ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, December 2, 2018

ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အစ/အဆံုး

. "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၁)"
. ေနထြက္ရာအရပ္ကုိအေရွ႕လို႕ေခၚသလို နံနက္ေနထြက္ရာကိုမဂၤလာလို႕ေျပာၾကတယ္။ ဒါဟာ လူ႕ဘဝရဲ႕ေန႕သစ္တစ္မနက္ကိုစလိုက္တဲ႕အခ်ိန္ လူသားအားလံုးရသင္႕တဲ႕အခြင္႕အေရးတစ္ခုကို အိပ္ယာထထခ်င္းဆုတ္ကိုင္လိုက္တာပါပဲ။
.
. ခက္ခက္ခဲခဲ ၾကပ္ၾကပ္တည္းတည္းျဖစ္ေနတဲ႕ဘဝကေနလြတ္ေျမာက္ၾကဖို႕ ႏုိင္ငံအသီးသီးကုိျမန္မာေတြေျခဆန္႕ၾကတယ္။ တစ္ခ်ိဳ႕ဆိုရင္ Hand Carry အိပ္ေလးတစ္လံုးနဲ႕၊ တစ္ခ်ိဳ႕ဆိုရင္ လင္ကုိခြဲခြာ မယားကုိပစ္ထားျပီး အလုပ္အတြက္ ခရီးထြက္ၾကရတယ္။
.
.
. နီးနီးဆုိရင္ ျခံစည္းရိုးသာျခားတဲ႕တိုင္းျပည္ေတြကို ဝမ္းစာထြက္ရွာၾကတယ္။ ကမၻာအေနာက္ျခမ္းကိုေတာ႕ အထူးသျဖင္႕ ပညာေရးအတြက္ နဲ႕ ျပည္ခုိလံႈခြင္႕ေတြအတြက္လမ္းစရွာၾကတယ္။ ဒီအထဲမွာ ကြ်န္ေတာ္တုိ႕မိသားစုဟာလည္း ျမန္မာ႕ေျမကုိ မခြဲခြာႏုိင္ေပမယ္႕ အေမရိကန္ေျမဆီလႊာေပၚကုိ ေျပာင္းေရႊ႕လာရပါတယ္။
.
. ကြ်န္ေတာ႕စာေတြထဲမွာ ေနာက္လူေတြဆင္ျခင္ႏုိင္ေအာင္ နဲ႕ လိုက္နာႏုိင္ေအာင္ ဆုိးက်ိဳး နဲ႕ ေကာင္းက်ိဳးေတြကို အျမဲယွဥ္တြဲေရးသားေလ႕ရွိပါတယ္။ အဲဒီထဲမွာ ကိုယ္ၾကံဳဖူးထားျပီးခံစားခဲ႕ရတာေတြနဲ႕ ကိုယ္မၾကံဳရေပမယ္႕ သူမ်ားအေတြအၾကံဳေတြကေန အဆီအႏွစ္ထုတ္ယူထားတာေတြမက ကိုယ္ေရးကိုယ္တာေတြကုိပါထည္႕ေရးသားျပခဲ႕တယ္။
.
.
. ကိုယ္ပိုင္အေၾကာင္းအရာေတြကို လူသိေအာင္လုပ္ျခင္းဟာ ကိုယ္႕ဟာကိုယ္မလံုျခံဳသလိုခံစားလာရတဲ႕ေနာက္ပုိင္း အခုဆိုရင္ ကိုယ္ေရးကိုယ္တာေတြအစား သူမ်ားၾကံဳရတဲ႕အျဖစ္မွန္ေတြကို ပံုေဖာ္ေရးသားျပီး အမ်ားကုိမွ်ေဝျဖစ္လာပါတယ္။ ဒီၾကားထဲစဥ္းစားမိတာက "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာေတြရဲ႕အေၾကာင္း" ဖတ္ရလြယ္ေအာင္ အခန္းဆက္အတုိေလးေတြေရးမိဖို႕ပါပဲ။
.
Unicode Version:
.
.
. "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၁)"
. နေထွက်ရာအရပ်ကိုအရှေ့လို့ခေါ်သလို နံနက်နေထွက်ရာကိုမင်္ဂလာလို့ပြောကြတယ်။ ဒါဟာ လူ့ဘဝရဲ့နေ့သစ်တစ်မနက်ကိုစလိုက်တဲ့အချိန် လူသားအားလုံးရသင့်တဲ့အခွင့်အရေးတစ်ခုကို အိပ်ယာထထချင်းဆုတ်ကိုင်လိုက်တာပါပဲ။
.
. ခက်ခက်ခဲခဲ ကြပ်ကြပ်တည်းတည်းဖြစ်နေတဲ့ဘဝကနေလွတ်မြောက်ကြဖို့ နိုင်ငံအသီးသီးကိုမြန်မာတွေခြေဆန့်ကြတယ်။ တစ်ချို့ဆိုရင် Hand Carry အိပ်လေးတစ်လုံးနဲ့၊ တစ်ချို့ဆိုရင် လင်ကိုခွဲခွာ မယားကိုပစ်ထားပြီး အလုပ်အတွက် ခရီးထွက်ကြရတယ်။
.
.
. နီးနီးဆိုရင် ခြံစည်းရိုးသာခြားတဲ့တိုင်းပြည်တွေကို ဝမ်းစာထွက်ရှာကြတယ်။ ကမ္ဘာအနောက်ခြမ်းကိုတော့ အထူးသဖြင့် ပညာရေးအတွက် နဲ့ ပြည်ခိုလှုံခွင့်တွေအတွက်လမ်းစရှာကြတယ်။ ဒီအထဲမှာ ကျွန်တော်တို့မိသားစုဟာလည်း မြန်မာ့မြေကို မခွဲခွာနိုင်ပေမယ့် အမေရိကန်မြေဆီလွှာပေါ်ကို ပြောင်းရွှေ့လာရပါတယ်။
.
. ကျွန်တော့စာတွေထဲမှာ နောက်လူတွေဆင်ခြင်နိုင်အောင် နဲ့ လိုက်နာနိုင်အောင် ဆိုးကျိုး နဲ့ ကောင်းကျိုးတွေကို အမြဲယှဉ်တွဲရေးသားလေ့ရှိပါတယ်။ အဲဒီထဲမှာ ကိုယ်ကြုံဖူးထားပြီးခံစားခဲ့ရတာတွေနဲ့ ကိုယ်မကြုံရပေမယ့် သူများအတွေအကြုံတွေကနေ အဆီအနှစ်ထုတ်ယူထားတာတွေမက ကိုယ်ရေးကိုယ်တာတွေကိုပါထည့်ရေးသားပြခဲ့တယ်။
.
.
. ကိုယ်ပိုင်အကြောင်းအရာတွေကို လူသိအောင်လုပ်ခြင်းဟာ ကိုယ့်ဟာကိုယ်မလုံခြုံသလိုခံစားလာရတဲ့နောက်ပိုင်း အခုဆိုရင် ကိုယ်ရေးကိုယ်တာတွေအစား သူများကြုံရတဲ့အဖြစ်မှန်တွေကို ပုံဖော်ရေးသားပြီး အများကိုမျှဝေဖြစ်လာပါတယ်။ ဒီကြားထဲစဉ်းစားမိတာက "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတွေရဲ့အကြောင်း" ဖတ်ရလွယ်အောင် အခန်းဆက်အတိုလေးတွေရေးမိဖို့ပါပဲ။
.
.
.
. "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၂)"
. တစ္ရက္ကို (၈) နာရီ၊ တစ္ပတ္ကုိ (၅) ရက္ စုစုေပါင္းေတာ႕ တစ္ပတ္ကို နာရီ (၄ဝ) လုပ္ရတာ ျမန္မာႏုိင္ငံမွာကိုယ္ပုိင္လုပ္ငန္းလုပ္ရတာထက္ အခ်ိန္အားပါတယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕ တစ္ရက္မွာ ကိုယ္ပိုင္အခ်ိန္ (၆) နာရီေလာက္ကုိ ယုိေပါက္မရွိပဲအသံုးခ်ႏုိင္ရင္ အင္မတန္အက်ိဳးရွိတဲ႕သင္ယူမႈေတြလုပ္ႏုိင္တဲ႕ အေမရိကားျဖစ္ေနလို႕ပါပဲ။
.
. ဒီေနရာမွာ ျမန္မာႏိုင္ငံသား ေက်ာင္းသားတစ္ေယာက္နဲ႕အသိအကြ်မ္းျဖစ္တယ္။ သူက စာေတာ္တယ္။ ေလ႕လာသင္ယူတဲ႕ေနရာမွာ ေက်ာင္းသားေပမယ္႕ ဆရာလိုေတာ္တယ္။ ျပန္သင္ေပးႏုိင္တဲ႕အဆင္႕ရွိသလို စာအုပ္စာေပေတြၾကားမွာအေနမ်ားတယ္။ ဒါေၾကာင္႕ ဗဟုသုတၾကြယ္တယ္။ ဒီလိုေကာင္းတဲ႕အခ်က္ေတြရဲ႕နံရံတစ္ဖက္ျခားမွာျဖစ္ေနတဲ႕သူ႕ဘဝက အေပါင္းအသင္းမရွိပဲ ငယ္ဘဝကိုျဖတ္သန္းခဲ႕ရတာကုိေတာ႕ လူသိပ္မသိၾကပါဘူး။
.
.
. အဂၤလိပ္စကားေျပာတဲ႕ႏုိင္ငံကိုေရာက္လာတဲ႕ျမန္မာတစ္ေယာက္ အဂၤလိပ္စာေတာ္တာဂုဏ္ယူစရာေကာင္းလွသလို ျမန္မာမႈကိုခ်စ္ေနတာကလည္း ဝမ္းသာစရာအခ်က္ပဲမဟုတ္ေပဘူးလား။ ဒါေပမယ္႕ ေက်ာင္းနဲ႕အိမ္၊ အိမ္နဲ႕စာၾကည္႕တုိက္၊ စာၾကည္႕တုိက္နဲ႕စားေသာက္ဆိုင္ျဖစ္ေနရင္း သူ႕ပညာေရးရဲ႕အနာဂါတ္ကအညြန္႕တလူလူတက္ေနေပမယ္႕ ေပါင္းသင္းဆက္ဆံေရးမွာအႏႈတ္လကၡဏာျပေနတာကခက္ေနတာပါ။
.
. သိပ္သိ သိပ္တတ္ေနေတာ႕ သူ႕ကိုဘယ္သူမွမေျပာၾကဘူး။ အြန္လိုင္းေပၚကလူေတြက သူတင္တဲ႕ Facebook Status ကို ၾကည္႕ျပီး ဘာျဖစ္ေနသလဲဆိုတာကို ခန္႕မွန္းႏုိင္ၾကတယ္။ အရက္ဘားဆိုလည္း သူေရာက္ေနျပီ။ ညကလပ္လည္း သူလွမ္းမိေနျပီ။ ဘဝရဲ႕အနာဂါတ္ကုိ ညဘက္မွရွာမိေတာ႕ ဘယ္လိုလုပ္ေကာင္းတာေတြေတြ႕ႏုိင္ပါေတာ႕မလဲ?
.
.
. သူ႕အျဖစ္က ကမၻာၾကီးအဆံုးတစ္ဖက္အထိမေရာက္ေသးပါဘူး။ ဆုိလုိတာက It is not the end of the world ဆိုတဲ႕စကားလံုးနဲ႕ကုိက္ညီတဲ႕ခံစားမႈမ်ိဳးနဲ႕သူ႕ကုိအားေပးခ်င္ေနမိတာပါ။ အေမရိကန္ရဲ႕အလယ္တန္း နဲ႕ အထက္တန္းမွာ ေက်ာင္းသားတစ္ေယာက္ဟာ ဘက္စံုေတာ္ေအာင္ေလ႕က်င္႕ေပးရမယ္ဆုိတဲ႕သင္ရိုးညႊန္းတန္းေတြပါတယ္။
.
. တဆက္တည္းမွာ ဖိုနဲ႕မ ဘယ္လုိေရွာင္က်ဥ္ျပီး ကိုယ္ဝန္မရေအာင္ေနတတ္ဖို႕ဆုိတာမ်ိဳးအထိသင္ရတယ္။ ခႏၶာကုိယ္သန္းစြမ္းျပီး အျမဲက်န္းမာေနဖို႕ ကုိယ္ကာယက်န္းမာေရးေလ႕က်င္႕ခန္း - P.E (Physical Education) ဆုိတာ ပါဝင္လႈပ္ရွားရတယ္။ အသင္းအဖြဲ႕နဲ႕ေနတတ္ျခင္း - Teamwork ဆိုတဲ႕အထဲ ကိုယ္ဘယ္ေနရာေနပါဝင္လဲဆုိတာ ေလ႕က်င္႕ရပါတယ္။
.
.
. အေမရိကန္အထက္တန္းေက်ာင္းတက္ခဲ႕ဖူးတဲ႕ ဒီလူငယ္ေလးဟာ အခုဆိုရင္ ပင္လယ္ျပင္မွာသေဘၤာေမွာက္ေနသူတစ္ေယာက္ပါ။ ပညာေရးပင္လယ္ၾကီးထဲမွာ သမီးရည္းစားနတ္သမီးလာကယ္ဖို႕ တစ္ကုိယ္လံုးအရက္ေသရည္ေတြလူးျပီး ပင္လယ္ထဲခုန္ဆင္းဖို႕လုပ္ေနတာကို တကယ္တမ္းအျမင္မေတာ္ေပမယ္႕ ကိုယ္ေျပာ ကိုယ္ဆိုလို႕ နားေထာင္တဲ႕ေနရာမွာရွိေနသူတစ္ေယာက္မဟုတ္ပါဘူး။
.
. ကြ်န္ေတာ္ကလည္း ဘယ္လိုလူၾကီးမွမဟုတ္ေလေတာ႕ ေလထဲမွာပ်ံဝဲတဲ႕ငွက္ငယ္လို ေလေၾကာင္းမမွားရင္ျပီးေရာ၊ အႏၱရာယ္မက်ေရာက္ရင္ျပီးေရာဆိုျပီး စာတစ္ပုဒ္အေနနဲ႕သာမွတ္တမ္းတင္ႏုိင္တယ္။ သူ႕ကုိ အစစအရာရာအနစ္နာခံျပီး အေမရိကားကုိပုိ႕ေပးခဲ႕တဲ႕မိဘေတြသာ ျမန္မာႏုိင္ငံကေန ဒီေဆာင္းပါးကိုဖတ္ျပီး အခ်ိန္မီတားဆီးျပင္ဆင္ႏိုင္ပါေစလို႕သာ ဆုေတာင္းရင္း။
.
.
Unicode Version:
.
.
. "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၂)"
. တစ်ရက်ကို (၈) နာရီ၊ တစ်ပတ်ကို (၅) ရက် စုစုပေါင်းတော့ တစ်ပတ်ကို နာရီ (၄ဝ) လုပ်ရတာ မြန်မာနိုင်ငံမှာကိုယ်ပိုင်လုပ်ငန်းလုပ်ရတာထက် အချိန်အားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ရက်မှာ ကိုယ်ပိုင်အချိန် (၆) နာရီလောက်ကို ယိုပေါက်မရှိပဲအသုံးချနိုင်ရင် အင်မတန်အကျိုးရှိတဲ့သင်ယူမှုတွေလုပ်နိုင်တဲ့ အမေရိကားဖြစ်နေလို့ပါပဲ။
.
. ဒီနေရာမှာ မြန်မာနိုင်ငံသား ကျောင်းသားတစ်ယောက်နဲ့အသိအကျွမ်းဖြစ်တယ်။ သူက စာတော်တယ်။ လေ့လာသင်ယူတဲ့နေရာမှာ ကျောင်းသားပေမယ့် ဆရာလိုတော်တယ်။ ပြန်သင်ပေးနိုင်တဲ့အဆင့်ရှိသလို စာအုပ်စာပေတွေကြားမှာအနေများတယ်။ ဒါကြောင့် ဗဟုသုတကြွယ်တယ်။ ဒီလိုကောင်းတဲ့အချက်တွေရဲ့နံရံတစ်ဖက်ခြားမှာဖြစ်နေတဲ့သူ့ဘဝက အပေါင်းအသင်းမရှိပဲ ငယ်ဘဝကိုဖြတ်သန်းခဲ့ရတာကိုတော့ လူသိပ်မသိကြပါဘူး။
.
.
. အင်္ဂလိပ်စကားပြောတဲ့နိုင်ငံကိုရောက်လာတဲ့မြန်မာတစ်ယောက် အင်္ဂလိပ်စာတော်တာဂုဏ်ယူစရာကောင်းလှသလို မြန်မာမှုကိုချစ်နေတာကလည်း ဝမ်းသာစရာအချက်ပဲမဟုတ်ပေဘူးလား။ ဒါပေမယ့် ကျောင်းနဲ့အိမ်၊ အိမ်နဲ့စာကြည့်တိုက်၊ စာကြည့်တိုက်နဲ့စားသောက်ဆိုင်ဖြစ်နေရင်း သူ့ပညာရေးရဲ့အနာဂါတ်ကအညွန့်တလူလူတက်နေပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာအနှုတ်လက္ခဏာပြနေတာကခက်နေတာပါ။
.
. သိပ်သိ သိပ်တတ်နေတော့ သူ့ကိုဘယ်သူမှမပြောကြဘူး။ အွန်လိုင်းပေါ်ကလူတွေက သူတင်တဲ့ Facebook Status ကို ကြည့်ပြီး ဘာဖြစ်နေသလဲဆိုတာကို ခန့်မှန်းနိုင်ကြတယ်။ အရက်ဘားဆိုလည်း သူရောက်နေပြီ။ ညကလပ်လည်း သူလှမ်းမိနေပြီ။ ဘဝရဲ့အနာဂါတ်ကို ညဘက်မှရှာမိတော့ ဘယ်လိုလုပ်ကောင်းတာတွေတွေ့နိုင်ပါတော့မလဲ?
.
.
. သူ့အဖြစ်က ကမ္ဘာကြီးအဆုံးတစ်ဖက်အထိမရောက်သေးပါဘူး။ ဆိုလိုတာက It is not the end of the world ဆိုတဲ့စကားလုံးနဲ့ကိုက်ညီတဲ့ခံစားမှုမျိုးနဲ့သူ့ကိုအားပေးချင်နေမိတာပါ။ အမေရိကန်ရဲ့အလယ်တန်း နဲ့ အထက်တန်းမှာ ကျောင်းသားတစ်ယောက်ဟာ ဘက်စုံတော်အောင်လေ့ကျင့်ပေးရမယ်ဆိုတဲ့သင်ရိုးညွှန်းတန်းတွေပါတယ်။
.
. တဆက်တည်းမှာ ဖိုနဲ့မ ဘယ်လိုရှောင်ကျဉ်ပြီး ကိုယ်ဝန်မရအောင်နေတတ်ဖို့ဆိုတာမျိုးအထိသင်ရတယ်။ ခန္ဓာကိုယ်သန်းစွမ်းပြီး အမြဲကျန်းမာနေဖို့ ကိုယ်ကာယကျန်းမာရေးလေ့ကျင့်ခန်း - P.E (Physical Education) ဆိုတာ ပါဝင်လှုပ်ရှားရတယ်။ အသင်းအဖွဲ့နဲ့နေတတ်ခြင်း - Teamwork ဆိုတဲ့အထဲ ကိုယ်ဘယ်နေရာနေပါဝင်လဲဆိုတာ လေ့ကျင့်ရပါတယ်။
.
.
. အမေရိကန်အထက်တန်းကျောင်းတက်ခဲ့ဖူးတဲ့ ဒီလူငယ်လေးဟာ အခုဆိုရင် ပင်လယ်ပြင်မှာသင်္ဘောမှောက်နေသူတစ်ယောက်ပါ။ ပညာရေးပင်လယ်ကြီးထဲမှာ သမီးရည်းစားနတ်သမီးလာကယ်ဖို့ တစ်ကိုယ်လုံးအရက်သေရည်တွေလူးပြီး ပင်လယ်ထဲခုန်ဆင်းဖို့လုပ်နေတာကို တကယ်တမ်းအမြင်မတော်ပေမယ့် ကိုယ်ပြော ကိုယ်ဆိုလို့ နားထောင်တဲ့နေရာမှာရှိနေသူတစ်ယောက်မဟုတ်ပါဘူး။
.
. ကျွန်တော်ကလည်း ဘယ်လိုလူကြီးမှမဟုတ်လေတော့ လေထဲမှာပျံဝဲတဲ့ငှက်ငယ်လို လေကြောင်းမမှားရင်ပြီးရော၊ အန္တရာယ်မကျရောက်ရင်ပြီးရောဆိုပြီး စာတစ်ပုဒ်အနေနဲ့သာမှတ်တမ်းတင်နိုင်တယ်။ သူ့ကို အစစအရာရာအနစ်နာခံပြီး အမေရိကားကိုပို့ပေးခဲ့တဲ့မိဘတွေသာ မြန်မာနိုင်ငံကနေ ဒီဆောင်းပါးကိုဖတ်ပြီး အချိန်မီတားဆီးပြင်ဆင်နိုင်ပါစေလို့သာ ဆုတောင်းရင်း။
.
.
.
. "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၃)"
. " တြာကိုး ကို မွတ္မိလို႔ကြ်န္ေတာ္ဖုန္းဆက္တာ" ဒီလိုဖုန္းဆက္လာသူက "ဖိုးေက်ာ္" တဲ႕။ သူက ကြ်န္ေတာ္ေနတဲ႕အေနာက္ဖက္ျခမ္းမဟုတ္ပဲ ဟုိဘက္ အေမရိကားရဲ႕အေရွ႕ဘက္ျခမ္းမွာေနသူတစ္ေယာက္ပါ။ အမ်ိဳးသမီးပါလာတယ္။ သားသမီးပိစိေကြးေလး (၃) ေယာက္ရွိတယ္။ ဆူရွီလိပ္ဖို႕ၾကိဳးစားတယ္။ အစပိုင္း က်ိဳးႏြံတယ္။ ေနာက္တစ္ေခါက္ဖုန္းဆက္ေတာ႕ . .။
.
. "တြာကိုး ကို ကြ်န္ေတာ္က ဒီအလုပ္လုပ္ေစခ်င္တာ။ ကြ်န္ေတာ္အဲဒီဘက္မွာလာလုပ္ရင္အဆင္ေျပမလား? တြာကိုး ကို ကြ်န္ေတာ္အစကတည္းကေျပာသားပဲ။ အခု ကြ်န္ေတာ္ တစ္ပတ္ကို (၆) ရက္လုပ္တယ္။ အလုပ္နဲ႕နီးတဲ႕နားမွာ အခန္းသပ္သပ္ငွားေနတယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ဆူရွီေရာင္းေကာင္းတဲ႕နားမွာလုပ္တဲ႕လူေတြကမ်ားေနျပီးသား"
.
.
. "တစ္ပတ္ကိုတစ္ရက္ ဆုိင္ကေန အိမ္ျပန္တယ္။ မိသားစုကိုအခ်ိန္ေပးတယ္။ လုပ္စရာရွိတာလုပ္ေပးတယ္။ (၂) နာရီခြဲေလာက္ေမာင္းျပန္ရေတာ႕ ေနာက္တစ္ေန႕အေစာၾကီး ဆူရွီဆုိင္ဘက္ျပန္ေမာင္းျပန္လာတယ္။ အခု ကြ်န္ေတာ္က ဆုိင္ (၂) ဆိုင္ ကိုင္ေနျပီေလ။ ေနာက္ဆိုရင္ (၃) ဆိုင္ အပိုင္ယူေတာ႕မယ္"
.
. ဖိုးေက်ာ္ ဖုန္းခ်သြားျပီးတဲ႕ေနာက္မွာ ကြ်န္ေတာ္ငုိင္က်သြားတယ္။ ကိုယ္တိုင္အေမရိကားလာခါနီးေလးမွာ ရန္ကုန္မွာသိခဲ႕တဲ႕သူတစ္ေယာက္က အေမရိကားကေန ရန္ကုန္ကုိျပန္လာတုန္း ဆူရွီအေၾကာင္းသြားေမးဖူးတယ္။ သူက "ကုိညီ ေရာက္ရင္ ဖုန္းဆက္လိုက္။ ကြ်န္ေတာ္လမ္းျပေပးမယ္။ အားလံုးအဆင္ေျပရမယ္" လို႕ သတင္းေပးခဲ႕တယ္။
.
.
. အဲဒီပုဂိၢဳလ္နဲ႕ အခုအထိအဆက္အသြယ္ရွိေနတုန္းျဖစ္ေပမယ္႕ အဲဒီတုန္းက ကြ်န္ေတာ္ ဆူရွီလုပ္ငန္း သြားမလုပ္ခဲ႕ဘူး။ ပင္ပန္းေပမယ္႕ ခ်မ္းသာႏုိင္တယ္ဆုိတာသိတယ္။ ဒါ႕အျပင္ ကိုယ္ပိုင္လုပ္ငန္းျဖစ္လို႕ လြတ္လပ္ခြင္႕မ်ားမယ္ . . တက္လမ္းေတြ႕လြယ္မယ္ဆိုတာသိတယ္။ ဘယ္လိုစဥ္းစားစဥ္းစား ကြ်န္ေတာ္မသြားခဲ႕ဘူး။ ဘာျဖစ္လို႕လဲဆုိေတာ႕ "မိသားစုကိုမခြဲသြားႏုိင္လို႕ပါပဲ"
.
. ဖိုးေက်ာ္ေျပာတဲ႕တက္ၾကြေစတဲ႕စကားလံုးေတြရဲ႕ေအာက္မွာ ေနာင္တတစ္ခြဲသားနဲ႕ကြ်န္ေတာ္ျပားျပားဝပ္ခံစားခဲ႕ရတယ္ဆုိတာဝန္ခံပါတယ္။ အဲဒီတုန္းကသာ ကြ်န္ေတာ္ဆူရွီလုပ္ခဲ႕ရင္ အခုအခ်ိန္ထက္ အဆေပါင္းမ်ားစြာ ခ်မ္းသာေနႏုိင္တယ္။ ဒါေပမယ္႕ ကြ်န္ေတာ႕သားသမီးေတြ အခုလိုပညာတတ္ျဖစ္မျဖစ္ မေသခ်ာႏုိင္ဘူးေလ။ ဒါေၾကာင္႕ သူ႕လုိမလုပ္ခဲ႕တာပဲ မွားေနျပီလား? . . .
.
.
. ေနာက္ (၈) လ ခန္႕အၾကာ . .။
.
. "တြာကိုး တြာကုိး"
. "တြာကိုး ကို ေျပာစရာရွိလို႕။ အသိဆုိလည္းတြာကိုးနဲ႕ေနာက္တစ္ေယာက္ပဲ ကြ်န္ေတာ႕မွာရွိတာ။ အခုေလ ကြ်န္ေတာ္က အိမ္မွာကေလးထိန္းေနျပီး အမ်ိဳးသမီးက အလုပ္လုပ္ေနတယ္။ သူ႕ကုိမလုပ္ပါနဲ႕ဆုိတာလည္း ေျပာလို႕မရဘူး။ ကြ်န္ေတာ္ကန္ထရိုက္ယူထားတဲ႕ ဆူရွီကုမၸဏီျပဳတ္သြားတယ္ေလ။ ဒါေၾကာင္႕ သူ အလုပ္ထြက္လုပ္ရတာ"
.
.
. "သူအလုပ္သြားလုပ္တဲ႕ေနရာက ကြ်န္ေတာ္ေနတဲ႕ဘက္မွာ နာမယ္ၾကီး ဝက္သတ္စက္ရံု။ တစ္ပတ္ကုိ (၆) ရက္လုပ္ရတယ္။ သူ အင္မတန္ပင္ပန္းတယ္။ ကြ်န္ေတာ္က စီးပြားပ်က္သြားေတာ႕ သူမလုပ္ရင္ ဘယ္သူက အိမ္ငွားခလာေပးမလဲဆုိျပီး လင္မယားရန္ျဖစ္တာက စတယ္ထင္တယ္ဗ်။ စိတ္ဖိစီးလိုက္တာလည္းလြန္ေရာပဲ"
.
. "ေနာက္ပိုင္းအပ်က္အပ်က္နဲ႕ "သူမ်ားေတြအိမ္ဝယ္ႏုိင္တယ္ နင္က ဘာမွအသံုးမက်ဘူး" တို႕ . . အိမ္က ဘုရားစင္ကုိ ရုိက္ခ်ိဳးပစ္လိုက္တာတို႕ . . ေနာက္ဆံုး . . ေနာက္ဆံုး . . ျပီးခဲ႕တဲ႕တစ္ပတ္က အလုပ္ကိုအသြား ကားရပ္ျပီး တံတားေပၚကခုန္ခ်ျပီး သူ႕ဟာသူသတ္ေသတယ္တဲ႕ေလ။ တံတားက ေပ (၈ဝ) ေလာက္ျမင္႕တာ။ ေအာက္မွာေတာ႕ ေရစီးရွိေနလို႕ အသက္ရွိေနေသးတာ တြာကုိး . . သူအခု သတိမရေသးဘူး . . ေဆးရံုကုိအေရးေပၚတင္ထားတယ္"
.
. ကြ်န္ေတာ္စိတ္မေကာင္းဘူး။ ဘာျဖစ္လို႕လဲ? ဘာေၾကာင္႕မုိ႕လို႕ ဒီလုိၾကိဳးစားမယ္႕သူက်မွ ဒီလိုအျဖစ္ဆုိးေတြျဖစ္ရတာလဲ? အေမရိကားမွာ ဒီလိုအခ်ိန္မ်ိဳးမွာတုိင္ပင္ေဖာ္တုိင္ပင္ဘက္တစ္ေယာက္ေလာက္ ဘာေၾကာင္႕ ဒီေလာက္ရွားရတာလဲ? အေရးအေၾကာင္းဆိုရင္ ကူညီမယ္႕သူတစ္ေယာက္ေယာက္ ဘာေၾကာင္႕ေရာက္မလာႏုိင္ရတာလဲ? ဆိုတဲ႕ေမးခြန္းေတြတစ္ေယာက္တည္း ေမးေနမိတယ္။
.
. ေနာက္ထပ္ (၉) ရက္ . .။
.
. "တြားကုိးေရ . . ကြ်န္ေတာ႕မိန္းမ ဆံုးသြားျပီ။ ကြ်န္ေတာ္ရသေလာက္ သူ႕ကုိကုပါေသးတယ္။ ဒါေပမယ္႕ ကိုယ္႕စားရိတ္နဲ႕ကိုယ္ အေရးေပၚအခန္း ICU - Intensive Care Unit မွာထားရင္ တစ္ရက္ကုိေဒၚလာ (၁ဝဝဝဝ) ဆုိေတာ႕ ကြ်န္ေတာ္မခံႏုိင္ေတာ႕ဘူး။ ခ်န္ထားတဲ႕ေငြေတြကလည္း အလုပ္ျပဳတ္သြားျပီးကတည္းက အိမ္လခ (၃) လစာေပးလိုက္တာနဲ႕တင္ ေဒၚလာ (၇ဝဝဝ) ေလာက္ကုန္သြားျပီ။ အခု ကေလး (၃) ေယာက္နဲ႕ ေငြက ေဒၚလာေထာင္ဂဏန္းပဲက်န္တာ"
.
. (အဲဒီအခ်ိန္မွာ ကေလးအလတ္က ကေလးအငယ္လက္ထဲကပစၥည္းကုိလုယူလိုက္တဲ႕အခါ) ဖုန္းသံထဲမွဆက္ၾကားရတာက . .
.
. "နင္တို႕တိတ္တိတ္ေနၾကစမ္းပါကြာ . . နင္တို႕ မာမားလည္းမရွိေတာ႕ဘူး။ ငါလည္း ေသခ်င္တာပဲ . . ဟီး . . ဟီး" ဆိုျပီး ငိုခ်ပါေတာ႕တယ္။ ကြ်န္ေတာ္သိလိုက္ပါျပီ။ ဒါမွ အေမရိကန္ေျမေပၚမွာ အမွန္တကယ္ ေလသေဘၤာေမွာက္တာပါပဲ။ ေအာင္ျမင္တုန္းကအေပၚတက္ခဲ႕တဲ႕ေလသေဘၤာဟာ ေလအႏြဲ႕မွာ ေခြလ်က္ ေၾကြပ်က္ခဲ႕ရပါျပီ။
.
.
. ေနာက္ (၂) ရက္ေနေတာ႕ ဖုန္းဆက္သူက ဒီတစ္ခါ ဖိုးေက်ာ္မဟုတ္ပဲ ကြ်န္ေတာ္က စဆက္လိုက္ပါတယ္။ သူ႕အေျခအေန ဘယ္လိုရွိသလဲဆိုတာသိခ်င္ေနတာကိုး။ ဒီအခါမွာ သူကေမးတယ္ "ကြ်န္ေတာ္သိခ်င္တာက ကေလး (၃) ေယာက္ကိုျမန္မာျပည္မွာသြားထားျပီး ေနာက္ ကြ်န္ေတာ္အဆင္ေျပမွ ျပန္သြားေခၚရင္ေကာင္းမလားလို႕ တြာကုိးကိုေမးၾကည္႕တာ"
.
. မဆုိင္းမတြ တစ္ခြန္းတည္း ကြ်န္ေတာ္္ေျဖလိုက္တယ္ "No . . !"
. တစ္ဆက္တည္း သူ႕ကိုေမးလိုက္တယ္ "ဖိုးေက်ာ္ . . မင္း အေမရိကားလာတာ ဘာရည္ရြယ္ခ်က္လဲ" လို႕ . .။
.
. ဖိုးေက်ာ္ျပန္ေျဖတယ္ "ကြ်န္ေတာ႕သားသမီးေတြ ပညာတတ္ျဖစ္ေအာင္လို႕ပါ" တဲ႕ . .။
.
.
Unicode Version:
.
.
. "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၃)"
. " တွာကိုး ကို မှတ်မိလို့ကျွန်တော်ဖုန်းဆက်တာ" ဒီလိုဖုန်းဆက်လာသူက "ဖိုးကျော်" တဲ့။ သူက ကျွန်တော်နေတဲ့အနောက်ဖက်ခြမ်းမဟုတ်ပဲ ဟိုဘက် အမေရိကားရဲ့အရှေ့ဘက်ခြမ်းမှာနေသူတစ်ယောက်ပါ။ အမျိုးသမီးပါလာတယ်။ သားသမီးပိစိကွေးလေး (၃) ယောက်ရှိတယ်။ ဆူရှီလိပ်ဖို့ကြိုးစားတယ်။ အစပိုင်း ကျိုးနွံတယ်။ နောက်တစ်ခေါက်ဖုန်းဆက်တော့ . .။
.
. "တွာကိုး ကို ကျွန်တော်က ဒီအလုပ်လုပ်စေချင်တာ။ ကျွန်တော်အဲဒီဘက်မှာလာလုပ်ရင်အဆင်ပြေမလား? တွာကိုး ကို ကျွန်တော်အစကတည်းကပြောသားပဲ။ အခု ကျွန်တော် တစ်ပတ်ကို (၆) ရက်လုပ်တယ်။ အလုပ်နဲ့နီးတဲ့နားမှာ အခန်းသပ်သပ်ငှားနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆူရှီရောင်းကောင်းတဲ့နားမှာလုပ်တဲ့လူတွေကများနေပြီးသား"
.
.
. "တစ်ပတ်ကိုတစ်ရက် ဆိုင်ကနေ အိမ်ပြန်တယ်။ မိသားစုကိုအချိန်ပေးတယ်။ လုပ်စရာရှိတာလုပ်ပေးတယ်။ (၂) နာရီခွဲလောက်မောင်းပြန်ရတော့ နောက်တစ်နေ့အစောကြီး ဆူရှီဆိုင်ဘက်ပြန်မောင်းပြန်လာတယ်။ အခု ကျွန်တော်က ဆိုင် (၂) ဆိုင် ကိုင်နေပြီလေ။ နောက်ဆိုရင် (၃) ဆိုင် အပိုင်ယူတော့မယ်"
.
. ဖိုးကျော် ဖုန်းချသွားပြီးတဲ့နောက်မှာ ကျွန်တော်ငိုင်ကျသွားတယ်။ ကိုယ်တိုင်အမေရိကားလာခါနီးလေးမှာ ရန်ကုန်မှာသိခဲ့တဲ့သူတစ်ယောက်က အမေရိကားကနေ ရန်ကုန်ကိုပြန်လာတုန်း ဆူရှီအကြောင်းသွားမေးဖူးတယ်။ သူက "ကိုညီ ရောက်ရင် ဖုန်းဆက်လိုက်။ ကျွန်တော်လမ်းပြပေးမယ်။ အားလုံးအဆင်ပြေရမယ်" လို့ သတင်းပေးခဲ့တယ်။
.
.
. အဲဒီပုဂ္ဂိုလ်နဲ့ အခုအထိအဆက်အသွယ်ရှိနေတုန်းဖြစ်ပေမယ့် အဲဒီတုန်းက ကျွန်တော် ဆူရှီလုပ်ငန်း သွားမလုပ်ခဲ့ဘူး။ ပင်ပန်းပေမယ့် ချမ်းသာနိုင်တယ်ဆိုတာသိတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းဖြစ်လို့ လွတ်လပ်ခွင့်များမယ် . . တက်လမ်းတွေ့လွယ်မယ်ဆိုတာသိတယ်။ ဘယ်လိုစဉ်းစားစဉ်းစား ကျွန်တော်မသွားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ "မိသားစုကိုမခွဲသွားနိုင်လို့ပါပဲ"
.
. ဖိုးကျော်ပြောတဲ့တက်ကြွစေတဲ့စကားလုံးတွေရဲ့အောက်မှာ နောင်တတစ်ခွဲသားနဲ့ကျွန်တော်ပြားပြားဝပ်ခံစားခဲ့ရတယ်ဆိုတာဝန်ခံပါတယ်။ အဲဒီတုန်းကသာ ကျွန်တော်ဆူရှီလုပ်ခဲ့ရင် အခုအချိန်ထက် အဆပေါင်းများစွာ ချမ်းသာနေနိုင်တယ်။ ဒါပေမယ့် ကျွန်တော့သားသမီးတွေ အခုလိုပညာတတ်ဖြစ်မဖြစ် မသေချာနိုင်ဘူးလေ။ ဒါကြောင့် သူ့လိုမလုပ်ခဲ့တာပဲ မှားနေပြီလား? . . .
.
.
. နောက် (၈) လ ခန့်အကြာ . .။
.
. "တွာကိုး တွာကိုး"
. "တွာကိုး ကို ပြောစရာရှိလို့။ အသိဆိုလည်းတွာကိုးနဲ့နောက်တစ်ယောက်ပဲ ကျွန်တော့မှာရှိတာ။ အခုလေ ကျွန်တော်က အိမ်မှာကလေးထိန်းနေပြီး အမျိုးသမီးက အလုပ်လုပ်နေတယ်။ သူ့ကိုမလုပ်ပါနဲ့ဆိုတာလည်း ပြောလို့မရဘူး။ ကျွန်တော်ကန်ထရိုက်ယူထားတဲ့ ဆူရှီကုမ္ပဏီပြုတ်သွားတယ်လေ။ ဒါကြောင့် သူ အလုပ်ထွက်လုပ်ရတာ"
.
.
. "သူအလုပ်သွားလုပ်တဲ့နေရာက ကျွန်တော်နေတဲ့ဘက်မှာ နာမယ်ကြီး ဝက်သတ်စက်ရုံ။ တစ်ပတ်ကို (၆) ရက်လုပ်ရတယ်။ သူ အင်မတန်ပင်ပန်းတယ်။ ကျွန်တော်က စီးပွားပျက်သွားတော့ သူမလုပ်ရင် ဘယ်သူက အိမ်ငှားခလာပေးမလဲဆိုပြီး လင်မယားရန်ဖြစ်တာက စတယ်ထင်တယ်ဗျ။ စိတ်ဖိစီးလိုက်တာလည်းလွန်ရောပဲ"
.
. "နောက်ပိုင်းအပျက်အပျက်နဲ့ "သူများတွေအိမ်ဝယ်နိုင်တယ် နင်က ဘာမှအသုံးမကျဘူး" တို့ . . အိမ်က ဘုရားစင်ကို ရိုက်ချိုးပစ်လိုက်တာတို့ . . နောက်ဆုံး . . နောက်ဆုံး . . ပြီးခဲ့တဲ့တစ်ပတ်က အလုပ်ကိုအသွား ကားရပ်ပြီး တံတားပေါ်ကခုန်ချပြီး သူ့ဟာသူသတ်သေတယ်တဲ့လေ။ တံတားက ပေ (၈ဝ) လောက်မြင့်တာ။ အောက်မှာတော့ ရေစီးရှိနေလို့ အသက်ရှိနေသေးတာ တွာကိုး . . သူအခု သတိမရသေးဘူး . . ဆေးရုံကိုအရေးပေါ်တင်ထားတယ်"
.
. ကျွန်တော်စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲ? ဘာကြောင့်မို့လို့ ဒီလိုကြိုးစားမယ့်သူကျမှ ဒီလိုအဖြစ်ဆိုးတွေဖြစ်ရတာလဲ? အမေရိကားမှာ ဒီလိုအချိန်မျိုးမှာတိုင်ပင်ဖော်တိုင်ပင်ဘက်တစ်ယောက်လောက် ဘာကြောင့် ဒီလောက်ရှားရတာလဲ? အရေးအကြောင်းဆိုရင် ကူညီမယ့်သူတစ်ယောက်ယောက် ဘာကြောင့်ရောက်မလာနိုင်ရတာလဲ? ဆိုတဲ့မေးခွန်းတွေတစ်ယောက်တည်း မေးနေမိတယ်။
.
. နောက်ထပ် (၉) ရက် . .။
.
. "တွားကိုးရေ . . ကျွန်တော့မိန်းမ ဆုံးသွားပြီ။ ကျွန်တော်ရသလောက် သူ့ကိုကုပါသေးတယ်။ ဒါပေမယ့် ကိုယ့်စားရိတ်နဲ့ကိုယ် အရေးပေါ်အခန်း ICU - Intensive Care Unit မှာထားရင် တစ်ရက်ကိုဒေါ်လာ (၁ဝဝဝဝ) ဆိုတော့ ကျွန်တော်မခံနိုင်တော့ဘူး။ ချန်ထားတဲ့ငွေတွေကလည်း အလုပ်ပြုတ်သွားပြီးကတည်းက အိမ်လခ (၃) လစာပေးလိုက်တာနဲ့တင် ဒေါ်လာ (ရဝဝဝ) လောက်ကုန်သွားပြီ။ အခု ကလေး (၃) ယောက်နဲ့ ငွေက ဒေါ်လာထောင်ဂဏန်းပဲကျန်တာ"
.
. (အဲဒီအချိန်မှာ ကလေးအလတ်က ကလေးအငယ်လက်ထဲကပစ္စည်းကိုလုယူလိုက်တဲ့အခါ) ဖုန်းသံထဲမှဆက်ကြားရတာက . .
.
. "နင်တို့တိတ်တိတ်နေကြစမ်းပါကွာ . . နင်တို့ မာမားလည်းမရှိတော့ဘူး။ ငါလည်း သေချင်တာပဲ . . ဟီး . . ဟီး" ဆိုပြီး ငိုချပါတော့တယ်။ ကျွန်တော်သိလိုက်ပါပြီ။ ဒါမှ အမေရိကန်မြေပေါ်မှာ အမှန်တကယ် လေသင်္ဘောမှောက်တာပါပဲ။ အောင်မြင်တုန်းကအပေါ်တက်ခဲ့တဲ့လေသင်္ဘောဟာ လေအနွဲ့မှာ ခွေလျက် ကြွေပျက်ခဲ့ရပါပြီ။
.
.
. နောက် (၂) ရက်နေတော့ ဖုန်းဆက်သူက ဒီတစ်ခါ ဖိုးကျော်မဟုတ်ပဲ ကျွန်တော်က စဆက်လိုက်ပါတယ်။ သူ့အခြေအနေ ဘယ်လိုရှိသလဲဆိုတာသိချင်နေတာကိုး။ ဒီအခါမှာ သူကမေးတယ် "ကျွန်တော်သိချင်တာက ကလေး (၃) ယောက်ကိုမြန်မာပြည်မှာသွားထားပြီး နောက် ကျွန်တော်အဆင်ပြေမှ ပြန်သွားခေါ်ရင်ကောင်းမလားလို့ တွာကိုးကိုမေးကြည့်တာ"
.
. မဆိုင်းမတွ တစ်ခွန်းတည်း ကျွန်တော််ဖြေလိုက်တယ် "No . . !"
. တစ်ဆက်တည်း သူ့ကိုမေးလိုက်တယ် "ဖိုးကျော် . . မင်း အမေရိကားလာတာ ဘာရည်ရွယ်ချက်လဲ" လို့ . .။
.
. ဖိုးကျော်ပြန်ဖြေတယ် "ကျွန်တော့သားသမီးတွေ ပညာတတ်ဖြစ်အောင်လို့ပါ" တဲ့ . .။
.
.
. "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၄)"
. အိမ္တစ္အိမ္ကုိကြ်န္ေတာ္ေရာက္ဖူးတယ္။ အိမ္ၾကီးအိမ္ေကာင္းမွာေနၾကသူေတြပီပီ ျမန္မာဘုန္းၾကီးေက်ာင္းေတြမွာဆုိလည္း လွဴတာ ဒါန္းတာ လက္မေႏွးတဲ႕လင္မယားနဲ႕သိကြ်မ္းခြင္႕ရခဲ႕တယ္။ သူတုိ႕ေနတဲ႕ရပ္ကြက္ဟာ အေတာ္အတင္႕ေအးခ်မ္းျပီး ေငြေၾကးခ်မ္းသာသူလူလတ္တန္းစားအမ်ားစုရွိၾကတာျဖစ္လိုိ႕ အိမ္ေစ်းကၾကီးျမင္႕တဲ႕ေဒသထဲမွာပါပါတယ္။
.
. သူတို႕အိမ္မွာလုိတာမွန္သမွ်အကုန္ရွိတယ္။ အဝတ္ေလွ်ာက္ဆပ္ျပာ၊ အိမ္သာသံုးစကၠဴ၊ သြားၾကားထုိးတံကအစ မရမရွိရေလေအာင္ မီနီမားကက္အလား အစံု အစံုရွိတယ္။ မရွိတာက တစ္ခုပဲ . . "စည္းကမ္း"
.
.
. ဒါေပမယ္႕အဲဒီအိမ္ကုိသြားလည္ရင္ေတာ႕ အိမ္ေရွ႕ကေန အိမ္ေနာက္ေဖးေရာက္ဖုိ႕ေျမပံုဆြဲသြားရမယ္။ အိမ္ရွင္အစ္မၾကီးဝယ္သမွ် ဟုိနားတင္ ဒီနားတင္ နဲ႕ ေနာက္လူကလည္းမရွင္းတဲ႕အခါ ပစၥည္းေတြက ထမင္းစားပြဲခံုေပၚမွာ၊ ေလွခါးထစ္မွာ၊ ေျခသုတ္ခံုနားမွာ၊ ဆုိဖာေပၚမွာ၊ အိပ္ယာေပၚမွာ (အဲဒါကေတာ႕မွန္းေျပာတာ အိပ္ခန္းထဲမဝင္ခဲ႕ဘူး) လက္ကိုင္တန္းေပၚမွာ . . ဒုတိယကမၻာစစ္ကေျမျမွဳပ္မုိင္းေထာင္ထားေျမျပင္အလား အထင္မွတ္မွားရပါလိမ္႕မယ္။
.
. ဒီလိုမ်ိဳး အိမ္တြင္းမွာစီမံခြန္႕ခြဲမႈနည္းပါးတာခ်ည္းလားဆိုေတာ႕ မဟုတ္ေသးဘူး . . အထက္တန္းေက်ာင္းေရာက္ေနတဲ႕ ABB - American Born Burmese ျမန္မာမိန္းကေလးသမီးငယ္ကို ထိန္းရာမွာလည္း အားနည္းခဲ႕ပံုရတယ္။
.
.
. ေက်ာင္းအတက္ကုိ မိဘကပို႕ေပးေပမယ္႕ လင္ေရာ မယားေရာ အလုပ္ခြင္ဝင္ေနရလို႕ ေက်ာင္းမၾကိဳႏုိင္ဘူး။ အဲဒီကေနဆက္ကာ ဆက္ကာ ျဖစ္လာေတာ႕ ေနာက္ပိုင္း ABB ေလးဟာ ေက်ာင္းအျပန္အိမ္လိုက္ပို႕တဲ႕ေကာင္ေလးအေဖာ္ရလာတယ္။ ေနာက္ေတာ႕ အေမရိကန္မွာေတြ႕ရင္မထူးဆန္းတဲ႕ လမ္းေဘးမွာအနမ္းပန္းေခြ်ရင္း လန္းဆန္းေနျခင္းဟာ မိဘေတြ ေနျပင္းျပင္းမွာအလုပ္လုပ္ေနတဲ႕ ညေနခင္းေလးေတြရဲ႕ အမွတ္တရေျခရာေတြက်န္လာေနပါေတာ႕တယ္။
.
. အေမရိကန္အထက္တန္းေက်ာင္းမွာ သမီးရည္းစားထားတာမဆန္းေပမယ္႕ အိမ္ေထာင္က်သြားတဲ႕အထိျဖစ္ခဲ႕တာ မိဘခ်င္းကိုယ္ခ်င္းစာျပီး ရင္ထုမနာျဖစ္ရတယ္။ ဒီလိုနဲ႕ အဲဒီ ABB သမီးေလးဟာ အထက္တန္းေက်ာင္းျပီးတာနဲ႕အတူ ကေလးကင္ပြန္းတပ္ပြဲကို တြဲလုပ္ရတဲ႕အေျခအေနအထိျဖစ္ခဲ႕ေလတယ္။
.
.
. အခုဒီလိုေရးျပတာဟာ ကာယကံရွင္မိသားစုကုိထိခုိက္ေစလိုရင္းမရွိပဲ မိဘေနရာက ဘယ္ေလာက္ခံစားခက္ခဲေစမလဲဆုိတာကုိ မျမိဳသိပ္ထားႏုိင္လို႕သာ ျဖစ္ပါတယ္။ ABB ေလးဟာ ေနာက္ဆံုးေတာ႕ ေကာလိပ္တက္ရင္း ကေလးတစ္ဖက္နဲ႕ဆက္မတက္ႏုိင္ေတာ႕ပဲ ေက်ာင္းတန္းလန္းျဖစ္သြားရတယ္။
.
. အခုဆုိရင္ က်ားက်ားယားယားၾကီး နဲ႕ အေမရိကန္ဆန္ဆန္ ကုန္ပို႕လုပ္ငန္းခြင္ဝင္ေနတာေတြ႕ေနရတယ္။ ဒါနဲ႕ သူ႕အမ်ိဳးသားေကာင္ေလးေရာလို႕ ပတ္ဝန္းက်င္ကိုေမးၾကည္႕တဲ႕အခါ ကေလးရျပီးတာနဲ႕ အဲဒီေကာင္ေလးက သူကိုလမး္ခြဲလိုက္ပါသတဲ႕ . .။
.
.
. အမွန္တကယ္က မိဘက သားသမီးကိုအခ်ိန္ေပးရမွာလား? သားသမီးရဲ႕ေနထိုင္မႈဘဝေတြဟာ မိဘအေပၚမွာအားကုိးရမွာလားဆိုတဲ႕အေျဖကိုအသာထားျပီး ဆံုးျဖတ္ခ်က္လမ္းမွားကိုေရာက္သြားႏိုင္ေလာက္တဲ႕အေျခအေနကုိအခ်ိန္မီသိသင္႕၊ အနားမွရွိသင္႕၊ လမ္းမွန္ကုိျပန္တည္႕မတ္ႏိုင္ေအာင္သိသင္႕တာက မိဘေတြကိုယ္တိုင္ပဲ ျဖစ္ပါတယ္။
.
. အေမရိကားမွာကုိယ္႕အိမ္သူအိမ္သားတိုင္း အလုပ္သြား၊ ေက်ာင္းသြား၊ ထမင္းစား ဘယ္တစ္ခုမွ အခ်ိန္ဇယားမကိုက္ပါဘူး။ ဒီအတုိင္းသာ ငါ႕ကိစၥသာ ငါ အေရးၾကီးတယ္ဆုိလို႕ကေတာ႕ အရာအားလံုးကိုပုိင္ဆိုင္ခ်င္တဲ႕ေလာဘကသာ ကိုယ္တန္ဖိုးထားတဲ႕ပစၥည္း၊ ကိုယ္ၾကိဳက္ႏွစ္သက္လွတဲ႕ရတနာ၊ ကိုယ္ျမတ္ႏုိးလွတဲ႕အေသြးအသားေတြကို လုယူသြားတတ္စျမဲပါ။
.
.
. ဒီအျဖစ္အပ်က္ကုိၾကည္႕ျပီး စာဖတ္သူေတြက သင္ခန္းစာယူတတ္ဖို႕လိုပါတယ္။ ဘာေၾကာင္႕လဲလဲ မာန္မခ်ဖို႕လိုပါတယ္ . . ဟန္ခ်က္မပ်က္ဖို႕လိုပါတယ္။ ကုိယ္႕မွာလည္း သားသမီးရွိေနတာ အျမဲသတိခ်ပ္ဖို႕လိုပါတယ္။ တကယ္လို႕ မွားခဲ႕ရင္ေတာင္ "No matter how hard the wind blows, the strong mountain must not move." ဆုိတဲ႕အဆုိအမိန္႕ေလးတစ္ခုအတုိင္းပါပဲ . . ေလဘယ္ေလာက္ထန္ေနပါေစ ေတာင္႕တင္းတဲ႕ေတာင္တန္းေတြဆုိတာ ဘယ္ေတာ႕မွမေရြ႕ပါခင္ဗ်ား . .။
.
.
Unicode Version:
.
.
. "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၄)"
. အိမ်တစ်အိမ်ကိုကျွန်တော်ရောက်ဖူးတယ်။ အိမ်ကြီးအိမ်ကောင်းမှာနေကြသူတွေပီပီ မြန်မာဘုန်းကြီးကျောင်းတွေမှာဆိုလည်း လှူတာ ဒါန်းတာ လက်မနှေးတဲ့လင်မယားနဲ့သိကျွမ်းခွင့်ရခဲ့တယ်။ သူတို့နေတဲ့ရပ်ကွက်ဟာ အတော်အတင့်အေးချမ်းပြီး ငွေကြေးချမ်းသာသူလူလတ်တန်းစားအများစုရှိကြတာဖြစ်လိို့ အိမ်စျေးကကြီးမြင့်တဲ့ဒေသထဲမှာပါပါတယ်။
.
. သူတို့အိမ်မှာလိုတာမှန်သမျှအကုန်ရှိတယ်။ အဝတ်လျှောက်ဆပ်ပြာ၊ အိမ်သာသုံးစက္ကူ၊ သွားကြားထိုးတံကအစ မရမရှိရလေအောင် မီနီမားကက်အလား အစုံ အစုံရှိတယ်။ မရှိတာက တစ်ခုပဲ . . "စည်းကမ်း"
.
.
. ဒါပေမယ့်အဲဒီအိမ်ကိုသွားလည်ရင်တော့ အိမ်ရှေ့ကနေ အိမ်နောက်ဖေးရောက်ဖို့မြေပုံဆွဲသွားရမယ်။ အိမ်ရှင်အစ်မကြီးဝယ်သမျှ ဟိုနားတင် ဒီနားတင် နဲ့ နောက်လူကလည်းမရှင်းတဲ့အခါ ပစ္စည်းတွေက ထမင်းစားပွဲခုံပေါ်မှာ၊ လှေခါးထစ်မှာ၊ ခြေသုတ်ခုံနားမှာ၊ ဆိုဖာပေါ်မှာ၊ အိပ်ယာပေါ်မှာ (အဲဒါကတော့မှန်းပြောတာ အိပ်ခန်းထဲမဝင်ခဲ့ဘူး) လက်ကိုင်တန်းပေါ်မှာ . . ဒုတိယကမ္ဘာစစ်ကမြေမြှုပ်မိုင်းထောင်ထားမြေပြင်အလား အထင်မှတ်မှားရပါလိမ့်မယ်။
.
. ဒီလိုမျိုး အိမ်တွင်းမှာစီမံခွန့်ခွဲမှုနည်းပါးတာချည်းလားဆိုတော့ မဟုတ်သေးဘူး . . အထက်တန်းကျောင်းရောက်နေတဲ့ ABB - American Born Burmese မြန်မာမိန်းကလေးသမီးငယ်ကို ထိန်းရာမှာလည်း အားနည်းခဲ့ပုံရတယ်။
.
.
. ကျောင်းအတက်ကို မိဘကပို့ပေးပေမယ့် လင်ရော မယားရော အလုပ်ခွင်ဝင်နေရလို့ ကျောင်းမကြိုနိုင်ဘူး။ အဲဒီကနေဆက်ကာ ဆက်ကာ ဖြစ်လာတော့ နောက်ပိုင်း ABB လေးဟာ ကျောင်းအပြန်အိမ်လိုက်ပို့တဲ့ကောင်လေးအဖော်ရလာတယ်။ နောက်တော့ အမေရိကန်မှာတွေ့ရင်မထူးဆန်းတဲ့ လမ်းဘေးမှာအနမ်းပန်းချွေရင်း လန်းဆန်းနေခြင်းဟာ မိဘတွေ နေပြင်းပြင်းမှာအလုပ်လုပ်နေတဲ့ ညနေခင်းလေးတွေရဲ့ အမှတ်တရခြေရာတွေကျန်လာနေပါတော့တယ်။
.
. အမေရိကန်အထက်တန်းကျောင်းမှာ သမီးရည်းစားထားတာမဆန်းပေမယ့် အိမ်ထောင်ကျသွားတဲ့အထိဖြစ်ခဲ့တာ မိဘချင်းကိုယ်ချင်းစာပြီး ရင်ထုမနာဖြစ်ရတယ်။ ဒီလိုနဲ့ အဲဒီ ABB သမီးလေးဟာ အထက်တန်းကျောင်းပြီးတာနဲ့အတူ ကလေးကင်ပွန်းတပ်ပွဲကို တွဲလုပ်ရတဲ့အခြေအနေအထိဖြစ်ခဲ့လေတယ်။
.
.
. အခုဒီလိုရေးပြတာဟာ ကာယကံရှင်မိသားစုကိုထိခိုက်စေလိုရင်းမရှိပဲ မိဘနေရာက ဘယ်လောက်ခံစားခက်ခဲစေမလဲဆိုတာကို မမြိုသိပ်ထားနိုင်လို့သာ ဖြစ်ပါတယ်။ ABB လေးဟာ နောက်ဆုံးတော့ ကောလိပ်တက်ရင်း ကလေးတစ်ဖက်နဲ့ဆက်မတက်နိုင်တော့ပဲ ကျောင်းတန်းလန်းဖြစ်သွားရတယ်။
.
. အခုဆိုရင် ကျားကျားယားယားကြီး နဲ့ အမေရိကန်ဆန်ဆန် ကုန်ပို့လုပ်ငန်းခွင်ဝင်နေတာတွေ့နေရတယ်။ ဒါနဲ့ သူ့အမျိုးသားကောင်လေးရောလို့ ပတ်ဝန်းကျင်ကိုမေးကြည့်တဲ့အခါ ကလေးရပြီးတာနဲ့ အဲဒီကောင်လေးက သူကိုလမး်ခွဲလိုက်ပါသတဲ့ . .။
.
.
. အမှန်တကယ်က မိဘက သားသမီးကိုအချိန်ပေးရမှာလား? သားသမီးရဲ့နေထိုင်မှုဘဝတွေဟာ မိဘအပေါ်မှာအားကိုးရမှာလားဆိုတဲ့အဖြေကိုအသာထားပြီး ဆုံးဖြတ်ချက်လမ်းမှားကိုရောက်သွားနိုင်လောက်တဲ့အခြေအနေကိုအချိန်မီသိသင့်၊ အနားမှရှိသင့်၊ လမ်းမှန်ကိုပြန်တည့်မတ်နိုင်အောင်သိသင့်တာက မိဘတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
.
. အမေရိကားမှာကိုယ့်အိမ်သူအိမ်သားတိုင်း အလုပ်သွား၊ ကျောင်းသွား၊ ထမင်းစား ဘယ်တစ်ခုမှ အချိန်ဇယားမကိုက်ပါဘူး။ ဒီအတိုင်းသာ ငါ့ကိစ္စသာ ငါ အရေးကြီးတယ်ဆိုလို့ကတော့ အရာအားလုံးကိုပိုင်ဆိုင်ချင်တဲ့လောဘကသာ ကိုယ်တန်ဖိုးထားတဲ့ပစ္စည်း၊ ကိုယ်ကြိုက်နှစ်သက်လှတဲ့ရတနာ၊ ကိုယ်မြတ်နိုးလှတဲ့အသွေးအသားတွေကို လုယူသွားတတ်စမြဲပါ။
.
.
. ဒီအဖြစ်အပျက်ကိုကြည့်ပြီး စာဖတ်သူတွေက သင်ခန်းစာယူတတ်ဖို့လိုပါတယ်။ ဘာကြောင့်လဲလဲ မာန်မချဖို့လိုပါတယ် . . ဟန်ချက်မပျက်ဖို့လိုပါတယ်။ ကိုယ့်မှာလည်း သားသမီးရှိနေတာ အမြဲသတိချပ်ဖို့လိုပါတယ်။ တကယ်လို့ မှားခဲ့ရင်တောင် "No matter how hard the wind blows, the strong mountain must not move." ဆိုတဲ့အဆိုအမိန့်လေးတစ်ခုအတိုင်းပါပဲ . . လေဘယ်လောက်ထန်နေပါစေ တောင့်တင်းတဲ့တောင်တန်းတွေဆိုတာ ဘယ်တော့မှမရွေ့ပါခင်ဗျား . .။
.
.
.
. "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၅)"
. အေမရိကားမွာ ကေလးေတြေပၚတည္မွီျပီးေနဖို႕ၾကိဳးစားတဲ႕မိသားစု (၂) ခု အေၾကာင္းေျပာျပခ်င္တယ္။ သူတို႕လာခဲ႕တဲ႕လမ္းေၾကာင္းေတြ၊ ခုနင္းတက္လွမ္းခဲ႕တဲ႕လမ္းေၾကာင္းေတြနဲ႕ ရင္းႏွီးျမွဳပ္ႏွံခဲ႕တဲ႕သူတို႕ရဲ႕ငယ္ဘဝေတြဟာ အကုန္လံုးနီးပါးတူညီၾကတယ္။ ဒီထဲမွာ မတူတဲ႕လူတစ္ေယာက္အေၾကာင္းကုိေတာ႕ အဆံုးသတ္က်မွပဲ ထည္႕ေျပာပါရေစ။
.
. မသိသူေတြက ဒီမိသားစုေတြအလည္လာတယ္လို႕ပဲ ထင္ၾကတယ္။ တကယ္လည္း အလည္လာၾကတာပါ။ ထင္သာျမင္သာတဲ႕စာရြက္စာတမ္းေတြရွိေနသ၍ အေမရိကန္သံရံုးက ဗီဆာေပးျပီးသားဆုိတာ သိရတယ္။ သံရံုးကမသိတာက သူတုိ႕အလည္ခရီးလာျပီးရင္ ခရီးသြားေအဂ်င္စီကစီစဥ္ထားတဲ႕အျပန္ေလယာဥ္လက္မွတ္နဲ႕ျပန္လုိက္ပါမသြားဘူးဆိုတာပါပဲ။
.
.
. ကြ်န္ေတာ႕ကို ဒီေမးခြန္းေတြလာေမးတုိင္း မသိဘူးလို႕ပဲ ေျဖခဲ႕တယ္။ ဟုတ္တယ္ေလ . . လူတစ္ေယာက္၊ မိသားတစ္စုလာလည္တာ သံရံုးနဲ႕ပဲဆုိင္တယ္။ သူတုိ႕ကမွ ဗီဆာထုတ္ေပးတာေလ။ ကြ်န္ေတာ႕ကိုသူတုိ႕အလုပ္ခန္႕ထားတာမဟုတ္သလို ဘယ္သူကမွလည္း သူတို႕ျဖစ္စဥ္အကုန္လံုးကို ကိုညီညီ ကို လာေျပာၾကတာမဟုတ္ပါဘူး။
.
. ဒါေပမယ္႕ အျဖစ္က မႏွစ္ကနဲ႕မတူေလေတာ႕ သူတုိ႕အေမရိကန္ေျမေပၚေရာက္လာျပီးတဲ႕အခါ ကြ်န္ေတာ႕ကိုလာေျပာျပၾကတယ္။ အမွန္က ကြ်န္ေတာ႕ကုိေျပာျပခ်င္တာထက္ သူတို႕ေမးခ်င္တဲ႕ေမးခြန္းေတြအတြက္ေၾကာင္႕ဆုိရင္ ပိုမွန္ပါတယ္။ ကြ်န္ေတာ္အရင္တုန္းကေျပာခဲ႕သလိုပဲ သိရင္ေတာ႕ ကြ်န္ေတာ္က ေျဖျပီးသားပါ။ ဒါေပမယ္႕ တရားမဝင္အေမရိကန္ျပည္ဝင္ခြင္႕နည္းလမ္းဘယ္တစ္ခုကိုမွ ကြ်န္ေတာ္ အားမေပးဘူးဆိုတာ သူတုိ႕သိၾကပါတယ္။
.
.
. ျဖစ္ရပ္မွန္ဇာတ္လမ္းဘက္ျပန္သြားၾကပါစို႕ . . ။ သူတုိ႕လို ကေလးငယ္ပါလာသူေတြ အေမရိကန္ေျမဆီလႊာေပၚေရာက္တဲ႕အခါ (ဘယ္လုိနည္းနဲ႕ေရာက္ခဲ႕ေရာက္ခဲ႕) အခြင္႕အလမ္းေတြက ဆီးၾကိဳေနပါတယ္။ အေမရိကန္သမၼတအဆက္ဆက္အျမင္မတူခဲ႕ၾကတဲ႕ ဒါကာလို႕ေခၚတဲ႕ Consideration of Deferred Action for Childhood Arrivals (DACA) အစီအစဥ္က သူတုိ႕ေလးေတြရဲ႕အနာဂါတ္ကုိအဆံုးအျဖတ္ေပးၾကလိမ္႕မယ္။
.
. အတုိခ်ံဳးေျပာရရင္ (ဆက္ေမးလာရင္ေတာ႕ ဒီမွာ အဂၤလိပ္လိုသြားဖတ္ၾကပါ https://www.uscis.gov/archive/consideration-deferred-action-childhood-arrivals-daca) အေမရိကန္ျပည္တြင္းကို . .
.
၁.. (၂ဝ၁၂) ခုႏွစ္ ဇြန္လ (၁၅) ရက္ေန႕မွာ အသက္ (၃၁) ႏွစ္ထက္ငယ္တဲ႕သူ
.
၂.. အသက္ (၁၆) ႏွစ္မျပည္႕ခင္ အေမရိကားေရာက္ေနသူ
.
၃.. (၂ဝ၁၂) ခုႏွစ္ ဇြန္လ (၁၅) ရက္ေန႕ ကေန လက္ရွိအထိ အေမရိကန္ျပည္တြင္းမွာေနထုိင္ေနသူ
.
၄.. (၂ဝ၁၂) ခုႏွစ္ ဇြန္လ (၁၅) ရက္ေန႕ ကတည္းကေနထုိင္ခဲ႕ျပီး အေမရိကန္ လ.ဝ.က မွာ ေလွ်ာက္တင္ထားသူ
.
၅.. (၂ဝ၁၂) ခုႏွစ္ ဇြန္လ (၁၅) ရက္ေန႕ မွာ ေျပာင္းေရႊ႕ခြင္႕မက်ေသးသူ
.
၆.. အထက္တန္းေက်ာင္းျပီးထားသူ
.
၇.. ျပစ္မႈတစံုတရာမက်ဴးလြန္ထားသူ၊ ႏိုင္ငံ႕လံုျခံဳေရး နဲ႕ အမ်ားျပည္သူလံုျခံဳေရးကုိထိခုိက္ေအာင္မလုပ္ထားသူ . . ေတြ အက်ံဳးဝင္ပါတယ္။ ဒါကိုေခ်ဖ်က္ျပီး ဥပေဒျပင္ခ်င္ေနတာက လက္ရွိသမၼတရဲ႕ဦးစားေပးလုပ္ငန္းစဥ္ထဲမွာပါေနတာ သတိထားရပါမယ္။
.
.
. အစပိုင္းကေျပာခဲ႕သလို သူတို႕ေတြ ဒီဘက္ေရာက္ေတာ႕ သိခ်င္တာကို ကြ်န္ေတာ႕ကုိလာေမးၾကတယ္။ သူတုိ႕ကုိ ကြ်န္ေတာ္ထိပ္ဆံုးေမးလိုက္တာကေတာ႕ "ဘာေၾကာင္႕ ဒီနည္းလမ္းနဲ႕လာသလဲ?" ဆုိတာပါပဲ။ သူတို႕အေျဖေတြက ဘယ္လုိပင္ျဖစ္ေစကာမူ သူတို႕သားသမီးေတြရဲ႕အနာဂါတ္က အမ်ားေျပာၾကတဲ႕ "အိပ္မက္မက္သူမ်ား - DREAMers" ျဖစ္သြားပါျပီ။
.
. DREAMers Movement အရ DACA အစီအစဥ္နဲ႕လာသူေတြဟာ အေမရိကန္ႏုိင္ငံသားေလွ်ာက္ခြင္႕မရွိပါဘူး။ ဒါေၾကာင္႕ DACA အစီအစဥ္ကုိေလွ်ာက္ထားသူဟာ အမ်ားသိေနၾကတဲ႕ Green Card နဲ႕ အခြင္႕အေရးလံုးဝမတူညီပါဘူး။ နားမခ်မ္းသာေအာင္ေျပာရရင္ ခုိးဝင္ အဆင္႕နဲ႕တင္းတိမ္ေနရသူမ်ားလုိ႕ နီးနီးစပ္စပ္နားလည္ႏိုင္ပါတယ္။
.
.
. ဇာတ္လမ္းကုိခ်ံဳ႕လုိက္ရရင္ ကေလးသူငယ္ေတြ အေမရိကန္ေက်ာင္းတက္ခြင္႕ရေနတာကိုပဲ ကြ်န္ေတာ္အျမဲေက်နပ္ေနမိတာပါ။ လူၾကီးေတြ ဘယ္နည္းနဲ႕လာလာ ကေလးေတြက ဘာသိမွာလဲ? ေက်ာင္းမွာေပ်ာ္မယ္၊ စကားမယ္၊ အဂၤလိပ္စာသင္မယ္၊ ေပါင္းသင္းဆက္ဆံေရးေလ႕လာမယ္၊ လူမႈဆက္သြယ္ေရးေတြမွာ ဝင္ဆံ႕မယ္ . . ဘယ္ေလာက္ေကာင္းလုိက္သလဲ?
.
. ဒါေတြအားလံုးနဲ႕ဆန္႕က်င္ဘက္အက်ိဳးေတြကုိရင္ဆုိင္ေနရတာက မိဘေတြျဖစ္ပါတယ္။ တရားဝင္အလုပ္လုပ္ခြင္႕မရွိဘူး။ ပါ႕စပို႕ကလြဲရင္ ဘာကဒ္ျပားမွမရွိဘူး (ေနာက္ပိုင္းေတာ႕ Work Permit ရဖို႕ဆုိတဲ႕လုပ္ငန္းစဥ္ေတြရွိပါတယ္)။ ေနရာတုိင္းကုိအလုပ္ဝင္ရွာလို႕မရဘူး . . ( . . .) စသျဖင္႕ အခက္အခဲ အၾကပ္အတည္းေတြကို ခါးစည္းခံရမွာမလြဲပါ။
.
.
. ပထမမိသားစုကေတာ႕ရွင္းတယ္ . . သူတို႕ဘယ္လုိလုပ္ျပီးေရာက္လာတယ္ . . ကေလးေတြေခၚလာလို႕ရေအာင္ဘယ္လုိလုပ္ခဲ႕သလဲဆိုတာကအစ ေျပာျပတယ္ (လာမေမးပါနဲ႕ သူတုိ႕ရဲ႕ပုဂၢိဳလ္ေရးအရ မေျဖႏုိင္ပါဘူး)။ ေနာက္ျပီး သူတို႕ေငြသား - Cash နဲ႕ရတဲ႕အလုပ္နဲ႕ဘဝကိုဘယ္လုိရင္ဆုိင္ေနေၾကာင္း၊ စိတ္ဓါတ္ျမဲျမံ ၾကံ႕ၾကံ႕ခံ ၾကိဳးစားေနေၾကာင္းေျပာျပေတာ႕ ဝမ္းသာရတယ္။
.
. ေနာက္မိသားစုက်ေတာ႕ အရင္ကတည္းက ကြ်န္ေတာ္နဲ႕သိကြ်မ္းတဲ႕အထဲမွာပါတယ္။ သူတို႕ဒီဘက္ေရာက္လာတာတဲ႕ပံုစံကလည္းသိပ္မကြာဘူး။ ကေလးေတြလည္း ေက်ာင္းတက္ေနျပီ . . ေပ်ာ္လို႕ . . ရႊင္လို႕ . .။ ဒါေပမယ္႕ ကြ်န္ေတာ္ႏွေျမာမိတာက သူတို႕သားသမီးေတြရဲ႕အနာဂါတ္ပါ။
.
.
. ပထမမိသားစုက အေမရိကားမွာေဆြမ်ိဳးမရွိလုိ႕ တစ္ကိုယ္ေရစံုတြဲ ခုန္ခ်ရင္း အခုလက္ရွိ အင္မတန္အလုပ္ၾကိဳးစားေနတယ္။ ဒါက ေနာက္တစ္ၾကိမ္ ထပ္ရွင္းသြားျပန္ျပီ။ ဒုတိယမိသားစုက်ေတာ႕ ဒီဘက္ေျမမွာ သမီးကေခၚလို႕ အေမေရာက္လာ။ အခ်ိန္တန္ရင္ Green Card ကိုင္ထားတဲ႕အေမက ႏုိင္ငံသားစာေမးပြဲေျဖ . . က်မ္းက်ိမ္ . . ႏုိင္ငံသားခံယူ။ အေမျဖစ္ျဖစ္၊ အစ္မျဖစ္ျဖစ္ ျပန္ေခၚရင္ "အမ်ားေမွ်ာ္လင္႕ေတာင္႕တေနတဲ႕ တရားဝင္ျပည္ဝင္ခြင္႕" ရႏုိင္လ်က္သားနဲ႕ ႏွစ္အပိုင္းအျခားအနည္းငယ္ကုိ ၾကိဳတင္ျပင္ဆင္ျပီးမေစာင္႕ႏိုင္ မေအာင္႕ႏုိင္ျဖစ္ရံုမက ၾကံမိ ၾကံရာ ၾကံရင္း ကိုယ္႕သားသမီးကိုကိုယ္ DREAMers စာရင္းသြတ္သြင္းရက္ၾကတယ္။
.
. ေနာက္ပိုင္း ဘာျဖစ္မလဲဆိုေတာ႕ သားသမီးေတြေက်ာင္းတက္ရင္းအတန္းၾကီးလာရင္း ၾကီးလာရင္း မိဘေတြက ဒီေျမမွာေျခကုတ္ယူလို႕မရေတာ႕ပဲ အခုလုိ ျပည္ဝင္ခြင္႕ကိုတင္းၾကပ္တဲ႕သမၼတ နဲ႕ သူ႕ရဲ႕ဥပေဒေတြၾကားမွာ က်ီးလန္႕စာစားေနၾကမွာကို မၾကည္႕ရက္လို႕ ဒီစာကိုေရးမိတာပါ။
.
.
. ကိုညီညီ ဘာေၾကာင္႕ ဒီအေၾကာင္းေတြထုတ္ေရးရတယ္ဆုိတာ စာဖတ္သူတို႕ ရိပ္မိေလာက္ပါျပီ။ အဓိက ကေလးေတြရဲ႕အနာဂါတ္ကုိ ျမင္မိတာေၾကာင္႕ဆိုတာ ရွင္းရွင္းေလးပါ။ ေနာက္ျပီး အေမရိကန္သံရံုးက ဒီလိုကိစၥေတြကို ဘယ္လုိရႈျမင္ျပီး ဘယ္လုိကိုင္တြယ္သလဲဆိုတာ ကိုယ္နဲ႕မဆိုင္ေပမယ္႕ ကြ်န္ေတာ္ကုိယ္တိုင္သိပ္သိခ်င္မိတယ္။
.
. အခုေလာက္ဆိုရင္လည္း ကာယကံရွင္ေတြ ဒီစာကိုဖတ္ျပီးေလာက္ပါျပီ။ သူတုိ႕ၾကိဳးစားမႈေတြကို ခံစားႏိုင္ပါတယ္။ ေပးဆပ္ရမႈေတြဟာ ျမင္သာပါတယ္။ သားသမီးခ်င္းလည္း ကိုယ္ခ်င္းစာပါတယ္။ တစ္ဆက္တည္း အေမ်ာ္အျမင္ၾကီးမႈေတြကို လုိလားပါတယ္။ တရားသျဖင္႕ "ရုိးသားမႈ" ကုိေရွ႕တန္းတင္ျပီး အရာရာကို အရွိကုိအရွိအတုိင္း "အမွန္တရားကုိျမင္တတ္ျပီးေနထုိင္ၾကပါ" လို႕ အၾကံေပးခ်င္ပါတယ္။
.
.
Ref (1): Can DREAMers apply for U.S citizenship?
According to immigration attorneys, so-called DREAMers don't have a practical pathway to citizenship. They are not allowed to apply for citizenship without first getting permanent resident status (Green Card).
.
Ref (2): The term “DREAMers” is consistently in the news. It refers to the young men and women who were brought to the United States illegally by their parents when they were children or teens.
.
Ref (3):Risks of Traveling With Advance Parole as a DACA Recipient. Just to be clear, your DACA status is not enough by itself to allow you to leave the U.S. and be admitted back upon your return.
.
(အထက္ပါအခ်က္အလက္မ်ားသည္ အမ်ားနားလည္ေအာင္ထုတ္ႏုတ္ျပထားျခင္းသာျဖစ္သည္။ ေသေသခ်ာခ်ာသိလိုလွ်င္ အေသးစိတ္ရွာဖတ္ရန္ အၾကံျပဳပါသည္)
.
.
Unicode Version:
.
.
. "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၅)"
. အမေရိကားမှာ ကလေးတွေပေါ်တည်မှီပြီးနေဖို့ကြိုးစားတဲ့မိသားစု (၂) ခု အကြောင်းပြောပြချင်တယ်။ သူတို့လာခဲ့တဲ့လမ်းကြောင်းတွေ၊ ခုနင်းတက်လှမ်းခဲ့တဲ့လမ်းကြောင်းတွေနဲ့ ရင်းနှီးမြှုပ်နှံခဲ့တဲ့သူတို့ရဲ့ငယ်ဘဝတွေဟာ အကုန်လုံးနီးပါးတူညီကြတယ်။ ဒီထဲမှာ မတူတဲ့လူတစ်ယောက်အကြောင်းကိုတော့ အဆုံးသတ်ကျမှပဲ ထည့်ပြောပါရစေ။
.
. မသိသူတွေက ဒီမိသားစုတွေအလည်လာတယ်လို့ပဲ ထင်ကြတယ်။ တကယ်လည်း အလည်လာကြတာပါ။ ထင်သာမြင်သာတဲ့စာရွက်စာတမ်းတွေရှိနေသ၍ အမေရိကန်သံရုံးက ဗီဆာပေးပြီးသားဆိုတာ သိရတယ်။ သံရုံးကမသိတာက သူတို့အလည်ခရီးလာပြီးရင် ခရီးသွားအေဂျင်စီကစီစဉ်ထားတဲ့အပြန်လေယာဉ်လက်မှတ်နဲ့ပြန်လိုက်ပါမသွားဘူးဆိုတာပါပဲ။
.
.
. ကျွန်တော့ကို ဒီမေးခွန်းတွေလာမေးတိုင်း မသိဘူးလို့ပဲ ဖြေခဲ့တယ်။ ဟုတ်တယ်လေ . . လူတစ်ယောက်၊ မိသားတစ်စုလာလည်တာ သံရုံးနဲ့ပဲဆိုင်တယ်။ သူတို့ကမှ ဗီဆာထုတ်ပေးတာလေ။ ကျွန်တော့ကိုသူတို့အလုပ်ခန့်ထားတာမဟုတ်သလို ဘယ်သူကမှလည်း သူတို့ဖြစ်စဉ်အကုန်လုံးကို ကိုညီညီ ကို လာပြောကြတာမဟုတ်ပါဘူး။
.
. ဒါပေမယ့် အဖြစ်က မနှစ်ကနဲ့မတူလေတော့ သူတို့အမေရိကန်မြေပေါ်ရောက်လာပြီးတဲ့အခါ ကျွန်တော့ကိုလာပြောပြကြတယ်။ အမှန်က ကျွန်တော့ကိုပြောပြချင်တာထက် သူတို့မေးချင်တဲ့မေးခွန်းတွေအတွက်ကြောင့်ဆိုရင် ပိုမှန်ပါတယ်။ ကျွန်တော်အရင်တုန်းကပြောခဲ့သလိုပဲ သိရင်တော့ ကျွန်တော်က ဖြေပြီးသားပါ။ ဒါပေမယ့် တရားမဝင်အမေရိကန်ပြည်ဝင်ခွင့်နည်းလမ်းဘယ်တစ်ခုကိုမှ ကျွန်တော် အားမပေးဘူးဆိုတာ သူတို့သိကြပါတယ်။
.
.
. ဖြစ်ရပ်မှန်ဇာတ်လမ်းဘက်ပြန်သွားကြပါစို့ . . ။ သူတို့လို ကလေးငယ်ပါလာသူတွေ အမေရိကန်မြေဆီလွှာပေါ်ရောက်တဲ့အခါ (ဘယ်လိုနည်းနဲ့ရောက်ခဲ့ရောက်ခဲ့) အခွင့်အလမ်းတွေက ဆီးကြိုနေပါတယ်။ အမေရိကန်သမ္မတအဆက်ဆက်အမြင်မတူခဲ့ကြတဲ့ ဒါကာလို့ခေါ်တဲ့ Consideration of Deferred Action for Childhood Arrivals (DACA) အစီအစဉ်က သူတို့လေးတွေရဲ့အနာဂါတ်ကိုအဆုံးအဖြတ်ပေးကြလိမ့်မယ်။
.
. အတိုချုံးပြောရရင် (ဆက်မေးလာရင်တော့ ဒီမှာ အင်္ဂလိပ်လိုသွားဖတ်ကြပါ https://www.uscis.gov/archive/consideration-deferred-action-childhood-arrivals-daca) အမေရိကန်ပြည်တွင်းကို . .
.
၁.. (၂ဝ၁၂) ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှာ အသက် (၃၁) နှစ်ထက်ငယ်တဲ့သူ
.
၂.. အသက် (၁၆) နှစ်မပြည့်ခင် အမေရိကားရောက်နေသူ
.
၃.. (၂ဝ၁၂) ခုနှစ် ဇွန်လ (၁၅) ရက်နေ့ ကနေ လက်ရှိအထိ အမေရိကန်ပြည်တွင်းမှာနေထိုင်နေသူ
.
၄.. (၂ဝ၁၂) ခုနှစ် ဇွန်လ (၁၅) ရက်နေ့ ကတည်းကနေထိုင်ခဲ့ပြီး အမေရိကန် လ.ဝ.က မှာ လျှောက်တင်ထားသူ
.
၅.. (၂ဝ၁၂) ခုနှစ် ဇွန်လ (၁၅) ရက်နေ့ မှာ ပြောင်းရွှေ့ခွင့်မကျသေးသူ
.
၆.. အထက်တန်းကျောင်းပြီးထားသူ
.
၇.. ပြစ်မှုတစုံတရာမကျူးလွန်ထားသူ၊ နိုင်ငံ့လုံခြုံရေး နဲ့ အများပြည်သူလုံခြုံရေးကိုထိခိုက်အောင်မလုပ်ထားသူ . . တွေ အကျုံးဝင်ပါတယ်။ ဒါကိုချေဖျက်ပြီး ဥပဒေပြင်ချင်နေတာက လက်ရှိသမ္မတရဲ့ဦးစားပေးလုပ်ငန်းစဉ်ထဲမှာပါနေတာ သတိထားရပါမယ်။
.
.
. အစပိုင်းကပြောခဲ့သလို သူတို့တွေ ဒီဘက်ရောက်တော့ သိချင်တာကို ကျွန်တော့ကိုလာမေးကြတယ်။ သူတို့ကို ကျွန်တော်ထိပ်ဆုံးမေးလိုက်တာကတော့ "ဘာကြောင့် ဒီနည်းလမ်းနဲ့လာသလဲ?" ဆိုတာပါပဲ။ သူတို့အဖြေတွေက ဘယ်လိုပင်ဖြစ်စေကာမူ သူတို့သားသမီးတွေရဲ့အနာဂါတ်က အများပြောကြတဲ့ "အိပ်မက်မက်သူများ - DREAMers" ဖြစ်သွားပါပြီ။
.
. DREAMers Movement အရ DACA အစီအစဉ်နဲ့လာသူတွေဟာ အမေရိကန်နိုင်ငံသားလျှောက်ခွင့်မရှိပါဘူး။ ဒါကြောင့် DACA အစီအစဉ်ကိုလျှောက်ထားသူဟာ အများသိနေကြတဲ့ Green Card နဲ့ အခွင့်အရေးလုံးဝမတူညီပါဘူး။ နားမချမ်းသာအောင်ပြောရရင် ခိုးဝင် အဆင့်နဲ့တင်းတိမ်နေရသူများလို့ နီးနီးစပ်စပ်နားလည်နိုင်ပါတယ်။
.
.
. ဇာတ်လမ်းကိုချုံ့လိုက်ရရင် ကလေးသူငယ်တွေ အမေရိကန်ကျောင်းတက်ခွင့်ရနေတာကိုပဲ ကျွန်တော်အမြဲကျေနပ်နေမိတာပါ။ လူကြီးတွေ ဘယ်နည်းနဲ့လာလာ ကလေးတွေက ဘာသိမှာလဲ? ကျောင်းမှာပျော်မယ်၊ စကားမယ်၊ အင်္ဂလိပ်စာသင်မယ်၊ ပေါင်းသင်းဆက်ဆံရေးလေ့လာမယ်၊ လူမှုဆက်သွယ်ရေးတွေမှာ ဝင်ဆံ့မယ် . . ဘယ်လောက်ကောင်းလိုက်သလဲ?
.
. ဒါတွေအားလုံးနဲ့ဆန့်ကျင်ဘက်အကျိုးတွေကိုရင်ဆိုင်နေရတာက မိဘတွေဖြစ်ပါတယ်။ တရားဝင်အလုပ်လုပ်ခွင့်မရှိဘူး။ ပါ့စပို့ကလွဲရင် ဘာကဒ်ပြားမှမရှိဘူး (နောက်ပိုင်းတော့ Work Permit ရဖို့ဆိုတဲ့လုပ်ငန်းစဉ်တွေရှိပါတယ်)။ နေရာတိုင်းကိုအလုပ်ဝင်ရှာလို့မရဘူး . . ( . . .) စသဖြင့် အခက်အခဲ အကြပ်အတည်းတွေကို ခါးစည်းခံရမှာမလွဲပါ။
.
.
. ပထမမိသားစုကတော့ရှင်းတယ် . . သူတို့ဘယ်လိုလုပ်ပြီးရောက်လာတယ် . . ကလေးတွေခေါ်လာလို့ရအောင်ဘယ်လိုလုပ်ခဲ့သလဲဆိုတာကအစ ပြောပြတယ် (လာမမေးပါနဲ့ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအရ မဖြေနိုင်ပါဘူး)။ နောက်ပြီး သူတို့ငွေသား - Cash နဲ့ရတဲ့အလုပ်နဲ့ဘဝကိုဘယ်လိုရင်ဆိုင်နေကြောင်း၊ စိတ်ဓါတ်မြဲမြံ ကြံ့ကြံ့ခံ ကြိုးစားနေကြောင်းပြောပြတော့ ဝမ်းသာရတယ်။
.
. နောက်မိသားစုကျတော့ အရင်ကတည်းက ကျွန်တော်နဲ့သိကျွမ်းတဲ့အထဲမှာပါတယ်။ သူတို့ဒီဘက်ရောက်လာတာတဲ့ပုံစံကလည်းသိပ်မကွာဘူး။ ကလေးတွေလည်း ကျောင်းတက်နေပြီ . . ပျော်လို့ . . ရွှင်လို့ . .။ ဒါပေမယ့် ကျွန်တော်နှမြောမိတာက သူတို့သားသမီးတွေရဲ့အနာဂါတ်ပါ။
.
.
. ပထမမိသားစုက အမေရိကားမှာဆွေမျိုးမရှိလို့ တစ်ကိုယ်ရေစုံတွဲ ခုန်ချရင်း အခုလက်ရှိ အင်မတန်အလုပ်ကြိုးစားနေတယ်။ ဒါက နောက်တစ်ကြိမ် ထပ်ရှင်းသွားပြန်ပြီ။ ဒုတိယမိသားစုကျတော့ ဒီဘက်မြေမှာ သမီးကခေါ်လို့ အမေရောက်လာ။ အချိန်တန်ရင် Green Card ကိုင်ထားတဲ့အမေက နိုင်ငံသားစာမေးပွဲဖြေ . . ကျမ်းကျိမ် . . နိုင်ငံသားခံယူ။ အမေဖြစ်ဖြစ်၊ အစ်မဖြစ်ဖြစ် ပြန်ခေါ်ရင် "အများမျှော်လင့်တောင့်တနေတဲ့ တရားဝင်ပြည်ဝင်ခွင့်" ရနိုင်လျက်သားနဲ့ နှစ်အပိုင်းအခြားအနည်းငယ်ကို ကြိုတင်ပြင်ဆင်ပြီးမစောင့်နိုင် မအောင့်နိုင်ဖြစ်ရုံမက ကြံမိ ကြံရာ ကြံရင်း ကိုယ့်သားသမီးကိုကိုယ် DREAMers စာရင်းသွတ်သွင်းရက်ကြတယ်။
.
. နောက်ပိုင်း ဘာဖြစ်မလဲဆိုတော့ သားသမီးတွေကျောင်းတက်ရင်းအတန်းကြီးလာရင်း ကြီးလာရင်း မိဘတွေက ဒီမြေမှာခြေကုတ်ယူလို့မရတော့ပဲ အခုလို ပြည်ဝင်ခွင့်ကိုတင်းကြပ်တဲ့သမ္မတ နဲ့ သူ့ရဲ့ဥပဒေတွေကြားမှာ ကျီးလန့်စာစားနေကြမှာကို မကြည့်ရက်လို့ ဒီစာကိုရေးမိတာပါ။
.
.
. ကိုညီညီ ဘာကြောင့် ဒီအကြောင်းတွေထုတ်ရေးရတယ်ဆိုတာ စာဖတ်သူတို့ ရိပ်မိလောက်ပါပြီ။ အဓိက ကလေးတွေရဲ့အနာဂါတ်ကို မြင်မိတာကြောင့်ဆိုတာ ရှင်းရှင်းလေးပါ။ နောက်ပြီး အမေရိကန်သံရုံးက ဒီလိုကိစ္စတွေကို ဘယ်လိုရှုမြင်ပြီး ဘယ်လိုကိုင်တွယ်သလဲဆိုတာ ကိုယ်နဲ့မဆိုင်ပေမယ့် ကျွန်တော်ကိုယ်တိုင်သိပ်သိချင်မိတယ်။
.
. အခုလောက်ဆိုရင်လည်း ကာယကံရှင်တွေ ဒီစာကိုဖတ်ပြီးလောက်ပါပြီ။ သူတို့ကြိုးစားမှုတွေကို ခံစားနိုင်ပါတယ်။ ပေးဆပ်ရမှုတွေဟာ မြင်သာပါတယ်။ သားသမီးချင်းလည်း ကိုယ်ချင်းစာပါတယ်။ တစ်ဆက်တည်း အမျော်အမြင်ကြီးမှုတွေကို လိုလားပါတယ်။ တရားသဖြင့် "ရိုးသားမှု" ကိုရှေ့တန်းတင်ပြီး အရာရာကို အရှိကိုအရှိအတိုင်း "အမှန်တရားကိုမြင်တတ်ပြီးနေထိုင်ကြပါ" လို့ အကြံပေးချင်ပါတယ်။
.
.
Ref (1): Can DREAMers apply for U.S citizenship?
According to immigration attorneys, so-called DREAMers don't have a practical pathway to citizenship. They are not allowed to apply for citizenship without first getting permanent resident status (Green Card).
.
Ref (2): The term “DREAMers” is consistently in the news. It refers to the young men and women who were brought to the United States illegally by their parents when they were children or teens.
.
Ref (3):Risks of Traveling With Advance Parole as a DACA Recipient. Just to be clear, your DACA status is not enough by itself to allow you to leave the U.S. and be admitted back upon your return.
.
(အထက်ပါအချက်အလက်များသည် အများနားလည်အောင်ထုတ်နုတ်ပြထားခြင်းသာဖြစ်သည်။ သေသေချာချာသိလိုလျှင် အသေးစိတ်ရှာဖတ်ရန် အကြံပြုပါသည်)
.
.
.
.           "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၆)"
.
.          (၂ဝ၁ဝ) ကုန္ခါနီးမွာ အလုပ္ကို ျမန္မာေကာင္ေလးတစ္ေယာက္ ဝင္လာလို႕ သင္ေပးဖူးတယ္။ သူက ဒီႏိုင္ငံကို( ၁၁ ) ႏွစ္သားအရြယ္မွာ မိဘေတြနဲ႕လိုက္လာခဲ႕ျပီး အလယ္တန္း၊ အထက္တန္းေက်ာင္းေတြပါ စံုေအာင္တက္ခဲ႕ရတယ္။ အဂၤလိပ္ နဲ႕ စပိန္ စကားကြ်မ္းက်င္တဲ႕ ျမန္မာလူမ်ိဳးျပပါဆိုရင္ သူ႕ကိုပဲျပစရာေတြ႕ဖူးတယ္။ အလုပ္အစံုလုပ္ဖူးတဲ႕အထဲမွာ CNC ေမာင္းတာ၊ ဆူရွီလိပ္တာ၊ In & Out ဆန္းဝွစ္ ဆုိင္မွာမန္ေနဂ်ာျဖစ္ခါနီးအထိလုပ္ခဲ႕တာ၊ Casino မွာ လုပ္ဖူးတာ စတာေတြသူေျပာျပတယ္။ ေရာက္တာမၾကာေသးတဲ႕ေတာင္ၾကီးသားအဖို႕ ေယာင္ျပီးမမွားရေအာင္ သူ႕နားကပညာျပန္ယူရတာေတြအမ်ားၾကီးပါ။
.
.          သူ႕ျမန္မာနာမည္ ေက်ာ္ --, --, ကို “ ဘို ”  ေတြ အသံထြက္ရတာခက္ေတာ႕ A.L ( အမည္လႊဲ ) ဆုိတဲ႕ ဘိုနာမည္နဲ႕ေက်ာင္းတက္ခဲ႕တယ္။ သူ႕မွာ ေကာင္းကြက္ေတြအမ်ားၾကီးပါ။ A.L က အထက္တန္းေက်ာင္းစ,တက္တဲ႕အထိ စာေတြလိုက္ႏိုင္တယ္။ (၉) တန္း ေရာက္ေတာ႕ ဘာသာစကားတစ္မ်ိဳးေရြးရတဲ႕အခါ စပိန္စကား- Spanish ကို ေရြးခဲ႕တယ္။ (၁ဝ) တန္းေအာင္ေတာ႕ အခ်ိန္ပိုင္းအလုပ္ စ, ဝင္ခဲ႕ျပီး အိမ္စားရိတ္ဝုိင္းရွာေပးကာမိသားစုအားကိုးရတဲ႕သားငယ္ျဖစ္လာတယ္။
.
.
.          သူ႕အစ္ကိုေက်ာင္းျပီးေတာ႕ ေကာလိပ္ဆက္တက္တုန္း A.L အခ်ိန္ပိုင္းအလုပ္ကို ဖိလုပ္ရင္း မီးဖိုေခ်ာင္စားရိတ္ျဖည္႕တင္းေပးခဲ႕တယ္။ အလုပ္ေတြေျပာင္းရင္းဘာသာစကား ပိုကြ်မ္းက်င္လာသလို လူမႈဆက္ဆံေရးေကာင္းလြန္းလို႕ တျခားဘာသာ ဆန္းေဒးစကူး သီခ်င္းဆုိပြဲေတြတက္ဆိုတဲ႕ အထိ A.L ရဲ႕ သူငယ္ခ်င္းလို႕ေျပာလိုက္ရင္ အခ်င္းခ်င္း ခင္သြားၾကတဲ႕အထိပဲ။ စေန၊ တနဂၤေႏြ အလုပ္ပိတ္ရက္ေတြမွာ ဗုဒၶဘာသာဘုန္းၾကီးေက်ာင္းက ဘာသာေရးပြဲ၊ ေစ်းေရာင္းပြဲ၊ အထိမ္းအမွတ္ပြဲေတြမွာ ျမန္မာေတြ စုၾကတဲ႕အခါ A.L အျမဲတက္တက္ၾကြၾကြပါဝင္ခဲ႕တယ္။
.
.          တစ္ျခားဆယ္ေက်ာ္သက္ေတြလို ခ်စ္သူရည္းစားရေတာ႕  A.L မွာ ေကာင္းတဲ႕အခ်က္ေတြ ရွိေနျပန္တယ္။ သူခ်စ္တဲ႕သူကိုပြင္႕ပြင္႕လင္းလင္းဆက္ဆံေပမယ္႕ အေတြ႕အထိမွာ စည္းကမ္းရွိတယ္။ ဘယ္လို ေရလာေျမာင္းေပးလုပ္ေပေသာ္ျငားလည္းဒါမ်ိဳးကိစၥမွာ သူမလြန္ခဲ႕ဘူး။ တစ္ခါက ေက်ာင္းေနဖက္ စပိန္ႏြယ္ဖြားမိန္းကေလး နဲ႕ ခ်စ္ၾကိဳက္မိတဲ႕အခါပဲစားေကာင္မေလး ( ျမန္မာေတြၾကားမွာ Spanish စကားေျပာလူမ်ိဳးကို " ပဲစား" လို႕ စကားဝွက္ သံုးႏႈန္းၾကပါတယ္) က A.L ကို အိမ္အလည္ ေခၚပါတယ္။ ဒါနဲ႕ A.L လိုက္သြားတဲ႕အခါေကာင္မေလးက သူမ အခန္းထဲဝင္ျပီး အက်ီလဲဦးမယ္ဆိုေတာ႕ A.L က ဧည္႕ခန္းက ေစာင္႕ေနတယ္။ ခနၾကာေတာ႕အခန္းထဲလိုက္ဝင္လာဖို႕ A.L လက္ကိုလာဆြဲေခၚတယ္၊ A.L လိုက္ဝင္သြားတယ္၊ ကုတင္ေပၚမွာထိုင္လိုက္ၾကတယ္။
.
.
.         ေကာင္မေလးကသူမ ဘဝ ရဲ႕ ရည္းစားဦးဇာတ္လမ္း အခန္းကို A.L နဲ႕ စ, ခ်င္တယ္လို႕ ေျပာတဲ႕အခါ A.L အရမ္းလန္႕သြားပါေတာ႕တယ္။ ေကာင္မေလး ဘာေတြထပ္ေျပာလည္းဆိုတာ A.L မၾကားေတာ႕ပါဘူး။ သူ႕ခႏၶာကိုယ္ကို သိုင္းဖက္ထားတာလည္း A.L မသိေတာ႕ပါဘူး။ တျဖည္းျဖည္းနဲ႕ A.L ကို ခုတင္ေပၚကိုဆြဲလွဲလိုက္တဲ႕အခ်ိန္ "အိမ္မွာ ဘယ္သူမွမရွိဘူး၊ နင္ ငါ႕ကို ဘာမွတာဝန္ယူစရာမလိုပါဘူး၊ ငါတို႕ၾကားမွာ ဘာေႏွာင္ၾကိဳးမွခ်ည္မထားပါဘူးေနာ္ " ဆုိျပီး " You're not responsible for anything.There is no string attached. " လို႕ ေကာင္မေလး ပါးစပ္က ေခ်ာ႕ေမာ႕ေျပာေနတုန္းပါတဲ႕။သတိက လြတ္ေနပါျပီ၊ A.L သူတစ္ခါမွမေရာက္ဖူးတဲ႕ ကမၻာကိုသြားေတာ႕မယ္၊ ဟုတ္တယ္ - သူတစ္ကယ္ေရာက္ေတာ႕မယ္။
.
.           ကံေကာင္းခ်င္ေတာ႕" ဒီမွာ ... သား ... ကိုယ္ တာဝန္မယူႏိုင္ပဲနဲ႕ မင္း ... ဘယ္မိန္းကေလးကိုမွ မၾကံေလနဲ႕" ဆိုတဲ႕ ေက်းဇူးရွင္ပါပါး ရဲ႕ စကားကုိသတိရျပီး ကုတင္ေပၚကေန ဝုန္းကနဲ A.L ရုန္းထြက္လိုက္တယ္။ အခန္းဝကိုေရာက္ဖိ္ု႕ နာရီေပါင္းမ်ားစြာၾကာတယ္လို႕ ခံစားလိုက္ရတဲ႕အခ်ိန္ ေနာက္မွာ ေကာင္မေလးကလက္ကို ဆြဲထားပါေသးတယ္။
.
.
.          ျဖစ္ခ်င္ေတာ႕ ေကာင္မေလးရဲ႕အစ္ကို နဲ႕ ေမာင္ က အျပင္ကေနျပန္အလာအိမ္ေရွ႕ဖိနပ္ခြ်တ္မွာ ေယာက်္ားစီး ရွဴးဖိနပ္ အပုိတစ္ရံေတြ႕လိုက္တဲ႕အခါ တစ္ေယာက္ကကားဂိုေဒါင္ထဲကိုအသံတိတ္ဝင္သြားျပီး ေနာက္တစ္ေယာက္က ျခံေနာက္ေဖးကို ေျခေဖာ႕ျပီး ဝင္ေရာက္သြားပါတယ္။ အိမ္ထဲေရာက္လို႕ ဧည္႕ခန္းမွာဘာမွမေတြ႕တဲ႕ ညီအစ္ကို (၂) ေယာက္ဟာ တစ္ခန္းဝင္ တစ္ခန္းထြက္စိတ္ထင္တဲ႕ တစ္စံုတစ္ေယာက္ကို ရွာပံုေတာ္ဖြင္႕ေနတာေပါ႕။
.
.           ခ်ိန္းထားရင္ေတာင္လြဲဦးမယ္၊ လက္ထဲမွာ ေဘ႕စ္ေဘာလ္ရိုက္တုတ္ကိုယ္စီကိုင္္ထားတဲ႕ ညီအစ္ကိုႏွစ္ေယာက္ဟာ သူ႕တို႕ညီမအခန္းတံခါးကေနလွစ္ကနဲေျပးထြက္လာတဲ႕ A.L ရဲ႕ ပုခံုးနဲ႕တုိက္မိပါေတာ႕တယ္။ တစ္ေယာက္က ရမ္းသမ္းရိုက္လိုက္တာကိုလက္ဖ်ံနဲ႕တားလိုက္ရင္း အားကုန္ေျပးထြက္ရုန္းကန္ျပီး အိမ္အျပင္ကို ေရာက္မွန္းမသိ A.L ေရာက္လာတယ္။ လိုက္သူက ႏွစ္ေယာက္ ေရွ႕ကေျပးတာ မာရသြန္ျမန္မာ ဆိုတာကို မ်က္စိထဲ ျမင္ၾကည္႕လိုက္ၾကပါ။ ေက်ာင္းရဲ႕ P.E မွာ ေျပးရတာ အလကားမဟုတ္ဘူးေလ၊ သူေကာင္းေကာင္းအသံုးခ်လိုက္တယ္။
.
.
.          ကုိးရီးယားအခ်စ္ဇာတ္လမ္းတြဲရိုက္ဖို႕အဖိတ္ၾကားခဲ႕ရတဲ႕ ျမန္မာ (၁၁) တန္းေက်ာင္းသားေလး ေရွာင္လင္ကြန္ဖူးရိုက္ကြင္းကေန အျပီးအျပတ္ထြက္ေျပးလြတ္ေျမာက္လာခဲ႕ပါေတာ႕တယ္။ အဲဒီအခ်ိန္ကစ, ျပီး ဘယ္မိန္းကေလး ဆီကိုမွ အိမ္ထဲဝင္မလည္ေတာ႕ပါဘူးတဲ႕ဗ်ား။
.
.         ေငြရွာတတ္လာတဲ႕ A.L ဟာ အခ်ိန္ပိုင္းကေန အခ်ိန္ျပည္႕၊ တစ္ပတ္ နာရီ (၄ဝ) ေက်ာ္အလုပ္လုပ္လာတဲ႕အခါ ေက်ာင္းစ, ပ်က္လာတယ္။ မိဘေတြကေတာ႕မသိပဲ သူ႕ကို ေက်ာင္းသြားေနတယ္ပဲထင္ခဲ႕တယ္။ တစ္ခုျပီးတစ္ခု ေျပာင္းလိုက္လုပ္လိုက္ ျဖစ္ေနတုန္း ဆူရွီလိပ္သင္တန္းတက္ရင္းကံမေကာင္းစြာ ေက်ာင္းစာဟာ ဟုိးအေဝးၾကီးမွာ က်န္ေနခဲ႕ပါျပီ။ အစ္ကုိက ေက်ာင္းတက္ျပီးလို႕ဘဏ္မွာ ဝင္လုပ္ေပမယ္႕  ေနာက္ဆံုးမွာ ဝယ္ထားတဲ႕အိမ္ေၾကြးကရွိတာကေၾကာင္႕ A.L အထက္တန္းမျပီးေတာ႕ပါဘူး။
.
.
.         သူတို႕ရဲ႕အေတြးက ညီအစ္ကို ႏွစ္ေယာက္ေပါင္းရွာျပီး အိမ္ဖိုးေပးမယ္၊ ေနာက္ ႏွစ္အနည္းငယ္ဆိုရင္အိမ္ဖိုးလဲေက် အားလံုးလဲအေျခက် အိုေကမွာစိုေျပေပါ႕။ မိဘေတြကို ေက်းဇူးဆပ္ရင္း အလုပ္လုပ္ၾကတာ A.L တစ္ေယာက္ ဆူရီွဘက္မွာ ကြ်မ္းက်င္လာတယ္။ ဆူရွီဆိုင္ရွင္ က A.L ကို Las Vegas ျမိဳ႕ကဆိုင္ကို ဦးစီးဖို႕လႊတ္လိုက္ပါတယ္။ A.L က လပ္ေဗးဂက္စ္ ေရာက္လဲ ၾကိဳးစားတာပါပဲ။
.
.         လူငယ္သဘာဝလြတ္လပ္ျပီဆိုေတာ႕ အစံုရတဲ႕ " ေမွာ္ျမိဳ႕ေတာ္ - Sin City " မွာ ေငြယားေလးရဖုိ႕ A.L ေလာင္းကစား စ, လုပ္တတ္လာတယ္။ ပထမေတာ႕ႏိုင္ေနေပမယ္႕ ေလာင္းကစားသမားတို႕ရဲ႕ သြားရာလမ္းအတိုင္းအရွံဴးကို ဆျပန္တိုး - Compound  "လိုက္" ရင္း လက္ထဲရွိတဲ႕ေငြကုန္ျပီး စီးေနတဲ႕ကားပါ ေပးလိုက္ရတဲ႕အဆင္႕အထိ အခ်ိန္တိုအတြင္းက်ေရာက္လာတယ္။
.
.
.          ခရက္ဒစ္ကဒ္ကေန ေငြေခ်းရင္း ပထမပိုင္း ေဒၚလာ (၁၈ဝဝဝ) ေလာက္အထိ အေၾကြးတင္တဲ႕အထိ A.L မတုန္လႈပ္ေသးပါဘူး။ " ေငြေမွ်ာ ေငြလိုက္လိုက္ " ေနေပမယ္႕ အသာစီးယူထားတဲ႕Casino ဒိုင္ေတြရဲ႕ လူလုပ္ကံ ေတြကို ဘယ္လိုမွမယွဥ္ႏိုင္ပါဘူး။ ဇြဲၾကီး မဲၾကီး နဲ႕လိုက္ကစားရင္း ေနာက္ဆံုး ေဒၚလာ (၆ဝဝဝဝ) အေၾကြးတင္တဲ႕အခ်ိန္ A.L ဟာ ေလာင္းကစားဝိုင္းေတြကေနထြက္လာခဲ႕တယ္။
.
.          အိပ္ကပ္ထဲႏိႈက္ၾကည္႕လိုက္ေတာ႕ တစ္မတ္ေစ႕ ႏွစ္ေစ႕ က အေဖာ္ျပဳလို႕ရယ္။ဆိုင္ျပန္စရာ ကားလည္းမရွိေတာ႕ဘူး။ ဆုိင္ျပန္ဖို႕ တကၠစီးငွားခလည္းမက်န္ေတာ႕တဲ႕အတူ လက္က်န္ေငြငါးမူး နဲ႕ ေရသန္႕တစ္ဗူးဝယ္ေသာက္ရင္း လမ္းေလွ်ာက္ျပန္ခဲ႕တယ္။ တစ္ခ်က္တစ္ခ်က္ မ, ေရႊ႕လိုက္တဲ႕ေျခလွမ္းမ်ားဟာ ဆူရွီလိပ္လို႕ ေညာင္းတဲ႕ပုခံုးထက္ ပို၍ ေလးလံေနတာ A.L တစ္ေယာက္ ေကာင္းေကာင္းၾကီးသေဘာေပါက္သြားပါျပီ။
.
.
.          ဒီလို နဲ႕ A.L ဟာ အိမ္တြင္းေအာင္းေနျပီး မိဘေတြေနတဲ႕အိမ္ကို မျပန္ရဲပဲ ျဖစ္ေနတာမၾကာပါဘူး၊ ဘဏ္ေတြက အေၾကြးေတာင္းတဲ႕စာ ေတြ႕သြားေတာ႕ အျဖစ္မွန္ေတြသိသြားတဲ႕ A.L အေမကမူလအိမ္ျပန္ေခၚပါတယ္။ မိဘေတြကလည္း အေၾကြးဆပ္ဖို႕မရွိတဲ႕အခါ ဘဏ္ကုိ ဖုန္းဆက္ျပီၤး လူမြဲစာရင္းေၾကျငာရပါေတာ႕တယ္။အဲဒီအခ်ိန္ကစ အလုပ္အမ်ိဳးမ်ိဳးေျပာင္းျပီး ကြ်န္ေတာ႕အလုပ္ကို သူေျပာင္းလာခဲ႕တဲ႕အထိပါ။
.
.          အခုလက္ရွိသူ ေက်ာင္းဆက္မတက္ႏိုင္ပါဘူး။ အဂၤလိပ္စကားကို ဘို ရွံဴးေအာင္ေျပာႏိုင္ေပမယ္႕ျမန္မာႏုိင္ငံ (၈) တန္း Grammar ကိုေတာင္ သူမယွဥ္ႏိုင္ေတာ႕ဘူး။ စာလံုးေပါင္းေတြအမ်ိဳးမ်ိဳးမွားျပီး ဘယ္အရာမဆုိ ေတြးေတာဆင္ျခင္တတ္တဲ႕ဥာဏ္ တစ္နည္းအားျဖင္႕ အေမရိကန္ပညာေရးစံနစ္ေက်ာရိုး - Critical Thinking သူ႕မွာ မက်န္ရွိပါဘူး။
.
.
.          လူလည္ေတာ႕လူလည္ ဒါေပမယ္႕စာမတတ္တဲ႕လူလည္ ျဖစ္လာတယ္။ သူေ႒းေတာ႕ သူေ႒း ဒါေပမယ္႕ လူမြဲစာရင္းခံသူေ႒း တစ္ျဖစ္လဲ A.L ဟာ သူရဲ႕ အေၾကြးဝယ္ႏိုင္မႈစြမ္းအား - Credit Score ကုိ စစ္ၾကည္႕တာမွာ ေလာင္းကစားမလုပ္ခင္က(၈၅ဝ) ရွိရာကေန (၃၈ဝ) အထိ ထိုးဆင္းသြားတယ္။ အေမရိကားေရာက္ ဆင္းရဲသားပံုစံအတုိင္းေငြသား - Cash ပဲ သံုးတဲ႕အဆင္႕ေရာက္သြားတယ္။
.
.           ေနာက္ဆံုးမွာေတာ႕ပညာတတ္ရင္ လက္ဖ်ားေငြသီးတဲ႕ အေမရိကားမွာ တစ္္နာရီ (၈) ေဒၚလာ ကေန ျပန္စလုပ္ရျပန္ေရာ။ ကုိယ္က်င္႕တရားေကာင္းေပမယ္႕ စာရိတၱပ်က္တဲ႕အခါ ကြ်မ္းထုိးေမွာက္ခံုျဖစ္ရတဲ႕ လူ႕ဘဝဇာတ္ခံုေပၚရံုမသြင္းပဲ ကျပလိုက္သလို A.L ဘဝက မလွပခဲ႕ပါ။ ဒါေပမယ္႕ A.L ကို ဘယ္ေတာ႕ၾကည္႕ၾကည္႕ေပ်ာ္ေပ်ာ္ပဲ။ စကားေျပာေတာ႕ အသံအက်ယ္ၾကီး၊ ေဟးေလး ဝါးလား နဲ႕ ဘာမွ အေလးအနက္ရွိပံုမေပၚဘူး။
.
.
.         ဒါေပမယ္႕သူေျပာျပတယ္။ “ ေတာ္ရံုတန္ရံု ကြ်န္ေတာ္ စိတ္မတိုဘူး၊ တစ္ႏွစ္လံုးေနေတာင္ ႏွစ္ေခါက္ေလာက္ပဲစိတ္တိုျဖစ္တယ္။ တစ္ခါတိုရင္ လူသတ္ခ်င္ေလာက္တဲ႕အထိျဖစ္တတ္ေတာ႕ အႏၱရာယ္ရွိတယ္တဲ႕။ ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္လည္း ဒါကုိသိတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ္ ေပ်ာ္ေပ်ာ္ပဲေနတယ္ “ တဲ႕ ။
.
.           လူေတြကA.L လက္ရိွဘယ္လိုေနထုိင္တယ္ဆုိတာပဲျမင္ၾကတာ သူ႕အတြင္းစိတ္ကုိ မသိၾကဘူး။ သူကလည္း ပကတိစိတ္ကိုမရိပ္မိေအာင္ ေနတတ္တယ္။ ျမန္မာၾကားထဲမွာ စကားေျပာရင္း စ, လုိက္ ေနာက္လုိက္နဲ႕ အရိပ္မည္းၾကီးကိုၾကိဳးစားေမ႕ေဖ်ာက္ေနဟန္တူပါတယ္။
.
.
.          အစ္ကုိ က ဘဏ္မန္ေနဂ်ာျဖစ္သြားျပီး ျမန္မာႏုိင္ငံက ေကာင္မေလးကိုျပန္လက္ထပ္တယ္။ သူ႕အမ်ိဳးသမီးကို အေမရိကားေခၚလာကာ မိဘအိုႏွစ္ပါးကုိပစ္ျပီး အိမ္ခြဲဆင္းသြားေတာ႕ A.L တစ္ေယာက္ရွာစာကို မိဘေတြအားကိုးရေတာ႕တာေပါ႕။ ဒါကိုက ခ်စ္စရာေကာင္းတဲ႕ A.L ပါ။ လူငယ္မွာ အမွားမကင္းပါဘူး။ မွားမွန္းသိ-ျပင္ ဒါကိုသိဖို႕ပဲလိုတယ္ မဟုတ္လား။ အခုထိ လူပ်ိဳရည္မပ်က္ေသးတဲ႕၊ လြယ္ေနေတာင္မွ သီလတစ္ပါးကုိထိန္းထားႏုိင္တဲ႕ ဆယ္ေက်ာ္သက္စိတ္ဓါတ္ က A.L ရဲ႕ ဒုကၡေရာက္ခဲ႕တဲ႕ဘဝထက္ပိုခ်စ္စရာေကာင္းတယ္လို႕ ျမင္မိပါတယ္။
.
.
ဝန္ခံခ်က္ |||||||||| JULY 20, 2014 အခ်ိန္တုန္းကေရးခဲ႕ေသာ "A.L" ျဖစ္ရပ္မွန္ဇာတ္လမ္းကို ယခု "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း" စီးရီးတြင္ ျပည္လည္ထည္႕သြင္းလို၍ ျပန္လည္ေဖာ္ျပရျခင္းျဖစ္ပါသည္။
.
.
Unicode Version:
.
.
.           "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၆)"
.
.          (၂ဝ၁ဝ) ကုန်ခါနီးမှာ အလုပ်ကို မြန်မာကောင်လေးတစ်ယောက် ဝင်လာလို့ သင်ပေးဖူးတယ်။ သူက ဒီနိုင်ငံကို( ၁၁ ) နှစ်သားအရွယ်မှာ မိဘတွေနဲ့လိုက်လာခဲ့ပြီး အလယ်တန်း၊ အထက်တန်းကျောင်းတွေပါ စုံအောင်တက်ခဲ့ရတယ်။ အင်္ဂလိပ် နဲ့ စပိန် စကားကျွမ်းကျင်တဲ့ မြန်မာလူမျိုးပြပါဆိုရင် သူ့ကိုပဲပြစရာတွေ့ဖူးတယ်။ အလုပ်အစုံလုပ်ဖူးတဲ့အထဲမှာ CNC မောင်းတာ၊ ဆူရှီလိပ်တာ၊ In & Out ဆန်းဝှစ် ဆိုင်မှာမန်နေဂျာဖြစ်ခါနီးအထိလုပ်ခဲ့တာ၊ Casino မှာ လုပ်ဖူးတာ စတာတွေသူပြောပြတယ်။ ရောက်တာမကြာသေးတဲ့တောင်ကြီးသားအဖို့ ယောင်ပြီးမမှားရအောင် သူ့နားကပညာပြန်ယူရတာတွေအများကြီးပါ။
.
.          သူ့မြန်မာနာမည် ကျော် --, --, ကို “ ဘို ”  တွေ အသံထွက်ရတာခက်တော့ A.L ( အမည်လွှဲ ) ဆိုတဲ့ ဘိုနာမည်နဲ့ကျောင်းတက်ခဲ့တယ်။ သူ့မှာ ကောင်းကွက်တွေအများကြီးပါ။ A.L က အထက်တန်းကျောင်းစ,တက်တဲ့အထိ စာတွေလိုက်နိုင်တယ်။ (၉) တန်း ရောက်တော့ ဘာသာစကားတစ်မျိုးရွေးရတဲ့အခါ စပိန်စကား- Spanish ကို ရွေးခဲ့တယ်။ (၁ဝ) တန်းအောင်တော့ အချိန်ပိုင်းအလုပ် စ, ဝင်ခဲ့ပြီး အိမ်စားရိတ်ဝိုင်းရှာပေးကာမိသားစုအားကိုးရတဲ့သားငယ်ဖြစ်လာတယ်။
.
.
.          သူ့အစ်ကိုကျောင်းပြီးတော့ ကောလိပ်ဆက်တက်တုန်း A.L အချိန်ပိုင်းအလုပ်ကို ဖိလုပ်ရင်း မီးဖိုချောင်စားရိတ်ဖြည့်တင်းပေးခဲ့တယ်။ အလုပ်တွေပြောင်းရင်းဘာသာစကား ပိုကျွမ်းကျင်လာသလို လူမှုဆက်ဆံရေးကောင်းလွန်းလို့ တခြားဘာသာ ဆန်းဒေးစကူး သီချင်းဆိုပွဲတွေတက်ဆိုတဲ့ အထိ A.L ရဲ့ သူငယ်ချင်းလို့ပြောလိုက်ရင် အချင်းချင်း ခင်သွားကြတဲ့အထိပဲ။ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက ဘာသာရေးပွဲ၊ စျေးရောင်းပွဲ၊ အထိမ်းအမှတ်ပွဲတွေမှာ မြန်မာတွေ စုကြတဲ့အခါ A.L အမြဲတက်တက်ကြွကြွပါဝင်ခဲ့တယ်။
.
.          တစ်ခြားဆယ်ကျော်သက်တွေလို ချစ်သူရည်းစားရတော့  A.L မှာ ကောင်းတဲ့အချက်တွေ ရှိနေပြန်တယ်။ သူချစ်တဲ့သူကိုပွင့်ပွင့်လင်းလင်းဆက်ဆံပေမယ့် အတွေ့အထိမှာ စည်းကမ်းရှိတယ်။ ဘယ်လို ရေလာမြောင်းပေးလုပ်ပေသော်ငြားလည်းဒါမျိုးကိစ္စမှာ သူမလွန်ခဲ့ဘူး။ တစ်ခါက ကျောင်းနေဖက် စပိန်နွယ်ဖွားမိန်းကလေး နဲ့ ချစ်ကြိုက်မိတဲ့အခါပဲစားကောင်မလေး ( မြန်မာတွေကြားမှာ Spanish စကားပြောလူမျိုးကို " ပဲစား" လို့ စကားဝှက် သုံးနှုန်းကြပါတယ်) က A.L ကို အိမ်အလည် ခေါ်ပါတယ်။ ဒါနဲ့ A.L လိုက်သွားတဲ့အခါကောင်မလေးက သူမ အခန်းထဲဝင်ပြီး အကျီလဲဦးမယ်ဆိုတော့ A.L က ဧည့်ခန်းက စောင့်နေတယ်။ ခနကြာတော့အခန်းထဲလိုက်ဝင်လာဖို့ A.L လက်ကိုလာဆွဲခေါ်တယ်၊ A.L လိုက်ဝင်သွားတယ်၊ ကုတင်ပေါ်မှာထိုင်လိုက်ကြတယ်။
.
.
.         ကောင်မလေးကသူမ ဘဝ ရဲ့ ရည်းစားဦးဇာတ်လမ်း အခန်းကို A.L နဲ့ စ, ချင်တယ်လို့ ပြောတဲ့အခါ A.L အရမ်းလန့်သွားပါတော့တယ်။ ကောင်မလေး ဘာတွေထပ်ပြောလည်းဆိုတာ A.L မကြားတော့ပါဘူး။ သူ့ခန္ဓာကိုယ်ကို သိုင်းဖက်ထားတာလည်း A.L မသိတော့ပါဘူး။ တဖြည်းဖြည်းနဲ့ A.L ကို ခုတင်ပေါ်ကိုဆွဲလှဲလိုက်တဲ့အချိန် "အိမ်မှာ ဘယ်သူမှမရှိဘူး၊ နင် ငါ့ကို ဘာမှတာဝန်ယူစရာမလိုပါဘူး၊ ငါတို့ကြားမှာ ဘာနှောင်ကြိုးမှချည်မထားပါဘူးနော် " ဆိုပြီး " You're not responsible for anything.There is no string attached. " လို့ ကောင်မလေး ပါးစပ်က ချော့မော့ပြောနေတုန်းပါတဲ့။သတိက လွတ်နေပါပြီ၊ A.L သူတစ်ခါမှမရောက်ဖူးတဲ့ ကမ္ဘာကိုသွားတော့မယ်၊ ဟုတ်တယ် - သူတစ်ကယ်ရောက်တော့မယ်။
.
.           ကံကောင်းချင်တော့" ဒီမှာ ... သား ... ကိုယ် တာဝန်မယူနိုင်ပဲနဲ့ မင်း ... ဘယ်မိန်းကလေးကိုမှ မကြံလေနဲ့" ဆိုတဲ့ ကျေးဇူးရှင်ပါပါး ရဲ့ စကားကိုသတိရပြီး ကုတင်ပေါ်ကနေ ဝုန်းကနဲ A.L ရုန်းထွက်လိုက်တယ်။ အခန်းဝကိုရောက်ဖိ်ု့ နာရီပေါင်းများစွာကြာတယ်လို့ ခံစားလိုက်ရတဲ့အချိန် နောက်မှာ ကောင်မလေးကလက်ကို ဆွဲထားပါသေးတယ်။
.
.
.          ဖြစ်ချင်တော့ ကောင်မလေးရဲ့အစ်ကို နဲ့ မောင် က အပြင်ကနေပြန်အလာအိမ်ရှေ့ဖိနပ်ချွတ်မှာ ယောကျ်ားစီး ရှူးဖိနပ် အပိုတစ်ရံတွေ့လိုက်တဲ့အခါ တစ်ယောက်ကကားဂိုဒေါင်ထဲကိုအသံတိတ်ဝင်သွားပြီး နောက်တစ်ယောက်က ခြံနောက်ဖေးကို ခြေဖော့ပြီး ဝင်ရောက်သွားပါတယ်။ အိမ်ထဲရောက်လို့ ဧည့်ခန်းမှာဘာမှမတွေ့တဲ့ ညီအစ်ကို (၂) ယောက်ဟာ တစ်ခန်းဝင် တစ်ခန်းထွက်စိတ်ထင်တဲ့ တစ်စုံတစ်ယောက်ကို ရှာပုံတော်ဖွင့်နေတာပေါ့။
.
.           ချိန်းထားရင်တောင်လွဲဦးမယ်၊ လက်ထဲမှာ ဘေ့စ်ဘောလ်ရိုက်တုတ်ကိုယ်စီကိုင််ထားတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူ့တို့ညီမအခန်းတံခါးကနေလှစ်ကနဲပြေးထွက်လာတဲ့ A.L ရဲ့ ပုခုံးနဲ့တိုက်မိပါတော့တယ်။ တစ်ယောက်က ရမ်းသမ်းရိုက်လိုက်တာကိုလက်ဖျံနဲ့တားလိုက်ရင်း အားကုန်ပြေးထွက်ရုန်းကန်ပြီး အိမ်အပြင်ကို ရောက်မှန်းမသိ A.L ရောက်လာတယ်။ လိုက်သူက နှစ်ယောက် ရှေ့ကပြေးတာ မာရသွန်မြန်မာ ဆိုတာကို မျက်စိထဲ မြင်ကြည့်လိုက်ကြပါ။ ကျောင်းရဲ့ P.E မှာ ပြေးရတာ အလကားမဟုတ်ဘူးလေ၊ သူကောင်းကောင်းအသုံးချလိုက်တယ်။
.
.
.          ကိုးရီးယားအချစ်ဇာတ်လမ်းတွဲရိုက်ဖို့အဖိတ်ကြားခဲ့ရတဲ့ မြန်မာ (၁၁) တန်းကျောင်းသားလေး ရှောင်လင်ကွန်ဖူးရိုက်ကွင်းကနေ အပြီးအပြတ်ထွက်ပြေးလွတ်မြောက်လာခဲ့ပါတော့တယ်။ အဲဒီအချိန်ကစ, ပြီး ဘယ်မိန်းကလေး ဆီကိုမှ အိမ်ထဲဝင်မလည်တော့ပါဘူးတဲ့ဗျား။
.
.         ငွေရှာတတ်လာတဲ့ A.L ဟာ အချိန်ပိုင်းကနေ အချိန်ပြည့်၊ တစ်ပတ် နာရီ (၄ဝ) ကျော်အလုပ်လုပ်လာတဲ့အခါ ကျောင်းစ, ပျက်လာတယ်။ မိဘတွေကတော့မသိပဲ သူ့ကို ကျောင်းသွားနေတယ်ပဲထင်ခဲ့တယ်။ တစ်ခုပြီးတစ်ခု ပြောင်းလိုက်လုပ်လိုက် ဖြစ်နေတုန်း ဆူရှီလိပ်သင်တန်းတက်ရင်းကံမကောင်းစွာ ကျောင်းစာဟာ ဟိုးအဝေးကြီးမှာ ကျန်နေခဲ့ပါပြီ။ အစ်ကိုက ကျောင်းတက်ပြီးလို့ဘဏ်မှာ ဝင်လုပ်ပေမယ့်  နောက်ဆုံးမှာ ဝယ်ထားတဲ့အိမ်ကြွေးကရှိတာကကြောင့် A.L အထက်တန်းမပြီးတော့ပါဘူး။
.
.
.         သူတို့ရဲ့အတွေးက ညီအစ်ကို နှစ်ယောက်ပေါင်းရှာပြီး အိမ်ဖိုးပေးမယ်၊ နောက် နှစ်အနည်းငယ်ဆိုရင်အိမ်ဖိုးလဲကျေ အားလုံးလဲအခြေကျ အိုကေမှာစိုပြေပေါ့။ မိဘတွေကို ကျေးဇူးဆပ်ရင်း အလုပ်လုပ်ကြတာ A.L တစ်ယောက် ဆူရှီဘက်မှာ ကျွမ်းကျင်လာတယ်။ ဆူရှီဆိုင်ရှင် က A.L ကို Las Vegas မြို့ကဆိုင်ကို ဦးစီးဖို့လွှတ်လိုက်ပါတယ်။ A.L က လပ်ဗေးဂက်စ် ရောက်လဲ ကြိုးစားတာပါပဲ။
.
.         လူငယ်သဘာဝလွတ်လပ်ပြီဆိုတော့ အစုံရတဲ့ " မှော်မြို့တော် - Sin City " မှာ ငွေယားလေးရဖို့ A.L လောင်းကစား စ, လုပ်တတ်လာတယ်။ ပထမတော့နိုင်နေပေမယ့် လောင်းကစားသမားတို့ရဲ့ သွားရာလမ်းအတိုင်းအရှံူးကို ဆပြန်တိုး - Compound  "လိုက်" ရင်း လက်ထဲရှိတဲ့ငွေကုန်ပြီး စီးနေတဲ့ကားပါ ပေးလိုက်ရတဲ့အဆင့်အထိ အချိန်တိုအတွင်းကျရောက်လာတယ်။
.
.
.          ခရက်ဒစ်ကဒ်ကနေ ငွေချေးရင်း ပထမပိုင်း ဒေါ်လာ (၁၈ဝဝဝ) လောက်အထိ အကြွေးတင်တဲ့အထိ A.L မတုန်လှုပ်သေးပါဘူး။ " ငွေမျှော ငွေလိုက်လိုက် " နေပေမယ့် အသာစီးယူထားတဲ့Casino ဒိုင်တွေရဲ့ လူလုပ်ကံ တွေကို ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ ဇွဲကြီး မဲကြီး နဲ့လိုက်ကစားရင်း နောက်ဆုံး ဒေါ်လာ (၆ဝဝဝဝ) အကြွေးတင်တဲ့အချိန် A.L ဟာ လောင်းကစားဝိုင်းတွေကနေထွက်လာခဲ့တယ်။
.
.          အိပ်ကပ်ထဲနှိုက်ကြည့်လိုက်တော့ တစ်မတ်စေ့ နှစ်စေ့ က အဖော်ပြုလို့ရယ်။ဆိုင်ပြန်စရာ ကားလည်းမရှိတော့ဘူး။ ဆိုင်ပြန်ဖို့ တက္ကစီးငှားခလည်းမကျန်တော့တဲ့အတူ လက်ကျန်ငွေငါးမူး နဲ့ ရေသန့်တစ်ဗူးဝယ်သောက်ရင်း လမ်းလျှောက်ပြန်ခဲ့တယ်။ တစ်ချက်တစ်ချက် မ, ရွှေ့လိုက်တဲ့ခြေလှမ်းများဟာ ဆူရှီလိပ်လို့ ညောင်းတဲ့ပုခုံးထက် ပို၍ လေးလံနေတာ A.L တစ်ယောက် ကောင်းကောင်းကြီးသဘောပေါက်သွားပါပြီ။
.
.
.          ဒီလို နဲ့ A.L ဟာ အိမ်တွင်းအောင်းနေပြီး မိဘတွေနေတဲ့အိမ်ကို မပြန်ရဲပဲ ဖြစ်နေတာမကြာပါဘူး၊ ဘဏ်တွေက အကြွေးတောင်းတဲ့စာ တွေ့သွားတော့ အဖြစ်မှန်တွေသိသွားတဲ့ A.L အမေကမူလအိမ်ပြန်ခေါ်ပါတယ်။ မိဘတွေကလည်း အကြွေးဆပ်ဖို့မရှိတဲ့အခါ ဘဏ်ကို ဖုန်းဆက်ပြီင်္း လူမွဲစာရင်းကြေငြာရပါတော့တယ်။အဲဒီအချိန်ကစ အလုပ်အမျိုးမျိုးပြောင်းပြီး ကျွန်တော့အလုပ်ကို သူပြောင်းလာခဲ့တဲ့အထိပါ။
.
.          အခုလက်ရှိသူ ကျောင်းဆက်မတက်နိုင်ပါဘူး။ အင်္ဂလိပ်စကားကို ဘို ရှံူးအောင်ပြောနိုင်ပေမယ့်မြန်မာနိုင်ငံ (၈) တန်း Grammar ကိုတောင် သူမယှဉ်နိုင်တော့ဘူး။ စာလုံးပေါင်းတွေအမျိုးမျိုးမှားပြီး ဘယ်အရာမဆို တွေးတောဆင်ခြင်တတ်တဲ့ဉာဏ် တစ်နည်းအားဖြင့် အမေရိကန်ပညာရေးစံနစ်ကျောရိုး - Critical Thinking သူ့မှာ မကျန်ရှိပါဘူး။
.
.
.          လူလည်တော့လူလည် ဒါပေမယ့်စာမတတ်တဲ့လူလည် ဖြစ်လာတယ်။ သူဋ္ဌေးတော့ သူဋ္ဌေး ဒါပေမယ့် လူမွဲစာရင်းခံသူဋ္ဌေး တစ်ဖြစ်လဲ A.L ဟာ သူရဲ့ အကြွေးဝယ်နိုင်မှုစွမ်းအား - Credit Score ကို စစ်ကြည့်တာမှာ လောင်းကစားမလုပ်ခင်က(၈၅ဝ) ရှိရာကနေ (၃၈ဝ) အထိ ထိုးဆင်းသွားတယ်။ အမေရိကားရောက် ဆင်းရဲသားပုံစံအတိုင်းငွေသား - Cash ပဲ သုံးတဲ့အဆင့်ရောက်သွားတယ်။
.
.           နောက်ဆုံးမှာတော့ပညာတတ်ရင် လက်ဖျားငွေသီးတဲ့ အမေရိကားမှာ တစ််နာရီ (၈) ဒေါ်လာ ကနေ ပြန်စလုပ်ရပြန်ရော။ ကိုယ်ကျင့်တရားကောင်းပေမယ့် စာရိတ္တပျက်တဲ့အခါ ကျွမ်းထိုးမှောက်ခုံဖြစ်ရတဲ့ လူ့ဘဝဇာတ်ခုံပေါ်ရုံမသွင်းပဲ ကပြလိုက်သလို A.L ဘဝက မလှပခဲ့ပါ။ ဒါပေမယ့် A.L ကို ဘယ်တော့ကြည့်ကြည့်ပျော်ပျော်ပဲ။ စကားပြောတော့ အသံအကျယ်ကြီး၊ ဟေးလေး ဝါးလား နဲ့ ဘာမှ အလေးအနက်ရှိပုံမပေါ်ဘူး။
.
.
.         ဒါပေမယ့်သူပြောပြတယ်။ “ တော်ရုံတန်ရုံ ကျွန်တော် စိတ်မတိုဘူး၊ တစ်နှစ်လုံးနေတောင် နှစ်ခေါက်လောက်ပဲစိတ်တိုဖြစ်တယ်။ တစ်ခါတိုရင် လူသတ်ချင်လောက်တဲ့အထိဖြစ်တတ်တော့ အန္တရာယ်ရှိတယ်တဲ့။ ကျွန်တော့ကိုယ်ကျွန်တော်လည်း ဒါကိုသိတယ်။ ဒါကြောင့် ကျွန်တော် ပျော်ပျော်ပဲနေတယ် “ တဲ့ ။
.
.           လူတွေကA.L လက်ရှိဘယ်လိုနေထိုင်တယ်ဆိုတာပဲမြင်ကြတာ သူ့အတွင်းစိတ်ကို မသိကြဘူး။ သူကလည်း ပကတိစိတ်ကိုမရိပ်မိအောင် နေတတ်တယ်။ မြန်မာကြားထဲမှာ စကားပြောရင်း စ, လိုက် နောက်လိုက်နဲ့ အရိပ်မည်းကြီးကိုကြိုးစားမေ့ဖျောက်နေဟန်တူပါတယ်။
.
.
.          အစ်ကို က ဘဏ်မန်နေဂျာဖြစ်သွားပြီး မြန်မာနိုင်ငံက ကောင်မလေးကိုပြန်လက်ထပ်တယ်။ သူ့အမျိုးသမီးကို အမေရိကားခေါ်လာကာ မိဘအိုနှစ်ပါးကိုပစ်ပြီး အိမ်ခွဲဆင်းသွားတော့ A.L တစ်ယောက်ရှာစာကို မိဘတွေအားကိုးရတော့တာပေါ့။ ဒါကိုက ချစ်စရာကောင်းတဲ့ A.L ပါ။ လူငယ်မှာ အမှားမကင်းပါဘူး။ မှားမှန်းသိ-ပြင် ဒါကိုသိဖို့ပဲလိုတယ် မဟုတ်လား။ အခုထိ လူပျိုရည်မပျက်သေးတဲ့၊ လွယ်နေတောင်မှ သီလတစ်ပါးကိုထိန်းထားနိုင်တဲ့ ဆယ်ကျော်သက်စိတ်ဓါတ် က A.L ရဲ့ ဒုက္ခရောက်ခဲ့တဲ့ဘဝထက်ပိုချစ်စရာကောင်းတယ်လို့ မြင်မိပါတယ်။
.
.
ဝန်ခံချက် |||||||||| JULY 20, 2014 အချိန်တုန်းကရေးခဲ့သော "A.L" ဖြစ်ရပ်မှန်ဇာတ်လမ်းကို ယခု "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း" စီးရီးတွင် ပြည်လည်ထည့်သွင်းလို၍ ပြန်လည်ဖော်ပြရခြင်းဖြစ်ပါသည်။
.
.
.
.           "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၇)"
.          ဘာအလုပ္လုပ္တဲ႕ကုမၸဏီ၊ ဘယ္အပုိင္းကိုကြ်မ္းက်င္ဖို႕လုိတယ္ဆုိတာေတြမပါပဲ ေယဘုယ်အားျဖင္႕ ကုမၸဏီတစ္ခုရဲ႕အလုပ္ခြင္မွာေခါင္းေဆာင္ျဖစ္ဖို႕ဆိုတာ ေအာက္ပါအခ်က္ေတြလိုအပ္ပါတယ္။
.
Perform complex assembly (ကုန္ပစၥည္းတပ္ဆင္သည္႕ေနရာတြင္ကြ်မ္းက်င္ျခင္း)
.
Data recording (အခ်က္အလက္မ်ားမွတ္သားျခင္း)
.
Follow Standard  Operating Procedures (S.O.P ကုိ လုိက္နာျခင္း)
.
Follow safety policies (လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးကိုလိုက္နာျခင္း)
.
Help coordinate workers activities through functional communications (လုပ္သားမ်ားအလုပ္လုပ္ရာတြင္တြဲဘက္လုပ္ေဆာင္ျခင္း)
.
Perform verification of manufacturing operations (ထုတ္လုပ္မႈလုပ္ငန္းတြင္မွန္ကန္မႈရွိေၾကာင္းစစ္ေဆးေပးျခင္း)
.
Conduct and document training of personnel (စာရြက္စာတမ္းပိုင္းဆုိင္ရာသင္တန္းေပးျခင္းႏွင္႕က်င္႕သံုးျခင္း)
.
Lead process improvement (လုပ္ငန္းစဥ္အဆင္႕ဆင္႕တုိးတက္ေအာင္ဦးေဆာင္ျခင္း)
.
Communicate throughput in area of responsibility (တာဝန္ပုိင္းတြင္ရလဒ္တိုင္းျပန္လည္သတင္းပို႕ျခင္း)

စတဲ႕အရည္အခ်င္းေတြျဖစ္ပါတယ္။ ဒီေနရာမွာစကားစပ္မိလို႕ေျပာျပခ်င္တာက သူငယ္ခ်င္း (၂) ေယာက္ရဲ႕ အလုပ္ (၂) ခုက ေခါင္းေဆာင္ (၂) ေယာက္အေၾကာင္းပါ။
.
.          ျမန္မာေတြေတာ္လို႕ ႏိုင္ငံျခားေရာက္လာသူေတြရွိသလို အထူးသျဖင္႕ အေမရိကားကိုေတာ႕ ေဆြးမ်ိဳး နဲ႕ ေသြးသားရင္းေတြကေခၚလို႕ေရာက္လာၾကသူေတြအမ်ားအျပားရွိၾကတယ္။ ေရာက္လာျပီဆိုရင္လည္း ဝင္ေငြရွိတဲ႕အလုပ္အကိုင္ခုိင္ျမဲေရးက စိမ္ေခၚမႈတစ္ခုျဖစ္လို႕ေနျပန္ပါတယ္။ ဒါေပမယ္႕ သူသူငါငါ အေမရိကားေရာက္ျပီဆိုရင္ ကုိယ္႕ဗမာထဲကဘယ္သူ ကိုယ္႕ကိုအလုပ္ခန္႕ေပးႏိုင္မလဲဆိုတာ ရွာေဖြတတ္ၾကတာ ဓမၼတာပါ။
.
.
.          အေစာပိုင္းကေျပာခဲ႕သလို ျမန္မာေတြဦးေဆာင္တဲ႕ကုမၸဏီတစ္ခုဟာ အေသးေလးကေန ေထာင္ရင္းေထာင္ရင္း အလတ္တန္းစားကုမၸဏီတစ္ခု အေမရိကန္ေျမမွာေပၚထြန္းလာတယ္ေပါ႕ဗ်ာ။ ျမန္မာေတြဦးေဆာင္တယ္ဆိုေပမယ္႕ ပိုင္ရွင္က အေမရိကန္လူျဖဴေတြပါ။ သူတို႕က အစပိုင္းမွာ ျမန္မာေတြရဲ႕ၾကိဳးစားအားထုတ္မႈ နဲ႕ အခ်ိန္ပုိေခၚခုိင္းတာကိုအျမဲၾကိဳဆိုတဲ႕အတြက္ လုပ္အားအတြက္ ၾကိဳက္ႏွစ္သက္ၾကပါတယ္။
.
.          ဒီလိုနဲ႕ အခ်င္းခ်င္းလက္တို႕ရင္း လုပ္ငန္းခြင္မွာ ျမန္မာေတြမ်ားလာတယ္။ ေနာက္ပိုင္းလူသစ္ေတြဝင္လာတဲ႕အခါ လူေဟာင္းေတြက ရာထူးေတြတက္ယူရင္း ေခါင္းေဆာင္ေတြျဖစ္၊ အုပ္ခ်ဳပ္ေရးမွဴးေတြျဖစ္၊ တစ္ဆက္တည္းမွာ ဘာေက်ာင္း ဘာဘြဲ႕မွ ရမထားပဲ အလုပ္အေတြ႕အၾကံဳေကာင္းေတြေၾကာင္႕ ရာထူးေတြယူလာၾကတယ္။ အဲ . . ဇာတ္လမ္းက အဲဒီမွာ စေတာ႕တာပါပဲ။
.
.
.        ကုမၸဏီကေသးတုန္းကေတာ႕အေၾကာင္းမဟုတ္ဘူး . . ေန႕တုိင္း ဒီလူ ဒီလူဆုိေတာ႕ ျမန္မာေတြ အကုန္မတတ္ေပမယ္႕အေတြ႕အၾကံဳကသင္ေပးထားေတာ႕ ေတာ္ရံုတန္ရံုအလုပ္ေတြဆိုတာ မီးျငိမ္း ဆီသတ္ အကုန္ျပတ္တယ္။ ေနာက္ပုိင္း ဘုိစကားေကာင္းသူေတြဝင္လာ၊ ႒ာနေတြတုိးခ်ဲ႕လာ၊ လူသစ္ေတြထပ္ငွားလာ၊ ဝန္ထမ္းအသစ္ေတြထပ္ခန္႕လာ၊ သင္တန္းေပးျပီး ထပ္သင္ေပးရလာ၊ လူအမ်ားေရွ႕ ဘုိစကားထြက္ေျပာရလာ . . အဲဒီမွာ သြားေတာ႕တာပဲ။
.
.       ကြ်န္ေတာ္အျမဲေျပာတယ္။ အဂၤလိပ္စကားကိုမုိးပ်ံေနေအာင္တတ္ေနစရာမလိုဘူး။ ဒါပေမယ္႕ ေျမျပင္မွာလမ္းေလွ်ာက္ႏုိင္ေအာင္ေတာ႕ တတ္ေနရမယ္။ အမ်ားကုိနားလည္ေအာင္ေျပာတတ္ဖို႕လုိသလို အမ်ားေျပာတာလည္းနားလည္ရမယ္ . . ဒါဆိုရင္ အေမရိကားမွာ အေျခခံအလုပ္ရျပီ။ ဒါေပမယ္႕ ေခါင္းေဆာင္ - Lead ဆိုတာက တစ္မ်ိဳး။
.
.
.       ဦးေဆာင္သူတစ္ေယာက္မွာ အစပိုင္းကေရးျပထားတဲ႕အရည္အခ်င္းေတြရွိမွ ကိုယ္႕ေအာက္ကလူေတြကို လမ္းျပႏုိင္မယ္။ အမွားနည္းေအာင္သင္တန္းေတြအဆက္မျပတ္ေပးရတယ္။ ျဖစ္လာတဲ႕ျပသနာေတြကို အခ်ိန္တိုအတြင္း လုပ္ေဆာင္ႏိုင္သူ၊ တာဝန္ရွိသူေတြကုိ လူကုိယ္တုိင္ ဒါမွမဟုတ္ အီးေမးလ္ နဲ႕ ဆက္သြယ္ရတယ္။ အေမရိကားမွာ အလုပ္ေခါင္းေဆာင္ဆိုတာ အုပ္ခ်ဳပ္မႈကိုမလုပ္ဘူး။ လမ္းညႊန္ခ်က္ေတြကို အတူတူလုိက္နာဖို႕သာ အထူးလုပ္ေဆာင္ရတယ္ က်န္တာက အုပ္ခ်ဳပ္မွဴးေရး - Supervisor ရဲ႕ အဓိကအလုပ္။
.
.         အဲဒီလို အမ်ားနဲ႕စကားေျပာဖို႕ အဂၤလိပ္စကားက သဒၵါမမွန္၊ အတိတ္၊ ပစၥဳပၸန္၊ အနာဂါတ္ ၾကိယာပုဒ္ေတြမမွန္၊ ေနရာမွန္မွာသံုးဖို႕စကားက ျမန္မာလိုကေန ဘာသာျပန္ဖို႕စဥ္းစားေနလို႕ လွ်ာဖ်ားက မထြက္၊ ထြက္ျပန္ေတာ႕လည္း အထစ္ထစ္ အ, အအ နဲ႕ ဒီေခါင္းေဆာင္တစ္ေယာက္ဟာ ကုမၸဏီတစ္ခုလံုးရဲ႕ေရွ႕မွာ ေဇာေခြ်းျပန္ေနပါျပီ။ ဒါက တစ္ေယာက္ . . ။
.
.
.        ေနာက္ကုမၸဏီက တစ္ေယာက္ကလည္း ထိုနည္းႏွင္ႏွင္ပဲ။ ျမန္မာမ်ားလို႕ ျမန္မာေတြအလုပ္သြင္း၊ ဝင္တာမ်ားေတာ႕ လူမ်ားစုျဖစ္၊ လူမ်ားစုထဲက ကုိယ္႕လူကိုယ္ေခါင္းေဆာင္တင္၊ အေရးၾကီးတဲ႕တာဝန္ေတြကို မႏိုင္မနင္းျဖစ္လာ၊ ကိုယ္သာလွ်င္ အေမရိကန္သမၼတနီးနီးအေရးၾကီးတယ္လို႕ထင္လာေတာ႕ နားထင္ေသြးေရာက္၊ ဆံုးျဖတ္ခ်က္ေတြ ဆံုးဆံုးေမွာက္ေတာ႕ ဒီဗမာ ဘယ္ခရီးေရာက္သြားတယ္ ထင္သလဲ?
.
.          လူေတြက သူ႕ကိုသတိထားမိတာၾကာျပီ။ အလုပ္မွာ သူ႕လူၾကီးေတြကိုအီးေမးလ္ေရးေတာ႕ "My name is Maung Maung" ကေနမတက္တဲ႕ အဂၤလိပ္စာနဲ႕ ရုိးရုိးသားသား သိသေလာက္ တတ္သေလာက္နဲ႕အရင္းခံတိုင္းေရးမယ္စိတ္မကူးပဲ ျမန္မာေက်ာင္းသားတစ္ေယာက္ကုိ အလုပ္ခြင္မွာ အီးေမးလ္ေရးခုိင္းတာကေန သူ႕အေၾကာင္းက လူေျပာမ်ားခဲ႕တယ္။
.
.
.           ေနာက္ဆံုးေတာ႕ ပိုေတာ္တဲ႕သူေတြ၊ ပုိျပီး ေျပာတတ္ဆုိတတ္သူေတြ၊ အရည္အခ်င္းရွိသူေတြ၊ အသက္ငယ္တဲ႕လူငယ္ေတြနဲ႕မယွဥ္ႏုိင္ေတာ႕တဲ႕အခါ လူ႕အရင္းအျမစ္႒ာန - HR က ေခၚယူေဆြးေႏြးျပီး ေခါင္းေဆာင္ရာထူးကေန ကြ်မ္းက်င္လုပ္သက္ရင္႕လုပ္သားအဆင္႕ ရာထူးျပန္ခ်ျခင္းကို ရင္ဆုိင္ရပါတယ္။
.
.          ဒါေၾကာင္႕ ကြ်န္ေတာ႕ကိုေမးသူေတြကို ကြ်န္ေတာ္အၿမဲေျပာေလ႕ရွိတာက အေမရိကားကိုလာျပီး ပညာနဲ႕လုပ္စားမွာလား? . . ေက်ာင္းျပန္တက္ ..။ သာမန္အလုပ္နဲ႕တင္ေက်နပ္မလား? . . အေျခခံအဂၤလိပ္စာ ရေအာင္လုပ္လာ . .။ အခုက ဘယ္လုိျဖစ္ေနသလဲဆိုေတာ႕ အစပိုင္းကေျပာခဲ႕သလို အမ်ိဳးေတြကေခၚလို႕ ဒီကုိေရာက္လာ . . ျမန္မာႏုိင္ငံမွာဘြဲ႕ရခဲ႕ေပမယ္႕ဒီျပန္ေရာက္ေတာ႕ အဂၤလိပ္စာကို ဒုတိယဘာသာစကား - Second Language အျဖစ္ လူၾကီးေက်ာင္း - Adult School ျပန္တက္ . ။ ပိုဆိုးတာက ဘာမွကို မဖတ္ခ်င္ မမွတ္ခ်င္ မေလ႕လာခ်င္ေတာ႕တာပါပဲ။ (စကားခ်ပ္)
.
.
.          သူတုိ႕ဟာ ေခါင္းေဆာင္ရာထူးကက်လို႕ ဘဝပ်က္သြားျပီလားဆိုေတာ႕ မပ်က္ပါဘူး။ ဒါေပမယ္႕ သူတုိ႕ကနဦးကရွိခဲ႕တဲ႕ မာန္မာနေတြ၊ လူနဲ႕လူခ်င္းမတူ၊ ျမန္မာေတြဆိုရင္ အေရးမလုပ္လိုတဲ႕စိတ္ေတြဟာ ေျမျပင္အေျခအေနမွာ ပကတိၾကမ္းျပင္အတိုင္း ျပန္ရင္ဆုိင္ရတာကို သံေဝဂ ရစရာ။
.
.          အခုေတာ႕ ဒီ ေခါင္းေဆာင္တစ္ျဖစ္လဲ ျမန္မာေတြက အိမ္အေၾကြးဆပ္ဖို႕ အလုပ္သြားျမဲ၊ ညေနအလုပ္ဆင္းရင္ ကေလးေတြေက်ာင္းသြားၾကိဳဆဲ၊ ေနာက္တစ္ရက္ အလုပ္ျပန္တက္ျမဲ။ အလုပ္နဲ႕လက္နဲ႕လည္းမျပတ္ အျမဲအလုပ္ရွိေနဆဲ။ ဒါေပမယ္႕ သူတို႕ရဲ႕အနာဂါတ္မွာ မရွိေတာ႕တာက တစ္ခုတည္းပါ။ အဲဒါကေတာ႕ "သူတုိ႕ဘဝအတြက္ထားခဲ႕တဲ႕ရည္မွန္းခ်က္" ပါပဲခင္ဗ်ား။
.
.
Unicode Version:
.
.
.           "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၇)"
.          ဘာအလုပ်လုပ်တဲ့ကုမ္ပဏီ၊ ဘယ်အပိုင်းကိုကျွမ်းကျင်ဖို့လိုတယ်ဆိုတာတွေမပါပဲ ယေဘုယျအားဖြင့် ကုမ္ပဏီတစ်ခုရဲ့အလုပ်ခွင်မှာခေါင်းဆောင်ဖြစ်ဖို့ဆိုတာ အောက်ပါအချက်တွေလိုအပ်ပါတယ်။
.
Perform complex assembly (ကုန်ပစ္စည်းတပ်ဆင်သည့်နေရာတွင်ကျွမ်းကျင်ခြင်း)
.
Data recording (အချက်အလက်များမှတ်သားခြင်း)
.
Follow Standard  Operating Procedures (S.O.P ကို လိုက်နာခြင်း)
.
Follow safety policies (လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကိုလိုက်နာခြင်း)
.
Help coordinate workers activities through functional communications (လုပ်သားများအလုပ်လုပ်ရာတွင်တွဲဘက်လုပ်ဆောင်ခြင်း)
.
Perform verification of manufacturing operations (ထုတ်လုပ်မှုလုပ်ငန်းတွင်မှန်ကန်မှုရှိကြောင်းစစ်ဆေးပေးခြင်း)
.
Conduct and document training of personnel (စာရွက်စာတမ်းပိုင်းဆိုင်ရာသင်တန်းပေးခြင်းနှင့်ကျင့်သုံးခြင်း)
.
Lead process improvement (လုပ်ငန်းစဉ်အဆင့်ဆင့်တိုးတက်အောင်ဦးဆောင်ခြင်း)
.
Communicate throughput in area of responsibility (တာဝန်ပိုင်းတွင်ရလဒ်တိုင်းပြန်လည်သတင်းပို့ခြင်း)

စတဲ့အရည်အချင်းတွေဖြစ်ပါတယ်။ ဒီနေရာမှာစကားစပ်မိလို့ပြောပြချင်တာက သူငယ်ချင်း (၂) ယောက်ရဲ့ အလုပ် (၂) ခုက ခေါင်းဆောင် (၂) ယောက်အကြောင်းပါ။
.
.          မြန်မာတွေတော်လို့ နိုင်ငံခြားရောက်လာသူတွေရှိသလို အထူးသဖြင့် အမေရိကားကိုတော့ ဆွေးမျိုး နဲ့ သွေးသားရင်းတွေကခေါ်လို့ရောက်လာကြသူတွေအများအပြားရှိကြတယ်။ ရောက်လာပြီဆိုရင်လည်း ဝင်ငွေရှိတဲ့အလုပ်အကိုင်ခိုင်မြဲရေးက စိမ်ခေါ်မှုတစ်ခုဖြစ်လို့နေပြန်ပါတယ်။ ဒါပေမယ့် သူသူငါငါ အမေရိကားရောက်ပြီဆိုရင် ကိုယ့်ဗမာထဲကဘယ်သူ ကိုယ့်ကိုအလုပ်ခန့်ပေးနိုင်မလဲဆိုတာ ရှာဖွေတတ်ကြတာ ဓမ္မတာပါ။
.
.
.          အစောပိုင်းကပြောခဲ့သလို မြန်မာတွေဦးဆောင်တဲ့ကုမ္ပဏီတစ်ခုဟာ အသေးလေးကနေ ထောင်ရင်းထောင်ရင်း အလတ်တန်းစားကုမ္ပဏီတစ်ခု အမေရိကန်မြေမှာပေါ်ထွန်းလာတယ်ပေါ့ဗျာ။ မြန်မာတွေဦးဆောင်တယ်ဆိုပေမယ့် ပိုင်ရှင်က အမေရိကန်လူဖြူတွေပါ။ သူတို့က အစပိုင်းမှာ မြန်မာတွေရဲ့ကြိုးစားအားထုတ်မှု နဲ့ အချိန်ပိုခေါ်ခိုင်းတာကိုအမြဲကြိုဆိုတဲ့အတွက် လုပ်အားအတွက် ကြိုက်နှစ်သက်ကြပါတယ်။
.
.          ဒီလိုနဲ့ အချင်းချင်းလက်တို့ရင်း လုပ်ငန်းခွင်မှာ မြန်မာတွေများလာတယ်။ နောက်ပိုင်းလူသစ်တွေဝင်လာတဲ့အခါ လူဟောင်းတွေက ရာထူးတွေတက်ယူရင်း ခေါင်းဆောင်တွေဖြစ်၊ အုပ်ချုပ်ရေးမှူးတွေဖြစ်၊ တစ်ဆက်တည်းမှာ ဘာကျောင်း ဘာဘွဲ့မှ ရမထားပဲ အလုပ်အတွေ့အကြုံကောင်းတွေကြောင့် ရာထူးတွေယူလာကြတယ်။ အဲ . . ဇာတ်လမ်းက အဲဒီမှာ စတော့တာပါပဲ။
.
.
.        ကုမ္ပဏီကသေးတုန်းကတော့အကြောင်းမဟုတ်ဘူး . . နေ့တိုင်း ဒီလူ ဒီလူဆိုတော့ မြန်မာတွေ အကုန်မတတ်ပေမယ့်အတွေ့အကြုံကသင်ပေးထားတော့ တော်ရုံတန်ရုံအလုပ်တွေဆိုတာ မီးငြိမ်း ဆီသတ် အကုန်ပြတ်တယ်။ နောက်ပိုင်း ဘိုစကားကောင်းသူတွေဝင်လာ၊ ဋ္ဌာနတွေတိုးချဲ့လာ၊ လူသစ်တွေထပ်ငှားလာ၊ ဝန်ထမ်းအသစ်တွေထပ်ခန့်လာ၊ သင်တန်းပေးပြီး ထပ်သင်ပေးရလာ၊ လူအများရှေ့ ဘိုစကားထွက်ပြောရလာ . . အဲဒီမှာ သွားတော့တာပဲ။
.
.       ကျွန်တော်အမြဲပြောတယ်။ အင်္ဂလိပ်စကားကိုမိုးပျံနေအောင်တတ်နေစရာမလိုဘူး။ ဒါပမေယ့် မြေပြင်မှာလမ်းလျှောက်နိုင်အောင်တော့ တတ်နေရမယ်။ အများကိုနားလည်အောင်ပြောတတ်ဖို့လိုသလို အများပြောတာလည်းနားလည်ရမယ် . . ဒါဆိုရင် အမေရိကားမှာ အခြေခံအလုပ်ရပြီ။ ဒါပေမယ့် ခေါင်းဆောင် - Lead ဆိုတာက တစ်မျိုး။
.
.
.       ဦးဆောင်သူတစ်ယောက်မှာ အစပိုင်းကရေးပြထားတဲ့အရည်အချင်းတွေရှိမှ ကိုယ့်အောက်ကလူတွေကို လမ်းပြနိုင်မယ်။ အမှားနည်းအောင်သင်တန်းတွေအဆက်မပြတ်ပေးရတယ်။ ဖြစ်လာတဲ့ပြသနာတွေကို အချိန်တိုအတွင်း လုပ်ဆောင်နိုင်သူ၊ တာဝန်ရှိသူတွေကို လူကိုယ်တိုင် ဒါမှမဟုတ် အီးမေးလ် နဲ့ ဆက်သွယ်ရတယ်။ အမေရိကားမှာ အလုပ်ခေါင်းဆောင်ဆိုတာ အုပ်ချုပ်မှုကိုမလုပ်ဘူး။ လမ်းညွှန်ချက်တွေကို အတူတူလိုက်နာဖို့သာ အထူးလုပ်ဆောင်ရတယ် ကျန်တာက အုပ်ချုပ်မှူးရေး - Supervisor ရဲ့ အဓိကအလုပ်။
.
.         အဲဒီလို အများနဲ့စကားပြောဖို့ အင်္ဂလိပ်စကားက သဒ္ဒါမမှန်၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကြိယာပုဒ်တွေမမှန်၊ နေရာမှန်မှာသုံးဖို့စကားက မြန်မာလိုကနေ ဘာသာပြန်ဖို့စဉ်းစားနေလို့ လျှာဖျားက မထွက်၊ ထွက်ပြန်တော့လည်း အထစ်ထစ် အ, အအ နဲ့ ဒီခေါင်းဆောင်တစ်ယောက်ဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ရှေ့မှာ ဇောချွေးပြန်နေပါပြီ။ ဒါက တစ်ယောက် . . ။
.
.
.        နောက်ကုမ္ပဏီက တစ်ယောက်ကလည်း ထိုနည်းနှင်နှင်ပဲ။ မြန်မာများလို့ မြန်မာတွေအလုပ်သွင်း၊ ဝင်တာများတော့ လူများစုဖြစ်၊ လူများစုထဲက ကိုယ့်လူကိုယ်ခေါင်းဆောင်တင်၊ အရေးကြီးတဲ့တာဝန်တွေကို မနိုင်မနင်းဖြစ်လာ၊ ကိုယ်သာလျှင် အမေရိကန်သမ္မတနီးနီးအရေးကြီးတယ်လို့ထင်လာတော့ နားထင်သွေးရောက်၊ ဆုံးဖြတ်ချက်တွေ ဆုံးဆုံးမှောက်တော့ ဒီဗမာ ဘယ်ခရီးရောက်သွားတယ် ထင်သလဲ?
.
.          လူတွေက သူ့ကိုသတိထားမိတာကြာပြီ။ အလုပ်မှာ သူ့လူကြီးတွေကိုအီးမေးလ်ရေးတော့ "My name is Maung Maung" ကနေမတက်တဲ့ အင်္ဂလိပ်စာနဲ့ ရိုးရိုးသားသား သိသလောက် တတ်သလောက်နဲ့အရင်းခံတိုင်းရေးမယ်စိတ်မကူးပဲ မြန်မာကျောင်းသားတစ်ယောက်ကို အလုပ်ခွင်မှာ အီးမေးလ်ရေးခိုင်းတာကနေ သူ့အကြောင်းက လူပြောများခဲ့တယ်။
.
.
.           နောက်ဆုံးတော့ ပိုတော်တဲ့သူတွေ၊ ပိုပြီး ပြောတတ်ဆိုတတ်သူတွေ၊ အရည်အချင်းရှိသူတွေ၊ အသက်ငယ်တဲ့လူငယ်တွေနဲ့မယှဉ်နိုင်တော့တဲ့အခါ လူ့အရင်းအမြစ်ဋ္ဌာန - HR က ခေါ်ယူဆွေးနွေးပြီး ခေါင်းဆောင်ရာထူးကနေ ကျွမ်းကျင်လုပ်သက်ရင့်လုပ်သားအဆင့် ရာထူးပြန်ချခြင်းကို ရင်ဆိုင်ရပါတယ်။
.
.          ဒါကြောင့် ကျွန်တော့ကိုမေးသူတွေကို ကျွန်တော်အမြဲပြောလေ့ရှိတာက အမေရိကားကိုလာပြီး ပညာနဲ့လုပ်စားမှာလား? . . ကျောင်းပြန်တက် ..။ သာမန်အလုပ်နဲ့တင်ကျေနပ်မလား? . . အခြေခံအင်္ဂလိပ်စာ ရအောင်လုပ်လာ . .။ အခုက ဘယ်လိုဖြစ်နေသလဲဆိုတော့ အစပိုင်းကပြောခဲ့သလို အမျိုးတွေကခေါ်လို့ ဒီကိုရောက်လာ . . မြန်မာနိုင်ငံမှာဘွဲ့ရခဲ့ပေမယ့်ဒီပြန်ရောက်တော့ အင်္ဂလိပ်စာကို ဒုတိယဘာသာစကား - Second Language အဖြစ် လူကြီးကျောင်း - Adult School ပြန်တက် . ။ ပိုဆိုးတာက ဘာမှကို မဖတ်ချင် မမှတ်ချင် မလေ့လာချင်တော့တာပါပဲ။ (စကားချပ်)
.
.
.          သူတို့ဟာ ခေါင်းဆောင်ရာထူးကကျလို့ ဘဝပျက်သွားပြီလားဆိုတော့ မပျက်ပါဘူး။ ဒါပေမယ့် သူတို့ကနဦးကရှိခဲ့တဲ့ မာန်မာနတွေ၊ လူနဲ့လူချင်းမတူ၊ မြန်မာတွေဆိုရင် အရေးမလုပ်လိုတဲ့စိတ်တွေဟာ မြေပြင်အခြေအနေမှာ ပကတိကြမ်းပြင်အတိုင်း ပြန်ရင်ဆိုင်ရတာကို သံဝေဂ ရစရာ။
.
.          အခုတော့ ဒီ ခေါင်းဆောင်တစ်ဖြစ်လဲ မြန်မာတွေက အိမ်အကြွေးဆပ်ဖို့ အလုပ်သွားမြဲ၊ ညနေအလုပ်ဆင်းရင် ကလေးတွေကျောင်းသွားကြိုဆဲ၊ နောက်တစ်ရက် အလုပ်ပြန်တက်မြဲ။ အလုပ်နဲ့လက်နဲ့လည်းမပြတ် အမြဲအလုပ်ရှိနေဆဲ။ ဒါပေမယ့် သူတို့ရဲ့အနာဂါတ်မှာ မရှိတော့တာက တစ်ခုတည်းပါ။ အဲဒါကတော့ "သူတို့ဘဝအတွက်ထားခဲ့တဲ့ရည်မှန်းချက်" ပါပဲခင်ဗျား။
.
.
.
.           "ရည္မွန္းခ်က္ေပ်ာက္အေမရိကားေရာက္ျမန္မာတစ္ေယာက္အေၾကာင္း။ အပုိင္း (၈)"
.          ဘဝအတြက္ရည္မွန္းခ်က္ခ်ရတာ လူငယ္ဘဝမွာအေကာင္းဆံုးပါ။ ငယ္ရြယ္တဲ႕အေလွ်ာက္ အားအင္အျပည္႕၊ တက္ၾကြမႈအျပည္႕၊ လုပ္ကိုင္စြမ္းရည္အျပည္႕နဲ႕ ဘာမဆိုျဖစ္တဲ႕လူငယ္ဘဝမွာ အမွန္မ်ားသလို အမွားေတြလည္း ၾကံဳေတြ႕ရမွာ မလြဲမေသြပါ။ အဆိုးဆံုးအမွားကေတာ႕ လူငယ္ဘဝကမျဖစ္ႏိုင္ခဲ႕တာကို ကုိယ္႕သားသမီးဘဝမွာ အတင္းပံုသြင္းရြတ္ဆုိက်င္႕ၾကံခုိင္းတာပါပဲ။ ဒါက လက္ရွိေတြ႕ေနရတဲ႕ ျမန္မာႏုိင္ငံရဲ႕ပုံစံပါ။
.
.        အခု ေဆာင္းပါးအတဲြမွာေတာ႕ မိဘရဲ႕ေစာင္႕ေရွာက္မႈပံုစံတစ္မ်ိဳးေၾကာင္႕ သားသမီး နဲ႕ မိဘၾကား ျခားနားသြားတဲ႕ ေမတၱာကြာဟာမႈေတြအေၾကာင္းေျပာျပခ်င္ပါတယ္။
.
.
.         အေဖက အငယ္ဆံုးသမီးကုိသိပ္ခ်စ္တယ္။ ေမြးခါစ လက္ထဲကမခ်ႏုိင္သလို ေပါင္အေလးခ်ိန္မျပည္႕ပဲေမြးတဲ႕သမီးကုိ သိပ္တန္ဖိုးထားတဲ႕အေၾကာင္း မၾကာခဏေျပာတယ္။ ဒီလိုပဲ သူအျမဲဖတ္တဲ႕စာအုပ္ေတြထဲက သားသမီးအေၾကာင္းေရးထားတာေတြကို သိပ္ခံစားရတဲ႕အေၾကာင္း ရံဖန္ရံခါေျပာျပတတ္တယ္။
.
.          ဒီလိုနဲ႕ ဒီသမီးဟာ (၉) တန္းအရြယ္ ျမန္မာအထက္တန္းေက်ာင္းမွာ ရည္းစားရတဲ႕အခါ အေဖတစ္ေယာက္ တုန္လႈပ္သြားတယ္။ ရည္းစားမထားရဘူး . . ဘာ . . ညာ တို႕ေျပာမလားဆိုေတာ႕ မဟုတ္ဘူး။ သူက သူ႕သမီးကုိ နားလည္မႈအျပည္႕ေပးတယ္ "ထားဖူးမွ သူသိသြားလိမ္႕မယ္" တဲ႕။
.
.
.          အခ်ိန္တစ္ခုေရာက္လာေတာ႕ ဒီသမီးေလးဟာ အေမရိကားသြားဖို႕ အေၾကာင္းဖန္လာပါေလေရာ။ ဒီလိုနဲ႕မိသားစုကေရာက္သြားတယ္ အေဖက မလုိက္သြားဘူး။ ျမန္မာႏိုင္ငံမွာက်န္တဲ႕လုပ္ငန္းကိုအုပ္ခ်ဳပ္ေနရလို႕ အေမျပန္လာတဲ႕အခါက်မွ အလွည္႕က်ထြက္လာတယ္။
.
.          ဒီေရာက္ျပီးမၾကာဘူး သမီးဟာ ျမန္မာစကားမေျပာတဲ႕ အိမ္နီးနားခ်င္းႏို္င္ငံသားနဲ႕ ခ်စ္ၾကိဳက္သလိုျဖစ္တာကို အေဖေရာက္လာတဲ႕အခါေတြ႕တယ္။ ကံတရားရဲ႕ေစစားမႈေၾကာင္႕လား . . ဒီ မရင္႕က်က္ေသးတဲ႕စံုတြဲဟာ ကြဲဖို႕ျဖစ္လာတယ္။ အသည္းႏုႏု သည္းေျခအုတဲ႕အေဖဟာ ဘာလုပ္လို႕ဘာကိုင္ရမွန္းမသိတဲ႕သမီးကို ထိန္းခ်ဳပ္ျပီး ကိုယ္ဖိရင္ဖိထိန္းေက်ာင္းေပးမယ္႕အစား ျမန္မာႏုိင္ငံျပန္လာတယ္။ ဒီလိုနဲ႕ေနာက္တစ္ေခါက္ထပ္ေရာက္ေတာ႕ သမီးက ေနာက္တစ္ေယာက္နဲ႕ထပ္တြဲေနျပန္တယ္။ ဒါနဲ႕ပဲ ဘာမွ ထပ္ျပီး လမ္းမေက်ာင္းေပးျပန္ပဲ ျမန္မာႏိုင္ငံျပန္လာတယ္။ အေၾကာင္းရင္းကေတာ႕ အေမရိကားမွာမေနႏုိင္လုိ႕ပါတဲ႕။
.
.
.         လိုရင္းတုိရွင္းေျပာရရင္ ေနာက္ဆံုးမွာ သမီးဟာ အေမရိကားမွာအိမ္ေထာင္က်ပါတယ္။ သူတကယ္ယူျဖစ္သြားတဲ႕သတို႕သားဟာ ျမန္မာစကားမတတ္ပါဘူး။ သမီးက ဒီဘက္ႏုိင္ငံသူျဖစ္သြားတဲ႕အခါ သူ႕အမ်ိဳးသားလည္း ေနာက္ (၃) ႏွစ္မွာ ႏိုင္ငံသားေျဖဆိုႏုိင္မယ္ဆိုတာသိရတယ္။
.
.          သမီးမွာကိုယ္ဝန္ရလာျပီး မဂၤလာပြဲက်င္းပေတာ႕ အေဖ မေရာက္လာပါဘူး။ ေကာင္ေလးဟာ စိတ္မထင္ရင္ စိတ္မထင္သလို သမီးကိုရုိက္တတ္တယ္။ ဝန္ထမ္းအလုပ္မဟုတ္ပဲ ကိုယ္ပုိင္အလုပ္လုပ္တာေၾကာင္႕ အိမ္ျပန္ခ်ိန္ နဲ႕ အေပါင္းအသင္းက စုံတယ္။ ေနာက္ေတာ႕
သူ႕ရဲ႕မိန္းကေလးအေပါင္းအသင္းနဲ႕ဟုိလိုလုိ ဒီလိုလုိျဖစ္ျပီး လင္မယားစကားမ်ားတဲ႕အခါ အိမ္ေပၚကဆင္းရတဲ႕ဘဝေရာက္ရျပန္တယ္။ ဒီအခ်ိန္အထိ အေဖမေရာက္လာပါဘူး။
.
.
.          အျဖစ္မွန္ဇာတ္လမ္းက ရုိးရိုးေလးေပမယ္႕ ျမန္မာႏိုင္ငံမွာလုပ္ငန္းရွိျပီး ဒီဘက္ေျမကုိ ေျခစံုမကူးႏုိင္တဲ႕ လုပ္ငန္းရွင္ေတြရဲ႕ဘဝကို ကြ်န္ေတာ္သိပါတယ္။ ဒီေလာက္ခ်စ္တဲ႕အေဖရဲ႕ဘဝကို မိဘခ်င္းကိုယ္ခ်င္းစာျပီးေတာ႕တဖန္ သိထားျပန္ပါတယ္။ သို႕ေပမယ္႕ အေမရိကား သူဒီေလာက္ခ်စ္ရတဲ႕သမီးရဲ႕ဘဝအလွည္႕အေျပာင္းကုိ ထိန္းထိန္းေက်ာင္းေက်ာင္းလုပ္ေပးမယ္႕အစား ျမန္မာႏိုင္ငံက ကုန္သည္ဘဝရဲ႕ဝဂၤဘာ ႏြားေက်ာင္းတဲ႕အလုပ္လုိမ်ိဳး၊ လူေစာင္႕ ျခံေစာင္႕ရတဲ႕ဘဝနဲ႕လဲရက္တယ္။
.
.          ျပီးေတာ႕ရွိေသးတယ္ . . အေဖလုပ္ထားတဲ႕ Green Card သက္တမ္းအရ အေမရိကားကေနထြက္ခြာျပီး (၁) ႏွစ္အတြင္း ျပန္ဝင္ရတာကို အဆံုးခံတယ္။ မလာႏုိင္လို႕ တဲ႕။ ဒီေျမမွာ သူ႕သမီးရွိေနတာမဟုတ္ဘူးလား? ဒါက သူသိပ္ခ်စ္ရတဲ႕ သမီးရွိတဲ႕ႏုိင္ငံေလ . . သူ႕သမီးရဲ႕ဘဝသစ္စတင္မယ္႕ႏုိင္ငံေလ။ အခုေတာ႕ သားမက္ေတာ္ရမယ္႕သူနဲ႕စကားမေပါက္ဘူးျဖစ္ေနတယ္။
.
.
.          ကြ်န္ေတာ္တို႕မွာလည္း သားသမီးေတြရွိတာပါပဲ။ ျမန္မာလုိမေျပာတဲ႕နယ္ေျမမွာ ျမန္မာလူမ်ိဳးမရအရရွာျပီး ထိမ္းျမားလက္ထပ္မယ္လို႕ ဘယ္သူမွ ကံေသကံမ ေျပာလို႕မရပါဘူး။ ဘယ္ေလာကဓံတရားကမွ တာဝန္မယူပါဘူး။ တကယ္ေတာ႕ ခ်စ္ျခင္းေမတၱာက လမ္းဆံုမွာအခ်က္ျပျပီဆိုရင္ ဘယ္ေကြ႕ေကြ႕ ညာေကြ႕ေကြ႕ ေကြ႕ကုိေကြ႕ရမွာ နားလည္ပါတယ္။ သားသမီးခ်င္းကိုယ္ခ်င္းစာပါတယ္။ အခုေျပာခ်င္တာက အေဖက သူ႕သမီးကုိခ်စ္တာလား? သူ႕ကိုယ္သူခ်စ္တာလား? ဆိုတာပါပဲ။ ဒါကို ကြ်န္ေတာ႕စိတ္ထဲမရွင္းလင္းတာပါ။
.
.         မိဘက သားသမီးကုိေပးႏုိင္တာက အဓိက (၂) မ်ိဳးပဲ။ ဝိဥာဥ္နဲ႕ခႏၶာျမဲေစဖို႕ အသက္ နဲ႕  ဒီအသက္ကုိ ဘယ္လိုထိန္းေက်ာင္းေမာင္းႏွင္ျပီး သူတုိ႕ဘဝလမ္းကိုဘယ္လုိေျဖာင္႕တန္းေအာင္ေလွ်ာက္လွမ္းရမယ္ဆုိတဲ႕အသိတရားပဲ။
.
.
.          ဒီလိုလုပ္ရမယ္႕အစား ထစ္ကနဲဆုိ ဒႆနစာအုပ္ေတြထဲက မိုးၾကီးေလၾကီး ပိႆေလးနဲ႕ပစ္သလို တရားေဟာ၊ သမီးက နားလည္သလုိုလို နားေထာင္ျပ၊ ေနာက္ အေမရိကားေရာက္ေတာ႕ လြတ္ခ်င္သလိုလြတ္ လုပ္ခ်င္သလိုလုပ္၊ အေဖက (၂) ႏွစ္မွ တစ္ေခါက္ေလာက္လာ၊ နားလည္ေအာင္ရွင္းမျပ၊ သမီးစိတ္ထဲရွိတဲ႕အစိုင္အခဲကို ျပီးဆံုးေအာင္နားမေထာင္၊ အခ်ိန္မေပး၊ ဘယ္ကိစၥမဆို အတင္းၾကီး အၾကပ္ၾကီးေလးနက္ျပ၊ သမီးက လုိက္မလုပ္ေတာ႕ စိတ္ညစ္ျပီးျပန္ . . ဒါလား သားသမီးကိုခ်စ္တယ္ဆိုတာ . . အမွန္က သူတုိ႕ကုိယ္သူတို႕ခ်စ္ၾကတာ။ သူတုိ႕ကုိယ္သူတုိ႕ခ်စ္လြန္းလို႕ သားသမီးအနားမေနႏုိင္တာ . .။
.
.
.          အစက ဒီအပိုင္းဆက္ေတြကိုမေရးေတာ႕ဘူးလို႕ပစ္ထားတာ။ ဒီထဲက ကာယကံရွင္တစ္ေယာက္က စာဖတ္မိျပီး Feedback ကုိ နားလည္သေဘာေပါက္ျပီးျပင္ေတာ႕မယ္လို႕ လာအသိေပးလို႕ ဆက္ေရးမိပါတယ္။
.
.          ခင္လ်က္
.
.          ကိုညီညီ (ေတာင္ၾကီး)
.         12-02-2018
.
.
Unicode Version:
.
.
.           "ရည်မှန်းချက်ပျောက်အမေရိကားရောက်မြန်မာတစ်ယောက်အကြောင်း။ အပိုင်း (၈)"
.          ဘဝအတွက်ရည်မှန်းချက်ချရတာ လူငယ်ဘဝမှာအကောင်းဆုံးပါ။ ငယ်ရွယ်တဲ့အလျှောက် အားအင်အပြည့်၊ တက်ကြွမှုအပြည့်၊ လုပ်ကိုင်စွမ်းရည်အပြည့်နဲ့ ဘာမဆိုဖြစ်တဲ့လူငယ်ဘဝမှာ အမှန်များသလို အမှားတွေလည်း ကြုံတွေ့ရမှာ မလွဲမသွေပါ။ အဆိုးဆုံးအမှားကတော့ လူငယ်ဘဝကမဖြစ်နိုင်ခဲ့တာကို ကိုယ့်သားသမီးဘဝမှာ အတင်းပုံသွင်းရွတ်ဆိုကျင့်ကြံခိုင်းတာပါပဲ။ ဒါက လက်ရှိတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ပုံစံပါ။
.
.        အခု ဆောင်းပါးအတွဲမှာတော့ မိဘရဲ့စောင့်ရှောက်မှုပုံစံတစ်မျိုးကြောင့် သားသမီး နဲ့ မိဘကြား ခြားနားသွားတဲ့ မေတ္တာကွာဟာမှုတွေအကြောင်းပြောပြချင်ပါတယ်။
.
.
.         အဖေက အငယ်ဆုံးသမီးကိုသိပ်ချစ်တယ်။ မွေးခါစ လက်ထဲကမချနိုင်သလို ပေါင်အလေးချိန်မပြည့်ပဲမွေးတဲ့သမီးကို သိပ်တန်ဖိုးထားတဲ့အကြောင်း မကြာခဏပြောတယ်။ ဒီလိုပဲ သူအမြဲဖတ်တဲ့စာအုပ်တွေထဲက သားသမီးအကြောင်းရေးထားတာတွေကို သိပ်ခံစားရတဲ့အကြောင်း ရံဖန်ရံခါပြောပြတတ်တယ်။
.
.          ဒီလိုနဲ့ ဒီသမီးဟာ (၉) တန်းအရွယ် မြန်မာအထက်တန်းကျောင်းမှာ ရည်းစားရတဲ့အခါ အဖေတစ်ယောက် တုန်လှုပ်သွားတယ်။ ရည်းစားမထားရဘူး . . ဘာ . . ညာ တို့ပြောမလားဆိုတော့ မဟုတ်ဘူး။ သူက သူ့သမီးကို နားလည်မှုအပြည့်ပေးတယ် "ထားဖူးမှ သူသိသွားလိမ့်မယ်" တဲ့။
.
.
.          အချိန်တစ်ခုရောက်လာတော့ ဒီသမီးလေးဟာ အမေရိကားသွားဖို့ အကြောင်းဖန်လာပါလေရော။ ဒီလိုနဲ့မိသားစုကရောက်သွားတယ် အဖေက မလိုက်သွားဘူး။ မြန်မာနိုင်ငံမှာကျန်တဲ့လုပ်ငန်းကိုအုပ်ချုပ်နေရလို့ အမေပြန်လာတဲ့အခါကျမှ အလှည့်ကျထွက်လာတယ်။
.
.          ဒီရောက်ပြီးမကြာဘူး သမီးဟာ မြန်မာစကားမပြောတဲ့ အိမ်နီးနားချင်းနို်င်ငံသားနဲ့ ချစ်ကြိုက်သလိုဖြစ်တာကို အဖေရောက်လာတဲ့အခါတွေ့တယ်။ ကံတရားရဲ့စေစားမှုကြောင့်လား . . ဒီ မရင့်ကျက်သေးတဲ့စုံတွဲဟာ ကွဲဖို့ဖြစ်လာတယ်။ အသည်းနုနု သည်းခြေအုတဲ့အဖေဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့သမီးကို ထိန်းချုပ်ပြီး ကိုယ်ဖိရင်ဖိထိန်းကျောင်းပေးမယ့်အစား မြန်မာနိုင်ငံပြန်လာတယ်။ ဒီလိုနဲ့နောက်တစ်ခေါက်ထပ်ရောက်တော့ သမီးက နောက်တစ်ယောက်နဲ့ထပ်တွဲနေပြန်တယ်။ ဒါနဲ့ပဲ ဘာမှ ထပ်ပြီး လမ်းမကျောင်းပေးပြန်ပဲ မြန်မာနိုင်ငံပြန်လာတယ်။ အကြောင်းရင်းကတော့ အမေရိကားမှာမနေနိုင်လို့ပါတဲ့။
.
.
.         လိုရင်းတိုရှင်းပြောရရင် နောက်ဆုံးမှာ သမီးဟာ အမေရိကားမှာအိမ်ထောင်ကျပါတယ်။ သူတကယ်ယူဖြစ်သွားတဲ့သတို့သားဟာ မြန်မာစကားမတတ်ပါဘူး။ သမီးက ဒီဘက်နိုင်ငံသူဖြစ်သွားတဲ့အခါ သူ့အမျိုးသားလည်း နောက် (၃) နှစ်မှာ နိုင်ငံသားဖြေဆိုနိုင်မယ်ဆိုတာသိရတယ်။
.
.          သမီးမှာကိုယ်ဝန်ရလာပြီး မင်္ဂလာပွဲကျင်းပတော့ အဖေ မရောက်လာပါဘူး။ ကောင်လေးဟာ စိတ်မထင်ရင် စိတ်မထင်သလို သမီးကိုရိုက်တတ်တယ်။ ဝန်ထမ်းအလုပ်မဟုတ်ပဲ ကိုယ်ပိုင်အလုပ်လုပ်တာကြောင့် အိမ်ပြန်ချိန် နဲ့ အပေါင်းအသင်းက စုံတယ်။ နောက်တော့
သူ့ရဲ့မိန်းကလေးအပေါင်းအသင်းနဲ့ဟိုလိုလို ဒီလိုလိုဖြစ်ပြီး လင်မယားစကားများတဲ့အခါ အိမ်ပေါ်ကဆင်းရတဲ့ဘဝရောက်ရပြန်တယ်။ ဒီအချိန်အထိ အဖေမရောက်လာပါဘူး။
.
.
.          အဖြစ်မှန်ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် မြန်မာနိုင်ငံမှာလုပ်ငန်းရှိပြီး ဒီဘက်မြေကို ခြေစုံမကူးနိုင်တဲ့ လုပ်ငန်းရှင်တွေရဲ့ဘဝကို ကျွန်တော်သိပါတယ်။ ဒီလောက်ချစ်တဲ့အဖေရဲ့ဘဝကို မိဘချင်းကိုယ်ချင်းစာပြီးတော့တဖန် သိထားပြန်ပါတယ်။ သို့ပေမယ့် အမေရိကား သူဒီလောက်ချစ်ရတဲ့သမီးရဲ့ဘဝအလှည့်အပြောင်းကို ထိန်းထိန်းကျောင်းကျောင်းလုပ်ပေးမယ့်အစား မြန်မာနိုင်ငံက ကုန်သည်ဘဝရဲ့ဝင်္ဂဘာ နွားကျောင်းတဲ့အလုပ်လိုမျိုး၊ လူစောင့် ခြံစောင့်ရတဲ့ဘဝနဲ့လဲရက်တယ်။
.
.          ပြီးတော့ရှိသေးတယ် . . အဖေလုပ်ထားတဲ့ Green Card သက်တမ်းအရ အမေရိကားကနေထွက်ခွာပြီး (၁) နှစ်အတွင်း ပြန်ဝင်ရတာကို အဆုံးခံတယ်။ မလာနိုင်လို့ တဲ့။ ဒီမြေမှာ သူ့သမီးရှိနေတာမဟုတ်ဘူးလား? ဒါက သူသိပ်ချစ်ရတဲ့ သမီးရှိတဲ့နိုင်ငံလေ . . သူ့သမီးရဲ့ဘဝသစ်စတင်မယ့်နိုင်ငံလေ။ အခုတော့ သားမက်တော်ရမယ့်သူနဲ့စကားမပေါက်ဘူးဖြစ်နေတယ်။
.
.
.          ကျွန်တော်တို့မှာလည်း သားသမီးတွေရှိတာပါပဲ။ မြန်မာလိုမပြောတဲ့နယ်မြေမှာ မြန်မာလူမျိုးမရအရရှာပြီး ထိမ်းမြားလက်ထပ်မယ်လို့ ဘယ်သူမှ ကံသေကံမ ပြောလို့မရပါဘူး။ ဘယ်လောကဓံတရားကမှ တာဝန်မယူပါဘူး။ တကယ်တော့ ချစ်ခြင်းမေတ္တာက လမ်းဆုံမှာအချက်ပြပြီဆိုရင် ဘယ်ကွေ့ကွေ့ ညာကွေ့ကွေ့ ကွေ့ကိုကွေ့ရမှာ နားလည်ပါတယ်။ သားသမီးချင်းကိုယ်ချင်းစာပါတယ်။ အခုပြောချင်တာက အဖေက သူ့သမီးကိုချစ်တာလား? သူ့ကိုယ်သူချစ်တာလား? ဆိုတာပါပဲ။ ဒါကို ကျွန်တော့စိတ်ထဲမရှင်းလင်းတာပါ။
.
.         မိဘက သားသမီးကိုပေးနိုင်တာက အဓိက (၂) မျိုးပဲ။ ဝိဉာဉ်နဲ့ခန္ဓာမြဲစေဖို့ အသက် နဲ့  ဒီအသက်ကို ဘယ်လိုထိန်းကျောင်းမောင်းနှင်ပြီး သူတို့ဘဝလမ်းကိုဘယ်လိုဖြောင့်တန်းအောင်လျှောက်လှမ်းရမယ်ဆိုတဲ့အသိတရားပဲ။
.
.
.          ဒီလိုလုပ်ရမယ့်အစား ထစ်ကနဲဆို ဒဿနစာအုပ်တွေထဲက မိုးကြီးလေကြီး ပိဿလေးနဲ့ပစ်သလို တရားဟော၊ သမီးက နားလည်သလိုုလို နားထောင်ပြ၊ နောက် အမေရိကားရောက်တော့ လွတ်ချင်သလိုလွတ် လုပ်ချင်သလိုလုပ်၊ အဖေက (၂) နှစ်မှ တစ်ခေါက်လောက်လာ၊ နားလည်အောင်ရှင်းမပြ၊ သမီးစိတ်ထဲရှိတဲ့အစိုင်အခဲကို ပြီးဆုံးအောင်နားမထောင်၊ အချိန်မပေး၊ ဘယ်ကိစ္စမဆို အတင်းကြီး အကြပ်ကြီးလေးနက်ပြ၊ သမီးက လိုက်မလုပ်တော့ စိတ်ညစ်ပြီးပြန် . . ဒါလား သားသမီးကိုချစ်တယ်ဆိုတာ . . အမှန်က သူတို့ကိုယ်သူတို့ချစ်ကြတာ။ သူတို့ကိုယ်သူတို့ချစ်လွန်းလို့ သားသမီးအနားမနေနိုင်တာ . .။
.
.
.          အစက ဒီအပိုင်းဆက်တွေကိုမရေးတော့ဘူးလို့ပစ်ထားတာ။ ဒီထဲက ကာယကံရှင်တစ်ယောက်က စာဖတ်မိပြီး Feedback ကို နားလည်သဘောပေါက်ပြီးပြင်တော့မယ်လို့ လာအသိပေးလို့ ဆက်ရေးမိပါတယ်။
.
.          ခင်လျက်
.
.          ကိုညီညီ (တောင်ကြီး)
.         12-02-2018

No comments: