ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ဒါေပမဲ့ အေျခအေနေတြကအရင္နဲ႕မတူေတာ့ဘူး။ တစ္ခ်ိန္က ကြၽန္ေတာ္တို႔ကိုအားက်ၿပီးႀကိဳးစားခဲ့တဲ့သူေတြဟာ အခုေတာ့ေနာက္မ်ိဳးဆက္ကိုျပန္လည္မွ်ေဝဖို႔အားထုတ္လာၾကတာေတြ႕ရေတာ့ အင္မတန္ဝမ္းေျမာက္မိတယ္။ ကြၽန္ေတာ္တို႔ေရးခဲ့တဲ့အတိုင္းလိုက္ေရးတယ္။ ကြၽန္ေတာ္တို႔ေျပာခဲ့တဲ့အတိုင္းလိုက္ေျပာတယ္။ သိပ္ေကာင္းမြန္တဲ့အတုယူလက္ဆင့္ကမ္းမႈလို႔အသိအမွတ္ျပဳပါတယ္။
လူအမ်ားၾကားဖူးၾကတဲ့ဆိုရိုးစကားတစ္ခုလိုပဲ "ငါးတစ္ေကာင္မေပးနဲ႕၊ ငါးဖမ္းနည္းသင္ေပးလိုက္ပါ" ဆိုတာဟာအေၾကာင္းမဲ့ေျပာခဲ့တာမဟုတ္ဘူး။ ကြၽန္ေတာ္ဟာအကုန္သိ၊ အကုန္တတ္သူတစ္ေယာက္မဟုတ္ပါ။ သိတာကို ေဝမွ်၊ မရင္းႏွီးေသးတာကို ေလ့လာ၊ မသိတာကို ေမးျမန္းစုံစမ္း၊ မရွင္းလင္းတာကိုက်ေတာ့ စာအုပ္စာေပမွာေဖြရွာ . . ဒီလိုနဲ႕ေတာင္ေပၚသား Christopher Columbus တစ္ေယာက္ ေ႐ႊျပည္သစ္ကိုရွာခဲ့တယ္ေပါ့ဗ်ာ။
အခုေနာက္ပိုင္းပြင့္လင္းလာတဲ့အင္တာနက္ေခတ္မွာဘာမဆို ေရးလြယ္၊ ေျပာလြယ္၊ မွတ္သားစရာေတြလြယ္ကူလွေပမယ့္ စာတစ္ပိုဒ္ကိုၿပီးဆံုးေအာင္ဖတ္ဖို႔ေတာ္ေတာ္ေျပာယူရတယ္။ ဒါေတြဟာ "ကမာၻမွာျမန္မာေဟ့" လို႔ ေႂကြးေက်ာ္နိုင္ဖို႔ေတာ္ေတာ္အလွမ္းေဝးေသးတယ္လို႔ ထင္ရွားျမင္သာေနတဲ့သေဘာပဲ။ ဒီအပိုင္းကိုေတာ့ကြၽန္ေတာ္ ေတာ္ေတာ္ေလးကိုအားမလိုအားမရျဖစ္မိတယ္။
က်ေနာ္တို႔ေရႊျပည္ေဟာင္းႀကီးတိုးတက္ဖို႔ဆိုရင္ျပည္တြင္းမွာသာမက ျပည္ပေရာက္ျမန္မာတြမွာပါတာဝန္ရိွတယ္လို႔ကြၽန္ေတာ္ယူဆတယ္။ ျပည္တြင္းမွာရွိတဲ့ျမန္မာေတြက သူတို႔သားသမီးေတြကိုအဂၤလိပ္စာဖိသင္ခိုင္းတယ္။ ျပည္ပေရာက္ျမန္မာေတြကသူတို႔သားသမီးေတြျမန္မာစာမေရးတတ္၊ ျမန္မာစကားမေျပာတတ္မွာစိုးလို႔ ျမန္မာစာသင္ဆရာနဲ႕ျပန္သင္ၾကားေနၾကတယ္။
ဒါေတြဟာအင္မတန္ေကာင္းမြန္တဲ့ "တိုင္းက်ိဳးျပည္ျပဳျပန္လည္တည္ေဆာက္မႈႀကီးတစ္ခု" ပါပဲ။ ဒီလုပ္ရပ္ေတြကိုဂုဏ္ယူရမယ္။ ေနာက္လူေတြဆက္လက္လုပ္ေဆာင္လာနိုင္ေအာင္သတင္းစကားေပးရမယ္။ က်ေနာ္တို႔လုပ္နိုင္တာ က်ေနာ္တို႔လုပ္မယ္။ က်ေနာ္တို႔မလုပ္နိုင္တာကိုေနာက္မ်ိဳးဆက္ေတြကိုလုပ္ပံုလုပ္နည္းေတြသင္ၾကားေပးရပါမယ္။
ေနာင္လာေနာက္သားေတြကအခုလက္ရွိလူႀကီးျဖစ္ေနသူေတြထက္ပိုေတာ္မွသာလွ်င္ကြၽန္ေတာ္တို႔တာဝန္ေက်တယ္ျဖစ္ေတာ့မွာပါ။ ေခါင္းေဆာင္ေကာင္းတို႔မွန္သမွ်ဟာ ေပးထားတဲ့ကတိေတြေနာက္ဘယ္ေတာ့မွတစ္ေကာက္ေကာက္မလိုက္ၾကဘူး။ အနာဂါတ္မ်ိဳးဆက္အေရးကိုေတြးပူၿပီး ျမင္ကြင္းက်ယ္က်ယ္ၾကည့္တတ္သူေတြကိုသာေခါင္းေဆာင္ေကာင္းလို႔ေခၚၾကတယ္။
ဒါဟာဘုရားေပးတဲ့ဆုမဟုတ္ပါ။ ကြ်န္ေတာ္တို႔ကိုယ္တိုင္ထုဆစ္ထားရမယ့္ဘဝရဲ႕ပန္းပု႐ုပ္ထုျဖစ္တယ္။ ကဲ ဒီလိုဆိုေတာ့မိတ္ေဆြဘာရရမယ္ဆိုတာထက္ ေနာက္မ်ိဳးဆက္အတြက္ဘာလုပ္ေပးခ်င္သလဲဆိုတာကအေရးႀကီးေနမယ္ဆိုတာရိပ္စားမိေလာက္ၿပီေပါ့။
"ေပးကားေပး၏မရ" ဆိုတဲ့စကားပုံဟာဘာကိုမွအသစ္မသင္ယူျခင္းသူအတြက္မွန္ေကာင္းမွန္လိမ့္မယ္။ သို့ေသာ္လည္း ဘဝကိုအေကာင္းရွုျမင္၊ လက္ရွိအေျခေနကိုအခြင့္အေရးလို႔သိျမင္၊ အက်ပ္အတည္းနဲ႕စိန္ေခၚမႈေတြကိုအခြင့္အလမ္းလို႔မ်က္စိနဲ ့တပ္အပ္ျမင္သူေတြအတြက္ေတာ့ ဘဝဟာတကယ္ဘုရားေပးတဲ့ဆုလာဘ္ပါပဲ။
အမွန္တရားဟာအၿမဲတမ္းမခါးသက္ပါဘူး။ အစကတည္းကရင္ဆိုင္မယ္ဆိုတဲ့စိတ္ဓာတ္ဟာကိုယ့္အတြက္ေရာ၊ ကိုယ့္သားသမီးေတြအတြက္ပါ ခ်ိဳၿမိန္ျခင္းအရသာကိုေပးစြမ္းႏိုင္ပါလိမ့္မယ္။
နိဂုံးခ်ဳပ္ရင္းေပးခ်င္တဲ့စကားလက္ေဆာင္ကေတာ့လူသားတိုင္းဟာကိုယ့္အခက္အခဲႀကဳံတဲ့အခါသူတပါးဆီမွာအကူညီေတာင္းဖို႔သတိရၾကတယ္။ ဒါေပမယ့္ ဒီလူသားဟာသူ႕အခက္ခဲေတြေျပလည္သြားျပီးတဲ့အခါမွာဘဝေမ့သြားတတ္ၾကတယ္။ ဘဝအမွန္ကိုသိတဲ့လူသားတစ္ေယာက္ဟာ ေနာက္လူေတြ ကိုယ့္လိုမ်ိဳးအခက္အခဲမျဖစ္ၾကရေလေအာင္လက္ေလးတစ္ဖက္ကမ္းေပးတတ္ၾကပါတယ္။
ဒုကၡခံရလည္း တစ္ေယာက္တည္း မဟုတ္ဘူး။ သုခစံရလည္း တစ္ေယာက္တည္း မဟုတ္ဘူး။ "You Are not Alone"
ခင္လ်က္
ကိုညီညီ ေတာင္ႀကီး
05-25-19
မွတ္ခ်က္။။။။။။။။။။ ဤစာတစ္ပိုဒ္လံုး၏ (၈ဝ%) ကို Gboard မွ Google Voice Input ျဖင့္ အသံေပးေရးသားခဲ့ျခင္းျဖစ္ၿပီး လက္ကိုင္ဖုန္းျဖင့္ ေဖာင့္ေျပာင္းအေခ်ာသတ္ခဲ့ပါသည္။
အသံျဖင့္ေရးသားခ်ိန္ = ၂ဝ မိနစ္
အမွားျပင္ဆင္ခ်ိန္ = ၃ဝ မိနစ္
စာလံုးေပါင္းစစ္ခ်ိန္ = ၂၅ မိနစ္
ဖုန္းျဖင့္အေခ်ာသတ္ၾကာခ်ိန္ = ၂ဝ မိနစ္
ပံုဖန္တီးရန္ၾကာခ်ိန္ = ၁၁ မိနစ္
အစအဆံုးဖတ္ရန္ၾကာခ်ိန္ = ၂ မိနစ္ ၄၂ စကၠန႔္
Unicode Version:
"ဘယ်တော့မှတစ်ယောက်တည်းမဟုတ်ပါ" "You Are not Alone" ကျွန်တော်တစ်ခုလောက်ပြောချင်တယ်။ အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာစာရေးတဲ့သူတွအများကြီးတွေ့လာရတယ်။ ကျွန်တော်စာစရေးခဲ့တုန်းကအမေရိကားအကြောင်း၊ နိုင်ငံရပ်ခြားမှာကျောင်းသွားတက်ဖို့အကြောင်း၊ လူငယ်တွေခွန်အားဖြစ်စေဖို့စာတွေကိုရေးတဲ့သူတွေ သိပ်ပြီးများများစားစားမရှိသေးဘူး။ ဒါပေမဲ့ အခြေအနေတွေကအရင်နဲ့မတူတော့ဘူး။ တစ်ချိန်က ကျွန်တော်တို့ကိုအားကျပြီးကြိုးစားခဲ့တဲ့သူတွေဟာ အခုတော့နောက်မျိုးဆက်ကိုပြန်လည်မျှဝေဖို့အားထုတ်လာကြတာတွေ့ရတော့ အင်မတန်ဝမ်းမြောက်မိတယ်။ ကျွန်တော်တို့ရေးခဲ့တဲ့အတိုင်းလိုက်ရေးတယ်။ ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းလိုက်ပြောတယ်။ သိပ်ကောင်းမွန်တဲ့အတုယူလက်ဆင့်ကမ်းမှုလို့အသိအမှတ်ပြုပါတယ်။ လူအများကြားဖူးကြတဲ့ဆိုရိုးစကားတစ်ခုလိုပဲ "ငါးတစ်ကောင်မပေးနဲ့၊ ငါးဖမ်းနည်းသင်ပေးလိုက်ပါ" ဆိုတာဟာအကြောင်းမဲ့ပြောခဲ့တာမဟုတ်ဘူး။ ကျွန်တော်ဟာအကုန်သိ၊ အကုန်တတ်သူတစ်ယောက်မဟုတ်ပါ။ သိတာကို ဝေမျှ၊ မရင်းနှီးသေးတာကို လေ့လာ၊ မသိတာကို မေးမြန်းစုံစမ်း၊ မရှင်းလင်းတာကိုကျတော့ စာအုပ်စာပေမှာဖွေရှာ . . ဒီလိုနဲ့တောင်ပေါ်သား Christopher Columbus တစ်ယောက် ရွှေပြည်သစ်ကိုရှာခဲ့တယ်ပေါ့ဗျာ။ အခုနောက်ပိုင်းပွင့်လင်းလာတဲ့အင်တာနက်ခေတ်မှာဘာမဆို ရေးလွယ်၊ ပြောလွယ်၊ မှတ်သားစရာတွေလွယ်ကူလှပေမယ့် စာတစ်ပိုဒ်ကိုပြီးဆုံးအောင်ဖတ်ဖို့တော်တော်ပြောယူရတယ်။ ဒါတွေဟာ "ကမ္ဘာမှာမြန်မာဟေ့" လို့ ကြွေးကျော်နိုင်ဖို့တော်တော်အလှမ်းဝေးသေးတယ်လို့ ထင်ရှားမြင်သာနေတဲ့သဘောပဲ။ ဒီအပိုင်းကိုတော့ကျွန်တော် တော်တော်လေးကိုအားမလိုအားမရဖြစ်မိတယ်။ ကျနော်တို့ရွှေပြည်ဟောင်းကြီးတိုးတက်ဖို့ဆိုရင်ပြည်တွင်းမှာသာမက ပြည်ပရောက်မြန်မာတွမှာပါတာဝန်ရှိတယ်လို့ကျွန်တော်ယူဆတယ်။ ပြည်တွင်းမှာရှိတဲ့မြန်မာတွေက သူတို့သားသမီးတွေကိုအင်္ဂလိပ်စာဖိသင်ခိုင်းတယ်။ ပြည်ပရောက်မြန်မာတွေကသူတို့သားသမီးတွေမြန်မာစာမရေးတတ်၊ မြန်မာစကားမပြောတတ်မှာစိုးလို့ မြန်မာစာသင်ဆရာနဲ့ပြန်သင်ကြားနေကြတယ်။ ဒါတွေဟာအင်မတန်ကောင်းမွန်တဲ့ "တိုင်းကျိုးပြည်ပြုပြန်လည်တည်ဆောက်မှုကြီးတစ်ခု" ပါပဲ။ ဒီလုပ်ရပ်တွေကိုဂုဏ်ယူရမယ်။ နောက်လူတွေဆက်လက်လုပ်ဆောင်လာနိုင်အောင်သတင်းစကားပေးရမယ်။ ကျနော်တို့လုပ်နိုင်တာ ကျနော်တို့လုပ်မယ်။ ကျနော်တို့မလုပ်နိုင်တာကိုနောက်မျိုးဆက်တွေကိုလုပ်ပုံလုပ်နည်းတွေသင်ကြားပေးရပါမယ်။ နောင်လာနောက်သားတွေကအခုလက်ရှိလူကြီးဖြစ်နေသူတွေထက်ပိုတော်မှသာလျှင်ကျွန်တော်တို့တာဝန်ကျေတယ်ဖြစ်တော့မှာပါ။ ခေါင်းဆောင်ကောင်းတို့မှန်သမျှဟာ ပေးထားတဲ့ကတိတွေနောက်ဘယ်တော့မှတစ်ကောက်ကောက်မလိုက်ကြဘူး။ အနာဂါတ်မျိုးဆက်အရေးကိုတွေးပူပြီး မြင်ကွင်းကျယ်ကျယ်ကြည့်တတ်သူတွေကိုသာခေါင်းဆောင်ကောင်းလို့ခေါ်ကြတယ်။ ဒါဟာဘုရားပေးတဲ့ဆုမဟုတ်ပါ။ ကျွန်တော်တို့ကိုယ်တိုင်ထုဆစ်ထားရမယ့်ဘဝရဲ့ပန်းပုရုပ်ထုဖြစ်တယ်။ ကဲ ဒီလိုဆိုတော့မိတ်ဆွေဘာရရမယ်ဆိုတာထက် နောက်မျိုးဆက်အတွက်ဘာလုပ်ပေးချင်သလဲဆိုတာကအရေးကြီးနေမယ်ဆိုတာရိပ်စားမိလောက်ပြီပေါ့။ "ပေးကားပေး၏မရ" ဆိုတဲ့စကားပုံဟာဘာကိုမှအသစ်မသင်ယူခြင်းသူအတွက်မှန်ကောင်းမှန်လိမ့်မယ်။ သို့သော်လည်း ဘဝကိုအကောင်းရှုမြင်၊ လက်ရှိအခြေနေကိုအခွင့်အရေးလို့သိမြင်၊ အကျပ်အတည်းနဲ့စိန်ခေါ်မှုတွေကိုအခွင့်အလမ်းလို့မျက်စိနဲ ့တပ်အပ်မြင်သူတွေအတွက်တော့ ဘဝဟာတကယ်ဘုရားပေးတဲ့ဆုလာဘ်ပါပဲ။ အမှန်တရားဟာအမြဲတမ်းမခါးသက်ပါဘူး။ အစကတည်းကရင်ဆိုင်မယ်ဆိုတဲ့စိတ်ဓာတ်ဟာကိုယ့်အတွက်ရော၊ ကိုယ့်သားသမီးတွေအတွက်ပါ ချိုမြိန်ခြင်းအရသာကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ နိဂုံးချုပ်ရင်းပေးချင်တဲ့စကားလက်ဆောင်ကတော့လူသားတိုင်းဟာကိုယ့်အခက်အခဲကြုံတဲ့အခါသူတပါးဆီမှာအကူညီတောင်းဖို့သတိရကြတယ်။ ဒါပေမယ့် ဒီလူသားဟာသူ့အခက်ခဲတွေပြေလည်သွားပြီးတဲ့အခါမှာဘဝမေ့သွားတတ်ကြတယ်။ ဘဝအမှန်ကိုသိတဲ့လူသားတစ်ယောက်ဟာ နောက်လူတွေ ကိုယ့်လိုမျိုးအခက်အခဲမဖြစ်ကြရလေအောင်လက်လေးတစ်ဖက်ကမ်းပေးတတ်ကြပါတယ်။ ဒုက္ခခံရလည်း တစ်ယောက်တည်း မဟုတ်ဘူး။ သုခစံရလည်း တစ်ယောက်တည်း မဟုတ်ဘူး။ "You're not Alone." ခင်လျက် ကိုညီညီ တောင်ကြီး 05-25-19 မှတ်ချက်။။။။။။။။။။ ဤစာတစ်ပိုဒ်လုံး၏ (၈ဝ%) ကို Gboard မှ Google Voice Input ဖြင့် အသံပေးရေးသားခဲ့ခြင်းဖြစ်ပြီး လက်ကိုင်ဖုန်းဖြင့် ဖောင့်ပြောင်းအချောသတ်ခဲ့ပါသည်။ အသံဖြင့်ရေးသားချိန် = ၂ဝ မိနစ် အမှားပြင်ဆင်ချိန် = ၃ဝ မိနစ် စာလုံးပေါင်းစစ်ချိန် = ၂၅ မိနစ် ဖုန်းဖြင့်အချောသတ်ကြာချိန် = ၂ဝ မိနစ် ပုံဖန်တီးရန်ကြာချိန် = ၁၁ မိနစ် အစအဆုံးဖတ်ရန်ကြာချိန် = ၂ မိနစ် ၄၂ စက္ကန့်
No comments:
Post a Comment