ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, December 9, 2018

ေနာက္ဆံုးမွစားတဲ႕ေခါင္းေဆာင္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


         "Leaders Eat Last" ဆုိတဲ႕စာလံုး (၃) လံုးက အေမရိကန္စစ္တပ္က လာတဲ႕စကားရပ္တစ္ခုပါ။ သူ႕ဟာသူေနရင္ ဒီစာလံုးေတြကိုအေရးလုပ္မယ္႕သူမရွိေပမယ္႕ စာေရးဆရာ နဲ႕ လူထုေရွ႕ထြက္စကားေျပာသူ "ဆုိင္မြန္ဆင္းနက္ - Simon Sinek" ရဲ႕ပါးစပ္ထဲကုိေရာက္သြားတဲ႕အခါ ကမၻာေက်ာ္သြားတယ္။ စာအုပ္လည္းသန္းခ်ီျပီးေရာင္းရသလို ေခါင္းေဆာင္မႈပညာမွာ မွီျငမ္းရမယ္႕ အရင္းအျမစ္တစ္္ခုအေနနဲ႕ထင္က်န္ရစ္တယ္။

          စာေရးဆရာရဲ႕စာအုပ္ကုိတလံတေဝးၾကီးဘာသာျပန္မယ္႕အစား တန္ဖိုးရွိတဲ႕စကားလံုးတစ္ခုကုိ ကြ်န္ေတာ႕ဘဝထဲ ထည္႕သြင္းတြက္ခ်က္ၾကည္႕မိတယ္။ အလုပ္ျမန္ျမန္ျပီးတုိင္း ေခါင္းေဆာင္ရဲ႕လုပ္ငန္းေဆာင္တာ မျပီးေျမာက္ပါဘူး။ ေအာက္ေျခအလုပ္တိုင္းပညာပါတယ္ဆုိေပမယ္႕ လုပ္ငန္းတစ္ခုလံုးကုိျခံဳမိဖို႕က ေခါင္းေဆာင္ရဲ႕တာဝန္ျဖစ္္ပါတယ္။
ဒါ႕အျပင္ အေပၚကအုပ္ခ်ဳပ္မႈအပိုင္းကိုကိုင္တြယ္သူေတြနဲ႕ဆက္သြယ္တာ၊ ကိုယ္႕အျပင္ တစ္ျခား႒ာနနဲ႕ခ်ိတ္ဆက္ျပီး ကိုယ္ကိုင္တြယ္ေနတဲ႕အလုပ္က႑အတြက္ လိုအပ္ခ်က္ေတြကိုတင္ျပရတာအျပင္ ျဖစ္ေပၚလာတဲ႕ျပသနာေတြကို အေၾကာင္းရင္းကုိဆင္းသက္ျပီး ႏွစ္ဘက္ၾကားနာစစ္ေဆးရင္း ေျဖရွင္းရတာေတြက ေခါင္းေဆာင္တစ္ေယာက္ရဲ႕တာဝန္ျဖစ္ပါတယ္။

         တစ္နည္းအားျဖင္႕ ကိုယ္႕ေနာက္လိုက္ေတြကို သူတုိ႕ကြ်မ္းက်င္တဲ႕တာဝန္ဝတၱရားေတြအလိုက္ “အလုပ္ပိုမိုျပီးေျမာက္ - More Productive” ျဖစ္ေစတဲ႕ေနရာေတြမွာတာဝန္ေပးရတာ ေခါင္းေဆာင္ရဲ႕အလုပ္ျဖစ္ပါတယ္။
ဒါေပမယ္႕ ဒီေလာက္နဲ႕ျပီးသြားေရာလား? ေခါင္းေဆာင္တစ္ေယာက္ရဲ႕အက်ိဳးခံစားခြင္႕ရလာတဲ႕အခါ ဘယ္လုိစားသံုးသလဲဆိုတာက ဒီေဆာင္းပါးရဲ႕အသက္ျဖစ္ပါတယ္။ ဆုိင္မြန္ဆင္းနက္ က အာဖဂန္နစၥတန္မွာတာဝန္က်ခဲ႕တဲ႕စစ္ဗုိလ္ခ်ဳပ္တစ္ေယာက္နဲ႕အင္တာဗ်ဴးမိတဲ႕အခါ အဲဒီဗုိလ္ခ်ဳပ္က စစ္သားေတြနဲ႕အတူအစားစားတဲ႕အခါ “ေခါင္းေဆာင္ဆုိတာ အျမဲတမ္းေနာက္ဆံုးက်မွ စားတယ္ - Leaders Eat Last” ဆုိတဲ႕စကားေျပာတာကို သူက သိပ္တန္ဖိုးထားမိသြားတယ္။
ျမန္မာႏိုင္ငံမွာ ေနာက္ဆံုးမွစားခဲ႕တဲ႕ေခါင္းေဆာင္ေၾကာင္႕ ဒီမိုကေရစီရခဲ႕ျပီး “အရင္ဆံုးစားခဲ႕တဲ႕ေခါင္းေဆာင္ေတြ” ေၾကာင္႕ တိုင္းျပည္ဟာ လူသူမသိတဲ႕ေတာနက္မည္းၾကီးလို အေမွာင္ကမၻာထဲ ႏွစ္ေပါင္းမ်ားစြာက်ေရာက္ခဲ႕ရတယ္။ ဒါေၾကာင္႕ စဥ္းစားၾကပါ။ ကိုယ္တုိင္ေခါင္းေဆာင္ျဖစ္တဲ႕အခါ ဘယ္လိုစားေသာက္ရမယ္ဆုိတာသိျခင္း မသိျခင္းဟာ ကိုယ္ေခါင္းေဆာင္တဲ႕အဖြဲ႕အစည္းရဲ႕အနာဂါတ္အေျဖျဖစ္သြားႏုိင္သလို ႏိုင္ငံရဲ႕ဆင္းရဲျခင္း ခ်မ္းသာျခင္းတုိ႕ရဲ႕ အဆံုးအျဖတ္လည္းျဖစ္သြားႏုိင္တယ္ဆုိတာ သိရပါမယ္။

ေခါင္းေဆာင္ဟာ ေနရာတကာပါေနဖို႕မလုိပါဘူး။ အျမဲတမ္းအလုပ္စားပြဲမွာရွိေနဖို႕မလိုပါဘူး။ လူေတြရဲ႕ျပသနာကိုေျဖရွင္းဖို႕အခ်ိန္တုိင္း ေခါင္းေဆာင္မလုိေသးပါဘူး။ ဒါဆုိရင္ ေခါင္းေဆာင္က ဘာလုပ္ေနရမွာလဲ?

ဟုတ္ကဲ႕ . .။ လုိအပ္ခ်က္ကိုအျမဲသိေနတာ ေခါင္းေဆာင္ျဖစ္တယ္။

အားနည္းခ်က္ကိုရွာေဖြေနတာ ေခါင္းေဆာင္ျဖစ္တယ္။

တက္လမ္းကိုတက္လွမ္းဖို႕ၾကံေနတာေခါင္းေဆာင္ျဖစ္တယ္။

ျပိဳင္ဘက္ရဲ႕ေျခလွမ္းကိုအျမဲခန္႕မွန္းေနတာ ေခါင္းေဆာင္ျဖစ္တယ္။

လူမွန္ကို ေနရာမွန္မွာအလုပ္လုပ္ေစတာ ေခါင္းေဆာင္ျဖစ္ပါတယ္။

ႏိုင္ငံအတြက္နည္းဗ်ဴဟာကိုခ်၊ ေရွာင္တခင္အခက္အခဲေျမျပင္တုိက္ပြဲေတြအတြက္အသင္႕ျပင္  ပထမအစီအစဥ္ - Plan A ၊ မဟန္ခဲ႕ရင္ ဒုတိယအစီအစဥ္္ Plan B အျပင္ လံုးဝအေျခမလွေတာ႕ရင္ အဆံုးသတ္ပစ္ရမယ္႕ ဇာတ္သိမ္းခန္းအစီအစဥ္ - Plan Z စတာေတြရွိတာ ေခါင္းေဆာင္ျဖစ္ပါတယ္။

ေရဆန္မွာအတူရုန္းကန္ခဲ႕ရတုန္းအတူတူေပ်ာ္ခဲ႕ျပီး ေရစုန္မွာခံစားရေတာ႕မယ္႕အခါ ျပသနာတက္တာက “ေခါင္းေဆာင္က ဘယ္လုိစားသလဲ?” ဆိုတာအေပၚမူတည္တာ သတိရၾကပါ။ ဒီသင္ခန္းစာကို ျမန္မာျပည္ၾကီး ခါးစီးျပီးေပးခဲ႕တာ ရာစုႏွစ္တစ္ဝက္မကခဲ႕ပါ။ ျငိ္မ္းခ်မ္းေရးရဖို႕ ေခါင္းေဆာင္ေတြစဥ္းစားၾကပါ။ တကယ္ေတာ္ျပီး ႏုိင္ငံအတြက္ၾကည္႕သူ တုိင္းရင္းသားလူမ်ိဳးေပါင္းစံုတုိ႕ရဲ႕ေခါင္းေဆာင္ေတြကေတာ႕ အျမဲတမ္း ေနာက္မွစားသံုးပါတယ္။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
12-09-2018

Unicode Version:

           "Leaders Eat Last" ဆိုတဲ့စာလုံး (၃) လုံးက အမေရိကန်စစ်တပ်က လာတဲ့စကားရပ်တစ်ခုပါ။ သူ့ဟာသူနေရင် ဒီစာလုံးတွေကိုအရေးလုပ်မယ့်သူမရှိပေမယ့် စာရေးဆရာ နဲ့ လူထုရှေ့ထွက်စကားပြောသူ "ဆိုင်မွန်ဆင်းနက် - Simon Sinek" ရဲ့ပါးစပ်ထဲကိုရောက်သွားတဲ့အခါ ကမ္ဘာကျော်သွားတယ်။ စာအုပ်လည်းသန်းချီပြီးရောင်းရသလို ခေါင်းဆောင်မှုပညာမှာ မှီငြမ်းရမယ့် အရင်းအမြစ်တစ််ခုအနေနဲ့ထင်ကျန်ရစ်တယ်။

          စာရေးဆရာရဲ့စာအုပ်ကိုတလံတဝေးကြီးဘာသာပြန်မယ့်အစား တန်ဖိုးရှိတဲ့စကားလုံးတစ်ခုကို ကျွန်တော့ဘဝထဲ ထည့်သွင်းတွက်ချက်ကြည့်မိတယ်။ အလုပ်မြန်မြန်ပြီးတိုင်း ခေါင်းဆောင်ရဲ့လုပ်ငန်းဆောင်တာ မပြီးမြောက်ပါဘူး။ အောက်ခြေအလုပ်တိုင်းပညာပါတယ်ဆိုပေမယ့် လုပ်ငန်းတစ်ခုလုံးကိုခြုံမိဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ််ပါတယ်။

          ဒါ့အပြင် အပေါ်ကအုပ်ချုပ်မှုအပိုင်းကိုကိုင်တွယ်သူတွေနဲ့ဆက်သွယ်တာ၊ ကိုယ့်အပြင် တစ်ခြားဋ္ဌာနနဲ့ချိတ်ဆက်ပြီး ကိုယ်ကိုင်တွယ်နေတဲ့အလုပ်ကဏ္ဍအတွက် လိုအပ်ချက်တွေကိုတင်ပြရတာအပြင် ဖြစ်ပေါ်လာတဲ့ပြသနာတွေကို အကြောင်းရင်းကိုဆင်းသက်ပြီး နှစ်ဘက်ကြားနာစစ်ဆေးရင်း ဖြေရှင်းရတာတွေက ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ဖြစ်ပါတယ်။

         တစ်နည်းအားဖြင့် ကိုယ့်နောက်လိုက်တွေကို သူတို့ကျွမ်းကျင်တဲ့တာဝန်ဝတ္တရားတွေအလိုက် “အလုပ်ပိုမိုပြီးမြောက် - More Productive” ဖြစ်စေတဲ့နေရာတွေမှာတာဝန်ပေးရတာ ခေါင်းဆောင်ရဲ့အလုပ်ဖြစ်ပါတယ်။

          ဒါပေမယ့် ဒီလောက်နဲ့ပြီးသွားရောလား? ခေါင်းဆောင်တစ္ယောက်ရဲ့အကျိုးခံစားခွင့်ရလာတဲ့အခါ ဘယ်လိုစားသုံးသလဲဆိုတာက ဒီဆောင်းပါးရဲ့အသက်ဖြစ်ပါတယ်။ ဆိုင်မွန်ဆင်းနက် က အာဖဂန်နစ္စတန်မှာတာဝန်ကျခဲ့တဲ့စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့အင်တာဗျူးမိတဲ့အခါ အဲဒီဗိုလ်ချုပ်က စစ်သားတွေနဲ့အတူအစားစားတဲ့အခါ “ခေါင်းဆောင်ဆိုတာ အမြဲတမ်းနောက်ဆုံးကျမှ စားတယ် - Leaders Eat Last” ဆိုတဲ့စကားပြောတာကို သူက သိပ်တန်ဖိုးထားမိသွားတယ်။

          မြန်မာနိုင်ငံမှာ နောက်ဆုံးမှစားခဲ့တဲ့ခေါင်းဆောင်ကြောင့် ဒီမိုကရေစီရခဲ့ပြီး “အရင်ဆုံးစားခဲ့တဲ့ခေါင်းဆောင်တွေ” ကြောင့် တိုင်းပြည်ဟာ လူသူမသိတဲ့တောနက်မည်းကြီးလို အမှောင်ကမ္ဘာထဲ နှစ်ပေါင်းများစွာကျရောက်ခဲ့ရတယ်။ ဒါကြောင့် စဉ်းစားကြပါ။ ကိုယ်တိုင်ခေါင်းဆောင်ဖြစ်တဲ့အခါ ဘယ်လိုစားသောက်ရမယ်ဆိုတာသိခြင်း မသိခြင်းဟာ ကိုယ်ခေါင်းဆောင်တဲ့အဖွဲ့အစည်းရဲ့အနာဂါတ်အဖြေဖြစ်သွားနိုင်သလို နိုင်ငံရဲ့ဆင်းရဲခြင်း ချမ်းသာခြင်းတို့ရဲ့ အဆုံးအဖြတ်လည်းဖြစ်သွားနိုင်တယ်ဆိုတာ သိရပါမယ်။

          ခေါင်းဆောင်ဟာ နေရာတကာပါနေဖို့မလိုပါဘူး။ အမြဲတမ်းအလုပ်စားပွဲမှာရှိနေဖို့မလိုပါဘူး။ လူတွေရဲ့ပြသနာကိုဖြေရှင်းဖို့အချိန်တိုင်း ခေါင်းဆောင်မလိုသေးပါဘူး။ ဒါဆိုရင် ခေါင်းဆောင်က ဘာလုပ်နေရမှာလဲ?

ဟုတ်ကဲ့ . .။ လိုအပ်ချက်ကိုအမြဲသိနေတာ ခေါင်းဆောင်ဖြစ်တယ်။

အားနည်းချက်ကိုရှာဖွေနေတာ ခေါင်းဆောင်ဖြစ်တယ်။

တက်လမ်းကိုတက်လှမ်းဖို့ကြံနေတာခေါင်းဆောင်ဖြစ်တယ်။

ပြိုင်ဘက်ရဲ့ခြေလှမ်းကိုအမြဲခန့်မှန်းနေတာ ခေါင်းဆောင်ဖြစ်တယ်။

လူမှန်ကို နေရာမှန်မှာအလုပ်လုပ်စေတာ ခေါင်းဆောင်ဖြစ်ပါတယ်။

          နိုင်ငံအတွက်နည်းဗျူဟာကိုချ၊ ရှောင်တခင်အခက်အခဲမြေပြင်တိုက်ပွဲတွေအတွက်အသင့်ပြင်  ပထမအစီအစဉ် - Plan A ၊ မဟန်ခဲ့ရင် ဒုတိယအစီအစဉ်် Plan B အပြင် လုံးဝအခြေမလှတော့ရင် အဆုံးသတ်ပစ်ရမယ့် ဇာတ်သိမ်းခန်းအစီအစဉ် - Plan Z စတာတွေရှိတာ ခေါင်းဆောင်ဖြစ်ပါတယ်။

          ရေဆန်မှာအတူရုန်းကန်ခဲ့ရတုန်းအတူတူပျော်ခဲ့ပြီး ရေစုန်မှာခံစားရတော့မယ့်အခါ ပြသနာတက်တာက “ခေါင်းဆောင်က ဘယ်လိုစားသလဲ?” ဆိုတာအပေါ်မူတည်တာ သတိရကြပါ။ ဒီသင်ခန်းစာကို မြန်မာပြည်ကြီး ခါးစီးပြီးပေးခဲ့တာ ရာစုနှစ်တစ်ဝက်မကခဲ့ပါ။ ငြိ်မ်းချမ်းရေးရဖို့ ခေါင်းဆောင်တွေစဉ်းစားကြပါ။ တကယ်တော်ပြီး နိုင်ငံအတွက်ကြည့်သူ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ခေါင်းဆောင်တွေကတော့ အမြဲတမ်း နောက်မှစားသုံးပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-09-2018

No comments: