ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
သိပ္ေကာင္းေနတဲ႕ေလာကကို လူတိုင္းမက္ေမာၾကတယ္။ အစားအေသာက္၊
အသံုးအေဆာင္၊ သြားေရးလာေရး၊ ေငြေၾကးအတုိင္းအတာ စတဲ႕ လုိေလေသးသည္မရွိျပည္႕စံုတဲ႕
လူတန္းေစ႕အေျခအေနေတြကို ကြ်န္ေတာ႕ငယ္ဘဝမွာ မပိုင္ဆိုင္ခဲ႕ပါဘူး။ ဒီစံနန္းကို
စံျမန္းဖို႕ ကုိယ္ရုိး ကုိယ္စ နဲ႕ လူလတ္ပိုင္းမွာ ၾကိဳးစားေပမယ္႕
အေတာ္ခက္ခဲခဲ႕တယ္။ ဒါကို လိုက္ပါဒုကၡခံသလို ေနပူပူမွာ
ဖက္ရြက္ေပါက္နဲ႕လိုက္ကာေပးသူ၊ မုိးရြာစဥ္ ကိုင္းျပဳတ္ေနတဲ႕ထီးအပ်က္တစ္ေခ်ာင္းနဲ႕
မိုးကာေပးသူကုိ ေက်းဇူးတင္လို႕ ကြ်န္ေတာ္ဒီစာကုိ ေလးေလးစားစားေရးျဖစ္ပါတယ္။
.
ကိုယ္႕အေၾကာင္းကိုယ္ျပန္ေျပာရရင္ ေဆးေပါ႕လိပ္မီးစာမိထားတဲ႕ပုဆိုးေပါက္ကုိ
လူေရွ႕သူေရွ႕ျဖန္႕ဝတ္ရသလုိ မလံုမလဲ ရွိလွပါတယ္။ ဒါေပမယ္႕ ေရွ႕မ်က္ႏွာေနာက္ထားလို႕
အားလံုးသင္ခန္းစာယူႏုိင္ေအာင္ ေျပာျပဖို႕အခ်ိန္ေရာက္ျပီထင္လို႕ပါ။ ျပီးေတာ႕
လူဆိုတာ ေအာင္ျမင္တာကို ပုိသိၾကတယ္။ မသိရင္ေတာင္ ဖြင္႕ပြဲေတြ၊ အခမ္းအနားေတြ၊
အဆင္အယင္ေတြ၊ အစားအေသာက္ေတြနဲ႕ဆဲြေဆာင္ျပီး လူပိုသိလို႕ ပုိထိထိမိမိရွိေအာင္
လုပ္ၾကတယ္။ ကြ်န္ေတာ္က အဲဒီအုပ္္စုထဲမွာမပါပဲ ႏြံနစ္ခဲ႕တဲ႕အပိုင္းေတြကုိ
ေျပာျပခ်င္မိတယ္။
.
.
ငယ္ငယ္က ဆယ္တန္းကို ေက်ာင္းႏွစ္ေက်ာင္းဆက္ တက္ခဲ႕တယ္။
ဆယ္တန္းေအာင္တဲ႕အခါ လိုခ်င္တဲ႕လုိင္းမရလုိ႕ အသစ္ဖြင္႕တဲ႕လုိင္းယူလိုက္ရတယ္။
မေပ်ာ္တဲ႕ေက်ာင္းကိုတက္ရင္း ကြ်န္ေတာ္မေကာင္းတာမွန္သမွ်ကို
စံုစံုလင္လင္လုပ္ဖူးပါတယ္။ အစုိးရေဆာင္ဆိုတာလည္း လြတ္လပ္လွေတာ႕
အတိုင္းအဆတစ္ခုေက်ာ္သြားရင္ေတာင္ တားမယ္႕သူမရွိပါဘူး။ အဲဒီအခ်ိန္ သီခ်င္းရူး၊
ဂစ္တာရူးတစ္ေယာက္ ကဗ်ာစာအုပ္ထုတ္ျပီး သူငယ္ခ်င္းေတြကို အႏိုင္က်င္႕ အတင္းလိုက္ေရာင္းတာ
အခု ( ၂၄ ) ႏွစ္ရွိျပီ “ သူ ” အခုထိ မွတ္မိတယ္။
.
ညီအစ္ကုိေတြနဲ႕စုေပါင္းအလုပ္လုပ္တဲ႕အခါ ကြ်န္ေ္တာ္က အသက္အငယ္ဆံုးနဲ႕
လုပ္ငန္းထဲကိုေနာက္ဆံုးမွ ဝင္ျဖစ္တယ္။ သင္ယူဖို႕အေကာင္းဆံုးလို႕ဆုိေပမယ္႕ အရာရာမွာ
ေနာက္ေရာက္ခဲ႕တယ္။ ထုိနည္းတူစြာ အရြယ္နဲ႕မမွ်ေအာင္ ၾကီးမားတဲ႕ဘ႑ာေရးတာဝန္ေတြ
ထမ္းေဆာင္ရတယ္။ ပင္ပန္းတယ္ … စိတ္ပ်က္တယ္ အားငယ္တယ္ … စိတ္ကုန္တယ္ …
ေဘးလွည္႕ၾကည္႕လိုက္ေတာ႕ “ သူ ” ကြ်န္ေတာ႕ေဘးမွာ မားမားမတ္မတ္ရပ္ေပးေနတယ္။
.
.
အေျခအေနေျပာင္းလို႕ ေတာင္ယာေရာင္းတယ္လုိ႕ပဲဆုိဆို ကြ်န္ေတာ္
ရန္ကုန္မွာ ေဒၚလာပြဲစားလုပ္တယ္။ ဘန္ေကာက္ကို ရန္ကုန္နဲ႕အသြားအျပန္ ကုန္ကူးေသးတယ္။
ကုန္က်စားရိတ္ နဲ႕ အျမတ္အရ မိသားစုကုိ ႏႈတ္ခမ္းစုိရံုေလးသာ အေထာက္အပံ႕ေပးႏုိင္တယ္။
ေနာက္ပိုင္းမွာ ပ်က္စီးမွာစိုးလို႕ ကြ်န္ေတာ္အဲဒီအလုပ္ကို ရပ္လုိက္တယ္။ အဲဒီအခ်ိန္မွာ
“ သူ ” က ေကာင္းမြန္တဲ႕ခံတပ္နဲ႕ ေနာက္တန္းကိုလံုေအာင္ထိန္းေပးထားတယ္။
.
တစ္ရက္မွာ အိမ္ကဆင္းလာတဲ႕ကြ်န္ေတာ႕ကို “ မင္းအေဖကို ျပန္လာၾကည္႕ဦး ”
ဆိုျပီး အစ္ကိုအၾကီးဆံုးကဖုန္းဆက္ေခၚလို႕ မီးရထားၾကီးစီးျပီး
ရွမ္းျပည္ျပန္တက္သြားတယ္။ ကေလာဘူတာမွာအစ္ကုိၾကီးက ပတ္ပလစ္ကာကားေလးနဲ႕လာၾကိဳတယ္။ ေတာင္ၾကီးအိမ္ေရာက္တာနဲ႕
အေဖ႕ကိုကန္ေတာ႕ျပီး အေဖစကားနားေထာင္ျပီး
အေဖခုိင္းသမွ်ကိုအကုန္အစင္လုပ္ေဆာင္မယ္လို႕ေျပာတဲ႕အခ်ိန္ “ သူ ” က သမီးေလးလက္ကိုဆြဲျပီး
ေဘးမွာရွိေနတယ္။
.
.
ဒီလိုနဲ႕လုပ္ငန္းလုပ္ရင္း မရွိတဲ႕ၾကားက ဆိုင္ခန္းဝယ္မယ္ဆိုေတာ႕
မ်က္ႏွာခ်င္းဆိုင္ကဆိုင္ကိုဝယ္ျဖစ္ေအာင္ “ သူ ” စြမ္းေဆာင္တယ္။ လုပ္ငန္းရွင္ေတြၾကားမွာ
မ်က္ႏွာမငယ္ရေအာင္ ကြ်န္ေတာ္တြန္းတြန္းတိုက္တိုက္ၾကိဳးစားခ်ိန္ ေဘးပတ္ဝန္းက်င္ေတြကိုေလ႕လာေပးတယ္။
ဒီလိုနဲ႕ ခြင္႕မလႊတ္ႏုိင္တဲ႕အမွားအၾကီးၾကီးေတြက်ဴးလြန္ခဲ႕တဲ႕ကြ်န္ေတာ႕ကို
လမ္းမခြဲပဲ ျမဲျမဲတြဲခဲ႕တာ “ သူ ” ပါပဲ။
.
သမီးရည္းစားဘဝတုန္းက ကမ္းနားလမ္းမွာ “ ငါက ေနာက္ဆုိအေမရိကား
သြားရမွာ။ ဟိုေရာက္ရင္ နင္႕ကိုဘာအလုပ္မွမလုပ္ခုိင္းဘူး ” ဆိုျပီး
ေပးခဲ႕တဲ႕ဂတိကိုမတည္ခဲ႕တာ ကြ်န္ေတာ္ပါ။ အေလးအပင္ေတြကုိ မရတယ္။ ကားလိုင္စင္
ေျဖရတယ္။ တစ္သက္လံုး စမတ္က်က်ေဘးကစီးခဲ႕တဲ႕ကားကို ကိုယ္တိုင္ကိုယ္က် ေမာင္းရတယ္။
ကေလးေက်ာင္း ပို႕ရတယ္။ အိမ္သန္႕ရွင္းေရး လုပ္ရတယ္။ မိဘ နဲ႕ ေယာကၡမအိမ္မွာ
ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ေနခဲ႕သူကို ဘဝဇာတ္ဆရာက ခုိင္းရက္တယ္။ “ သူ႕ ”
ကို ကြ်န္ေတာ္ အေၾကြးေတာ္ေတာ္တင္ေနျပီ။
.
.
ဒီအေၾကြးေတြကို ဒီဘက္ႏုိင္ငံေရာက္ေတာ႕ ေခြ်းနဲ႕ဆပ္ရံုမက
ကြ်န္ေတာ႕အခ်ိန္ေတြေရာင္းျပီး ဆပ္တယ္။ အလုပ္အေကြ်းျပဳျပီး ဆပ္တယ္။
အလုပ္ခ်ိန္ျပီးတာနဲ႕ မိသားစုနဲ႕အခ်ိန္ျပည္႕ေနျပီး ဆပ္တယ္။ ဒါေပမယ္႕
ဒီအခ်စ္ေၾကြးေတြဘယ္ေတာ႕ေက်မလဲ ကြ်န္ေတာ္မသိပါ။ ေက်းဇူးတရားအထပ္ထပ္ နဲ႕ “ သူ႕ ” ကို
ေက်းဇူးေတြအျမဲတင္ေနခ်င္တယ္။ အခု ( ၂၄ ) ႏွစ္ရွိျပီ .. ကြ်န္ေတာ႕ေဘးမွာ
ျမတ္ျမတ္ျမဲျမဲရပ္တုန္း။ ဒါေၾကာင္႕ “ သူ႕ ” ကုိ ကြ်န္ေတာ္အျမဲေျပာတယ္ … “ I Love
You အခ်စ္ဆံုး ”
.
ခင္လ်က္
.
05-01-2016
.
.
.
Myanmar Unicode Version:
.
.
“ သူ နဲ့ ( ၂၄ ) နှစ် ခရီးရှည် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
သိပ်ကောင်းနေတဲ့လောကကို လူတိုင်းမက်မောကြတယ်။
အစားအသောက်၊ အသုံးအဆောင်၊ သွားရေးလာရေး၊ ငွေကြေးအတိုင်းအတာ စတဲ့ လိုလေသေးသည်မရှိပြည့်စုံတဲ့
လူတန်းစေ့အခြေအနေတွေကို ကျွန်တော့ငယ်ဘဝမှာ မပိုင်ဆိုင်ခဲ့ပါဘူး။ ဒီစံနန်းကို စံမြန်းဖို့
ကိုယ်ရိုး ကိုယ်စ နဲ့ လူလတ်ပိုင်းမှာ ကြိုးစားပေမယ့် အတော်ခက်ခဲခဲ့တယ်။ ဒါကို လိုက်ပါဒုက္ခခံသလို
နေပူပူမှာ ဖက်ရွက်ပေါက်နဲ့လိုက်ကာပေးသူ၊ မိုးရွာစဉ် ကိုင်းပြုတ်နေတဲ့ထီးအပျက်တစ်ချောင်းနဲ့
မိုးကာပေးသူကို ကျေးဇူးတင်လို့ ကျွန်တော်ဒီစာကို လေးလေးစားစားရေးဖြစ်ပါတယ်။
.
ကိုယ့်အကြောင်းကိုယ်ပြန်ပြောရရင် ဆေးပေါ့လိပ်မီးစာမိထားတဲ့ပုဆိုးပေါက်ကို
လူရှေ့သူရှေ့ဖြန့်ဝတ်ရသလို မလုံမလဲ ရှိလှပါတယ်။ ဒါပေမယ့် ရှေ့မျက်နှာနောက်ထားလို့ အားလုံးသင်ခန်းစာယူနိုင်အောင်
ပြောပြဖို့အချိန်ရောက်ပြီထင်လို့ပါ။ ပြီးတော့ လူဆိုတာ အောင်မြင်တာကို ပိုသိကြတယ်။ မသိရင်တောင်
ဖွင့်ပွဲတွေ၊ အခမ်းအနားတွေ၊ အဆင်အယင်တွေ၊ အစားအသောက်တွေနဲ့ဆွဲဆောင်ပြီး လူပိုသိလို့
ပိုထိထိမိမိရှိအောင် လုပ်ကြတယ်။ ကျွန်တော်က အဲဒီအုပ်စုထဲမှာမပါပဲ နွံနစ်ခဲ့တဲ့အပိုင်းတွေကို
ပြောပြချင်မိတယ်။
.
.
ငယ်ငယ်က ဆယ်တန်းကို ကျောင်းနှစ်ကျောင်းဆက်
တက်ခဲ့တယ်။ ဆယ်တန်းအောင်တဲ့အခါ လိုချင်တဲ့လိုင်းမရလို့ အသစ်ဖွင့်တဲ့လိုင်းယူလိုက်ရတယ်။
မပျော်တဲ့ကျောင်းကိုတက်ရင်း ကျွန်တော်မကောင်းတာမှန်သမျှကို စုံစုံလင်လင်လုပ်ဖူးပါတယ်။
အစိုးရဆောင်ဆိုတာလည်း လွတ်လပ်လှတော့ အတိုင်းအဆတစ်ခုကျော်သွားရင်တောင် တားမယ့်သူမရှိပါဘူး။
အဲဒီအချိန် သီချင်းရူး၊ ဂစ်တာရူးတစ်ယောက် ကဗျာစာအုပ်ထုတ်ပြီး သူငယ်ချင်းတွေကို အနိုင်ကျင့်
အတင်းလိုက်ရောင်းတာ အခု ( ၂၄ ) နှစ်ရှိပြီ “ သူ ”
အခုထိ မှတ်မိတယ်။
.
ညီအစ်ကိုတွေနဲ့စုပေါင်းအလုပ်လုပ်တဲ့အခါ ကျွန်ေ္တာ်က
အသက်အငယ်ဆုံးနဲ့ လုပ်ငန်းထဲကိုနောက်ဆုံးမှ ဝင်ဖြစ်တယ်။ သင်ယူဖို့အကောင်းဆုံးလို့ဆိုပေမယ့်
အရာရာမှာ နောက်ရောက်ခဲ့တယ်။ ထိုနည်းတူစွာ အရွယ်နဲ့မမျှအောင် ကြီးမားတဲ့ဘဏ္ဍာရေးတာဝန်တွေ
ထမ်းဆောင်ရတယ်။ ပင်ပန်းတယ် … စိတ်ပျက်တယ် အားငယ်တယ် … စိတ်ကုန်တယ် … ဘေးလှည့်ကြည့်လိုက်တော့
“ သူ ” ကျွန်တော့ဘေးမှာ မားမားမတ်မတ်ရပ်ပေးနေတယ်။
.
.
အခြေအနေပြောင်းလို့ တောင်ယာရောင်းတယ်လို့ပဲဆိုဆို
ကျွန်တော် ရန်ကုန်မှာ ဒေါ်လာပွဲစားလုပ်တယ်။ ဘန်ကောက်ကို ရန်ကုန်နဲ့အသွားအပြန် ကုန်ကူးသေးတယ်။
ကုန်ကျစားရိတ် နဲ့ အမြတ်အရ မိသားစုကို နှုတ်ခမ်းစိုရုံလေးသာ အထောက်အပံ့ပေးနိုင်တယ်။
နောက်ပိုင်းမှာ ပျက်စီးမှာစိုးလို့ ကျွန်တော်အဲဒီအလုပ်ကို ရပ်လိုက်တယ်။ အဲဒီအချိန်မှာ
“ သူ ” က ကောင်းမွန်တဲ့ခံတပ်နဲ့ နောက်တန်းကိုလုံအောင်ထိန်းပေးထားတယ်။
.
တစ်ရက်မှာ အိမ်ကဆင်းလာတဲ့ကျွန်တော့ကို “ မင်းအဖေကို
ပြန်လာကြည့်ဦး ” ဆိုပြီး အစ်ကိုအကြီးဆုံးကဖုန်းဆက်ခေါ်လို့ မီးရထားကြီးစီးပြီး ရှမ်းပြည်ပြန်တက်သွားတယ်။
ကလောဘူတာမှာအစ်ကိုကြီးက ပတ်ပလစ်ကာကားလေးနဲ့လာကြိုတယ်။ တောင်ကြီးအိမ်ရောက်တာနဲ့ အဖေ့ကိုကန်တော့ပြီး
အဖေစကားနားထောင်ပြီး အဖေခိုင်းသမျှကိုအကုန်အစင်လုပ်ဆောင်မယ်လို့ပြောတဲ့အချိန် “ သူ
” က သမီးလေးလက်ကိုဆွဲပြီး ဘေးမှာရှိနေတယ်။
.
.
ဒီလိုနဲ့လုပ်ငန်းလုပ်ရင်း မရှိတဲ့ကြားက ဆိုင်ခန်းဝယ်မယ်ဆိုတော့
မျက်နှာချင်းဆိုင်ကဆိုင်ကိုဝယ်ဖြစ်အောင် “ သူ ” စွမ်းဆောင်တယ်။ လုပ်ငန်းရှင်တွေကြားမှာ
မျက်နှာမငယ်ရအောင် ကျွန်တော်တွန်းတွန်းတိုက်တိုက်ကြိုးစားချိန် ဘေးပတ်ဝန်းကျင်တွေကိုလေ့လာပေးတယ်။
ဒီလိုနဲ့ ခွင့်မလွှတ်နိုင်တဲ့အမှားအကြီးကြီးတွေကျူးလွန်ခဲ့တဲ့ကျွန်တော့ကို လမ်းမခွဲပဲ
မြဲမြဲတွဲခဲ့တာ “ သူ ” ပါပဲ။
.
သမီးရည်းစားဘဝတုန်းက ကမ်းနားလမ်းမှာ “ ငါက
နောက်ဆိုအမေရိကား သွားရမှာ။ ဟိုရောက်ရင် နင့်ကိုဘာအလုပ်မှမလုပ်ခိုင်းဘူး ” ဆိုပြီး
ပေးခဲ့တဲ့ဂတိကိုမတည်ခဲ့တာ ကျွန်တော်ပါ။ အလေးအပင်တွေကို မရတယ်။ ကားလိုင်စင် ဖြေရတယ်။
တစ်သက်လုံး စမတ်ကျကျဘေးကစီးခဲ့တဲ့ကားကို ကိုယ်တိုင်ကိုယ်ကျ မောင်းရတယ်။ ကလေးကျောင်း
ပို့ရတယ်။ အိမ်သန့်ရှင်းရေး လုပ်ရတယ်။ မိဘ နဲ့ ယောက္ခမအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့သူကို
ဘဝဇာတ်ဆရာက ခိုင်းရက်တယ်။ “ သူ့ ” ကို ကျွန်တော် အကြွေးတော်တော်တင်နေပြီ။
.
.
ဒီအကြွေးတွေကို ဒီဘက်နိုင်ငံရောက်တော့ ချွေးနဲ့ဆပ်ရုံမက
ကျွန်တော့အချိန်တွေရောင်းပြီး ဆပ်တယ်။ အလုပ်အကျွေးပြုပြီး ဆပ်တယ်။ အလုပ်ချိန်ပြီးတာနဲ့
မိသားစုနဲ့အချိန်ပြည့်နေပြီး ဆပ်တယ်။ ဒါပေမယ့် ဒီအချစ်ကြွေးတွေဘယ်တော့ကျေမလဲ ကျွန်တော်မသိပါ။
ကျေးဇူးတရားအထပ်ထပ် နဲ့ “ သူ့ ” ကို ကျေးဇူးတွေအမြဲတင်နေချင်တယ်။ အခု ( ၂၄ ) နှစ်ရှိပြီ
.. ကျွန်တော့ဘေးမှာ မြတ်မြတ်မြဲမြဲရပ်တုန်း။ ဒါကြောင့် “ သူ့ ” ကို ကျွန်တော်အမြဲပြောတယ်
… “ I Love You အချစ်ဆုံး ”
.
ခင်လျက်
.
05-01-2016
No comments:
Post a Comment