ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
တစ်နေ့က အလုပ်မှာ မြန်မာအမျိုးသမီး ( ၂ ) ယောက်ပြောနေကြတာက ဒီလိုပါ။
.
အစ်မကြီး တစ်ယောက်ရဲ့ကားကို
တစ်ခြားလူက ဝင်တိုက်ပါတယ်။ ဖြစ်ဖြစ်ချင်း အမေရိကန်မှာလုပ်နေကျအတိုင်း တိုက်သူရဲ့
Insurance ၊ ကားလိုင်စင်နံပါတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် အကုန်လုံးတောင်းပါတယ်။
ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာ တိုက်သူက ကောင်းကောင်းမွန်မွန်နဲ့ သူအားလုံးလျော်ပေးမယ့်အကြောင်း
ပြောတယ်။
.
ဒီအခါမှာ အတိုက်ခံရသူ အစ်မကြီးက
သူ့ကား ဘယ်မှာပြင်မယ်၊ ဘယ်တော့ပြင်မယ်ဆိုပြီး ချိန်းတော့ တစ်ဖက်က “ အေးအေးဆေးဆေး
စိတ်တိုင်းကျလုပ်ပါ သူလာပြီးငွေရှင်းပေးပါ့မယ် “ ဆိုပြီး ပြောပါသတဲ့။
.
ကားပိန်နေတာကို မစောင့်လိုတဲ့
အဲဒီအစ်မကြီးက ကားဘော်ဒီရုံကိုရောက်တဲ့အခါ ဘယ်လောက်ကုန်ကျမယ်ဆိုတဲ့ Appraisal
တောင်းပြီးတဲ့အခါ ကားတိုက်သွားသူကို ဖုန်းဆက်ပါတယ်။ တစ်ဖက်ကလူက “ ဘယ်လောက်ကျကျ
ပြင်ထားလိုက်ပါ .. သူငွေလာရှင်းပေးမယ် “ လို့ပြောတော့ အစ်မကြီးက ကားဘော်ဒီရုံကို
အလုပ်စလုပ်ဖို့ ပြောလိုက်ပါတယ်။
.
အခုဖြစ်နေတာက ဟိုဖက်ကလူက
ဖုန်းဆက်တိုင်း ကောင်းကောင်းပြောတယ်။ လာမယ် .. ငွေလာရှင်းပေးမယ်ပဲ ပြောတယ်။
တစ်ခါမှ ပေါ်မလာဘူး။ ထပ်ဆက်တော့လည်း ဒီအတိုင်းပဲ .. မရောက်လာပြန်ဘူး။
.
ဒီတော့ အစ်မကြီးဟာ
ကားပြင်စားရိတ်ကို ကိုယ့်ဖာသာကိုယ် ငွေစိုက်ပြင်ထားပြီး တစ်ဖက်ကလူနားက ပြန်ရဖို့
ကြိုးစားနေရတာဖြစ်နေတာပေါ့။ ဒါပေမယ့် ဘယ်လိုမှ မအောင်မြင်ပါ။ ဟိုလူက
ချော့ချော့မော့မော့ပြောပြီး တစ်ခုခုအကြောင်းပြကာ ရောက်မလာပါ။
.
နောက်ဆုံးတော့ အစ်မကြီးဟာ
ကိုယ့်ကားပျက်စီးတာ ကိုယ့်ငွေနဲ့ကိုယ်ပြင်ရတဲ့ ဇာတ်ကြောထဲ မျှောနေရပါပြီ။
ကားမောင်းပြီးအလုပ်သာလာရတယ် .. ကုန်တဲ့ငွေက ထောင်ချီတိုတော့
မပျော်နိုင်ဖြစ်နေတာနဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာတစ်ယောက်ကမေးလို့ ဒီဖြစ်စဉ်လေးကို
သိခဲ့ရတာဖြစ်ပါတယ်။
.
.
ချစ်စွာသောစာဖတ်သူများ
သင်ခန်းစာအဖြစ်အပျက်လေးကိုဖတ်ကြည့်ပြီး အောက်က ရွေးချယ်မေးခွန်းတွေထဲက ( ၁ ) ခုကို
ဖြေပေးနိုင်မလား?
.
.
( A ) ကားတိုက်သူရဲ့အမှားပါ။
အစ်မကြီးကမှန်နေလို့ ဘော်ဒီထုခကို မဖြစ်ဖြစ်အောင်လာရှင်းပေးရပါမယ်။
.
( B ) ကားတိုက်သူက
ငွေလာရှင်းပေးမယ်ပြောပြီး မရှင်းချင်လို့ ရှောင်နေတာ လိမ်လည်မှုမြှောက်ပါတယ်။
.
( C ) ဘာကြောင့်ပဲဖြစ်ဖြစ်
ဒီလိုကိစ္စက ရဲတိုင်ရပါမယ်။
.
( D ) ကားမပြင်ခင် ဘော်ဒီရုံမှာ
ကားတိုက်သူကို အပါခေါ်ပြီး ငွေရှုင်းခိုင်းရပါမယ်။
.
( E ) ကားကိုလုံးဝကြိုမပြင်ပဲ
ဒီအတိုင်းထားရမယ်။ အစ်မကြီးရဲ့ ကားအာမခံ - Insurance ကို “ဖုန်းဆက်ပြီး “ အဖြစ်အပျက်ကို
ပြောပြရမယ်။ ကားတိုက်သူရဲ့ အာမခံ နဲ့ အချက်အလက်တွေပေးပြီး မိမိအာမခံကုမ္ပဏီကို
ဒီကိစ္စရှင်းခိုင်းရပါမယ်။ အခင်းဖြစ်တဲ့နေရာမှာ ကား ( ၂ ) စီးလုံးကို
လက်ကိုင်ဖုန်းနဲ့ သက်သေဓါတ်ပုံတွေရိုက်ထားရပါမယ်။
.
.
အမေရိကန်မော်တော်ယာဉ်ဆိုင်ရာဗဟုသုတများတိုးပွားနိုင်ကြပါစေ။
.
.
ဓါတ်ပုံ - အင်တာနက်
No comments:
Post a Comment