ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, January 2, 2017

ေနထုိင္ခြင္႕ခိုလံႈသူအတြက္ ခရီးသြားခြင္႕လက္မွတ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.
အေမရိကန္္ႏိုင္ငံကိုေရာက္လာသူေတြခ်င္းစကားေျပာၾကတဲ႕အခါ တစ္ျခားလူမ်ိဳးေတြေတာ႕သိပ္မသိဘူး .. ျမန္မာအခ်င္းခ်င္း " သူက ဒုကၡသည္ - Refugee နဲ႕ ေရာက္လာတာ " ဆိုျပီး ႏွိမ္႕ခ်ေျပာဆိုတာ အရင္တုန္းကတည္းက ၾကားဖူးခဲ႕တယ္။ အဲဒီတုန္းက ေရာက္ခါစမို႕ အေၾကာင္းစံုမသိလို႕ ဘာကိုမွျပန္မေျပာျဖစ္ခဲ႕ဘူး။
.
တစ္ကယ္တမ္း လူမ်ိဳးေပါင္းစံု စုေပါင္းေနထုိင္တဲ႕ အေမရိကားဆိုတာ Diversify အျဖစ္ဆံုးလို႕ေျပာလို႕ရတယ္။ ဒီလိုမတူကြဲျပားတဲ႕ ကမၻာအရပ္ရပ္က အေရာင္အေသြးကြဲျပားသူေတြကုိ ညီညႊတ္ေအာင္ဘယ္လိုအုပ္ခ်ဳပ္ပါသလဲ?
.
အေျဖက - " လူေတြစုျပီးဥပေဒကိုျပဳစုသလုိ ျပ႒ာန္းထားတဲ႕ဥပေဒကို အဲဒီလူေတြက ျဖဴျဖဴမည္းမည္း သဲသဲကြဲကြဲလုိက္နာၾကလို႕ " ပါပဲ..။

.
.
ႏိုင္ငံေရးခုိလံႈမႈေလွ်ာက္ထားျခင္းကို Asylum Status လို႕ ေခၚပါတယ္။ Refugee တစ္ေယာက္ဟာ အေမရိကန္ႏုိင္ငံျပင္ပကိုခရီးထြက္ဖို႕ဆုိရင္ ခရီးသြားခြင္႕လက္မွတ္ - A Refugee Travel Document ယူထြက္သြားပါမွ အခ်ိန္တန္ရင္ ျပန္ျပျပီးဝင္လုိ႕ရပါမယ္။
.
ဒီေနရာမွာ ဒုကၡသည္ေတြကိုအားမငယ္ေစလိုတာက " The Refugee Travel Document is similar in appearance to a U.S Passport " စာသားအရ ဒီစာရြက္ရွိရင္ အေမရိကန္ပါ႕စပို႕ ကုိင္ထြက္တဲ႕သူေတြနဲ႕ အဆင္႕အတန္းတူတာကိုသိထားေစခ်င္ပါတယ္။
.
ျဖည္႕ရတဲ႕ေဖာင္က အြန္လိုင္းမွာ Form I-131 လို႕ရွာျပီး ခရီးမထြက္လိုခင္ ရက္ ( ၆ဝ ) ၾကိဳတင္ေလွ်ာက္ထားႏိုင္ပါတယ္။ ေလွ်က္သူကုိယ္တိုင္ ျပည္တြင္းမွာရွိေနရမွာျဖစ္ျပီး အတည္ျပဳ - Approved ျဖစ္ဖို႕အထိမေစာင္႕လည္းရတယ္လို႕ဆိုျပန္ပါတယ္။ မိမိေရာက္တဲ႕တုိင္းျပည္ရဲ႕အေမရိကန္သံရံုး ( သို႕ ) ေကာင္စစ္ဝန္ရံုးမွာထုတ္ခ်င္တယ္ဆိုျပီး Form- I-131 ျဖည္႕တဲ႕အခါ ထည္႕သြင္းေရးသားရမွာပါ။
.
.
အေကာင္းဆံုးက A Person with Refugee တစ္ေယာက္ဟာ မိမိအမႈတြဲကို ျပည္တြင္းမွာရင္ဆုိင္လို႕မျပီးမခ်င္း ခရီးမထြက္သင္႕ပါဘူး။ A Refugee Travel Document ကိစၥျပီးတာနဲ႕ အျမဲတမ္းေနထိုင္ခြင္႕ - Permanent Resident ေလွ်ာက္စရာတုိ႕၊ ေနာက္ ( ၅ ) ႏွစ္ၾကာရင္ ႏိုင္ငံသားေလွ်ာက္ခြင္႕ - Naturalization တုိ႕၊ ႏုိင္ငံသားအျဖတ္က်မ္းၾကိမ္ဆိုျပီးရင္ သစၥာခံ - Oath လုပ္တာတို႕ျပီးရင္ အမ်ားနည္းတူ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ႏုိင္ပါတယ္။
.
ဒါေၾကာင္႕ အေမရိကန္ႏိုင္ငံကူးစာအုပ္အမည္းကဲ႕သုိ႕အသက္ဝင္ေပမယ္႕ အေရးမၾကီးရင္ ျပည္တြင္းထဲမွာၾကိဳက္သလိုသြား၊ ဘာရာဇဝတ္မႈမွမက်ဴးလြန္နဲ႕၊ SSN - Social Security Number ေလးကိုင္ရင္း အလုပ္လုပ္ .. စသည္ျဖင္႕ ( ၁ ) ႏွစ္သက္တမ္းရွိတဲ႕ A Refugee Travel Document ရဖို႕ အမွားမရွိရေလေအာင္ စိတ္ရွည္ရွည္ေနထုိင္သြားသင္႕ပါတယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
01-02-2017
.
Ref: D4 U.S Citizenship and Immigration Services Pamphlet
.
.
Unicode Version:
.
.
" နေထိုင်ခွင့်ခိုလှုံသူအတွက် ခရီးသွားခွင့်လက်မှတ် "
.
အမေရိကန်နိုင်ငံကိုရောက်လာသူတွေချင်းစကားပြောကြတဲ့အခါ တစ်ခြားလူမျိုးတွေတော့သိပ်မသိဘူး .. မြန်မာအချင်းချင်း " သူက ဒုက္ခသည် - Refugee နဲ့ ရောက်လာတာ " ဆိုပြီး နှိမ့်ချပြောဆိုတာ အရင်တုန်းကတည်းက ကြားဖူးခဲ့တယ်။ အဲဒီတုန်းက ရောက်ခါစမို့ အကြောင်းစုံမသိလို့ ဘာကိုမှပြန်မပြောဖြစ်ခဲ့ဘူး။
.
တစ်ကယ်တမ်း လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ အမေရိကားဆိုတာ Diversify အဖြစ်ဆုံးလို့ပြောလို့ရတယ်။ ဒီလိုမတူကွဲပြားတဲ့ ကမ္ဘာအရပ်ရပ်က အရောင်အသွေးကွဲပြားသူတွေကို ညီညွှတ်အောင်ဘယ်လိုအုပ်ချုပ်ပါသလဲ?
.
အဖြေက - " လူတွေစုပြီးဥပဒေကိုပြုစုသလို ပြဋ္ဌာန်းထားတဲ့ဥပဒေကို အဲဒီလူတွေက ဖြူဖြူမည်းမည်း သဲသဲကွဲကွဲလိုက်နာကြလို့ " ပါပဲ..။
.
.
နိုင်ငံရေးခိုလှုံမှုလျှောက်ထားခြင်းကို Asylum Status လို့ ခေါ်ပါတယ်။ Refugee တစ်ယောက်ဟာ အမေရိကန်နိုင်ငံပြင်ပကိုခရီးထွက်ဖို့ဆိုရင် ခရီးသွားခွင့်လက်မှတ် - A Refugee Travel Document ယူထွက်သွားပါမှ အချိန်တန်ရင် ပြန်ပြပြီးဝင်လို့ရပါမယ်။
.
ဒီနေရာမှာ ဒုက္ခသည်တွေကိုအားမငယ်စေလိုတာက " The Refugee Travel Document is similar in appearance to a U.S Passport " စာသားအရ ဒီစာရွက်ရှိရင် အမေရိကန်ပါ့စပို့ ကိုင်ထွက်တဲ့သူတွေနဲ့ အဆင့်အတန်းတူတာကိုသိထားစေချင်ပါတယ်။
.
ဖြည့်ရတဲ့ဖောင်က အွန်လိုင်းမှာ Form I-131 လို့ရှာပြီး ခရီးမထွက်လိုခင် ရက် ( ၆ဝ ) ကြိုတင်လျှောက်ထားနိုင်ပါတယ်။ လျှေက်သူကိုယ်တိုင် ပြည်တွင်းမှာရှိနေရမှာဖြစ်ပြီး အတည်ပြု - Approved ဖြစ်ဖို့အထိမစောင့်လည်းရတယ်လို့ဆိုပြန်ပါတယ်။ မိမိရောက်တဲ့တိုင်းပြည်ရဲ့အမေရိကန်သံရုံး ( သို့ ) ကောင်စစ်ဝန်ရုံးမှာထုတ်ချင်တယ်ဆိုပြီး Form- I-131 ဖြည့်တဲ့အခါ ထည့်သွင်းရေးသားရမှာပါ။
.
.
အကောင်းဆုံးက A Person with Refugee တစ်ယောက်ဟာ မိမိအမှုတွဲကို ပြည်တွင်းမှာရင်ဆိုင်လို့မပြီးမချင်း ခရီးမထွက်သင့်ပါဘူး။ A Refugee Travel Document ကိစ္စပြီးတာနဲ့ အမြဲတမ်းနေထိုင်ခွင့် - Permanent Resident လျှောက်စရာတို့၊ နောက် ( ၅ ) နှစ်ကြာရင် နိုင်ငံသားလျှောက်ခွင့် - Naturalization တို့၊ နိုင်ငံသားအဖြတ်ကျမ်းကြိမ်ဆိုပြီးရင် သစ္စာခံ - Oath လုပ်တာတို့ပြီးရင် အများနည်းတူ နိုင်ငံကူးလက်မှတ်လျှောက်နိုင်ပါတယ်။
.
ဒါကြောင့် အမေရိကန်နိုင်ငံကူးစာအုပ်အမည်းကဲ့သို့အသက်ဝင်ပေမယ့် အရေးမကြီးရင် ပြည်တွင်းထဲမှာကြိုက်သလိုသွား၊ ဘာရာဇဝတ်မှုမှမကျူးလွန်နဲ့၊ SSN - Social Security Number လေးကိုင်ရင်း အလုပ်လုပ် .. စသည်ဖြင့် ( ၁ ) နှစ်သက်တမ်းရှိတဲ့ A Refugee Travel Document ရဖို့ အမွားမရွိရေလအာင္ စိတ်ရှည်ရှည်နေထိုင်သွားသင့်ပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
01-02-2017
.
Ref: D4 U.S Citizenship and Immigration Services Pamphlet

No comments: