္က ဘယ္လိုမွမေနသလို လူကလည္း ပိန္မွပိန္ဗ်ား။
.
အခု ဒီဘက္ႏုိင္ငံေရာက္လာေတာ႕ သတိမထားပဲ တစ္ခုခုကို အေတာမသတ္စားမိရင္ ဝိတ္က ( ၂ ) ေပါင္ေလာက္ ခ်က္ခ်င္းတက္လာတယ္ေလ။ တုိင္းတာပံုတုိင္းတာနည္းက ဝတ္ေနက်ေဘာင္းဘီၾကပ္လာမယ္၊ ေန႕ခင္းေၾကာင္ေတာင္ ငိုက္မ်ဥ္းတတ္လာမယ္၊ ထုိင္ျပီးရင္းထုိင္ခ်င္ ထျပီးတစ္ခုခုလုပ္ရတာဆို သိပ္စိတ္တုိတာေတြျဖစ္လာရင္ ဒါ .. ဝခ်င္ေနျပီ ဆုိတာ သိသာတယ္။
.
.
ေနာက္တစ္မ်ိဳးက အစားအေသာက္တစ္ခုစားေနရင္း ေလခ်ဥ္တက္လာတာတို႕၊ မ်ိဳခ်ရခက္လာတာတို႕က “ ေတာ္သင္႕ျပီ ” လို႕ အစာေခ်ဖ်က္မႈစံနစ္ကသတိေပးေနတာကို လူေတြက သတိမထားပဲ ဆက္စားေနတာပါပဲ။ စားရင္ေတာ႕ ဗိုက္ဆုိတာမ်ိဳးက ေပါက္ထြက္သြားတာမ်ိဳးမွမဟုတ္တာ .. အေရွ႕ကိုဆူ၊ ေအာက္ကိုတြဲ၊ ေဘးကိုကား၊ ေနာက္ကုိပစ္လို႕ သူထြက္စုလို႕ရတဲ႕ေနရာမွာ မေက်ပ်က္တဲ႕အဆီစုိင္ကို စုလိုက္မွာပဲေပါ႕။
.
ဒီသေဘာတရားကို မသိတဲ႕သူ၊ သိေပမယ္႕ သတိမရွိတဲ႕သူ၊ စားခ်င္ရာစားမယ္ ေနာက္မွ ေလ႕က်င္႕ခန္းျပန္လုပ္မယ္ဆိုသူေတြအျပင္ “ ငါတုိ႕က မေရွာင္ႏုိင္ဘူး။ ငါတုိ႕ေဘာ္ဒီက မရေတာ႕ဘူး ” လို႕ ဆုိသူေတြဟာ လူအမ်ားဆံုတဲ႕စားပြဲေတြမွာ အဆီအစိမ္႕၊ အခ်ိဳအခဲေတြကို ပထမဦးစားေပး စားသံုးတာေတြကို ေတြ႕ဖူးပါတယ္။ ဒီလုိ စားသံုးေနသ၍ ဘယ္ခႏၶာကိုယ္မွ မဝပဲ မခံႏုိင္ပါဘူး။
.
.
အလုပ္မွာဆို မနက္ေစာေရဗူးအေကာင္းစားထဲကို သံပုရာသီးထည္႕ေသာက္ရတဲ႕သူနဲ႕၊ မနက္စာကို ေထာပတ္သီးတစ္လံုးတည္းစားရတဲ႕သူနဲ႕၊ ဒိန္ခ်ဥ္ဗူးေသးေသးေလးကို ဇြန္းနဲ႕ျခစ္စားရတဲ႕သူနဲ႕ ၾကည္႕လိုက္ေတာ႕ ဒီလိုျပဳမူေနထုိင္တဲ႕သူေတြရဲ႕ခႏၶာကိုယ္ဟာ အဝလြန္ - Obesity ခံစားေနရသူေတြျဖစ္ေနတာကို သတိထားမိတယ္။
.
ဒီလိုေနထုိင္လို႕ သူတို႕ေဘာ္ဒီဝိတ္က်လာသလားဆိုေတာ႕ မထူးပါဘူး .. ဆင္ပိန္က ဆင္ပိန္ပါပဲ။ ခႏၶာကုိယ္က အခ်ဥ္ဓါတ္လိုေနတာမွန္ေပမယ္႕ ပိုေနတဲ႕အဆီကိုအျပင္ထုတ္ပစ္ဖို႕က်ေတာ႕ ခြဲစိတ္ထုတ္လိုက္မလား? ေလ႕က်င္႕ခန္းလုပ္ျပီးေခြ်းနဲ႕ထုတ္ပစ္လုိက္မလား? ဒီထဲက တစ္ခုခုကိုလုပ္မွ ျဖစ္လိမ္႕မယ္ မဟုတ္ဘူးလား။ ဒါေပမယ္႕ ဆက္အဝမလြန္ေအာင္ေတာ႕ ေရမ်ားမ်ားေသာက္ျပီး အဆီအစိမ္႕အဓိကေရွာင္ရံုမက “ အခ်ိဳ ” လံုးဝမစားမွ ရပါလိမ္႕မယ္လို႕ ထင္မိပါတယ္။
.
.
ဒီလုိ သတိထားရင္းနဲ႕ အဆီ နဲ႕ အခ်ိဳကို ရက္ ( ၂ဝ ) ေလာက္ ျဖတ္လိုက္ရင္ တက္လက္စ ကိုယ္အေလးခ်ိန္ကို ထိန္းထားႏုိင္တာ ကြ်န္ေတာ္ မၾကာခဏစမ္းဖူးပါတယ္။ ေအာင္ျမင္တဲ႕အခါရွိသလုိ စိတ္အလိုလိုက္ျပီး ေခ်ာ႕ကလက္ေလးစားလိုက္၊ ဆီေၾကာ္၊ အာလူးေၾကာ္ေတြစားလိုက္နဲ႕ဆို မထူးျပန္ပါဘူး။ ကိုယ္႕ဟာကိုယ္ႏွစ္သိမ္႕ရင္း တစ္ခါတစ္ေလဆိုျပီး ပီဇာ၊ ဟမ္ဘာဂါ၊ ဆန္းဝွစ္၊ ၾကက္ေၾကာ္ နဲ႕ ေရခဲမုန္႕တို႕မ်ားစားလုိက္တဲ႕ သီတင္းပတ္ဆုိ ဝိတ္က ခ်က္ခ်င္းတက္ျပန္ပါျပီ။
.
ဗုိက္က အခ်က္ေပးတဲ႕အခါ ဦးေႏွာက္က ထပ္ဆင္႕သတိေပးမွ ရမယ္။ စိတ္အလိုလိုက္ျပီး လွ်ာက ဆက္တိုက္စားတဲ႕အခါ ဗိုက္ကားၾကီးနဲ႕ ကိုယ္႕ဟာကိုယ္ သနားဖို႕ျပင္ထားရံုမွအပ ဘာတတ္ႏုိင္ပါဦးမလဲ? ေနာက္က်မွ သူမ်ားဝိတ္ခ်တာေတြအားက်၊ တစ္ႏွစ္စာဝင္ေၾကးေပးျပီး Gym ကုိ ( ၂ ) ပတ္ေလာက္ပဲသြားျပီး စိတ္ေလွ်ာ႕ .. ျပန္စား .. ျပန္ဝ .. စိတ္ဓါတ္ေနာက္တစ္ေခါက္က်၊ သတိရလို႕ ျပန္လုပ္ခ်င္ေပမယ္႕ ေဘာင္းဘီဆိုဒ္က ၾကီးၾကီးလာေနပါျပီ။
.
.
သုေတသနစာမ်က္ႏွာေတြနဲ႕ က်န္းမာေရးဘေလာ႕ဂ္ေတြမွာဖတ္ၾကည္႕ေတာ႕ လူကိုဝေစတဲ႕အေၾကာင္းရင္းထဲမွာ သၾကားကို ေလွ်ာ႕တြက္လို႕မရတာကို သိလာရတယ္။ တစ္ခ်ိဳ႕က်ေတာ႕ မ်ိဳးရိုးလိုက္ျပီး ဆက္တိုက္ဝလာေနသူရွိသလို မလြန္ဆန္ႏုိင္တဲ႕အေၾကာင္းေတြနဲ႕ မိမိကိုယ္တုိင္ေပးတဲ႕ဆင္ျခင္ေတြေၾကာင္႕ ဝခြင္႕ေပးထားတဲ႕ခႏၶာကိုယ္ေတြကို ပုိင္ဆိုင္ေနၾကတာပါ။
.
ထဲထဲဝင္ဝင္ေျပာရရင္ ကိုယ္အေလးခ်ိန္ - Body Mass ( Kg ) ကုိတည္ ေအာက္က ကိုယ္႕အရပ္ႏွစ္ထပ္ကိန္း - Square of Body Height ( m2 ) နဲ႕စားတဲ႕ရလဒ္ BMI – Body Mass Index နဲ႕ တိုင္းပါတယ္။ ဒါေၾကာင္႕ BMI ( 25 kg/m2 ) နဲ႕ ( 30 kg/m2 ) ၾကားရွိသူေတြကို အဝလြန္တယ္လို႕ ေျပာထားပါတယ္။
.
မၾကာေသးခင္က အေမရိကားကိုလာလည္သူမိတ္ေဆြရဲ႕သားက “ ဦးညီ .. ဒီႏိုင္ငံကလူေတြက အေကာင္အၾကီးၾကီးေတြပဲေနာ္ ” လို႕ ေျပာတယ္။ ကြ်န္ေတာ္လည္း ထုိက္သင္႕သလိုရွင္းျပရင္း စာဆက္ဖတ္ၾကည္႕လိုက္တာ အေမရိကားမွာ လူ ( ၃ ) သန္းေက်ာ္ေက်ာ္ ႏွစ္စဥ္ အဝလြန္ေနတယ္ဆိုပဲ။ ေတာ္ျပီ ေတာ္ျပီ .. အဆီအစိမ္႕ မစားေတာ႕ဘူး။ အခ်ိဳ ေခ်ာကလက္မစားေတာ႕ဘူး။ ေနာက္တစ္ေခါက္သတိမလြတ္ခင္အထိေပါ႕။
.
.
ခင္လ်က္
.
04-19-2016
.
Picture: Google
.
.
.
Myanmar Unicode Version:
.
.
“ အမြဲဝဖို့ချောင်းနေတဲ့ခန္ဓာကိုယ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ထိုင်ဝမ်နိုင်ငံကနေ အမေရိကားရောက်လာတဲ့ ဆရာဝန်တစ်ဦးက ပြောပြဖူးတယ်။ ပြောပြတယ်ဆိုတာထက် ပြီးခဲ့တဲ့နှစ်က ကျွန်တော် သည်းခြေအိတ်ခွဲစိတ်မှုလုပ်ပြီးခါစ မျက်နှာချောင်ကျလာတာကို သူက “ ခင်များ တော်တော်ပိန်သွားတယ် ” လို့ မှတ်ချက်ပေးနှုတ်ဆက်ရာကနေ စကားစမိတာဖြစ်ပါတယ်။ ခွဲစိတ်မှုပြီးလို့ အိမ်မှာနားနေတဲ့ကာလမှာ အမျိုးသမီးက လူနာကျွန်တော့ကို တော်တော်ဂရုစိုက်ပါတယ်။
.
အစားအသောက်စားရင် အဖတ်တွေ အခဲတွေအစား အရည်သောက်ခိုင်းတယ် .. ကြက်စွတ်ပြုတ် အမြဲပါတယ်။ အသားတွေကို သေးသေးလေးဖြစ်အောင် နွှင်ကျွေးတယ်။ ပန်းဂေါ်ဖီစိမ်း - Broccoli ဆို ကတ်ကြေးနဲ့ ညှပ်ကျွေးတယ်။ အများကြီးမစားခိုင်းဘူး .. တစ်ခါရီခြားတစ်ခါ ကျွေးတယ်။ နောက်ပိုင်းမှာ နှစ်နာရီတစ်ခါ စားခိုင်းပါတယ်။
.
.
ဒီလိုနဲ့ မေ့ဆေးကနေ နလံထူလာတဲ့ အဆီခပ်ပြည့်ပြည့်ခန္ဓာကိုယ်ဟာ ကိုယ်ရည်စစ်လာတယ်။ ပြောရရင်တော့ ထပ်တိုးစရာအဆီအစိမ့်တွေ ထပ်မဖြည့်ဆည်းပေးတော့တဲ့အတွက် ဖောင်းနေတာတွေ ပိန်လာတဲ့သဘောပါ။ ဒါနဲ့ တစ်ပတ်ကျော်လာရော အလုပ်ပြန်တက်တော့ ဒီစံနစ်အတိုင်းပဲ စားတယ် .. သောက်တယ်။ ချက်ချင်းကြီး လူကောင်သေးသွားတဲ့ ကျွန်တော့မျက်နှာပိန်ကိုသတိထားမိသူများက နေမကောင်းဘူးလားလို့ မေးကြတယ်။
.
အဲဒီ ဆရာဝန်ကို အကျိုးအကြောင်းရှင်းပြပြီး “ ကျွန်တော်က မျက်နှာချောင်ချင်တာမဟုတ်ဘူး။ ဗိုက်ကျချင်တာဗျ ” လို့ ပြောတော့ သူက “ ဗိုက်က ဝရင် အရင်ပူတယ်။ ပိန်သွားရင် နောက်ဆုံးမှ ကျတယ် ” လို့ ပြန်ပြောတာကို ကျွန်တော်အသေအချာမှတ်ထားမိတယ်။ဆက်စပ်ပြီးစဉ်းစားတဲ့အခါ သူပြောတာနဲ့ ကျွန်တော့လက်ရှိအခြေအနေတို့က သွေးထွက်တာထက်မှန်နေတာကို တွေ့ရတယ်။ သူကလည်း သာမန်လူမှမဟုတ်တာ .. ဆရာဝန်ပဲလေ။
.
ဆရာဝန်ပေမယ့် အသက်ကြီးမှ မိသားစုနဲ့ အမေရိကားရောက်လာ၊ သမီးနှစ်ယောက်က တက္ကသိုလ်တက်၊ ဆရာဝန်လည်း ဆက်မလုပ်ချင်၊ ပိုက်ဆံကလည်း မရှာလို့မဖြစ်၊ မြန်မာနိုင်ငံကိုလည်း ပြန်လို့မရ၊ ဒီမှာလည်း မနေချင် အားလုံးနဲ့ထော်လော်ကန့်လန့်မလုပ်ချင်လို့ ဘယ်သူနဲ့မှ အလာပသလာပ စကားမပြော .. ဒါပေမယ့် တစ်ခုခုမပြောလိုက်နဲ့ အကုန်လုံးကို သူသိတယ်ဆိုတဲ့ လူတော်ကြီးပါ။ ကဲပါ .. သူ့အကြောင်းအသာထား .. အခုက သူပြောခဲ့တဲ့စကားတစ်ခွန်းနောက်က လှေကြီးနဲ့အပြည့်ထည့်ထားတဲ့အတွေးတွေအကြောင်း ဆက်ရအောင်..။
.
.
အသက်ကြီးလာတော့ ခန္ဓာကိုယ်ကသစ္စာရှိတယ်လို့ ဆိုရမလားပဲ..။ ငယ်ငယ်တုန်းက ဒီလိုမဟုတ်ဘူး .. ဘယ်လောက်စားစား မဝဘူး။ ကြေးအိုး ( ၂ ) ပွဲလောက်စားပြီးလို့ ထောပတ်ဖျော်ရည်သောက်ပြီးတာတောင် တောင်ကြီးမင်းလမ်းက လမ်းလျှောက်ဆင်းလာလို့ လမ်းထိပ်က “ ပတ်ကား ” ဆိုင်မှာ ရေစိမ်တစ်ပွဲဝင်ဆွဲလိုက်သေးတာတောင် ဗိုက်က ဘယ်လိုမှမနေသလို လူကလည်း ပိန်မှပိန်ဗျား။
.
အခု ဒီဘက်နိုင်ငံရောက်လာတော့ သတိမထားပဲ တစ်ခုခုကို အတောမသတ်စားမိရင် ဝိတ်က ( ၂ ) ပေါင်လောက် ချက်ချင်းတက်လာတယ်လေ။ တိုင်းတာပုံတိုင်းတာနည်းက ဝတ်နေကျဘောင်းဘီကြပ်လာမယ်၊ နေ့ခင်းကြောင်တောင် ငိုက်မျဉ်းတတ်လာမယ်၊ ထိုင်ပြီးရင်းထိုင်ချင် ထပြီးတစ်ခုခုလုပ်ရတာဆို သိပ်စိတ်တိုတာတွေဖြစ်လာရင် ဒါ .. ဝချင်နေပြီ ဆိုတာ သိသာတယ်။
.
.
နောက်တစ်မျိုးက အစားအသောက်တစ်ခုစားနေရင်း လေချဉ်တက်လာတာတို့၊ မျိုချရခက်လာတာတို့က “ တော်သင့်ပြီ ” လို့ အစာချေဖျက်မှုစံနစ်ကသတိပေးနေတာကို လူတွေက သတိမထားပဲ ဆက်စားနေတာပါပဲ။ စားရင်တော့ ဗိုက်ဆိုတာမျိုးက ပေါက်ထွက်သွားတာမျိုးမှမဟုတ်တာ .. အရှေ့ကိုဆူ၊ အောက်ကိုတွဲ၊ ဘေးကိုကား၊ နောက်ကိုပစ်လို့ သူထွက်စုလို့ရတဲ့နေရာမှာ မကျေပျက်တဲ့အဆီစိုင်ကို စုလိုက်မှာပဲပေါ့။
.
ဒီသဘောတရားကို မသိတဲ့သူ၊ သိပေမယ့် သတိမရှိတဲ့သူ၊ စားချင်ရာစားမယ် နောက်မှ လေ့ကျင့်ခန်းပြန်လုပ်မယ်ဆိုသူတွေအပြင် “ ငါတို့က မရှောင်နိုင်ဘူး။ ငါတို့ဘော်ဒီက မရတော့ဘူး ” လို့ ဆိုသူတွေဟာ လူအများဆုံတဲ့စားပွဲတွေမှာ အဆီအစိမ့်၊ အချိုအခဲတွေကို ပထမဦးစားပေး စားသုံးတာတွေကို တွေ့ဖူးပါတယ်။ ဒီလို စားသုံးနေသ၍ ဘယ်ခန္ဓာကိုယ်မှ မဝပဲ မခံနိုင်ပါဘူး။
.
.
အလုပ်မှာဆို မနက်စောရေဗူးအကောင်းစားထဲကို သံပုရာသီးထည့်သောက်ရတဲ့သူနဲ့၊ မနက်စာကို ထောပတ်သီးတစ်လုံးတည်းစားရတဲ့သူနဲ့၊ ဒိန်ချဉ်ဗူးသေးသေးလေးကို ဇွန်းနဲ့ခြစ်စားရတဲ့သူနဲ့ ကြည့်လိုက်တော့ ဒီလိုပြုမူနေထိုင်တဲ့သူတွေရဲ့ခန္ဓာကိုယ်ဟာ အဝလွန် - Obesity ခံစားနေရသူတွေဖြစ်နေတာကို သတိထားမိတယ်။
.
ဒီလိုနေထိုင်လို့ သူတို့ဘော်ဒီဝိတ်ကျလာသလားဆိုတော့ မထူးပါဘူး .. ဆင်ပိန်က ဆင်ပိန်ပါပဲ။ ခန္ဓာကိုယ်က အချဉ်ဓါတ်လိုနေတာမှန်ပေမယ့် ပိုနေတဲ့အဆီကိုအပြင်ထုတ်ပစ်ဖို့ကျတော့ ခွဲစိတ်ထုတ်လိုက်မလား? လေ့ကျင့်ခန်းလုပ်ပြီးချွေးနဲ့ထုတ်ပစ်လိုက်မလား? ဒီထဲက တစ်ခုခုကိုလုပ်မှ ဖြစ်လိမ့်မယ် မဟုတ်ဘူးလား။ ဒါပေမယ့် ဆက်အဝမလွန်အောင်တော့ ရေများများသောက်ပြီး အဆီအစိမ့်အဓိကရှောင်ရုံမက “ အချို ” လုံးဝမစားမှ ရပါလိမ့်မယ်လို့ ထင်မိပါတယ်။
.
.
ဒီလို သတိထားရင်းနဲ့ အဆီ နဲ့ အချိုကို ရက် ( ၂ဝ ) လောက် ဖြတ်လိုက်ရင် တက်လက်စ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာ ကျွန်တော် မကြာခဏစမ်းဖူးပါတယ်။ အောင်မြင်တဲ့အခါရှိသလို စိတ်အလိုလိုက်ပြီး ချော့ကလက်လေးစားလိုက်၊ ဆီကြော်၊ အာလူးကြော်တွေစားလိုက်နဲ့ဆို မထူးပြန်ပါဘူး။ ကိုယ့်ဟာကိုယ်နှစ်သိမ့်ရင်း တစ်ခါတစ်လေဆိုပြီး ပီဇာ၊ ဟမ်ဘာဂါ၊ ဆန်းဝှစ်၊ ကြက်ကြော် နဲ့ ရေခဲမုန့်တို့များစားလိုက်တဲ့ သီတင်းပတ်ဆို ဝိတ်က ချက်ချင်းတက်ပြန်ပါပြီ။
.
ဗိုက်က အချက်ပေးတဲ့အခါ ဦးနှောက်က ထပ်ဆင့်သတိပေးမှ ရမယ်။ စိတ်အလိုလိုက်ပြီး လျှာက ဆက်တိုက်စားတဲ့အခါ ဗိုက်ကားကြီးနဲ့ ကိုယ့်ဟာကိုယ် သနားဖို့ပြင်ထားရုံမှအပ ဘာတတ်နိုင်ပါဦးမလဲ? နောက်ကျမှ သူများဝိတ်ချတာတွေအားကျ၊ တစ်နှစ်စာဝင်ကြေးပေးပြီး Gym ကို ( ၂ ) ပတ်လောက်ပဲသွားပြီး စိတ်လျှော့ .. ပြန်စား .. ပြန်ဝ .. စိတ်ဓါတ်နောက်တစ်ခေါက်ကျ၊ သတိရလို့ ပြန်လုပ်ချင်ပေမယ့် ဘောင်းဘီဆိုဒ်က ကြီးကြီးလာနေပါပြီ။
.
.
သုတေသနစာမျက်နှာတွေနဲ့ ကျန်းမာရေးဘလော့ဂ်တွေမှာဖတ်ကြည့်တော့ လူကိုဝစေတဲ့အကြောင်းရင်းထဲမှာ သကြားကို လျှော့တွက်လို့မရတာကို သိလာရတယ်။ တစ်ချို့ကျတော့ မျိုးရိုးလိုက်ပြီး ဆက်တိုက်ဝလာနေသူရှိသလို မလွန်ဆန်နိုင်တဲ့အကြောင်းတွေနဲ့ မိမိကိုယ်တိုင်ပေးတဲ့ဆင်ခြင်တွေကြောင့် ဝခွင့်ပေးထားတဲ့ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်နေကြတာပါ။
.
ထဲထဲဝင်ဝင်ပြောရရင် ကိုယ်အလေးချိန် - Body Mass ( Kg ) ကိုတည် အောက်က ကိုယ့်အရပ်နှစ်ထပ်ကိန်း - Square of Body Height ( m2 ) နဲ့စားတဲ့ရလဒ် BMI – Body Mass Index နဲ့ တိုင်းပါတယ်။ ဒါကြောင့် BMI ( 25 kg/m2 ) နဲ့ ( 30 kg/m2 ) ကြားရှိသူတွေကို အဝလွန်တယ်လို့ ပြောထားပါတယ်။
.
မကြာသေးခင်က အမေရိကားကိုလာလည်သူမိတ်ဆွေရဲ့သားက “ ဦးညီ .. ဒီနိုင်ငံကလူတွေက အကောင်အကြီးကြီးတွေပဲနော် ” လို့ ပြောတယ်။ ကျွန်တော်လည်း ထိုက်သင့်သလိုရှင်းပြရင်း စာဆက်ဖတ်ကြည့်လိုက်တာ အမေရိကားမှာ လူ ( ၃ ) သန်းကျော်ကျော် နှစ်စဉ် အဝလွန်နေတယ်ဆိုပဲ။ တော်ပြီ တော်ပြီ .. အဆီအစိမ့် မစားတော့ဘူး။ အချို ချောကလက်မစားတော့ဘူး။ နောက်တစ်ခေါက်သတိမလွတ်ခင်အထိပေါ့။
.
.
ခင်လျက်
.
04-19-2016
.
Picture: Google
Source: www.mayoclinic.org


No comments: