|
နှစ်ကူးလက်ဆောင်ဆောင်းပါး - ကိုညီညီ ( တောင်ကြီး ) |
.
.
လူအများ
မိမိရဲ့ ဘဝလက်တွဲဖော်ကို ဘယ်လိုရွေးချယ်ကြသလဲဆိုတာကို စိတ်ပညာရှင်တွေရဲ့တွေ့ရှိပုံက
တစ်မျိုးတစ်ဖုံ မူကွဲနေပါတယ်။ အစစအရာရာပြည့်စုံစွာပါဝင်ဖို့ အရည်အချင်းတွေ သတ်မှတ်ရည်မှန်းထားပေမယ့်
တစ်ကယ်ရလိုက်တဲ့ အိမ်ထောင်ဖက်မှာတော့ ကိုယ်လိုချင်တဲ့ ကောင်းပေ့ဆိုတဲ့အချက်တွေ အရနည်းတာ
တွေ့လာရတယ်လို့ ဆိုပါတယ်။
.
အများစုက
“ ငါလိုချင်တဲ့ ချစ်သူမှာ ဘယ်လိုအရေးကြီးတာတွေ ရှိရမယ် ” စတဲ့ လိုရာဆွဲတွေးပြီး စိတ်ကူးအိပ်မက်ကမ္ဘာတွေကို
တည်ဆောက်ကြစမြဲပါ။ နောက်တစ်မျိုးအနေနဲ့ ငါက ဒါလုပ်ပေးလိုက်ရင် သူက ဒါနဲ့ညီမျှတဲ့ တစ်ခြားတစ်ခုခုနဲ့
တုံ့ပြန်သင့်တာပေါ့ဆိုပြီး “ အလဲအထပ်လုပ်ချင်ကြတယ် ”။ ဒီအထဲကမှ BI သတင်းစာရဲ့ ဗွီဒီယိုပြကွက်တစ်ခုက
ထောက်ပြတဲ့အချက်တွေကို ဆွေးနွေးကြည့်ချင်ပါတယ်။ လူတွေက မိမိလက်တွဲဖော်ဆီမှာ ဘယ်လိုအရည်အချင်းတွေ
ရှိစေချင်ပါသလဲ?
.
S1..
Sincerity - အရိုးခံစိတ်ရင်းမှန်ရှိခြင်း
.
F..
Faithfulness - ဂတိသစ္စာရှိခြင်း
.
P..
Passion - ပြင်းထန်သောရာဂစိတ်ရှိခြင်း
.
C1..
Carefulness - သတိနှင့်ဂရုပြုခြင်း
.
S2..
Self-Confidence - မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း
.
R..
Reliability - ယုံကြည်စိတ်ချအားကိုးရခြင်း
.
A..
Amusing - ပျော်ရွှင်မှုပေးပြီးရွှင်မြူးစေခြင်း
.
T..
Tenderness - နူးညံ့သိမ်မွေ့ခြင်း
.
C2..
Communicative - ပေါင်းသင်းဆက်ဆံတတ်ခြင်း
.
M..
Maturity - ရင့်ကျက်တည်ကြည်ခြင်း
.
I..
Intelligence - သိနားလည်နိုင်စွမ်းဖြင့်အကင်းပါးခြင်း .. စတာတွေထဲက ကိုယ့်ပါတနာ -
Partner ဆီမှာ ဘယ်အချက်တွေ ပါစေ့ချင်တယ်ဆိုတာ မိမိကိုယ်တိုင်လည်း ဆန်းစစ်ကြည့်လိုက်ပါ။
ဘယ်လောက်ပဲရွေးရွေး၊ ဘယ်လိုပဲ ကပ်သီးကပ်သပ် အဆစ်တွေပါထည့်လိုက်စေဦး .. နောက်ဆုံးမှာ
“ ဆန္ဒ - Wish ” ( ၃ ) ခုသာ ကျန်ရှိတယ်လို့ စိတ်ပညာရှင်တွေက တွေ့ရှိလာပါတယ်။