ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 27, 2018

H-2B ဗီဆာ (၂ဝ၁၈)


. "ငွားရမ္းခြင္႕ဦးေရတုိးလုိက္တဲ႕အေမရိကန္အစုိးရရဲ႕ ယာယီ H-2B ဗီဆာ"
.
. အေမရိကန္အစုိးရရဲ႕ နယ္စပ္လံုျခံဳေရး႒ာနက စီးပြားေရးကုမၸဏီေတြရဲ႕ အေျခခံလုပ္သားေတြကုိယာယီငွားရမ္းျပည္ဝင္ခြင္႕အတြက္ H-2B ဗီဆာ (https://www.uscis.gov/working-united-states/temporary-workers/h-2b-temporary-non-agricultural-workers) ကို ဒီႏွစ္ေႏြရာသီအဝင္မွာ လူဦးေရ (၁၅ဝဝဝ) ကုိ ထပ္တိုးခြင္႕ျပဳေပးလုိက္ပါတယ္။ ဒါဟာ ကုမၸဏီေတြရဲ႕လုပ္သားလုိအပ္ခ်က္ကိုျဖည္႕ဆည္းေပးဖို႕ ေရပန္းအစားဆံုး ဗီဆာစနစ္ျဖစ္တဲ႕အေၾကာင္း MarketWatch စီးပြားေရးသတင္းစာက ေရးသားပါတယ္။ (05-26-2018)
.
. အရင္ႏွစ္စာရင္းေတြအရ ေႏြရာသီ နဲ႕ ေဆာင္းရာသီတို႕အတြက္ ခြဲတမ္းညီတူသတ္မွတ္ေပးထားတဲ႕လုပ္သားဦးေရ (၆၆ဝဝဝ) ကို (၆၉ဝဝဝ) ဦးအထိတုိးေပးဖို႕ ကနဦးအဆိုျပဳခ်က္ကုိ ကြန္ကရက္ကအတည္ျပဳေပးဖို႕ညိွႏိႈင္းခဲ႕တာ ကာလၾကာျမင္႕ေနပါျပီ။
.
.
. ငါးဖမ္း စည္သြပ္လုပ္သား၊ ဥယာဥ္ျခံေျမလုပ္သား နဲ႕ ကမၻာလွည္႕ခရီးသြားေတြကုိဆြဲေဆာင္တဲ႕လုပ္ငန္းခြင္ေတြမွာ အရင္ကတည္းက လုပ္သားရွားပါးမႈနဲ႕ရင္ဆုိင္ေနခဲ႕ရပါတယ္။ ျပီးခဲ႕တဲ႕ေႏြရာသီကလည္း ဒီလိုမ်ိဳး လုပ္သား (၁၅ဝဝဝ) ထပ္တုိးခြင္႕ျပဳေပးခဲ႕ေသးေပမယ္႕ တစ္ၾကိမ္တစ္ခါတည္း - One Time Only လုပ္ေဆာင္ခြင္႕ျပဳတဲ႕ဥပေဒနဲ႕ထိန္းခ်ဳပ္ထားခဲ႕တာပါ။
.
. အဲဒီအစီအစဥ္ကိုလူဦးေရတုိးေပးဖို႕အစဥ္တစိုက္ဆန္႕က်င္ခဲ႕သူေတြ နဲ႕ သမၼတထရမ္႕အလိုက်လုပ္ေဆာင္ေနရတဲ႕ အိမ္ျဖဴေတာ္အရာရွိတစ္ခ်ိဳ႕ရဲ႕အျမင္က ႏုိင္ငံအျပင္ကေနလုပ္သားေတြငွားရတဲ႕အခါ မ်ားျပားလွတဲ႕ ျပည္ဝင္ခြင္႕ဗီဆာလုပ္ေဆာင္ခ်က္အဆင္႕ဆင္႕ေတြေက်ာ္ျဖတ္ရတာ နဲ႕ အေျခခံလုပ္ခလစာႏႈန္းထားေလ်ာ႕နည္းသြားေစႏုိင္တာေတြကို အျပစ္တင္မွတ္ခ်က္ျပဳၾကပါတယ္။
.
.
. အခုေတာ႕ ေစာင္႕ေနခဲ႕ၾကတဲ႕ အေျခခံလုပ္သားလိုအပ္ေနတဲ႕ကုမၸဏီေတြ အသက္ရွဴေခ်ာင္ေတာ႕မယ္လို႕ေျပာလို႕ရလာေနေပမယ္႕ ဗီဆာကို ဘယ္လိုခြဲေဝထုတ္ေပးသြားမလဲဆိုတဲ႕ အေျဖကုိ သိခ်င္ေနၾကတယ္။ တစ္ဆက္တည္းမွာ ဒီႏွစ္မွာ ယာယီလုပ္သားငွားရမ္းခ်င္တဲ႕ကုမၸဏီေတြက မ်ားျပားလြန္းလွတာေၾကာင္႕ မဲႏိႈက္သြားရလိမ္႕မယ္လို႕ ၾကိဳတင္တြက္ဆထားေနၾကပါတယ္။
.
. MarketWatch သတင္းစာရဲ႕ ေနာက္ထပ္ေဆာင္းပါးတစ္ပုဒ္အရ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားျပားတဲ႕ တကၠဆက္ျပည္နယ္ရဲ႕လုပ္ငန္းခြင္ေတြမွာ ရွားပါးလုပ္သားေတြကိုျဖည္႕စြမ္းဖို႕ အစုိးရက ေျပာင္းေရႊ႕လုပ္သားေတြကိုေပးမသြင္းဘူးဆိုရင္ အမ်ိဳးသမီးေတြကို ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာပုိမုိငွားရမ္းသြားရင္း နဲ႕ စက္ရုပ္ေတြကုိအစားထိုးတီထြင္ခိုင္းေစဖို႕ရွိတဲ႕အေၾကာင္းထပ္မံသိရွိရပါတယ္။
.
. စိတ္မေကာင္းစရာတစ္ခုက အေမရိကန္အစိုးရကေဖာ္ျပထားတဲ႕ ယာယီလုပ္သားငွားရမ္းခြင္႕ျပဳထားတဲ႕ႏုိင္ငံစာရင္း - (H-2B Eligible Countries List) ထဲမွာ ျမန္မာႏိုင္ငံမပါဝင္တာပါပဲ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 05-27-2018
.
ကုိးကား ၁ ။။။။။။။။။။ https://www.marketwatch.com/story/us-to-allow-another-15000-unskilled-foreign-workers-on-temporary-h-2b-visas-2018-05-26
.
ကိုးကား ၂ ။။။။။။။။။။ https://www.marketwatch.com/story/help-wanted-home-builders-need-women-immigrants-and-robots-to-fill-shortage-2018-05-21
.
.
Unicode Version:
.
.
. "ငှားရမ်းခွင့်ဦးရေတိုးလိုက်တဲ့အမေရိကန်အစိုးရရဲ့ ယာယီ H-2B ဗီဆာ"
. အမေရိကန်အစိုးရရဲ့ နယ်စပ်လုံခြုံရေးဋ္ဌာနက စီးပွားရေးကုမ္ပဏီတွေရဲ့ အခြေခံလုပ်သားတွေကိုယာယီငှားရမ်းပြည်ဝင်ခွင့်အတွက် H-2B ဗီဆာ (https://www.uscis.gov/working-united-states/temporary-workers/h-2b-temporary-non-agricultural-workers) ကို ဒီနှစ်နွေရာသီအဝင်မှာ လူဦးရေ (၁၅ဝဝဝ) ကို ထပ်တိုးခွင့်ပြုပေးလိုက်ပါတယ်။ ဒါဟာ ကုမ္ပဏီတွေရဲ့လုပ်သားလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ရေပန်းအစားဆုံး ဗီဆာစနစ်ဖြစ်တဲ့အကြောင်း MarketWatch စီးပွားရေးသတင်းစာက ရေးသားပါတယ်။ (05-26-2018)
.
. အရင်နှစ်စာရင်းတွေအရ နွေရာသီ နဲ့ ဆောင်းရာသီတို့အတွက် ခွဲတမ်းညီတူသတ်မှတ်ပေးထားတဲ့လုပ်သားဦးရေ (၆၆ဝဝဝ) ကို (၆၉ဝဝဝ) ဦးအထိတိုးပေးဖို့ ကနဦးအဆိုပြုချက်ကို ကွန်ကရက်ကအတည်ပြုပေးဖို့ညှိနှိုင်းခဲ့တာ ကာလကြာမြင့်နေပါပြီ။
.
.
. ငါးဖမ်း စည်သွပ်လုပ်သား၊ ဥယာဉ်ခြံမြေလုပ်သား နဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်တဲ့လုပ်ငန်းခွင်တွေမှာ အရင်ကတည်းက လုပ်သားရှားပါးမှုနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီကလည်း ဒီလိုမျိုး လုပ်သား (၁၅ဝဝဝ) ထပ်တိုးခွင့်ပြုပေးခဲ့သေးပေမယ့် တစ်ကြိမ်တစ်ခါတည်း - One Time Only လုပ်ဆောင်ခွင့်ပြုတဲ့ဥပဒေနဲ့ထိန်းချုပ်ထားခဲ့တာပါ။
.
. အဲဒီအစီအစဉ်ကိုလူဦးရေတိုးပေးဖို့အစဉ်တစိုက်ဆန့်ကျင်ခဲ့သူတွေ နဲ့ သမ္မတထရမ့်အလိုကျလုပ်ဆောင်နေရတဲ့ အိမ်ဖြူတော်အရာရှိတစ်ချို့ရဲ့အမြင်က နိုင်ငံအပြင်ကနေလုပ်သားတွေငှားရတဲ့အခါ များပြားလှတဲ့ ပြည်ဝင်ခွင့်ဗီဆာလုပ်ဆောင်ချက်အဆင့်ဆင့်တွေကျော်ဖြတ်ရတာ နဲ့ အခြေခံလုပ်ခလစာနှုန်းထားလျော့နည်းသွားစေနိုင်တာတွေကို အပြစ်တင်မှတ်ချက်ပြုကြပါတယ်
.
.
. အခုတော့ စောင့်နေခဲ့ကြတဲ့ အခြေခံလုပ်သားလိုအပ်နေတဲ့ကုမ္ပဏီတွေ အသက်ရှူချောင်တော့မယ်လို့ပြောလို့ရလာနေပေမယ့် ဗီဆာကို ဘယ်လိုခွဲဝေထုတ်ပေးသွားမလဲဆိုတဲ့ အဖြေကို သိချင်နေကြတယ်။ တစ်ဆက်တည်းမှာ ဒီနှစ်မှာ ယာယီလုပ်သားငှားရမ်းချင်တဲ့ကုမ္ပဏီတွေက များပြားလွန်းလှတာကြောင့် မဲနှိုက်သွားရလိမ့်မယ်လို့ ကြိုတင်တွက်ဆထားနေကြပါတယ်။
.
. MarketWatch သတင်းစာရဲ့ နောက်ထပ်ဆောင်းပါးတစ်ပုဒ်အရ ဆောက်လုပ်ရေးလုပ်ငန်းများပြားတဲ့ တက္ကဆက်ပြည်နယ်ရဲ့လုပ်ငန်းခွင်တွေမှာှားပါးလုပ်သားတွေကိုဖြည့်စွမ်းဖို့ အစိုးရက ပြောင်းရွှေ့လုပ်သားတွေကိုပေးမသွင်းဘူးဆိုရင် အမျိုးသမီးတွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာပိုမိုငှားရမ်းသွားရင်း နဲ့ စက်ရုပ်တွေကိုအစားထိုးတီထွင်ခိုင်းစေဖို့ရှိတဲ့အကြောင်းထပ်မံသိရှိရပါတယ်
.
. စိတ်မကောင်းစရာတစ်ခုက အမေရိကန်အစိုးရကဖော်ပြထားတဲ့ ယာယီလုပ်သားငှားရမ်းခွင့်ပြုထားတဲ့နိုင်ငံစာရင်း - (H-2B Eligible Countries List) ထဲမှာ မြန်မာနိုင်ငံမပါဝင်တာပါပဲ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-27-2018
.
ကိုးကား ၁ ။။။။။။။။။။ https://www.marketwatch.com/story/us-to-allow-another-15000-unskilled-foreign-workers-on-temporary-h-2b-visas-2018-05-26
.
ကိုးကား ၂ ။။။။။။။။။။ https://www.marketwatch.com/story/help-wanted-home-builders-need-women-immigrants-and-robots-to-fill-shortage-2018-05-21







No comments: