ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Saturday, January 19, 2019
"I Fell The Love သမီးလေး"
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
သမီးဆီကိုစာရေးတဲ့အကျင့်က အခုမှမဟုတ်ပါဘူး။ အရင် ရန်ကုန်ညောင်ပင်လေးဈေးအဆောင်မှာသွားနေကတည်းက တောင်ကြီးကအဖေက စာရေးပြီးစကားတွေပြောနေခဲ့တယ်။ သတိရတယ် . . သတိရတယ်။
ငယ်ငယ်တုန်းကဆို သမီးကို "မျက်စိမှိတ်ထား" ဆိုပြီးလက်ဆောင်တွေပေးခဲ့တာ သမီးမှတ်မိတယ်နော် . . အခုလိုမွေးနေ့မှာ သမီးအနားမှာမရှိနေတော့ စိတ်အားငယ်ရတယ်။ ဝယ်ပေးခွင့်မရတဲ့လက်ဆောင်တွေရဲ့စာရင်းဟာ အနန္တမေတ္တာတွေကြားမှာ ပိုင်ရှင်အလာကိုစောင့်စားနေကြတယ်။
 မွေးနေ့လက်ဆောင်ပစ္စည်းတွေဟာဝယ်သူကိုရှာနေသလို မိဘတွေဟာသားသမီးရှိရာအရပ်ကိုမှန်းမျှော်လို့ နွမ်းဖတ်ရင့်ရော်လာတဲ့ဇရာနဲ့ခန္ဓာကိုအပြစ်ဖို့ရင်း အိမ်ကျဉ်းကျဉ်းလေးရဲ့အခန်းတစ်နေရာမှာ အင်တာနက်မှာရွက်လွှင့်ခြင်းနဲ့အတူ သမီးကိုဖုန်းခေါ်နေတာပေါ့ကွယ်။ သတိရတယ် . . သတိရတယ်။
မွေးနေ့မှာအရင်ဆုံးလုပ်သင့်တာက "သမီးကိုလောကထဲအရောက်ခေါ်ဆောင်လာပေးတဲ့အမေကိုကန်တော့ခြင်း" ပါ။ မွေးနှစ်တစ်နှစ်လုံးကို မိဘကိုအရိုအသေပေးခြင်းနဲ့စတဲ့သားသမီးဟာ ဘယ်တော့မှ မဆင်းရဲသလို ဘာအခက်အခဲမဆို အမြဲလိုလိုကျော်ဖြတ်နိုင်တယ် သမီးလေးရေ။
ဒီနှစ်ရဲ့မွေးနေ့ကျရောက်ပုံကအမှတ်တရရှိလွန်းတယ်။ ထူးခြားလွန်းတယ်။ တစိမ်းဆန်လှတယ်လို့မပြောရက်နိုင်ပေမယ့် ပနံရလွန်းတယ်။ သမီးကိုယ်တိုင်ရပ်တည်နိုင်တဲ့ဘဝဟာ ဘာနဲ့မှလဲလိုက်လို့မရတဲ့တန်ဖိုးတွေကို မိဘတို့က ဒီကနေ လှမ်းမြင်နေရတယ်။
မြိုသိပ်ထားဖို့ခက်တဲ့ဝေးလွင့်ခြင်းဝေဒနာတွေအတွက် အနာဂါတ်တို့ရဲ့မျှော်လင့်ခြင်းတွေရှည်ကြာနိုင်သလောက် သမီးနဲ့အဖေ၊ အမေနဲ့သမီး၊ မောင်နဲ့အစ်မတို့ကြားမှာ ခိုင်မြဲတဲ့မေတ္တာတို့ကိုခံစားလို့ရနေပါတယ်သမီး။ နောင်နှစ်များစွာအထိ "မားမားမတ်မတ်ရပ်နိုင်တဲ့လွတ်လပ်တဲ့မိန်းကလေးတစ်ယောက်" အဖြစ်ပုံဖော်ချင်တဲ့သမီးရဲ့သတ္တိနဲ့အသိပညာတွေကို ခံစားလို့ရနေပါတယ်။
ချစ်တဲ့
ပါပါး
01-21-2019
"I Fell The Love သမီးလေး"
          ဒီနေ့ကိုအမြဲမတ်မိတယ် သမီးလေး။ အရင်နစ်တွေကထက် ဒီနစ်မာပိုမတ်မိတယ်။ နောက်နစ်တွေမာလည်း ဒီနစ်ထက်ပိုသတိရဖို့အခြေအနေရိတယ်။ အဲဒါ ဘာဖြစ်လို့လည်း သိလား? မိဘတွေကအသက်ကြီးလာလေ သားသမီးကအရွယ်ရောက်လာလေ။ သားသမီးကလွတ်လပ်လာလေ မိဘတွေက ပိုမိုအထီးကျန်လာတာကြောင့်ပါ သမီးလေး။
          သမီးဆီကိုစာရေးတဲ့အကျင့်က အခုမမဟုတ်ပါဘူး။ အရင် ရန်ကုန်ညောင်ပင်လေးစျေးအဆောင်မာသွားနေကတည်းက တောင်ကြီးကအဖေက စာရေးပြီးစကားတွေပြောနေခဲ့တယ်။ သတိရတယ် . . သတိရတယ်။
          အထင်မား အမြင်မားမုတွေနဲ့ မြင်သာအောင်မဖြေရင်းခဲ့တဲ့ပြသနာတွေရဲ့အကျိုးဆက်က သမီး နဲ့ မိဘတွေကိုခွဲထားရက်တယ်။ မိဘတွေအလုပ်များသလို သမီးရဲ့ငယ်ဘဝက အထီးကျန်နေခဲ့ရတယ်။ အခု သမီးက အလုပ်တွေရ သမီးက အလုပ်တွေများတော့ မိဘတွေက အထီးကျန်လာတယ်။ မျက်နာမလိုက်တဲ့လောကဓံက ဒီနေရာမာ စာအုပ်ကြီးအတိုင်းလုပ်ချင်လွန်းအားကြီးတယ်ကွယ်။
          ငယ်ငယ်တုန်းကဆို သမီးကို "မျက်စိမိတ်ထား" ဆိုပြီးလက်ဆောင်တွေပေးခဲ့တာ သမီးမတ်မိတယ်နော် . . အခုလိုမွေးနေ့မာ သမီးအနားမာမရိနေတော့ စိတ်အားငယ်ရတယ်။ ဝယ်ပေးခွင့်မရတဲ့လက်ဆောင်တွေရဲ့စာရင်းဟာ အနန္တမေတ္တာတွေကြားမာ ပိုင်ရင်အလာကိုစောင့်စားနေကြတယ်။
           မွေးနေ့လက်ဆောင်ပစ္စည်းတွေဟာဝယ်သူကိုရာနေသလို မိဘတွေဟာသားသမီးရိရာအရပ်ကိုမန်းမျော်လို့ နွမ်းဖတ်ရင့်ရော်လာတဲ့ဇရာနဲ့ခန္ဓာကိုအပြစ်ဖို့ရင်း အိမ်ကျဉ်းကျဉ်းလေးရဲ့အခန်းတစ်နေရာမာ အင်တာနက်မာရွက်လွင့်ခြင်းနဲ့အတူ သမီးကိုဖုန်းခေါ်နေတာပေါ့ကွယ်။ သတိရတယ် . . သတိရတယ်။
          မွေးနေ့မာအရင်ဆုံးလုပ်သင့်တာက "သမီးကိုလောကထဲအရောက်ခေါ်ဆောင်လာပေးတဲ့အမေကိုကန်တော့ခြင်း" ပါ။ မွေးနစ်တစ်နစ်လုံးကို မိဘကိုအရိုအသေပေးခြင်းနဲ့စတဲ့သားသမီးဟာ ဘယ်တော့မ မဆင်းရဲသလို ဘာအခက်အခဲမဆို အမြဲလိုလိုကျော်ဖြတ်နိုင်တယ် သမီးလေးရေ။
          သမီးလက်ကိုတွဲလို့ ရင်ပြင်ပေါ်မာပြေးလွားဆော့ကစားရင်း ဘုရားမာ သားအဖအတူတူ ပျော်ခဲ့ကြတယ်။ အဖေချော်လဲတော့ သမီးကလာကူ၊ သမီးကပုန်းတော့ အဖေက မမြင်ချင်ဟန်ဆောင်။ အခုလည်း သမီးရဲ့ဘဝအဖော်မွန်ရလာတဲ့အခါကျရင် အဖေက နောက်တစ်ကြိမ် မမြင်ချင်ဟန်ဆောင်ရဦးမယ်လေ။
           ဒီနစ်ရဲ့မွေးနေ့ကျရောက်ပုံကအမတ်တရရိလွန်းတယ်။ ထူးခြားလွန်းတယ်။ တစိမ်းဆန်လတယ်လို့မပြောရက်နိုင်ပေမယ့် ပနံရလွန်းတယ်။ သမီးကိုယ်တိုင်ရပ်တည်နိုင်တဲ့ဘဝဟာ ဘာနဲ့မလဲလိုက်လို့မရတဲ့တန်ဖိုးတွေကို မိဘတို့က ဒီကနေ လမ်းမြင်နေရတယ်။
         မြိုသိပ်ထားဖို့ခက်တဲ့ဝေးလွင့်ခြင်းဝေဒနာတွေအတွက် အနာဂါတ်တို့ရဲ့မျော်လင့်ခြင်းတွေရည်ကြာနိုင်သလောက် သမီးနဲ့အဖေ၊ အမေနဲ့သမီး၊ မောင်နဲ့အစ်မတို့ကြားမာ ခိုင်မြဲတဲ့မေတ္တာတို့ကိုခံစားလို့ရနေပါတယ်သမီး။ နောင်နစ်များစွာအထိ "မားမားမတ်မတ်ရပ်နိုင်တဲ့လွတ်လပ်တဲ့မိန်းကလေးတစ်ယောက်" အဖြစ်ပုံဖော်ချင်တဲ့သမီးရဲ့သတ္တိနဲ့အသိပညာတွေကို ခံစားလို့ရနေပါတယ်။
          I Feel the Love ပါ . . သမီးလေးရေ . . ။
ချစ်တဲ့
ပါပါး
01-21-2019
No comments: