ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, September 13, 2013

အခြေခံအထက်တန်းလွှတ်တော်ပညာရေး




         
               သင်ရိုးညွှန်းတမ်းတွေပြင်မယ်လို့ ကြားရ သိရ လို့ မြန်မာ့အခြေခံပညာရေးတိုးတက်မှာကို ကြိုပြီးဝမ်းသာမိပါတယ် ၊ တစ်ခုရှိတာက အရင်လို မြေစမ်းခရမ်းပျိုး ပညာရေးမျိုး ၊ တစ်ဗိုလ်တက် တစ်မျိုးပြောင်း စံနစ်မျိုးဆိုရင်တော့ ကြာကြာခံမယ်မထင်ပါ ၊ အစမ်းသပ်ခံ ကျောင်းသားကျောင်းသူများကိုလဲ ကိုယ်ချင်းစာသင့်ပါတယ် ၊ ကိုယ့်အလှည့်ကျမှ သင်ရိုညွှန်းတမ်းအသစ်နဲ့တိုးရတာ ဆရာ/ဆရာမတွေက မသိတာကို လေ့လာတုန်း ၊ ကျောင်းသူ/ကျောင်းသားတွေကလဲ ကိုယ်နဲ့မရင်းနှီးတဲ့စာတွေကို မသိ တသိ စမ်းတဝါးဝါးလိုက်ရင်း စာသင်နှစ်သာကုန်ဆုံးသွားတယ် ဘာတွေသင်လိုက်မှန်းမသိလိုက်ဖူးဆိုတာမျိုးကို ကိုယ်တိုင်ကြုံဖူးကြသူတိုင်း မှတ်မိကြမှာပါ ၊ သင်ရိုးမြှင့်လိုက်တာနဲ့ စာပေမြင့်ဖို့ဆိုတာချက်ချင်းလက်ငင်း ထဖြစ်လာမယ့်ကိစ္စတော့မဟုတ်ပါ ၊