ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
|
.
.
Adidas
( အဒီးဒက်စ် ဟု ဖတ်ပါသည် ) က အရေးပေါ် ကမ္ဘာ့အဆင့်မီ
ဒီဇိုင်နာတွေလိုနေပါတယ်။ နည်းပညာ ကျွမ်းကျင်သူတွေ နဲ့ ကုန်အမှတ်တံဆိပ်ပညာရှင်တွေကိုလည်း
ခေါ်ယူနေပါတယ်။ အမေရိကားဈေးကွက်ရဲ့ အဓိကပြိုက်ဖက် နိုက်ကီ - Nike
ကို အနိုင်တိုက်ဖို့ စည်းရုံးခေါ်ယူနေပေမယ့် မိခင်ရုံးချုပ်ဖြစ်တဲ့ ဂျာမဏီ မှာ အလုပ်တက်ဖို့အတွက်
မပြေမလည်ဖြစ်နေကြတယ်။
.
.
အော်ရီဂွန်ပြည်နယ်၊
ပေါ့လန်မြို့အခြေစိုက် အစစ အရာရာ ဒီဇိုင်းတွေပိုမိုက်တဲ့ နိုက်ကီကို မယှဉ်သာလာတဲ့
အဒီးဒက်စ် ဟာ ဈေးကွက်ပိုင်ဆိုင်မှုတွေ လက်လွှတ်ဆုံးရှူံးလာတယ်။ နိုက်ကီ ရဲ့ တိုးတက်လာတဲ့ရောင်းအားရဲ့နောက်မှာ
အဒီးဒက်စ် နဲ့ ဒုတိယနေရာကို အစားဝင်ရောက်လာတာက အမ်ဒါအာမာ - Under Armour ဖြစ်ပြီး နောက်ပိုင်းနာမည်ကြီး
အားစကားအကျော်အမော်တွေ နိုက်ကီ ကိုကျော်ပြီး ရွေးချယ်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
.
.
(
၁၉၄၉ ) ခုနှစ်တုန်းက မူလတည်ထောင်သူ အဒီးဒက်စလာ - Adi Dassler ရဲ့ မွေးရပ်မြေ
မြူးနစ်မြို့အနီး ဘာဗရီယာမြို့မှာ ဒီဇိုင်းစက်ရုံကြီးကို တည်ဆောက်ပြီး အမေရိကားဈေးကွက်ကို
လိုက်မီဖို့ကြိုးစားခဲ့ပေမယ့် ဒီဇိုင်နာတွေက ဂျာမဏီအတွင်းပိုင်းထက်စာရင် ဘာလင်လိုမြို့တော်မျိုး၊
အမ်စတာဒမ်လို ဖက်ရှင်မြို့ နဲ့ လန်ဒန်လို အချက်အချာနေရာတွေမှာသာ အလုပ်လုပ်လိုကြတယ်။
.
.
နိုက်ကီ
နည်းတူ သူ့ရုံးချုပ်နားမှာ ဋ္ဌာနခွဲပြောင်းပြီး လိုက်ဖွင့်ပေမယ့် အဒီးဒက်စ် ရဲ့ ဝန်ထမ်း
( ၁ဝဝဝ ) ကျော်ဟာ နိုက်ကီ ရဲ့ ( ၈၅ဝဝ ) သောဝန်ထမ်းအင်အားနဲ့ယှဉ်ရင် အားနည်းနေပါသေးတယ်။
အထူးဒီဇိုင်နာ ( ၃ ) ဦးနဲ့ မောင်းနှင်မည့် စတူဒီယိုအသေးစားတစ်ခုကို နယူးယောက်မြို့မှာ
ဖွင့်လှစ်ပြီး နိုက်ကီ ကို လိုက်တုပနိုင်အောင်ဖွင့်လှစ်ခဲ့တယ်။ ဒီနေရာကနေ ရှန်ဟိုင်း၊
တိုကျို၊ ရီးယိုမြို့က ဒီဇိုင်နာအလုပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် မူလရုံးချုပ်က
ဂျာမဏီမှ ရှိတုန်းပါ။
.
.
ဂေါက်သီးဖိနပ်
နဲ့ အားကစားပစ္စည်းတွေ ရောင်းအားကျဆင်းတဲ့ ဒီနှစ်မှာ ( ၃ ) ကြိမ်အထိ အမြတ်အစွန်း လျှောကျခဲ့တယ်။
ခက်တာက နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ BMW, Siemens, Audi, Munich Re, Allianz တို့နဲ့အတူ
ချက်မြုပ် ဂျာမဏီမှာ ပျော်မွေ့နေတဲ့ လက်ရှိ စီအီးအို ရဲ့ ခေါင်းမာမှုပါ။ တစ်ချိန်က လူမျိုးရေးနဲ့
နာမည်ကြီးခဲ့တဲ့ ဂျာမန်ပိုင် ကုမ္ပဏီဟာ ဖက်ရှင်ထွန်းပေါက်နယ်မြေတွေဖြစ်တဲ့ လန်ဒန် နဲ့
အမေရိကားတို့ကို ပြောင်းရွှေ့မသွားချင်ပါဘူး။
.
.
ဒါတင်မကသေးဘူး
ဂျာမဏီမြေဆီလွှာပေါ်မှာတီထွင်တဲ့ ပစ္စည်းကမှ မူလအငွေ့အသက်ဝိညာဉ်တွေပါလို့ ပိုကောင်းတယ်လို့
ခံစားစေချင်နေပုံရပါတယ်။ ငါးပွက်ရာ ငါးစာချ မှ အထိုက်အလျောက်အောင်မြင်မှုရရှိတဲ့ ဖက်ရှင်
“ ထွင် ” လောကမှာ အဒီးဒက်စ် ဘယ်လိုရအောင် ရပ်တည်မလဲဆိုတာတော့
သေချာစောင့်ကြည့်ရပါလိမ့်ဦးမယ်။
.
.
Ref: Business Insider
No comments:
Post a Comment