ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, December 9, 2013

ပြန်ဆုံကြပြီ “ ခန်း အကယ်ဒမီ ”





           စာရေးသူ စက်မှုလက်မှု-Machine Tool Technology တက်နေတုန်းက သူနဲ့ ပထမတစ်ခေါက်ဆုံခဲ့ပါတယ် ၊ လူချင်းတော့မဟုတ်ပါဘူး ၊ သူ့နာမယ်နဲ့တင်ထားတဲ့ အင်တာနက်စာမျက်နှာအောက်က သင်္ချာသင်ခန်းစာကို ဆရာက အိမ်စာပေးလို့ပါ ၊ အစက ဖတ်စာအုပ်သင်ရိုးညွှန်းတမ်းထင်နေတာ ဝက်ဘ်ဆိုဒ်ထဲဝင်ကြည့်လိုက်တော့မှ အကျိုးအမြတ်မယူတဲ့ပညာရေးအဖွဲ့ဖြစ်နေပါတယ် ၊ စာရေးသူစဉ်းစားကြည့်တယ် ကျောင်းနဲ့လဲဘာမှမဆိုင်တဲ့သင်ခန်းစာကိုဘာကြောင့်အိမ်စာအနေနဲ့တင်ရတာလဲလို့ ၊ အဲဒါနဲ့ဆရာ့ကို ပေါ်ပေါ်တင်တင်ဘဲမေးလိုက်တယ် “ ဆရာ ဒီအိမ်စာလုပ်ရင် အမှတ်ရမှာလား ၊ ဒါက ဖတ်စာအုပ်ထဲမှာမှ မပါတာ ” ဆိုတော့ ဆရာက “ သင်ရိုးညွှန်းတမ်းထဲမပါပေမယ့် အမှတ်ပေးပါတယ် ၊ အကြောင်းကတော့ ဖတ်စာအုပ် က သူ့လိုမသင်နိုင်ဘူးလေကွယ် ” တဲ့ဗျာ ၊ သူ့ရဲ့ထာဝရပညာရေးဝန်ဆောင်မှုနာမယ်ကတော့ “ KHAN ACADEMY ”  မြန်မာလို “ ခန်း ” ရဲ့အခမဲ့အကယ်ဒမီပညာသင်စံနစ် ဖြစ်ပြီး  တည်ထောင်သူက အိန္ဒယနဲ့ဘင်္ဂလားဒက်နွယ်ဖွား အမေရိကန် လူဝီစီယားနားပြည်နယ် ၊ နယူးအောလင်းမြို့ဇာတိ ၊ အမေရိကန်နိုင်ငံသား “ ဆယ်လမ်ခန်း ” ဖြစ်ပါတယ် ။