ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
“ ေဒါက္ေဒါက္ .. ေဒါက္ေဒါက္ ”
ကားထဲဝင္ျပီးစ တံခါးကိုပိတ္ျပီး စက္ႏိႈးမယ္အလုပ္မွာ
ကားမွန္တံခါးေခါက္တာကိုၾကားရတဲ႕အသံပါ။
ၾကည္႕လုိက္ေတာ႕ ပိတ္ထားတဲ႕မွန္တံခါးရဲ႕တစ္ဖက္မွာ
“ သူစကားေျပာခ်င္လို႕ တံခါးဖြင္႕ေပးပါ ” လို႕ လက္ဟန္ေျခဟန္ နဲ႕ ေျပာေနတဲ႕ အေမရိကန္အဖြားအုိတစ္ေယာက္ကို
အမွတ္မထင္ ျမင္လိုက္ရပါတယ္။ သိၾကတဲ႕အတိုင္း အေမရိကားရဲ႕ကားပါကင္ေတြမွာ ကုိယ္႕ကားနား
ခ်ည္းကပ္လာသူ ဘယ္သူ႕ကုိမဆို ကားပိုင္ရွင္ေတြ မၾကိဳက္ၾကပါဘူး။ ဒါနဲ႕ ကြ်န္ေတာ႕စိတ္ထဲမွာ
ခ်က္ခ်င္းၾကီးသံသယျဖစ္သြားတယ္ .. ငါ႕ကိုတစ္ခုခုလုပ္မလို႕မ်ားလား?
.
.
အဖြားအုိက ရုပ္ရည္သန္႕ျပန္႕ျပီး လက္ထဲမွာ
ကားေသာ႕ကိုင္ထားတယ္။ ကားေသာ႕မွာ အေဝးကေန ကားတံခါးပိတ္လို႕ ဖြင္႕လုိ႕ရတဲ႕ ရမုဒ္ကားေသာ႕ပါတယ္။
ဝတ္စားထားတာက လူကုံထံပံုစံျဖစ္ျပီး မပြမတို စတုိင္ေဘာင္းဘီဝတ္ထားပါတယ္။ သူ႕လက္ထဲက ပိုက္ဆံအိတ္တံဆိပ္အရလည္း
ကြ်န္ေတာ႕ေခါင္းကိုရိုက္လုဖုိ႕ ပစၥည္းတစ္ခုခု ထည္႕မထားေလာက္ဘူးဆိုတာ ကြ်န္ေတာ္မွန္းဆၾကည္႕တယ္။
.
သူ႕ေခါင္းကဆံပင္ေတြက အသက္အရြယ္အလိုက္
ျဖဴဆြတ္ေနေပမယ္႕ အေနာက္တိုင္းမွာျမင္ေနက် ေရႊအိုရင္႕ေရာင္ၾကာဇံေခ်ာင္းေလးေတြသဖြယ္ တြဲေလာင္းခုိေနတယ္။
အေရးေကာင္း ဒိန္းေဒါင္းဖ်က္တဲ႕ပင္လယ္ေအာ္ကတိုက္လိုက္တဲ႕ေလဟာ အေမရိကန္အဖြားအိုရဲ႕ တုန္ယင္ေနတဲ႕စကားသံကုိ
သူ႕ခႏၶာကိုယ္ခါသြားတဲ႕အထိ ဆြဲရမ္းေနပါတယ္။ ဒီပံုရိပ္ .. ဒီအကန္႕ေလးကို မ်က္စိထဲမွာျမင္မိရင္
ကားတံခါးလာေခါက္တဲ႕အဖြားအုိကို ဘယ္ေလာက္အထိအခ်ိန္ျမန္ျမန္ ကြ်န္ေတာ္အကဲခတ္ေနရတယ္ဆိုတာ
ခန္႕မွန္းၾကည္႕ႏိုင္ပါတယ္။
.
.
အေပၚကအခ်င္းအရာအားလံုးကုိ ( ၃ ) စကၠန္႕အတြင္း
အေကာင္းျမင္သံုးသပ္ျပီးတဲ႕ကြ်န္ေတာ္ဟာ ကားမွန္တံခါးကို လက္တစ္လံုးေလာက္ ႏွိမ္႕ခ်ေပးလိုက္တဲ႕အခါ
“ သူငယ္ေလးကားကို ခဏလိုက္စီးလို႕ရမလား? အဖြားလမ္းမေလွ်ာက္ႏုိင္ေတာ႕လို႕ပါ ”
.. ကြ်န္ေတာ္ဘာမွျပန္မေျပာႏုိင္ခင္ သူက
..
“ ဒီနားမွာ အဖြားကားရပ္ထားတာ ရွာမေတြ႕လို႕။
လမ္းေလွ်ာက္ရွာေနတာလည္း ႏွံ႕ေနျပီ ” လို႕ ေျပာရင္း အေမာေဖာက္လာတဲ႕အတြက္ ခဏနားပါတယ္။
.
“ Are you ok? ” လို႕ ကြ်န္ေတာ္ေမးလိုက္ေတာ႕
“ ေနေကာင္းပါတယ္။ ကားလည္းေမာင္းႏုိင္တယ္။ လမ္းဆက္မေလွ်ာက္ႏုိင္ေတာ႕တာ တစ္ခုပဲ ” လို႕
ျပန္ေျဖတယ္။ ကူညီဖို႕မကူညီဖို႕ မဆံုးျဖတ္ႏုိင္ေသးတဲ႕ကြ်န္ေတာ္က သူ႕ကုိ ေနာက္ထပ္ေမးခြန္းေမးတယ္
“ Did you come alone? ” ဆုိေတာ႕ “ Yes ” လို႕ တစ္ခြန္းတည္းေျဖျပီး ကြ်န္ေတာ႕ကားေပၚသူလိုက္ပါျပီး
ရပ္ခဲ႕တဲ႕သူကားကုိရွာပံုေတာ္ဖြင္႕ဖုိ႕ ေတာင္းဆိုေနတဲ႕ သူ႕မ်က္လံုးေတြကုိ ကြ်န္ေတာ္ေတြ႕လိုက္ရတယ္။
ကြ်န္ေတာ္ဆံုးျဖတ္လိုက္တယ္ .. ကြ်န္ေတာ႕အေမေလာက္ရွိတဲ႕ ဒီအဖြားအုိကုိ ကြ်န္ေတာ္ ကူညီမယ္..။
.
.
ကားတံခါးကိုဖြင္႕ေပးလုိက္ေတာ႕ ျဖည္းျဖည္းခ်င္း
ကားေပၚကိုတက္လာတယ္။ သူ႕ကို ေမာင္းသူ ကြ်န္ေတာ႕ေနာက္တည္႕တည္႕မွာ ထုိင္ခုိင္းလိုက္တယ္။
သူ႕ကားအမ်ိဳးအစားကို ကြ်န္ေတာ္ေမးတယ္။ အမည္းေရာင္ Chevy Impala ဆုိေတာ႕ အေမရိကန္ကားေပါ႕..။
ကားပါကင္အက်ယ္ၾကီးရဲ႕ေအာက္ဘက္နားေလးကို ကြ်န္ေတာ႕ကိုေမာင္းခိုင္းတယ္ မေတြ႕..။ ဘယ္ဘက္ေကြ႕ခုိင္းတယ္
မေတြ႕ပါဘူး။ ဟုိနား ဒီနား ( ၂ ) ပတ္ေလာက္ထပ္ပတ္ၾကည္႕တယ္ တစ္ျခားကားေတြကုိပဲ ျမင္ေနရတယ္။
.
ဒီအခ်ိန္မွာ သနားၾကင္နာတတ္တဲ႕ ဘုိအဖြားအုိရဲ႕ႏႈတ္ကေန
ေဒါသသံနဲ႕ ကားကုိေရရြတ္ေနပါတယ္ “ I don’t know where I parked this stupid car ” ဆိုျပီး ေျပာေနရံုမက သူ႕ကားကုိ
သူခုိးခုိးသြားပါျပီ .. သူခုိးခုိးသြားတာ ေသခ်ာပါျပီ .. ဒီေနရာက ဒီေလာက္ရႈတ္တာ ေဆးရံုနဲ႕မတူပဲ
ေစ်းၾကီးနဲ႕တူတယ္လို႕ တစ္ေယာက္တည္း ေျပာျပီးလုိက္ပါလာတယ္။
.
.
( ၅ ) ပတ္ေလာက္ေမာင္းရွာၾကည္႕ေပမယ္႕ မေတြ႕တဲ႕ကြ်န္ေတာ္ဟာ
ညာဘက္ကုိေကြ႕ျပီးရွာလိုက္ေတာ႕ အဖြားအိုက ေတြ႕ျပီထင္တယ္လို႕ ေျပာပါတယ္။ ဒါနဲ႕ ကားေခါင္းကိုတစ္ဖက္ဆြဲခ်ျပီး
သူ႕ကားလို႕ယူဆရတဲ႕ ကားအမည္းတစ္စီးေနာက္မွာ သြားရပ္လုိက္တယ္။ ဒီအခါမွာ အဖြားအိုက “ အခုလိုကူညီတာ
ေက်းဇူးတင္ပါတယ္ကြယ္ .. အသိအမွတ္လည္းျပဳပါတယ္။ ေနာင္ခါမ်ား လူငယ္ေလး အကူအညီလိုတဲ႕အခါက်ရင္
တူေသာအက်ိဳးေပးပါလိမ္႕မယ္ ” လို႕ ဆုေတာင္းေပးရင္း ကားေပၚကဆင္းသြားပါတယ္။
.
အမွန္က ဒီေန႕အလုပ္ကဆင္းေတာ႕ ခုိင္ဇာေဆးရံုမွာ
အမ်ိဳးသမီးအတြက္ ေဆးလာထုတ္တာပါ။ တန္းအရွည္ၾကီးစီျပီး ေလးတုန္႕ေနတဲ႕ေျခလွမ္းေတြကို မသယ္ခ်င္ပဲ
ကြ်န္ေတာ္ျဖည္းျဖည္းခ်င္း ရပ္ထားတဲ႕ကားပါကင္နားကို ေလွ်ာက္လာေနတာ ျဖစ္ပါတယ္။ အခုလုိ
အဖြားအုိတစ္ေယာက္ကို ကူညီရလိမ္႕မယ္လို႕ တစ္ခါမွ ေမွ်ာ္လင္႕မထားမိသလို “ တူေသာအက်ိဳးေပးပါလိမ္႕မယ္
” ( တိုက္ရုိက္ဘာသာျပန္ရင္ေတာ႕ လိုတဲ႕အခါ ကူညီတဲ႕သူေရာက္လာပါလိမ္႕မယ္ လို႕ အဓိပၸာယ္ရပါတယ္
) ဆိုတဲ႕စကားကို အေမရိကန္ေျမေပၚမွာ ကြ်န္ေတာ္တစ္ခါမွ မၾကားဖူးခဲ႕ပါ။
.
အဖြားအုိက ကားေပၚကဆင္းသြားေပမယ္႕ ကားထုိင္ခံုကို
အားျပဳကုိင္ထားတဲ႕ တုန္ရီျဖဴေရာ္ေနတဲ႕ ဇရာလက္ေခ်ာင္းေလးေတြကိုျမင္လုိက္ေတာ႕ မဆံုးႏုိင္တဲ႕အေတြးေတြက
ကြ်န္ေတာ႕ေခါင္းထဲကေန မဆင္းႏုိင္ေတာ႕ပါဘူး။ သူရပ္ထားခဲ႕တဲ႕ကားေနရာကုိမမွတ္မိတဲ႕ အဖြားအုိရဲ႕မွတ္ဥာဏ္ဟာ
ကြ်န္ေတာ္တို႕ လူသားေတြရဲ႕ မိဘ နဲ႕ သားသမီးၾကား ထားရိွရမယ္႕ စာနာေထာက္ထားမႈတရားကို
သတိထားလာမိေစပါတယ္။
.
.
သူဘယ္မွာေနလဲ?
သားသမီးဘယ္ႏွစ္ေယာက္ရွိလဲ?
ေယာက်္ားကေရာ ေဆးရံုလိုက္မပုိ႕ဘူးလား?
ဘယ္သားသမီးမွ အေဖာ္မလိုက္ေပးဘူးလား?
ေနလို႕ေကာင္းေနတယ္ဆိုတာေရာ ေသခ်ာလား?
ကား ဆက္ေမာင္းႏုိင္ေသးလား? .. အဲဒီေမးခြန္းေတြကို
မေမးမိေပမယ္႕ သူ႕အသက္ ( ၇၈ ) ႏွစ္ရွိျပီဆိုတာကိုေတာ႕ ကြ်န္ေတာ္ေမးထားမိလုိက္တယ္။ ဒါဆို
ကြ်န္ေတာ႕အေမထက္ ( ၅ ) ႏွစ္ေလာက္ပဲ ၾကီးတာပဲဆိုတာကေန အေတြးက ကြ်န္ေတာ႕ကိုႏွိပ္စက္ေနပါတယ္။
.
အေမရိကားမွာ ၾကီးရင္၊ နာရင္၊ ေသရင္ ကုိယ္႕အနားမွာ
ဘယ္သူမွမရွိပါဘူး။ ဒါေၾကာင္႕ သက္ၾကီးရြယ္အုိေတြဟာ အနာေရာဂါထက္ ကုရခက္တဲ႕စိတ္က်ေဝဒနာကို
ခံစားၾကရတယ္။ ျမန္မာႏုိင္ငံက ကြ်န္ေတာ႕အေမလည္း သူ႕သားသမီးေတြ ကုိယ္႕အိမ္ေထာင္နဲ႕ကိုယ္
အသီးသီးျဖစ္ေနတာနဲ႕တစ္ခ်ိန္တည္း တစ္ေယာက္ထဲေနရရွာတယ္။
.
သူ႕မွာ ရွိတဲ႕ ဆီးခ်ိဳေဝဒနာကုိ မ်ိဳသိပ္ထားႏုိင္ေပမယ္႕
ညအိပ္ရင္တစ္ေယာက္တည္းျဖစ္ေနတဲ႕ စိတၱဇညဒဏ္ရာကို မေျပာျပပဲ မေနႏုိင္ဘူး။ မၾကာခဏဒုကၡေပးတဲ႕
ေျခေထာက္နာေဝဒနာကို ဖံုးဖိထားလို႕ရေပမယ္႕ သားသမီးေတြ သူ႕နားလာမလည္ႏုိင္တဲ႕ေဒသနာကို
မေျပာပဲ မေနႏိုင္ဘူး။
.
.
သားသမီးေတြက အေမသံုးဖို႕ဆိုျပီး လစဥ္ကန္ေတာ႕တဲ႕ေငြကုိ
အေမမမက္ပါဘူး .. သူ႕နားလာပုိ႕တဲ႕ မနက္စာ ထိုဖူးေႏႊးတစ္ခြက္ကုိ အေမတမ္းတတယ္။ အေမရိကားကျပန္လုိ႕
ငါးၾကီးဆီတစ္ဗူး၊ ဆန္ထရမ္အားေဆးတစ္ဗူးကို အေမ မေသာက္လိုပါဘူး .. သူနဲ႕ ညေစ်းတန္းက ေခါက္ဆြဲေၾကာ္အတူလာထုိင္စားမယ္႕
သားသမီးကို အေမလိုပါတယ္။
.
ဖုန္းကဒ္ေငြကုန္ေနလို႕ ဘယ္သူျဖည္႕ေပးမလဲလို႕
အေမမေမွ်ာ္ပါဘူး .. အဲဒီအစား ဘယ္သားသမီးက “ အမား .. ဘာစားခ်င္လဲ .. ကြ်န္ေတာ္၊ ကြ်န္မတို႕လာပို႕မယ္
” လို႕ ဆက္တဲ႕ဖုန္းသံကုိ အေမၾကားခ်င္တယ္ ဆုိတာ ကြ်န္ေတာ္သိတယ္။
.
အသက္အရြယ္ေၾကာင္႕၊ စိတ္သြားတုိင္းကိုယ္မပါတဲ႕စိတ္ေၾကာင္႕
စိတ္တိုတဲ႕အခ်ိန္စိတ္တုိ၊ ေပ်ာ္ရင္လည္းစိတ္တုိ၊ အျပင္ထြက္ရင္လည္းစိတ္တုိ၊ အိမ္သာသြားမရရင္လည္းစိတ္တုိ၊
စကားေျပာေဖာ္မရွိရင္လည္းစိတ္တိုတတ္ေပမယ္႕ သားသမီးေတြ အနားေရာက္လာရင္ အေမဟာ အသံတိတ္သြားတတ္တယ္။
ကေလးေတြအနားမွာမရွိတဲ႕ဒုကၡကို စိတ္ထြက္ေပါက္ေပးဖို႕ ရမယ္ရွာျပီး မရွိေတာ႕တဲ႕အေဖ႕ကုိအျပစ္တင္စကားေတြေျပာရင္း
သားသမီးေတြ သူ႕နားလာေအာင္ အရြဲ႕တိုက္တတ္တယ္။
.
.
တစ္ကယ္ေတာ႕ဗ်ာ .. အသက္ၾကီးလာသူဇရာအုိေတြရဲ႕
အထီးက်န္ရဲ႕အက်ည္းတန္အထၳဳပတၱိ အျဖစ္ေတြက အေမရိကားမွာမွ မဟုတ္ဘူး .. ျမန္မာႏိုင္ငံမွာလည္း
အေမ လက္ေတြ႕ခံစားေနရျပီေလ။ အလွည္႕ဆိုတာဟာလည္း သိပ္မၾကာေတာ႕တဲ႕ ေမွာင္ပ်ပ် ညေနခင္းတစ္ခုမွာ
ကြ်န္ေတာ႕ကိုေစာင္႕ေမွ်ာ္ေနမွာ ေသခ်ာပါတယ္။ အျမဲစီးေနတဲ႕ တံတားေလးတစ္စင္းရဲ႕ေအာက္ကေရကိုျမင္တိုင္း
ပင္လယ္ထဲကုိသာတြင္တြင္စီးဝင္သြားျပီး ေျမာင္းကေလးထဲကို ျပန္ဆန္မတက္လာႏုိင္ေတာ႕တဲ႕ ဘဝစီးေရသံသရာကုိ
တရားက်မိတယ္။
.
အခုေတာ႕ ကြ်န္ေတာ႕သားသမီးေတြအတြက္ ေရျခားေျမေဝးမွာ
ေခတၱအလုပ္မ်ားေနတယ္ အေမ..။ ( တရားက်လည္းက်တဲ႕ သားပါ အေမ .. )
.
အေမ႕ကိုရည္ရြယ္ျပီး ကူညီခဲ႕မိတဲ႕ အေမရိကန္အဖြားအုိရဲ႕ဆုေတာင္းစကားသာျပည္႕မယ္ဆုိရင္
..
( ၇၈ ) ႏွစ္ အဖြားအိုေျပာသလို တူညီေသာအက်ိဳးခံစားရပါမယ္
ဆိုရင္ “ အင္တာနက္လိႈင္းေလးတို႕ရယ္ .. အဲဒီအက်ိဳးတရားကို ပစိဖိတ္သမုဒၵရာကိုျဖတ္ျပီး
ရွမ္းရိုးမေတာင္တန္းေပၚက အေမအိုဆီကို ပုိ႕ေပးၾကပါလား..။ တူညီေသာအက်ိဳး အားလံုးထပ္တူ
ခံစားရပါေစကြယ္ ”
.
.
ခင္လ်က္
.
03-03-2016
.
.
.
Myanmar Unicode Version:
.
.
“ အနားမှာသားသမီးမရှိတဲ့ဒုက္ခ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး
)
.
“ ဒေါက်ဒေါက်
.. ဒေါက်ဒေါက် ”
ကားထဲဝင်ပြီးစ တံခါးကိုပိတ်ပြီး စက်နှိုးမယ်အလုပ်မှာ
ကားမှန်တံခါးခေါက်တာကိုကြားရတဲ့အသံပါ။
ကြည့်လိုက်တော့ ပိတ်ထားတဲ့မှန်တံခါးရဲ့တစ်ဖက်မှာ
“ သူစကားပြောချင်လို့ တံခါးဖွင့်ပေးပါ ” လို့ လက်ဟန်ခြေဟန် နဲ့ ပြောနေတဲ့ အမေရိကန်အဖွားအိုတစ်ယောက်ကို
အမှတ်မထင် မြင်လိုက်ရပါတယ်။ သိကြတဲ့အတိုင်း အမေရိကားရဲ့ကားပါကင်တွေမှာ ကိုယ့်ကားနား
ချည်းကပ်လာသူ ဘယ်သူ့ကိုမဆို ကားပိုင်ရှင်တွေ မကြိုက်ကြပါဘူး။ ဒါနဲ့ ကျွန်တော့စိတ်ထဲမှာ
ချက်ချင်းကြီးသံသယဖြစ်သွားတယ် .. ငါ့ကိုတစ်ခုခုလုပ်မလို့များလား?
.
.
အဖွားအိုက ရုပ်ရည်သန့်ပြန့်ပြီး လက်ထဲမှာ
ကားသော့ကိုင်ထားတယ်။ ကားသော့မှာ အဝေးကနေ ကားတံခါးပိတ်လို့ ဖွင့်လို့ရတဲ့ ရမုဒ်ကားသော့ပါတယ်။
ဝတ်စားထားတာက လူကုံထံပုံစံဖြစ်ပြီး မပွမတို စတိုင်ဘောင်းဘီဝတ်ထားပါတယ်။ သူ့လက်ထဲက ပိုက်ဆံအိတ်တံဆိပ်အရလည်း
ကျွန်တော့ခေါင်းကိုရိုက်လုဖို့ ပစ္စည်းတစ်ခုခု ထည့်မထားလောက်ဘူးဆိုတာ ကျွန်တော်မှန်းဆကြည့်တယ်။
.
သူ့ခေါင်းကဆံပင်တွေက အသက်အရွယ်အလိုက်
ဖြူဆွတ်နေပေမယ့် အနောက်တိုင်းမှာမြင်နေကျ ရွှေအိုရင့်ရောင်ကြာဇံချောင်းလေးတွေသဖွယ်
တွဲလောင်းခိုနေတယ်။ အရေးကောင်း ဒိန်းဒေါင်းဖျက်တဲ့ပင်လယ်အော်ကတိုက်လိုက်တဲ့လေဟာ အမေရိကန်အဖွားအိုရဲ့
တုန်ယင်နေတဲ့စကားသံကို သူ့ခန္ဓာကိုယ်ခါသွားတဲ့အထိ ဆွဲရမ်းနေပါတယ်။ ဒီပုံရိပ် .. ဒီအကန့်လေးကို
မျက်စိထဲမှာမြင်မိရင် ကားတံခါးလာခေါက်တဲ့အဖွားအိုကို ဘယ်လောက်အထိအချိန်မြန်မြန် ကျွန်တော်အကဲခတ်နေရတယ်ဆိုတာ
ခန့်မှန်းကြည့်နိုင်ပါတယ်။
.
.
အပေါ်ကအချင်းအရာအားလုံးကို ( ၃ ) စက္ကန့်အတွင်း
အကောင်းမြင်သုံးသပ်ပြီးတဲ့ကျွန်တော်ဟာ ကားမှန်တံခါးကို လက်တစ်လုံးလောက် နှိမ့်ချပေးလိုက်တဲ့အခါ
“ သူငယ်လေးကားကို ခဏလိုက်စီးလို့ရမလား? အဖွားလမ်းမလျှောက်နိုင်တော့လို့ပါ ”
.. ကျွန်တော်ဘာမှပြန်မပြောနိုင်ခင် သူက
..
“ ဒီနားမှာ
အဖွားကားရပ်ထားတာ ရှာမတွေ့လို့။ လမ်းလျှောက်ရှာနေတာလည်း နှံ့နေပြီ ” လို့ ပြောရင်း
အမောဖောက်လာတဲ့အတွက် ခဏနားပါတယ်။
.
“ Are
you ok? ” လို့ ကျွန်တော်မေးလိုက်တော့ “ နေကောင်းပါတယ်။ ကားလည်းမောင်းနိုင်တယ်။ လမ်းဆက်မလျှောက်နိုင်တော့တာ
တစ်ခုပဲ ” လို့ ပြန်ဖြေတယ်။ ကူညီဖို့မကူညီဖို့ မဆုံးဖြတ်နိုင်သေးတဲ့ကျွန်တော်က သူ့ကို
နောက်ထပ်မေးခွန်းမေးတယ် “ Did you come alone? ” ဆိုတော့ “ Yes ” လို့ တစ်ခွန်းတည်းဖြေပြီး
ကျွန်တော့ကားပေါ်သူလိုက်ပါပြီး ရပ်ခဲ့တဲ့သူကားကိုရှာပုံတော်ဖွင့်ဖို့ တောင်းဆိုနေတဲ့
သူ့မျက်လုံးတွေကို ကျွန်တော်တွေ့လိုက်ရတယ်။ ကျွန်တော်ဆုံးဖြတ်လိုက်တယ် .. ကျွန်တော့အမေလောက်ရှိတဲ့
ဒီအဖွားအိုကို ကျွန်တော် ကူညီမယ်..။
.
.
ကားတံခါးကိုဖွင့်ပေးလိုက်တော့ ဖြည်းဖြည်းချင်း
ကားပေါ်ကိုတက်လာတယ်။ သူ့ကို မောင်းသူ ကျွန်တော့နောက်တည့်တည့်မှာ ထိုင်ခိုင်းလိုက်တယ်။
သူ့ကားအမျိုးအစားကို ကျွန်တော်မေးတယ်။ အမည်းရောင် Chevy Impala ဆိုတော့ အမေရိကန်ကားပေါ့..။
ကားပါကင်အကျယ်ကြီးရဲ့အောက်ဘက်နားလေးကို ကျွန်တော့ကိုမောင်းခိုင်းတယ် မတွေ့..။ ဘယ်ဘက်ကွေ့ခိုင်းတယ်
မတွေ့ပါဘူး။ ဟိုနား ဒီနား ( ၂ ) ပတ်လောက်ထပ်ပတ်ကြည့်တယ် တစ်ခြားကားတွေကိုပဲ မြင်နေရတယ်။
.
ဒီအချိန်မှာ သနားကြင်နာတတ်တဲ့ ဘိုအဖွားအိုရဲ့နှုတ်ကနေ
ဒေါသသံနဲ့ ကားကိုရေရွတ်နေပါတယ် “ I don’t know where I parked this stupid car ” ဆိုပြီး ပြောနေရုံမက သူ့ကားကို
သူခိုးခိုးသွားပါပြီ .. သူခိုးခိုးသွားတာ သေချာပါပြီ .. ဒီနေရာက ဒီလောက်ရှုတ်တာ ဆေးရုံနဲ့မတူပဲ
ဈေးကြီးနဲ့တူတယ်လို့ တစ်ယောက်တည်း ပြောပြီးလိုက်ပါလာတယ်။
.
.
( ၅ ) ပတ်လောက်မောင်းရှာကြည့်ပေမယ့် မတွေ့တဲ့ကျွန်တော်ဟာ
ညာဘက်ကိုကွေ့ပြီးရှာလိုက်တော့ အဖွားအိုက တွေ့ပြီထင်တယ်လို့ ပြောပါတယ်။ ဒါနဲ့ ကားခေါင်းကိုတစ်ဖက်ဆွဲချပြီး
သူ့ကားလို့ယူဆရတဲ့ ကားအမည်းတစ်စီးနောက်မှာ သွားရပ်လိုက်တယ်။ ဒီအခါမှာ အဖွားအိုက “ အခုလိုကူညီတာ
ကျေးဇူးတင်ပါတယ်ကွယ် .. အသိအမှတ်လည်းပြုပါတယ်။ နောင်ခါများ လူငယ်လေး အကူအညီလိုတဲ့အခါကျရင်
တူသောအကျိုးပေးပါလိမ့်မယ် ” လို့ ဆုတောင်းပေးရင်း ကားပေါ်ကဆင်းသွားပါတယ်။
.
အမှန်က ဒီနေ့အလုပ်ကဆင်းတော့ ခိုင်ဇာဆေးရုံမှာ
အမျိုးသမီးအတွက် ဆေးလာထုတ်တာပါ။ တန်းအရှည်ကြီးစီပြီး လေးတုန့်နေတဲ့ခြေလှမ်းတွေကို မသယ်ချင်ပဲ
ကျွန်တော်ဖြည်းဖြည်းချင်း ရပ်ထားတဲ့ကားပါကင်နားကို လျှောက်လာနေတာ ဖြစ်ပါတယ်။ အခုလို
အဖွားအိုတစ်ယောက်ကို ကူညီရလိမ့်မယ်လို့ တစ်ခါမှ မျှော်လင့်မထားမိသလို “ တူသောအကျိုးပေးပါလိမ့်မယ်
” ( တိုက်ရိုက်ဘာသာပြန်ရင်တော့ လိုတဲ့အခါ ကူညီတဲ့သူရောက်လာပါလိမ့်မယ် လို့ အဓိပ္ပာယ်ရပါတယ်
) ဆိုတဲ့စကားကို အမေရိကန်မြေပေါ်မှာ ကျွန်တော်တစ်ခါမှ မကြားဖူးခဲ့ပါ။
.
အဖွားအိုက ကားပေါ်ကဆင်းသွားပေမယ့် ကားထိုင်ခုံကို
အားပြုကိုင်ထားတဲ့ တုန်ရီဖြူရော်နေတဲ့ ဇရာလက်ချောင်းလေးတွေကိုမြင်လိုက်တော့ မဆုံးနိုင်တဲ့အတွေးတွေက
ကျွန်တော့ခေါင်းထဲကနေ မဆင်းနိုင်တော့ပါဘူး။ သူရပ်ထားခဲ့တဲ့ကားနေရာကိုမမှတ်မိတဲ့ အဖွားအိုရဲ့မှတ်ဥာဏ်ဟာ
ကျွန်တော်တို့ လူသားတွေရဲ့ မိဘ နဲ့ သားသမီးကြား ထားရှိရမယ့် စာနာထောက်ထားမှုတရားကို
သတိထားလာမိစေပါတယ်။
.
.
သူဘယ်မှာနေလဲ?
သားသမီးဘယ်နှစ်ယောက်ရှိလဲ?
ယောက်ျားကရော ဆေးရုံလိုက်မပို့ဘူးလား?
ဘယ်သားသမီးမှ အဖော်မလိုက်ပေးဘူးလား?
နေလို့ကောင်းနေတယ်ဆိုတာရော သေချာလား?
ကား ဆက်မောင်းနိုင်သေးလား? .. အဲဒီမေးခွန်းတွေကို
မမေးမိပေမယ့် သူ့အသက် ( ၇၈ ) နှစ်ရှိပြီဆိုတာကိုတော့ ကျွန်တော်မေးထားမိလိုက်တယ်။ ဒါဆို
ကျွန်တော့အမေထက် ( ၅ ) နှစ်လောက်ပဲ ကြီးတာပဲဆိုတာကနေ အတွေးက ကျွန်တော့ကိုနှိပ်စက်နေပါတယ်။
.
အမေရိကားမှာ ကြီးရင်၊ နာရင်၊ သေရင် ကိုယ့်အနားမှာ
ဘယ်သူမှမရှိပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အိုတွေဟာ အနာရောဂါထက် ကုရခက်တဲ့စိတ်ကျဝေဒနာကို
ခံစားကြရတယ်။ မြန်မာနိုင်ငံက ကျွန်တော့အမေလည်း သူ့သားသမီးတွေ ကိုယ့်အိမ်ထောင်နဲ့ကိုယ်
အသီးသီးဖြစ်နေတာနဲ့တစ်ချိန်တည်း တစ်ယောက်ထဲနေရရှာတယ်။
.
သူ့မှာ ရှိတဲ့ ဆီးချိုဝေဒနာကို မျိုသိပ်ထားနိုင်ပေမယ့်
ညအိပ်ရင်တစ်ယောက်တည်းဖြစ်နေတဲ့ စိတ္တဇညဒဏ်ရာကို မပြောပြပဲ မနေနိုင်ဘူး။ မကြာခဏဒုက္ခပေးတဲ့
ခြေထောက်နာဝေဒနာကို ဖုံးဖိထားလို့ရပေမယ့် သားသမီးတွေ သူ့နားလာမလည်နိုင်တဲ့ဒေသနာကို
မပြောပဲ မနေနိုင်ဘူး။
.
.
သားသမီးတွေက အမေသုံးဖို့ဆိုပြီး လစဉ်ကန်တော့တဲ့ငွေကို
အမေမမက်ပါဘူး .. သူ့နားလာပို့တဲ့ မနက်စာ ထိုဖူးနွှေးတစ်ခွက်ကို အမေတမ်းတတယ်။ အမေရိကားကပြန်လို့
ငါးကြီးဆီတစ်ဗူး၊ ဆန်ထရမ်အားဆေးတစ်ဗူးကို အမေ မသောက်လိုပါဘူး .. သူနဲ့ ညဈေးတန်းက ခေါက်ဆွဲကြော်အတူလာထိုင်စားမယ့်
သားသမီးကို အမေလိုပါတယ်။
.
ဖုန်းကဒ်ငွေကုန်နေလို့ ဘယ်သူဖြည့်ပေးမလဲလို့
အမေမမျှော်ပါဘူး .. အဲဒီအစား ဘယ်သားသမီးက “ အမား .. ဘာစားချင်လဲ .. ကျွန်တော်၊ ကျွန်မတို့လာပို့မယ်
” လို့ ဆက်တဲ့ဖုန်းသံကို အမေကြားချင်တယ် ဆိုတာ ကျွန်တော်သိတယ်။
.
အသက်အရွယ်ကြောင့်၊ စိတ်သွားတိုင်းကိုယ်မပါတဲ့စိတ်ကြောင့်
စိတ်တိုတဲ့အချိန်စိတ်တို၊ ပျော်ရင်လည်းစိတ်တို၊ အပြင်ထွက်ရင်လည်းစိတ်တို၊ အိမ်သာသွားမရရင်လည်းစိတ်တို၊
စကားပြောဖော်မရှိရင်လည်းစိတ်တိုတတ်ပေမယ့် သားသမီးတွေ အနားရောက်လာရင် အမေဟာ အသံတိတ်သွားတတ်တယ်။
ကလေးတွေအနားမှာမရှိတဲ့ဒုက္ခကို စိတ်ထွက်ပေါက်ပေးဖို့ ရမယ်ရှာပြီး မရှိတော့တဲ့အဖေ့ကိုအပြစ်တင်စကားတွေပြောရင်း
သားသမီးတွေ သူ့နားလာအောင် အရွဲ့တိုက်တတ်တယ်။
.
.
တစ်ကယ်တော့ဗျာ .. အသက်ကြီးလာသူဇရာအိုတွေရဲ့
အထီးကျန်ရဲ့အကျည်းတန်အထ္ထုပတ္တိ အဖြစ်တွေက အမေရိကားမှာမှ မဟုတ်ဘူး .. မြန်မာနိုင်ငံမှာလည်း
အမေ လက်တွေ့ခံစားနေရပြီလေ။ အလှည့်ဆိုတာဟာလည်း သိပ်မကြာတော့တဲ့ မှောင်ပျပျ ညနေခင်းတစ်ခုမှာ
ကျွန်တော့ကိုစောင့်မျှော်နေမှာ သေချာပါတယ်။ အမြဲစီးနေတဲ့ တံတားလေးတစ်စင်းရဲ့အောက်ကရေကိုမြင်တိုင်း
ပင်လယ်ထဲကိုသာတွင်တွင်စီးဝင်သွားပြီး မြောင်းကလေးထဲကို ပြန်ဆန်မတက်လာနိုင်တော့တဲ့ ဘဝစီးရေသံသရာကို
တရားကျမိတယ်။
.
အခုတော့ ကျွန်တော့သားသမီးတွေအတွက် ရေခြားမြေဝေးမှာ
ခေတ္တအလုပ်များနေတယ် အမေ..။ ( တရားကျလည်းကျတဲ့ သားပါ အမေ .. )
.
အမေ့ကိုရည်ရွယ်ပြီး ကူညီခဲ့မိတဲ့ အမေရိကန်အဖွားအိုရဲ့ဆုတောင်းစကားသာပြည့်မယ်ဆိုရင်
..
( ၇၈ ) နှစ် အဖွားအိုပြောသလို တူညီသောအကျိုးခံစားရပါမယ်
ဆိုရင် “ အင်တာနက်လှိုင်းလေးတို့ရယ် .. အဲဒီအကျိုးတရားကို ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး
ရှမ်းရိုးမတောင်တန်းပေါ်က အမေအိုဆီကို ပို့ပေးကြပါလား..။ တူညီသောအကျိုး အားလုံးထပ်တူ
ခံစားရပါစေကွယ် ”
.
.
ခင်လျက်
.
03-03-2016
No comments:
Post a Comment