ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, April 25, 2018

လက္ကိုင္ဖုန္းေလးျပန္ေပးပါ

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
လူငယ္ဘဝ သူမ်ားကိုင္လို႕မကိုင္ႏုိ္င္တဲ႕ဆယ္လူလာဖုန္းအစား GSM ဖုန္းကုိ ေခါက္ဖုန္းေလးတစ္လံုးနဲ႕စကုိင္ေတာ႕ ဖုန္းသံဆူမွာစိုးလို႕ ညအိပ္တဲ႕အခါ အနားမွာယူထားေလ႕မရွိခဲ႕ပါ။ ေနာက္ပုိင္း iPhone ေပၚလာျပီးေနာက္ ဆမ္ေဆာင္း နဲ႕ Android လည္ပတ္မႈစံနစ္ေတြ ပြတ္ဖုန္းေပၚကုိ စုိစုိေျပေျပေရာက္လာတဲ႕အခါ ဆရာဦးေအာင္သင္းစကားကုိငွားေျပာရရင္ "ညအိပ္ခ်ိန္ကုိအာဏာသိမ္းျခင္း" ရဲ႕ တရားခံဟာ လက္ကုိင္ဖုန္းျဖစ္လာပါတယ္။
.
. "ဒင္" ကနဲ ျမည္ရင္ ထၾကည္႕ . . စာျပန္ . . အီးေမးလ္က ဘာအေရးၾကီးတာပါမလဲ ဖတ္ . . နဲ႕ ဦးေႏွာက္ကအနားရတယ္မရွိပဲ အိပ္ေရးမဝတဲ႕ညဟာ ႏွစ္နဲ႕ခ်ီၾကာလာေတာ႕ ကြ်န္ေတာ္ စမ္းသပ္မႈတစ္ခုလုပ္ပါတယ္။ အဲဒါကေတာ႕ မနက္ႏိႈးစက္လုပ္တဲ႕ဖုန္းေရာ အျမဲသံုးေနက်ဖုန္းေရာ (၂) လံုးစလံုး ညအိပ္ခ်ိန္မွာ အိပ္ခန္းထဲကိုအဝင္မခံတာပါပဲ။
.
.
. အက်ဥ္းက်ခံရတဲ႕ဘဝဟာဘယ္ေလာက္အထိခံရခက္ျပီးအထီးက်န္ဆန္တယ္ဆုိတာ စာအုပ္ေတြထဲမွာသာဖတ္ဖူးပါတယ္။ ညနက္သန္းေခါင္ေက်ာ္ တေရးႏုိးေတာ႕ ကိုယ္႕ေခါင္းအံုးေအာက္မွာဖုန္းမရွိဘူးလုိ႕သတိရလုိက္တဲ႕အခ်ိန္မွာ လက္ကုိင္ဖုန္းမရွိတဲ႕ဘဝဟာ အက်ယ္ခ်ဳပ္ဘဝနဲ႕ဘာမွလုပ္လို႕မရဘူးဆိုတာ ေကာင္းေကာင္းၾကီးသိလိုက္ရပါျပီ။
.
. နံရံမွာခ်ိတ္ထားတဲ႕ အေရာင္ထြက္ဒစ္ဂ်စ္တယ္နာရီက လက္ရွိေငးၾကည္႕ေနတဲ႕အခ်ိန္ကုိသာ ေဖာ္ျပေနတယ္။ အခန္းအပူခ်ိန္နဲ႕ ေန႕၊ ရက္၊ လ၊ ခုႏွစ္ေတြကုိ ညသန္းေခါင္ေက်ာ္ၾကီး သိရလို႕ ကြ်န္ေတာ္ဘာလုပ္ရမွာလဲ။ သိစိတ္ရဲ႕ဦးေခါင္းက ေခါင္းအံုးနဲ႕ထိေနေပမယ္႕ မသိစိတ္ရဲ႕ေမွာ္ဝိဥာဥ္ကေတာ႕ ဧည္႕ခန္းထဲမွာ အသက္ငင္ေနတဲ႕ လက္ကိုင္ဖုန္းေတြကို လွမ္းယူေနတယ္။
.
. ကြ်န္ေတာ္သိခ်င္တာက မျငိမ္းသတ္ႏုိင္ေသးတဲ႕ အမိႈက္ပံုၾကီးအေၾကာင္း၊ အသစ္တက္လာမယ္႕ ပညာေရးဝန္ၾကီးအေၾကာင္း၊ ေတာင္ၾကီးက သိပ္မက်န္းမာတဲ႕အေမ ေနေကာင္းလားဆုိတာေတြကုိ အခ်ိန္နဲ႕အမွ်ေျပာျပေပးႏုိင္တဲ႕ Device ၾကီးမရွိေနမွေတာ႕ ကြ်န္ေတာ္လည္း အိပ္လို႕မေပ်ာ္ႏုိင္တဲ႕အေသးစားေရာဂါစြဲကပ္ေနေတာ႕တာနဲ႕အတူတူပါပဲ။
.
. အမွန္က ညအိပ္ရင္ မီးအေရာင္နည္းနည္းဖြင္႕ျပီးအိပ္တာက ဦးေႏွာက္ကိုအျမဲႏိႈးေပးေနတာပါ။ ဖုန္းရဲ႕ေတာက္ပတဲ႕မ်က္ႏွာျပင္က အျပာေရာင္အလင္းတန္းေတြဟာ မ်က္စိသူငယ္အိမ္ထဲကို တန္းတန္းၾကီးဝင္ေရာက္သြားျပီး အနားယူေတာ႕မယ္႕ဦးေႏွာက္ကုိ လႈပ္ရွားလာေစပါတယ္။ အဆိုးဆံုးက ရွင္းမရတဲ႕ စိတ္ထဲက ထိန္ပင္ထက္ဆိုးတဲ႕ အမွားေတြရဲ႕ အနံ႕ဆိုးနဲ႕ ေညွာ္တူးေနတဲ႕ ဦးေႏွာက္ထဲကမီးခိုးေတြပါပဲ။
.
.
. ဒါေပမယ္႕ သိပ္ခ်စ္ရတဲ႕ေလာကၾကီးနဲ႕ ကြ်န္ေတာ္အဆက္အသြယ္အျပတ္မခံႏုိင္ဘူး။ အင္တာနက္နဲ႕ေဝးရာမွာ တစ္မိနစ္ တစ္စကၠန္႕မွ မေနခ်င္ဘူး။ ျမန္မာႏုိင္ငံနဲ႕ ခပ္လွမ္းလွမ္းမွာ တမ္းတလို႕အျမဲလြမ္းမေနခ်င္ပါဘူး။ ဒါေၾကာင္႕ ကြ်န္ေတာ႕ရဲ႕လက္ကိုင္ဖုန္းကုိ ျပန္ေပးၾကပါ ခင္မ်ား . .။
.
တကယ္ပါ။ ဒီပုိ႕စ္ကုိ ျမန္မာႏုိင္ငံကမိတ္ေဆြေတြအိပ္ခ်ိန္က်မွ တင္လိုက္တာ တကယ္ပါ . .။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 04-25-2018
.
.
Unicode Version:
.
. "လက်ကိုင်ဖုန်းလေးပြန်ပေးပါ"
. လူငယ်ဘဝ သူများကိုင်လို့မကိုင်နို်င်တဲ့ဆယ်လူလာဖုန်းအစား GSM ဖုန်းကို ခေါက်ဖုန်းလေးတစ်လုံးနဲ့စကိုင်တော့ ဖုန်းသံဆူမှာစိုးလို့ ညအိပ်တဲ့အခါ အနားမှာယူထားလေ့မရှိခဲ့ပါ။ နောက်ပိုင်း iPhone ပေါ်လာပြီးနောက် ဆမ်ဆောင်း နဲ့ Android လည်ပတ်မှုစံနစ်တွေ ပွတ်ဖုန်းပေါ်ကို စိုစိုပြေပြေရောက်လာတဲ့အခါ ဆရာဦးအောင်သင်းစကားကိုငှားပြောရရင် "ညအိပ်ချိန်ကိုအာဏာသိမ်းခြင်း" ရဲ့ တရားခံဟာ လက်ကိုင်ဖုန်းဖြစ်လာပါတယ်။
.
. "ဒင်" ကနဲ မြည်ရင် ထကြည့် . . စာပြန် . . အီးမေးလ်က ဘာအရေးကြီးတာပါမလဲ ဖတ် . . နဲ့ ဦးနှောက်ကအနားရတယ်မရှိပဲ အိပ်ရေးမဝတဲ့ညဟာ နှစ်နဲ့ချီကြာလာတော့ ကျွန်တော် စမ်းသပ်မှုတစ်ခုလုပ်ပါတယ်။ အဲဒါကတော့ မနက်နှိုးစက်လုပ်တဲ့ဖုန်းရော အမြဲသုံးနေကျဖုန်းရော (၂) လုံးစလုံး ညအိပ်ချိန်မှာ အိပ်ခန်းထဲကိုအဝင်မခံတာပါပဲ။
.
.
. အကျဉ်းကျခံရတဲ့ဘဝဟာဘယ်လောက်အထိခံရခက်ပြီးအထီးကျန်ဆန်တယ်ဆိုတာ စာအုပ်တွေထဲမှာသာဖတ်ဖူးပါတယ်။ ညနက်သန်းခေါင်ကျော် တရေးနိုးတော့ ကိုယ့်ခေါင်းအုံးအောက်မှာဖုန်းမရှိဘူးလို့သတိရလိုက်တဲ့အချိန်မှာ လက်ကိုင်ဖုန်းမရှိတဲ့ဘဝဟာ အကျယ်ချုပ်ဘဝနဲ့ဘာမှလုပ်လို့မရဘူးဆိုတာ ကောင်းကောင်းကြီးသိလိုက်ရပါပြီ။
.
. နံရံမှာချိတ်ထားတဲ့ အရောင်ထွက်ဒစ်ဂျစ်တယ်နာရီက လက်ရှိငေးကြည့်နေတဲ့အချိန်ကိုသာ ဖော်ပြနေတယ်။ အခန်းအပူချိန်နဲ့ နေ့၊ ရက်၊ လ၊ ခုနှစ်တွေကို ညသန်းခေါင်ကျော်ကြီး သိရလို့ ကျွန်တော်ဘာလုပ်ရမှာလဲ။ သိစိတ်ရဲ့ဦးခေါင်းက ခေါင်းအုံးနဲ့ထိနေပေမယ့် မသိစိတ်ရဲ့မှော်ဝိဉာဉ်ကတော့ ဧည့်ခန်းထဲမှာ အသက်ငင်နေတဲ့ လက်ကိုင်ဖုန်းတွေကို လှမ်းယူနေတယ်။
.
.
. ကျွန်တော်သိချင်တာက မငြိမ်းသတ်နိုင်သေးတဲ့ အမှိုက်ပုံကြီးအကြောင်း၊ အသစ်တက်လာမယ့် ပညာရေးဝန်ကြီးအကြောင်း၊ တောင်ကြီးက သိပ်မကျန်းမာတဲ့အမေ နေကောင်းလားဆိုတာတွေကို အချိန်နဲ့အမျှပြောပြပေးနိုင်တဲ့ Device ကြီးမရှိနေမှတော့ ကျွန်တော်လည်း အိပ်လို့မပျော်နိုင်တဲ့အသေးစားရောဂါစွဲကပ်နေတော့တာနဲ့အတူတူပါပဲ။
.
. အမှန်က ညအိပ်ရင် မီးအရောင်နည်းနည်းဖွင့်ပြီးအိပ်တာက ဦးနှောက်ကိုအမြဲနှိုးပေးနေတာပါ။ ဖုန်းရဲ့တောက်ပတဲ့မျက်နှာပြင်က အပြာရောင်အလင်းတန်းတွေဟာ မျက်စိသူငယ်အိမ်ထဲကို တန်းတန်းကြီးဝင်ရောက်သွားပြီး အနားယူတော့မယ့်ဦးနှောက်ကို လှုပ်ရှားလာစေပါတယ်။ အဆိုးဆုံးက ရှင်းမရတဲ့ စိတ်ထဲက ထိန်ပင်ထက်ဆိုးတဲ့ အမှားတွေရဲ့ အနံ့ဆိုးနဲ့ ညှော်တူးနေတဲ့ ဦးနှောက်ထဲကမီးခိုးတွေပါပဲ။
.
.
. ဒါပေမယ့် သိပ်ချစ်ရတဲ့လောကကြီးနဲ့ ကျွန်တော်အဆက်အသွယ်အပြတ်မခံနိုင်ဘူး။ အင်တာနက်နဲ့ဝေးရာမှာ တစ်မိနစ် တစ်စက္ကန့်မှ မနေချင်ဘူး။ မြန်မာနိုင်ငံနဲ့ ခပ်လှမ်းလှမ်းမှာ တမ်းတလို့အမြဲလွမ်းမနေချင်ပါဘူး။ ဒါကြောင့် ကျွန်တော့ရဲ့လက်ကိုင်ဖုန်းကို ပြန်ပေးကြပါ ခင်များ . .။
.
တကယ်ပါ။ ဒီပို့စ်ကို မြန်မာနိုင်ငံကမိတ်ဆွေတွေအိပ်ချိန်ကျမှ တင်လိုက်တာ တကယ်ပါ . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 04-25-2018

No comments: