ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, October 7, 2018

ကြ်န္ေတာ္တို႕တေတြ စကားေျပာတဲ႕ေခတ္ေရာက္ျပီ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. လူသားေတြေန႕တုိင္းေျပာေနၾကတဲ႕စကားေတြကို ဒီေနရာကေန (၃) မ်ိဳးခြဲျခားျပခ်င္ပါတယ္။ ပထမဦးဆံုးတစ္ခုခုလုပ္ေတာ႕မယ္ဆိုရင္ စိတ္ထဲက ကိုယ္႕ဟာကိုယ္အရင္ဆံုးေျပာတဲ႕စကား၊ အရင္ဆံုးစဥ္းစားတဲ႕စကား၊ ဘယ္သူမွမၾကားတဲ႕ "စိတ္ထဲကေျပာတဲ႕စကား" ကို အမွတ္စဥ္ (၁) လို႕ မွတ္ထားေပးၾကည္႕ပါ။
.
. ဒီလိုေျပာတဲ႕စကားက ကိုယ္တိုင္နဲ႕ ကုိယ္႕ရဲ႕ကိုယ္ေစာင္႕နတ္ကလြဲျပီး ဘယ္သူမွမၾကားမိလိုက္ပါဘူး။ ဒါေပမယ္႕ ဒီစကားဟာ စြမ္းအားရွိတယ္။ ဒီစကားသံဟာ အာဏာရွိတယ္။ ဆံုးျဖတ္ခ်က္ေတြ ခ်ေလ႕ရွိတယ္။ အမွန္တရားကိုလက္တြဲသလို အဆုိးနဲ႕အမွားလုပ္မႈေတြဆီကိုလည္း တြန္းပို႕ေပးတတ္တယ္။ ဒါေၾကာင္႕ ဘယ္သူမွမၾကားတဲ႕စကားဟာ လိမ္ညာဖို႕လြယ္သလို ကုိယ္႕ရဲ႕လ်ိဳ႕ဝွက္ခ်က္ကုိ ကမၻာၾကီးနဲ႕တစ္လႊာျခားထားျပီး သိမ္းဆည္းထားတတ္တဲ႕ အတြင္းသ႑န္စိတ္တစ္ခုျဖစ္ပါတယ္။
.
.
. အမွတ္စဥ္ (၂) စကားဆုိတာ မိတ္ေဆြတို႕ေန႕တိုင္းအိပ္ယာကေနထကတည္းကေန ည
အိပ္ယာထဲကိုျပန္ဝင္အိပ္တဲ႕အထိ အခ်ိန္နဲ႕အမွ်ေျပာေနတဲ႕စကားအားလံုးကိုဆိုလိုပါတယ္။ ခ်ိဳခ်ိဳေျပာလဲ ဒါပဲ . . ထန္ထန္ေျပာလဲဒါပဲဆိုေပမယ္႕ မိတ္ေဆြေျပာတဲ႕စကားဟာ မိတ္ေဆြရဲ႕ပတ္ဝန္းက်င္ နဲ႕ လုပ္ငန္းခြင္ကို သက္ေရာက္မႈရွိလာျပီျဖစ္လို႕ သတိထားရမယ္႕စကားျဖစ္လာပါတယ္။
.
. ဒါေၾကာင္႕မို႕လို႕ လူ႕က်င္႕ဝတ္ဆိုတာ ရွိလာတယ္၊ လူမႈဆက္ဆံေရးဆိုတာ တုိးတက္ဖို႕ လိုလာတယ္။ အဲဒါေတြနဲ႕တစ္ဆက္တည္း တာဝန္ယူမႈ၊ တာဝန္ခံမႈဆုိတာေတြ ပုခံုးထက္မွာ ေနရာယူလာတယ္။ ဒါေၾကာင္႕ ဒီအခ်က္ေတြပါမွ လူေတြနဲ႕စကားေျပာရတာ တန္ဖိုးရွိတယ္။ တစ္ျခားဘက္မွာေတာ႕ အဲဒီအမူအက်င္႕နဲ႕ဆန္႕က်င္စြာ ဒီလိုအခ်က္ေတြမပါပဲ စကားေျပာသူေတြေၾကာင္႕ အိမ္တြင္းအၾကမ္းဖက္မႈကေန ျပည္တြင္းစစ္ၾကီးျဖစ္တဲ႕အထိ မီးခိုးမိႈင္းတိုက္ေပးၾကတာ စကား အမွတ္စဥ္ (၂) ပါပဲ။
.
.
. "ရုပ္ရွင္ေကာင္းတုိ႕မွာ ဇာတ္လိုက္ၾကီးကေနာက္ဆံုးေတာ႕အႏုိင္ရတယ္" ဆိုသလို လူသားအရင္းအျမစ္ၾကီးတစ္ခုလံုးကို ကယ္ဆယ္ဖြံ႕ျဖိဳးကမ္းတင္ေပးမွာကေတာ႕ "အသိပညာျဖန္႕ေဝျခင္း" ဆုိတဲ႕ စကားအမွတ္ (၃) ပဲ ျဖစ္ပါတယ္။ ဒီစကားဟာ ၾကီးက်ယ္ရံုတင္မက ေတြးတတ္မယ္ဆုိရင္ အနတၱစၾကာဝဠာအထိ အလင္းႏွစ္သန္းေပါင္းမ်ားစြာကို ခရီးေပါက္မယ္႕ အေတြးနယ္ထဲကိုပုိ႕ေပးႏုိင္တဲ႕စြမ္းအင္ရွိတဲ႕အေၾကာင္းကုိ ရွင္းျပလိုပါတယ္။
.
. လူေတြဟာ ဝမ္းစာအတြက္ ေငြေၾကးကိုတစ္ဝမ္းတစ္ခါးရွာၾကရင္း လမ္းညႊန္ဆိုင္းဘုတ္ကလြဲျပီး ဘာစာကုိမွမဖတ္ၾကေတာ႕တဲ႕အခါ သူမ်ားေျပာတဲ႕စကား၊ သူမ်ားရိုက္ထားတဲ႕ဗီဒီယိုအတုိေလးေတြကေန သတင္းအခ်က္အလက္ေတြနဲ႕ စိတ္ေပ်ာ္ရႊင္ရာေဖ်ာ္ေျဖေရးဗီဒီယုိေလးေတြကိုၾကည္႕လာၾကတယ္။ ဒီပရိသတ္ကုိရည္မွန္းျပီး ထုတ္လုပ္သူေတြ၊ သတင္း႒ာနေတြ၊ တစ္ကုိယ္ေတာ္အြန္လုိင္းလႈပ္ရွားသူေတြနဲ႕ စီးပြားေရးလုပ္ငန္းရွင္ေတြက Facebook LIVE လႊင္႕ျခင္းလမ္းပြင္႕လာတဲ႕ေနာက္မွာ တစ္ပါတည္းလိုက္ပါထုတ္လုပ္လာၾကတယ္။
.
.
. ဒီအခါမွာ လူတစ္ဦး တစ္ဖြဲ႕ကေန အင္တာနက္ကိုအသံုးျပဳျပီး ျမန္မာစာဖတ္တတ္သူဘယ္သူ႕ဆီကုိမဆိုေျပာႏုိင္တဲ႕ အသိပညာေပးစကားရဲ႕ထိေရာက္မႈကို လက္ေတြ႕အသံုးခ်လာၾကတယ္။ ဥပမာအားျဖင္႕ ေၾကာ္ျငာအားလံုးကိုေမာင္ပိုင္စီးေနတဲ႕ ႏိုင္ငံပိုင္သတင္း႒ာနေတြရဲ႕ မိနစ္တိုသတင္းေတြ၊ နယ္ပယ္အသီးသီးက ကြ်မ္းက်င္သူေတြကိုပင္႕ဖိတ္ျပီးလုပ္တဲ႕ စိတ္ဝင္စားမႈျမင္႕တက္ေနတဲ႕ ရာသီစာအင္တာဗ်ဴးေတြ၊ ေယာမင္းၾကီးဇရပ္လို လူအုပ္စုလုိက္ ေဆြးေႏြးမႈေတြ၊ အေၾကာင္းအရာတစ္ခုကို (၃) မိနစ္စာ နဲ႕ မိနစ္တို သင္ၾကားေပးမႈေတြအျပင္ လူအမ်ားစုစည္းၾကည္႕ရႈၾကတဲ႕ LIVE လႊင္႕တဲ႕ အြန္လိုင္းမွာထင္ရွားသူေတြေျပာတဲ႕စကားေတြဟာ ေခတ္ရဲ႕ေၾကးမံုျပင္တစ္ခုျဖစ္လာပါတယ္။
.
. ႏိုင္ငံကုိတည္ေဆာက္ေနသူဆိုတာ လႊတ္ေတာ္ထဲမွာေမာင္႕က်က္သေရေခါင္းေပါင္းေဆာင္းထားမွ . . မဟုတ္ဘူး၊ အစုိးရအဖြဲ႕ထဲမွာဝင္ထုိင္ေနမွ . . မဟုတ္ဘူး၊ ဥပေဒျပဳအမတ္တစ္ေယာက္လိုရာထူးတာဝန္ေတြရထားမွ . . မဟုတ္ဘူး . . ႏိုင္ငံသားတိုင္းလုပ္ခြင္႕ရွိတယ္။ ဒါေပမယ္႕ ကုိယ္႕အသံသူမ်ားၾကားေအာင္ - To Have Your Voice Be Heard ေတာ႕ ျဖစ္ေအာင္လုပ္ရပါလိမ္႕မယ္။
.
.
. ျပင္ခ်င္ေနတဲ႕ ႏုိင္ငံတစ္ခုလံုးနဲ႕ဆုိင္တဲ႕ပညာေရး၊ ရင္တုန္ေနတဲ႕ ခ်ိခ်ိနဲ႕နဲ႕ေဆးဝါးနဲ႕ဝန္ေဆာင္မႈမစံုလင္တဲ႕က်န္းမာေရး၊ ျငိတိတိျဖစ္ရံုမက ညွိလို႕မရျဖစ္ေနတဲ႕ျပည္တြင္းစစ္ေတြကိုအသာထား . .
အနီးအနားကလူေတြကို ကိုယ္သိထားတာမွ်ေဝရင္း "အသိပညာၾကြယ္ဝေအာင္" အမွတ္စဥ္ (၃) စကားမ်ိဳးကို မ်ားမ်ားေျပာရမယ္။
.
. ဒီလိုေျပာႏုိင္ဖို႕အတြက္ စိတ္ဓါတ္ဝမ္းစာျဖည္႕ဖို႕လိုတယ္။ အတင္းအဖ်င္း နဲ႕ အလိမ္အညာက Facebook မွာရွိေနေပမယ္႕ အလိမၼာကေတာ႕ စာအုပ္စာေပထဲမွာ လဲလဲေလ်ာင္းေလ်ာင္းအျမဲရွိေနပါတယ္။ သြားလႈပ္ႏုိးဖို႕သာ လုိပါတယ္။
.
.
. ဒါေၾကာင္႕ မိတ္ေဆြဟာ ျပည္တြင္းမွာရွိေနသလား? ျပည္ပမွာရွိေနသလား? ဆိုတာ အင္တာနက္ကအေျဖမေပးႏုိင္ေတာ႕ဘူး။ မိတ္ေဆြမွာလက္ကိုင္ဖုန္းတစ္လံုး နဲ႕ မည္သူမည္ဝါျဖစ္တယ္ဆိုတဲ႕ Identity တစ္ခုပါတဲ႕ Facebook Account တစ္ခုရွိရင္ ကမၻာၾကီးနဲ႕စကားေျပာလို႕ရျပီ။
.
. အဲဒီထဲကမွ မိတ္ေဆြ ဘယ္စကားအမ်ိဳးအစားေျပာမယ္၊ ဘယ္စကားရဲ႕ေနာက္ဆက္တြဲအမႈကိစၥကို မိတ္ေဆြေခါင္းခံေျဖရွင္းမယ္၊ ဘယ္စကားရဲ႕ထိေရာက္မႈအတုိင္းအဆနဲ႕ ဖရုိဖရဲျပိဳလဲလာလာေနတဲ႕ Blah Blah လူမႈအသိုင္းအဝုိင္းကုိ ဘယ္ေနရာ ဘယ္ျဂိဳဟ္ေဒါင္႕ကေန ပါဝင္ကူညီမလဲဆိုတာကေတာ႕ မိတ္ေဆြရဲ႕ေရြးခ်ယ္မႈနဲ႕သာသက္ဆိုင္ပါေတာ႕တယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 10-07-2018
.
.
Unicode Version:
.
. "ကျွန်တော်တို့တတွေ စကားပြောတဲ့ခေတ်ရောက်ပြီ"
. လူသားတွေနေ့တိုင်းပြောနေကြတဲ့စကားတွေကို ဒီနေရာကနေ (၃) မျိုးခွဲခြားပြချင်ပါတယ်။ ပထမဦးဆုံးတစ်ခုခုလုပ်တော့မယ်ဆိုရင် စိတ်ထဲက ကိုယ့်ဟာကိုယ်အရင်ဆုံးပြောတဲ့စကား၊ အရင်ဆုံးစဉ်းစားတဲ့စကား၊ ဘယ်သူမှမကြားတဲ့ "စိတ်ထဲကပြောတဲ့စကား" ကို အမှတ်စဉ် (၁) လို့ မှတ်ထားပေးကြည့်ပါ
.
. ဒီလိုပြောတဲ့စကားက ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကလွဲပြီး ဘယ်သူမှမကြားမိလိုက်ပါဘူး။ ဒါပေမယ့် ဒီစကားဟာ စွမ်းအားရှိတယ်။ ဒီစကားသံဟာ အာဏာရှိတယ်။ ဆုံးဖြတ်ချက်တွေ ချလေ့ရှိတယ်။ အမှန်တရားကိုလက်တွဲသလို အဆိုးနဲ့အမှားလုပ်မှုတွေဆီကိုလည်း တွန်းပို့ပေးတတ်တယ်။ ဒါကြောင့် ဘယ်သူမှမကြားတဲ့စကားဟာ လိမ်ညာဖို့လွယ်သလို ကိုယ့်ရဲ့လျို့ဝှက်ချက်ကို ကမ္ဘာကြီးနဲ့တစ်လွှာခြားထားပြီး သိမ်းဆည်းထားတတ်တဲ့ အတွင်းသဏ္ဍန်စိတ်တစ်ခုဖြစ်ပါတယ်။
.
.
. အမှတ်စဉ် (၂) စကားဆိုတာ မိတ်ဆွေတို့နေ့တိုင်းအိပ်ယာကနေထကတည်းကနေ ည
အိပ်ယာထဲကိုပြန်ဝင်အိပ်တဲ့အထိ အချိန်နဲ့အမျှပြောနေတဲ့စကားအားလုံးကိုဆိုလိုပါတယ်။ ချိုချိုပြောလဲ ဒါပဲ . . ထန်ထန်ပြောလဲဒါပဲဆိုပေမယ့် မိတ်ဆွေပြောတဲ့စကားဟာ မိတ်ဆွေရဲ့ပတ်ဝန်းကျင် နဲ့ လုပ်ငန်းခွင်ကို သက်ရောက်မှုရှိလာပြီဖြစ်လို့ သတိထားရမယ့်စကားဖြစ်လာပါတယ်။
.
. ဒါကြောင့်မို့လို့ လူ့ကျင့်ဝတ်ဆိုတာ ရှိလာတယ်၊ လူမှုဆက်ဆံရေးဆိုတာ တိုးတက်ဖို့ လိုလာတယ်။ အဲဒါတွေနဲ့တစ်ဆက်တည်း တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာတွေ ပုခုံးထက်မှာ နေရာယူလာတယ်။ ဒါကြောင့် ဒီအချက်တွေပါမ လူတွေနဲ့စကားပြောရတာ တန်ဖိုးရှိတယ်။ တစ်ခြားဘက်မှာတော့ အဲဒီအမူအကျင့်နဲ့ဆန့်ကျင်စွာ ဒီလိုအချက်တွေမပါပဲ စကားပြောသူတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုကနေ ပြည်တွင်းစစ်ကြီးဖြစ်တဲ့အထိ မီးခိုးမှိုင်းတိုက်ပေးကြတာ စကား အမှတ်စဉ် (၂) ပါပဲ။
.
.
. "ရုပ်ရှင်ကောင်းတို့မှာ ဇာတ်လိုက်ကြီးကနောက်ဆုံးတော့အနိုင်ရတယ်" ဆိုသလို လူသားအရင်းအမြစ်ကြီးတစ်ခုလုံးကို ကယ်ဆယ်ဖွံ့ဖြိုးကမ်းတင်ပေးမှာကတော့ "အသိပညာဖြန့်ဝေခြင်း" ဆိုတဲ့ စကားအမှတ် (၃) ပဲ ဖြစ်ပါတယ်။ ဒီစကားဟာ ကြီးကျယ်ရုံတင်မက တွေးတတ်မယ်ဆိုရင် အနတ္တစကြာဝဠာအထိ အလင်းနှစ်သန်းပေါင်းများစွာကို ခရီးပေါက်မယ့် အတွေးနယ်ထဲကိုပို့ပေးနိုင်တဲ့စွမ်းအင်ရှိတဲ့အကြောင်းကိုှင်းပြလိုပါတယ်
.
. လူတွေဟာ ဝမ်းစာအတွက် ငွေကြေးကိုတစ်ဝမ်းတစ်ခါးရှာကြရင်း လမ်းညွှန်ဆိုင်းဘုတ
ကလွဲပြီး ဘာစာကိုမှမဖတ်ကြတော့တဲ့အခါ သူများပြောတဲ့စကား၊ သူများရိုက်ထားတဲ့ဗီဒီယိုအတိုလေးတွေကနေ သတင်းအချက်အလက်တွေနဲ့ စိတ်ပျော်ရွှင်ရာဖျော်ဖြေရေးဗီဒီယိုလေးတွေကိုကြည့်လာကြတယ်။ ဒီပရိသတ်ကိုရည်မှန်းပြီး ထုတ်လုပ်သူတွေ၊ သတင်းဋ္ဌာနတွေ၊ တစ်ကိုယ်တော်အွန်လိုင်းလှုပ်ရှားသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက Facebook LIVE လွှင့်ခြင်းလမ်းပွင့်လာတဲ့နောက်မှာ တစ်ပါတည်းလိုက်ပါထုတ်လုပ်လာကြတယ်။
.
.
. ဒီအခါမှာ လူတစ်ဦး တစ်ဖွဲ့ကနေ အင်တာနက်ကိုအသုံးပြုပြီး မြန်မာစာဖတ်တတ်သူဘယ်သူ့ဆီကိုမဆိုပြောနိုင်တဲ့ အသိပညာပေးစကားရဲ့ထိရောက်မှုကို လက်တွေ့အသုံးချလာကြတယ်။ ဥပမာအားဖြင့် ကြော်ငြာအားလုံးကိုမောင်ပိုင်စီးနေတဲ့ နိုင်ငံပိုင်သတင်းဋ္ဌာနတွေရဲ့ မိနစ်တိုသတင်းတွေ၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေကိုပင့်ဖိတ်ပြီးလုပ်တဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရာသီစာအင်တာဗျူးတွေ၊ ယောမင်းကြီးဇရပ်လို လူအုပ်စုလိုက် ဆွေးနွေးမှုတွေ၊ အကြောင်းအရာတစ်ခုကို (၃) မိနစ်စာ နဲ့ မိနစ်တို သင်ကြားပေးမှုတွေအပြင် လူအများစုစည်းကြည့်ရှုကြတဲ့ LIVE လွှင့်တဲ့ အွန်လိုင်းမှာထင်ရှားသူတွေပြောတဲ့စကားတွေဟာ ခေတ်ရဲ့ကြေးမုံပြင်တစ်ခုဖြစ်လာပါတယ်။
.
. နိုင်ငံကိုတည်ဆောက်နေသူဆိုတာ လွှတ်တော်ထဲမှာမောင့်ကျက်သရေခေါင်းပေါင်းဆောင်းထားမ . . မဟုတ်ဘူး၊ အစိုးရအဖွဲ့ထဲမှာဝင်ထိုင်နေမှ . . မဟုတ်ဘူး၊ ဥပဒေပြုအမတ်တစ်ယောက်လိုရာထူးတာဝန်တွေရထားမ . . မဟုတ်ဘူး . . နိုင်ငံသားတိုင်းလုပ်ခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ့်အသံသူများကြားအောင် - To Have Your Voice Be Heard တော့ ဖြစ်အောင်လုပ်ရပါလိမ့်မယ်။
.
.
. ပြင်ချင်နေတဲ့ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့ပညာရေး၊ ရင်တုန်နေတဲ့ ချိချိနဲ့နဲ့ဆေးဝါးနဲ့ဝန်ဆောင်မှုမစုံလင်တဲ့ကျန်းမာရေး၊ ငြိတိတိဖြစ်ရုံမက ညှိလို့မရဖြစ်နေတဲ့ပြည်တွင်းစစ်တွေကိုအသာထား . .
အနီးအနားကလူတွေကို ကိုယ်သိထားတာမျှဝေရင်း "အသိပညာကြွယ်ဝအောင်" အမှတ်စဉ် (၃) စကားမျိုးကို များများပြောရမယ်။
.
. ဒီလိုပြောနိုင်ဖို့အတွက် စိတ်ဓါတ်ဝမ်းစာဖြည့်ဖို့လိုတယ်။ အတင်းအဖျင်း နဲ့ အလိမ်အညာက Facebook မှာရှိနေပေမယ့် အလိမ္မာကတော့ စာအုပ်စာပေထဲမှာ လဲလဲလျောင်းလျောင်းအမြဲရှိနေပါတယ်။ သွားလှုပ်နိုးဖို့သာ လိုပါတယ်။
.
.
. ဒါကြောင့် မိတ်ဆွေဟာ ပြည်တွင်းမှာရှိနေသလား? ပြည်ပမှာရှိနေသလား? ဆိုတာ အင်တာနက်ကအဖြေမပေးနိုင်တော့ဘူး။ မိတ်ဆွေမှာလက်ကိုင်ဖုန်းတစ်လုံး နဲ့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ Identity တစ်ခုပါတဲ့ Facebook Account တစ်ခုရှိရင် ကမ္ဘာကြီးနဲ့စကားပြောလို့ရပြီ။
.
. အဲဒီထဲကမ မိတ်ဆွေ ဘယ်စကားအမျိုးအစားပြောမယ်၊ ဘယ်စကားရဲ့နောက်ဆက်တွဲအမှုကိစ္စကို မိတ်ဆွေခေါင်းခံဖြေရှင်းမယ်၊ ဘယ်စကားရဲ့ထိရောက်မှုအတိုင်းအဆနဲ့ ဖရိုဖရဲပြိုလဲလာလာနေတဲ့ Blah Blah လူမှုအသိုင်းအဝိုင်းကို ဘယ်နေရာ ဘယ်ဂြိုဟ်ဒေါင့်ကနေ ပါဝင်ကူညီမလဲဆိုတာကတော့ မိတ်ဆွေရဲ့ရွေးချယ်မှုနဲ့သာသက်ဆိုင်ပါတော့တယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 10-07-2018

No comments: