ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, October 25, 2015

အဂၤလိပ္စာေလ႕လာခဲ႕ဖို႕လိုတယ္ သူငယ္ခ်င္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
သူငယ္ခ်င္းေရ .. သတိရလို႕စာထပ္ေရးလိုက္တယ္။ မင္းတို႕ လုပ္ရင္းကိုင္ရင္းနဲ႕ၾကီးပြားေနတာၾကားလုိ႕ ဝမ္းသာသကြာ။ ဒါနဲ႕ မင္းတုိ႕ရဲ႕ေမာင္ႏွမေတြေခၚစာက်ေတာ႕မယ္ဆုိတာ ဟုတ္သလား? ေအး .. ငါၾကားတာကေတာ႕ မင္းတို႕လာခြင္႕ရျပီဆိုရင္ အသက္ ( ၂၁ ) ႏွစ္မေက်ာ္ေသးတဲ႕ သားသမီးေတြကိုပါေခၚခဲ႕လို႕ရတယ္ေလ။ သူတုိ႕ေရာပါလာၾကမွာမဟုတ္လား?
.
.
ကေလးေတြအေၾကာင္းမေျပာခင္ မင္းတုိ႕အေၾကာင္းအရင္ေမးခ်င္တယ္ကြာ။ ငါတုိ႕ကိုေကာလိပ္ကသင္ေပးလိုက္တဲ႕အဂၤလိပ္စာက ဆက္ဖတ္ေနမွ ႏိုင္ငံတကာမွာသံုးလို႕ရတာကြ။ ဒီအတိုင္းပစ္ထားလိုက္ရင္ေတာ႕ သံေခ်းမတက္ေပမယ္႕ မထက္တဲ႕ဓါးလိုပဲ ဘာခုတ္ခုတ္ျပတ္မွာမဟုတ္ဘူး သူငယ္ခ်င္း။ ေျပာမယ္႕သာေျပာရတာ မင္းတို႕တစ္ေတြၾကားထဲမွာလည္း “ ေလ႕လာခ်င္တဲ႕သူ ”  နဲ႕ “ ဆက္မေလ႕လာခ်င္တဲ႕သူ ” က အုပ္စုေတြကြဲေနၾကတယ္မဟုတ္လား?
.
ငါကေတာ႕ ရွင္းရွင္းေျပာမယ္ .. အားေနရင္ အဂၤလိပ္စာဖတ္ေနတာကြ။ ဒီလိုေျပာလို႕ စာသိပ္တတ္ေနတယ္လို႕ေတာ႕ အထင္မေရာက္ေစခ်င္ဘူး။ အျမဲေလ႕လာေနတယ္လို႕ေျပာခ်င္တာ။ အခုက ငါၾကည္႕ၾကည္႕ေနတယ္ .. ေခတ္အဆက္ဆက္အစုိးရေတြရဲ႕ပံုသြင္းမႈေတြနဲ႕လည္းဆိုင္မယ္ထင္တယ္ .. အဂၤလိပ္စာဆိုရင္ အလိုလိုေနရင္းေၾကာက္ေနၾကတယ္။ တစ္ေယာက္တစ္ေလကတတ္လို႕ ဘုိလိုနည္းနည္းမႈတ္လိုက္ျပီဆို “ အဲလဲ႕ .. အဲလဲ႕ .. ဆရာၾကီးလားကြ မင္းက ” ဆုိတဲ႕ မ်က္လံုးေတြနဲ႕အၾကည္႕ခံရတာ ငါနားလည္ပါတယ္္။
.
.
ဒါေပမယ္႕ ဒီအေျပာအဆိုကိုခံျပီး ဆက္ေလ႕လာရမွာကြ .. သိလား။ ႏို႕မို႕ဆို မင္းတို႕ဒီဘက္ႏုိင္ငံကိုေရာက္မွ တစ္ကေနစရသလို .. အုိကြာ .. အားမနာတမ္းေျပာရရင္ .. ေလးဘက္ကုန္းရုန္းေနရမယ္။ ဒါက ငါပိုေျပာတာမဟုတ္ဘူး။ မင္းတို႕စဥ္းစားၾကည္႕ေလ။ ဘယ္သြားသြား တစ္ေယာက္ကပို႕ေပးမွရမယ္ .. ဒါေတာ႕ဟုတ္တယ္ .. ေရာက္ခါစ ကားေမာင္းလိုင္စင္ကခ်က္ခ်င္းမွမရေသးတာကိုး။ တစ္ခုခုလုပ္ဖို႕ ဥပမာ - ရံုးကိစၥ၊ အာမခံကိစၥ၊ ေဆးရံုကိစၥ နဲ႕ ေက်ာင္းကိစၥေတြမွာ သူမ်ားအကူအညီယူရတယ္။ ဒီအထိအဆင္ေျပေသးတယ္။

.
ကဲ .. မင္းကုိယ္မင္း အိမ္ေထာင္စုခြဲေနပါျပီတဲ႕ .. ဘယ္မွာတုန္းလိုက္လုပ္ေပးမယ္႕သူေတြ..။ အစအဆံုး မင္းေျခ မင္းလက္ လုပ္ရမွာမဟုတ္ဘူးလား။ ကူညီမယ္႕သူေတြက အားတဲ႕အခါဆိုရင္အေၾကာင္းမဟုတ္ဘူး .. သူတုိ႕အလုပ္တက္တဲ႕ Weekdays ေတြမွာ ဘယ္လာလို႕လုပ္ေပးႏုိင္ပါ႕မလဲ။ ဒါေၾကာင္႕ ေစ်းဝယ္တတ္ရံု၊ ကားေမာင္းတတ္ရံု နဲ႕ အလုပ္ျဖစ္တယ္လို႕ ေလွ်ာ႕တြက္ထားလို႕မရဘူးေလ။ ဒါေၾကာင္႕ ရံုးေတြ ကႏ႖ေတြသြားတဲ႕အခါမွာ မင္းကိုေမးတဲ႕ SSN နံပါတ္တုိ႕၊ မင္းအိမ္လိပ္စာတို႕၊ အိမ္မွာရွိတဲ႕လူဦးေရ - Household Size တို႕ စတာေတြကို ျဖည္႕တတ္ရမယ္ေလ .. ဒီေလာက္ေတာ႕လုပ္တတ္ရမယ္။
.
.
ဒါက မင္းကို “ ေလ႕လာသင္ယူခ်င္သူ ” စာရင္းထဲမွာထည္႕တြက္ျပီးေျပာေနတာပါကြာ။ တကယ္လို႕ မင္းဘဝမွာ ဘာအပိုမွမသိခ်င္ဘူးဆိုရင္ေတာ႕ ဒီႏုိင္ငံေရာက္ေနတဲ႕ ျမန္မာအမ်ားစုလိုျဖစ္ေနမွာျမင္ေယာင္ေနပါေသးတယ္။ ငါဒီလိုေျပာလုိ႕ ႏွိမ္တယ္လို႕မယူဆေစခ်င္ဘူး။ ျမင္တဲ႕ေတြ႕တဲ႕အတုိင္းေျပာတာလို႕ပဲမွတ္ထားေစခ်င္တယ္။ တစ္နည္းအားျဖင္႕ သူတို႕လုိမျဖစ္ေစခ်င္လို႕ေျပာတာပါ။ တကယ္ပါ။
.
.
တစ္ခ်ိဳ႕ျမန္မာေတြဆို အဂၤလိပ္စာကို တုိပါေစ ရွည္ပါေစ မဖတ္ၾကေတာ႕ဘူး။ သူတို႕ရဲ႕သားသမီးေတြ၊ တူေတြ၊ တူမေတြကိုဖတ္ခုိင္းဖို႕ ကိုယ္႕အိမ္ေရာက္လာတဲ႕စာေတြကို မေဖာက္ပဲစုထားၾကတယ္ေလ။ ဒီေတာ႕ ဒီႏိုင္ငံအစုိးရ၊ ကုမၸဏီ နဲ႕ ရံုး႒ာနအသီးသီးက ကိုယ္႕ကုိဆက္သြယ္တဲ႕ပင္မဆက္ေၾကာင္းကို အေၾကာင္းမျပန္ႏိုင္ဘူးေပါ႕။ ပိုဆိုးတာက ဘာေတြမွန္းမသိတဲ႕ အဂၤလိပ္စာေတြဆိုျပီး စာတုိက္ပံုးထဲကစာအထပ္လိုက္ၾကီးကို ေဖါက္ဖတ္ေပးမယ္႕သူကုိလိုက္ရွာေနရတယ္ .. ေအး .. ဟုတ္တယ္ .. မယံုမရွိနဲ႕။ ငါက မင္းကိုသူတုိ႕လိုျဖစ္သြားမွာစိုးလို႕ ေလ႕လာခုိင္းေနတာ။
.
.
ဒါေပမယ္႕ သူတုိ႕ကုိေမးၾကည္႕ .. စာမတတ္လို႕ အေမရိကားမွာမေနပဲ ျမန္မာႏုိင္ငံျပန္မလားဆိုေတာ႕ အင္းမလုပ္ အဲမလုပ္ပဲ။ ေနရ စားရတာကိုေက်နပ္ေနတယ္။ ျမန္မာအခ်င္းခ်င္းအလုပ္ခန္႕ေပးမ်ိဳးေတြကိုေက်နပ္ေနတယ္။ “ ငါတို႕က ဒါမ်ိဳးေတြမလုပ္တတ္ဘူး ” ဆိုျပီး တစ္လႊဲဆံပင္ေကာင္းဂုဏ္ယူေနတတ္ၾကတယ္ေလ။ ဒီလိုဆိုေတာ႕ကာ ျမန္မာျပည္မွာပညာေရးစံနစ္မေကာင္းလို႕ဆိုျပီးအေၾကာင္းျပျပီးႏုိင္ငံျခားထြက္လာတဲ႕ေရႊျမန္မာေတြတုိးတက္တာကို ဘယ္မွာေတြ႕ႏိုင္ပါေတာ႕မလဲ? မဟုတ္ဘူးလား?
.
မင္းရဲ႕သားသမီးေတြက အငယ္ေလးေတြေရာ ေက်ာင္းၾကီးတက္ေနသူေတြေရာပါမယ္ မဟုတ္လား? ဒီက စံနစ္က ( ၁၂ ) တန္းအထိ အားလံုးအခမဲ႕။ ဒါေပမယ္႕ ႏို႕စို႕အရြယ္ နဲ႕ မူၾကိဳပို႕လို႕မရေသးတဲ႕အရြယ္ေတြဆို  ကေလးထိန္းခက ေစ်းၾကီးတယ္။ ေကာလိပ္တက္ဖို႕ သားသမီးပါလာတယ္ဆိုရင္ ဒီႏုိင္ငံေရာက္ျပီး ( ၁ ) ႏွစ္ၾကာမွ ေက်ာင္းေထာက္ပံ႕ေၾကး - Financial Student Aid ေလွ်ာက္လို႕ရတယ္။ ဒါကလည္း Green Card လက္ဝယ္ရွိသူေတြပဲရတာေလ။ ႏုိင္ငံကူးလက္မွတ္ကိုင္ျပီးေက်ာင္းလာတက္သူေတြကေတာ႕ ဒါမ်ိဳးေလွ်ာက္ခြင္႕မရွိဘူး။ တကၠသိုလ္တက္မယ္႕ေက်ာင္းသားအတြက္ေတာ႕ မင္းက ေငြပိုေငြလ်ွံေလးပါလာမွျဖစ္မယ္။ အနည္းဆံုးေတာ႕ တစ္လ ေဒၚလာ ( ၃ဝဝဝ ) ေလာက္ေပါ႕။
.
.
ဒါက တစ္အုပ္စုခ်င္းဆီကုိခြဲျပီးေျပာျပတာ။ အေမရိကားကိုလာမွ အဂၤလိပ္စာကိုေအာက္သင္ေက်အဆင္႕ေလာက္တတ္ေနသင္႕တာမဟုတ္ဘူးေလ။ ျမန္မာႏုိင္ငံမွာလည္း အခုဆိုရင္ စီးပြားေရးလမ္းစေတြပြင္႕လာေတာ႕ ျပည္ပမထြက္လည္း မင္းတို႕လုိ လုပ္ငန္းကိုင္ငန္းသမားအတြက္ အသံုးဝင္တာေပါ႕။ အနည္းဆံုးေတာ႕ သြင္းကုန္-ထုတ္ကုန္လုပ္သူေတြက ႏုိင္ငံျခားသားနဲ႕စကားေျပာရတာမ်ိဳး၊ ဒါမွမဟုတ္ ကုမၸဏီအလုပ္နဲ႕ ႏုိင္ငံ႕ျပင္ပထြက္ျပီ္း အစည္းအေဝးတက္ရတာမ်ိဳးဆိုရင္ တတ္ထားမွျဖစ္မယ္႕ ထမင္းစားေရေသာက္လက္သံုးစကားဆိုတာ ငါမေျပာလည္း မင္းသိမွာပါ။
.
ဒီလုိစကားမ်ိဳး၊ စာမ်ိဳးကိုတတ္ဖို႕ သိပ္ခက္လွတယ္ရယ္လို႕မရွိပါဘူး .. လုပ္ေနဖို႕ “ D O I N G ”  ပဲ လိုပါတယ္။ အထက္ကေျပာခဲ႕သလို Times တို႕ Newsweek တုိ႕လို သတင္းစာၾကီးေတြဖတ္ႏိုင္ေလာက္ေအာင္မလုိပါဘူး။ ရံုးေတြဘာေတြသြားရင္ ကိုယ္႕ေဖာင္ကိုယ္ျဖည္႕တတ္တယ္ဆုိရင္ ေတာ္ေတာ္ဟုတ္ေနျပီ။ ၾကည္႕ .. မင္းကငါ႕ကိုအထင္ေသးတာပဲ လို႕ ေျပာမလို႕မဟုတ္လား? မဟုတ္ရပါဘူးကြာ .. အမ်ားနဲ႕ကိုက္ညီေအာင္ေယ်ဘုယ်လုိအပ္ခ်က္ကို ေဆြးေႏြးေပးတာပါ။ လူတုိင္းက မင္းလို ပညာကုိဆက္ေလ႕လာမယ္လို႕အတတ္ေျပာလို႕မရဘူးေလ .. ဒါကိုနားလည္ရမယ္။
.
.
အဓိက သဒၵါ - Grammar ပဲ။ ငယ္ငယ္ကတည္းကသင္ခဲ႕တဲ႕ Grammar စာလံုးေတြကုိ အထင္မေသးနဲ႕ကြ .. ေနရာတကာအသံုးတည္႕တယ္။ လြယ္လြယ္ေလးက ပိုအသံုးမ်ားတယ္။ ခက္တဲ႕စာေတြကို အေမရိကန္က လြယ္ေအာင္လုပ္ပစ္လိုက္တာခ်ည္းပဲေလ။ ဒါေပမယ္႕ သူ႕ေနရာနဲ႕သူ႕စကားနဲ႕ေတာ႕သိရမွာက မင္းတာဝန္ပဲ .. ဒါကိုေတာ႕ပိုင္ႏိုင္ေအာင္လုပ္ရမယ္။
.
ေနာက္ထပ္အေရးၾကီးတာတစ္ခုရွိေသးတယ္္ .. အသံထြက္။ ဒါကလည္းကြာ မင္းတတ္ခဲ႕တဲ႕အသံထြက္ေဟာင္းေတြကို ဒီဘက္ႏုိင္ငံေရာက္ရင္ေမ႕ထားျပီး အစကေန နားအသစ္နဲ႕ျပန္နားေထာင္လိုက္ရင္ရတယ္ .. တကယ္ေျပာတာ .. လြယ္လြယ္ေလး..။ သူမ်ားေျပာတာကို ၾကားတာမ်ားလာေတာ႕ မင္းရဲ႕နားထဲမွာစြဲလာမယ္။ ဒီမွာအေရးၾကီးတာကလာျပီ .. ၾကားဖူးတဲ႕အသံကို လွ်ာအသစ္နဲ႕ျပန္လုိက္ေျပာႏုိင္ရမယ္။ ဥပမာကြာ - ျမန္မာႏုိင္ငံမွာ ေမာ္ေတာ္ယာဥ္ကို “ ကား ” လို႕ ဖတ္ခဲ႕တယ္မလား? ဒီေရာက္တဲ႕အခါ  “ ခါး ” လို႕လိုက္ဖတ္ရမွာေပါ႕။ ဒါမွ မင္းနားယဥ္လာမယ္ေလ။ လိုက္ေျပာပါမွလည္း ေျပာတတ္လာမယ္။ ဒီလိုပဲသင္ရတာပဲကြ .. စိတ္ပ်က္စရာမရွိပါဘူး။ ပီေအာင္လိုက္ေျပာတတ္ရင္ရျပီ..။
.
.
ေနာက္ဆံုးအေနနဲ႕ အသက္နည္းနည္းၾကီးသူေတြနဲ႕အဂၤလိပ္စာေမ႕ေနသူေတြဆိုရင္ လူၾကီးေက်ာင္းတက္လို႕ရတယ္။ Adult School လို႕ေခၚတယ္။ ဒါကလည္း ဝင္ေၾကးဘယ္ေလာက္မွမရွိဘူး။ စကားေျပာအေျခခံသင္ခ်င္တာလား? အလုပ္ခြင္ဝင္ဖို႕သင္ခ်င္တာလား? ေနာက္ဆံုး အေမရိကန္ႏုိင္ငံသားစာေမးပြဲေျဖဖို႕သင္ခ်င္တာလား? အကုန္လံုးအေသးစိတ္သင္ေပးတယ္။ သင္ေနရင္းနဲ႕မွ မင္းအတြက္သိပ္လြယ္ေနရင္ ျမင္႕တဲ႕အတန္းတက္ခိုင္းတယ္။ အဲဒါကိုမွ ထပ္လြယ္ေနေသးရင္ အမ်ားသိတဲ႕ ေပါင္းကူးေက်ာင္း ( ေကာ္ျမဴနတီေကာလိပ္ ) Community College တက္လို႕ရတယ္။ ေအး .. Financial Aid ရရင္ မင္းေက်ာင္းစားရိတ္ကုိ ျပည္နယ္ကကူေပးမယ္႕အျပင္ တစ္ခ်ိဳ႕ဆိုရင္ ေက်ာင္းစားရိတ္အပိုေငြပါေပးေသးတယ္လုိ႕ ၾကားဖူးတယ္ကြ။
.
အဲဒါေၾကာင္႕ေျပာတာ။ အေမရိကားမွာေလ႕လာစရာမကုန္ဘူး .. ေန႕တုိင္း အသစ္ အသစ္ခ်ည္းပဲ။ မင္းတို႕လာမယ္႕အခ်ိန္မွာ “ ေလ႕လာသင္ယူခ်င္တဲ႕စိတ္ - Curiosity ” ေလးေတာ႕ ျပန္ေမြးလာေစခ်င္တယ္။ အမွန္က သင္ယူခ်င္တယ္ဆိုတာေျပာလို႕သာလြယ္တာ လူဆုိတာက ကိုယ္႕မာနကိုယ္ခ်ခ်င္ၾကတာမဟုတ္ဘူးေလ။ အဲဒီထဲမွာအဆုိးဆံုးက မသိပ၊ဲ မတတ္ပဲ တတ္ခ်င္ဟန္ေဆာင္တဲ႕စိတ္ပဲ..။ မင္းမွာမရွိတာ ငါသိပါတယ္။ ဒါေပမယ္႕ ျမန္မာႏုိင္ငံမွာ မင္းဘယ္ေလာက္ခ်မ္းသာေနေန ဒီေရာက္ရင္ေတာ႕ အစကေန ျပန္စရမွာပဲ။ ဒါေပမယ္႕ သင္ယူခ်င္တဲ႕စိတ္ပါလာရင္ေတာ႕ သိပ္လြယ္တယ္ သူငယ္ခ်င္း။ ျပန္မလာႏုိင္ေသးေတာ႕ စာေရးုျပီးသတိရေနရတာလည္း ခဏခဏပဲ။ ေအး .. ဘာပဲေျပာေျပာ ျမန္မာႏုိင္ငံက ငယ္သူငယ္ခ်င္းေတြကိုသတိရတယ္ကြာ။ ေတာ္ေသးျပီ။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-25-2015
.
သူငယ္ခ်င္းဆီေရးတဲ႕စာ ( ၁ ) ျပန္ဖတ္ႏိုင္ရန္။ https://www.facebook.com/photo.php?fbid=1582466265375174&set=pb.100008354461942.-2207520000.1445831701.&type=3&theater
.
.
.
Myanmar Unicode Version:
.
.
“ အင်္ဂလိပ်စာလေ့လာခဲ့ဖို့လိုတယ် သူငယ်ချင်း ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
သူငယ်ချင်းရေ .. သတိရလို့စာထပ်ရေးလိုက်တယ်။ မင်းတို့ လုပ်ရင်းကိုင်ရင်းနဲ့ကြီးပွားနေတာကြားလို့ ဝမ်းသာသကွာ။ ဒါနဲ့ မင်းတို့ရဲ့မောင်နှမတွေခေါ်စာကျတော့မယ်ဆိုတာ ဟုတ်သလား? အေး .. ငါကြားတာကတော့ မင်းတို့လာခွင့်ရပြီဆိုရင် အသက် ( ၂၁ ) နှစ်မကျော်သေးတဲ့ သားသမီးတွေကိုပါခေါ်ခဲ့လို့ရတယ်လေ။ သူတို့ရောပါလာကြမှာမဟုတ်လား?
.
.
ကလေးတွေအကြောင်းမပြောခင် မင်းတို့အကြောင်းအရင်မေးချင်တယ်ကွာ။ ငါတို့ကိုကောလိပ်ကသင်ပေးလိုက်တဲ့အင်္ဂလိပ်စာက ဆက်ဖတ်နေမှ နိုင်ငံတကာမှာသုံးလို့ရတာကွ။ ဒီအတိုင်းပစ်ထားလိုက်ရင်တော့ သံချေးမတက်ပေမယ့် မထက်တဲ့ဓါးလိုပဲ ဘာခုတ်ခုတ်ပြတ်မှာမဟုတ်ဘူး သူငယ်ချင်း။ ပြောမယ့်သာပြောရတာ မင်းတို့တစ်တွေကြားထဲမှာလည်း “ လေ့လာချင်တဲ့သူ ”  နဲ့ “ ဆက်မလေ့လာချင်တဲ့သူ ” က အုပ်စုတွေကွဲနေကြတယ်မဟုတ်လား?
.
ငါကတော့ ရှင်းရှင်းပြောမယ် .. အားနေရင် အင်္ဂလိပ်စာဖတ်နေတာကွ။ ဒီလိုပြောလို့ စာသိပ်တတ်နေတယ်လို့တော့ အထင်မရောက်စေချင်ဘူး။ အမြဲလေ့လာနေတယ်လို့ပြောချင်တာ။ အခုက ငါကြည့်ကြည့်နေတယ် .. ခေတ်အဆက်ဆက်အစိုးရတွေရဲ့ပုံသွင်းမှုတွေနဲ့လည်းဆိုင်မယ်ထင်တယ် .. အင်္ဂလိပ်စာဆိုရင် အလိုလိုနေရင်းကြောက်နေကြတယ်။ တစ်ယောက်တစ်လေကတတ်လို့ ဘိုလိုနည်းနည်းမှုတ်လိုက်ပြီဆို “ အဲလဲ့ .. အဲလဲ့ .. ဆရာကြီးလားကွ မင်းက ” ဆိုတဲ့ မျက်လုံးတွေနဲ့အကြည့်ခံရတာ ငါနားလည်ပါတယ်။
.
.
ဒါပေမယ့် ဒီအပြောအဆိုကိုခံပြီး ဆက်လေ့လာရမှာကွ .. သိလား။ နို့မို့ဆို မင်းတို့ဒီဘက်နိုင်ငံကိုရောက်မှ တစ်ကနေစရသလို .. အိုကွာ .. အားမနာတမ်းပြောရရင် .. လေးဘက်ကုန်းရုန်းနေရမယ်။ ဒါက ငါပိုပြောတာမဟုတ်ဘူး။ မင်းတို့စဉ်းစားကြည့်လေ။ ဘယ်သွားသွား တစ်ယောက်ကပို့ပေးမှရမယ် .. ဒါတော့ဟုတ်တယ် .. ရောက်ခါစ ကားမောင်းလိုင်စင်ကချက်ချင်းမှမရသေးတာကိုး။ တစ်ခုခုလုပ်ဖို့ ဥပမာ - ရုံးကိစ္စ၊ အာမခံကိစ္စ၊ ဆေးရုံကိစ္စ နဲ့ ကျောင်းကိစ္စတွေမှာ သူများအကူအညီယူရတယ်။ ဒီအထိအဆင်ပြေသေးတယ်။
.
ကဲ .. မင်းကိုယ်မင်း အိမ်ထောင်စုခွဲနေပါပြီတဲ့ .. ဘယ်မှာတုန်းလိုက်လုပ်ပေးမယ့်သူတွေ..။ အစအဆုံး မင်းခြေ မင်းလက် လုပ်ရမှာမဟုတ်ဘူးလား။ ကူညီမယ့်သူတွေက အားတဲ့အခါဆိုရင်အကြောင်းမဟုတ်ဘူး .. သူတို့အလုပ်တက်တဲ့ Weekdays တွေမှာ ဘယ်လာလို့လုပ်ပေးနိုင်ပါ့မလဲ။ ဒါကြောင့် ဈေးဝယ်တတ်ရုံ၊ ကားမောင်းတတ်ရုံ နဲ့ အလုပ်ဖြစ်တယ်လို့ လျှော့တွက်ထားလို့မရဘူးလေ။ ဒါကြောင့် ရုံးတွေ ကန္တွတွေသွားတဲ့အခါမှာ မင်းကိုမေးတဲ့ SSN နံပါတ်တို့၊ မင်းအိမ်လိပ်စာတို့၊ အိမ်မှာရှိတဲ့လူဦးရေ - Household Size တို့ စတာတွေကို ဖြည့်တတ်ရမယ်လေ .. ဒီလောက်တော့လုပ်တတ်ရမယ်။
.
.
ဒါက မင်းကို “ လေ့လာသင်ယူချင်သူ ” စာရင်းထဲမှာထည့်တွက်ပြီးပြောနေတာပါကွာ။ တကယ်လို့ မင်းဘဝမှာ ဘာအပိုမှမသိချင်ဘူးဆိုရင်တော့ ဒီနိုင်ငံရောက်နေတဲ့ မြန်မာအများစုလိုဖြစ်နေမှာမြင်ယောင်နေပါသေးတယ်။ ငါဒီလိုပြောလို့ နှိမ်တယ်လို့မယူဆစေချင်ဘူး။ မြင်တဲ့တွေ့တဲ့အတိုင်းပြောတာလို့ပဲမှတ်ထားစေချင်တယ်။ တစ်နည်းအားဖြင့် သူတို့လိုမဖြစ်စေချင်လို့ပြောတာပါ။ တကယ်ပါ။
.
.
တစ်ချို့မြန်မာတွေဆို အင်္ဂလိပ်စာကို တိုပါစေ ရှည်ပါစေ မဖတ်ကြတော့ဘူး။ သူတို့ရဲ့သားသမီးတွေ၊ တူတွေ၊ တူမတွေကိုဖတ်ခိုင်းဖို့ ကိုယ့်အိမ်ရောက်လာတဲ့စာတွေကို မဖောက်ပဲစုထားကြတယ်လေ။ ဒီတော့ ဒီနိုင်ငံအစိုးရ၊ ကုမ္ပဏီ နဲ့ ရုံးဋ္ဌာနအသီးသီးက ကိုယ့်ကိုဆက်သွယ်တဲ့ပင်မဆက်ကြောင်းကို အကြောင်းမပြန်နိုင်ဘူးပေါ့။ ပိုဆိုးတာက ဘာတွေမှန်းမသိတဲ့ အင်္ဂလိပ်စာတွေဆိုပြီး စာတိုက်ပုံးထဲကစာအထပ်လိုက်ကြီးကို ဖေါက်ဖတ်ပေးမယ့်သူကိုလိုက်ရှာနေရတယ် .. အေး .. ဟုတ်တယ် .. မယုံမရှိနဲ့။ ငါက မင်းကိုသူတို့လိုဖြစ်သွားမှာစိုးလို့ လေ့လာခိုင်းနေတာ။
.
.
ဒါပေမယ့် သူတို့ကိုမေးကြည့် .. စာမတတ်လို့ အမေရိကားမှာမနေပဲ မြန်မာနိုင်ငံပြန်မလားဆိုတော့ အင်းမလုပ် အဲမလုပ်ပဲ။ နေရ စားရတာကိုကျေနပ်နေတယ်။ မြန်မာအချင်းချင်းအလုပ်ခန့်ပေးမျိုးတွေကိုကျေနပ်နေတယ်။ “ ငါတို့က ဒါမျိုးတွေမလုပ်တတ်ဘူး ” ဆိုပြီး တစ်လွှဲဆံပင်ကောင်းဂုဏ်ယူနေတတ်ကြတယ်လေ။ ဒီလိုဆိုတော့ကာ မြန်မာပြည်မှာပညာရေးစံနစ်မကောင်းလို့ဆိုပြီးအကြောင်းပြပြီးနိုင်ငံခြားထွက်လာတဲ့ရွှေမြန်မာတွေတိုးတက်တာကို ဘယ်မှာတွေ့နိုင်ပါတော့မလဲ? မဟုတ်ဘူးလား?
.
မင်းရဲ့သားသမီးတွေက အငယ်လေးတွေရော ကျောင်းကြီးတက်နေသူတွေရောပါမယ် မဟုတ်လား? ဒီက စံနစ်က ( ၁၂ ) တန်းအထိ အားလုံးအခမဲ့။ ဒါပေမယ့် နို့စို့အရွယ် နဲ့ မူကြိုပို့လို့မရသေးတဲ့အရွယ်တွေဆို  ကလေးထိန်းခက ဈေးကြီးတယ်။ ကောလိပ်တက်ဖို့ သားသမီးပါလာတယ်ဆိုရင် ဒီနိုင်ငံရောက်ပြီး ( ၁ ) နှစ်ကြာမှ ကျောင်းထောက်ပံ့ကြေး - Financial Student Aid လျှောက်လို့ရတယ်။ ဒါကလည်း Green Card လက်ဝယ်ရှိသူတွေပဲရတာလေ။ နိုင်ငံကူးလက်မှတ်ကိုင်ပြီးကျောင်းလာတက်သူတွေကတော့ ဒါမျိုးလျှောက်ခွင့်မရှိဘူး။ တက္ကသိုလ်တက်မယ့်ကျောင်းသားအတွက်တော့ မင်းက ငွေပိုငွေလျှံလေးပါလာမှဖြစ်မယ်။ အနည်းဆုံးတော့ တစ်လ ဒေါ်လာ ( ၃ဝဝဝ ) လောက်ပေါ့။
.
.
ဒါက တစ်အုပ်စုချင်းဆီကိုခွဲပြီးပြောပြတာ။ အမေရိကားကိုလာမှ အင်္ဂလိပ်စာကိုအောက်သင်ကျေအဆင့်လောက်တတ်နေသင့်တာမဟုတ်ဘူးလေ။ မြန်မာနိုင်ငံမှာလည်း အခုဆိုရင် စီးပွားရေးလမ်းစတွေပွင့်လာတော့ ပြည်ပမထွက်လည်း မင်းတို့လို လုပ်ငန်းကိုင်ငန်းသမားအတွက် အသုံးဝင်တာပေါ့။ အနည်းဆုံးတော့ သွင်းကုန်-ထုတ်ကုန်လုပ်သူတွေက နိုင်ငံခြားသားနဲ့စကားပြောရတာမျိုး၊ ဒါမှမဟုတ် ကုမ္ပဏီအလုပ်နဲ့ နိုင်ငံ့ပြင်ပထွက်ပ်ြီး အစည်းအဝေးတက်ရတာမျိုးဆိုရင် တတ်ထားမှဖြစ်မယ့် ထမင်းစားရေသောက်လက်သုံးစကားဆိုတာ ငါမပြောလည်း မင်းသိမှာပါ။
.
ဒီလိုစကားမျိုး၊ စာမျိုးကိုတတ်ဖို့ သိပ်ခက်လှတယ်ရယ်လို့မရှိပါဘူး .. လုပ်နေဖို့ “ D O I N G ”  ပဲ လိုပါတယ်။ အထက်ကပြောခဲ့သလို Times တို့ Newsweek တို့လို သတင်းစာကြီးတွေဖတ်နိုင်လောက်အောင်မလိုပါဘူး။ ရုံးတွေဘာတွေသွားရင် ကိုယ့်ဖောင်ကိုယ်ဖြည့်တတ်တယ်ဆိုရင် တော်တော်ဟုတ်နေပြီ။ ကြည့် .. မင်းကငါ့ကိုအထင်သေးတာပဲ လို့ ပြောမလို့မဟုတ်လား? မဟုတ်ရပါဘူးကွာ .. အများနဲ့ကိုက်ညီအောင်ယျေဘုယျလိုအပ်ချက်ကို ဆွေးနွေးပေးတာပါ။ လူတိုင်းက မင်းလို ပညာကိုဆက်လေ့လာမယ်လို့အတတ်ပြောလို့မရဘူးလေ .. ဒါကိုနားလည်ရမယ်။
.
.
အဓိက သဒ္ဒါ - Grammar ပဲ။ ငယ်ငယ်ကတည်းကသင်ခဲ့တဲ့ Grammar စာလုံးတွေကို အထင်မသေးနဲ့ကွ .. နေရာတကာအသုံးတည့်တယ်။ လွယ်လွယ်လေးက ပိုအသုံးများတယ်။ ခက်တဲ့စာတွေကို အမေရိကန်က လွယ်အောင်လုပ်ပစ်လိုက်တာချည်းပဲလေ။ ဒါပေမယ့် သူ့နေရာနဲ့သူ့စကားနဲ့တော့သိရမှာက မင်းတာဝန်ပဲ .. ဒါကိုတော့ပိုင်နိုင်အောင်လုပ်ရမယ်။
.
နောက်ထပ်အရေးကြီးတာတစ်ခုရှိသေးတယ် .. အသံထွက်။ ဒါကလည်းကွာ မင်းတတ်ခဲ့တဲ့အသံထွက်ဟောင်းတွေကို ဒီဘက်နိုင်ငံရောက်ရင်မေ့ထားပြီး အစကနေ နားအသစ်နဲ့ပြန်နားထောင်လိုက်ရင်ရတယ် .. တကယ်ပြောတာ .. လွယ်လွယ်လေး..။ သူများပြောတာကို ကြားတာများလာတော့ မင်းရဲ့နားထဲမှာစွဲလာမယ်။ ဒီမှာအရေးကြီးတာကလာပြီ .. ကြားဖူးတဲ့အသံကို လျှာအသစ်နဲ့ပြန်လိုက်ပြောနိုင်ရမယ်။ ဥပမာကွာ - မြန်မာနိုင်ငံမှာ မော်တော်ယာဉ်ကို “ ကား ” လို့ ဖတ်ခဲ့တယ်မလား? ဒီရောက်တဲ့အခါ  “ ခါး ” လို့လိုက်ဖတ်ရမှာပေါ့။ ဒါမှ မင်းနားယဉ်လာမယ်လေ။ လိုက်ပြောပါမှလည်း ပြောတတ်လာမယ်။ ဒီလိုပဲသင်ရတာပဲကွ .. စိတ်ပျက်စရာမရှိပါဘူး။ ပီအောင်လိုက်ပြောတတ်ရင်ရပြီ..။
.
.
နောက်ဆုံးအနေနဲ့ အသက်နည်းနည်းကြီးသူတွေနဲ့အင်္ဂလိပ်စာမေ့နေသူတွေဆိုရင် လူကြီးကျောင်းတက်လို့ရတယ်။ Adult School လို့ခေါ်တယ်။ ဒါကလည်း ဝင်ကြေးဘယ်လောက်မှမရှိဘူး။ စကားပြောအခြေခံသင်ချင်တာလား? အလုပ်ခွင်ဝင်ဖို့သင်ချင်တာလား? နောက်ဆုံး အမေရိကန်နိုင်ငံသားစာမေးပွဲဖြေဖို့သင်ချင်တာလား? အကုန်လုံးအသေးစိတ်သင်ပေးတယ်။ သင်နေရင်းနဲ့မှ မင်းအတွက်သိပ်လွယ်နေရင် မြင့်တဲ့အတန်းတက်ခိုင်းတယ်။ အဲဒါကိုမှ ထပ်လွယ်နေသေးရင် အများသိတဲ့ ပေါင်းကူးကျောင်း ( ကော်မြူနတီကောလိပ် ) Community College တက်လို့ရတယ်။ အေး .. Financial Aid ရရင် မင်းကျောင်းစားရိတ်ကို ပြည်နယ်ကကူပေးမယ့်အပြင် တစ်ချို့ဆိုရင် ကျောင်းစားရိတ်အပိုငွေပါပေးသေးတယ်လို့ ကြားဖူးတယ်ကွ။
.
အဲဒါကြောင့်ပြောတာ။ အမေရိကားမှာလေ့လာစရာမကုန်ဘူး .. နေ့တိုင်း အသစ် အသစ်ချည်းပဲ။ မင်းတို့လာမယ့်အချိန်မှာ “ လေ့လာသင်ယူချင်တဲ့စိတ် - Curiosity ” လေးတော့ ပြန်မွေးလာစေချင်တယ်။ အမှန်က သင်ယူချင်တယ်ဆိုတာပြောလို့သာလွယ်တာ လူဆိုတာက ကိုယ့်မာနကိုယ်ချချင်ကြတာမဟုတ်ဘူးလေ။ အဲဒီထဲမှာအဆိုးဆုံးက မသိပ၊ဲ မတတ်ပဲ တတ်ချင်ဟန်ဆောင်တဲ့စိတ်ပဲ..။ မင်းမှာမရှိတာ ငါသိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မင်းဘယ်လောက်ချမ်းသာနေနေ ဒီရောက်ရင်တော့ အစကနေ ပြန်စရမှာပဲ။ ဒါပေမယ့် သင်ယူချင်တဲ့စိတ်ပါလာရင်တော့ သိပ်လွယ်တယ် သူငယ်ချင်း။ ပြန်မလာနိုင်သေးတော့ စာရေးုပြီးသတိရနေရတာလည်း ခဏခဏပဲ။ အေး .. ဘာပဲပြောပြော မြန်မာနိုင်ငံက ငယ်သူငယ်ချင်းတွေကိုသတိရတယ်ကွာ။ တော်သေးပြီ။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-25-2015
.
သူငယ်ချင်းဆီရေးတဲ့စာ ( ၁ ) ပြန်ဖတ်နိုင်ရန်။ https://www.facebook.com/photo.php?fbid=1582466265375174&set=pb.100008354461942.-2207520000.1445831701.&type=3&theater
.
“ အဂၤလိပ္စာေလ႕လာခဲ႕ဖို႕လိုတယ္ သူငယ္ခ်င္း ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၁၂ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆ဝ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။



  • Left
  • Center
  • Right
Remove
click to add a caption




No comments: