ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, February 25, 2016

လူငယ္ေတြကုိဦးေဆာင္ေစခ်င္တဲ႕ မ်ိဳးဆက္သစ္ခ်စ္ထြန္း - Joshua Chit Tun

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
သူ႕နာမည္ကိုရွာရတာ လြယ္ပါတယ္။ အေမရိကန္ႏုိင္ငံသားျဖစ္ေနေပမယ္႕ ျမန္မာႏိုင္ငံမွာေမြးျပီး ငယ္ဘဝက မိဘမ်ားနဲ႕ လိုက္လာခဲ႕သူပါ။ နာမည္ရဲ႕ေနာက္ဆံုးစာလုံးကုိ မေမ႕ေစဖို႕ ျမန္မာမ်ိဳးရုိးနာမည္ျဖစ္တဲ႕ “ ခ်စ္ထြန္း ” ကုိ ထိန္းသိမ္းဖို႕ အုပ္ထိန္းသူအေဒၚက မွာၾကားထားတယ္လုိ႕သိရတယ္။
.
တစ္ခြန္းဆိုတစ္ခြန္း ထိန္းသိမ္းတတ္တဲ႕စကားေတြေၾကာင္႕ အေနာက္ႏုိင္ငံေရာက္ျမန္မာေတြထားေလ႕ရွိတဲ႕အတိုင္း ေခၚရလြယ္တဲ႕ ဘုိနာမည္တစ္လံုးေနာက္မွာ ျမန္မာနာမယ္ ခ်စ္ထြန္းကိုထည္႕မွည္႕ဆိုတာကိုက ေမ႕ဖို႕မလြယ္တဲ႕  ေဂ်ာ႕ရႊာခ်စ္ထြန္း - Joshua Chit Tun ကုိ ဖတ္ၾကည္႕ရံုနဲ႕ ျမန္မာေငြ႕သန္းတဲ႕နာမည္မ်ိဳးဆိုတာ သိသာပါတယ္။
.
.
ေလာ႕စ္အိဂ်လိစ္ျမိဳ႕မွာၾကီးျပင္းလာတဲ႕ ေဂ်ာ႕ရႊာခ်စ္ထြန္း ဟာ အရြယ္ေရာက္လာတဲ႕အခါ လူငယ္ေတြအတြက္ ျပန္လည္အက်ိဳးျပဳလုပ္ေဆာင္ခ်က္ေတြ အမ်ားၾကီးရွိပါတယ္။ www.younginc.la ဆုိတဲ႕သူေထာင္ထားတဲ႕အဖြဲ႕မွာ L.A က အိမ္ေျခမဲ႕မ်ားကိုကူညီေပးတဲ႕သတင္းမ်ိဳး ဖတ္ႏိုင္ပါတယ္။
.
ဦးေဆာင္မႈကင္းမဲ႕တဲ႕လူငယ္ေတြမွာ ပညာသင္ၾကားေရးအားနည္းခ်က္ေတြရွိႏုိင္တယ္ .. ဒါေၾကာင္႕ “ One person is not the solution. It will take an entire generation, not only in the U.S. but every nation where students feel the need to make true change. This is a global movement ”  ဆုိတဲ႕ ေဂ်ာ႕ရႊာခ်စ္ထြန္း ရဲ႕ ေျပာစကားကုိ အလ်ဥ္းသင္႕သလို ဖတ္ရႈေလ႕လာႏုိင္ပါတယ္။

.
.
သူ႕မွာ ႏိုင္ငံေရးအျမင္ရွိတယ္။ အလယ္တန္း၊ အထက္တန္းေက်ာင္းေတြကသင္ေပးလုိက္တဲ႕ သမိုင္းသင္ခန္းစာက သူ႕ႏွလံုးသားထဲကို စိမ္႕ဝင္ခဲ႕ဟန္ တူပါတယ္။ အေၾကာင္းအရာတစ္ခုကို မွန္ကန္တဲ႕အျမင္၊ စစ္မွန္တဲ႕တာဝန္ယူမႈေတြကေန ၾကည္႕တတ္လာတယ္။ ဒါေၾကာင္႕ အခုလုိ အခ်ိန္က်ေရာက္လာတဲ႕အခါ အေမရိကန္ႏုိင္ငံေရးေလာကမွာ အသက္အငယ္ဆံုးအမတ္ေလာင္းအေနနဲ႕ဝင္ျပိဳင္ဖို႕ သူအဆင္သင္႕ျဖစ္ေနပါျပီ။
.
ျမန္မာျပည္ဖြား အေမရိကန္ႏုိင္ငံသားမို႕လို႕ ကြ်န္ေတာ္တို႕ရဲ႕အိမ္ကြင္းအတြက္ေရာ အေဝးကြင္းအတြက္ပါ အေသြးအသား နဲ႕ လူမ်ိဳးမျခား ကစားဂုဏ္ေဆာင္ေပးမယ္႕ ေသြးကစကားေျပာတယ္လို႕ အမႊန္းတင္ပါရေစ။
.
.
သူျပင္ဆင္ထားတဲ႕လႈပ္ရွားမႈတစ္ေထြၾကီးထဲမွာ လူ႕အခြင္႕အေရးအေၾကာင္းမပါလို႕မရပါဘူး။  ပညာေရးဆုိတာက ထိပ္ဆံုးကပါ။ လမ္းေပၚကလူေတြကို အိမ္ေတြေပၚပို႕ဖို႕ကိုလည္း သူစိတ္ပူပါတယ္။ လုပ္အားေပးလူငယ္ေတြကိုစုစည္းျပီး အခက္အခဲျဖစ္ေနသူမ်ားကိုဝုိင္းကူညီၾကဖို႕ အဖြဲ႕ - Campaign ကုိ သူဦးေဆာင္ပါတယ္။
.
လႊတ္ေတာ္အမတ္တို႕မွာရွိရမယ္႕တာဝန္နဲ႕ဝတၱရားမ်ားအတိုင္း မီဒီယာ နဲ႕ လူမႈကြန္ယက္ဆက္သြယ္မႈတို႕ကုိသံုးျပီး အကူအညီေပးႏုိင္မယ္႕ လက္လွမ္းမီယႏၱရားအားလံုးကုိ အမွီအေရာက္သြားပါတယ္။ ဒီကေန လမ္းေပၚမွာေလလြင္႕ေနတဲ႕လူငယ္ေတြထဲကေန ႏုိင္ငံ႕ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာႏုိင္တယ္ဆုိတဲ႕ ဧရာမအိပ္မက္အထုတ္အပိုးၾကီးကို ထမ္းပိုးထားသူပါ။
.
.
အခုလက္ရွိ ေဂ်ာ႕ရႊာခ်စ္ထြန္း တည္ေထာင္လုပ္ေဆာင္ေနတဲ႕ STUDENTdirect Charitable Foundation လူမႈကူညီေရးအသင္းအဖြဲ႕မွာ မူ ( ၅ ) ခ်က္ခ်မွတ္လုပ္ေဆာင္ေနတယ္လို႕ သိရပါတယ္။
.
( က ) ေအာင္ျမင္ေက်ာ္ၾကားတဲ႕ေဖာင္ေဒးရွင္းတစ္ခုျဖစ္ရန္။
.
( ခ ) အျပည္ျပည္ဆိုင္ရာအက်ိဳးအျမတ္မယူေသာအဖြဲ႕အစည္းတစ္ခုဖြဲ႕စည္းႏုိင္ရန္။
.
( ဂ ) ေက်ာင္းသားမ႑ိဳင္အသံ STUDENTdirect Studios ရဲ႕ ခံယူခ်က္ကုိ က်ယ္ျပန္႕လာေစရန္။
.
( ဃ ) လူမႈကယ္ဆယ္မႈအဖြဲ႕အစည္းျဖစ္တဲ႕ YoungINC.LA ကို ပုိမုိက်ယ္ျပန္႕စြာ တုိးတက္လာေစရန္ နဲ႕
.
( င ) အေမရိကန္အထက္လႊတ္ေတာ္အမတ္တစ္ေယာက္ျဖစ္လာေစရန္ ဆုိတဲ႕မူေတြနဲ႕ ေရွ႕သို႕ခ်ီတက္လွမ္းမယ္ဆုိတာကို သိရပါတယ္။
.
.
ေဖာင္ေဒးရွင္း၊ ေရြးေကာက္ပြဲအၾကိဳကင္ပိန္း၊ လူမႈကယ္ဆယ္ေရးအသင္း၊ ေက်ာင္းသားထုတုိးတက္မႈလုပ္ရွားမႈ၊ လူ႕အခြင္႕အေရး တို႕ကို ကိုယ္စားျပဳသူ၊ အိမ္ေျခမဲ႕လူတန္းစားကိုကယ္တင္သူ စသျဖင္႕ ျပည္သူကိုယ္စားျပဳလူငယ္တစ္ေယာက္ရပ္တည္ဖို႕ အလွဴေငြ လုိအပ္ပါတယ္။ ဒါေၾကာင္႕ ဒါနရွင္ - Donar မ်ားနဲ႕ေတြ႕ဖို႕အစည္းအေဝးကို မနက္ျဖန္မနက္မွာ အေမရိကန္ပင္လယ္ေအာ္ဆန္ဖရန္စစၥကိုေဒသ နဲ႕ ( ၃ ) နာရီသာေမာင္းရတဲ႕ ျမိဳ႕တစ္ျမိဳ႕မွာ အလွဴရွင္မ်ားနဲ႕ေတြ႕ဆံုပြဲကုိ တက္ေရာက္ဖို႕ရွိေနပါတယ္။
.
ကြ်န္ေတာ္ဒီစာကုိေရးေနတဲ႕ ( ၂ဝ၁၆ ေဖေဖာ္ဝါရီလ ၂ဝ ရက္ေန႕ ) ညမွာေတာ႕ အစည္းအေဝးအတြက္လုပ္ေဆာင္ေနတဲ႕စာရြက္စာတမ္းေတြကုိ ညဥ္႕နက္ ( ၁ဝ ) နာရီအထိ ေရးသားေနတုန္းဆိုေတာ႕ လူငယ္ျမန္မာေကာင္ေလးတစ္ေယာက္ရဲ႕ၾကိဳးစားမႈကို မခ်ီးက်ဴးပဲ မေနႏုိင္ပါဘူး။
.
.
သူ႕ရဲ႕ကုိယ္ေရးကိုယ္တာအေၾကာင္းကုိေမးတဲ႕အခါ ရိုးသားပြင္႕လင္းစြာေျပာျပတာက ခ်စ္စရာပါ။ သူ႕နာမည္ကို အသံထြက္အမွန္ဘယ္လုိထြက္သလဲဆိုတဲ႕အေၾကာင္းအသံဖိုင္ပုိ႕လာေပးေတာ႕ သူတတ္ထားတဲ႕ “ မဂၤလာပါ ” နဲ႕ “ အခုလိုအခြင္႕အေရးေပးလို႕ ေက်းဇူးတင္ပါတယ္ ” လို႕ ပီပီသသေျပာျပလာပါတယ္။
.
တစ္ဆက္တည္း ကြ်န္ေတာ္က အြန္လိုင္းအင္တာဗ်ဴးခြင္႕ေတာင္းတဲ႕အခါ လူငယ္ေတြပညာေရးအတြက္တင္သြင္းဖို႕အဆုိတစ္ခုကုိ အခု သူေရးသားေနတဲ႕အေၾကာင္း နဲ႕ အေမရိကန္လို လူမ်ိဳးေပါင္းစံုႏုိင္ငံတစ္ခုမွာ ျမန္မာလူမ်ိဳးျဖစ္ရတာဂုဏ္ယူတဲ႕အေၾကာင္း လြမ္းေမာတမ္းတစြာ ေျပာျပပါတယ္။
.
.
ေဂ်ာ႕ရႊာခ်စ္ထြန္း ရဲ႕အေၾကာင္းကုိေလ႕လာၾကည္႕တဲ႕အခါ ( ၁၉ ) ႏွစ္သားကတည္္းက လူငယ္က႑ေတြမွာ တက္ၾကြစြာလႈပ္ရွားခဲ႕တာ ေတြ႕ရတယ္။ ဒါ႕အျပင္ ဆီလီကြန္ေတာင္ၾကားမွာ ၾကီးပြားခ်မ္းသာၾကတဲ႕ သူအားက်ရသူ - Mentor မ်ားစာရင္းကုိလည္း ေလ႕လာမိတယ္။ အေမရိကန္ေရာက္ေခတ္လူငယ္ပီပီ ေက်ာင္းမွာ ႏုိင္ငံေရးသိပၸံ နဲ႕ ႏုိင္ငံတကာဆက္ဆံေရးဘာသာရပ္ကုိစိတ္ဝင္စားခဲ႕ေသာ္ျငားလည္း နည္းပညာနဲ႕ေပြ႕ဖက္ၾကီးျပင္းလာတာကိုေတြ႕ရတယ္။
.
လူလူခ်င္းဆက္ဆံရာမွာ အမိန္႕ေပးတတ္ နာခံတတ္သူေတြထက္စာရင္ ေတးဂီတကိုခံုမင္သူတစ္ေယာက္အျဖစ္ ျမင္ေတြ႕ရတယ္။ ဒီေနရာကေန လူမႈအသိုင္းအဝိုင္းမွာထိေတြ႕ဆက္ဆံမႈမ်ားလာျပီး ရင္းႏွီးျမွဳပ္ႏွံသူမ်ား နဲ႕ အလွဴရွင္ေတြကို ရွာေတြ႕ႏုိင္မယ္လို႕ ယံုၾကည္တာကို ေလ႕လာမိပါတယ္။
.
.
အဖိုးျဖစ္သူ ကာယဗလေမာင္ေဟာင္း “ ေဒါက္တာေဝၚတာခ်စ္ထြန္း ”  ရဲ႕ မျပီးဆံုးေသးတဲ႕အိပ္မက္ကို စတင္အေကာင္အထည္ေဖာ္ေနတဲ႕ လူငယ္ေလးခ်စ္ထြန္းဟာ သူ႕အဖိုးေျပာခဲ႕တဲ႕ “ ေက်ာင္းသားက႑ကေန ႏုိင္ငံေတာ္ကိုေျပာင္းလဲရမယ္ ” ဆိုတဲ႕ ရင္တြင္းစကားကုိ ထုဆစ္ေနသူဆိုရင္ မမွားပါဘူး။ ဒါေပမယ္႕ လူငယ္ေလးခ်စ္ထြန္းအလွည္႕ေရာက္ေတာ႕ ရည္မွန္းခ်က္က ပိုျမင္႕သြားခဲ႕တယ္ ..
.
“ ပညာတတ္ေက်ာင္းသားလူငယ္ေတြရဲ႕ၾကိဳးပမ္းမႈေၾကာင္႕ ဖိအားပိုမ်ားလာတဲ႕ကမၻာၾကီးကိုေျပာင္းလဲပစ္ၾကပါစို႕” ဆိုတဲ႕ ေျပာစကားကုိနားေထာင္မိရင္ သူ႕ခံယူခ်က္ကုိ ပုိရွင္းလင္းသြားေစပါလိမ္႕မယ္။
.
.
ဒီလုိကိစၥေတြကုိေဆာင္ရြက္ေနတဲ႕လူငယ္တစ္ေယာက္ဟာ ျမန္မာ႕ေျမေပၚမွမဟုတ္ပါဘူး .. အေမရိကန္ေျမဆီလႊာေပၚမွာမဟုတ္ပါဘူး .. ကမၻာေျမၾကီးရဲ႕ဘယ္ေနရာမွာရွိေနပါေစ ကိုယ္နီးစပ္ရာလူနည္းစုကေန လူသားမ်ိဳးႏြယ္တစ္ခုလံုးကို ေရရွည္မွာကိုယ္စားျပဳဖုိ႕ အဆင္သင္႕ရွိေနၾကပါတယ္။
.
ဒါေၾကာင္႕ ျဖဴပါေစ .. မည္းပါေစ .. နီပါေစ .. စိမ္းပါေစ အေရာင္ျဖစ္ဖုိ႕အေရးၾကီးပါတယ္။ အေရးပါဖို႕ အားရွိရပါမယ္။ တစ္နည္းအားျဖင္႕ မည္သည္႕အေရာင္ျဖစ္ေနပါေစ လူမ်ိဳးစုကြဲျပားလြန္းတဲ႕ကမၻာေျမေပၚမွာ စာမ်က္ႏွာတစ္ခုတည္းအေပၚမွာ အတူတူရွိေနပါတယ္။
.
.
ဒီအင္အားကပဲ ေလာကကိုသယ္ေဆာင္သြားမယ္႕အလင္းတန္းပါ။ ဒီလုပ္ရပ္ကပဲ သတၱေလာကကိုလင္းေစမယ္႕ မီးအိမ္ေလးပါ။ ဘာေၾကာင္႕ ကြ်န္ေတာ္တို႕ အေမွာင္ထဲမွာ မ်က္စိမွိတ္ျပီးထုိင္ေနမွာလဲ? အလင္းရမယ္႕ အျပင္ေလာကကို လမ္းျပေပးမယ္႕သူနဲ႕လက္တြဲသင္႕လွပါတယ္။ ဒါေၾကာင္႕ ျပည္သူျပဳတဲ႕လႊတ္ေတာ္ဆုိတာ ရွိလာရတယ္။
.
လူငယ္ေတြရဲ႕ပညာေရးကိုအားေပးဖုိ႕ လူၾကီးေတြတင္မက “ေဂ်ာ႕ရႊာခ်စ္ထြန္း - Joshua Chit Tun ” လို လူငယ္ေတြ ျမန္မာ႕လႊတ္ေတာ္မွာ မ်ားစြာလုိအပ္ပါတယ္။ နည္းပညာလည္းမေမ႕ဘူး .. ဆိုရွယ္မီဒီယာလည္းမလြတ္ဘူး .. ေရွ႕ဆက္ရမယ္႕ ႏိုင္ငံ႕လမ္းမွန္ကိုထိန္းေက်ာင္းေပးမယ္႕ လူငယ္ေျခတက္ေတြ ေမြးထုတ္ရပါမယ္။
.
.
ေဂ်ာ႕ရႊာခ်စ္ထြန္း း သူ႕ကုိယ္သူခံယူထားတဲ႕ဘြဲ႕ေတြကေတာ႕
.
Philanthropist - ရက္ေရာစြာလွဴဒါန္းသူ
.
Activist - လႈပ္ရွားေဆာင္ရြက္သူ
.
Community Organizer - လူမႈအဖြဲ႕အစည္းမ်ားကုိဦးေဆာင္သူ
.
Executive - အမႈေဆာင္အရာရွိ
.
Investor - ရင္းႏွီးျမွဳပ္ႏွံသူ
.
Politician - ႏိုင္ငံေရးသမား .. စတာေတြ ျဖစ္ၾကတယ္။
.
.
သူဟာျမန္မာျပည္မွာေမြးခဲ႕ရံုနဲ႕ ကြ်န္ေတာ္တုိ႕က Like လုပ္လိုက္၊ ဂုဏ္ယူလိုက္ .. လုပ္ေနလို႕ ေနရင္းထုိင္ရင္း အက်ိဳးထူးလာမွာ မဟုတ္ပါဘူး။ ဒီလိုစိတ္နဲ႕လည္း ျမန္မာႏိုင္ငံၾကီးတုိးတက္လာမွာမဟုတ္သလို အေမရိကန္ႏုိင္ငံက ကူညီဖို႕အနားမွာလာထုိင္ေစာင္႕ေပးေနမွာလည္း မဟုတ္ပါဘူး။ ကုိယ္႕ျပည္တြင္းက မ်ိဳးဆက္သစ္ခ်စ္ထြန္းလို ျမန္မာလူငယ္ေတြမ်ားမ်ားေမြးထုတ္ပါမွ ျမန္မာျပည္ၾကီး အေရွ႕ကို “ ေရြ႕ ” မွာပါ။ လိုက္လုပ္မွ အလုပ္ျဖစ္မွာပါ။
.
ဒါေၾကာင္႕ ျမန္မာလူငယ္မ်ား နဲ႕ အေဝးေရာက္ျမန္မာ႕ရင္ေသြးမ်ားအားက်ေစဖို႕ မ်ိဳးဆက္သစ္ခ်စ္ထြန္း ရဲ႕ “ အနာဂါတ္မ်ိဳးဆက္သစ္ေတြကိုေခါင္းေဆာင္ဖို႕စိမ္ေခၚပါတယ္ - I Challenge Future Generations to Lead ” ဆုိတဲ႕ အမွတ္တရစကားေလးနဲ႕ ႏႈတ္ဆက္လိုက္ပါရေစ။
.
.
မ်ိဳးဆက္သစ္ခ်စ္ထြန္း ရဲ႕ အင္တာနက္စာမ်က္ႏွာမ်ား ။။။။။။။။။။
.
BBC ရဲ႕ မိုဘီဂ်ီႏိုအစီအစဥ္မွ အင္တာဗ်ဴး ။။။။။။။။။။ https://soundcloud.com/bbcburmese/mobigeno_joshuachittun
.
.
.
.
.
.
.
တီဗီြအင္တာဗ်ဴး ။။။။။။။။။။ https://www.youtube.com/watch?v=l7mSrhmFuiY&feature=share
.
ဝီကီပီးဒီးယား ။။။။။။။။။။ https://en.wikipedia.org/wiki/User:Brotothextrem/joshuachittun
.
ကိုယ္ပိုင္ေဖ႕စ္ဘြတ္ခ္စာမ်က္ႏွာ ။။။။။။။။။။ https://www.facebook.com/Ethan.Martirez
.
ခင္လ်က္
.
02-25-2016
.
.
.
Myanmar Unicode Version:
.
.
“ လူငယ်တွေကိုဦးဆောင်စေချင်တဲ့ မျိုးဆက်သစ်ချစ်ထွန်း - Joshua Chit Tun ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
သူ့နာမည်ကိုရှာရတာ လွယ်ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာမွေးပြီး ငယ်ဘဝက မိဘများနဲ့ လိုက်လာခဲ့သူပါ။ နာမည်ရဲ့နောက်ဆုံးစာလုံးကို မမေ့စေဖို့ မြန်မာမျိုးရိုးနာမည်ဖြစ်တဲ့ “ ချစ်ထွန်း ” ကို ထိန်းသိမ်းဖို့ အုပ်ထိန်းသူအဒေါ်က မှာကြားထားတယ်လို့သိရတယ်။
.
တစ်ခွန်းဆိုတစ်ခွန်း ထိန်းသိမ်းတတ်တဲ့စကားတွေကြောင့် အနောက်နိုင်ငံရောက်မြန်မာတွေထားလေ့ရှိတဲ့အတိုင်း ခေါ်ရလွယ်တဲ့ ဘိုနာမည်တစ်လုံးနောက်မှာ မြန်မာနာမယ် ချစ်ထွန်းကိုထည့်မှည့်ဆိုတာကိုက မေ့ဖို့မလွယ်တဲ့  ဂျော့ရွှာချစ်ထွန်း - Joshua Chit Tun ကို ဖတ်ကြည့်ရုံနဲ့ မြန်မာငွေ့သန်းတဲ့နာမည်မျိုးဆိုတာ သိသာပါတယ်။
.
.
လော့စ်အိဂျလိစ်မြို့မှာကြီးပြင်းလာတဲ့ ဂျော့ရွှာချစ်ထွန်း ဟာ အရွယ်ရောက်လာတဲ့အခါ လူငယ်တွေအတွက် ပြန်လည်အကျိုးပြုလုပ်ဆောင်ချက်တွေ အများကြီးရှိပါတယ်။ www.younginc.la ဆိုတဲ့သူထောင်ထားတဲ့အဖွဲ့မှာ L.A က အိမ်ခြေမဲ့များကိုကူညီပေးတဲ့သတင်းမျိုး ဖတ်နိုင်ပါတယ်။
.
ဦးဆောင်မှုကင်းမဲ့တဲ့လူငယ်တွေမှာ ပညာသင်ကြားရေးအားနည်းချက်တွေရှိနိုင်တယ် .. ဒါကြောင့် “ One person is not the solution. It will take an entire generation, not only in the U.S. but every nation where students feel the need to make true change. This is a global movement ”  ဆိုတဲ့ ဂျော့ရွှာချစ်ထွန်း ရဲ့ ပြောစကားကို အလျဉ်းသင့်သလို ဖတ်ရှုလေ့လာနိုင်ပါတယ်။
.
.
သူ့မှာ နိုင်ငံရေးအမြင်ရှိတယ်။ အလယ်တန်း၊ အထက်တန်းကျောင်းတွေကသင်ပေးလိုက်တဲ့ သမိုင်းသင်ခန်းစာက သူ့နှလုံးသားထဲကို စိမ့်ဝင်ခဲ့ဟန် တူပါတယ်။ အကြောင်းအရာတစ်ခုကို မှန်ကန်တဲ့အမြင်၊ စစ်မှန်တဲ့တာဝန်ယူမှုတွေကနေ ကြည့်တတ်လာတယ်။ ဒါကြောင့် အခုလို အချိန်ကျရောက်လာတဲ့အခါ အမေရိကန်နိုင်ငံရေးလောကမှာ အသက်အငယ်ဆုံးအမတ်လောင်းအနေနဲ့ဝင်ပြိုင်ဖို့ သူအဆင်သင့်ဖြစ်နေပါပြီ။
.
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားမို့လို့ ကျွန်တော်တို့ရဲ့အိမ်ကွင်းအတွက်ရော အဝေးကွင်းအတွက်ပါ အသွေးအသား နဲ့ လူမျိုးမခြား ကစားဂုဏ်ဆောင်ပေးမယ့် သွေးကစကားပြောတယ်လို့ အမွှန်းတင်ပါရစေ။
.
.
သူပြင်ဆင်ထားတဲ့လှုပ်ရှားမှုတစ်ထွေကြီးထဲမှာ လူ့အခွင့်အရေးအကြောင်းမပါလို့မရပါဘူး။  ပညာရေးဆိုတာက ထိပ်ဆုံးကပါ။ လမ်းပေါ်ကလူတွေကို အိမ်တွေပေါ်ပို့ဖို့ကိုလည်း သူစိတ်ပူပါတယ်။ လုပ်အားပေးလူငယ်တွေကိုစုစည်းပြီး အခက်အခဲဖြစ်နေသူများကိုဝိုင်းကူညီကြဖို့ အဖွဲ့ - Campaign ကို သူဦးဆောင်ပါတယ်။
.
လွှတ်တော်အမတ်တို့မှာရှိရမယ့်တာဝန်နဲ့ဝတ္တရားများအတိုင်း မီဒီယာ နဲ့ လူမှုကွန်ယက်ဆက်သွယ်မှုတို့ကိုသုံးပြီး အကူအညီပေးနိုင်မယ့် လက်လှမ်းမီယန္တရားအားလုံးကို အမှီအရောက်သွားပါတယ်။ ဒီကနေ လမ်းပေါ်မှာလေလွင့်နေတဲ့လူငယ်တွေထဲကနေ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဧရာမအိပ်မက်အထုတ်အပိုးကြီးကို ထမ်းပိုးထားသူပါ။
.
.
အခုလက်ရှိ ဂျော့ရွှာချစ်ထွန်း တည်ထောင်လုပ်ဆောင်နေတဲ့ STUDENTdirect Charitable Foundation လူမှုကူညီရေးအသင်းအဖွဲ့မှာ မူ ( ၅ ) ချက်ချမှတ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
.
( က ) အောင်မြင်ကျော်ကြားတဲ့ဖောင်ဒေးရှင်းတစ်ခုဖြစ်ရန်။
.
( ခ ) အပြည်ပြည်ဆိုင်ရာအကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖွဲ့စည်းနိုင်ရန်။
.
( ဂ ) ကျောင်းသားမဏ္ဍိုင်အသံ STUDENTdirect Studios ရဲ့ ခံယူချက်ကို ကျယ်ပြန့်လာစေရန်။
.
( ဃ ) လူမှုကယ်ဆယ်မှုအဖွဲ့အစည်းဖြစ်တဲ့ YoungINC.LA ကို ပိုမိုကျယ်ပြန့်စွာ တိုးတက်လာစေရန် နဲ့
.
( င ) အမေရိကန်အထက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်လာစေရန် ဆိုတဲ့မူတွေနဲ့ ရှေ့သို့ချီတက်လှမ်းမယ်ဆိုတာကို သိရပါတယ်။
.
.
ဖောင်ဒေးရှင်း၊ ရွေးကောက်ပွဲအကြိုကင်ပိန်း၊ လူမှုကယ်ဆယ်ရေးအသင်း၊ ကျောင်းသားထုတိုးတက်မှုလုပ်ရှားမှု၊ လူ့အခွင့်အရေး တို့ကို ကိုယ်စားပြုသူ၊ အိမ်ခြေမဲ့လူတန်းစားကိုကယ်တင်သူ စသဖြင့် ပြည်သူကိုယ်စားပြုလူငယ်တစ်ယောက်ရပ်တည်ဖို့ အလှူငွေ လိုအပ်ပါတယ်။ ဒါကြောင့် ဒါနရှင် - Donar များနဲ့တွေ့ဖို့အစည်းအဝေးကို မနက်ဖြန်မနက်မှာ အမေရိကန်ပင်လယ်အော်ဆန်ဖရန်စစ္စကိုဒေသ နဲ့ ( ၃ ) နာရီသာမောင်းရတဲ့ မြို့တစ်မြို့မှာ အလှူရှင်များနဲ့တွေ့ဆုံပွဲကို တက်ရောက်ဖို့ရှိနေပါတယ်။
.
ကျွန်တော်ဒီစာကိုရေးနေတဲ့ ( ၂ဝ၁၆ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ ) ညမှာတော့ အစည်းအဝေးအတွက်လုပ်ဆောင်နေတဲ့စာရွက်စာတမ်းတွေကို ညဉ့်နက် ( ၁ဝ ) နာရီအထိ ရေးသားနေတုန်းဆိုတော့ လူငယ်မြန်မာကောင်လေးတစ်ယောက်ရဲ့ကြိုးစားမှုကို မချီးကျူးပဲ မနေနိုင်ပါဘူး။
.
.
သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းကိုမေးတဲ့အခါ ရိုးသားပွင့်လင်းစွာပြောပြတာက ချစ်စရာပါ။ သူ့နာမည်ကို အသံထွက်အမှန်ဘယ်လိုထွက်သလဲဆိုတဲ့အကြောင်းအသံဖိုင်ပို့လာပေးတော့ သူတတ်ထားတဲ့ “ မင်္ဂလာပါ ” နဲ့ “ အခုလိုအခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ် ” လို့ ပီပီသသပြောပြလာပါတယ်။
.
တစ်ဆက်တည်း ကျွန်တော်က အွန်လိုင်းအင်တာဗျူးခွင့်တောင်းတဲ့အခါ လူငယ်တွေပညာရေးအတွက်တင်သွင်းဖို့အဆိုတစ်ခုကို အခု သူရေးသားနေတဲ့အကြောင်း နဲ့ အမေရိကန်လို လူမျိုးပေါင်းစုံနိုင်ငံတစ်ခုမှာ မြန်မာလူမျိုးဖြစ်ရတာဂုဏ်ယူတဲ့အကြောင်း လွမ်းမောတမ်းတစွာ ပြောပြပါတယ်။
.
.
ဂျော့ရွှာချစ်ထွန်း ရဲ့အကြောင်းကိုလေ့လာကြည့်တဲ့အခါ ( ၁၉ ) နှစ်သားကတည်းက လူငယ်ကဏ္ဍတွေမှာ တက်ကြွစွာလှုပ်ရှားခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် ဆီလီကွန်တောင်ကြားမှာ ကြီးပွားချမ်းသာကြတဲ့ သူအားကျရသူ - Mentor များစာရင်းကိုလည်း လေ့လာမိတယ်။ အမေရိကန်ရောက်ခေတ်လူငယ်ပီပီ ကျောင်းမှာ နိုင်ငံရေးသိပ္ပံ နဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကိုစိတ်ဝင်စားခဲ့သော်ငြားလည်း နည်းပညာနဲ့ပွေ့ဖက်ကြီးပြင်းလာတာကိုတွေ့ရတယ်။
.
လူလူချင်းဆက်ဆံရာမှာ အမိန့်ပေးတတ် နာခံတတ်သူတွေထက်စာရင် တေးဂီတကိုခုံမင်သူတစ်ယောက်အဖြစ် မြင်တွေ့ရတယ်။ ဒီနေရာကနေ လူမှုအသိုင်းအဝိုင်းမှာထိတွေ့ဆက်ဆံမှုများလာပြီး ရင်းနှီးမြှုပ်နှံသူများ နဲ့ အလှူရှင်တွေကို ရှာတွေ့နိုင်မယ်လို့ ယုံကြည်တာကို လေ့လာမိပါတယ်။
.
.
အဖိုးဖြစ်သူ ကာယဗလမောင်ဟောင်း “ ဒေါက်တာဝေါ်တာချစ်ထွန်း ”  ရဲ့ မပြီးဆုံးသေးတဲ့အိပ်မက်ကို စတင်အကောင်အထည်ဖော်နေတဲ့ လူငယ်လေးချစ်ထွန်းဟာ သူ့အဖိုးပြောခဲ့တဲ့ “ ကျောင်းသားကဏ္ဍကနေ နိုင်ငံတော်ကိုပြောင်းလဲရမယ် ” ဆိုတဲ့ ရင်တွင်းစကားကို ထုဆစ်နေသူဆိုရင် မမှားပါဘူး။ ဒါပေမယ့် လူငယ်လေးချစ်ထွန်းအလှည့်ရောက်တော့ ရည်မှန်းချက်က ပိုမြင့်သွားခဲ့တယ် ..
.
ပညာတတ်ကျောင်းသားလူငယ်တွေရဲ့ကြိုးပမ်းမှုကြောင့် ဖိအားပိုများလာတဲ့ကမ္ဘာကြီးကိုပြောင်းလဲပစ်ကြပါစို့ ဆိုတဲ့ ပြောစကားကိုနားထောင်မိရင် သူ့ခံယူချက်ကို ပိုရှင်းလင်းသွားစေပါလိမ့်မယ်။
.
.
ဒီလိုကိစ္စတွေကိုဆောင်ရွက်နေတဲ့လူငယ်တစ်ယောက်ဟာ မြန်မာ့မြေပေါ်မှမဟုတ်ပါဘူး .. အမေရိကန်မြေဆီလွှာပေါ်မှာမဟုတ်ပါဘူး .. ကမ္ဘာမြေကြီးရဲ့ဘယ်နေရာမှာရှိနေပါစေ ကိုယ်နီးစပ်ရာလူနည်းစုကနေ လူသားမျိုးနွယ်တစ်ခုလုံးကို ရေရှည်မှာကိုယ်စားပြုဖို့ အဆင်သင့်ရှိနေကြပါတယ်။
.
ဒါကြောင့် ဖြူပါစေ .. မည်းပါစေ .. နီပါစေ .. စိမ်းပါစေ အရောင်ဖြစ်ဖို့အရေးကြီးပါတယ်။ အရေးပါဖို့ အားရှိရပါမယ်။ တစ်နည်းအားဖြင့် မည်သည့်အရောင်ဖြစ်နေပါစေ လူမျိုးစုကွဲပြားလွန်းတဲ့ကမ္ဘာမြေပေါ်မှာ စာမျက်နှာတစ်ခုတည်းအပေါ်မှာ အတူတူရှိနေပါတယ်။
.
.
ဒီအင်အားကပဲ လောကကိုသယ်ဆောင်သွားမယ့်အလင်းတန်းပါ။ ဒီလုပ်ရပ်ကပဲ သတ္တလောကကိုလင်းစေမယ့် မီးအိမ်လေးပါ။ ဘာကြောင့် ကျွန်တော်တို့ အမှောင်ထဲမှာ မျက်စိမှိတ်ပြီးထိုင်နေမှာလဲ? အလင်းရမယ့် အပြင်လောကကို လမ်းပြပေးမယ့်သူနဲ့လက်တွဲသင့်လှပါတယ်။ ဒါကြောင့် ပြည်သူပြုတဲ့လွှတ်တော်ဆိုတာ ရှိလာရတယ်။
.
လူငယ်တွေရဲ့ပညာရေးကိုအားပေးဖို့ လူကြီးတွေတင်မက “ဂျော့ရွှာချစ်ထွန်း - Joshua Chit Tun ” လို လူငယ်တွေ မြန်မာ့လွှတ်တော်မှာ များစွာလိုအပ်ပါတယ်။ နည်းပညာလည်းမမေ့ဘူး .. ဆိုရှယ်မီဒီယာလည်းမလွတ်ဘူး .. ရှေ့ဆက်ရမယ့် နိုင်ငံ့လမ်းမှန်ကိုထိန်းကျောင်းပေးမယ့် လူငယ်ခြေတက်တွေ မွေးထုတ်ရပါမယ်။
.
.
ဂျော့ရွှာချစ်ထွန်း း သူ့ကိုယ်သူခံယူထားတဲ့ဘွဲ့တွေကတော့
.
Philanthropist - ရက်ရောစွာလှူဒါန်းသူ
.
Activist - လှုပ်ရှားဆောင်ရွက်သူ
.
Community Organizer - လူမှုအဖွဲ့အစည်းများကိုဦးဆောင်သူ
.
Executive - အမှုဆောင်အရာရှိ
.
Investor - ရင်းနှီးမြှုပ်နှံသူ
.
Politician - နိုင်ငံရေးသမား .. စတာတွေ ဖြစ်ကြတယ်။
.
.
သူဟာမြန်မာပြည်မှာမွေးခဲ့ရုံနဲ့ ကျွန်တော်တို့က Like လုပ်လိုက်၊ ဂုဏ်ယူလိုက် .. လုပ်နေလို့ နေရင်းထိုင်ရင်း အကျိုးထူးလာမှာ မဟုတ်ပါဘူး။ ဒီလိုစိတ်နဲ့လည်း မြန်မာနိုင်ငံကြီးတိုးတက်လာမှာမဟုတ်သလို အမေရိကန်နိုင်ငံက ကူညီဖို့အနားမှာလာထိုင်စောင့်ပေးနေမှာလည်း မဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းက မျိုးဆက်သစ်ချစ်ထွန်းလို မြန်မာလူငယ်တွေများများမွေးထုတ်ပါမှ မြန်မာပြည်ကြီး အရှေ့ကို “ ရွေ့ ” မှာပါ။ လိုက်လုပ်မှ အလုပ်ဖြစ်မှာပါ။
.
ဒါကြောင့် မြန်မာလူငယ်များ နဲ့ အဝေးရောက်မြန်မာ့ရင်သွေးများအားကျစေဖို့ မျိုးဆက်သစ်ချစ်ထွန်း ရဲ့ “ အနာဂါတ်မျိုးဆက်သစ်တွေကိုခေါင်းဆောင်ဖို့စိမ်ခေါ်ပါတယ် - I Challenge Future Generations to Lead ” ဆိုတဲ့ အမှတ်တရစကားလေးနဲ့ နှုတ်ဆက်လိုက်ပါရစေ။
.
.
မျိုးဆက်သစ်ချစ်ထွန်း ရဲ့ အင်တာနက်စာမျက်နှာများ ။။။။။။။။။။
.
BBC ရဲ့ မိုဘီဂျီနိုအစီအစဉ်မှ အင်တာဗျူး ။။။။။။။။။။ https://soundcloud.com/bbcburmese/mobigeno_joshuachittun
.
http://www.younginc.la/bulletins/akhawaty
.
http://www.younginc.la/startups/support-jc-and-your-nextgenleaders
.
http://www.younginc.la/startups/support-jc-and-your-nextgenleaders/press-releases/origins-define-a-future
.
http://www.mystudentdirect.com/
.
http://chittun.wix.com/chittungroup
.
http://chittun6.wix.com/sdinternational
.
တီဗွီအင်တာဗျူး ။။။။။။။။။။ https://www.youtube.com/watch?v=l7mSrhmFuiY&feature=share
.
ဝီကီပီးဒီးယား ။။။။။။။။။။ https://en.wikipedia.org/wiki/User:Brotothextrem/joshuachittun
.
ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ။။။။။။။။။။ https://www.facebook.com/Ethan.Martirez
.
ခင်လျက်
.

02-25-2016

No comments: