ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
အင်္ဂလိပ်စာလေ့လာရင်
ရေဒီယိုနားထောင်သင့်တယ်လို့ ကျွန်တော်မကြာခဏ အကြံပေးမိခဲ့တယ်။ တစ်နေ့ကို အနည်းဆုံး
( ၁ ) နာရီ ကားမောင်းရတဲ့ ကျွန်တော့်အဖို့ ကားထဲက ရေဒီယိုဟာ လက်လှမ်းမှီတဲ့ Instrument
တစ်ခုပါပဲ။ တစ်နည်းအားဖြင့် ရေဒီယိုကလာတာကို လိုက်ဆို၊ လိုက်ပြောလုပ်နိုင်လို့ ကားဟာ
ကျွန်တော့အတွက် စတူဒီယိုတစ်ခုပါပဲ။ မိသားစုနဲ့ ကလေးတွေ ပညာရေးကြောင့် အားလုံးကိုလက်လွှဲခဲ့ပြီး
ရန်ကုန်ကို ပြန်ပြေးဖို့ဆိုတာကလည်း ချက်ချင်းမဖြစ်နိုင်ပါ။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဖြစ်နေတဲ့ဘဝမှာ
ဘာကိုအကျိုးရှိအောင်လုပ်နိုင်ပါသလဲဆိုတာ ကျွန်တော်အကြိမ်ပေါင်းများစွာ စဉ်းစားမိတယ်။
ဒါကြောင့် ရောက်နေတဲ့နေရာမှာ အင်္ဂလိပ်စာ နဲ့ စကား အမြတ်ထုတ်ရမယ်လို့တွေးမိတယ်။
.
ကျွန်တော့်လိုအလုပ်လုပ်သူတွေကိုလေ့လာကြည့်တော့
သူတို့ရဲ့အင်္ဂလိပ်စာဟာ ရပ်တန့်နေတယ်။ တတ်မြောက်ပြီးသူတွေက ဆက်လေ့လာတာ မတွေ့ရသလို သိပ်မတတ်သေးသူတွေကလည်း
ထမင်းစားအင်္ဂလိပ်စာရရင် အမေရိကားမှာ ရပ်တည်နိုင်ပြီထင်ကြတယ်။ ကျွန်တော်တစ်ယောက်တော့
ဒီလိုမတွေးဘူး။ စာဖတ်နိုင်အောင် အချိန်တွေရှာကြံတယ်။ အလုပ်က ကွန်ပျူတာမှာ သတင်းတွေဖတ်ကြည့်တယ်။
အင်တာနက်သုံးခွင့်မရှိတော့ သတင်းနားထောင်တယ်။ ဒီလိုနဲ့ သူများပြောတဲ့ အင်္ဂလိပ်စကားဟာ
အမိမြန်မာနိုင်ငံက သင်ယူခဲ့တာနဲ့ ဒီမှာထမင်းရှာစားရခက်တယ်ဆိုတာ ကျွန်ေ်တ်ာသိမြင်လာပါတယ်။
.
တစ်ခြားသူတွေက
ကားမောင်းရင်း သီချင်းအကျယ်ကြီးဖွင့်ကြတယ်။ နောက်ကားက ဟွန်းတီးတာ၊ ဘေးလူက စကားပြောတာ၊
နောက်ကရဲကားလိုက်လာလို့ လိုက်လာမှန်းမသိအောင် အကျယ်ကြီးကို ဖွင့်ကြတယ်။ အများနဲ့မတူ
ကျွန်တော် အင်္ဂလိပ်ရေဒီယိုသတင်း စနားထောင်ကြည့်ကြည့်တယ်။