ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, September 26, 2016

ရူပါေမာင္းတဲ႕ အူဘာဇာတ္ေၾကာင္း

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
“ ရူပါေမာင္းတဲ႕ အူဘာဇာတ္ေၾကာင္း ဂီယာၾကီးအမွတ္။ ၁ ( ေမာင္အာသာရဲ႕ေၾကကြဲဖြယ္ရာဇာတ္လမ္း ) ”
.
“ လူ႕ဘဝက တကၠစီတစ္စီးလိုပဲ။ တကၠစီမွာ အေျခက်က်ဂိတ္ထုိးထားတဲ႕တကၠစီေတာင္မဟုတ္ဘူး .. လမ္းေပၚကေန လက္ကိုင္ဖုန္းေခၚရာလိုက္ရတဲ႕ Uber ကားဆရာရဲ႕တစ္ေန႕တာ၊ တစ္ပတ္စာ၊ တစ္လကုိးသီတင္းကိုမွ ဘဝလို႕မေခၚရင္ ဘာကိုေခၚရေတာ႕မွာလဲ? ”  ဒီလိုေျပာျပလာသူကေတာ႕ မိတ္ေဆြၾကီးကုိရူပါ ျဖစ္ပါတယ္။
.
 သူကဆက္ျပီး “ အစကေတာ႕ လူေတြက ကုိယ္ပုိင္ကားနဲ႕ သြားၾက လာၾကတယ္။ ဒါဆိုေတာ႕ ကိုယ္႕ဘဝကို ကိုယ္ပိုင္တဲ႕အေျခအေနလို႕ဆိုၾကပါစို႕။ ေနာက္ပိုင္း ကားရပ္နားစရာပါကင္ရွားလာေတာ႕ ဘဝဟာ လံုးပါးပါးလာတယ္။ ဒါေၾကာင္႕ ကားငွားစီးရတဲ႕ခဏကို လူ႕ဘဝလို႕ေခၚရေတာ႕တာေပါ႕ ” လုိ႕ ဆက္ေျပာပါတယ္။
.
.
အငွားကားသာေမာင္းေနတာ ကုိရူပါ႕ရဲ႕ဒသနက မေသးဘူး..။ ဘယ္ေနရာမွာ ဘာရွိတာတယ္ဆုိတာထက္ ဘယ္အေကြ႕မွာ ဘာဂီယာနဲ႕ေမာင္းရတယ္ဆုိတာကုိ သူေကာင္းေကာင္းသိတယ္။ အခုလုိ အေမရိကားမွာ စမတ္ဖုန္း Uber အငွားကားလိုက္တဲ႕ ကိုယ္ပုိင္ကားေတြမ်ားလာေတာ႕ ထူးျခားတဲ႕ဇာတ္လမ္းေတြဟာ လူေနမႈအသုိင္းအဝုိင္းထဲကို စိမ္႕စီးဝင္ေရာက္လာၾကတယ္။

.
တုိက္ဆိုင္စြာပဲ ျမန္မာေမာင္းတဲ႕ Uber ကားရွိတဲ႕အခါ ျမန္မာလူထုကုိေျပာျပစရာေတြရွိလာတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ္က စာေရးတာကိုသိတဲ႕အခါ သူေျပာျပတာေလးေတြကို တိုတုိရွည္ရွည္ မညည္းမညဴ ၾကံဳတုိင္းေျပာျပခ်င္လာမိတယ္။ ကုိရူပါ က ..
.
.
ဒီလိုဗ်ာ ကုိညီ ရာ..။
.
တစ္ေန႕ ကြ်န္ေတာ္သြားၾကိဳတဲ႕လိပ္စာေရာက္ေတာ႕ စီးမည္႕သူအိမ္ေရွ႕ေရာက္ေတာ႕ ကိုယ္ေတာ္ေခ်ာက ေတာ္ေတာ္နဲ႕ထြက္မလာဘူးဗ်။ ဒါနဲ႕ ဖုန္းမွာ နာမည္ၾကည္႕ေတာ႕ အာသာ - Arthur ဆိုေတာ႕ ေယာက္်ားမွန္းသိရတာတစ္ခုပဲ ရွိတယ္။ ဒါနဲ႕ Uber Driver App ကေန ကြ်န္ေတာ္ဖုန္းဆက္တာေပါ႕။ ဖုန္းဆက္ေနတုန္းမွာ အာသာ က အိမ္အျပင္ထြက္လာတယ္။ ကြ်န္ေတာ္မ်က္လံုးျပဴးသြားတယ္။ ကြ်န္ေတာ္လိုက္ပို႕ရမယ္႕သူက လက္ကိုင္တြန္းလွည္း - Wheelchair နဲ႕ လူျဖစ္ေနတယ္ေလ..။
.
သူ ကားနားေရာက္ေတာ႕ “ ကားေပၚတက္ဖို႕ဘယ္လိုလုပ္ေပးရမလဲ - How do you want me to get you into the car? ” လို႕ ေမးလိုက္တယ္။ သူက “ ရတယ္ .. ကားနားကပ္ျပီးလို႕ ကြ်န္ေတာ္တြဲတက္ျပီးရင္ Wheelchair ကုိ ကားေနာက္ဖုံုးထဲမွာ ထည္႕ေပးလို႕ရမလား ? ” လို႕ ျပန္ေမးတယ္။
.
.
အာသာ ကားေပၚတက္ျပီးလို႕ ခါးပတ္ပတ္ျပီးတဲ႕အခါ Wheelchair ဝင္ရိုးေဘးနားက ခလုပ္ေလးကိုႏွိပ္ျပျပီး ဘီးႏွစ္ဘက္စလံုးကိုျဖဳတ္ျပေတာ႕ Wheelchair ဟာ အပိုင္းသံုးပိုင္းျဖစ္သြားတာေပါ႕။ ဝန္က်စ္သြားတဲ႕ ခံုအပုိင္းေလးေတြကို ေနာက္ဖုံးမွာထည္႕ျပီး ခရီးစပါတယ္။
.
သာေၾကာင္း မာေၾကာင္းေျပာရင္း ကြ်န္ေတာ္က ျမန္မာႏုိင္ငံကလာေၾကာင္း၊ ႏွစ္ ( ၅ဝ ) ေက်ာ္ စစ္အုပ္ခ်ဳပ္ေရးေအာက္မွာေနခဲ႕ရျပီး ဒီမိုကရက္တစ္အစုိးရသစ္သက္တမ္းက ( ၅ ) လသာရွိေသးေၾကာင္း၊ ကမၻာေပၚမွာ အရွည္ၾကာဆံုးျပည္တြင္းစစ္က ျမန္မာႏုိင္ငံမွာရွိေၾကာင္း ေျပာမိတာေပါ႕ .. ကုိညီ ရာ..။
.
ဒါနဲ႕ သူအခု ေျခေထာက္ေအာက္ပိုင္းမသန္တာကို ကြ်န္ေတာ္ကေမးေတာ႕ ( မေျပာျပခ်င္ရင္လည္းရပါတယ္လို႕ ကြ်န္ေတာ္အရင္ေျပာပါတယ္ ) သူက ငယ္ငယ္ကတည္းက ေအာက္ပုိင္းမသန္တာမဟုတ္ေၾကာင္း၊ ကားေမာင္းႏုိင္ေၾကာင္း၊ အခု Uber ကားငွားတာက ကားဝပ္ေရွာ႕မွာ သူအပ္ထားတဲ႕ကားသြားယူတာျဖစ္ေၾကာင္း၊ သူ႕ကားကုိ ကုမၸဏီတစ္ခုကိုကားေပးျပီး လက္နဲ႕ေမာင္းလို႕ရေအာင္ ထြင္ - Customize လုပ္ခိုင္းထားေၾကာင္း .. စတာေတြေျပာျပတယ္။
.
.
သူ႕အေျပာအရ ဘယ္ဘက္လက္နဲ႕ စီယာတုိင္ကုိင္ျပီး ညာဘက္လက္မွာ ဂီယာတံကိုဆြဲလိုက္ရင္ ဘရိတ္အုပ္ဖို႕ နဲ႕ တြန္းခ်လိုက္ရင္ လီဗာနင္းတယ္လုိ႕ ေျပာတယ္။ ထြင္ေပးတဲ႕ကုမၸဏီကုိ ေဒၚလာ ( ၁ဝဝဝ ) ေက်ာ္ေပးရေပမယ္႕ တန္တယ္ .. သူတစ္ပါးကို အားကိုးစရာမလိုဘူး လုိ႕ အားမာန္အျပည္႕နဲ႕ ေျပာပါတယ္။
.
ကုိရူပါ က ခဏနားလိုက္ျပီး ..
.
.
ကြ်န္ေတာ္တို႕ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ျဖစ္ေနလို႕ ေသနတ္ထိတာ မထူးဆန္းေတာ႕ေပမယ္႕ အေမရိကန္လို ျပည္တြင္းေရးျငိမ္းခ်မ္းမႈရွိတဲ႕ႏိုင္ငံမွာ ေသနတ္ပစ္ခံရတာ ရင္နာဖို႕ေကာင္းပါတယ္။ အထူးသျဖင္႕ အာသာ ရဲ႕ အျဖစ္ကိုၾကားရတဲ႕အခါ စိတ္ကုိမေကာင္းဘူးဗ်ာ..။
.
ျပီးခဲ႕တဲ႕ ( ၉ ) ႏွစ္တုန္းက အာသာ သန္သန္မာမာရွိတဲ႕အရြယ္ ဆန္ဖရန္စစၥကိုျမိဳ႕မွာ လူတစ္ေယာက္က အာသာကို ဘာမဆိုင္ညာမဆိုင္ အနားအတင္းကပ္လာရင္း အနီးကပ္ေသနတ္နဲ႕ပစ္ခ်လိုက္ျပီး ပုိက္ဆံအိတ္လုယူသြားတယ္။ က်ည္ဆံက ခါးကေန အဆုတ္ကုိေဖာက္ထြက္ျပီး အာရံုေသေရာဂါ ကုိမာ ခံစားရတဲ႕ အာသာကုိ ဆရာဝန္က ဒီတစ္သက္ အသက္ရွင္ေပမယ္႕ လူေကာင္းတစ္ေယာက္မျဖစ္ႏုိင္ေတာ႕ဘူးလို႕ မွတ္ခ်က္ေပးတယ္။
.
.
ဒါေပမယ္႕ ကံဆုိတာေျပာရခက္တယ္ ကိုညီ ေရ..။ အဲဒီတုန္းက ေသနတ္နဲ႕ပစ္တဲ႕လူက အာသာကို ဘာစကားတစ္ခြန္းမွမေျပာခဲ႕ဘူး။ ဘာတစ္ခုမွ မေတာင္းဆိုခဲ႕ဘူး။ ေျပာရင္ သူက ေတာင္းတာအကုန္ေပးပစ္မွာေပါ႕ တဲ႕ေလ။
.
တစ္ႏွစ္ေလာက္အၾကာမွာ အာသာရဲ႕သြားေတြအကုန္ႏႈတ္၊ လည္ေခ်ာင္းၾကြက္သားေတြကိုထြင္းျပီး အဆုတ္အားေကာင္းေအာင္ျပဳျပင္ေပးလိုက္တဲ႕ဆရာဝန္ေတြရဲ႕ေက်းဇူးေၾကာင္႕ ေနာက္ပိုင္းမွာ အာသာ စကားေျပာျပန္က်င္႕လို႕ရလာတယ္။ အသံျပန္ထြက္လာတယ္။ လူျပန္ျဖစ္လာတယ္။
.
အခုဆို ကိုယ္ပိုင္ လႈပ္ႏုိင္ ရွားႏိႈင္ျဖစ္လာတာကိုပဲ ၾကည္႕ေလ .. သူ႕စိတ္ဓါတ္ဘယ္ေလာက္ခုိင္မာသလဲဆုိတာ..။ Wheelchair နဲ႕ သြားလုိ႕ စိတ္ဓါတ္မက်ဘူး။ အကူအညီမပါပဲ ကားေပၚတက္ရလုိ႕ မႏိုင္မနင္းမျဖစ္ဘူး။ သူလိုခ်င္တာ အမွီအခုိကင္းျခင္း - Independence ၊ လြတ္လပ္ျခင္း - Freedom ပါတဲ႕..။
.
.
အာသာေျပာျပေနတဲ႕ သူ႕အေၾကာင္းနားေထာင္ရင္း ခရီးလမ္းဆံုးေရာက္လာတယ္။ လမ္းအေကြ႕ေထာင္႕ကေလးက ကားဝပ္ေရွာ႕မွာ သူ႕ကားဆုိျပီး BMW SUV တစ္စီးကိုျပတယ္။ ကားေပၚကဆင္းဖို႕ ကြ်န္ေတာ္က Wheelchair ျပန္ဆင္ေပးတဲ႕အခါ အာသာကေက်းဇူးတင္လြန္းလို႕ဆုိျပီး လက္ပတ္ - Wrist Band တစ္ခုေပးတယ္။ ဒါနဲ႕ ကြ်န္ေတာ္လည္း ကားထဲမွာေဆာင္ထားတဲ႕ အားကစားလုပ္တဲ႕လက္ပတ္ေလးတစ္ခုလက္ေဆာင္ျပန္ေပးလိုက္တယ္ဗ်ာ။
.
.
သူေပးတဲ႕လက္ပတ္က ဒီမွာ ..။ သူ႕လို မသန္စြမ္းသူေတြကိုကူညီတဲ႕အဖြဲ႕အစည္းကိုယ္စားျပဳလက္ပတ္ေလးလို႕ ေျပာျပတယ္။ သူ႕လက္ပတ္မွာေရးထားတဲ႕စာတန္းကိုျမင္တိုင္း ကိုယ္႕ဘဝကို မေက်မနပ္ နဲ႕ ျဖစ္မေနဖို႕ သတိေပးတယ္လို႕ ခံစားမိတယ္။
.
အမွန္တစ္ကယ္က သူ႕ကိုဒီေန႕လုိက္ပို႕တဲ႕ ( ၉ ) ေဒၚလာေက်ာ္ခရီးဟာ ကြ်န္ေတာ႕ဘဝအတြက္ ေငြေၾကးနဲ႕တန္ဖိုးမျဖတ္ႏုိင္ပါဘူး။ ျပီးေတာ႕ စီးနင္းသူ - Rider ကေပးရတဲ႕ Feedback မွာလည္း ၾကယ္ ( ၅ ) ပြင္႕ ေပးခဲ႕ေသးတယ္။ ဒီေန႕ေတာ႕ ျမန္မာစာဖတ္ပရိသတ္ကုိ သတင္းစကားလက္ေဆာင္ပါးေပးတဲ႕ ကုိညီညီအတြက္ ဒီလက္ပတ္ေလးကို ကြ်န္ေတာ္ေပးခဲ႕ခ်င္ပါတယ္..။
.
.
အေပၚကလို အစကေန အဆံုးအထိ ေၾကကြဲဖြယ္ရာဇာတ္လမ္းေလးကိုေျပာျပျပီး ထသြားတဲ႕ ကုိရူပါရဲ႕ေက်ာျပင္ နဲ႕ ကြ်န္ေတာ႕လက္ထဲက လက္ပတ္ေလးကိုၾကည္႕ျပီး စာတန္းေလးရဲ႕အစြန္းက Wheelchair ပံုေလးကို မ်က္ေတာင္မခတ္ပဲ ကြ်န္္ေတာ္အၾကာၾကီးေငးၾကည္႕ေနမိပါတယ္။
.
ေရးထားတဲ႕ စာတန္းက “ အသက္ဆက္ရွင္မယ္ - Life Goes On ” ဆိုတာကုိ ကြ်န္ေတာ္ဘယ္အခ်ိန္ထုတ္ၾကည္႕မိမလဲဆိုတာကိုပါ တစ္ဆက္တည္း အေျဖမရႏုိင္ေလာက္ေအာင္ အေတြးေတြရႈတ္ေထြးေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
09-26-2016
.
.
.
Unicode Version:
.
.
“ ရူပါမောင်းတဲ့ အူဘာဇာတ်ကြောင်း ဂီယာကြီးအမှတ်။ ၁ ( မောင်အာသာရဲ့ကြေကွဲဖွယ်ရာဇာတ်လမ်း ) ”
.
လူ့ဘဝက တက္ကစီတစ်စီးလိုပဲ။ တက္ကစီမှာ အခြေကျကျဂိတ်ထိုးထားတဲ့တက္ကစီတောင်မဟုတ်ဘူး .. လမ်းပေါ်ကနေ လက်ကိုင်ဖုန်းခေါ်ရာလိုက်ရတဲ့ Uber ကားဆရာရဲ့တစ်နေ့တာ၊ တစ်ပတ်စာ၊ တစ်လကိုးသီတင်းကိုမှ ဘဝလို့မခေါ်ရင် ဘာကိုခေါ်ရတော့မှာလဲ? ”  ဒီလိုပြောပြလာသူကတော့ မိတ်ဆွေကြီးကိုရူပါ ဖြစ်ပါတယ်။
.
 သူကဆက်ပြီး “ အစကတော့ လူတွေက ကိုယ်ပိုင်ကားနဲ့ သွားကြ လာကြတယ်။ ဒါဆိုတော့ ကိုယ့်ဘဝကို ကိုယ်ပိုင်တဲ့အခြေအနေလို့ဆိုကြပါစို့။ နောက်ပိုင်း ကားရပ်နားစရာပါကင်ရှားလာတော့ ဘဝဟာ လုံးပါးပါးလာတယ်။ ဒါကြောင့် ကားငှားစီးရတဲ့ခဏကို လူ့ဘဝလို့ခေါ်ရတော့တာပေါ့ ” လို့ ဆက်ပြောပါတယ်။
.
.
အငှားကားသာမောင်းနေတာ ကိုရူပါ့ရဲ့ဒသနက မသေးဘူး..။ ဘယ်နေရာမှာ ဘာရှိတာတယ်ဆိုတာထက် ဘယ်အကွေ့မှာ ဘာဂီယာနဲ့မောင်းရတယ်ဆိုတာကို သူကောင်းကောင်းသိတယ်။ အခုလို အမေရိကားမှာ စမတ်ဖုန်း Uber အငှားကားလိုက်တဲ့ ကိုယ်ပိုင်ကားတွေများလာတော့ ထူးခြားတဲ့ဇာတ်လမ်းတွေဟာ လူနေမှုအသိုင်းအဝိုင်းထဲကို စိမ့်စီးဝင်ရောက်လာကြတယ်။
.
တိုက်ဆိုင်စွာပဲ မြန်မာမောင်းတဲ့ Uber ကားရှိတဲ့အခါ မြန်မာလူထုကိုပြောပြစရာတွေရှိလာတယ်။ ဒါကြောင့် ကျွန်တော်က စာရေးတာကိုသိတဲ့အခါ သူပြောပြတာလေးတွေကို တိုတိုရှည်ရှည် မညည်းမညူ ကြုံတိုင်းပြောပြချင်လာမိတယ်။ ကိုရူပါ က ..
.
.
ဒီလိုဗျာ ကိုညီ ရာ..။
.
တစ်နေ့ ကျွန်တော်သွားကြိုတဲ့လိပ်စာရောက်တော့ စီးမည့်သူအိမ်ရှေ့ရောက်တော့ ကိုယ်တော်ချောက တော်တော်နဲ့ထွက်မလာဘူးဗျ။ ဒါနဲ့ ဖုန်းမှာ နာမည်ကြည့်တော့ အာသာ - Arthur ဆိုတော့ ယောက်ျားမှန်းသိရတာတစ်ခုပဲ ရှိတယ်။ ဒါနဲ့ Uber Driver App ကနေ ကျွန်တော်ဖုန်းဆက်တာပေါ့။ ဖုန်းဆက်နေတုန်းမှာ အာသာ က အိမ်အပြင်ထွက်လာတယ်။ ကျွန်တော်မျက်လုံးပြူးသွားတယ်။ ကျွန်တော်လိုက်ပို့ရမယ့်သူက လက်ကိုင်တွန်းလှည်း - Wheelchair နဲ့ လူဖြစ်နေတယ်လေ..။
.
သူ ကားနားရောက်တော့ “ ကားပေါ်တက်ဖို့ဘယ်လိုလုပ်ပေးရမလဲ - How do you want me to get you into the car? ” လို့ မေးလိုက်တယ်။ သူက “ ရတယ် .. ကားနားကပ်ပြီးလို့ ကျွန်တော်တွဲတက်ပြီးရင် Wheelchair ကို ကားနောက်ဖုံးထဲမှာ ထည့်ပေးလို့ရမလား ? ” လို့ ပြန်မေးတယ်။
.
.
အာသာ ကားပေါ်တက်ပြီးလို့ ခါးပတ်ပတ်ပြီးတဲ့အခါ Wheelchair ဝင်ရိုးဘေးနားက ခလုပ်လေးကိုနှိပ်ပြပြီး ဘီးနှစ်ဘက်စလုံးကိုဖြုတ်ပြတော့ Wheelchair ဟာ အပိုင်းသုံးပိုင်းဖြစ်သွားတာပေါ့။ ဝန်ကျစ်သွားတဲ့ ခုံအပိုင်းလေးတွေကို နောက်ဖုံးမှာထည့်ပြီး ခရီးစပါတယ်။
.
သာကြောင်း မာကြောင်းပြောရင်း ကျွန်တော်က မြန်မာနိုင်ငံကလာကြောင်း၊ နှစ် ( ၅ဝ ) ကျော် စစ်အုပ်ချုပ်ရေးအောက်မှာနေခဲ့ရပြီး ဒီမိုကရက်တစ်အစိုးရသစ်သက်တမ်းက ( ၅ ) လသာရှိသေးကြောင်း၊ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်က မြန်မာနိုင်ငံမှာရှိကြောင်း ပြောမိတာပေါ့ .. ကိုညီ ရာ..။
.
ဒါနဲ့ သူအခု ခြေထောက်အောက်ပိုင်းမသန်တာကို ကျွန်တော်ကမေးတော့ ( မပြောပြချင်ရင်လည်းရပါတယ်လို့ ကျွန်တော်အရင်ပြောပါတယ် ) သူက ငယ်ငယ်ကတည်းက အောက်ပိုင်းမသန်တာမဟုတ်ကြောင်း၊ ကားမောင်းနိုင်ကြောင်း၊ အခု Uber ကားငှားတာက ကားဝပ်ရှော့မှာ သူအပ်ထားတဲ့ကားသွားယူတာဖြစ်ကြောင်း၊ သူ့ကားကို ကုမ္ပဏီတစ်ခုကိုကားပေးပြီး လက်နဲ့မောင်းလို့ရအောင် ထွင် - Customize လုပ်ခိုင်းထားကြောင်း .. စတာတွေပြောပြတယ်။
.
.
သူ့အပြောအရ ဘယ်ဘက်လက်နဲ့ စီယာတိုင်ကိုင်ပြီး ညာဘက်လက်မှာ ဂီယာတံကိုဆွဲလိုက်ရင် ဘရိတ်အုပ်ဖို့ နဲ့ တွန်းချလိုက်ရင် လီဗာနင်းတယ်လို့ ပြောတယ်။ ထွင်ပေးတဲ့ကုမ္ပဏီကို ဒေါ်လာ ( ၁ဝဝဝ ) ကျော်ပေးရပေမယ့် တန်တယ် .. သူတစ်ပါးကို အားကိုးစရာမလိုဘူး လို့ အားမာန်အပြည့်နဲ့ ပြောပါတယ်။
.
ကိုရူပါ က ခဏနားလိုက်ပြီး ..
.
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေလို့ သေနတ်ထိတာ မထူးဆန်းတော့ပေမယ့် အမေရိကန်လို ပြည်တွင်းရေးငြိမ်းချမ်းမှုရှိတဲ့နိုင်ငံမှာ သေနတ်ပစ်ခံရတာ ရင်နာဖို့ကောင်းပါတယ်။ အထူးသဖြင့် အာသာ ရဲ့ အဖြစ်ကိုကြားရတဲ့အခါ စိတ်ကိုမကောင်းဘူးဗျာ..။
.
ပြီးခဲ့တဲ့ ( ၉ ) နှစ်တုန်းက အာသာ သန်သန်မာမာရှိတဲ့အရွယ် ဆန်ဖရန်စစ္စကိုမြို့မှာ လူတစ်ယောက်က အာသာကို ဘာမဆိုင်ညာမဆိုင် အနားအတင်းကပ်လာရင်း အနီးကပ်သေနတ်နဲ့ပစ်ချလိုက်ပြီး ပိုက်ဆံအိတ်လုယူသွားတယ်။ ကျည်ဆံက ခါးကနေ အဆုတ်ကိုဖောက်ထွက်ပြီး အာရုံသေရောဂါ ကိုမာ ခံစားရတဲ့ အာသာကို ဆရာဝန်က ဒီတစ်သက် အသက်ရှင်ပေမယ့် လူကောင်းတစ်ယောက်မဖြစ်နိုင်တော့ဘူးလို့ မှတ်ချက်ပေးတယ်။
.
.
ဒါပေမယ့် ကံဆိုတာပြောရခက်တယ် ကိုညီ ရေ..။ အဲဒီတုန်းက သေနတ်နဲ့ပစ်တဲ့လူက အာသာကို ဘာစကားတစ်ခွန်းမှမပြောခဲ့ဘူး။ ဘာတစ်ခုမှ မတောင်းဆိုခဲ့ဘူး။ ပြောရင် သူက တောင်းတာအကုန်ပေးပစ်မှာပေါ့ တဲ့လေ။
.
တစ်နှစ်လောက်အကြာမှာ အာသာရဲ့သွားတွေအကုန်နှုတ်၊ လည်ချောင်းကြွက်သားတွေကိုထွင်းပြီး အဆုတ်အားကောင်းအောင်ပြုပြင်ပေးလိုက်တဲ့ဆရာဝန်တွေရဲ့ကျေးဇူးကြောင့် နောက်ပိုင်းမှာ အာသာ စကားပြောပြန်ကျင့်လို့ရလာတယ်။ အသံပြန်ထွက်လာတယ်။ လူပြန်ဖြစ်လာတယ်။
.
အခုဆို ကိုယ်ပိုင် လှုပ်နိုင် ရှားနှိုင်ဖြစ်လာတာကိုပဲ ကြည့်လေ .. သူ့စိတ်ဓါတ်ဘယ်လောက်ခိုင်မာသလဲဆိုတာ..။ Wheelchair နဲ့ သွားလို့ စိတ်ဓါတ်မကျဘူး။ အကူအညီမပါပဲ ကားပေါ်တက်ရလို့ မနိုင်မနင်းမဖြစ်ဘူး။ သူလိုချင်တာ အမှီအခိုကင်းခြင်း - Independence ၊ လွတ်လပ်ခြင်း - Freedom ပါတဲ့..။
.
.
အာသာပြောပြနေတဲ့ သူ့အကြောင်းနားထောင်ရင်း ခရီးလမ်းဆုံးရောက်လာတယ်။ လမ်းအကွေ့ထောင့်ကလေးက ကားဝပ်ရှော့မှာ သူ့ကားဆိုပြီး BMW SUV တစ်စီးကိုပြတယ်။ ကားပေါ်ကဆင်းဖို့ ကျွန်တော်က Wheelchair ပြန်ဆင်ပေးတဲ့အခါ အာသာကကျေးဇူးတင်လွန်းလို့ဆိုပြီး လက်ပတ် - Wrist Band တစ်ခုပေးတယ်။ ဒါနဲ့ ကျွန်တော်လည်း ကားထဲမှာဆောင်ထားတဲ့ အားကစားလုပ်တဲ့လက်ပတ်လေးတစ်ခုလက်ဆောင်ပြန်ပေးလိုက်တယ်ဗျာ။
.
သူပေးတဲ့လက်ပတ်က ဒီမှာ ..။ သူ့လို မသန်စွမ်းသူတွေကိုကူညီတဲ့အဖွဲ့အစည်းကိုယ်စားပြုလက်ပတ်လေးလို့ ပြောပြတယ်။ သူ့လက်ပတ်မှာရေးထားတဲ့စာတန်းကိုမြင်တိုင်း ကိုယ့်ဘဝကို မကျေမနပ် နဲ့ ဖြစ်မနေဖို့ သတိပေးတယ်လို့ ခံစားမိတယ်။
.
အမှန်တစ်ကယ်က သူ့ကိုဒီနေ့လိုက်ပို့တဲ့ ( ၉ ) ဒေါ်လာကျော်ခရီးဟာ ကျွန်တော့ဘဝအတွက် ငွေကြေးနဲ့တန်ဖိုးမဖြတ်နိုင်ပါဘူး။ ပြီးတော့ စီးနင်းသူ - Rider ကပေးရတဲ့ Feedback မှာလည်း ကြယ် ( ၅ ) ပွင့် ပေးခဲ့သေးတယ်။ ဒီနေ့တော့ မြန်မာစာဖတ်ပရိသတ်ကို သတင်းစကားလက်ဆောင်ပါးပေးတဲ့ ကိုညီညီအတွက် ဒီလက်ပတ်လေးကို ကျွန်တော်ပေးခဲ့ချင်ပါတယ်..။.
.
.
အပေါ်ကလို အစကနေ အဆုံးအထိ ကြေကွဲဖွယ်ရာဇာတ်လမ်းလေးကိုပြောပြပြီး ထသွားတဲ့ ကိုရူပါရဲ့ကျောပြင် နဲ့ ကျွန်တော့လက်ထဲက လက်ပတ်လေးကိုကြည့်ပြီး စာတန်းလေးရဲ့အစွန်းက Wheelchair ပုံလေးကို မျက်တောင်မခတ်ပဲ ကျွန်တော်အကြာကြီးငေးကြည့်နေမိပါတယ်။
.
ရေးထားတဲ့ စာတန်းက “ အသက်ဆက်ရှင်မယ် - Life Goes On ” ဆိုတာကို ကျွန်တော်ဘယ်အချိန်ထုတ်ကြည့်မိမလဲဆိုတာကိုပါ တစ်ဆက်တည်း အဖြေမရနိုင်လောက်အောင် အတွေးတွေရှုတ်ထွေးနေမိပါတော့တယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.

09-26-2016
.
.
.
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
“ ရူပါေမာင္းတဲ႕ အူဘာဇာတ္ေၾကာင္း။ ဂီယာၾကီးအမွတ္ ( ၂ )  ( ေက်ာင္းေျပာင္းတက္မွေကာင္းတယ္ထင္ၾကသူေတြ ) ”
.
( ကုိရူပါစေျပာသည္ ) ဒီတစ္ပတ္ ကားေမာင္းေတာ႕ကြာ .. ေက်ာင္းသားေတြကိုလုိက္ပို႕ရတာခပ္မ်ားမ်ား ကိုညီ .. ရ..။ ေက်ာင္းသားဆိုေတာ႕ ငယ္တဲ႕ရြယ္တဲ႕ေက်ာင္းသားေတြေတာ႕မဟုတ္ဘူး ..UCSF - ဆန္ဖရန္စစၥကုိတကၠသိုလ္က အေဆာင္ေနေက်ာင္းသားေတြကုိ စေနေန႕က ပန္းျခံတစ္ခုမွာသြားၾကိဳျပီး ေက်ာင္းျပန္ပို႕ရတာ။ အဲဒီမွာလိုက္လာတဲ႕ ( ၃ ) ေယာက္ထဲမွာ အာရွတိုက္သားရယ္၊ ဘုိအစစ္တစ္ေယာက္ရယ္၊ ဘာလူမ်ိဳးမွန္းမသိတဲ႕ ေနာက္တစ္ေယာက္ရယ္ေပါ႕ဗ်ာ။
.
ဆန္ဖရန္စစၥကိုပင္လယ္ကမ္းစပ္ဘက္ကေန ေကြ႕ပတ္ျပီးေမာင္းလာရင္း ေနာက္ကေန “ ကားဆရာ ဦးေလးၾကီး .. တရုတ္စာတတ္သလား? ” လို႕ေမးလာသူကုိ အာရွတိုက္လို႔ထင္ေနတာ .. ဘယ္ဟုတ္မလဲ .. ဘို အစစ္ ေကာင္ေလးက ေနာက္ခန္းကေန ေအာ္ေမးေနတာေလ။
.
.
အခုေခတ္မွာ ကြၽန္ေတာ္က သိပ္မအံ႕ၾသေတာ႕ပါဘူး။ ႏုိင္ငံတကာမွာ တရုတ္က ဒုတိယလိုက္ေနေတာ႕ စာ နဲ႕ ဘာသာစကားမွာ လူတကာေလ႕လာခ်င္ေနတာလည္း ဘယ္ဆန္းေတာ႕မလဲ ..  မဟုတ္ဘူးလား? သူက ဆက္ေျပာေသးတယ္။ အခု တကၠသိုလ္မွာ တရုတ္စာအဓိကယူျပီး ေနာက္ပိုင္းက်ရင္ တရုတ္ျပည္မွာအလုပ္သြားလုပ္မွာ တဲ႕။ အခုယူထားတဲ႕ ႏုိင္ငံေရးသိပၸံကို အဓိကထားျပီး စီးပြားေရးေမဂ်ာတြဲသင္မယ္လို႕လည္း သူ႕ငယ္ခ်င္းေတြကိုေျပာျပေနတာ ကြ်န္ေတာ္က ၾကားေနရတယ္။
.
UCSF ေရာက္ေတာ႕ ( ၂ ) ေယာက္ပဲဆင္းသြားျပီး ေနာက္တစ္ေယာက္က သူအေရးၾကီးလို႕ ဘူတာကိုဆက္ပို႕ေပးဖို႕ေျပာလာတယ္။ ဒါနဲ႕ ကြ်န္ေတာ္က သူ႕ဖုန္းက Uber App မွာ ေနာက္ထပ္သြားမယ္႕ ခရီးလမ္းဆံုး - Destination ကုိ ရိုက္ထည္႕ခိုင္းျပီး ကားေခၚတဲ႕ခလုပ္ - Request UberX ခလုပ္ကိုႏွိပ္ခိုင္းလိုက္တာ ကြ်န္ေတာ္ကလက္ခံလုိက္တယ္။ ခပ္တိုတုိေျပာရရင္ သူသြားခ်င္တဲ႕ေနရာကိုလိုက္ပို႕ရင္း စကားေျပာလာတယ္ေပါ႕ဗ်ာ..။
.
.
ကြ်န္ေတာ္က ျမန္မာႏုိင္ငံကလာတာ … ဘာညာ .. ေျပာျပီးတာနဲ႕ သူ႕အေၾကာင္းေမးၾကည္႕ေတာ႕ စိတ္ဝင္စားဖို႕ေကာင္းသဗ်။
.
သူက ဗီယက္နမ္ႏိုင္ငံသား။ L.A ဘက္ကေန ဆန္ဖရန္ဘက္ကုိ ေက်ာင္းျပန္လာတက္တာ .. ဒီၿမိဳ႕ နဲ႕ ဒီေက်ာင္းကိုၾကိဳက္လြန္းလို႕ပါတဲ႕။ ဟုိမွာက အေမက ကားဝယ္ေပးထားတယ္။ ကားေမာင္းျပီး သြားရ လာရတာ အဆင္ေျပတယ္။ ဒီဘက္ ဆန္ဖရန္ေရာက္ေတာ႕ ကားပါကင္ခက္တာနဲ႕ ေမာင္းရၾကပ္တာနဲ႕ လူငယ္စရိုက္နဲ႕ဆုိေတာ႕ အေမက ကားမေပးထားေတာ႕ အဆင္မေျပတာက ကုန္က်စားရိတ္..။
.
.
အမ်ားသိၾကတဲ႕အတိုင္း အေမရိကားမွာ ေက်ာင္းသားတစ္ေယာက္ဟာ ျပည္နယ္မွာေနထုိင္တာ တစ္ႏွစ္ျပည္႕ျပီးလုိ႕ Residency ရွိထားရင္ အစုိးရကေပးတဲ႕ Financial Aid တို႕၊ ျပည္နယ္ကေပးတဲ႕ Student Waiver Fees တို႕ အျပင္ စာစီစာကံုးေရးျပီးေလွ်ာက္ရတဲ႕ တစ္ၾကိမ္အျပီး ေဒၚလာ ၂၅၀၀ အထိ ေလွ်ာ႕ေပးတဲ႕ Student Grant တို႕ အားလံုးရထားတယ္။ ဒါေပမယ္႕ တက္မွာက

သြားနဲ႕ခံတြင္းတကၠသိုလ္ .. UCSF မွာ..။
.
အေဆာင္ငွားရတယ္။ အခန္းေဖာ္နဲ႕မို႕လို႕ သက္သာတယ္ဆိုဦး အနည္းဆံုး ေဒၚလာ ( ၁ဝဝဝ ) မျပည္႕ရံုတစ္မယ္ ေပးရတယ္။ ၿမိဳ႕ထဲသြားတယ္ .. သူငယ္ခ်င္းေတြနဲ႕အျပင္ထြက္တယ္ .. ပန္းျခံသြားတယ္ .. Uber ငွားရတယ္ ( အခုပဲ ကြ်န္ေတာ႕ကားကုိငွားစီးတယ္ေလ ) ။ ဒါနဲ႕ျပီးဦးမလား .. စားရတယ္ .. ေသာက္ရတယ္ .. ေက်ာင္းပစၥည္းေတြဝယ္ရတယ္။
.
ဆန္ဖရန္စစၥကိုမွာ စီးတီးေက်ာင္းသားဆိုရင္ အမ်ားျပည္သူသံုးသယ္ယူပို႕ေဆာင္ေရး - Public Transport က အခမဲ႕။ ရထားစီးရင္ ေက်ာင္းသားကဒ္ျပစီးရင္ အလကား။ ဘတ္စ္ကားစီးလို႕ ေက်ာင္းသားကဒ္ျပရင္ အလကား။ ဒါေတာင္ သူယူထားတဲ႕ Biochemistry က သြားဘက္ဆရာဝန္ျဖစ္ဖို႕ ေမဂ်ာဘာသာယူထားရတာ။ အဲဒါေတြအားလံုးေပါင္းေတာ႕ ကယ္လီဖိုးနီးယားျပည္နယ္သားခ််င္းတူတာေတာင္ ျမိဳ႕ျပမွာေက်ာင္းလာတက္တဲ႕အတြက္ တစ္လကုိ ေဒၚလာ ( ၃ဝဝဝ ) ေလာက္ကုန္တယ္လို႕ ကြ်န္ေတာ႕ကုိညည္းျပေနတာ။
.
.
ကဲ ေနာက္တစ္ေယာက္က တရုတ္ျပည္ကတရုတ္မ။ သူတရုတ္ျဖစ္တာက အေရးမၾကီးဘူး။ ကြ်န္ေတာ႕ကို တရုတ္စာတတ္သလားလို႕ေမးတာက ခက္တာ။ ကားေပၚေရာက္ေတာ႕ စီးသူ နဲ႕ ကားမွာယူသူ လူတူသလားဆိုတာကိုေမးေတာ႕ သူ႕နာမယ္က ေရွ႕စာလံုး - First Name နဲ႕ မ်ိဳးရိုးစာလံုး - Last Name ပံုေသယူတာခ်င္းမတူလို႕ ေမးရ ျမန္းရတာ နည္းနည္းအခက္အခဲျဖစ္ရေသးတယ္။ သူက သူ႕လက္ထဲက Uber App မွာေပၚတဲ႕ ကြ်န္ေတာ႕ကားနံပါတ္ျပမွ လူမွန္ေနတာေသခ်ာလို႕ ေမာင္းျပီဗ်ိဳ႕ .. ဆန္ဖရန္စစၥကိုအျပည္ျပည္ဆုိင္ရာေလဆိပ္ဆီသို႕..။
.
သူက အခု ဆန္ဖရန္စစၥကိုမွာ စီးပြားေရးမာစတာ - MBA လာတက္တာတဲ႕။ အခု ဒီမွာက ( ၆ ) ႏွစ္။ အရင္ပညာေရးတုန္းက ဂ်ာမဏီမွာ ( ၁ဝ ) ႏွစ္ .. ကိုညီ စဥ္းစားၾကည္႕ပါဦး။ လူတစ္ေယာက္က သူ႕ႏုိင္ငံက ( ၁ဝ ) တန္းျပီးသြားတာေတာင္ ႏိုင္ငံရပ္ျခားမွာ ( ၁၆ ) ႏွစ္ ပညာဆက္သင္တယ္ဆုိတာ လြယ္လြယ္နဲ႕ရတဲ႕သတိၱ ဟုတ္ပါရဲ႕လားလုိ႕..။
.
.
အရင္ ဂ်ာမဏီမွာ ေက်ာင္းတက္တုန္းက တရုတ္ျပည္က သူ႕မိသားစုက သူ႕ကုိေတြ႕ဖို႕ သံရံုးဝင္ရတာတုိ႕၊ စာရြက္စာတမ္းျဖည္႕ရတာတို႕ သိပ္အခက္အခဲရွိခဲ႕တယ္။ အခု အေမရိကားမွာက်ေတာ႕ လုပ္ပံုကုိင္ပံုမွန္ရင္ လူဝင္မႈၾကီးၾကပ္ေရးက အဆင္ေျပတယ္။ အခု သူ ရွန္ဟုိင္းကုိျပန္ေတာ႕ မလွမ္းမကမ္းကျမိဳ႕မွာေနတဲ႕ သူ႕မိသားစုက လာေတြ႕ရလြယ္မယ္ တဲ႕။ ကြ်န္ေတာ္ေျပာခ်င္တာက ( ၁၆ ) ႏွစ္ ပညာသင္ျပီးတာေတာင္ အခုအထိ အိမ္မျပန္ႏိုင္ေသးတဲ႕ တရုတ္လူလတ္ပိုင္းပညာရူးေတြကုိ သိပ္ေလးစားမိလို႕ပါ။
.
ေနာက္ .. ဘာတဲ႕ .. ရွိေသးတယ္။ အေမရိကားမွာ တစ္လေပးရတဲ႕ ကားအာမခံ ေဒၚလာ ( ၂၅ဝ ) ဟာ ဂ်ာမဏီမွာ “ တစ္ႏွစ္လံုးမွ ” ယူရို ( ၂ဝဝ )။ အေမရိကားမွာ အျပည္ျပည္ဆိုင္ရာေက်ာင္းသားတစ္ေယာက္ တစ္လ ( ၃ဝဝဝ ) ေပးရတဲ႕ေက်ာင္းလခဟာ ဂ်ာမဏီမွာ “ တစ္ႏွစ္လံုးမွ ” ယူရို ( ၃ဝဝ ) ပါတဲ႕။ ေျပာရင္း ေျပာရင္း သူက ဘုိလိုဆက္ေျပာတယ္ “ It is nothing. Really nothing ” ဆိုပဲ..။
.
.
နားေထာင္ရတာပ်င္းသားျပီလား ကုိညီ ..။ မျပီးေသးဘူး။ ေနာက္တစ္ေယာက္က ေဆာ္ဒီအာေရဗ်က မုိဟာမက္ တဲ႕။ ကားေပၚတက္ခါစ တြဲစီးရတဲ႕ Uberpool ဆိုေတာ႕ လမ္းမွာ လူၾကံဳတစ္ေယာက္ဝင္တင္တယ္ .. အဲဒါက ဘားကေလျမိဳ႕မွာ။
.
တက္လာတဲ႕အမ်ိဳးသမီးက ဘားကေလတကၠသိုလ္က ဥပေဒသင္တဲ႕ပါေမာကၡ။ Uberpool ရဲ႕ သေဘာတရားအရ အရင္စီးတဲ႕သူက ေနာက္တက္မယ္႕သူရဲ႕နာမယ္႕ကိုျမင္ေနရသလို ဘယ္ေနရာမွာသြားၾကိဳရမယ္ဆိုတာကိုပါ ျပထားတယ္။ ဒီလိုပဲ မုိဟာမက္ကလည္း ေနာက္တစ္ေယာက္ကုိ ဘယ္ေနရာမွာၾကိဳရမယ္ဆုိတာကို Uber Driver ကြ်န္ေတာ႕လုိပဲ ျမင္ေနရတယ္။
.
ကားေပၚတက္တက္ခ်င္း ပါေမာကၡဆရာမၾကီးက မိုဟာမက္နာမည္ကိုၾကိဳသိထားတာျဖစ္လို႕ အေရွ႕အလည္ပုိင္းကလာတဲ႕သူဆိုတာ ခန္႕မွန္းမိတယ္။ ေက်ာင္းလာတက္တာလားလို႕မိတ္ဆက္ျပီး ဟုတ္တယ္ဆုိတာနဲ႕ ေျပာလိုက္ ေမးလိုက္တဲ႕စကား ကူဝိတ္ကေန အီရတ္ကိုလႊတ္တဲ႕ဒုန္းက်ည္ေတြကမွနည္းဦးမယ္ .. ဆရာမက ေရေရလည္လည္ေမးတာ .. အင္တာဗ်ဴးေနတာေလ။
.
.
မိုဟာမက္ကလည္း ဒူဘုိင္းက ဘယ္လုိလွတယ္ေပါ႕။ ဒိုဟာျမိဳ႕ဆို ဘယ္ေလာက္ခ်မ္းသာတယ္ေပါ႕။ အီဂ်စ္က ပိရမစ္ေတြဆုိ ဘယ္ေလာက္အထိ ႏိုင္ငံျခားေငြရွာေပးတယ္ ဆုိတာကေန သူအခု ဘားကေလမွာ ရက္တိုသုေတသနတစ္ခုအတြက္လာရင္း ေနာက္ ( ၂ ) ရက္ေနရင္ျပန္မွာလို႕ေျပာတယ္။ သူ႕ေဟာ္တယ္ေရာက္ျပီးလုိ႕ မိုဟာမက္က အားမရေသးဘူး ကြ်န္ေတာ႕ကားကို ဆန္ဖရန္စစၥကိုက Golden Gates Bridges နဲ႕ နီးတဲ႕ေနရာတစ္ခုမွာ အစားအေသာက္စားရလြယ္ကူမယ္႕တစ္ေနရာကိုပုိ႕ေပးပါဆုိလို႕ သူ႕ဖုန္းရဲ႕ Uber App မွာ Lombard Street ကို ရိုက္ထည္႕ခိုင္းျပီး ကြ်န္ေတာ္နဲ႕ တစ္နာရီေလာက္ဆက္ထြက္ခဲ႕တယ္။
.
မုိဟာမက္က ေဆာ္ဒီမွာ စီးပြားေရးနဲ႕ဘြဲ႕ရထားျပီးသား အခု ငယ္ငယ္က အိပ္မက္ျဖစ္တဲ႕ အေမရိကားကုိေရာက္ရတာလုိ႕ေျပာတယ္။ အခု ဒီကေန လက္မွတ္ - Certificate ယူျပီးရင္ ေဆာ္ဒီျပန္ျပီး ကိုယ္ပိုင္လုပ္ငန္းတစ္ခုစထားတာကို ျပန္ဆက္လုပ္မယ္ဆိုတာေျပာတယ္။ သူကိုယ္တိုင္ခံယူထားတာက ကိုယ္ပိုင္ပညာတတ္ျပီး ကိုယ္ပိုင္လုပ္ငန္းနဲ႕ခ်မ္းသာမယ္႕ စြန္႕ဦးလုပ္ငန္းရွင္ - Entrepreneur တစ္ေယာက္ပါလို႕ သိရတယ္။
.
.
သူ ဒီအခု အေမရိကားခရီးစဥ္မစခင္က သူ႕အေဖက မွာလိုက္တယ္။ “ သားက ကမၻာၾကီးထဲကိုထြက္ၾကည္႕ဖို႕လုိျပီ။ ပါပါ တုိ႕ ႏုိင္ငံတြင္းမွာေနရင္ ေရနံနဲ႕ခ်မ္းသာတယ္ဆုိတာခ်ည္းပဲၾကားရမယ္။ အိမ္သာတြင္းတူးလို႔ေရနံလြယ္လြယ္ထြက္တဲ႔ဇာတ္လမ္းေတြကို တြင္တြင္ၾကားရမယ္။ ဒီ ႔အျပင္တစ္ျခားဘာမွလုပ္တတ္မွာမဟုတ္ဘူး”
.
“ တစ္ခုသတိထားရမွာ သားက တစ္ျခားႏုိင္ငံတစ္ခုခုကိုေရာက္တဲ႔အခါ မုိဟာမက္နာမယ္ကုိၾကားတာနဲ႕ သူမ်ားေတြက ႏွာေခါင္းရႈံ႕တဲ႕ - Prejudgement ေတြ လုပ္ၾကလိမ္႕မယ္။ ဒါကို မမႈပါနဲ႕။ မုိဟာမက္ဟာ သူတို႕ထင္သလို အၾကမ္းဖက္မႈေတြကိုမလုပ္ပါဘူး။ ျဖဴစင္တဲ႕ မြတ္ဆလင္ဘာသာကို ေသြးစြန္းတဲ႕ဓါးနဲ႕ ယမ္းေပ်ာ႕ေပေနတဲ႕လက္ကုိင္တုတ္လို လူတစ္စုေၾကာင္႕ မေကာင္းမျမင္ေစခ်င္ဘူး။ ဒီကမၻာၾကီးမွာ ဘယ္ဘာသာ ရဲ႕ ဘယ္ဘုရားကမွ လူသတ္တာေကာင္းတယ္လို႕ မေဟာၾကပါဘူး။ ဒါကို သိေအာင္ သက္ေသျပခဲ႕ပါ သား။ ” လို႕ မွာတမ္းေခြ်လိုက္တယ္ လုိ႕ ေျပာျပတယ္။
.
.
နည္းနည္းေတာ႕စိတ္ရွည္ဦး ကိုညီညီ..။ တစ္ေယာက္ပဲက်န္ေတာ႕တယ္။
.
တစ္ရက္ အလုပ္ကျပန္ေတာ႕ Uber Driver App ဖြင္႕လုိက္တဲ႕အခါ ေျမးအဖြား ( ၂ ) ေယာက္ကို သြားၾကိဳရတယ္။ သူတို႕အိမ္မေရာက္ခင္မွာ “ Call me when you arrive in front of our house ” ဆိုတဲ႕ မက္ေဆ႕ Uber App ကေန ဝင္လာတယ္။ ကြ်န္ေတာ္ သူတုိ႕အိမ္ေရွ႕ေရာက္တယ္။ လူတင္တယ္။ Navigator ေခၚတဲ႕လမ္းအတုိင္းေမာင္းတယ္။
.
အဖြားအရြယ္က အိမ္တံခါးမ်ား ငါပိတ္မိရဲ႕လား? ေသာ႕မွခတ္မိခဲ႔ရဲ႕လား? ငါ႕အိမ္ရိပ္နားမွာ ဘယ္သူေတြရွိေနမလဲ? ဆုိတဲ႕စိုးရိမ္စိတ္နဲ႕ ကားေနာက္ခန္းကေန ေနာက္တစ္လွည္႕ၾကည္႕ၾကည္႕ျဖစ္ေနတယ္။ ေျမးေလးက ကြ်န္ေတာ္ကားကိုဘယ္လိုေမာင္းေနတယ္၊ စီယာတိုင္ဘယ္လိုလွည္႕တယ္၊ လမ္းျပေျမပံုကအသံဘယ္လိုထြက္တယ္၊ သူ႕ဖုန္းထဲကနဲ႕မတူတဲ႕ Uber Driver App က ဘယ္လိုအလုပ္လုပ္သလဲဆိုတာကုိ မ်က္ေတာင္မခတ္တမ္းၾကည္႕ေနတာ ကြ်န္ေတာ္က ေနာက္ၾကည္႕မွန္ထဲကေန ျမင္ေနရတာေပါ႕။
.
.
အဲဒါနဲ႕ သူတို႕သြားမယ္႕ အားကစားရံု - Gym ေရာက္ခါနီးေလးမွာ ဒီလမ္းကေနေကြ႕ရင္ပိုနီးတယ္ဆုိတာမ်ိဳး ( အေမရိကန္လူငယ္ေတြရဲ႕ဘာကိုမွမေၾကာက္တတ္တဲ႕ေလသံနဲ႕ ) ကြ်န္ေတာ႕ကိုလမ္းညႊန္ပါတယ္။ ကားပါကင္မွာရပ္ျပီးသူတို႕ဆင္းသြားေတာ႕ သူတုိ႕လုိပဲ မိဘေတြက လာပို႕ၾကတာမွ အမ်ားၾကီးပဲ။
.
ကြ်န္ေတာ္ဆုိလုိခ်င္တာက ဒီလိုပါ ကိုညီ..။
.
.
အေမရိကားမွာၾကီးတဲ႕ေကာလိပ္ေက်ာင္းသားက တရုတ္ျပည္မွာသြားအလုပ္လုပ္ခ်င္တယ္။ တရုတ္စကားတတ္ရင္ ကမၻာၾကီးတစ္ဝက္နင္းထားျပီးျပီဆိုတာ သူသိတယ္။ ဒါမွ အေမရိကန္ျဖစ္တဲ႕ သူက ဆရာၾကီးျဖစ္မွာကုိး..။
.
ေနာက္တစ္ေယာက္က်ေတာ႕ အေမရိကန္ေပါက္အာရွႏုိင္ငံသားျဖစ္ေပမယ္႕ ( သူ႕စိတ္ထင္အရ ) ပိုေကာင္းတဲ႕ေက်ာင္း ေျပာင္းတက္ခ်င္တယ္။ ကိုယ္႕ေျမ ကိုယ္႕အိမ္မဟုတ္ေတာ႕ ေျခေပ်ာက္ လက္ေပ်ာက္ .. ေနာက္ေတာ႕ ေငြပါေပ်ာက္ရတယ္။ ဒါေၾကာင္႕ သူ႕ရဲ႕ သြားဆရာဝန္ရည္မွန္းခ်က္ဟာလည္း ခပ္ေဝးေဝးေရာက္ေနရတယ္။
.
တရုတ္မ က်ျပန္တာ႕လြန္လြန္းတယ္။ သူတို႕ႏိုင္ငံမွာ ဒီေလာက္ပညာမလိုပါဘူး။ ဒါေပမယ္႕ လင္ပစ္ ကေလးပစ္ လူ႕ဘဝတစ္ဝက္စာေလာက္ကို ပညာပတ္သင္တယ္။ ဒါေပမယ္႕ သူက တရုတ္ပီပီ ကုန္က်စားရိတ္သက္သာတာကိုသိတယ္။ ဂ်ာမန္စာကိုမရအရသင္ျပီး အလကားရတဲ႕တုိင္းျပည္မွာ အခမဲ႕ပညာေရးကိုသြားယူတယ္။ ျပီးေတာ႕ အေမရိကားမွာ ေနာက္ဆံုးအေရာင္တင္ျပီး ျပည္ေတာ္ဝင္တယ္။ ဘယ္ေလာက္လွလိုက္သလဲ။
.
ေဆာ္ဒီက မိုဟာမက္က်ေတာ႕ သူ႕အိပ္မက္ေတြေရႊေရာင္လႊမ္းဖို႕ထက္ အလႅာအရွင္ျမတ္ရဲ႕ေရႊဘုန္းေတာ္ပြင္႕ ေရာင္ျခည္သင္႕တဲ႕ကိစၥေတြကို အရင္ရွင္းေနရတယ္။ သူ႕နာမည္ၾကားတာနဲ႕ .. သူ႕မ်က္ႏွာျမင္တာနဲ႕ ဘယ္လိုမွပုန္းကြယ္လို႕မရတဲ႕ အျပစ္တင္ခံရမႈ - Blame ၊ လူမ်ိဳးေရးခြဲျခားမႈ - Discrimination တုိ႕ကုိ ၾကိဳတင္အစီရင္ခံေနရတယ္။ ဒါေပမယ္႕ ဒီလူသားကလည္း လူပါးပဲ။ နာမယ္ၾကီးဘားကေလတကၠသိုလ္ ရဲ႕ အသိအမွတ္ျပဳမွႈတစ္ခုခု နဲ႕ ျပည္ေတာ္ျပန္လုပ္စားမယ္ .. ဒါ သိပ္မုိက္တဲ႕အၾကံပဲေလ .. မဟုတ္ဘူးလား?
.
ကဲ .. ေနာက္ဆံုးတစ္ေယာက္က ေျမးမေလး။ အေမရိကားမွာေမြးတယ္။ အဖြားကေစာင္႕ေရွာက္တယ္ ( အိမ္ကေကာင္းေတာ႕ မိဘေတြကဝင္ေငြေကာင္းတဲ႕အလုပ္လုပ္ပံုရတယ္ ) ။ အျပင္သြားဖုိ႕ ဘယ္သူမွလိုက္ပို႕စရာမလိုဘူး။ လက္ကိုင္ဖုန္းမွာ Uber App နဲ႕ ကားငွားတယ္။ ကားသမားအမွားကို အျမဲစစ္ေဆးတယ္။ ကားေမာင္းတာကို ဆန္းစစ္တယ္။ ကားသမား နဲ႕ Uber Driver App ရဲ႕ လုပ္ပံုကိုင္ပံုကို စကၠန္႕မလပ္သင္ယူတယ္။
.
သူက အေပၚကေျပာခဲ႕တဲ႕သူေတြကို ေက်ာင္းေျပာင္းတက္စရာမလုိဘူးေနာ္ .. ဒီေျမမွာေမြး၊ ဒီေျမမွာေပါက္ျပီး ဒီေရကိုပဲေသာက္မယ္႕သူ..။
.
ကိုညီ ေျပာၾကည္႕ၾကည္႕ ..။ သူ႕ေက်ာင္းက သူ႕ကို Uber ကားငွားတာဘယ္လုိလုပ္ပါဆိုျပီးသင္ေပးလိုက္သလား လုိ႕။ ေနာက္ျပီး Uber ကားငွားရင္ ကားကဘယ္လုိေရာက္လာျပီး ဒရုိင္ဘာက ဘာကိုၾကည္႕ျပီးလိုက္ပုိ႕ေပးတာဆုိတာေတြကုိ ေက်ာင္းစာသင္ခန္းကသင္ေပးလုိက္တာလား လုိ႕။
.
အမွန္က ဒီလို အေျခအျမစ္ေကာင္းတဲ႕ ေက်ာင္းသားေတြကုိ ေက်ာင္းက “ ဘယ္လိုတတ္ေအာင္သင္ယူရမယ္ - Learn How To Learn ” တစ္ခုတည္းကိုသာ ( ၁၂ ) ႏွစ္ေလာက္ ဆက္တုိင္သင္ေပးလုိက္တာဆုိေတာ႕ ေတြးသာၾကည္႔ေပေတာ႕ .. သူၾကီးလာရင္ ဘယ္လုိတုိးတက္မယ္ဆုိတာ ..။
.
သူၾကီးလာမယ္႕အခ်ိန္ အေပၚက “ ေက်ာင္းေျပာင္းျပီးတက္ၾကသူေတြ ” နဲ႕ ယွဥ္ၾကည္႕ျပီး ကြ်န္ေတာ္က ပညာေရးသင္ခန္းစာကိုအမ်ားၾကီးသင္လိုက္ရတယ္ဗ်ာ။ အဲဒီေျမးက မိန္းကေလးေနာ္ .. ( ၉ ) ႏွစ္ပဲ ရွိေသးတာဗ်..။
.
.
အဲဒီအခါက်မွ ကြ်န္ေတာ္လည္း ကိုရူပါ႕စကားေၾကာထဲနစ္ေျမာေနရာက အသိဝင္လာျပီး ကြ်န္ေတာ္တုိ႕မိသားစုအေမရိကားေရာက္ခါစက သားငယ္ေလး “ စြမ္း ” ရဲ႕ ( ၉ ) ႏွစ္သားအရြယ္ကုိ ျပန္ေျပာင္းမွန္းဆဳၾကည္႕ေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
10-02-2016
.
.
.
Unicode Version:
.
.
“ ရူပါမောင်းတဲ့ အူဘာဇာတ်ကြောင်း။ ဂီယာကြီးအမှတ် ( ၂ )  ( ကျောင်းပြောင်းတက်မှကောင်းတယ်ထင်ကြသူတွေ ) ”
.

.

( ကိုရူပါစပြောသည် ) ဒီတစ်ပတ် ကားမောင်းတော့ကွာ .. ကျောင်းသားတွေကိုလိုက်ပို့ရတာခပ်များများ ကိုညီ .. ရ..။ ကျောင်းသားဆိုတော့ ငယ်တဲ့ရွယ်တဲ့ကျောင်းသားတွေတော့မဟုတ်ဘူး ..UCSF - ဆန်ဖရန်စစ္စကိုတက္ကသိုလ်က အဆောင်နေကျောင်းသားတွေကို စနေနေ့က ပန်းခြံတစ်ခုမှာသွားကြိုပြီး ကျောင်းပြန်ပို့ရတာ။ အဲဒီမှာလိုက်လာတဲ့ ( ၃ ) ယောက်ထဲမှာ အာရှတိုက်သားရယ်၊ ဘိုအစစ်တစ်ယောက်ရယ်၊ ဘာလူမျိုးမှန်းမသိတဲ့ နောက်တစ်ယောက်ရယ်ပေါ့ဗျာ။
.
ဆန်ဖရန်စစ္စကိုပင်လယ်ကမ်းစပ်ဘက်ကနေ ကွေ့ပတ်ပြီးမောင်းလာရင်း နောက်ကနေ “ ကားဆရာ ဦးလေးကြီး .. တရုတ်စာတတ်သလား? ” လို့မေးလာသူကို အာရှတိုက်လို့ထင်နေတာ .. ဘယ်ဟုတ်မလဲ .. ဘို အစစ် ကောင်လေးက နောက်ခန်းကနေ အော်မေးနေတာလေ။
.
.
အခုခေတ်မှာ ကျွန်တော်က သိပ်မအံ့ဩတော့ပါဘူး။ နိုင်ငံတကာမှာ တရုတ်က ဒုတိယလိုက်နေတော့ စာ နဲ့ ဘာသာစကားမှာ လူတကာလေ့လာချင်နေတာလည်း ဘယ်ဆန်းတော့မလဲ ..  မဟုတ်ဘူးလား? သူက ဆက်ပြောသေးတယ်။ အခု တက္ကသိုလ်မှာ တရုတ်စာအဓိကယူပြီး နောက်ပိုင်းကျရင် တရုတ်ပြည်မှာအလုပ်သွားလုပ်မှာ တဲ့။ အခုယူထားတဲ့ နိုင်ငံရေးသိပ္ပံကို အဓိကထားပြီး စီးပွားရေးမေဂျာတွဲသင်မယ်လို့လည်း သူ့ငယ်ချင်းတွေကိုပြောပြနေတာ ကျွန်တော်က ကြားနေရတယ်။
.
UCSF ရောက်တော့ ( ၂ ) ယောက်ပဲဆင်းသွားပြီး နောက်တစ်ယောက်က သူအရေးကြီးလို့ ဘူတာကိုဆက်ပို့ပေးဖို့ပြောလာတယ်။ ဒါနဲ့ ကျွန်တော်က သူ့ဖုန်းက Uber App မှာ နောက်ထပ်သွားမယ့် ခရီးလမ်းဆုံး - Destination ကို ရိုက်ထည့်ခိုင်းပြီး ကားခေါ်တဲ့ခလုပ် - Request UberX ခလုပ်ကိုနှိပ်ခိုင်းလိုက်တာ ကျွန်တော်ကလက်ခံလိုက်တယ်။ ခပ်တိုတိုပြောရရင် သူသွားချင်တဲ့နေရာကိုလိုက်ပို့ရင်း စကားပြောလာတယ်ပေါ့ဗျာ..။
.
.
ကျွန်တော်က မြန်မာနိုင်ငံကလာတာ … ဘာညာ .. ပြောပြီးတာနဲ့ သူ့အကြောင်းမေးကြည့်တော့ စိတ်ဝင်စားဖို့ကောင်းသဗျ။
.
သူက ဗီယက်နမ်နိုင်ငံသား။ L.A ဘက်ကနေ ဆန်ဖရန်ဘက်ကို ကျောင်းပြန်လာတက်တာ .. ဒီမြို့ နဲ့ ဒီကျောင်းကိုကြိုက်လွန်းလို့ပါတဲ့။ ဟိုမှာက အမေက ကားဝယ်ပေးထားတယ်။ ကားမောင်းပြီး သွားရ လာရတာ အဆင်ပြေတယ်။ ဒီဘက် ဆန်ဖရန်ရောက်တော့ ကားပါကင်ခက်တာနဲ့ မောင်းရကြပ်တာနဲ့ လူငယ်စရိုက်နဲ့ဆိုတော့ အမေက ကားမပေးထားတော့ အဆင်မပြေတာက ကုန်ကျစားရိတ်..။
.
.
အများသိကြတဲ့အတိုင်း အမေရိကားမှာ ကျောင်းသားတစ်ယောက်ဟာ ပြည်နယ်မှာနေထိုင်တာ တစ်နှစ်ပြည့်ပြီးလို့ Residency ရှိထားရင် အစိုးရကပေးတဲ့ Financial Aid တို့၊ ပြည်နယ်ကပေးတဲ့ Student Waiver Fees တို့ အပြင် စာစီစာကုံးရေးပြီးလျှောက်ရတဲ့ တစ်ကြိမ်အပြီး ဒေါ်လာ ၂၅၀၀ အထိ လျှော့ပေးတဲ့ Student Grant တို့ အားလုံးရထားတယ်။ ဒါပေမယ့် တက်မှာက

သွားနဲ့ခံတွင်းတက္ကသိုလ် .. UCSF မှာ..။
.
အဆောင်ငှားရတယ်။ အခန်းဖော်နဲ့မို့လို့ သက်သာတယ်ဆိုဦး အနည်းဆုံး ဒေါ်လာ ( ၁ဝဝဝ ) မပြည့်ရုံတစ်မယ် ပေးရတယ်။ မြို့ထဲသွားတယ် .. သူငယ်ချင်းတွေနဲ့အပြင်ထွက်တယ် .. ပန်းခြံသွားတယ် .. Uber ငှားရတယ် ( အခုပဲ ကျွန်တော့ကားကိုငှားစီးတယ်လေ ) ။ ဒါနဲ့ပြီးဦးမလား .. စားရတယ် .. သောက်ရတယ် .. ကျောင်းပစ္စည်းတွေဝယ်ရတယ်။
.
ဆန်ဖရန်စစ္စကိုမှာ စီးတီးကျောင်းသားဆိုရင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး - Public Transport က အခမဲ့။ ရထားစီးရင် ကျောင်းသားကဒ်ပြစီးရင် အလကား။ ဘတ်စ်ကားစီးလို့ ကျောင်းသားကဒ်ပြရင် အလကား။ ဒါတောင် သူယူထားတဲ့ Biochemistry က သွားဘက်ဆရာဝန်ဖြစ်ဖို့ မေဂျာဘာသာယူထားရတာ။ အဲဒါတွေအားလုံးပေါင်းတော့ ကယ်လီဖိုးနီးယားပြည်နယ်သားချင်းတူတာတောင် မြို့ပြမှာကျောင်းလာတက်တဲ့အတွက် တစ်လကို ဒေါ်လာ ( ၃ဝဝဝ ) လောက်ကုန်တယ်လို့ ကျွန်တော့ကိုညည်းပြနေတာ။
.
.
ကဲ နောက်တစ်ယောက်က တရုတ်ပြည်ကတရုတ်မ။ သူတရုတ်ဖြစ်တာက အရေးမကြီးဘူး။ ကျွန်တော့ကို တရုတ်စာတတ်သလားလို့မေးတာက ခက်တာ။ ကားပေါ်ရောက်တော့ စီးသူ နဲ့ ကားမှာယူသူ လူတူသလားဆိုတာကိုမေးတော့ သူ့နာမယ်က ရှေ့စာလုံး - First Name နဲ့ မျိုးရိုးစာလုံး - Last Name ပုံသေယူတာချင်းမတူလို့ မေးရ မြန်းရတာ နည်းနည်းအခက်အခဲဖြစ်ရသေးတယ်။ သူက သူ့လက်ထဲက Uber App မှာပေါ်တဲ့ ကျွန်တော့ကားနံပါတ်ပြမှ လူမှန်နေတာသေချာလို့ မောင်းပြီဗျို့ .. ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်ဆီသို့..။
.
သူက အခု ဆန်ဖရန်စစ္စကိုမှာ စီးပွားရေးမာစတာ - MBA လာတက်တာတဲ့။ အခု ဒီမှာက ( ၆ ) နှစ်။ အရင်ပညာရေးတုန်းက ဂျာမဏီမှာ ( ၁ဝ ) နှစ် .. ကိုညီ စဉ်းစားကြည့်ပါဦး။ လူတစ်ယောက်က သူ့နိုင်ငံက ( ၁ဝ ) တန်းပြီးသွားတာတောင် နိုင်ငံရပ်ခြားမှာ ( ၁၆ ) နှစ် ပညာဆက်သင်တယ်ဆိုတာ လွယ်လွယ်နဲ့ရတဲ့သတ္တိ ဟုတ်ပါရဲ့လားလို့..။
.
.
အရင် ဂျာမဏီမှာ ကျောင်းတက်တုန်းက တရုတ်ပြည်က သူ့မိသားစုက သူ့ကိုတွေ့ဖို့ သံရုံးဝင်ရတာတို့၊ စာရွက်စာတမ်းဖြည့်ရတာတို့ သိပ်အခက်အခဲရှိခဲ့တယ်။ အခု အမေရိကားမှာကျတော့ လုပ်ပုံကိုင်ပုံမှန်ရင် လူဝင်မှုကြီးကြပ်ရေးက အဆင်ပြေတယ်။ အခု သူ ရှန်ဟိုင်းကိုပြန်တော့ မလှမ်းမကမ်းကမြို့မှာနေတဲ့ သူ့မိသားစုက လာတွေ့ရလွယ်မယ် တဲ့။ ကျွန်တော်ပြောချင်တာက ( ၁၆ ) နှစ် ပညာသင်ပြီးတာတောင် အခုအထိ အိမ်မပြန်နိုင်သေးတဲ့ တရုတ်လူလတ်ပိုင်းပညာရူးတွေကို သိပ်လေးစားမိလို့ပါ။
.
နောက် .. ဘာတဲ့ .. ရှိသေးတယ်။ အမေရိကားမှာ တစ်လပေးရတဲ့ ကားအာမခံ ဒေါ်လာ ( ၂၅ဝ ) ဟာ ဂျာမဏီမှာ “ တစ်နှစ်လုံးမှ ” ယူရို ( ၂ဝဝ )။ အမေရိကားမှာ အပြည်ပြည်ဆိုင်ရာကျောင်းသားတစ်ယောက် တစ်လ ( ၃ဝဝဝ ) ပေးရတဲ့ကျောင်းလခဟာ ဂျာမဏီမှာ “ တစ်နှစ်လုံးမှ ” ယူရို ( ၃ဝဝ ) ပါတဲ့။ ပြောရင်း ပြောရင်း သူက ဘိုလိုဆက်ပြောတယ် “ It is nothing. Really nothing ” ဆိုပဲ..။
.
.
နားထောင်ရတာပျင်းသားပြီလား ကိုညီ ..။ မပြီးသေးဘူး။ နောက်တစ်ယောက်က ဆော်ဒီအာရေဗျက မိုဟာမက် တဲ့။ ကားပေါ်တက်ခါစ တွဲစီးရတဲ့ Uberpool ဆိုတော့ လမ်းမှာ လူကြုံတစ်ယောက်ဝင်တင်တယ် .. အဲဒါက ဘားကလေမြို့မှာ။
.
တက်လာတဲ့အမျိုးသမီးက ဘားကလေတက္ကသိုလ်က ဥပဒေသင်တဲ့ပါမောက္ခ။ Uberpool ရဲ့ သဘောတရားအရ အရင်စီးတဲ့သူက နောက်တက်မယ့်သူရဲ့နာမယ့်ကိုမြင်နေရသလို ဘယ်နေရာမှာသွားကြိုရမယ်ဆိုတာကိုပါ ပြထားတယ်။ ဒီလိုပဲ မိုဟာမက်ကလည်း နောက်တစ်ယောက်ကို ဘယ်နေရာမှာကြိုရမယ်ဆိုတာကို Uber Driver ကျွန်တော့လိုပဲ မြင်နေရတယ်။
.
ကားပေါ်တက်တက်ချင်း ပါမောက္ခဆရာမကြီးက မိုဟာမက်နာမည်ကိုကြိုသိထားတာဖြစ်လို့ အရှေ့အလည်ပိုင်းကလာတဲ့သူဆိုတာ ခန့်မှန်းမိတယ်။ ကျောင်းလာတက်တာလားလို့မိတ်ဆက်ပြီး ဟုတ်တယ်ဆိုတာနဲ့ ပြောလိုက် မေးလိုက်တဲ့စကား ကူဝိတ်ကနေ အီရတ်ကိုလွှတ်တဲ့ဒုန်းကျည်တွေကမှနည်းဦးမယ် .. ဆရာမက ရေရေလည်လည်မေးတာ .. အင်တာဗျူးနေတာလေ။
.
.
မိုဟာမက်ကလည်း ဒူဘိုင်းက ဘယ်လိုလှတယ်ပေါ့။ ဒိုဟာမြို့ဆို ဘယ်လောက်ချမ်းသာတယ်ပေါ့။ အီဂျစ်က ပိရမစ်တွေဆို ဘယ်လောက်အထိ နိုင်ငံခြားငွေရှာပေးတယ် ဆိုတာကနေ သူအခု ဘားကလေမှာ ရက်တိုသုတေသနတစ်ခုအတွက်လာရင်း နောက် ( ၂ ) ရက်နေရင်ပြန်မှာလို့ပြောတယ်။ သူ့ဟော်တယ်ရောက်ပြီးလို့ မိုဟာမက်က အားမရသေးဘူး ကျွန်တော့ကားကို ဆန်ဖရန်စစ္စကိုက Golden Gates Bridges နဲ့ နီးတဲ့နေရာတစ်ခုမှာ အစားအသောက်စားရလွယ်ကူမယ့်တစ်နေရာကိုပို့ပေးပါဆိုလို့ သူ့ဖုန်းရဲ့ Uber App မှာ Lombard Street ကို ရိုက်ထည့်ခိုင်းပြီး ကျွန်တော်နဲ့ တစ်နာရီလောက်ဆက်ထွက်ခဲ့တယ်။
.
မိုဟာမက်က ဆော်ဒီမှာ စီးပွားရေးနဲ့ဘွဲ့ရထားပြီးသား အခု ငယ်ငယ်က အိပ်မက်ဖြစ်တဲ့ အမေရိကားကိုရောက်ရတာလို့ပြောတယ်။ အခု ဒီကနေ လက်မှတ် - Certificate ယူပြီးရင် ဆော်ဒီပြန်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုစထားတာကို ပြန်ဆက်လုပ်မယ်ဆိုတာပြောတယ်။ သူကိုယ်တိုင်ခံယူထားတာက ကိုယ်ပိုင်ပညာတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းနဲ့ချမ်းသာမယ့် စွန့်ဦးလုပ်ငန်းရှင် - Entrepreneur တစ်ယောက်ပါလို့ သိရတယ်။
.
.
သူ ဒီအခု အမေရိကားခရီးစဉ်မစခင်က သူ့အဖေက မှာလိုက်တယ်။ “ သားက ကမ္ဘာကြီးထဲကိုထွက်ကြည့်ဖို့လိုပြီ။ ပါပါ တို့ နိုင်ငံတွင်းမှာနေရင် ရေနံနဲ့ချမ်းသာတယ်ဆိုတာချည်းပဲကြားရမယ်။ အိမ်သာတွင်းတူးလို့ရေနံလွယ်လွယ်ထွက်တဲ့ဇာတ်လမ်းတွေကို တွင်တွင်ကြားရမယ်။ ဒီ့အပြင်တစ်ခြားဘာမှလုပ်တတ်မှာမဟုတ်ဘူး”
.
“ တစ်ခုသတိထားရမှာ သားက တစ်ခြားနိုင်ငံတစ်ခုခုကိုရောက်တဲ့အခါ မိုဟာမက်နာမယ်ကိုကြားတာနဲ့ သူများတွေက နှာခေါင်းရှုံ့တဲ့ - Prejudgement တွေ လုပ်ကြလိမ့်မယ်။ ဒါကို မမှုပါနဲ့။ မိုဟာမက်ဟာ သူတို့ထင်သလို အကြမ်းဖက်မှုတွေကိုမလုပ်ပါဘူး။ ဖြူစင်တဲ့ မွတ်ဆလင်ဘာသာကို သွေးစွန်းတဲ့ဓါးနဲ့ ယမ်းပျော့ပေနေတဲ့လက်ကိုင်တုတ်လို လူတစ်စုကြောင့် မကောင်းမမြင်စေချင်ဘူး။ ဒီကမ္ဘာကြီးမှာ ဘယ်ဘာသာ ရဲ့ ဘယ်ဘုရားကမှ လူသတ်တာကောင်းတယ်လို့ မဟောကြပါဘူး။ ဒါကို သိအောင် သက်သေပြခဲ့ပါ သား။ ” လို့ မှာတမ်းချွေလိုက်တယ် လို့ ပြောပြတယ်။
.
.
နည်းနည်းတော့စိတ်ရှည်ဦး ကိုညီညီ..။ တစ်ယောက်ပဲကျန်တော့တယ်။
.
တစ်ရက် အလုပ်ကပြန်တော့ Uber Driver App ဖွင့်လိုက်တဲ့အခါ မြေးအဖွား ( ၂ ) ယောက်ကို သွားကြိုရတယ်။ သူတို့အိမ်မရောက်ခင်မှာ “ Call me when you arrive in front of our house ” ဆိုတဲ့ မက်ဆေ့ Uber App ကနေ ဝင်လာတယ်။ ကျွန်တော် သူတို့အိမ်ရှေ့ရောက်တယ်။ လူတင်တယ်။ Navigator ခေါ်တဲ့လမ်းအတိုင်းမောင်းတယ်။
.
အဖွားအရွယ်က အိမ်တံခါးများ ငါပိတ်မိရဲ့လား? သော့မှခတ်မိခဲ့ရဲ့လား? ငါ့အိမ်ရိပ်နားမှာ ဘယ်သူတွေရှိနေမလဲ? ဆိုတဲ့စိုးရိမ်စိတ်နဲ့ ကားနောက်ခန်းကနေ နောက်တစ်လှည့်ကြည့်ကြည့်ဖြစ်နေတယ်။ မြေးလေးက ကျွန်တော်ကားကိုဘယ်လိုမောင်းနေတယ်၊ စီယာတိုင်ဘယ်လိုလှည့်တယ်၊ လမ်းပြမြေပုံကအသံဘယ်လိုထွက်တယ်၊ သူ့ဖုန်းထဲကနဲ့မတူတဲ့ Uber Driver App က ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို မျက်တောင်မခတ်တမ်းကြည့်နေတာ ကျွန်တော်က နောက်ကြည့်မှန်ထဲကနေ မြင်နေရတာပေါ့။
.
.
အဲဒါနဲ့ သူတို့သွားမယ့် အားကစားရုံ - Gym ရောက်ခါနီးလေးမှာ ဒီလမ်းကနေကွေ့ရင်ပိုနီးတယ်ဆိုတာမျိုး ( အမေရိကန်လူငယ်တွေရဲ့ဘာကိုမှမကြောက်တတ်တဲ့လေသံနဲ့ ) ကျွန်တော့ကိုလမ်းညွှန်ပါတယ်။ ကားပါကင်မှာရပ်ပြီးသူတို့ဆင်းသွားတော့ သူတို့လိုပဲ မိဘတွေက လာပို့ကြတာမှ အများကြီးပဲ။
.
ကျွန်တော်ဆိုလိုချင်တာက ဒီလိုပါ ကိုညီ..။
.
.
အမေရိကားမှာကြီးတဲ့ကောလိပ်ကျောင်းသားက တရုတ်ပြည်မှာသွားအလုပ်လုပ်ချင်တယ်။ တရုတ်စကားတတ်ရင် ကမ္ဘာကြီးတစ်ဝက်နင်းထားပြီးပြီဆိုတာ သူသိတယ်။ ဒါမှ အမေရိကန်ဖြစ်တဲ့ သူက ဆရာကြီးဖြစ်မှာကိုး..။
.
နောက်တစ်ယောက်ကျတော့ အမေရိကန်ပေါက်အာရှနိုင်ငံသားဖြစ်ပေမယ့် ( သူ့စိတ်ထင်အရ ) ပိုကောင်းတဲ့ကျောင်း ပြောင်းတက်ချင်တယ်။ ကိုယ့်မြေ ကိုယ့်အိမ်မဟုတ်တော့ ခြေပျောက် လက်ပျောက် .. နောက်တော့ ငွေပါပျောက်ရတယ်။ ဒါကြောင့် သူ့ရဲ့ သွားဆရာဝန်ရည်မှန်းချက်ဟာလည်း ခပ်ဝေးဝေးရောက်နေရတယ်။
.
တရုတ်မ ကျပြန်တာ့လွန်လွန်းတယ်။ သူတို့နိုင်ငံမှာ ဒီလောက်ပညာမလိုပါဘူး။ ဒါပေမယ့် လင်ပစ် ကလေးပစ် လူ့ဘဝတစ်ဝက်စာလောက်ကို ပညာပတ်သင်တယ်။ ဒါပေမယ့် သူက တရုတ်ပီပီ ကုန်ကျစားရိတ်သက်သာတာကိုသိတယ်။ ဂျာမန်စာကိုမရအရသင်ပြီး အလကားရတဲ့တိုင်းပြည်မှာ အခမဲ့ပညာရေးကိုသွားယူတယ်။ ပြီးတော့ အမေရိကားမှာ နောက်ဆုံးအရောင်တင်ပြီး ပြည်တော်ဝင်တယ်။ ဘယ်လောက်လှလိုက်သလဲ။
.
ဆော်ဒီက မိုဟာမက်ကျတော့ သူ့အိပ်မက်တွေရွှေရောင်လွှမ်းဖို့ထက် အလ္လာအရှင်မြတ်ရဲ့ရွှေဘုန်းတော်ပွင့် ရောင်ခြည်သင့်တဲ့ကိစ္စတွေကို အရင်ရှင်းနေရတယ်။ သူ့နာမည်ကြားတာနဲ့ .. သူ့မျက်နှာမြင်တာနဲ့ ဘယ်လိုမှပုန်းကွယ်လို့မရတဲ့ အပြစ်တင်ခံရမှု - Blame ၊ လူမျိုးရေးခွဲခြားမှု - Discrimination တို့ကို ကြိုတင်အစီရင်ခံနေရတယ်။ ဒါပေမယ့် ဒီလူသားကလည်း လူပါးပဲ။ နာမယ်ကြီးဘားကလေတက္ကသိုလ် ရဲ့ အသိအမှတ်ပြုမှုတစ်ခုခု နဲ့ ပြည်တော်ပြန်လုပ်စားမယ် .. ဒါ သိပ်မိုက်တဲ့အကြံပဲလေ .. မဟုတ်ဘူးလား?
.
ကဲ .. နောက်ဆုံးတစ်ယောက်က မြေးမလေး။ အမေရိကားမှာမွေးတယ်။ အဖွားကစောင့်ရှောက်တယ် ( အိမ်ကကောင်းတော့ မိဘတွေကဝင်ငွေကောင်းတဲ့အလုပ်လုပ်ပုံရတယ် ) ။ အပြင်သွားဖို့ ဘယ်သူမှလိုက်ပို့စရာမလိုဘူး။ လက်ကိုင်ဖုန်းမှာ Uber App နဲ့ ကားငှားတယ်။ ကားသမားအမှားကို အမြဲစစ်ဆေးတယ်။ ကားမောင်းတာကို ဆန်းစစ်တယ်။ ကားသမား နဲ့ Uber Driver App ရဲ့ လုပ်ပုံကိုင်ပုံကို စက္ကန့်မလပ်သင်ယူတယ်။
.
သူက အပေါ်ကပြောခဲ့တဲ့သူတွေကို ကျောင်းပြောင်းတက်စရာမလိုဘူးနော် .. ဒီမြေမှာမွေး၊ ဒီမြေမှာပေါက်ပြီး ဒီရေကိုပဲသောက်မယ့်သူ..။
.
ကိုညီ ပြောကြည့်ကြည့် ..။ သူ့ကျောင်းက သူ့ကို Uber ကားငှားတာဘယ်လိုလုပ်ပါဆိုပြီးသင်ပေးလိုက်သလား လို့။ နောက်ပြီး Uber ကားငှားရင် ကားကဘယ်လိုရောက်လာပြီး ဒရိုင်ဘာက ဘာကိုကြည့်ပြီးလိုက်ပို့ပေးတာဆိုတာတွေကို ကျောင်းစာသင်ခန်းကသင်ပေးလိုက်တာလား လို့။
.
အမှန်က ဒီလို အခြေအမြစ်ကောင်းတဲ့ ကျောင်းသားတွေကို ကျောင်းက “ ဘယ်လိုတတ်အောင်သင်ယူရမယ် - Learn How To Learn ” တစ်ခုတည်းကိုသာ ( ၁၂ ) နှစ်လောက် ဆက်တိုင်သင်ပေးလိုက်တာဆိုတော့ တွေးသာကြည့်ပေတော့ .. သူကြီးလာရင် ဘယ်လိုတိုးတက်မယ်ဆိုတာ ..။
.
သူကြီးလာမယ့်အချိန် အပေါ်က “ ကျောင်းပြောင်းပြီးတက်ကြသူတွေ ” နဲ့ ယှဉ်ကြည့်ပြီး ကျွန်တော်က ပညာရေးသင်ခန်းစာကိုအများကြီးသင်လိုက်ရတယ်ဗျာ။ အဲဒီမြေးက မိန်းကလေးနော် .. ( ၉ ) နှစ်ပဲ ရှိသေးတာဗျ..။
.
.
အဲဒီအခါကျမှ ကျွန်တော်လည်း ကိုရူပါ့စကားကြောထဲနစ်မြောနေရာက အသိဝင်လာပြီး ကျွန်တော်တို့မိသားစုအမေရိကားရောက်ခါစက သားငယ်လေး “ စွမ်း ” ရဲ့ ( ၉ ) နှစ်သားအရွယ်ကို ပြန်ပြောင်းမှန်းဆုကြည့်နေမိပါတော့တယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
10-02-2016
.
.
.






“ ရူပါေမာင္းတဲ႕ အူဘာဇာတ္ေၾကာင္း။ ဂီယာၾကီးအမွတ္ ( ၃ )  ( ဘဝဆုိတဲ႕တံတားေပၚဝယ္ ) ”
.
( ကုိရူပါဆက္ေျပာသည္ ) ေျပာရဦးမယ္ ကိုညီညီ ေရ ..။ အ, ခ်က္ .. အ, ခ်က္..။ ကုိယ္က သူမ်ားမွားတာျမင္ထားဖူးလို႕ ကုိယ္႕အလွည္႕ၾကံဳရေတာ႕ ဒုကၡကလြတ္ျပီမထင္နဲ႕ဗ်ိဳ႕..။ တစ္ကယ္ၾကံဳဖူးမွ “ ေျဖရွင္းတယ္ “ ဆုိတဲ႕ကိစၥက ေတာ္ေတာ္နက္နဲတယ္ဆုိတာ သိလာရတယ္။
.
တစ္ေလာကဗ်ာ .. ေျပာရရင္ ေတာ္ေတာ္ေတာင္ၾကာျပီ။ လြန္္ခဲ႕တဲ႕ ( ၄ ) ႏွစ္ေလာက္ကေပါ႕။ အစ္ကိုတစ္ေယာက္က ဆန္ဖရန္စစၥကိုတံတားတစ္ခုမွာ တံတားျဖတ္ခေကာက္တဲ႕ Toll Gate ကုိ ျဖတ္ေမာင္းတုန္းက အေတြ႕အၾကံဳေလးကုိ ေျပာျပဖူးတယ္။
.
.
အဲဒီအစ္ကုိက ကားေမာင္းကြ်မ္းတယ္။ ျမန္မာႏုိင္ငံမွာကတည္းက ကြ်မ္းတာ။ အေမရိကားေရာက္ေတာ႕လည္း မတူညီတဲ႕လမ္းစည္းကမ္းေတြကို ပုိပိုသာသာေလ႕လာရတာကလြဲရင္ ကားကုိသပ္သပ္ရပ္ရပ္ေမာင္းႏိုင္တယ္။ ( ၈ ) လမ္းသြားကေန စုျပံဳဝင္လာတဲ႕ကားေတြကို Toll ေကာက္တဲ႕အခါ တစ္ခ်ိဳ႕က တစ္ခါရပ္ တစ္ခါေပး ( ၅ ) ေဒၚလာ ( ၆ ) ေဒၚလာဆိုျပီး ေပးရတယ္။
.
တစ္ရက္ အဲဒီအစ္ကိုက Toll Gate နားကပ္လာေတာ႕ ကားတန္းရွည္ၾကီးျဖစ္ေနေရာ။ ဒါေပမယ္႕ ဘယ္ဘက္ေထာင္႕ကိုၾကည္႕လိုက္ေတာ႕ ကားေတြက တန္းစီစရာမလုိပဲ တစ္ဝွီးဝွီး နဲ႕ ျဖတ္ေမာင္းသြားၾကတယ္။ ဒါကုိ တန္းစီေနတဲ႕ကားေတြ ညံ႕လိုက္တာ ဆုိျပီး သူက ေအးေအးေဆးေဆးနဲ႕ျဖတ္ေမာင္းသြားတယ္ေလ။ ပိုင္တယ္မဟုတ္လား ကိုညီ ?
.
.
ဒါေပမယ္႕ မပိုင္တဲ႕အေျခအေနက အဲဒီအစ္ကုိ႕အိမ္ကို ဒဏ္ေၾကးေဆာင္ခုိင္းတဲ႕လက္မွတ္ - Toll Gate Ticket ေရာက္လာမွ သိရတယ္။ စာရြက္ကုိယူျပီး သူ႕ထက္နားလည္တဲ႕ ဒီဘက္ႏုိင္ငံက ေနာက္ထပ္အစ္ကိုတစ္ေယာက္ကုိေမးေတာ႕ ဘဏ္ကဒ္နဲ႕တံတားျဖတ္ခပိုေပးထားတဲ႕ FasTrak ဆုိတာရွိတယ္။ FasTrak ဗူးေလးကို ကားထဲမွာထားမွ ကားကျဖတ္အေမာင္း - ကားထဲက FasTrak က ကြန္ပ်ဴတာခ်စ္ပ္ ကုိ လွမ္းအဖတ္ - သက္တမ္းရွိတဲ႕ FasTrak က ၾကိဳသြင္းထားတဲ႕ေငြကို တစ္ခါျဖတ္ တစ္ေခါက္စာႏႈတ္ - အဲဒီလိုေပးရတာလို႕ ရွင္းျပတယ္။
.
ဒါေပမယ္႕ ကားေမာင္းကြ်မ္းတဲ႕အဲဒီအစ္ကိုရဲ႕ တပ္မေတာ္ရဲ႕သေဘာထားအမွန္ကုိသိျမင္မႈဟာ တံတားျဖတ္ခမေဆာင္တဲ႕ျဖတ္ေျပးခဒဏ္ေငြ ( ၃၅ ) ေဒၚလာေဆာင္ရတဲ႕အခါ အသိေနာက္က်သြားရပါျပီ။
.
.
တစ္ကယ္မပိုင္တာက ကြ်န္ေတာ္ … ကုိညီညီ ရ..။ ဟုိးတစ္ရက္ကဗ်ာ .. ဆန္ဖရန္စစၥကိုက Golden Gates တံတားမွာ Uber ကားေခၚတာ သြားတင္တယ္ဗ်။ သူတုိ႕သြားမွာက သစ္ပင္နီျမိဳ႕ေတာ္ - Redwood City - အေဝးေျပးလမ္း - Free Way လမ္းေပၚတက္ရမယ္။ အဲဒါနဲ႕ ပါဆင္ဂ်ာေတြကုိ ကားပါကင္ကတင္ျပီးေတာ႕ အေဝးေျပးလမ္းေပၚတက္ေတာ႕ အေပၚကေျပာခဲ႕တဲ႕ GG တံတားကိုျဖတ္ရတယ္။
.
ကားခေပးမယ္လို႕စဥ္းစားေတာ႕ အရင္လူေစာင္႕ျပီးေငြေကာက္တဲ႕ဂိတ္ေတြက ပိတ္ထားသဗ်။ အဲဒါနဲ႕ စိတ္ညစ္ညစ္နဲ႕ျဖတ္ေမာင္းလာရင္း အေတာင္ပံေပါက္ျပီးပ်ံသြားတဲ႕ ( ၃၅ ) ေဒၚလာကို စိတ္ထဲကျမင္လာမိတယ္။ ပုိဆိုးတာက အဲဒီေန႕ Uber ဆြဲသမွ် GG တံတားကို ( ၄ ) ေခါက္တိတိျဖတ္ရတဲ႕ခရီးစဥ္ေတြ ျဖစ္ေနတယ္ေလ။ ဒါဆိုရင္ ေဆာင္ရမယ္႕ ဒဏ္ေငြေဒၚလာ ( ၁၄ဝ ) နဲ႕ မိန္းမနဲ႕စာရင္းဘယ္လုိရွင္းရပါ႕ဆုိျပီး စိတ္ေလးလိုက္တာေလ။ ဒီလိုနဲ႕ အိမ္ကို Toll Gates Ticket ေရာက္လာေရာ .. အဲဒီမွာ ေရးထားတာက ..။
.
.
ေပးေဆာင္ရန္ ( ၇.၅ဝ ) ေဒၚလာဆုိျပီး ပထမဦးဆံုးတစ္ေခါက္စာကို Ticket နဲ႕ ေတာင္းျပီး ေနာက္ပုိင္း ( ၃ ) ေခါက္စာကုိ သူ႕ကုမၸဏီဝဘ္ဆုိဒ္ထဲဝင္ျပီး ကြ်န္ေတာ႕နာမယ္၊ ေနရပ္လိပ္စာ၊ ကားနံပါတ္၊ သံုးမယ္႕ကားအေရအတြက္ နဲ႕ ဘဏ္ကဒ္အခ်က္အလက္ေတြနဲ႕ စာရင္းေပးသြင္းလိုက္တာ ဘာဒဏ္ေငြမွမေဆာင္ရေတာ႕ဘူးဗ်ိဳ႕။
.
အမွန္က သူ႕ေနရာ သူ႕ေဒသ နဲ႕ အက်ိဳးတူေပါင္းဖက္ တံတားျဖတ္ခေကာက္ခံတဲ႕ကုမၸဏီေတြက တူမွာေတာ႕မဟုတ္ဘူး။ ဒါေပမယ္႕ ကြ်န္ေတာ္ Uber ဆြဲတဲ႕ ဆန္ဖရန္စစၥကုိပင္လယ္ေအာင္ေဒသ - Bay Area မွာ ကားေပၚမွာ FasTrak ေဆာင္ထားရင္ တံတား ( ၈ ) စင္းေပၚမွာ အျမန္ျဖတ္ေမာင္းလို႕ရတယ္။
.
.
အဲဒီထဲမွာ ကြ်န္ေတာ္သိတဲ႕
.
Facebook ရံုးခ်ဳပ္ရွိတဲ႕နားက Dumbarton Bridge ၊
.
.
ဆန္ဖရန္ျမိဳ႕ကုိ ေရွ႕တည္႕တည္႕ကေနဝင္ရတဲ႕ San Francisco-Oakland Bay Bridge
.
ဆန္ဖရန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ကုန္းတြင္းဘက္ကူးတဲ႕ San Mateo-Hayward Bridge  နဲ႕ .
.
.
.
ေနာက္ထပ္  Antioch Bridge ၊ Benicia-Martinez Bridge နဲ႕  Carquinez Bridge တို႕က ကြ်န္ေတာ္မေရာက္ဖူးဘူး။
.
.
FasTrak ကုိ သံုးရတာလည္း လြယ္တယ္ခင္ဗ်။ Costco စတုိးဆိုင္ၾကီးမွာ ( ၂၅ ) ေဒၚလာနဲ႕ ပထမဦးဆံုးဗူးကိုဝယ္ ၊ အိမ္ေရာက္ေတာ႕ ေမာင္းမဲ႕ကားနဲ႕စာရင္းသြင္း - Register လုပ္လိုက္ရံုနဲ႕ ကားေပၚတင္ေမာင္းဖို႕အဆင္သင္႕ျဖစ္သြားျပီ။
.
အခုေတာ႕ဗ်ာ .. အေမရိကားမွာ လမ္းေပၚမွာ၊ တံတားေတြေပၚမွာ ကားေတြ ပိတ္မေနေအာင္၊ တန္းမစီေနရေအာင္၊ တစ္လစ္တစ္လစ္ျဖစ္မေနေအာင္ ၤFasTrak ဆုိတဲ႕ ကြန္ပ်ဴတာစံနစ္နဲ႕ လက္ခံ - Scanner တို႕ေပါင္းစပ္ျပီး ကားေတြရဲ႕အေလးခ်ိန္ေၾကာင္႕ တံတားရဲ႕ခံဝန္အားမပ်က္စီးဖို႕ကိုလည္း ထည္႕တြက္ထားၾကတယ္။
.
.
တစ္ကယ္ေတာ႕ အေမရိကားမွာ ကားမ်ားသေလာက္ ကားမၾကပ္တဲ႕အေၾကာင္းရင္းက ကားေတြအားလံုးကို မရပ္တမ္းသြားေနခုိင္းတာပဲဗ်။ ရုတ္တရက္ေတြးၾကည္႕ရင္ ကြ်န္ေတာ္ေျပာတာ မယံုၾကည္ႏုိင္ေလာက္ဘူး မဟုတ္ေလာက္ဘူးလို႕ထင္စရာရွိတယ္။ ဒါေပမယ္႕ မ်က္စိထဲျမင္သာေအာင္ ေရဘံုပိုင္ကေေနက်လာတဲ႕ေရ က ရပ္ေနတယ္ဆုိတာ ရွိလုိ႕လား? ေရပိုက္ထဲမွာ ေရမစီးႏုိင္ေလာက္ေအာင္ တစ္ခုခုက ခံေနမွ ေရပုိက္ပိတ္တယ္လို႕ ေျပာရမွာေပါ႕ .. မဟုတ္ဘူးလား?
.
အခု အေမရိကားမွာ အျမန္လမ္းေတြေပၚမွာ တစ္နာရီ ( ၆၅ ) မုိင္ ႏႈန္း နဲ႕ ေမာင္းေနတဲ႕ကားတစ္စီးပဲ ပိတ္ေနၾကည္႕လိုက္ .. ေနာက္က တန္းစီျပီး ရပ္ကုန္ေရာ။ တံတားေတြေပၚမွာလည္း ထုိနည္းလည္းေကာင္းပဲေလ။ ကားမပိတ္ဖို႕ ၊ ကားေတြမရပ္တမ္းေမာင္းႏုိင္ဖို႕လုပ္ေဆာင္ေပးႏုိင္မွ ကားလမ္းၾကပ္တာကုိ ေျဖရွင္းႏုိင္လိမ္႕မယ္။ ကားမ်ားတာက အဓိကျပသနာမဟုတ္ဘူး .. အဲဒါကိုေျပာခ်င္တာ ကုိညီ။ ဒီေန႕ေတာ႕ Uber ဇာတ္လမ္းကေန ကား၊ လမ္း၊ တံတားေတြဘက္ေရာက္သြားတယ္ဗ်ာ .. ေဆာရီး ..။
.
.
ကုိရူပါက ေဆာရီး လို႕သာေျပာေနတာ .. သူေျပာျပသြားတဲ႕အထဲမွာ ကြ်န္ေတာ္မသိတာေတြအမ်ားၾကီးပါတယ္။ ဘဝဆိုတဲ႕အထဲမွာ အေမရိကားေရာက္ေနတဲ႕ဘဝတူေတြ မကူညီႏုိင္တဲ႕ထဲမွာ ကားေမာင္းတာ တစ္ခုအပါအဝင္ပါ။
.
ဘဝဆိုတာ ကိုယ္တိုင္ျဖတ္သန္းရတယ္။  ကားကုိ ကုိယ္တိုင္ေမာင္းရတယ္။ တံတားကို ကိုယ္တိုင္ျဖတ္ရတယ္။ တံတားျဖတ္ခေပးပံုေပးနည္းထဲက တစ္ခါျဖတ္တစ္ခါေပးလား? အားလံုးအတြက္ၾကိဳေပးျပီးသားလား? မေပးပဲ ျဖတ္ေမာင္းျပီး ေနာက္မွ ဒဏ္ေငြေဆာင္တာလား ဒါပဲ ကြာတယ္။ ဒီၾကားထဲ ကိုရူပါ႕လုိ Uber ေမာင္းျပီး အပိုဝင္ေငြရွာရသူကေတာ႕ ပိုပင္ပန္းတာ ေသခ်ာတာေပါ႕ဗ်ာ..။
.
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
10-08-2016
.
.
.
Unicode Version:
.
.
“ ရူပါမောင်းတဲ့ အူဘာဇာတ်ကြောင်း။ ဂီယာကြီးအမှတ် ( ၃ )  ( ဘဝဆိုတဲ့တံတားပေါ်ဝယ် ) ”
.
( ကိုရူပါဆက်ပြောသည် ) ပြောရဦးမယ် ကိုညီညီ ရေ ..။ အ, ချက် .. အ, ချက်..။ ကိုယ်က သူများမှားတာမြင်ထားဖူးလို့ ကိုယ့်အလှည့်ကြုံရတော့ ဒုက္ခကလွတ်ပြီမထင်နဲ့ဗျို့..။ တစ်ကယ်ကြုံဖူးမှ “ ဖြေရှင်းတယ် “ ဆိုတဲ့ကိစ္စက တော်တော်နက်နဲတယ်ဆိုတာ သိလာရတယ်။
.
တစ်လောကဗျာ .. ပြောရရင် တော်တော်တောင်ကြာပြီ။ လွန်ခဲ့တဲ့ ( ၄ ) နှစ်လောက်ကပေါ့။ အစ်ကိုတစ်ယောက်က ဆန်ဖရန်စစ္စကိုတံတားတစ်ခုမှာ တံတားဖြတ်ခကောက်တဲ့ Toll Gate ကို ဖြတ်မောင်းတုန်းက အတွေ့အကြုံလေးကို ပြောပြဖူးတယ်။
.
.
အဲဒီအစ်ကိုက ကားမောင်းကျွမ်းတယ်။ မြန်မာနိုင်ငံမှာကတည်းက ကျွမ်းတာ။ အမေရိကားရောက်တော့လည်း မတူညီတဲ့လမ်းစည်းကမ်းတွေကို ပိုပိုသာသာလေ့လာရတာကလွဲရင် ကားကိုသပ်သပ်ရပ်ရပ်မောင်းနိုင်တယ်။ ( ၈ ) လမ်းသွားကနေ စုပြုံဝင်လာတဲ့ကားတွေကို Toll ကောက်တဲ့အခါ တစ်ချို့က တစ်ခါရပ် တစ်ခါပေး ( ၅ ) ဒေါ်လာ ( ၆ ) ဒေါ်လာဆိုပြီး ပေးရတယ်။
.
တစ်ရက် အဲဒီအစ်ကိုက Toll Gate နားကပ်လာတော့ ကားတန်းရှည်ကြီးဖြစ်နေရော။ ဒါပေမယ့် ဘယ်ဘက်ထောင့်ကိုကြည့်လိုက်တော့ ကားတွေက တန်းစီစရာမလိုပဲ တစ်ဝှီးဝှီး နဲ့ ဖြတ်မောင်းသွားကြတယ်။ ဒါကို တန်းစီနေတဲ့ကားတွေ ညံ့လိုက်တာ ဆိုပြီး သူက အေးအေးဆေးဆေးနဲ့ဖြတ်မောင်းသွားတယ်လေ။ ပိုင်တယ်မဟုတ်လား ကိုညီ ?
.
.
ဒါပေမယ့် မပိုင်တဲ့အခြေအနေက အဲဒီအစ်ကို့အိမ်ကို ဒဏ်ကြေးဆောင်ခိုင်းတဲ့လက်မှတ် - Toll Gate Ticket ရောက်လာမှ သိရတယ်။ စာရွက်ကိုယူပြီး သူ့ထက်နားလည်တဲ့ ဒီဘက်နိုင်ငံက နောက်ထပ်အစ်ကိုတစ်ယောက်ကိုမေးတော့ ဘဏ်ကဒ်နဲ့တံတားဖြတ်ခပိုပေးထားတဲ့ FasTrak ဆိုတာရှိတယ်။ FasTrak ဗူးလေးကို ကားထဲမှာထားမှ ကားကဖြတ်အမောင်း - ကားထဲက FasTrak က ကွန်ပျူတာချစ်ပ် ကို လှမ်းအဖတ် - သက်တမ်းရှိတဲ့ FasTrak က ကြိုသွင်းထားတဲ့ငွေကို တစ်ခါဖြတ် တစ်ခေါက်စာနှုတ် - အဲဒီလိုပေးရတာလို့ ရှင်းပြတယ်။
.
ဒါပေမယ့် ကားမောင်းကျွမ်းတဲ့အဲဒီအစ်ကိုရဲ့ တပ်မတော်ရဲ့သဘောထားအမှန်ကိုသိမြင်မှုဟာ တံတားဖြတ်ခမဆောင်တဲ့ဖြတ်ပြေးခဒဏ်ငွေ ( ၃၅ ) ဒေါ်လာဆောင်ရတဲ့အခါ အသိနောက်ကျသွားရပါပြီ။
.
.
တစ်ကယ်မပိုင်တာက ကျွန်တော် … ကိုညီညီ ရ..။ ဟိုးတစ်ရက်ကဗျာ .. ဆန်ဖရန်စစ္စကိုက Golden Gates တံတားမှာ Uber ကားခေါ်တာ သွားတင်တယ်ဗျ။ သူတို့သွားမှာက သစ်ပင်နီမြို့တော် - Redwood City - အဝေးပြေးလမ်း - Free Way လမ်းပေါ်တက်ရမယ်။ အဲဒါနဲ့ ပါဆင်ဂျာတွေကို ကားပါကင်ကတင်ပြီးတော့ အဝေးပြေးလမ်းပေါ်တက်တော့ အပေါ်ကပြောခဲ့တဲ့ GG တံတားကိုဖြတ်ရတယ်။
.
ကားခပေးမယ်လို့စဉ်းစားတော့ အရင်လူစောင့်ပြီးငွေကောက်တဲ့ဂိတ်တွေက ပိတ်ထားသဗျ။ အဲဒါနဲ့ စိတ်ညစ်ညစ်နဲ့ဖြတ်မောင်းလာရင်း အတောင်ပံပေါက်ပြီးပျံသွားတဲ့ ( ၃၅ ) ဒေါ်လာကို စိတ်ထဲကမြင်လာမိတယ်။ ပိုဆိုးတာက အဲဒီနေ့ Uber ဆွဲသမျှ GG တံတားကို ( ၄ ) ခေါက်တိတိဖြတ်ရတဲ့ခရီးစဉ်တွေ ဖြစ်နေတယ်လေ။ ဒါဆိုရင် ဆောင်ရမယ့် ဒဏ်ငွေဒေါ်လာ ( ၁၄ဝ ) နဲ့ မိန်းမနဲ့စာရင်းဘယ်လိုရှင်းရပါ့ဆိုပြီး စိတ်လေးလိုက်တာလေ။ ဒီလိုနဲ့ အိမ်ကို Toll Gates Ticket ရောက်လာရော .. အဲဒီမှာ ရေးထားတာက ..။
.
.
ပေးဆောင်ရန် ( ၇.၅ဝ ) ဒေါ်လာဆိုပြီး ပထမဦးဆုံးတစ်ခေါက်စာကို Ticket နဲ့ တောင်းပြီး နောက်ပိုင်း ( ၃ ) ခေါက်စာကို သူ့ကုမ္ပဏီဝဘ်ဆိုဒ်ထဲဝင်ပြီး ကျွန်တော့နာမယ်၊ နေရပ်လိပ်စာ၊ ကားနံပါတ်၊ သုံးမယ့်ကားအရေအတွက် နဲ့ ဘဏ်ကဒ်အချက်အလက်တွေနဲ့ စာရင်းပေးသွင်းလိုက်တာ ဘာဒဏ်ငွေမှမဆောင်ရတော့ဘူးဗျို့။
.
အမှန်က သူ့နေရာ သူ့ဒေသ နဲ့ အကျိုးတူပေါင်းဖက် တံတားဖြတ်ခကောက်ခံတဲ့ကုမ္ပဏီတွေက တူမှာတော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် Uber ဆွဲတဲ့ ဆန်ဖရန်စစ္စကိုပင်လယ်အောင်ဒေသ - Bay Area မှာ ကားပေါ်မှာ FasTrak ဆောင်ထားရင် တံတား ( ၈ ) စင်းပေါ်မှာ အမြန်ဖြတ်မောင်းလို့ရတယ်။
.
.
အဲဒီထဲမှာ ကျွန်တော်သိတဲ့
.
Facebook ရုံးချုပ်ရှိတဲ့နားက Dumbarton Bridge ၊
.
ဘားကလေတက္ကသိုလ်ဘက်ကနေ ဆန်ဖရန်ဘက်ကိုဝင်တဲ့ Richmond-San Rafael Bridge ၊
.
ဆန်ဖရန်မြို့ကို ရှေ့တည့်တည့်ကနေဝင်ရတဲ့ San Francisco-Oakland Bay Bridge ၊
.
ဆန်ဖရန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ကုန်းတွင်းဘက်ကူးတဲ့ San Mateo-Hayward Bridge  နဲ့ .
.
ကမ္ဘာကျော် Golden Gate Bridge တွေ ပါတယ်။
.
.
နောက်ထပ်  Antioch Bridge ၊ Benicia-Martinez Bridge နဲ့  Carquinez Bridge တို့က ကျွန်တော်မရောက်ဖူးဘူး။
.
.
FasTrak ကို သုံးရတာလည်း လွယ်တယ်ခင်ဗျ။ Costco စတိုးဆိုင်ကြီးမှာ ( ၂၅ ) ဒေါ်လာနဲ့ ပထမဦးဆုံးဗူးကိုဝယ် ၊ အိမ်ရောက်တော့ မောင်းမဲ့ကားနဲ့စာရင်းသွင်း - Register လုပ်လိုက်ရုံနဲ့ ကားပေါ်တင်မောင်းဖို့အဆင်သင့်ဖြစ်သွားပြီ။
.
အခုတော့ဗျာ .. အမေရိကားမှာ လမ်းပေါ်မှာ၊ တံတားတွေပေါ်မှာ ကားတွေ ပိတ်မနေအောင်၊ တန်းမစီနေရအောင်၊ တစ်လစ်တစ်လစ်ဖြစ်မနေအောင် ၤFasTrak ဆိုတဲ့ ကွန်ပျူတာစံနစ်နဲ့ လက်ခံ - Scanner တို့ပေါင်းစပ်ပြီး ကားတွေရဲ့အလေးချိန်ကြောင့် တံတားရဲ့ခံဝန်အားမပျက်စီးဖို့ကိုလည်း ထည့်တွက်ထားကြတယ်။
.
.
တစ်ကယ်တော့ အမေရိကားမှာ ကားများသလောက် ကားမကြပ်တဲ့အကြောင်းရင်းက ကားတွေအားလုံးကို မရပ်တမ်းသွားနေခိုင်းတာပဲဗျ။ ရုတ်တရက်တွေးကြည့်ရင် ကျွန်တော်ပြောတာ မယုံကြည်နိုင်လောက်ဘူး မဟုတ်လောက်ဘူးလို့ထင်စရာရှိတယ်။ ဒါပေမယ့် မျက်စိထဲမြင်သာအောင် ရေဘုံပိုင်ကေနေကျလာတဲ့ရေ က ရပ်နေတယ်ဆိုတာ ရှိလို့လား? ရေပိုက်ထဲမှာ ရေမစီးနိုင်လောက်အောင် တစ်ခုခုက ခံနေမှ ရေပိုက်ပိတ်တယ်လို့ ပြောရမှာပေါ့ .. မဟုတ်ဘူးလား?
.
အခု အမေရိကားမှာ အမြန်လမ်းတွေပေါ်မှာ တစ်နာရီ ( ၆၅ ) မိုင် နှုန်း နဲ့ မောင်းနေတဲ့ကားတစ်စီးပဲ ပိတ်နေကြည့်လိုက် .. နောက်က တန်းစီပြီး ရပ်ကုန်ရော။ တံတားတွေပေါ်မှာလည်း ထိုနည်းလည်းကောင်းပဲလေ။ ကားမပိတ်ဖို့ ၊ ကားတွေမရပ်တမ်းမောင်းနိုင်ဖို့လုပ်ဆောင်ပေးနိုင်မှ ကားလမ်းကြပ်တာကို ဖြေရှင်းနိုင်လိမ့်မယ်။ ကားများတာက အဓိကပြသနာမဟုတ်ဘူး .. အဲဒါကိုပြောချင်တာ ကိုညီ။ ဒီနေ့တော့ Uber ဇာတ်လမ်းကနေ ကား၊ လမ်း၊ တံတားတွေဘက်ရောက်သွားတယ်ဗျာ .. ဆောရီး ..။
.
.
ကိုရူပါက ဆောရီး လို့သာပြောနေတာ .. သူပြောပြသွားတဲ့အထဲမှာ ကျွန်တော်မသိတာတွေအများကြီးပါတယ်။ ဘဝဆိုတဲ့အထဲမှာ အမေရိကားရောက်နေတဲ့ဘဝတူတွေ မကူညီနိုင်တဲ့ထဲမှာ ကားမောင်းတာ တစ်ခုအပါအဝင်ပါ။
.
ဘဝဆိုတာ ကိုယ်တိုင်ဖြတ်သန်းရတယ်။  ကားကို ကိုယ်တိုင်မောင်းရတယ်။ တံတားကို ကိုယ်တိုင်ဖြတ်ရတယ်။ တံတားဖြတ်ခပေးပုံပေးနည်းထဲက တစ်ခါဖြတ်တစ်ခါပေးလား? အားလုံးအတွက်ကြိုပေးပြီးသားလား? မပေးပဲ ဖြတ်မောင်းပြီး နောက်မှ ဒဏ်ငွေဆောင်တာလား ဒါပဲ ကွာတယ်။ ဒီကြားထဲ ကိုရူပါ့လို Uber မောင်းပြီး အပိုဝင်ငွေရှာရသူကတော့ ပိုပင်ပန်းတာ သေချာတာပေါ့ဗျာ..။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
10-08-2016
.
.


“ ရူပါေမာင္းတဲ႕ အူဘာဇာတ္ေၾကာင္း။ ဂီယာၾကီး အမွတ္ ( ၄ ) ( Care Center ေရာက္တဲ႕ခဏ ) ”
.
တစ္ခုေတာ႕ၾကိဳေျပာထားရဦးမယ္ ကိုညီညီ ..။ ကြ်န္ေတာ္ျပန္ေျပာျပေနတဲ႕ Uber ဇာတ္ေၾကာင္းေတြဟာ ကုိယ္တုိင္ေမာင္းပုိ႕ရတဲ႕ ခရီးသည္ေတြရဲ႕ေျပာၾကားခ်က္ေတြ၊ ေမးခြန္းေတြ၊ အေျဖေတြကို လွီးျဖတ္ခုတ္ထစ္ထားတဲ႕ ဘဝရုပ္ပံု အသုတ္စံုလုိ႕ေျပာလုိ႕ရပါတယ္။ သူတို႕ရဲ႕ ေခြ်းနံ႕ေတြေၾကာင္႕ ကြ်န္ေတာ႕ကားရဲ႕ အဲယားကြန္းဖြင္႕လို႕ေတာင္ မေအးႏိုင္တဲ႕ ခပ္ဆန္းဆန္းဇာတ္လမ္းမ်ိဳးေလးေတြလည္း ၾကားရတတ္တယ္။
.
ဒါေၾကာင္႕ ဘယ္ဟာကအမွန္၊ ဘယ္ဟာကအမွားဆိုတာ ေျပာျပသူေတြေပၚမွာသာမူတည္သလို သူတို႕ေျပာတာမမွန္လို႕လည္း သူတို႕ကို ကြ်န္ေတာ္က ေနာက္တစ္ေခါက္ျပန္ေတြ႕ဖုိ႕ အခြင္႕အလမ္းလံုးဝမရွိပါဘူး။ ဒါေၾကာင္႕ တစ္ခ်ိဳကိစၥေတြမွာ ကိုယ္တိုင္ရွာေဖြထားတဲ႕အခ်က္အလက္ေတြနဲ႕ တုိက္ဆိုင္ျပီးမွ လက္ခံသင္႕တာကိုလက္ခံတတ္ၾကဖို႕ ကုိညီညီ ရဲ႕ စာဖတ္ပရိသတ္ကို ေျပာျပေပးထားပါဦးေနာ္..။
.
.
တစ္ေခါက္မွာေတာ႕ “ Mike ” ဆုိတဲ႕ ခရီးသည္တစ္ေယာက္ကုိ ကြ်န္ေတာ္သြားေခၚရတယ္။ ေတြ႕တာနဲ႕ကားေပၚတက္မယ္ဆုိေတာ႕ အတန္ငယ္ဝတဲ႕ ဘုိအစစ္ အဖုိးၾကီးတစ္ေယာက္ျဖစ္ေနတယ္။ ဒါနဲ႕ ကားေပၚတက္ေတာ႕ သူက ဟုိလမ္းကေမာင္း ဒီလမ္းကေမာင္းဆုိျပီး စကားစရာကေန ဇာတ္လမ္းေလးတစ္ပုဒ္ကို သိခဲ႕ရတယ္။
.
သူ ကားမွာတဲ႕ေနရာက အလယ္တန္းေက်ာင္းေလးတစ္ေက်ာင္းျဖစ္ပါတယ္။ ဒီေနရာကို Mike ( ဦးမုိက္ ဟု ဆက္လက္ေခၚေဝၚပါမည္ ) က အၾကံေပးလာလုပ္တယ္လို႕သိရတယ္။ သူ႕ရဲ႕ကားေမာင္းလိုင္စင္ ကို ေဆးခန္းျပတဲ႕ဆရာဝန္ကသိမ္းလိုက္တဲ႕ေနာက္ပိုင္း သူကားေမာင္းခြင္႕မရွိေတာ႕တာကိုအခြင္႕ေကာင္းယူျပီး သူ႕သား နဲ႕ သမီးက သူ႕ကို ကားေပးမေမာင္းတာလုိ႕ ရွင္းျပတယ္။
.
.
အမွန္က ဦးမုိက္ ဟာ ကားေမာင္းရင္ ေဘးကင္းလံုျခံဳမႈမရွိေတာ႕တာေၾကာင္႕ သူ႕ဆရာဝန္က သိမ္းလိုက္တာပါ။ ည ည အိပ္မရလို႕ဆုိျပီး ဆရာဝန္ျပရာကေန အိပ္ေဆးကို မသိမသာၾကဳိက္လာရင္း ေနာက္ပိုင္း ဆရာဝန္ေျပာတဲ႕ တစ္ရက္တစ္လံုးထက္ပုိေသာက္ေတာ႕ ကုိယ္႕ပိုက္ဆံနဲ႕ကိုယ္ဝယ္ေသာက္တာ အစြဲၾကီးစြဲလာပါတယ္။
.
ရထားတဲ႕ လူၾကီးက်န္းမာေရးအာမခံ - Insurance ရဲ႕ေငြနဲ႕မေလာက္လို႕ အျပင္က တိတ္တဆိတ္လည္း ဝယ္ေသာက္ပါတယ္ တဲ႕။ ဒီအထိက အေရးမၾကီးဘူး .. အေရးၾကီးတာက သူဟာ အရာရာကိုေမ႕တတ္လာတယ္။ ဘယ္လိုမ်ိဳးလဲဆုိေတာ႕ တစ္ခါမ်ားဆို ကားေမာင္းရင္း ဘယ္ကိုေမာင္းေနမွန္းမသိေတာ႕တဲ႕အထိျဖစ္ခဲ႕တာေၾကာင္႕ သား နဲ႕ သမီးက ကားေသာ႕ကိုသိမ္းထားလိုက္ပါတယ္။
.
.
အပ်က္အပ်က္နဲ႕ ဆက္ေမ႕လာတဲ႕အခါ သြားလာလႈပ္ရွားသမွ်မွာ ဟိုတုိက္မိ ဒီတိုက္မိ ယိမ္းတိမ္းယိုင္တုိင္ဘဝကို အသက္ၾကီးသူတို႕ရဲ႕ထံုးစံအတုိင္း မနည္းၾကီးသတိထားေနလာရတယ္လို႕ေျပာျပတယ္။ အေမရိကားမွာ သက္ၾကီးရြယ္အုိတစ္ေယာက္ ဒီလိုျဖစ္ေနျပီဆုိရင္ အလုပ္တက္သူေတြက အိမ္မွာအျမဲမေစာင္႕ႏုိင္တာက ဦးမုိက္ရဲ႕ ဘဝထဲကိုျပသနာအတြဲလိုက္ယူေဆာင္လာပါတယ္။
.
သူ႕သား နဲ႕ သမီးတို႕ တုိင္ပင္ျပီး သူတို႕အေဖကို လူအိုေစာင္႕ေရွာက္ေရး - Elder Care Center ကုိပုိ႕ျပီး သူ႕အိမ္ကုိပါေရာင္းဖို႕စီစဥ္ၾကတယ္။ ဦးမုိက္အိမ္ဝယ္တုန္းက ေဒၚလာ ( ၆ဝဝဝဝဝ ) ၊ အိမ္အေၾကြးက်န္တာက ( ၂ဝဝဝဝဝ ) ၊ ဒီၾကားထဲမွာ သူ႕သားသြင္းေပးထားတဲ႕ ( ၂ဝဝဝဝဝ ) ကုိႏႈတ္လိုက္ရင္ အိမ္ေရာင္းျပီးသြားရင္ သူ႕လက္ထဲမွာ ေဒၚလာ ( ၁၅ဝဝဝဝ ) ေလာက္က်န္မယ္လို႕ ကားေရွ႕ခန္းမွာ သူထုိင္တြက္ေနတယ္။
.
စဥ္းစားၾကည္႕ဦးဗ်ာ ..။ အေမရိကားမွာ ဦးမုိက္လို အသက္ ( ၇၃ ) ႏွစ္ရွိတာေတာင္ အိမ္မပိုင္ေသးဘူးဗ်။ က်န္းမာေနတုန္း သြားႏုိင္လာႏုိင္တုန္း သားသမီးနဲ႕အတူတူေနတယ္။ ေနမွာေပါ႕ အိမ္လခမွမေပးရတာကိုး။ အခုလို တစ္ေယာက္တည္းမရပ္တည္ႏုိင္တဲ႕အခါ ဘယ္သားသမီးက အလုပ္ထြက္ျပီး မိဘရဲ႕ဘဝေနဝင္ခ်ိန္ေနမင္းၾကီးကုိ အတူတူထုိင္ေငးၾကည္႕ေပးၾကသလဲလို႕..။
.
.
ျပီးေတာ႕ အေမရိကားမွာ သားကေန အေဖ၊ အေဖကေန သား အိမ္ေရာင္းျပီးသြားရင္ သူစုိက္ေငြ၊ ကိုယ္စုိက္ေငြဆိုျပီး ျပန္ခြဲၾကတယ္ေလ။ အခုက အေဖအိမ္ဝယ္တာကို သားက စုိက္ထားလုိ႕ ျပန္ေပးရမွာ။ သားအိမ္ဝယ္တုန္း စုိက္တဲ႕အေဖ႕ရဲ႕ေငြဆုိ ဘယ္မိဘကျပန္ေတာင္းပါေတာ႕မလဲ .. ဒါကို ကြ်န္ေတာ္ေလ ၾကိတ္ေတြးေနရင္း စီယာတုိင္ကိုင္တဲ႕လက္သီးကို ဦးမုိက္မျမင္ေအာင္ မနည္းကြယ္ထားရတယ္။
.
ျပီးေတာ႕ ရွိေသးတယ္။ အခု လူအိုရံုမွာသြားေနရတာ အခမဲ႕မဟုတ္ဘူးဗ်။ တစ္လကို ေဒၚလာ ( ၁၅ဝဝ ) နဲ႕ ( ၂ဝဝဝ ) ၾကားေပးရတယ္။ တစ္ရက္ကို ( ၃ ) ႏွပ္ေကြ်းတယ္။ ဒါကိုလည္း ဦးမုိက္က မစားခ်င္ဘူးလို႕ ေဘးကေန ေျပာေနတယ္။
.
.
ဒါတင္ပဲလားဆိုေတာ႕ မဟုတ္ေသးဘူး .. သူအိမ္ေရာင္းလို႕ပုိတဲ႕ေငြ တစ္နည္းအားျဖင္႕ တစ္သက္လံုးအလုပ္လုပ္ခဲ႕ျပီးစုေဆာင္းခဲ႕တဲ႕တာမွန္သမွ် အခု လူအိုရံုမွာ အကုန္သံုးလုိက္ဖို႕ ဦးမုိက္ က ျပင္ဆင္ေနပံုရတယ္။ ကြ်န္ေတာ္က ဦးမုိက္ကို ေမးၾကည္႕တယ္ “ Mr. Mike, aren’t you mad at your kids? ” ဆိုေတာ႕ ဦးမုိက္က ရယ္ျပီး “ A Little ” လို႕ မၾကားတၾကားေျဖတယ္။
.
ဒီအေျခအေနေရာက္ေအာင္တြန္းပို႕ခဲ႕တာက ဦးမုိက္ဟာ အိပ္ေဆးကိုေသာက္ရင္း ဖီလင္တက္ - High လာတာကို ၾကိဳက္သြားလို႕ပဲ။ အသက္က ၾကီးျပီေလ။ ဒါကို ဦးမုိက္က ေျပာေသးတယ္။ သူတုိ႕ Care Center မွာ လူၾကီးေတြကို မွတ္ဥာဏ္တိုးတက္ေအာင္သင္တန္းေပးတာ ရွိတယ္။ ကိန္းဂဏန္းေတြရြတ္ျပတာကို ျပန္ဆိုခုိင္းတာေတာ႕ သူသိပ္ကြ်မ္းတယ္။ ဒါေပမယ္႕ ပံုတစ္ပံုေျပာျပျပီး ေနာက္တစ္ရက္က်ေတာ႕ ပံုျပင္ကဘာေျပာခဲ႕တာလဲလုိ႕ျပန္ေမးရင္ သိပ္စိတ္ညစ္တယ္ တဲ႕။
.
.
လူအိုရံုပို႕ျပီး သားသမီးက အိမ္ကႏွင္ခ်တယ္ဆုိျပီး မ်က္ကန္းေတာတိုး အျပစ္ေျပာလို႕ေတာ႕မရဘူး။ အေမရိကားမွာ ေဘးကင္းလံုျခံဳေရးကပထမ - Safety First ဆုိတာက သိတဲ႕အတုိင္းပဲ .. လူ႕အခြင္႕အေရးလုိပဲ ေနရာတကာတြင္က်ယ္တယ္။ ဒါေၾကာင္႕ ကေလးငယ္ရင္ အိမ္မွာထားခဲ႕လုိ႕မရသလို လူၾကီးလူအိုကို အေဖာ္မရွိပဲ အိမ္မွာတစ္ေယာက္တည္းမထားၾကဘူး။
.
ဒါေၾကာင္႕ ကုိညီ ေရ ..။ ငယ္ငယ္တုန္းက အျမဲေျပာခဲ႕တဲ႕ American System ဆုိတာ မွတ္မိေသးလား? မင္းစားတာမင္းရွင္း .. ငါစားတာငါရွင္းမယ္ ဆိုတာေလ။ ေအး .. အဲဒီအတုိင္းပဲ။ အသက္ၾကီးပါေစ အသက္ငယ္ပါေစ ကုိယ္ျဖစ္ရင္ ကိုယ္႕မွာရွိမွ ကုိယ္႕ဟာကိုယ္ ကယ္ႏုိင္မွာ။ ေဟာ .. လက္ကုိင္ဖုန္းမွာ အြန္လုိင္းဖြင္႕လုိက္တာနဲ႕ Uber က လွမ္းေခၚျပီ။ သြားလိုက္ဦးမယ္ ကိုညီ ေရ ..။
.
.
ကုိရူပါ ထအသြားမွာ သူနဲ႕အျပိဳင္မလုိက္ႏုိင္တာက ကြ်န္ေတာ႕စိတ္ေရအလ်ဥ္ပါ။ ကြန္ပ်ဴတာေရွ႕ေရာက္ေတာ႕လည္း အရင္ေရးထားဖူးတဲ႕ “ ကြ်န္ေတာ္တို႕ဘယ္လုိအုိၾကမလဲ ” ဆုိတဲ႕ ေဆာင္းပါးေလးကို ျပန္ဖတ္ခ်င္လို႕ရွာပါတယ္ဆုိမွ ေတာ္ေတာ္နဲ႕ေတြ႕ေအာင္ရွာမေပးႏုိင္တဲ႕ မႈန္ေနတဲ႕ကြ်န္ေတာ႕မ်က္စိႏွစ္ကြင္းကိုပဲ အျပစ္တင္ေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
10-13-2016
.
.
.
Unicode Version:
.
.
“ ရူပါမောင်းတဲ့ အူဘာဇာတ်ကြောင်း။ ဂီယာကြီး အမှတ် ( ၄ ) ( Care Center ရောက်တဲ့ခဏ ) ”
.
တစ်ခုတော့ကြိုပြောထားရဦးမယ် ကိုညီညီ ..။ ကျွန်တော်ပြန်ပြောပြနေတဲ့ Uber ဇာတ်ကြောင်းတွေဟာ ကိုယ်တိုင်မောင်းပို့ရတဲ့ ခရီးသည်တွေရဲ့ပြောကြားချက်တွေ၊ မေးခွန်းတွေ၊ အဖြေတွေကို လှီးဖြတ်ခုတ်ထစ်ထားတဲ့ ဘဝရုပ်ပုံ အသုတ်စုံလို့ပြောလို့ရပါတယ်။ သူတို့ရဲ့ ချွေးနံ့တွေကြောင့် ကျွန်တော့ကားရဲ့ အဲယားကွန်းဖွင့်လို့တောင် မအေးနိုင်တဲ့ ခပ်ဆန်းဆန်းဇာတ်လမ်းမျိုးလေးတွေလည်း ကြားရတတ်တယ်။
.
ဒါကြောင့် ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားဆိုတာ ပြောပြသူတွေပေါ်မှာသာမူတည်သလို သူတို့ပြောတာမမှန်လို့လည်း သူတို့ကို ကျွန်တော်က နောက်တစ်ခေါက်ပြန်တွေ့ဖို့ အခွင့်အလမ်းလုံးဝမရှိပါဘူး။ ဒါကြောင့် တစ်ချိုကိစ္စတွေမှာ ကိုယ်တိုင်ရှာဖွေထားတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်ပြီးမှ လက်ခံသင့်တာကိုလက်ခံတတ်ကြဖို့ ကိုညီညီ ရဲ့ စာဖတ်ပရိသတ်ကို ပြောပြပေးထားပါဦးနော်..။
.
.
တစ်ခေါက်မှာတော့ “ Mike ” ဆိုတဲ့ ခရီးသည်တစ်ယောက်ကို ကျွန်တော်သွားခေါ်ရတယ်။ တွေ့တာနဲ့ကားပေါ်တက်မယ်ဆိုတော့ အတန်ငယ်ဝတဲ့ ဘိုအစစ် အဖိုးကြီးတစ်ယောက်ဖြစ်နေတယ်။ ဒါနဲ့ ကားပေါ်တက်တော့ သူက ဟိုလမ်းကမောင်း ဒီလမ်းကမောင်းဆိုပြီး စကားစရာကနေ ဇာတ်လမ်းလေးတစ်ပုဒ်ကို သိခဲ့ရတယ်။
.
သူ ကားမှာတဲ့နေရာက အလယ်တန်းကျောင်းလေးတစ်ကျောင်းဖြစ်ပါတယ်။ ဒီနေရာကို Mike ( ဦးမိုက် ဟု ဆက်လက်ခေါ်ဝေါ်ပါမည် ) က အကြံပေးလာလုပ်တယ်လို့သိရတယ်။ သူ့ရဲ့ကားမောင်းလိုင်စင် ကို ဆေးခန်းပြတဲ့ဆရာဝန်ကသိမ်းလိုက်တဲ့နောက်ပိုင်း သူကားမောင်းခွင့်မရှိတော့တာကိုအခွင့်ကောင်းယူပြီး သူ့သား နဲ့ သမီးက သူ့ကို ကားပေးမမောင်းတာလို့ ရှင်းပြတယ်။
.
.
အမှန်က ဦးမိုက် ဟာ ကားမောင်းရင် ဘေးကင်းလုံခြုံမှုမရှိတော့တာကြောင့် သူ့ဆရာဝန်က သိမ်းလိုက်တာပါ။ ည ည အိပ်မရလို့ဆိုပြီး ဆရာဝန်ပြရာကနေ အိပ်ဆေးကို မသိမသာကြိုက်လာရင်း နောက်ပိုင်း ဆရာဝန်ပြောတဲ့ တစ်ရက်တစ်လုံးထက်ပိုသောက်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သောက်တာ အစွဲကြီးစွဲလာပါတယ်။
.
ရထားတဲ့ လူကြီးကျန်းမာရေးအာမခံ - Insurance ရဲ့ငွေနဲ့မလောက်လို့ အပြင်က တိတ်တဆိတ်လည်း ဝယ်သောက်ပါတယ် တဲ့။ ဒီအထိက အရေးမကြီးဘူး .. အရေးကြီးတာက သူဟာ အရာရာကိုမေ့တတ်လာတယ်။ ဘယ်လိုမျိုးလဲဆိုတော့ တစ်ခါများဆို ကားမောင်းရင်း ဘယ်ကိုမောင်းနေမှန်းမသိတော့တဲ့အထိဖြစ်ခဲ့တာကြောင့် သား နဲ့ သမီးက ကားသော့ကိုသိမ်းထားလိုက်ပါတယ်။
.
.
အပျက်အပျက်နဲ့ ဆက်မေ့လာတဲ့အခါ သွားလာလှုပ်ရှားသမျှမှာ ဟိုတိုက်မိ ဒီတိုက်မိ ယိမ်းတိမ်းယိုင်တိုင်ဘဝကို အသက်ကြီးသူတို့ရဲ့ထုံးစံအတိုင်း မနည်းကြီးသတိထားနေလာရတယ်လို့ပြောပြတယ်။ အမေရိကားမှာ သက်ကြီးရွယ်အိုတစ်ယောက် ဒီလိုဖြစ်နေပြီဆိုရင် အလုပ်တက်သူတွေက အိမ်မှာအမြဲမစောင့်နိုင်တာက ဦးမိုက်ရဲ့ ဘဝထဲကိုပြသနာအတွဲလိုက်ယူဆောင်လာပါတယ်။
.
သူ့သား နဲ့ သမီးတို့ တိုင်ပင်ပြီး သူတို့အဖေကို လူအိုစောင့်ရှောက်ရေး - Elder Care Center ကိုပို့ပြီး သူ့အိမ်ကိုပါရောင်းဖို့စီစဉ်ကြတယ်။ ဦးမိုက်အိမ်ဝယ်တုန်းက ဒေါ်လာ ( ၆ဝဝဝဝဝ ) ၊ အိမ်အကြွေးကျန်တာက ( ၂ဝဝဝဝဝ ) ၊ ဒီကြားထဲမှာ သူ့သားသွင်းပေးထားတဲ့ ( ၂ဝဝဝဝဝ ) ကိုနှုတ်လိုက်ရင် အိမ်ရောင်းပြီးသွားရင် သူ့လက်ထဲမှာ ဒေါ်လာ ( ၁၅ဝဝဝဝ ) လောက်ကျန်မယ်လို့ ကားရှေ့ခန်းမှာ သူထိုင်တွက်နေတယ်။
.
စဉ်းစားကြည့်ဦးဗျာ ..။ အမေရိကားမှာ ဦးမိုက်လို အသက် ( ၇၃ ) နှစ်ရှိတာတောင် အိမ်မပိုင်သေးဘူးဗျ။ ကျန်းမာနေတုန်း သွားနိုင်လာနိုင်တုန်း သားသမီးနဲ့အတူတူနေတယ်။ နေမှာပေါ့ အိမ်လခမှမပေးရတာကိုး။ အခုလို တစ်ယောက်တည်းမရပ်တည်နိုင်တဲ့အခါ ဘယ်သားသမီးက အလုပ်ထွက်ပြီး မိဘရဲ့ဘဝနေဝင်ချိန်နေမင်းကြီးကို အတူတူထိုင်ငေးကြည့်ပေးကြသလဲလို့..။
.
.
ပြီးတော့ အမေရိကားမှာ သားကနေ အဖေ၊ အဖေကနေ သား အိမ်ရောင်းပြီးသွားရင် သူစိုက်ငွေ၊ ကိုယ်စိုက်ငွေဆိုပြီး ပြန်ခွဲကြတယ်လေ။ အခုက အဖေအိမ်ဝယ်တာကို သားက စိုက်ထားလို့ ပြန်ပေးရမှာ။ သားအိမ်ဝယ်တုန်း စိုက်တဲ့အဖေ့ရဲ့ငွေဆို ဘယ်မိဘကပြန်တောင်းပါတော့မလဲ .. ဒါကို ကျွန်တော်လေ ကြိတ်တွေးနေရင်း စီယာတိုင်ကိုင်တဲ့လက်သီးကို ဦးမိုက်မမြင်အောင် မနည်းကွယ်ထားရတယ်။
.
ပြီးတော့ ရှိသေးတယ်။ အခု လူအိုရုံမှာသွားနေရတာ အခမဲ့မဟုတ်ဘူးဗျ။ တစ်လကို ဒေါ်လာ ( ၁၅ဝဝ ) နဲ့ ( ၂ဝဝဝ ) ကြားပေးရတယ်။ တစ်ရက်ကို ( ၃ ) နှပ်ကျွေးတယ်။ ဒါကိုလည်း ဦးမိုက်က မစားချင်ဘူးလို့ ဘေးကနေ ပြောနေတယ်။
.
.
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး .. သူအိမ်ရောင်းလို့ပိုတဲ့ငွေ တစ်နည်းအားဖြင့် တစ်သက်လုံးအလုပ်လုပ်ခဲ့ပြီးစုဆောင်းခဲ့တဲ့တာမှန်သမျှ အခု လူအိုရုံမှာ အကုန်သုံးလိုက်ဖို့ ဦးမိုက် က ပြင်ဆင်နေပုံရတယ်။ ကျွန်တော်က ဦးမိုက်ကို မေးကြည့်တယ် “ Mr. Mike, aren’t you mad at your kids? ” ဆိုတော့ ဦးမိုက်က ရယ်ပြီး “ A Little ” လို့ မကြားတကြားဖြေတယ်။
.
ဒီအခြေအနေရောက်အောင်တွန်းပို့ခဲ့တာက ဦးမိုက်ဟာ အိပ်ဆေးကိုသောက်ရင်း ဖီလင်တက် - High လာတာကို ကြိုက်သွားလို့ပဲ။ အသက်က ကြီးပြီလေ။ ဒါကို ဦးမိုက်က ပြောသေးတယ်။ သူတို့ Care Center မှာ လူကြီးတွေကို မှတ်ဥာဏ်တိုးတက်အောင်သင်တန်းပေးတာ ရှိတယ်။ ကိန်းဂဏန်းတွေရွတ်ပြတာကို ပြန်ဆိုခိုင်းတာတော့ သူသိပ်ကျွမ်းတယ်။ ဒါပေမယ့် ပုံတစ်ပုံပြောပြပြီး နောက်တစ်ရက်ကျတော့ ပုံပြင်ကဘာပြောခဲ့တာလဲလို့ပြန်မေးရင် သိပ်စိတ်ညစ်တယ် တဲ့။
.
.
လူအိုရုံပို့ပြီး သားသမီးက အိမ်ကနှင်ချတယ်ဆိုပြီး မျက်ကန်းတောတိုး အပြစ်ပြောလို့တော့မရဘူး။ အမေရိကားမှာ ဘေးကင်းလုံခြုံရေးကပထမ - Safety First ဆိုတာက သိတဲ့အတိုင်းပဲ .. လူ့အခွင့်အရေးလိုပဲ နေရာတကာတွင်ကျယ်တယ်။ ဒါကြောင့် ကလေးငယ်ရင် အိမ်မှာထားခဲ့လို့မရသလို လူကြီးလူအိုကို အဖော်မရှိပဲ အိမ်မှာတစ်ယောက်တည်းမထားကြဘူး။
.
ဒါကြောင့် ကိုညီ ရေ ..။ ငယ်ငယ်တုန်းက အမြဲပြောခဲ့တဲ့ American System ဆိုတာ မှတ်မိသေးလား? မင်းစားတာမင်းရှင်း .. ငါစားတာငါရှင်းမယ် ဆိုတာလေ။ အေး .. အဲဒီအတိုင်းပဲ။ အသက်ကြီးပါစေ အသက်ငယ်ပါစေ ကိုယ်ဖြစ်ရင် ကိုယ့်မှာရှိမှ ကိုယ့်ဟာကိုယ် ကယ်နိုင်မှာ။ ဟော .. လက်ကိုင်ဖုန်းမှာ အွန်လိုင်းဖွင့်လိုက်တာနဲ့ Uber က လှမ်းခေါ်ပြီ။ သွားလိုက်ဦးမယ် ကိုညီ ရေ ..။
.
.
ကိုရူပါ ထအသွားမှာ သူနဲ့အပြိုင်မလိုက်နိုင်တာက ကျွန်တော့စိတ်ရေအလျဉ်ပါ။ ကွန်ပျူတာရှေ့ရောက်တော့လည်း အရင်ရေးထားဖူးတဲ့ “ ကျွန်တော်တို့ဘယ်လိုအိုကြမလဲ ” ဆိုတဲ့ ဆောင်းပါးလေးကို ပြန်ဖတ်ချင်လို့ရှာပါတယ်ဆိုမှ တော်တော်နဲ့တွေ့အောင်ရှာမပေးနိုင်တဲ့ မှုန်နေတဲ့ကျွန်တော့မျက်စိနှစ်ကွင်းကိုပဲ အပြစ်တင်နေမိပါတော့တယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
10-13-2016
.
.
.

“ ရူပါေမာင္းတဲ႕ အူဘာဇာတ္ေၾကာင္း။ ဂီယာၾကီးအမွတ္ ( ၅ )  ( ရင္ထဲမွာသာတဲ႕လ ) ”
.
( ကိုရူပါစေျပာပါသည္ ) ကုိညီညီ ေရ ..။ ကားေမာင္းရတာလြယ္ေပမယ္႕ Uber ကားကုိေမာင္းရတာ ခရီးသည္ကိုဘယ္ကိုပို႕ရမယ္ဆုိတာ မွန္းလို႕မရဘူး။ အရင္ ကြ်န္ေတာ္ေျပာဖူးသလို စီးနင္းသူ - Rider က ကားမွာလို႕ ကုိယ္႕ဖုန္းထဲက App ကို ေခၚသံ - Request ေရာက္လာရင္ ေခၚသူရဲ႕တည္ေနရာကိုပဲျပတာ..။
.
သူသြားမယ္႕ေနရာကို ကြ်န္ေတာ႕လိုကားသမားေတြက ၾကိဳသိရတာမဟုတ္ဘူး။ သူေစာင္႕ေနတဲ႕ေနရာေရာက္မွ ခရီးစတင္ျပီ - Start Trip ဆိုတဲ႕အနီေရာင္ဘားေလးကို ညာဘက္ဆြဲလိုက္မွ ထိပ္မွာ ေမာင္းရမယ္႕လိပ္စာေပၚလာတာေလ .. အဲဒါကိုေျပာတာ..။
.
.
ဒါေၾကာင္႕ ကုိယ္က လူသြားၾကိဳလို႕ ကိုယ္မသြားခ်င္တဲ႕လိပ္စာေပၚလာရင္ စိတ္ပ်က္တဲ႕အခါဆိုတာ ရွိတာေပါ႕။ တစ္ခါတစ္ေလက်ေတာ႕ သြားၾကိဳတဲ႕လူက ျဖဴသလား မည္းသလားမသိ၊ တစ္ခ်ိဳ႕အေခါက္ေတြဆုိ စုတ္စုတ္ျပတ္ျပတ္ မသပ္မရပ္ခရီးသည္ရေပမယ္႕ ေအာင္႕သက္သက္နဲ႕ေမာင္းရတာမ်ိဳးမရွိဘူးလားလို႕ေမးရင္ ရွိဖူးပါတယ္လို႕ပဲ ေျဖရေတာ႕မွာပဲ။ ဒီေန႕ေတာ႕ ကားဆြဲခ်ိန္နည္းမွာစုိးလို႕ စိတ္ဝင္စားစရာဇာတ္လမ္းတစ္ပုဒ္ကို အတိုခ်ံဳးျပီးေျပာျပခ်င္တယ္။
.
တစ္ေခါက္ကဗ်ာ .. အုတ္ကလန္ - Oakland ျမိဳ႕မွာ ဆရာတစ္ေယာက္ နဲ႕ ဆရာမတစ္ေယာက္ကုိ Uberpool နဲ႕ လူသြားၾကိဳေတာ႕ အေနာက္ခန္းမွာ ထိုင္ၾကေရာဗ်ာ။ ဆက္ေမာင္းရတာက ဘားကေလ - Berkeley ျမိဳ႕ .. နာမယ္ၾကီးတကၠသိုလ္ရွိတဲ႕ျမိဳ႕ေလ..။ စကားမစပ္ ဘားကေလျမိဳ႕ေလးဟာ ရန္ကုန္မွာ ကြ်န္ေတာ္ေက်ာင္းတက္တုန္းက လွည္းတန္းနားက စံရပ္ျငိမ္နဲ႕တူတယ္လို႕ မၾကာခဏခံစားမိတယ္။
.
သူ႕မွာ ဘားကေလအထက္တန္းရွိတယ္။ ဘားကေလစီးတီးေကာလိပ္ရွိတယ္ .. ေနာက္ ဘားကေလတကၠသုိလ္ရွိတယ္။ အားလံုးက တစ္ေနရာထဲပဲ။ ေက်ာင္းခ်ိန္ဆို လမ္းေတြက ရႈတ္ပြေနျပီး စေန ၊ တနဂၤေႏြသြားေမာင္းၾကည္႕ လူေတာင္သိပ္မေတြ႕ရဘူး .. ဘားကေလက အဲဒီလိုျမိဳ႕မ်ိဳး..။
.
.
အဲဒီ ( ၂ ) ေယာက္ကုိတင္ျပီး ဘားကေလးျမိဳ႕ထဲကိုဝင္တာနဲ႕ ဒုတိယလူကိုၾကိဳမယ္႕ေနရာကို ကားကေခၚသြားတဲ႕အခါ အုတ္အထူၾကီးအေဆာက္အဦတစ္ခုေရွ႕ကုိေရာက္ပါေလေရာ။ ဒါေပမယ္႕ စီးမယ္႕သူကိုမေတြ႕ပဲ ေခြးနဲ႕မိန္းမၾကီးတစ္ေယာက္ပဲေတြ႕တယ္။ ဒါနဲ႕ ခဏေစာင္႕ရင္း ခုနကေျပာတဲ႕မိန္းမၾကီးက ကားေရွ႕မွန္တံခါးကိုလာေခါက္တယ္ဗ်။
.
အဲ .. အဲဒါမွဒုကၡပဲ .. ကြ်န္ေတာ႕ကားကို Carpool စီးမယ္႕သူက မ်က္စိမျမင္ဘူးကိုး..။ ဒါနဲ႕ အေနာက္ခန္းက ေက်ာင္းဆရာမက အေရွ႕ကိုေျပာင္း၊ ေက်ာင္းဆရာက ဘယ္ဘက္ျခမ္းကိုကပ္စီးလိုက္ေတာ႕ မိန္းမၾကီးက ကားေပၚတက္ဖို႕လုပ္ပါတယ္။
.
.
“ Can I touch you? ” ခင္ဗ်ားလက္ကိုကိုင္လို႕ရမလား? - ကြ်န္ေတာ္ကေမးလုိက္ေပမယ္႕ သူက မလိုဘူးဆိုျပီး သာမန္လူအတိုင္းပဲ ကားေပၚကိုတက္၊ သူ႕ေခြးကုိ ေျခနင္းဖတ္မွာ ေဆာင္႕ေၾကာင္႕ေလးထုိင္ခုိင္းတယ္။ ကားတံခါးပိတ္ေပးတဲ႕ကြ်န္ေတာ္ သိပ္သေဘာက်သြားတာက မ်က္စိမျမင္ဘူးသာဆိုတယ္ .. သူ႕ေခြးေလးရဲ႕အျမီးကိုတံခါးညွပ္မွာစုိးလို႕ ငံု႕ျပီးလက္ေလးနဲ႕ကိုင္ထားတဲ႕ျမင္ကြင္းကုိပါ။
.
ခပ္တိုတိုေျပာရရင္ ပထမ ဆရာ နဲ႕ ဆရာမ သြားလိုတဲ႕ေနရာကိုပုိ႕ျပီးလို႕ သူ႕အိမ္ေရာက္ဖို႕ ( ၈ ) မိနစ္လိုတဲ႕အခ်ိန္မွာ ကြ်န္ေတာ္တုိ႕စကားစေျပာျဖစ္တယ္။ သူ႕ေျပာျပခ်က္အရ မ်က္စိက ေမြးရာပါမျမင္တာကိုသိရသလို အႏွစ္ ( ၃ဝ ) ေက်ာ္အတြင္း အခု လက္ရွိေခြးက အမကေလး ၊ သင္တန္းေပးထားတဲ႕  ( ၅ ) ေကာင္ေျမာက္လို႕ ေျပာျပတယ္။ ေအာ္ .. အဲဒီမိန္းမၾကီးရဲ႕နာမယ္က လူစီ - Lucy တဲ႕။
.
.
ျပီးေတာ႕ ေဒၚလူစီကေျပာျပတယ္။ ကြ်န္ေတာ႕ကားမေရာက္ခင္ အေရွ႕မွာ Uber တစ္စီးေခၚေသးတယ္ တဲ႕။ ေရာက္လာလို႕ ကားတံခါးေခါက္တဲ႕အခါ အဲဒီဒရိုင္ဘာက ဘယ္ေလာက္ရိုင္းသလဲဆိုရင္ ခရီးစဥ္ - Trip ကုိ ဖ်က္၊ Cancel လုပ္ျပီး ေမာင္းထြက္သြားတယ္တဲ႕ေလ။ ေခြးတစ္ေကာင္နဲ႕မ်က္မျမင္မို႕လို႕မတင္ခ်င္ဘူးဆုိတဲ႕ သေဘာေပါ႕။
.
ေဒၚလူစီက ငါ႕ကိုအဲဒါေျပာရင္း သူ႕လက္ထဲက တက္ဘလက္ - Tablet ျပားကို တစ္ေထာက္ေထာက္နဲ႕ရိုက္ေနတာ တကယ္ .. တကယ္ .. မ်က္စိဖြင္႕ျပီးလုပ္ေနတဲ႕အတိုင္းပဲ။ ဒါနဲ႕ ကြ်န္ေတာ္ကေမးၾကည္႕တယ္ .. ဘယ္လိုသံုးတာလဲေပါ႕။ တက္ဘလက္ကလုပ္ေဆာင္ခ်က္ကို အသံထြက္ေပးတဲ႕ Narrator ဖြင္႕ျပီးသံုးတာ က်င္႕သားရေနျပီ တဲ႕။
.
.
ေနာက္တစ္ခ်က္ .. ကြ်န္ေတာ႕ကားတံခါးဖြင္႕ေပးတာကိုေရာဘယ္လုိသိသလဲလို႕ေမးေတာ႕ သူ႕ရဲ႕အႏွစ္ ( ၃ဝ ) ေက်ာ္အေတြ႕အၾကံဳအရ တံခါးဖြင္႕ထားျခင္း နဲ႕ ပိတ္ထားျခင္း တုိ႕ဟာ ေလဟာနယ္မတူဘူး တဲ႕ .. ေတာ္လိုက္တာ။ ဒါေၾကာင္႕ သူအလုိလိုသိေနတယ္ လို႕ ေျပာျပတယ္။ ဒီေနရာမွာ ကြ်န္ေတာ္ငယ္ငယ္တုန္းကအရမ္းၾကိဳက္ခဲ႕တဲ႕ တရုတ္သုိင္းကား “ နဂါးႏုိင္ဓါး ” ထဲက “ မယ္ယကၡ ” က အခု ေဒၚလူစီကို မမွီေလာက္ဘူး။
.
ကြ်န္ေတာ႕ရဲ႕စပ္စုခ်င္စိတ္ဟာ ဒီမွာတင္မရပ္ေသးဘူး “ အိမ္မွာဆုိဘယ္သူကူညီသလဲ? ” လို႕ေမးေတာ႕ ဘယ္လုိေျဖတယ္မွတ္သလဲ .. “ သူ႕ေယာက္်ားလုပ္ေပးတယ္ ” တဲ႕ ..။ ဘုရားေရ .. မ်က္မျမင္ေဒၚလူစီကိုယူတဲ႕ေယာက်္ားရွိတယ္ .. အထင္ေသးလို႕ေျပာတာမဟုတ္ပါဘူး။ နိမ္႕က်တဲ႕ဘဝလုိ႕ျမင္လုိ႕ေျပာတာမဟုတ္ရပါဘူး။ လံုးဝမထင္ထားတဲ႕အေျဖျဖစ္ေနလုိ႕ အံၾသတာပါ .. တစ္ကယ္ပါ။
.
.
ေမာင္းရင္း ေမာင္းရင္း နဲ႕ သူ႕အိမ္ေရာက္ဖို႕ ( ၂ ) မိနစ္ပဲက်န္တယ္ .. စိတ္ထဲမွာေမးစရာက အမ်ားၾကီး။ ဒါနဲ႕ အခု ေဒၚလူစီကဘယ္ကုိသြားလို႕ျပန္လာတာလဲ လို႕ေမးေတာ႕ ဘားကေလတကၠသိုလ္ကျပန္လာတာပါတဲ႕။ ေအာ္ ကြ်န္ေတာ္က သြားလည္တယ္ထင္တာေပါ႕။ သူဆက္ေျပာတဲ႕စကားၾကားမွ မ်က္လံုးေတြျပဴး၊ ကားမီးလံုးေတြပါေထာင္သြားတယ္လို႕ထင္မိတယ္။ သူေျပာတာက …
.
“ ကြ်န္မလိုမ်က္မျမင္ေတြကုိသင္ေပးတာ ဘားကေလတကၠသိုလ္မွာ သင္တန္းသားေတြရွိတယ္။ သူတို႕ကို ဘယ္လိုေနရမယ္ ဘယ္လုိထုိင္ရမယ္ ဆုိတဲ႕ သာမန္အမူအက်င္႕ေတြအျပင္ အင္တာနက္ဝဘ္ဆိုဒ္ေတြကို ဘယ္လိုဖြင္႕ရမယ္၊ ဘယ္လိုဖတ္၊ ဘယ္လိုရွာေဖြရမယ္ဆိုတာကို ကြ်န္မက သင္ေပးပါတယ္ ”
.
.
“ ကြ်န္မက ေမြး-ကန္း - Born Blind ဆုိေတာ႕ သူတုိ႕ထက္က်င္႕သားရေနျပီ။ ဒါေၾကာင္႕ သူတုိ႕လုိျမင္ခဲ႕ သိခဲ႕ေပမယ္႕ မ်က္စိကြယ္ေတာ႕မွ မျမင္ရ မထိရတဲ႕အခါ ေပၚေပါက္လာတဲ႕အခက္အခဲကို ကုိယ္ေတြ႕နဲ႕ရင္းျပီး ရွင္းေပးပါတယ္။
.
မ်က္မျမင္အတြက္ပစၥည္းတစ္ခုဆိုရင္လည္း ေက်ာင္းက ကြ်န္မကိုအရင္သံုးခုိင္းၾကည္႕ျပီးမွ စာသင္သားေတြကုိ ခ်ေပးပါတယ္ ” လို႕ ေျပာျပရင္း သူ႕အိမ္ေရာက္ဖို႕ ေနာက္ဆံုးလမ္းကိုေကြ႕လိုက္ေတာ႕ ကြ်န္ေတာ႕ကုိ အမွတ္တရစကားတစ္ခ်ိဳ႕ မွာသြားပါေသးတယ္။
.
.
“ သူတစ္ပါးကို မလုပ္တတ္ဘူး မကိုင္တတ္ဘူးလို႕ အလ်င္စလိုအကဲမျဖတ္ပါနဲ႕။ ေပးလုပ္လုိက္ပါ။ လုပ္ပုိင္ခြင္႕ေပးလိုက္ပါ။ ဒါမွ သူတုိ႕လုပ္တာကိုမၾကိဳက္ဘူး၊ မလုပ္တတ္ဘူးဆိုမွ ဆံုးျဖတ္ပါ ” တဲ႕ .. ဒါကတစ္ခု ( ကြ်န္ေတာ္က သူမ်က္စိမျမင္တာကို ကားေပၚတြဲတင္ေပးမယ္ဆုိျပီး သူ႕ကုိေမးခဲ႕တာကိုး )
.
ေနာက္တစ္ခုက “ ဒီစာကုိဖတ္မယ္႕ နည္းပညာသမားေတြကိုေျပာလိုက္ပါ။ ဝဘ္ဆိုဒ္တစ္ခုေရးရင္ အရမ္းထြင္ျပီးမေရးပါနဲ႕။ ပံုမွန္စံ - Standard ျဖစ္ေအာင္ေရးပါ။ HTML နဲ႕ေရးပါ၊ ျပင္လြန္းရင္ဖင္ခြ်န္းျပီး အေကာင္းမရတတ္ပါဘူး “ တဲ႕။ ( ကြ်န္ေတာ္က သူငယ္ခ်င္းတစ္ေယာက္ ျမန္မာလိုဘေလာ႕ဂ္ေရးတယ္လုိ႕ သူ႕ကုိေျပာထားတယ္ေလ )
.
.
ဒါကိုပဲၾကည္႕ ကိုညီညီေရ..။ လူေတြက လမ္းေပၚမွာအမ်ိဳးမ်ိဳး နဲ႕ အစံုစံု မတူေအာင္ကိုေတြ႕ရတာ။ အခု ေဒၚလူစီကိုၾကည္႕ေလ..။ အေမရိကန္လို နည္းပညာထိပ္တန္းႏုိင္ငံမွာ ထိပ္တန္းဘားကေလတကၠသိုလ္က ကြန္ပ်ဴတာသိပၸံ - Computer Science နဲ႕ေက်ာင္းျပီးတဲ႕ စာအသင္အျပပါေမာကၡ - Professor တဲ႕ .. အံ႕ေရာ..။
.
ကြ်န္ေတာ႕ဘဝမွာ မ်က္မျမင္ ေဒၚလူစီလိုပါေမာကၡ နဲ႕ လမ္းျပေခြးလိမၼာမေလးတစ္ေကာင္ကို ကြ်န္ေတာ႕ကားေပၚအတူတကြ ပထမဦးဆံုးတင္ဖူးတာပါပဲ။ ပိုထူးျခားတာက သူ႕မွာ ျမန္မာသူငယ္ခ်င္းအမ်ားၾကီးရွိတယ္ဆုိတာပါပဲ..။
.
.
ဒီအထိေျပာျပီးေရာ ကားစက္ႏိႈးျပီးသုတ္ေျခတင္သြားတဲ႕ ကိုရူပါကားကို အနီးကပ္ေနေပမယ္႕ ျမင္ေအာင္ ကြ်န္ေတာ္မၾကည္႕ႏုိင္ေတာ႕ပါဘူး။ ဒါေပမယ္႕ ရင္ထဲမွာေတာ႕ မ်က္မျမင္ပါေမာကၡတစ္ေယာက္ နဲ႕ ေခြးလိမၼာတစ္ေကာင္တုိ႕ ေနဝင္ခါနီးညေနခင္းေကာင္းကင္လိေမၼာ္ေရာင္ၾကားက လမင္းျဖဴျဖဴရဲ႕မ်က္ႏွာျပင္မွာ ေရးေရးေလးေပၚလာတယ္လုိ႕ ထင္ေနမိပါတယ္။
.
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
10-20-2016
.
မွတ္ခ်က္ ။။။။။။။။။။ ( ကုိရူပါေပးခဲ႕တဲ႕ပံုေတြထဲက ကာယကံရွင္ရဲ႕သိကၡာကိုငဲ႕ညွာျပီး ခပ္မြားမြားပံုေလးကိုပဲ တင္ေပးလုိက္ပါတယ္ )
.
.
.
Unicode Version:
.
.
“ ရူပါမောင်းတဲ့ အူဘာဇာတ်ကြောင်း။ ဂီယာကြီးအမှတ် ( ၅ )  ( ရင်ထဲမှာသာတဲ့လ ) ”
.
( ကိုရူပါစပြောပါသည် ) ကိုညီညီ ရေ ..။ ကားမောင်းရတာလွယ်ပေမယ့် Uber ကားကိုမောင်းရတာ ခရီးသည်ကိုဘယ်ကိုပို့ရမယ်ဆိုတာ မှန်းလို့မရဘူး။ အရင် ကျွန်တော်ပြောဖူးသလို စီးနင်းသူ - Rider က ကားမှာလို့ ကိုယ့်ဖုန်းထဲက App ကို ခေါ်သံ - Request ရောက်လာရင် ခေါ်သူရဲ့တည်နေရာကိုပဲပြတာ..။
.
သူသွားမယ့်နေရာကို ကျွန်တော့လိုကားသမားတွေက ကြိုသိရတာမဟုတ်ဘူး။ သူစောင့်နေတဲ့နေရာရောက်မှ ခရီးစတင်ပြီ - Start Trip ဆိုတဲ့အနီရောင်ဘားလေးကို ညာဘက်ဆွဲလိုက်မှ ထိပ်မှာ မောင်းရမယ့်လိပ်စာပေါ်လာတာလေ .. အဲဒါကိုပြောတာ..။
.
.
ဒါကြောင့် ကိုယ်က လူသွားကြိုလို့ ကိုယ်မသွားချင်တဲ့လိပ်စာပေါ်လာရင် စိတ်ပျက်တဲ့အခါဆိုတာ ရှိတာပေါ့။ တစ်ခါတစ်လေကျတော့ သွားကြိုတဲ့လူက ဖြူသလား မည်းသလားမသိ၊ တစ်ချို့အခေါက်တွေဆို စုတ်စုတ်ပြတ်ပြတ် မသပ်မရပ်ခရီးသည်ရပေမယ့် အောင့်သက်သက်နဲ့မောင်းရတာမျိုးမရှိဘူးလားလို့မေးရင် ရှိဖူးပါတယ်လို့ပဲ ဖြေရတော့မှာပဲ။ ဒီနေ့တော့ ကားဆွဲချိန်နည်းမှာစိုးလို့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ကို အတိုချုံးပြီးပြောပြချင်တယ်။
.
တစ်ခေါက်ကဗျာ .. အုတ်ကလန် - Oakland မြို့မှာ ဆရာတစ်ယောက် နဲ့ ဆရာမတစ်ယောက်ကို Uberpool နဲ့ လူသွားကြိုတော့ အနောက်ခန်းမှာ ထိုင်ကြရောဗျာ။ ဆက်မောင်းရတာက ဘားကလေ - Berkeley မြို့ .. နာမယ်ကြီးတက္ကသိုလ်ရှိတဲ့မြို့လေ..။ စကားမစပ် ဘားကလေမြို့လေးဟာ ရန်ကုန်မှာ ကျွန်တော်ကျောင်းတက်တုန်းက လှည်းတန်းနားက စံရပ်ငြိမ်နဲ့တူတယ်လို့ မကြာခဏခံစားမိတယ်။
.
သူ့မှာ ဘားကလေအထက်တန်းရှိတယ်။ ဘားကလေစီးတီးကောလိပ်ရှိတယ် .. နောက် ဘားကလေတက္ကသိုလ်ရှိတယ်။ အားလုံးက တစ်နေရာထဲပဲ။ ကျောင်းချိန်ဆို လမ်းတွေက ရှုတ်ပွနေပြီး စနေ ၊ တနင်္ဂနွေသွားမောင်းကြည့် လူတောင်သိပ်မတွေ့ရဘူး .. ဘားကလေက အဲဒီလိုမြို့မျိုး..။
.
.
အဲဒီ ( ၂ ) ယောက်ကိုတင်ပြီး ဘားကလေးမြို့ထဲကိုဝင်တာနဲ့ ဒုတိယလူကိုကြိုမယ့်နေရာကို ကားကခေါ်သွားတဲ့အခါ အုတ်အထူကြီးအဆောက်အဦတစ်ခုရှေ့ကိုရောက်ပါလေရော။ ဒါပေမယ့် စီးမယ့်သူကိုမတွေ့ပဲ ခွေးနဲ့မိန်းမကြီးတစ်ယောက်ပဲတွေ့တယ်။ ဒါနဲ့ ခဏစောင့်ရင်း ခုနကပြောတဲ့မိန်းမကြီးက ကားရှေ့မှန်တံခါးကိုလာခေါက်တယ်ဗျ။
.
အဲ .. အဲဒါမှဒုက္ခပဲ .. ကျွန်တော့ကားကို Carpool စီးမယ့်သူက မျက်စိမမြင်ဘူးကိုး..။ ဒါနဲ့ အနောက်ခန်းက ကျောင်းဆရာမက အရှေ့ကိုပြောင်း၊ ကျောင်းဆရာက ဘယ်ဘက်ခြမ်းကိုကပ်စီးလိုက်တော့ မိန်းမကြီးက ကားပေါ်တက်ဖို့လုပ်ပါတယ်။
.
.
“ Can I touch you? ” ခင်ဗျားလက်ကိုကိုင်လို့ရမလား? - ကျွန်တော်ကမေးလိုက်ပေမယ့် သူက မလိုဘူးဆိုပြီး သာမန်လူအတိုင်းပဲ ကားပေါ်ကိုတက်၊ သူ့ခွေးကို ခြေနင်းဖတ်မှာ ဆောင့်ကြောင့်လေးထိုင်ခိုင်းတယ်။ ကားတံခါးပိတ်ပေးတဲ့ကျွန်တော် သိပ်သဘောကျသွားတာက မျက်စိမမြင်ဘူးသာဆိုတယ် .. သူ့ခွေးလေးရဲ့အမြီးကိုတံခါးညှပ်မှာစိုးလို့ ငုံ့ပြီးလက်လေးနဲ့ကိုင်ထားတဲ့မြင်ကွင်းကိုပါ။
.
ခပ်တိုတိုပြောရရင် ပထမ ဆရာ နဲ့ ဆရာမ သွားလိုတဲ့နေရာကိုပို့ပြီးလို့ သူ့အိမ်ရောက်ဖို့ ( ၈ ) မိနစ်လိုတဲ့အချိန်မှာ ကျွန်တော်တို့စကားစပြောဖြစ်တယ်။ သူ့ပြောပြချက်အရ မျက်စိက မွေးရာပါမမြင်တာကိုသိရသလို အနှစ် ( ၃ဝ ) ကျော်အတွင်း အခု လက်ရှိခွေးက အမကလေး ၊ သင်တန်းပေးထားတဲ့  ( ၅ ) ကောင်မြောက်လို့ ပြောပြတယ်။ အော် .. အဲဒီမိန်းမကြီးရဲ့နာမယ်က လူစီ - Lucy တဲ့။
.
.
ပြီးတော့ ဒေါ်လူစီကပြောပြတယ်။ ကျွန်တော့ကားမရောက်ခင် အရှေ့မှာ Uber တစ်စီးခေါ်သေးတယ် တဲ့။ ရောက်လာလို့ ကားတံခါးခေါက်တဲ့အခါ အဲဒီဒရိုင်ဘာက ဘယ်လောက်ရိုင်းသလဲဆိုရင် ခရီးစဉ် - Trip ကို ဖျက်၊ Cancel လုပ်ပြီး မောင်းထွက်သွားတယ်တဲ့လေ။ ခွေးတစ်ကောင်နဲ့မျက်မမြင်မို့လို့မတင်ချင်ဘူးဆိုတဲ့ သဘောပေါ့။
.
ဒေါ်လူစီက ငါ့ကိုအဲဒါပြောရင်း သူ့လက်ထဲက တက်ဘလက် - Tablet ပြားကို တစ်ထောက်ထောက်နဲ့ရိုက်နေတာ တကယ် .. တကယ် .. မျက်စိဖွင့်ပြီးလုပ်နေတဲ့အတိုင်းပဲ။ ဒါနဲ့ ကျွန်တော်ကမေးကြည့်တယ် .. ဘယ်လိုသုံးတာလဲပေါ့။ တက်ဘလက်ကလုပ်ဆောင်ချက်ကို အသံထွက်ပေးတဲ့ Narrator ဖွင့်ပြီးသုံးတာ ကျင့်သားရနေပြီ တဲ့။
.
.
နောက်တစ်ချက် .. ကျွန်တော့ကားတံခါးဖွင့်ပေးတာကိုရောဘယ်လိုသိသလဲလို့မေးတော့ သူ့ရဲ့အနှစ် ( ၃ဝ ) ကျော်အတွေ့အကြုံအရ တံခါးဖွင့်ထားခြင်း နဲ့ ပိတ်ထားခြင်း တို့ဟာ လေဟာနယ်မတူဘူး တဲ့ .. တော်လိုက်တာ။ ဒါကြောင့် သူအလိုလိုသိနေတယ် လို့ ပြောပြတယ်။ ဒီနေရာမှာ ကျွန်တော်ငယ်ငယ်တုန်းကအရမ်းကြိုက်ခဲ့တဲ့ တရုတ်သိုင်းကား “ နဂါးနိုင်ဓါး ” ထဲက “ မယ်ယက္ခ ” က အခု ဒေါ်လူစီကို မမှီလောက်ဘူး။
.
ကျွန်တော့ရဲ့စပ်စုချင်စိတ်ဟာ ဒီမှာတင်မရပ်သေးဘူး “ အိမ်မှာဆိုဘယ်သူကူညီသလဲ? ” လို့မေးတော့ ဘယ်လိုဖြေတယ်မှတ်သလဲ .. “ သူ့ယောက်ျားလုပ်ပေးတယ် ” တဲ့ ..။ ဘုရားရေ .. မျက်မမြင်ဒေါ်လူစီကိုယူတဲ့ယောက်ျားရှိတယ် .. အထင်သေးလို့ပြောတာမဟုတ်ပါဘူး။ နိမ့်ကျတဲ့ဘဝလို့မြင်လို့ပြောတာမဟုတ်ရပါဘူး။ လုံးဝမထင်ထားတဲ့အဖြေဖြစ်နေလို့ အံဩတာပါ .. တစ်ကယ်ပါ။
.
.
မောင်းရင်း မောင်းရင်း နဲ့ သူ့အိမ်ရောက်ဖို့ ( ၂ ) မိနစ်ပဲကျန်တယ် .. စိတ်ထဲမှာမေးစရာက အများကြီး။ ဒါနဲ့ အခု ဒေါ်လူစီကဘယ်ကိုသွားလို့ပြန်လာတာလဲ လို့မေးတော့ ဘားကလေတက္ကသိုလ်ကပြန်လာတာပါတဲ့။ အော် ကျွန်တော်က သွားလည်တယ်ထင်တာပေါ့။ သူဆက်ပြောတဲ့စကားကြားမှ မျက်လုံးတွေပြူး၊ ကားမီးလုံးတွေပါထောင်သွားတယ်လို့ထင်မိတယ်။ သူပြောတာက …
.
“ ကျွန်မလိုမျက်မမြင်တွေကိုသင်ပေးတာ ဘားကလေတက္ကသိုလ်မှာ သင်တန်းသားတွေရှိတယ်။ သူတို့ကို ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် ဆိုတဲ့ သာမန်အမူအကျင့်တွေအပြင် အင်တာနက်ဝဘ်ဆိုဒ်တွေကို ဘယ်လိုဖွင့်ရမယ်၊ ဘယ်လိုဖတ်၊ ဘယ်လိုရှာဖွေရမယ်ဆိုတာကို ကျွန်မက သင်ပေးပါတယ် ”
.
.
“ ကျွန်မက မွေး-ကန်း - Born Blind ဆိုတော့ သူတို့ထက်ကျင့်သားရနေပြီ။ ဒါကြောင့် သူတို့လိုမြင်ခဲ့ သိခဲ့ပေမယ့် မျက်စိကွယ်တော့မှ မမြင်ရ မထိရတဲ့အခါ ပေါ်ပေါက်လာတဲ့အခက်အခဲကို ကိုယ်တွေ့နဲ့ရင်းပြီး ရှင်းပေးပါတယ်။
.
မျက်မမြင်အတွက်ပစ္စည်းတစ်ခုဆိုရင်လည်း ကျောင်းက ကျွန်မကိုအရင်သုံးခိုင်းကြည့်ပြီးမှ စာသင်သားတွေကို ချပေးပါတယ် ” လို့ ပြောပြရင်း သူ့အိမ်ရောက်ဖို့ နောက်ဆုံးလမ်းကိုကွေ့လိုက်တော့ ကျွန်တော့ကို အမှတ်တရစကားတစ်ချို့ မှာသွားပါသေးတယ်။
.
.
“ သူတစ်ပါးကို မလုပ်တတ်ဘူး မကိုင်တတ်ဘူးလို့ အလျင်စလိုအကဲမဖြတ်ပါနဲ့။ ပေးလုပ်လိုက်ပါ။ လုပ်ပိုင်ခွင့်ပေးလိုက်ပါ။ ဒါမှ သူတို့လုပ်တာကိုမကြိုက်ဘူး၊ မလုပ်တတ်ဘူးဆိုမှ ဆုံးဖြတ်ပါ ” တဲ့ .. ဒါကတစ်ခု ( ကျွန်တော်က သူမျက်စိမမြင်တာကို ကားပေါ်တွဲတင်ပေးမယ်ဆိုပြီး သူ့ကိုမေးခဲ့တာကိုး )
.
နောက်တစ်ခုက “ ဒီစာကိုဖတ်မယ့် နည်းပညာသမားတွေကိုပြောလိုက်ပါ။ ဝဘ်ဆိုဒ်တစ်ခုရေးရင် အရမ်းထွင်ပြီးမရေးပါနဲ့။ ပုံမှန်စံ - Standard ဖြစ်အောင်ရေးပါ။ HTML နဲ့ရေးပါ၊ ပြင်လွန်းရင်ဖင်ချွန်းပြီး အကောင်းမရတတ်ပါဘူး “ တဲ့။ ( ကျွန်တော်က သူငယ်ချင်းတစ်ယောက် မြန်မာလိုဘလော့ဂ်ရေးတယ်လို့ သူ့ကိုပြောထားတယ်လေ )
.
.
ဒါကိုပဲကြည့် ကိုညီညီရေ..။ လူတွေက လမ်းပေါ်မှာအမျိုးမျိုး နဲ့ အစုံစုံ မတူအောင်ကိုတွေ့ရတာ။ အခု ဒေါ်လူစီကိုကြည့်လေ..။ အမေရိကန်လို နည်းပညာထိပ်တန်းနိုင်ငံမှာ ထိပ်တန်းဘားကလေတက္ကသိုလ်က ကွန်ပျူတာသိပ္ပံ - Computer Science နဲ့ကျောင်းပြီးတဲ့ စာအသင်အပြပါမောက္ခ - Professor တဲ့ .. အံ့ရော..။
.
ကျွန်တော့ဘဝမှာ မျက်မမြင် ဒေါ်လူစီလိုပါမောက္ခ နဲ့ လမ်းပြခွေးလိမ္မာမလေးတစ်ကောင်ကို ကျွန်တော့ကားပေါ်အတူတကွ ပထမဦးဆုံးတင်ဖူးတာပါပဲ။ ပိုထူးခြားတာက သူ့မှာ မြန်မာသူငယ်ချင်းအများကြီးရှိတယ်ဆိုတာပါပဲ..။
.
.
ဒီအထိပြောပြီးရော ကားစက်နှိုးပြီးသုတ်ခြေတင်သွားတဲ့ ကိုရူပါကားကို အနီးကပ်နေပေမယ့် မြင်အောင် ကျွန်တော်မကြည့်နိုင်တော့ပါဘူး။ ဒါပေမယ့် ရင်ထဲမှာတော့ မျက်မမြင်ပါမောက္ခတစ်ယောက် နဲ့ ခွေးလိမ္မာတစ်ကောင်တို့ နေဝင်ခါနီးညနေခင်းကောင်းကင်လိမ္မော်ရောင်ကြားက လမင်းဖြူဖြူရဲ့မျက်နှာပြင်မှာ ရေးရေးလေးပေါ်လာတယ်လို့ ထင်နေမိပါတယ်။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
10-20-2016
.
မှတ်ချက် ။။။။။။။။။။ ( ကိုရူပါပေးခဲ့တဲ့ပုံတွေထဲက ကာယကံရှင်ရဲ့သိက္ခာကိုငဲ့ညှာပြီး ခပ္မြားမြားပုံလေးကိုပဲ တင်ပေးလိုက်ပါတယ် )









No comments: