ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 6, 2020

အွန်လိုင်းကျောင်းသားတွေအတွက် ICE ရဲ့ ထုတ်ပြန်ချက်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ICE-US Immigration and Customs Enforcement-ရေခဲ လို့ လူသိများတဲ့ (လူပိုတွေကိုပြန်ပို့နေကျ) ဝန်ကြီးဌာနအောက်မှာ ကျောင်းသားရေးရာကိုကိုင်တွယ်တဲ့ SEVP-The Student and Exchange Visitor Program ရှိပါတယ်။

SEVP ရဲ့ ၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ တနင်္လာနေ့ကြေငြာချက်အရ F-1 နဲ့ M-1 ဗီဆာတွေနဲ့ အမေရိကားကိုကျောင်းတက်ဖို့ရောက်နေတဲ့ကျောင်းသားတွေဟာလူကိုယ်တိုင်တက်ရမယ့်အတန်းတွေကိုစာရင်းမပေးသွင်းထားဘဲ အင်တာနက်ကနေသာအတန်းတက်မယ်ဆိုရင် အမေရိကန်နိုင်ငံကနေထွက်ခွာရမယ်လို့ဆိုထားပါတယ်။ (Fall 2020 online ချည်းချည်းကျောင်းလျှောက်ရင် ဗီဆာမပေးတော့ပါ)

F အုပ်စုဗီဆာထဲမှာ
  1. University or college
  2. High School
  3. Private elementary school
  4. Seminary (A college that prepares students to be priests, ministers, or rabbis)
  5. Conservatory (A college for the study of classical music or other arts)
  6. Another academic institution, including a language training program စတာတွေပါဝင်တယ်။

M ဗီဆာက Vocational or other recognized nonacademic institution, other than a language training program အတွက်ဖြစ်တယ်ဆိုတာအရင်မှတ်ထားပေးစေလိုပါတယ်။