ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, October 3, 2015

စာအုပ္စာေပအေပၚ အေရွ႕နဲ႕အေနာက္ အစိုးရေတြၾကားမွာ မတူညီတဲ႕သေဘာထားေတြရွိၾကတယ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
“ စြမ္း ” ဟာ အလယ္တန္းကတည္းက စာၾကည္႕တိုက္ေတြမွာ သြားေရာက္လုပ္အားေပးေနခဲ႕တာ အခုဆိုရင္ ( ၄ ) ႏွစ္ေက်ာ္လာပါျပီ။ ဒီေန႕လည္း ပင္မစာၾကည္႕တိုက္ - City Main Library မွာ လုပ္အားေပးရွိတယ္ဆိုလုိ႕ ကြ်န္ေတာ္သြားပို႕တဲ႕အခါ စာၾကည္႕တိုက္ဖြင္႕ဖို႕ ( ၅ ) မိနစ္ေလာက္ပဲလိုတဲ႕အခ်ိန္္မွာ တံခါးဝမွာဝင္ဖို႕တန္းစီေနသူေတြ ( ၁၅ ) ေယာက္ေလာက္ျမင္ခဲ႕ရတယ္။
.
ကြ်န္ေတာ္စဥ္းစားၾကည္႕တယ္ .. အခ်ိန္က မနက္ ( ၈ ) နာရီ ( ၂၅ ) မိနစ္၊ ေန႕က စေနေန႕ .. အိုး .. အလုပ္နားရက္မွာအိပ္လို႕ေကာင္းလိုက္မယ္႕ျဖစ္ျခင္း..။ ဒါေပမယ္႕ သူတုိ႕ ဝိရိယစုိက္ထုတ္ျပီး အိပ္ယာထလာၾကတယ္။ ငွားဖို႕လား .. ဝယ္ဖို႕လား .. အပ္ဖို႕လား .. လွဴဖို႕လား မသိရေပမယ္႕ အေပါက္ဝမွာ လူၾကီးသူမေတြက မိုးတိုးမတ္တပ္ ရပ္လုိ႕..။
.
.
ေန႕လည္ ( ၁၂ ) နာရီခြဲေက်ာ္လာေတာ႕ ကြ်န္ေတာ္ စြမ္းကို ျပန္သြားၾကိဳရျပန္တယ္။ စာၾကည္႕တုိက္နားေရာက္လို႕ ကားေကြ႕လိုက္ေတာ႕ စြမ္းလက္ထဲမွာ အထုပ္ၾကီးတစ္ထုပ္ကို ေလးေလးပင္ပင္ဆြဲျပီး ကားေပၚတက္လာတယ္။ ဘာေတြပါမွန္းမသိေပမယ္႕ အိမ္ေရာက္မွ ကြ်န္ေတာ္ဖြင္႕ၾကည္႕လုိက္ေတာ႕ စာအုပ္ ( ၅ ) အုပ္ နဲ႕ DVD ( ၅ ) ခ်ပ္။ ရုပ္ရွင္အေၾကာင္း မတတ္တေခါက္သိတဲ႕ကြ်န္ေတာ္က တစ္ေလာက ေအာ္စကာဆုရတဲ႕ စာေရးဆရာ ဒန္ဘေရာင္း ေရးတဲ႕ “ The Da Vinci Code ” စာအုပ္ကို ခ်က္ခ်င္းမွတ္မိတယ္။

.
ေနာက္ထပ္စိတ္ဝင္စားမိတာက ကြန္ပ်ဴတာေပၚစက သမီးပူဆာခဲ႕တဲ႕ “ The Sims ” မိသားစုဂိမ္းေခြ အတြဲလုိက္။ ဟာ .. ဒီေကာင္ေလးေတာ႕ ( ၁၁ ) တန္း အိမ္စာကမ်ား၊ အားကစားလည္းလုပ္၊ ေက်ာင္းမွာ Officer ရံုးတာဝန္လည္းထမ္းေဆာင္၊ အေျပးျပိဳင္ပြဲလည္းဝင္ နဲ႕ စာအုပ္ကိုဘယ္အခ်ိန္ဖတ္ျပီး ဂိမ္းက ဘယ္ညဥ္႕နက္က်မွ သြားေဆာ႕မွာလဲဆိုျပီး သူ႕ကို ျပန္ေမးၾကည္႕လိုက္ရင္း ..
.
.
စြမ္း မွာလည္း လုပ္ခ်င္တာက အမ်ားသား..။ စေနဆုိ လုပ္အားေပးသြားတယ္။ တနဂၤေႏြ ဆုိ လုပ္အားေပးအတြက္ အစည္းအေဝးတက္ရတယ္။ အားကစားေတြလည္းလုပ္၊ စာေတြကလည္းမ်ားလာတဲ႕အခါက်ေတာ႕ အေမလုပ္တဲ႕သူက
.
“ သား ရယ္ .. အားကစားေတြ ၊ Volunteer ေတြ မလုပ္ပါနဲ႕လား။ သား ဒီေလာက္ပင္ပန္းတာ၊ နားခ်ိန္မရွိဘူး။ သားက ေနရာအစံုေတာ္ေနဖို႕မွမလုိပဲ ” လုိ႕ေျပာေတာ႕ ..
.
စြမ္း က “ သား လုပ္ေနတာေတြက ေကာလိပ္အတြက္ေကာင္းတယ္ ” လို႕ေျပာေတာ႕ ဘာမွျပန္မေျပာႏုိင္ပဲ ရင္နာနာနဲ႕ခြင္႕ျပဳေပးရတဲ႕ သူ႕အေမမ်က္ႏွာကုိ ကြ်န္ေတာ္ျမင္ေယာင္ေနမိပါတယ္။ “ စြမ္း ” ရဲ႕ ေျဖသံေၾကာင္႕ အေတြးထဲကေန ကြ်န္ေတာ္သတိျပန္လည္လာတဲ႕အခ်ိန္မွာ ..
.
.
အဲဒါေတြအားလံုးကို စာၾကည္႕တိုက္က အလကားေပးလိုက္တာ .. တဲ႕။ သူဆက္ေျပာတာက “ စာၾကည္႕တုိက္က ဒီေန႕ ရြက္ေၾကြရာသီအထူးစာအုပ္ေရာင္းပြဲ - Fall Book Sale ” လုပ္တာကုိ သားတို႕သူငယ္ခ်င္းေတြက သြားလုပ္အားေပးၾကတာ။ အရင္ႏွစ္တုန္းကလည္း ဒီေနရာမွာ လုပ္အားေပးခဲ႕ျပီးျပီ ”
.
“ သား မွတ္မိသေလာက္ဆုိရင္ တစ္ႏွစ္ကို ( ၂ ) ၾကိမ္ ၊ ( ၃ ) ၾကိမ္ေလာက္ စာအုပ္ေရာင္းပြဲလုပ္တယ္။ တစ္ႏွစ္တစ္ႏွစ္ စာၾကည္႕တုိက္မွာစုမိလာတဲ႕စာအုပ္ေတြ နဲ႕ တစ္ျခား သင္-ေထာက္-ကူပစၥည္းေတြက သူမ်ားလာလွဴတာေတြေရာေပါင္းရင္ မ်ားသထက္မ်ားလာတယ္ ”
.
.
“ ဒါကို စာၾကည္႕တိုက္က အမ်ားသူငါလက္ထဲ ေစ႕ေစ႕ေပါက္ေပါက္ေရာက္ေအာင္ မတန္တဆ ေလွ်ာ႕ေစ်းနဲ႕ အျပတ္ေရာင္းၾကတယ္။ လက္ ( ၃ ) လံုးေလာက္ထူတဲ႕စာအုပ္ကို အလြန္ဆံုးေပးရ ( ၁ ) ကြာတား၊ ( ၅ဝ ) ဆင္႕ ၊ ( ၃ ) မတ္ ေပါ႕။ ေစ်းအၾကီးဆံုးစာအုပ္ဆုိရင္ ( ၁ ) ေဒၚလာထက္ မပိုဘူး ”
.
“ ဂိမ္းေခြေတြက ဘယ္သူမွမဝယ္ၾကဘူး။ စာၾကည္႕တုိက္က ဒီေခြေတြသိမ္းထားျပီး ဘာဆက္လုပ္ရမွန္းမသိဘူးေလ ”
.
“ ျပီးေတာ႕ လာကူတဲ႕ သားတုိ႕လုိလုပ္အားေပးေတြကုိ စာအုပ္တစ္ဆြဲစီေပးတယ္။ တစ္ဆြဲလံုးတန္လွ ( ၅ ) ေဒၚလာ ( ၆ ) ေဒၚလာေပါ႕။ တစ္ခ်ိဳ႕ေတြက ဘာစာအုပ္ယူမယ္ဆိုျပီး ေရြးလုိ႕မရၾကဘူး။ သားက်ေတာ႕ လိုခ်င္တဲ႕စာအုပ္ေတြကုိ စာၾကည္႕တုိက္ကလူၾကီးေတြကိုျပလိုက္ေတာ႕ ေပးယူတယ္။ ေနာက္ထပ္ ဂိမ္းေခြေတြပါ အဆစ္ထည္႕ေပးလုိက္ေသးတယ္ ” တဲ႕..။
.
.
အခုမွပဲ တင္ထားတဲ႕ေခါင္းစဥ္ရဲ႕လိုရင္းကိုေရာက္ပါေတာ႕တယ္။
.
စာအုပ္ေစ်းေရာင္းပြဲကုိ မ်က္ႏွာပြင္႕ ပုခံုေလးပင္႕ျပီး ( အခုမွ ) က်င္းပေပးခ်င္ေယာင္ေဆာင္ေနတဲ႕ ( စာမဖတ္ေစခ်င္တဲ႕ ) ယာယီအုပ္ခ်ဳပ္သူမင္းဆိုးရာဇာေတြရဲ႕ “ ေစတနာ ” ကို ရုိးတိုးေရးေတးျမင္ရဖုိ႕ ဟုိး .. ပင္လယ္ၾကီးရဲ႕အေဝးကို ေငးၾကည္႕ေနမိတယ္။
.
.
ျမန္မာႏုိင္ငံကိုေရာက္လာတဲ႕ Logos Hope သေဘာၤေပၚကုိေရာ MV Logos Hope ႏိုင္ငံတကာေစတနာရွင္အမည္ခံအဖြဲ႕က ဘယ္လုိစာအုပ္မ်ိဳးေတြကုိ တင္လႊတ္လိုက္ပါသလဲ?
.

ေဘာ႕ေပၚမွာေနပူလွန္းခံတန္းစီေစာင္႕ေနရတဲ႕ “ ျမန္မာႏုိင္ငံသားေတြဖတ္ဖို႕ဆိုတဲ႕ ေစတနာ ” ကုိေရာ ကုန္းပတ္ေပၚတင္ျပီး ဘယ္ေလာက္ေစ်းေလွ်ာ႕ေရာင္းေပးေနပါသလဲ ဆိုတာ ထင္သာျမင္သာ ႏိႈင္းယွဥ္ႏုိင္ေအာင္ တင္ျပလိုက္မိပါတယ္။ အားလံုး အေတြးဆန္႕ၾကည္႕ၾကပါ..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-03-2015
.
.
.
Myanmar Unicode Version:

.
.
“ စာအုပ်စာပေအပေါ် အရှေ့နဲ့အနောက် အစိုးရတွေကြားမှာ မတူညီတဲ့သဘောထားတွေရှိကြတယ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
စွမ်း ” ဟာ အလယ်တန်းကတည်းက စာကြည့်တိုက်တွေမှာ သွားရောက်လုပ်အားပေးနေခဲ့တာ အခုဆိုရင် ( ၄ ) နှစ်ကျော်လာပါပြီ။ ဒီနေ့လည်း ပင်မစာကြည့်တိုက် - City Main Library မှာ လုပ်အားပေးရှိတယ်ဆိုလို့ ကျွန်တော်သွားပို့တဲ့အခါ စာကြည့်တိုက်ဖွင့်ဖို့ ( ၅ ) မိနစ်လောက်ပဲလိုတဲ့အချိန်မှာ တံခါးဝမှာဝင်ဖို့တန်းစီနေသူတွေ ( ၁၅ ) ယောက်လောက်မြင်ခဲ့ရတယ်။
.
ကျွန်တော်စဉ်းစားကြည့်တယ် .. အချိန်က မနက် ( ၈ ) နာရီ ( ၂၅ ) မိနစ်၊ နေ့က စနေနေ့ .. အိုး .. အလုပ်နားရက်မှာအိပ်လို့ကောင်းလိုက်မယ့်ဖြစ်ခြင်း..။ ဒါပေမယ့် သူတို့ ဝိရိယစိုက်ထုတ်ပြီး အိပ်ယာထလာကြတယ်။ ငှားဖို့လား .. ဝယ်ဖို့လား .. အပ်ဖို့လား .. လှူဖို့လား မသိရပေမယ့် အပေါက်ဝမှာ လူကြီးသူမတွေက မိုးတိုးမတ်တပ် ရပ်လို့..။
.
.
နေ့လည် ( ၁၂ ) နာရီခွဲကျော်လာတော့ ကျွန်တော် စွမ်းကို ပြန်သွားကြိုရပြန်တယ်။ စာကြည့်တိုက်နားရောက်လို့ ကားကွေ့လိုက်တော့ စွမ်းလက်ထဲမှာ အထုပ်ကြီးတစ်ထုပ်ကို လေးလေးပင်ပင်ဆွဲပြီး ကားပေါ်တက်လာတယ်။ ဘာတွေပါမှန်းမသိပေမယ့် အိမ်ရောက်မှ ကျွန်တော်ဖွင့်ကြည့်လိုက်တော့ စာအုပ် ( ၅ ) အုပ် နဲ့ DVD ( ၅ ) ချပ်။ ရုပ်ရှင်အကြောင်း မတတ်တခေါက်သိတဲ့ကျွန်တော်က တစ်လောက အော်စကာဆုရတဲ့ စာရေးဆရာ ဒန်ဘရောင်း ရေးတဲ့ “ The Da Vinci Code ” စာအုပ်ကို ချက်ချင်းမှတ်မိတယ်။
.
နောက်ထပ်စိတ်ဝင်စားမိတာက ကွန်ပျူတာပေါ်စက သမီးပူဆာခဲ့တဲ့ “ The Sims ” မိသားစုဂိမ်းခွေ အတွဲလိုက်။ ဟာ .. ဒီကောင်လေးတော့ ( ၁၁ ) တန်း အိမ်စာကများ၊ အားကစားလည်းလုပ်၊ ကျောင်းမှာ Officer ရုံးတာဝန်လည်းထမ်းဆောင်၊ အပြေးပြိုင်ပွဲလည်းဝင် နဲ့ စာအုပ်ကိုဘယ်အချိန်ဖတ်ပြီး ဂိမ်းက ဘယ်ညဉ့်နက်ကျမှ သွားဆော့မှာလဲဆိုပြီး သူ့ကို ပြန်မေးကြည့်လိုက်ရင်း ..
.
.
စွမ်း မှာလည်း လုပ်ချင်တာက အများသား..။ စနေဆို လုပ်အားပေးသွားတယ်။ တနင်္ဂနွေ ဆို လုပ်အားပေးအတွက် အစည်းအဝေးတက်ရတယ်။ အားကစားတွေလည်းလုပ်၊ စာတွေကလည်းများလာတဲ့အခါကျတော့ အမေလုပ်တဲ့သူက
.
သား ရယ် .. အားကစားတွေ ၊ Volunteer တွေ မလုပ်ပါနဲ့လား။ သား ဒီလောက်ပင်ပန်းတာ၊ နားချိန်မရှိဘူး။ သားက နေရာအစုံတော်နေဖို့မှမလိုပဲ ” လို့ပြောတော့ ..
.
စွမ်း က “ သား လုပ်နေတာတွေက ကောလိပ်အတွက်ကောင်းတယ် ” လို့ပြောတော့ ဘာမှပြန်မပြောနိုင်ပဲ ရင်နာနာနဲ့ခွင့်ပြုပေးရတဲ့ သူ့အမေမျက်နှာကို ကျွန်တော်မြင်ယောင်နေမိပါတယ်။ “ စွမ်း ” ရဲ့ ဖြေသံကြောင့် အတွေးထဲကနေ ကျွန်တော်သတိပြန်လည်လာတဲ့အချိန်မှာ ..
.
.
အဲဒါတွေအားလုံးကို စာကြည့်တိုက်က အလကားပေးလိုက်တာ .. တဲ့။ သူဆက်ပြောတာက “ စာကြည့်တိုက်က ဒီနေ့ ရွက်ကြွေရာသီအထူးစာအုပ်ရောင်းပွဲ - Fall Book Sale ” လုပ်တာကို သားတို့သူငယ်ချင်းတွေက သွားလုပ်အားပေးကြတာ။ အရင်နှစ်တုန်းကလည်း ဒီနေရာမှာ လုပ်အားပေးခဲ့ပြီးပြီ ”
.
သား မှတ်မိသလောက်ဆိုရင် တစ်နှစ်ကို ( ၂ ) ကြိမ် ၊ ( ၃ ) ကြိမ်လောက် စာအုပ်ရောင်းပွဲလုပ်တယ်။ တစ်နှစ်တစ်နှစ် စာကြည့်တိုက်မှာစုမိလာတဲ့စာအုပ်တွေ နဲ့ တစ်ခြား သင်-ထောက်-ကူပစ္စည်းတွေက သူများလာလှူတာတွေရောပေါင်းရင် များသထက်များလာတယ် ”
.
.
ဒါကို စာကြည့်တိုက်က အများသူငါလက်ထဲ စေ့စေ့ပေါက်ပေါက်ရောက်အောင် မတန်တဆ လျှော့ဈေးနဲ့ အပြတ်ရောင်းကြတယ်။ လက် ( ၃ ) လုံးလောက်ထူတဲ့စာအုပ်ကို အလွန်ဆုံးပေးရ ( ၁ ) ကွာတား၊ ( ၅ဝ ) ဆင့် ၊ ( ၃ ) မတ် ပေါ့။ ဈေးအကြီးဆုံးစာအုပ်ဆိုရင် ( ၁ ) ဒေါ်လာထက် မပိုဘူး ”
.
ဂိမ်းခွေတွေက ဘယ်သူမှမဝယ်ကြဘူး။ စာကြည့်တိုက်က ဒီခွေတွေသိမ်းထားပြီး ဘာဆက်လုပ်ရမှန်းမသိဘူးလေ ”
.
ပြီးတော့ လာကူတဲ့ သားတို့လိုလုပ်အားပေးတွေကို စာအုပ်တစ်ဆွဲစီပေးတယ်။ တစ်ဆွဲလုံးတန်လှ ( ၅ ) ဒေါ်လာ ( ၆ ) ဒေါ်လာပေါ့။ တစ်ချို့တွေက ဘာစာအုပ်ယူမယ်ဆိုပြီး ရွေးလို့မရကြဘူး။ သားကျတော့ လိုချင်တဲ့စာအုပ်တွေကို စာကြည့်တိုက်ကလူကြီးတွေကိုပြလိုက်တော့ ပေးယူတယ်။ နောက်ထပ် ဂိမ်းခွေတွေပါ အဆစ်ထည့်ပေးလိုက်သေးတယ် ” တဲ့..။
.
.
အခုမှပဲ တင်ထားတဲ့ခေါင်းစဉ်ရဲ့လိုရင်းကိုရောက်ပါတော့တယ်။
.
စာအုပ်ဈေးရောင်းပွဲကို မျက်နှာပွင့် ပုခုံလေးပင့်ပြီး ( အခုမှ ) ကျင်းပပေးချင်ယောင်ဆောင်နေတဲ့ ( စာမဖတ်စေချင်တဲ့ ) ယာယီအုပ်ချုပ်သူမင်းဆိုးရာဇာတွေရဲ့ “ စေတနာ ” ကို ရိုးတိုးရေးတေးမြင်ရဖို့ ဟိုး .. ပင်လယ်ကြီးရဲ့အဝေးကို ငေးကြည့်နေမိတယ်။
.
.
မြန်မာနိုင်ငံကိုရောက်လာတဲ့ Logos Hope သဘောၤပေါ်ကိုရော MV Logos Hope နိုင်ငံတကာစေတနာရှင်အမည်ခံအဖွဲ့က ဘယ်လိုစာအုပ်မျိုးတွေကို တင်လွှတ်လိုက်ပါသလဲ?
.

ဘော့ပေါ်မှာနေပူလှန်းခံတန်းစီစောင့်နေရတဲ့ “ မြန်မာနိုင်ငံသားတွေဖတ်ဖို့ဆိုတဲ့ စေတနာ ” ကိုရော ကုန်းပတ်ပေါ်တင်ပြီး ဘယ်လောက်ဈေးလျှော့ရောင်းပေးနေပါသလဲ ဆိုတာ ထင်သာမြင်သာ နှိုင်းယှဉ်နိုင်အောင် တင်ပြလိုက်မိပါတယ်။ အားလုံး အတွေးဆန့်ကြည့်ကြပါ..။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-03-2015


No comments: