ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး ) |
.
၁။ ေန႕စဥ္ဘဝထဲကျဖစ္ရပ္
.
.
အျပန္စာအိတ္ပါတဲ႕အစုိးရရံုးတစ္ခုရဲ႕စာကိုေဖာက္လိုက္တယ္။
အထဲမွာပါတဲ႕ေဖာင္မွာလိုတဲ႕အကြက္ေတြျဖည္႕ျပီး ညေန ( ၅ ) နာရီမထိုးခင္ စာျပန္သြားထည္႕ရမယ္။
အကြက္ေသးေသးေလးထဲမွာ ေဘာပင္ခြ်န္ခြ်န္ေလးနဲ႕ျဖည္႕သြင္းရင္း စာရြက္ရဲ႕ေအာက္ပိုင္းနားေလးမွာ
လက္မွတ္ထိုးလိုက္တယ္။ ျပီးေတာ႕ တံဆိပ္ေခါင္းကပ္ရဦးမယ္။ အျမဲေမ႕တတ္တဲ႕တံဆိပ္ေခါင္းမို႕လုိ႕
အလုပ္သြားတဲ႕ ကားထဲမွာတံဆိပ္ေခါင္းေဆာင္ထားတာ သြားသတိရမိတယ္။
.
အဲဒီအခ်ိန္မွာ
စိတ္ထဲကစဥ္းစားမိတယ္။ အမ်ိဳးသမီးေမာင္းတဲ႕ကားကဘယ္လုိအေျခအေနရွိေနလဲမသိဘူး … စြမ္းကလည္းေက်ာင္းျပန္ဖြင္႕ျပီဆိုေတာ႕
မနက္တိုင္းေက်ာင္းပို႕ရျပီ လို႕ေတြးလိုက္ျပန္တယ္။ ဒါနဲ႕ကားေျပာင္းျပီး အမ်ိဳးသမီးကားနဲ႕စာတိုက္ကိုထြက္လာခဲ႕တယ္။
ကားကေမာင္းလိုက္တယ္ဆုိရင္ပဲ သခင္အၾကိဳက္အားလံုးအဆင္ေျပပါတယ္။ အဆင္မေျပတာက စာတုိက္ေရာက္ေတာ႕မွပါ..။
.
.
စာအိတ္ေလးကိုကိုင္ျပီး
ကားေပၚကဆင္းလိုက္တယ္။ အလုပ္ကျပန္လာခါစ ဗုိက္ကလည္းဆာေနတာမုိ႕ ျဖည္းျဖည္းခ်င္းပဲလွမ္းေနမိတယ္။
စာတုိက္ပံုးရဲ႕အေပၚအံကိုဖြင္႕လုိက္ျပီး စာထည္႕မယ္အလုပ္မွာ လွစ္ကနဲျဖစ္သြားတဲ႕စိတ္ကေလးက
စာအိတ္ကိုျပန္စစ္ၾကည္႕ဖို႕ခုိင္းေနသလိုပဲ။ ကိုင္ထားတဲ႕လက္ကိုလွည္႕လုိက္တာမွာ စာကတံဆိပ္ေခါင္းကပ္ဖို႕ေမ႕ေနေသးတာကို
သိလိုက္တယ္။ ဒါနဲ႕ ခ်က္ခ်င္းၾကီးစိတ္တုိသြားျပီး ကားရပ္ထားတဲ႕ေနရာကိုျပန္ေလွ်ာက္လာတယ္။
ကားပါကင္မွာကားကိုအေဝးကလွမ္းျမင္လိုက္ေတာ႕မွ .. ခုနေလးတင္ ကားေျပာင္းျပီးေမာင္းလာတာကုိ ျပန္သတိရသြားတယ္။
ခက္ျပီ .. ဒါ .. အေမရိကားေလ .. တံဆိပ္ေခါင္းမပါရင္ စာပို႕သမားကစာပို႕ေပးမွာမဟုတ္ဘူးလုိ႕လည္း
အသည္းနာေအာင္ေတြးေနမိျပန္တယ္။
.
ဟာ
.. သြားျပီ .. ဒီေနရာကေန အိမ္ျပန္ျပီးတံဆိပ္ေခါင္းသြားယူရဦးမယ္ဆိုတာေတြးမိေတာ႕ ဒီတံဆိပ္ေခါင္းပါးပါးေလးတစ္ခုအတြက္
ဓါတ္ဆီကုန္ရဦးမွာပါလားဆုိတာကုိဆက္စဥ္းစားမိရင္း ေတာ္ေတာ္ေလးကိုစိတ္ပ်က္သြားတယ္။ ငါ႕ႏွယ္
.. ဒီေန႕မွကားေျပာင္းေမာင္းလာတာမိတာကိုး။ အမ်ိဳးသမီးကားေပၚမွာ တံဆိပ္ေခါင္းမွမေဆာင္ထားတာလို႕ေတြးရင္း
ေဘးၾကပ္နံၾကပ္ျဖစ္ေနတာ ေတာ္ေတာ္ဆိုးတယ္။
.
ဒါနဲ႕စာတိုက္ေရွ႕ကေနလွည္႕ထြက္မယ္အလုပ္မွာ
“ ဟာ .. ငါက စာတုိက္ေရာက္ေနတာပဲ။ တံဆိပ္ေခါင္းအသစ္ဝယ္ျပီးထည္႕လိုက္ရမွာကုိ မခက္ခက္ေအာင္ေတြးေနတယ္
” လို႕ အာေမဋိတ္သံထြက္္ေအာင္ ေအာ္လိုက္မိတယ္။ ျပီးေတာ႕ တံဆိပ္ေခါင္းဝယ္၊ စာအိတ္ေပၚမွာကပ္၊
စာတုိက္ပံုးထဲကုိထည္႕တဲ႕အလုပ္တစ္ခုျပီးေျမာက္ခဲ႕ပါေတာ႕တယ္။
.
.
.
၂။ အလုပ္ခြင္ထဲကျဖစ္ရပ္
.
.
အလုပ္ထဲကအမ်ားသံုးတဲ႕
ပရင္တာ - Printer က အၾကီးၾကီးပါ။ စြယ္စံုရတာမို႕ ပရင္႕ထုတ္မလား၊ မိတၱဴကူးမလား၊ စာရြက္စကင္ဖတ္ျပီး
အီးေမးလ္ထဲတစ္ခါတည္းတြဲပို႕လုိက္ဦးမလား .. အားလံုးသံုးလုိ႕ရတယ္။ ၾကီးသေလာက္လည္းလုပ္ေဖာက္ကိုင္ဘက္ေတြဝိုင္းျပီးပရင္႕ထုတ္ၾကေပမယ္႕
တစ္ခုခုျဖစ္ရင္ ဘယ္သူမွမျပင္ၾကဘူး။ ပ်က္တာေတာ႕မဟုတ္ေပမယ္႕ ၾကိဳးမဲ႕ကြန္ယက္ -
Network လြတ္ေနတာတုိ႕၊ ေအာင္ကအံဆြဲထဲမွာစာရြက္ကုန္ေနတာတုိ႕၊ ထပ္ျဖည္႕ရမယ္႕စာရြက္မရွိတာတုိ႕
စတဲ႕ အေျခအေနေတြမွာ အျပင္ဘက္ခန္းမွာရွိတဲ႕ပရင္တာကိုလွမ္းျပီးထုတ္ၾကရတယ္။
.
တစ္ခုေျပာစရာရွိတာက
ကြ်န္ေတာ္တို႕သံုးေနက်ကြန္ပ်ဴတာ နဲ႕ အျပင္ကပရင္တာက ခ်ိတ္ေနက်မဟုတ္ဘူး။ ဒီေတာ႕ ကိုယ္႕ထုတ္ခ်င္တဲ႕
Pdf File ကို ျပန္ဖြင္႕၊ ပံုေသသံုးပရင္တာေနရာမွာ အျပင္ဘက္ကပရင္တာနာမည္ထည္႕၊ ျပီးရင္
လုပ္ေဖာက္ကိုင္ဘက္ ( ၄ ) ေယာက္ေလာက္ကစုျပီးပရင္႕ထုတ္တာကုိ တစ္ေယာက္ကသြားေစာင္႕ယူရတယ္။
အဲဒီအခ်ိန္မွာ စက္ထဲကထြက္လာတဲ႕စာရြက္ေတြဟာ လုိခ်င္သလုိမျဖစ္ပဲ အေရွ႕ဘက္ေရာ အေနာက္ဘက္ေရာပံုႏွိပ္ထားတဲ႕
2 Sided Printed ျဖစ္ေနပါတယ္။
.
.
ဒါနဲ႕
ပရင္႕တဲ႕လူေတြကုိ တစ္ဖက္ခ်င္းပံုထြက္ေအာင္ ကြန္ပ်ဴတာမွာ Setting ေျပာင္းျပီး ျပန္ထုတ္ခိုင္းလုိက္တယ္။
ဒါေပမယ္႕ တစ္ေယာက္ကေတာ႕ မွားျပီးရင္းမွားေနရင္းနဲ႕ ( ၂ ) ဘက္စလံုးရိုက္ႏွိပ္ထားတဲ႕စာရြက္ေတြပဲ
ဆက္ထြက္လာေနတယ္။ ရလာတဲ႕စာရြက္ေတြကိုင္ျပီး စိတ္တိုတိုနဲ႕ ျပန္သြားေျပာမယ္အလုပ္မွာ အျပင္ကအခန္းထဲကုိဝင္လာတဲ႕
ေနာက္ထပ္လုပ္ေဖာ္ကိုင္ဘက္တစ္ေယာက္ရဲ႕စကားက ကြ်န္ေတာ႕ကုိတရားက်ေစတယ္။
.
ဘာတဲ႕
“ အစ္ကုိ .. မရရင္ ႏွစ္ဘက္ရိုက္ႏွိပ္ျဖစ္ေနတဲ႕စာရြက္ကုိ ( ၁ ) ဘက္စီ မိတၱဴျပန္ကူးသြားလုိက္ေလ
” တဲ႕။ ဟာ … ဟုတ္သားပဲ .. ငါဘာလို႕မေတြးမိတာလဲ .. ဒီေလာက္လြယ္လြယ္ေလးကို။ အခုေတာ႕ ငါ႕မွာ
စာရြက္လာယူလုိက္၊ မွားေနလို႕ တစ္ေခါက္ျပန္သြားေျပာလိုက္၊ ျပန္လာလိုက္၊ သူတုိ႕လုပ္တာထပ္မွားေနလို႕ထပ္သြားေျပာလုိက္
နဲ႕ ေခါက္တံု႕ေခါက္ျပန္ျဖစ္ေနတာကုိ သူ႕စကားတစ္ခြန္းထဲနဲ႕ အေျဖေပၚသြားတယ္။ ကြ်န္ေတာ္ကိုယ္ကြ်န္ေတာ္ထပ္အျပစ္တင္မိတယ္
.. ဒီေလာက္လြယ္တာကို ဘာလို႕မစဥ္းစားမိတာလဲ။
.
.
.
၃။ အာကာသထဲကျဖစ္ရပ္
.
.
စစ္ေအးတိုက္ပြဲေခတ္
ဆိုဗီယက္ယူနီယံ နဲ႕ အေမရိကန္တို႕ အာကာသထဲကို ဒုံးပ်ံ နဲ႕ လူလုိက္တဲ႕ျဂိဳဟ္တုေတြအျပိဳင္လႊတ္ေနတဲ႕
( ၁၉၆ဝ ) ခုႏွစ္ေလာက္တုန္းကေပါ႕။
.
ကမၻာေျမဆြဲအားမရွိတဲ႕
အာကာသထဲမွာ စာေရးဖို႕ယူသြားတဲ႕ေဘာပင္ေတြဟာ မွင္မထြက္ၾကတဲ႕ျပသနာနဲ႕ရင္ဆိုင္ရတဲ႕အခါ အာကာသယာဥ္မွဴးေတြဟာ
သူတို႕မွတ္တမ္းေတြေရးဖို႕ အခက္အခဲနဲ႕ရင္ဆိုင္ၾကရတယ္။
.
ဒါကုိသိသိခ်င္း
အေမရိကန္သိမ္းငွက္ၾကီးဆိုတာ သုေတသနေတြခ်က္ခ်င္းလုပ္၊ အင္ဂ်င္နီယာေတြေခၚ၊ ဓါတ္ခြဲခန္းေတြမွာစမ္းသပ္၊
အာကာသလုိဆြဲအားမဲ႕တည္ေဆာက္ထားတဲ႕အထူးေလ႕က်င္႕စခန္းေတြမွာ ေဒၚလာသန္းနဲ႕ခ်ီအကုန္အက်ခံျပီး
တီထြင္ေနရစ္ၾကတယ္။
.
ေနာက္ဆံုးတစ္ေန႕မွာ
“ ေအာင္ျပီ .. ေအာင္ျပီ .. We Made It ” လို႕ဆိုျပီး သူုတုိ႕သာလွ်င္ “ ကမၻာမွာပထမဦးဆံုးအာကာသထဲမွာစာေရးႏုိင္တဲ႕
အာကာသေဘာပင္ ထြင္ႏိုင္ျပီ ” လုိ႕ အေမရိကန္ေတြေၾကြးေၾကာ္ခဲ႕တယ္။
.
.
ဒီသတင္းကိုၾကားတဲ႕
ရုရွားေကာ္စမုိေနာ႕ေတြက အံ႕အားသင္႕လုိ႕မက အံ႕ၾသရင္း သူတုိ႕လက္ထဲက “ ခဲတံ ” ေလးေတြကုိ
ေထာင္ျပၾကတယ္။ ျပီးေတာ႕တစ္ဆက္တည္း “ ငါတို႕ကေတာ႕ ေငြမသံုးဘူး .. ဦးေႏွာက္ပဲသံုးတယ္
” လို႕ တစ္ခြန္းထဲေျပာလုိက္တဲ႕အခါ သိမ္းငွက္ၾကီးတုိ႕ အီစလံေဝသြားပါေတာ႕တယ္။ ဟုတ္ပါတယ္
.. အာကာသထဲမွာ မွင္မထြက္တဲ႕ေဘာပင္အစား ခဲတံနဲ႕ေရးလုိ႕ရပါလားလို႕ အေမရိကန္ေတြဘာေၾကာင္႕မစဥ္းစားမိတာလဲ။
ဒီေလာက္လြယ္လွတဲ႕ကိစၥကို အဘယ္ေၾကာင္႕ ေက်ာ္ခြသြားရပါသလဲ..။
.
ဒီယံုတမ္းျဖစ္ရပ္
တစ္ကယ္ျဖစ္ခဲ႕မျဖစ္ခဲ႕ဆိုတာ အတည္မျပဳႏုိင္ေပမယ္႕ ခဲတံေသးေသးေလးကေန သင္ခန္းစာအၾကီးၾကီးေပးခဲ႕တာ
စကားအမ်ားၾကီးမေျပာရပဲ ရင္ဘတ္ထိတဲ႕သင္ခန္းစာကိုရခဲ႕ပါတယ္။ ဒီထက္တင္ဘယ္ကမလဲ .. ထစ္ကနဲဆို
ကိုယ္သိလွျပီ၊ ကိုယ္တတ္လွျပီ ဆိုသူမ်ားကို နာနာနဲ႕တစ္လံုးခ်င္းပစ္သြင္းတဲ႕ လက္သီးလံုးမ်ားလုိပဲ
တစိမ္႕စိမ္႕ေတြးေလ တဆစ္ဆစ္နာက်င္ရပါတယ္။
.
.
.
အထက္ပါျဖစ္ရပ္
( ၃ ) ခုလံုးမွာပါဝင္တဲ႕ဇာတ္ေကာင္၊ ေနရာေဒသ၊ ဇာတ္ကြက္ဇာတ္ကြင္းမတူေပမယ္႕ တူညီတဲ႕ျဖစ္စဥ္တစ္ခုေတာ႕ရွိပါတယ္။
အဲဒါကေတာ႕ “ ခက္ခဲတာမွအလုပ္ထင္ေနၾကလုိ႕ ”
ပဲ ျဖစ္ပါတယ္။ ဒါေၾကာင္႕ တစ္ေန႕တစ္ေန႕ ကုန္ဆံုးသြားတဲ႕အခ်ိန္နာရီေတြကုိ ေပါ႕ေပါ႕ပါးပါးမေက်ာ္ျဖတ္ႏုိင္ပဲ
ဒရြတ္တိုက္ဆြဲေနၾကတဲ႕ကြ်န္ေတာ႕လိုလူေတြ ဘယ္ေလာက္ေတာင္ မ်ားေနျပီလဲ? ထစ္ကနဲဆိုထြင္ရမွ၊
ေရးၾကီးခြင္က်ယ္လုပ္ရမွ ဆုိတဲ႕ အေမရိကန္လိုစိတ္ဓါတ္မ်ိဳးကုိ ဘယ္ရွရွားသားမွ အထင္မၾကီးပါဘူး။
.
ထုိ႕အတူ
ေအးေျငာင္းသက္သာလုပ္ရွားရမယ္႕ နိစၥဓူဝအလုပ္ကိစၥေတြမွာ စိတ္ဖိစီးလြန္းတာကို ဂုဏ္ယူေနၾကတယ္။
က်န္းမာေရးေကာင္းေအာင္ ဆင္ျခင္ေနထုိင္ရမယ္႕အစား ေစ်းၾကီးတဲ႕ဘယ္ႏုိင္ငံရဲ႕ဘယ္ေဆးရံုကိုတက္ျပီး
အေကာင္းစားေဆးကို ေငြဘယ္ေလာက္ေပးျပီးမွီဝဲေနရေၾကာင္း ဂုဏ္ျပိဳင္ေနၾကတယ္။ လူဆိုတာေနာက္ဆံုးေတာ႕
အေသခရီးသြားရမွာပဲ။ ဘာမွအပိုမပါသြားပါဘူး။ မနက္ကေနညမအိပ္ခင္အထိ စိတ္လက္ခ်မ္းသာစြာ ေနသြားတတ္ဖို႕အေရးၾကီးပါတယ္။
.
.
ဒါေၾကာင္႕မုိ႕
ကိစၥအားလံုးကို သတိလည္းမူ ဂူလည္းျမင္ေစခ်င္တယ္။ အမွားေတြကေန တန္းဖိုးၾကီးသင္ခန္းစာေတြထုတ္ႏႈတ္သင္ယူေစခ်င္တယ္။
ကြ်န္ေတာ႕လုိအျဖစ္မ်ိဳး နာလုိခံခက္မျဖစ္ရေအာင္ နည္းလမ္းေကာင္းေလးရွိပါတယ္။ အဲဒါကေတာ႕
ဘာကိစၥမဆိုၾကိဳတင္ျပင္ဆင္သင္႕တယ္လို႕ ရိုးရိုးေလးျမင္မိတယ္။
.
ပုိထိေရာက္တဲ႕နည္းလမ္းကေတာ႕
“ လြယ္ေအာင္စဥ္းစားပါ ” လို႕ပဲ ေျပာလုိပါတယ္။ တစ္နည္းအားျဖင္႕ “ ခက္ခဲတဲ႕အရာနဲ႕ကပ္လ်က္ လြယ္ကူတဲ႕နည္းလမ္းတစ္ခုကအျမဲကပ္လုိက္ပါလာေနတယ္
” ဆုိရင္ ပိုမွန္ပါလိမ္႕မယ္။ အားလံုးပဲ လြယ္လြယ္ေလးဖတ္ႏုိင္ မွတ္ႏိုင္ၾကပါေစ။
.
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
08-25-2015
.
.
.
Myanmar
Unicode Version:
.
.
“ လွယ်ပေမယ့်ခက်နေရတဲ့အကြောင်းတွေ
”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
၁။
နေ့စဉ်ဘဝထဲကဖြစ်ရပ်
.
.
အပြန်စာအိတ်ပါတဲ့အစိုးရရုံးတစ်ခုရဲ့စာကိုဖောက်လိုက်တယ်။
အထဲမှာပါတဲ့ဖောင်မှာလိုတဲ့အကွက်တွေဖြည့်ပြီး ညနေ ( ၅ ) နာရီမထိုးခင် စာပြန်သွားထည့်ရမယ်။
အကွက်သေးသေးလေးထဲမှာ ဘောပင်ချွန်ချွန်လေးနဲ့ဖြည့်သွင်းရင်း စာရွက်ရဲ့အောက်ပိုင်းနားလေးမှာ
လက်မှတ်ထိုးလိုက်တယ်။ ပြီးတော့ တံဆိပ်ခေါင်းကပ်ရဦးမယ်။ အမြဲမေ့တတ်တဲ့တံဆိပ်ခေါင်းမို့လို့
အလုပ်သွားတဲ့ ကားထဲမှာတံဆိပ်ခေါင်းဆောင်ထားတာ သွားသတိရမိတယ်။
.
အဲဒီအချိန်မှာ
စိတ်ထဲကစဉ်းစားမိတယ်။ အမျိုးသမီးမောင်းတဲ့ကားကဘယ်လိုအခြေအနေရှိနေလဲမသိဘူး … စွမ်းကလည်းကျောင်းပြန်ဖွင့်ပြီဆိုတော့
မနက်တိုင်းကျောင်းပို့ရပြီ လို့တွေးလိုက်ပြန်တယ်။ ဒါနဲ့ကားပြောင်းပြီး အမျိုးသမီးကားနဲ့စာတိုက်ကိုထွက်လာခဲ့တယ်။
ကားကမောင်းလိုက်တယ်ဆိုရင်ပဲ သခင်အကြိုက်အားလုံးအဆင်ပြေပါတယ်။ အဆင်မပြေတာက စာတိုက်ရောက်တော့မှပါ..။
.
.
စာအိတ်လေးကိုကိုင်ပြီး
ကားပေါ်ကဆင်းလိုက်တယ်။ အလုပ်ကပြန်လာခါစ ဗိုက်ကလည်းဆာနေတာမို့ ဖြည်းဖြည်းချင်းပဲလှမ်းနေမိတယ်။
စာတိုက်ပုံးရဲ့အပေါ်အံကိုဖွင့်လိုက်ပြီး စာထည့်မယ်အလုပ်မှာ လှစ်ကနဲဖြစ်သွားတဲ့စိတ်ကလေးက
စာအိတ်ကိုပြန်စစ်ကြည့်ဖို့ခိုင်းနေသလိုပဲ။ ကိုင်ထားတဲ့လက်ကိုလှည့်လိုက်တာမှာ စာကတံဆိပ်ခေါင်းကပ်ဖို့မေ့နေသေးတာကို
သိလိုက်တယ်။ ဒါနဲ့ ချက်ချင်းကြီးစိတ်တိုသွားပြီး ကားရပ်ထားတဲ့နေရာကိုပြန်လျှောက်လာတယ်။
ကားပါကင်မှာကားကိုအဝေးကလှမ်းမြင်လိုက်တော့မှ ..
ခုနလေးတင် ကားပြောင်းပြီးမောင်းလာတာကို ပြန်သတိရသွားတယ်။ ခက်ပြီ .. ဒါ .. အမေရိကားလေ
.. တံဆိပ်ခေါင်းမပါရင် စာပို့သမားကစာပို့ပေးမှာမဟုတ်ဘူးလို့လည်း အသည်းနာအောင်တွေးနေမိပြန်တယ်။
.
ဟာ
.. သွားပြီ .. ဒီနေရာကနေ အိမ်ပြန်ပြီးတံဆိပ်ခေါင်းသွားယူရဦးမယ်ဆိုတာတွေးမိတော့ ဒီတံဆိပ်ခေါင်းပါးပါးလေးတစ်ခုအတွက်
ဓါတ်ဆီကုန်ရဦးမှာပါလားဆိုတာကိုဆက်စဉ်းစားမိရင်း တော်တော်လေးကိုစိတ်ပျက်သွားတယ်။ ငါ့နှယ်
.. ဒီနေ့မှကားပြောင်းမောင်းလာတာမိတာကိုး။ အမျိုးသမီးကားပေါ်မှာ တံဆိပ်ခေါင်းမှမဆောင်ထားတာလို့တွေးရင်း
ဘေးကြပ်နံကြပ်ဖြစ်နေတာ တော်တော်ဆိုးတယ်။
.
ဒါနဲ့စာတိုက်ရှေ့ကနေလှည့်ထွက်မယ်အလုပ်မှာ
“ ဟာ .. ငါက စာတိုက်ရောက်နေတာပဲ။ တံဆိပ်ခေါင်းအသစ်ဝယ်ပြီးထည့်လိုက်ရမှာကို မခက်ခက်အောင်တွေးနေတယ်
” လို့ အာမေဋိတ်သံထွက်အောင် အော်လိုက်မိတယ်။ ပြီးတော့ တံဆိပ်ခေါင်းဝယ်၊ စာအိတ်ပေါ်မှာကပ်၊
စာတိုက်ပုံးထဲကိုထည့်တဲ့အလုပ်တစ်ခုပြီးမြောက်ခဲ့ပါတော့တယ်။
.
.
.
၂။
အလုပ်ခွင်ထဲကဖြစ်ရပ်
.
.
အလုပ်ထဲကအများသုံးတဲ့
ပရင်တာ - Printer က အကြီးကြီးပါ။ စွယ်စုံရတာမို့ ပရင့်ထုတ်မလား၊ မိတ္တူကူးမလား၊ စာရွက်စကင်ဖတ်ပြီး
အီးမေးလ်ထဲတစ်ခါတည်းတွဲပို့လိုက်ဦးမလား .. အားလုံးသုံးလို့ရတယ်။ ကြီးသလောက်လည်းလုပ်ဖောက်ကိုင်ဘက်တွေဝိုင်းပြီးပရင့်ထုတ်ကြပေမယ့်
တစ်ခုခုဖြစ်ရင် ဘယ်သူမှမပြင်ကြဘူး။ ပျက်တာတော့မဟုတ်ပေမယ့် ကြိုးမဲ့ကွန်ယက် -
Network လွတ်နေတာတို့၊ အောင်ကအံဆွဲထဲမှာစာရွက်ကုန်နေတာတို့၊ ထပ်ဖြည့်ရမယ့်စာရွက်မရှိတာတို့
စတဲ့ အခြေအနေတွေမှာ အပြင်ဘက်ခန်းမှာရှိတဲ့ပရင်တာကိုလှမ်းပြီးထုတ်ကြရတယ်။
.
တစ်ခုပြောစရာရှိတာက
ကျွန်တော်တို့သုံးနေကျကွန်ပျူတာ နဲ့ အပြင်ကပရင်တာက ချိတ်နေကျမဟုတ်ဘူး။ ဒီတော့ ကိုယ့်ထုတ်ချင်တဲ့
Pdf File ကို ပြန်ဖွင့်၊ ပုံသေသုံးပရင်တာနေရာမှာ အပြင်ဘက်ကပရင်တာနာမည်ထည့်၊ ပြီးရင်
လုပ်ဖောက်ကိုင်ဘက် ( ၄ ) ယောက်လောက်ကစုပြီးပရင့်ထုတ်တာကို တစ်ယောက်ကသွားစောင့်ယူရတယ်။
အဲဒီအချိန်မှာ စက်ထဲကထွက်လာတဲ့စာရွက်တွေဟာ လိုချင်သလိုမဖြစ်ပဲ အရှေ့ဘက်ရော အနောက်ဘက်ရောပုံနှိပ်ထားတဲ့
2 Sided Printed ဖြစ်နေပါတယ်။
.
.
ဒါနဲ့
ပရင့်တဲ့လူတွေကို တစ်ဖက်ချင်းပုံထွက်အောင် ကွန်ပျူတာမှာ Setting ပြောင်းပြီး ပြန်ထုတ်ခိုင်းလိုက်တယ်။
ဒါပေမယ့် တစ်ယောက်ကတော့ မှားပြီးရင်းမှားနေရင်းနဲ့ ( ၂ ) ဘက်စလုံးရိုက်နှိပ်ထားတဲ့စာရွက်တွေပဲ
ဆက်ထွက်လာနေတယ်။ ရလာတဲ့စာရွက်တွေကိုင်ပြီး စိတ်တိုတိုနဲ့ ပြန်သွားပြောမယ်အလုပ်မှာ အပြင်ကအခန်းထဲကိုဝင်လာတဲ့
နောက်ထပ်လုပ်ဖော်ကိုင်ဘက်တစ်ယောက်ရဲ့စကားက ကျွန်တော့ကိုတရားကျစေတယ်။
.
ဘာတဲ့
“ အစ်ကို .. မရရင် နှစ်ဘက်ရိုက်နှိပ်ဖြစ်နေတဲ့စာရွက်ကို ( ၁ ) ဘက်စီ မိတ္တူပြန်ကူးသွားလိုက်လေ
” တဲ့။ ဟာ … ဟုတ်သားပဲ .. ငါဘာလို့မတွေးမိတာလဲ .. ဒီလောက်လွယ်လွယ်လေးကို။ အခုတော့ ငါ့မှာ
စာရွက်လာယူလိုက်၊ မှားနေလို့ တစ်ခေါက်ပြန်သွားပြောလိုက်၊ ပြန်လာလိုက်၊ သူတို့လုပ်တာထပ်မှားနေလို့ထပ်သွားပြောလိုက်
နဲ့ ခေါက်တုံ့ခေါက်ပြန်ဖြစ်နေတာကို သူ့စကားတစ်ခွန်းထဲနဲ့ အဖြေပေါ်သွားတယ်။ ကျွန်တော်ကိုယ်ကျွန်တော်ထပ်အပြစ်တင်မိတယ်
.. ဒီလောက်လွယ်တာကို ဘာလို့မစဉ်းစားမိတာလဲ။
.
.
.
၃။
အာကာသထဲကဖြစ်ရပ်
.
.
စစ်အေးတိုက်ပွဲခေတ်
ဆိုဗီယက်ယူနီယံ နဲ့ အမေရိကန်တို့ အာကာသထဲကို ဒုံးပျံ နဲ့ လူလိုက်တဲ့ဂြိုဟ်တုတွေအပြိုင်လွှတ်နေတဲ့
( ၁၉၆ဝ ) ခုနှစ်လောက်တုန်းကပေါ့။
.
ကမ္ဘာမြေဆွဲအားမရှိတဲ့
အာကာသထဲမှာ စာရေးဖို့ယူသွားတဲ့ဘောပင်တွေဟာ မှင်မထွက်ကြတဲ့ပြသနာနဲ့ရင်ဆိုင်ရတဲ့အခါ အာကာသယာဉ်မှူးတွေဟာ
သူတို့မှတ်တမ်းတွေရေးဖို့ အခက်အခဲနဲ့ရင်ဆိုင်ကြရတယ်။
.
ဒါကိုသိသိချင်း
အမေရိကန်သိမ်းငှက်ကြီးဆိုတာ သုတေသနတွေချက်ချင်းလုပ်၊ အင်ဂျင်နီယာတွေခေါ်၊ ဓါတ်ခွဲခန်းတွေမှာစမ်းသပ်၊
အာကာသလိုဆွဲအားမဲ့တည်ဆောက်ထားတဲ့အထူးလေ့ကျင့်စခန်းတွေမှာ ဒေါ်လာသန်းနဲ့ချီအကုန်အကျခံပြီး
တီထွင်နေရစ်ကြတယ်။
.
နောက်ဆုံးတစ်နေ့မှာ
“ အောင်ပြီ .. အောင်ပြီ .. We Made It ” လို့ဆိုပြီး သုတို့သာလျှင် “ ကမ္ဘာမှာပထမဦးဆုံးအာကာသထဲမှာစာရေးနိုင်တဲ့
အာကာသဘောပင် ထွင်နိုင်ပြီ ” လို့ အမေရိကန်တွေကြွေးကြော်ခဲ့တယ်။
.
.
ဒီသတင်းကိုကြားတဲ့
ရုရှားကော်စမိုနော့တွေက အံ့အားသင့်လို့မက အံ့ဩရင်း သူတို့လက်ထဲက “ ခဲတံ ” လေးတွေကို
ထောင်ပြကြတယ်။ ပြီးတော့တစ်ဆက်တည်း “ ငါတို့ကတော့ ငွေမသုံးဘူး .. ဦးနှောက်ပဲသုံးတယ်
” လို့ တစ်ခွန်းထဲပြောလိုက်တဲ့အခါ သိမ်းငှက်ကြီးတို့ အီစလံဝေသွားပါတော့တယ်။ ဟုတ်ပါတယ်
.. အာကာသထဲမှာ မှင်မထွက်တဲ့ဘောပင်အစား ခဲတံနဲ့ရေးလို့ရပါလားလို့ အမေရိကန်တွေဘာကြောင့်မစဉ်းစားမိတာလဲ။
ဒီလောက်လွယ်လှတဲ့ကိစ္စကို အဘယ်ကြောင့် ကျော်ခွသွားရပါသလဲ..။
.
ဒီယုံတမ်းဖြစ်ရပ်
တစ်ကယ်ဖြစ်ခဲ့မဖြစ်ခဲ့ဆိုတာ အတည်မပြုနိုင်ပေမယ့် ခဲတံသေးသေးလေးကနေ သင်ခန်းစာအကြီးကြီးပေးခဲ့တာ
စကားအများကြီးမပြောရပဲ ရင်ဘတ်ထိတဲ့သင်ခန်းစာကိုရခဲ့ပါတယ်။ ဒီထက်တင်ဘယ်ကမလဲ .. ထစ်ကနဲဆို
ကိုယ်သိလှပြီ၊ ကိုယ်တတ်လှပြီ ဆိုသူများကို နာနာနဲ့တစ်လုံးချင်းပစ်သွင်းတဲ့ လက်သီးလုံးများလိုပဲ
တစိမ့်စိမ့်တွေးလေ တဆစ်ဆစ်နာကျင်ရပါတယ်။
.
.
.
အထက်ပါဖြစ်ရပ်
( ၃ ) ခုလုံးမှာပါဝင်တဲ့ဇာတ်ကောင်၊ နေရာဒေသ၊ ဇာတ်ကွက်ဇာတ်ကွင်းမတူပေမယ့် တူညီတဲ့ဖြစ်စဉ်တစ်ခုတော့ရှိပါတယ်။
အဲဒါကတော့ “ ခက်ခဲတာမှအလုပ်ထင်နေကြလို့ ” ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အချိန်နာရီတွေကို
ပေါ့ပေါ့ပါးပါးမကျော်ဖြတ်နိုင်ပဲ ဒရွတ်တိုက်ဆွဲနေကြတဲ့ကျွန်တော့လိုလူတွေ ဘယ်လောက်တောင်
များနေပြီလဲ? ထစ်ကနဲဆိုထွင်ရမှ၊ ရေးကြီးခွင်ကျယ်လုပ်ရမှ ဆိုတဲ့ အမေရိကန်လိုစိတ်ဓါတ်မျိုးကို
ဘယ်ရှရှားသားမှ အထင်မကြီးပါဘူး။
.
ထို့အတူ
အေးငြောင်းသက်သာလုပ်ရှားရမယ့် နိစ္စဓူဝအလုပ်ကိစ္စတွေမှာ စိတ်ဖိစီးလွန်းတာကို ဂုဏ်ယူနေကြတယ်။
ကျန်းမာရေးကောင်းအောင် ဆင်ခြင်နေထိုင်ရမယ့်အစား ဈေးကြီးတဲ့ဘယ်နိုင်ငံရဲ့ဘယ်ဆေးရုံကိုတက်ပြီး
အကောင်းစားဆေးကို ငွေဘယ်လောက်ပေးပြီးမှီဝဲနေရကြောင်း ဂုဏ်ပြိုင်နေကြတယ်။ လူဆိုတာနောက်ဆုံးတော့
အသေခရီးသွားရမှာပဲ။ ဘာမှအပိုမပါသွားပါဘူး။ မနက်ကနေညမအိပ်ခင်အထိ စိတ်လက်ချမ်းသာစွာ နေသွားတတ်ဖို့အရေးကြီးပါတယ်။
.
.
ဒါကြောင့်မို့
ကိစ္စအားလုံးကို သတိလည်းမူ ဂူလည်းမြင်စေချင်တယ်။ အမှားတွေကနေ တန်းဖိုးကြီးသင်ခန်းစာတွေထုတ်နှုတ်သင်ယူစေချင်တယ်။
ကျွန်တော့လိုအဖြစ်မျိုး နာလိုခံခက်မဖြစ်ရအောင် နည်းလမ်းကောင်းလေးရှိပါတယ်။ အဲဒါကတော့
ဘာကိစ္စမဆိုကြိုတင်ပြင်ဆင်သင့်တယ်လို့ ရိုးရိုးလေးမြင်မိတယ်။
.
ပိုထိရောက်တဲ့နည်းလမ်းကတော့
“ လွယ်အောင်စဉ်းစားပါ ” လို့ပဲ ပြောလိုပါတယ်။ တစ်နည်းအားဖြင့် “ ခက်ခဲတဲ့အရာနဲ့ကပ်လျက်
လွယ်ကူတဲ့နည်းလမ်းတစ်ခုကအမြဲကပ်လိုက်ပါလာနေတယ် ” ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အားလုံးပဲ
လွယ်လွယ်လေးဖတ်နိုင် မှတ်နိုင်ကြပါစေ။
.
.
ခင်မင်ခြင်းများစွာဖြင့်
.
No comments:
Post a Comment