ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, November 27, 2015

သက္ေတာင္႕သက္သာမွတ္မိေအာင္စာက်က္နည္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္တုိ႕ငယ္ငယ္တုန္းကတည္းကလို စာေၾကာင္းရဲ႕ထိပ္ကေနစက်က္ျပီး စာပိုဒ္ဆံုးတဲ႕အထိ စာကုိမက်က္ၾကေတာ႕ပါဘူး။ ဒီလိုက်က္ရင္ အေရွ႕ရယ္၊ အလယ္ရယ္၊ ေနာက္ပိုင္းရယ္ကို ခြဲျခားျပီး မမွတ္ထားႏုိင္တဲ႕ ဦးေႏွာက္မွာ ဝန္ပိလြန္းလွတယ္။
.
ဒါေၾကာင္႕မို႕ အခုေနာက္ပုိင္း အေမရိကန္မွာ ကေလးေတြရဲ႕ဦးေႏွာက္ကို အရမ္းမခုိင္းဖို႕အတြက္ ဆရာေတြက ကေလးေတြကိုေရာ၊ မိဘေတြအထိ ေကာလိပ္ေက်ာင္းသားေတြပိုပါမက်န္ နည္းလမ္းတစ္မ်ိဳးနဲ႕ေစခုိင္းေလ႕က်င္႕ေစတယ္။ အဲဒါကေတာ႕ အေစာကေျပာခဲ႕သလို စာကို အစကေနအဆံုး " ေအာ္ျပီၤး က်က္မွတ္ " တာမ်ိဳးမဟုတ္ပဲ အခ်ိန္မေရြးမွတ္မိႏုိင္တဲ႕ ပံုရိပ္အေနနဲ႕ Scan ဖတ္က်က္ က်က္ခုိင္းတယ္။
.
.
ဒီစာကုိ ျပန္စဥ္းစားတဲ႕ ေက်ာင္းသားမွာ ကိုယ္ႏွစ္သက္သလိုရုိုက္ထားတဲ႕ ဓါတ္ပံုလွလွေလးကို အခ်ိန္မေရြးျပန္မွတ္မိသလို ပံုရိပ္ရဲ႕ဘယ္ေနရာမွာ ဘာစာလံုးေလးရွိတယ္က အစ မွတ္မိၾကတယ္။ အသံုးလည္း ဝင္လွသလို အလုပ္လည္းျဖစ္ၾကတယ္။ ဒါေၾကာင္႕ ေက်ာင္းသားေတြမွာ စာမရတဲ႕ ဒုကၡကေန ကင္းေဝးျပီး အျပင္စာ ပိုဖတ္လာႏုိင္ၾကတယ္။
.
တစ္ခ်ိဳ႕မ်ားဆုိ ဖတ္စာအုပ္၊ စာတစ္ပုဒ္ကို လက္ကိုင္ဖုန္းနဲ႕ဓါတ္ပံုရိုက္ျပီး သိမ္းထားတတ္ၾကတယ္။ အားတာနဲ႕ Facebook သံုးတဲ႕အခါမ်ိဳးမွာ သူတို႕ဟာ ရုိက္ထားတဲ႕ဓါတ္ပံုေတြကို ျပန္ၾကည္႕ရင္း စာက်က္ၾကတယ္။ ဒါေၾကာင္႕ " စာက်က္တယ္ဆုိတာ အလုပ္ရယ္လုိ႕ သတ္သတ္မွတ္မွတ္လုပ္တုိင္း က်ရွံဴးတဲ႕တတ္တဲ႕ ေက်ာင္းသားေတြအတြက္ " ေျဖေဆးတစ္ခုျဖစ္လာပါတယ္။ 

.
.
ဒါေၾကာင္႕ သြားေနရင္း၊ လာေနရင္း၊ ကားစီးေနရင္း ေနာက္ဆံုး လွဲေလ်ာင္းေနရင္းေတာင္ စာကုိမွတ္မိလာတတ္ၾကလို႕ စာက်က္ခ်ိန္ကို ေလွ်ာ႕ခ်ႏုိင္လာတယ္။ တစ္နည္းအားျဖင္႕ ကုိယ္က်က္တဲ႕စာက ကိုယ္ဝါသနာပါတာမဟုတ္တဲ႕အခါ ပိုအေႏွာင္႕အယွက္ျဖစ္ရတယ္ .. က်က္ျပီးရင္ ျပန္ေမ႕ၾကတယ္။ အခု ဒီနည္းကိုသံုးလာၾကတဲ႕ အေမရိကန္က ေက်ာင္းသား နဲ႕ ဆရာၾကား၊ မိဘ နဲ႕ သားသမီးၾကားမွာ ေတာ္ေတာ႕ကို ဆက္ဆံေရးေတြ ျမင္႕တက္လာတာေတြ႕ရတယ္။ 
.
ေနာက္တစ္မ်ိဳးက Flash Card နည္းနဲ႕က်က္ၾကတယ္။ Flash Card ဆိုတာ ( ၂ လက္မခြဲ X ၄ လက္မ ) ခန္႕ရွိတဲ႕ ကဒ္ထူျဖဴးျပားေလးေတြကို ဖဲခ်ပ္လိုထပ္ထားျပီး အေပါက္ေဖာက္တြဲထားတာကို ေခၚတာပါ။ အဲဒီေပၚမွာ ေက်ာင္းသားက သူလိုခ်င္တဲ႕ အေရးၾကီးတာေတြကို မွတ္ရလြယ္ေအာင္ေရးမွတ္ရတယ္၊ တစ္ခ်ိဳ႕ဟာေတြက်ေတာ႕ ပရင္တာနဲ႕ထုတ္တာလည္းရွိတယ္။ ဒါကိုက်က္ရပံုကလည္း အတူတူပါပဲ။ 
.
.
ေက်ာင္းသားေတြဟာ သြားေနရင္း လာေနရင္း စာက်က္တယ္လို႕မထင္ရပဲ Flash Card နဲ႕ စာက်က္တာကိုၾကိဳက္ၾကတယ္။ စာသင္ႏွစ္စလို႕ ေက်ာင္းပစၥည္းေတြဝယ္ဖို႕လိုအပ္ခ်က္စာရင္းထဲမွာ ေက်ာင္းက Flash Card ကို မျဖစ္မေနဝယ္ခိုင္းပါတယ္။ ေငြအားျဖင္႕လည္း ( ၃ ၊ ၄ ) ေဒၚလာထက္မပိုပါဘူး။
.
ေနာက္တစ္မ်ိဳးက Index Card ပါ။ အညီအညာျဖတ္ထားတဲ႕ ကဒ္ထူစာရြက္အျဖဴေလးေတြ  အရြက္ Index Card ( ၁ဝဝ ) ပါတစ္ထုတ္ကို ဆင္႕ ( ၆ဝ ) ေလာက္ေပးရသလုိ ခ်ိတ္ကြင္းေလးနဲ႕တြဲလိုက္ရင္ Flash Card အျဖစ္ အသြင္ေျပာင္းလို႕ရပါတယ္္။ ဒီစံနစ္ရဲ႕အဓိကေက်ာရုိးကေတာ႕ စာပုဒ္တစ္ပုဒ္လံုးထက္ အေရးၾကီးတာကိုေရြးခ်ယ္ျပီး ေက်ာင္းသားကိုမွတ္မိေစဖို႕ပါ။
.
.
Index Card ရဲ႕ အသံုးဝင္မႈက အံ႕မခမ္းပါ။ လိုအပ္တဲ႕မွတ္စရာေတြကို တစ္ရြက္ထုတ္မွတ္လိုက္ စိတ္ထဲကကင္္မရာနဲ႕တစ္ကြက္ရိုက္လိုက္နဲ႕ အလုပ္ကိုျဖစ္ေနတာပါပဲ။ တစ္ကယ္စာက်က္မယ္လည္းလုပ္ေရာ ေက်ာင္းသားဟာ မွတ္စုစာအုပ္ကို ကုိးကားစရာေနရာအဆင္႕မွာသာထားရျပီး ( ၁၄ ) ေပါင္ေလာက္ထူတဲ႕ဖတ္စာအုပ္ၾကီးဟာ အေၾကာင္းအရာရွာဖို႕ နဲ႕ ပိုမွတ္မိဖို႕သံုးရတဲ႕ အဆင္႕မွာထားၾကတာပါ။ ျမန္မာႏုိင္ငံနဲ႕ စာသင္စံနစ္ကြာသလို ေက်ာင္းသားေတြရဲ႕ရလဒ္ကလည္း ကြာတာ သိသာလွတယ္။ 
.
ဒါေပမယ္႕ ဒီစံနစ္ဟာ လက္ရွိျမန္မာႏုိင္ငံမွာ တစ္ပတ္ကိုတစ္ေခါက္ စာေမးပြဲေျဖေနရတဲ႕ အထက္တန္းေက်ာင္းသားနဲ႕မကိုက္တာကို ဒီစာေရးေနတဲ႕ကြ်န္ေတာ္သိပါတယ္။ ဒါေပမယ္႕ ဘယ္တတ္ႏိုင္ပါ႕မလဲ။ စာမ်ားမ်ားမွတ္မိဖို႕ကေတာ႕ ကိုယ္အားသန္သလိုကိုယ္က်က္ေနရာကေန ပိုမုိေကာင္းမြန္တဲ႕နည္းလမ္းေကာင္းေတြရွာေဖြဖို႕ ခက္ခဲေနၾကတယ္။ " မွတ္မိတာမ်ားမွ အမွတ္မ်ားမ်ားရမယ္႕ " ပညာေရးစံနစ္ရဲ႕ အက်ိဳးရလဒ္ကုိသာ ကြ်န္ေတာ္တို႕သင္ယူခဲ႕ရင္း ၾကီးျပင္းခြင္႕ေပးခဲ႕တဲ႕ ျမန္မာ႕ေက်ာင္းေတြကုိ အခုအခ်ိန္အထိေက်းဇူးတင္ေနမိပါေတာ႕တယ္။
.
ခင္မင္လ်က္
.
11-27-2015
.
.
.
Myanmar Unicode Version:
.
.
" သက်တောင့်သက်သာမှတ်မိအောင်စာကျက်နည်း "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော်တို့ငယ်ငယ်တုန်းကတည်းကလို စာကြောင်းရဲ့ထိပ်ကနေစကျက်ပြီး စာပိုဒ်ဆုံးတဲ့အထိ စာကိုမကျက်ကြတော့ပါဘူး။ ဒီလိုကျက်ရင် အရှေ့ရယ်၊ အလယ်ရယ်၊ နောက်ပိုင်းရယ်ကို ခွဲခြားပြီး မမှတ်ထားနိုင်တဲ့ ဦးနှောက်မှာ ဝန်ပိလွန်းလှတယ်။
.
ဒါကြောင့်မို့ အခုနောက်ပိုင်း အမေရိကန်မှာ ကလေးတွေရဲ့ဦးနှောက်ကို အရမ်းမခိုင်းဖို့အတွက် ဆရာတွေက ကလေးတွေကိုရော၊ မိဘတွေအထိ ကောလိပ်ကျောင်းသားတွေပိုပါမကျန် နည်းလမ်းတစ်မျိုးနဲ့စေခိုင်းလေ့ကျင့်စေတယ်။ အဲဒါကတော့ အစောကပြောခဲ့သလို စာကို အစကနေအဆုံး " အော်င်္ပြီး ကျက်မှတ် " တာမျိုးမဟုတ်ပဲ အချိန်မရွေးမှတ်မိနိုင်တဲ့ ပုံရိပ်အနေနဲ့ Scan ဖတ်ကျက် ကျက်ခိုင်းတယ်။
.
.
ဒီစာကို ပြန်စဉ်းစားတဲ့ ကျောင်းသားမှာ ကိုယ်နှစ်သက်သလိုရိုက်ထားတဲ့ ဓါတ်ပုံလှလှလေးကို အချိန်မရွေးပြန်မှတ်မိသလို ပုံရိပ်ရဲ့ဘယ်နေရာမှာ ဘာစာလုံးလေးရှိတယ်က အစ မှတ်မိကြတယ်။ အသုံးလည်း ဝင်လှသလို အလုပ်လည်းဖြစ်ကြတယ်။ ဒါကြောင့် ကျောင်းသားတွေမှာ စာမရတဲ့ ဒုက္ခကနေ ကင်းဝေးပြီး အပြင်စာ ပိုဖတ်လာနိုင်ကြတယ်။
.
တစ်ချို့များဆို ဖတ်စာအုပ်၊ စာတစ်ပုဒ်ကို လက်ကိုင်ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး သိမ်းထားတတ်ကြတယ်။ အားတာနဲ့ Facebook သုံးတဲ့အခါမျိုးမှာ သူတို့ဟာ ရိုက်ထားတဲ့ဓါတ်ပုံတွေကို ပြန်ကြည့်ရင်း စာကျက်ကြတယ်။ ဒါကြောင့် " စာကျက်တယ်ဆိုတာ အလုပ်ရယ်လို့ သတ်သတ်မှတ်မှတ်လုပ်တိုင်း ကျရှူံးတဲ့တတ်တဲ့ ကျောင်းသားတွေအတွက် " ဖြေဆေးတစ်ခုဖြစ်လာပါတယ်။
.
.
ဒါကြောင့် သွားနေရင်း၊ လာနေရင်း၊ ကားစီးနေရင်း နောက်ဆုံး လှဲလျောင်းနေရင်းတောင် စာကိုမှတ်မိလာတတ်ကြလို့ စာကျက်ချိန်ကို လျှော့ချနိုင်လာတယ်။ တစ်နည်းအားဖြင့် ကိုယ်ကျက်တဲ့စာက ကိုယ်ဝါသနာပါတာမဟုတ်တဲ့အခါ ပိုအနှောင့်အယှက်ဖြစ်ရတယ် .. ကျက်ပြီးရင် ပြန်မေ့ကြတယ်။ အခု ဒီနည်းကိုသုံးလာကြတဲ့ အမေရိကန်က ကျောင်းသား နဲ့ ဆရာကြား၊ မိဘ နဲ့ သားသမီးကြားမှာ တော်တော့ကို ဆက်ဆံရေးတွေ မြင့်တက်လာတာတွေ့ရတယ်။
.
နောက်တစ်မျိုးက Flash Card နည်းနဲ့ကျက်ကြတယ်။ Flash Card ဆိုတာ ( ၂ လက်မခွဲ X ၄ လက်မ ) ခန့်ရှိတဲ့ ကဒ်ထူဖြူးပြားလေးတွေကို ဖဲချပ်လိုထပ်ထားပြီး အပေါက်ဖောက်တွဲထားတာကို ခေါ်တာပါ။ အဲဒီပေါ်မှာ ကျောင်းသားက သူလိုချင်တဲ့ အရေးကြီးတာတွေကို မှတ်ရလွယ်အောင်ရေးမှတ်ရတယ်၊ တစ်ချို့ဟာတွေကျတော့ ပရင်တာနဲ့ထုတ်တာလည်းရှိတယ်။ ဒါကိုကျက်ရပုံကလည်း အတူတူပါပဲ။
.
.
ကျောင်းသားတွေဟာ သွားနေရင်း လာနေရင်း စာကျက်တယ်လို့မထင်ရပဲ Flash Card နဲ့ စာကျက်တာကိုကြိုက်ကြတယ်။ စာသင်နှစ်စလို့ ကျောင်းပစ္စည်းတွေဝယ်ဖို့လိုအပ်ချက်စာရင်းထဲမှာ ကျောင်းက Flash Card ကို မဖြစ်မနေဝယ်ခိုင်းပါတယ်။ ငွေအားဖြင့်လည်း ( ၃ ၊ ၄ ) ဒေါ်လာထက်မပိုပါဘူး။
.
နောက်တစ်မျိုးက Index Card ပါ။ အညီအညာဖြတ်ထားတဲ့ ကဒ်ထူစာရွက်အဖြူလေးတွေ အရွက် Index Card ( ၁ဝဝ ) ပါတစ်ထုတ်ကို ဆင့် ( ၆ဝ ) လောက်ပေးရသလို ချိတ်ကွင်းလေးနဲ့တွဲလိုက်ရင် Flash Card အဖြစ် အသွင်ပြောင်းလို့ရပါတယ်။ ဒီစံနစ်ရဲ့အဓိကကျောရိုးကတော့ စာပုဒ်တစ်ပုဒ်လုံးထက် အရေးကြီးတာကိုရွေးချယ်ပြီး ကျောင်းသားကိုမှတ်မိစေဖို့ပါ။
.
.
Index Card ရဲ့ အသုံးဝင်မှုက အံ့မခမ်းပါ။ လိုအပ်တဲ့မှတ်စရာတွေကို တစ်ရွက်ထုတ်မှတ်လိုက် စိတ်ထဲကကင်မရာနဲ့တစ်ကွက်ရိုက်လိုက်နဲ့ အလုပ်ကိုဖြစ်နေတာပါပဲ။ တစ်ကယ်စာကျက်မယ်လည်းလုပ်ရော ကျောင်းသားဟာ မှတ်စုစာအုပ်ကို ကိုးကားစရာနေရာအဆင့်မှာသာထားရပြီး ( ၁၄ ) ပေါင်လောက်ထူတဲ့ဖတ်စာအုပ်ကြီးဟာ အကြောင်းအရာရှာဖို့ နဲ့ ပိုမှတ်မိဖို့သုံးရတဲ့ အဆင့်မှာထားကြတာပါ။ မြန်မာနိုင်ငံနဲ့ စာသင်စံနစ်ကွာသလို ကျောင်းသားတွေရဲ့ရလဒ်ကလည်း ကွာတာ သိသာလှတယ်။
.
ဒါပေမယ့် ဒီစံနစ်ဟာ လက်ရှိမြန်မာနိုင်ငံမှာ တစ်ပတ်ကိုတစ်ခေါက် စာမေးပွဲဖြေနေရတဲ့ အထက်တန်းကျောင်းသားနဲ့မကိုက်တာကို ဒီစာရေးနေတဲ့ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ စာများများမှတ်မိဖို့ကတော့ ကိုယ်အားသန်သလိုကိုယ်ကျက်နေရာကနေ ပိုမိုကောင်းမွန်တဲ့နည်းလမ်းကောင်းတွေရှာဖွေဖို့ ခက်ခဲနေကြတယ်။ " မှတ်မိတာများမှ အမှတ်များများရမယ့် " ပညာရေးစံနစ်ရဲ့ အကျိုးရလဒ်ကိုသာ ကျွန်တော်တို့သင်ယူခဲ့ရင်း ကြီးပြင်းခွင့်ပေးခဲ့တဲ့ မြန်မာ့ကျောင်းတွေကို အခုအချိန်အထိကျေးဇူးတင်နေမိပါတော့တယ်။
.
ခင်မင်လျက်
.
11-27-2015

.
“ သက္ေတာင္႕သက္သာမွတ္မိေအာင္စာက်က္နည္း” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၂၆ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆၂ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။




No comments: