ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, August 31, 2015

မိမိကေလး ( ၉ ) ႏွစ္သားအရြယ္မွာ စေျပာျပသင္႕တဲ႕ အရက္ရဲ႕ဆိုးက်ိဳး

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အရက္ေသာက္တာမေကာင္းဘူးဆိုတာ မိမိကေလးငယ္ ( ၉ ) ႏွစ္သားအရြယ္ေရာက္ကတည္းက ေရေရလည္လည္နားလည္ေအာင္ ေျပာျပသင္႕တယ္လို႕ အေမရိကန္ကေလးသူငယ္မ်ားေစာင္႕ေရွာက္ေရးအကယ္ဒမီ - AAP ( American Academy of Pediatrics ) က ေျပာလုိက္ပါတယ္။
.
သူတို႕ရဲ႕စာရင္းမ်ားအရ အထက္တန္းေရာက္ျပီးသားေက်ာင္းသားအေရအတြက္ရဲ႕ ( ၅ဝ% ) ဟာ အရက္ေသာက္ဖူးၾကပါတယ္။ အရြယ္မတုိင္ခင္အရက္စြဲၾကသူေက်ာင္းသားမ်ားက ( ၆ဝ% ) ရွိတယ္လို႕ အစီရင္ခံစာက ေထာက္ျပတယ္။ ဒါေၾကာင္႕မုိ႕ AAP ရဲ႕ေဖာ္ျပခ်က္အရ မ်ားျပားလွတဲ႕ဒီပမာဏကိုအေရးတၾကီးကာကြယ္ဖို႕လုိလာျပီျဖစ္တဲ႕အေၾကာင္း ၾသဂုတ္လ ( ၃၁ ) ရက္ေန႕ထုတ္ ကေလးသူငယ္မ်ားဂ်ာနယ္ - Journal of Pediatrics မွာ ေရးသားထားပါတယ္။
.
.
အသက္ ( ၁၂ ) ႏွစ္ နဲ႕ ( ၁၄ ) ႏွစ္ၾကား အရက္စမ္းေသာက္ၾကည္႕တဲ႕ ကေလးငယ္တစ္ဝက္တိတိဟာ အရက္စြဲသြားၾကပါတယ္။ ဒီပမာဏကိုၾကည္႕ျပီး မိဘမ်ားနဲ႕ဆရာဝန္မ်ားက စိုးရိမ္တၾကီးနဲ႕ေစာင္႕ၾကည္႕ေနရတဲ႕ကာလဆုိရင္လည္း မမွားပါဘူး။ မိမိသားသမီးကို အလယ္တန္းေရာက္ျပီဆုိတာနဲ႕ အရက္မေကာင္းေၾကာင္း ထိထိမိမိေျပာသင္႕လွတဲ႕အေၾကာင္းရင္းေတြက ခုိင္လံုစြာတည္ရွိေနပါတယ္။
.
ဒီအရြယ္မွာ ကေလးေတြရဲ႕ဦးေႏွာက္ဟာ စိတ္ခံစားမႈဖြံ႕ျဖိဳးျခင္းနဲ႕အတူ အရာရာကုိစူးစမ္းတတ္တဲ႕အမူအက်င္႕က ( ၉ ) ႏွစ္သားအရြယ္ကတည္းက စတာျဖစ္ပါတယ္။ အဆိုးလမ္းမွားမေရာက္ရေအာင္ၾကိဳတင္ကာကြယ္တဲ႕အေနနဲ႕ ကေလးေတြရဲ႕စိတ္ကူးကုိ မိဘေတြက အခ်ိန္မီဝင္ေရာက္စြက္ဖက္ဖို႕လုိအပ္ပါတယ္။

.
.
“ အရက္ဆိုတာမေကာင္းဘူး .. အရက္ေသာက္ရင္ဘယ္လိုဒုကၡေရာက္မယ္ ”  ဆုိတာမ်ိဳးကအစ မိမိပတ္ဝန္းက်င္မွာ အေကာင္းၾကီးကေနျပိဳလဲသြားရတဲ႕ဘဝေတြကိုသင္ခန္းစာယူဖို႕ မီးေမာင္းထိုးျပႏုိင္မွ ေတာ္ကာက်ပါလိမ္႕မယ္။ ဒီလုိလုပ္ျခင္းအားျဖင္႕ ေနာက္က်မွသိျပီး အမွီလိုက္ျပဳျပင္ရခက္တဲ႕ ကေလးဆိုးၾကီးေတြအျဖစ္ က်ေရာက္သြားျခင္းကေန ကာကြယ္ႏုိင္ပါလိမ္႕မယ္။
.
.
“ It is hard to change their impressions later, from positive to negative - ဘယ္ကိစၥမဆို မေကာင္းတဲ႕ဘဝေရာက္ေတာ႕မွ ေကာင္းေအာင္ျပန္ေနပါလို႕ လိုက္ေျပာတာကိုမၾကိဳက္ဆံုးထဲမွာ ကေလးငယ္ေတြပါတာကို မိဘေတြ ေတာ္ေတာ္သတိထားရပါလိမ္႕မယ္ ”
.
 စိတ္ကစားစ ဆယ္ေက်ာ္သက္ - Teen အရြယ္ကေန ကုိယ္ထင္ရာကုိယ္တဇြတ္ထုိးလုပ္တတ္တဲ႕ ၾကီးေကာင္ေပါက္ - Adolescent အရြယ္ေတြကို အရက္က ဆိုးရြားစြာဖ်က္ဆီးပါတယ္။ အဓိကအေၾကာင္းရင္းကေတာ႕ အေမရိကန္မွာ အရက္ဟာ တရားဝင္ခြင္႕ျပဳထားတဲ႕ မူးယစ္ေဆးဝါးျဖစ္ေနလို႕ပါပဲ။ အရက္ေရာင္းအားေတြေကာင္းလာသေလာက္ အေမရိကန္ လူေနမႈစံနစ္ နဲ႕ လမ္းမွားေရာက္သြားတဲ႕ လူငယ္ေတြရဲ႕အနာဂါတ္က မတရားက်ဆင္းေနပါတယ္။
.
.
အဆိုပါအစီရင္ခံစာကုိေရးတဲ႕ စာေရးဆရာေဒါက္တာက “ အထူးကုေဆးခန္း - ICU ( Intensive Care Unit ) ေရာက္လာတဲ႕ကေလးငယ္ေတြရဲ႕မိဘေတြကုိ .. ရွင္တုိ႕ရဲ႕ကေလးက အရက္စြဲေနတယ္လို႕ .. ကြ်န္မကေျပာေတာ႕ သူတုိ႕က စိတ္သက္သာရာရသြားတယ္။ အမွန္က သူတုိ႕စိတ္မသက္သာပါဘူး။ စိတ္လည္းေလွ်ာ႕မသြားသင္႕ဘူး။ အရက္က လူသတ္တယ္ေလ ” လို႕ ရွင္းျပတယ္။
.
ေရာဂါထိန္းခ်ဳပ္ေရးႏွင္႕ကာကြယ္ေရးစင္တာ - CDC ( Centers for Disease Control and Prevention ) က ေျပာျပတာက လူငယ္ ( ၆ ) ေယာက္မွာ ( ၁ ) ေယာက္က ( ၁ ) လ မွာ အရက္ ( ၄ ) ၾကိမ္ ေသာက္ပါတယ္ တဲ႕။ ဒါက အရက္ကိုစြဲလမ္းေနတာျဖစ္ပါတယ္။ တစ္ခ်ိဳ႕ဆယ္ေက်ာ္သက္ေတြက ( ၁ ) လ ကို အရက္ ( ၃ ) ၾကိမ္ေသာက္တာလည္းရွိပါတယ္။ ဒါဟာလည္း စြဲလမ္းမႈသံသရာထဲေလွ်ာက္လွမ္းေနသလို ျဖတ္ေတာက္ဖို႕ခက္တဲ႕ဘဝထဲကိုအေရာက္သြားေနသူမ်ားပဲျဖစ္ၾကပါတယ္။ ဘယ္လိုနည္း နဲ႕ ဘယ္ႏွစ္ၾကိမ္ပဲေသာက္ေသာက္ စိတ္ခ်ရတဲ႕အေျခအေနကို ေရာက္ဖို႕မျဖစ္ႏိုင္ေသးပါဘူး။
.
.
“ အရက္ကိုေသာက္တတ္လာတဲ႕ဆယ္ေက်ာ္သက္ေတြဟာ အျပင္းစား ေဗာ္ကာ - Vodka အရက္ကို ပုလင္းလိုက္ေထာင္ၾကတယ္ .. ျပီးေတာ႕ သူငယ္ခ်င္းအခ်င္းခ်င္း ပုလင္းကုန္ေမာ႕ေသာက္ျပတယ္။ ခ်က္ခ်င္းေသာက္ ခ်က္ခ်င္းမူးခ်င္ၾကတယ္ေလ။ အဲဒီမွာ အူျပတ္ျပီးေသႏိုင္တယ္ဆုိတာမသိတာ အဆိုးဆံုးပါပဲ ”  လုိ႕ စာေရးဆရာေဒါက္တာက ဆက္ေျပာပါတယ္။
.
ဒါ႕အျပင္ အသက္ ( ၁၅ ) ႏွစ္ နဲ႕ ( ၂ဝ ) ႏွစ္ၾကား ကားမေတာ္တဆမႈေတြရဲ႕ ( ၃ ) ပံု ( ၁ ) ပံုဟာ အရက္ေၾကာင္႕ ျဖစ္ရတာပါ။ ငယ္စဥ္ဘဝမွာအရက္ေသာက္ျခင္းဟာ ဦးေႏွာက္ဖြံ႕ျဖိဳးမႈကို ၾကားျဖတ္တားဆီးရံုမက အရက္နာက်ျခင္းရဲ႕နာတာရွည္ေရာဂါရဖုိ႕ စြန္႕စားခန္းဝင္ရသလိုျဖစ္ေနပါတယ္။
.
.
မိဘေတြရဲ႕တာဝန္က အခြင္႕အေရးရတုိင္း သားသမီးကုိ အရက္ေၾကာင္႕ဒုကၡပင္လယ္ေဝရတဲ႕အခ်က္ေတြကို အျမဲတေစမီးေမာင္းထုိးျပေနသင္႕ပါတယ္။ သူကဆက္ျပီး “ အရက္က လြယ္တယ္။ ေနရာတုိင္းမွာရႏုိင္တယ္ .. ဘတ္စ္ကားေဘးမွာ၊ ေၾကာ္ျငာဆိုင္းဘုတ္ေပၚမွာ၊ ရုပ္ရွင္ထဲမွာ .. အစံုပဲ။ တစ္ကယ္လို႕ ကားေမာင္းေနရင္း မူးေနသူေတြေတြ႕တဲ႕အခါ မိမိကေလးကုိျပရမယ္၊ တစ္ခါတစ္ေလ ရုပ္ရွင္ထဲမွာ အရက္မူးခန္းပါမယ္ .. အဲဒီအခ်ိန္မွာ ကေလးကိုသင္ေပးရမယ္ .. အရက္မူးရင္ ဒီလုိျဖစ္မယ္ဆုိျပီးေတာ႕ေပါ႕ ” လို႕ ေျပာျပန္ပါတယ္။
.
ဒါ႕အျပင္ မိဘေတြက ကေလးေတြရဲ႕ အဓိက-စံျပ ျဖစ္သင္႕လွတယ္။ အစီရင္ခံစာထဲကသုေတသနအရ ( ၈ဝ% ) ေသာ ဆယ္ေက်ာ္သက္ေတြဟာ သူတုိ႕အရက္ေသာက္တတ္တာဟာ မိဘေတြေသာက္တာကုိျမင္တာက စတယ္လုိ႕ ရွာေဖြေတြ႕ရွိထားပါတယ္။ ဘယ္ေလာက္ေၾကာက္စရာေကာင္းလိုက္ပါသလဲ?
.
.
ဒီလုိေျပာလို႕ ကေလးေတြေရွ႕မွာ မိဘေတြက ဝုိင္အရက္ေလးတစ္ခြက္ေလာက္မွ မေသာက္ရဘူးလို႕ ဆိုလိုတာမဟုတ္ပါဘူး။ ေသာက္ေပမယ္႕ ကေလးေတြေရွ႕မွာ အမူးလြန္တာကမွ ရွက္ဖြယ္လိလိ နဲ႕ မေကာင္းတဲ႕လုပ္ရပ္ျဖစ္ေစပါတယ္။ တစ္ဆက္တည္း ၾကည္႕မေကာင္း ရႈမေပ်ာ္ စရိုက္ဆိုးတစ္ခုက အျပင္မွာအလုပ္တစ္ခုခုအဆင္မေျပလုိ႕ အိမ္ျပန္လာတဲ႕ မိဘေတြဟာ “ ငါ အလုပ္မွာ အဆင္မေျပလာဘူး။ တစ္ခြက္ေလာက္ေသာက္မွျဖစ္မယ္ ” ဆိုတဲ႕စကားမ်ိဳးကုိ ေျပာတတ္ၾကတာပါ။
.
ကေလးအတြက္လိုအပ္လို႕ ဆရာဝန္ျပရတဲ႕အခါမွာလည္း ဆရာဝန္ နဲ႕ ႏွစ္ေယာက္တည္း စကားေပးေျပာသင္႕ပါတယ္။ အဲဒီနည္းလမ္းနဲ႕ အခြင္႕အေရးေပးမွသာလွ်င္ ကေလးဟာ သူ႕ဘဝကုိ သူပံုေဖာ္ႏုိင္တဲ႕ ေလာင္းရိပ္ကလြတ္တဲ႕ လြတ္လပ္ပန္းေလးဘဝကို ပိုင္ဆိုင္ႏိုင္မွာျဖစ္တယ္လို႕ “ LiveScience ” မဂၢဇင္းၾကီးက ေရးတာကုိ ျမန္မာမႈျပဳလိုက္ရပါတယ္။ ျမန္မာလူငယ္ကေလးငယ္မ်ား အတုယူမမွားပဲ အရက္ရန္ေဘး ကင္းေဝးၾကပါေစ။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
08-31-2015
.
.
.
Myanmar Unicode Version:
.
.
“ မိမိကလေး ( ၉ ) နှစ်သားအရွယ်မှာ စပြောပြသင့်တဲ့ အရက်ရဲ့ဆိုးကျိုး ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အရက်သောက်တာမကောင်းဘူးဆိုတာ မိမိကလေးငယ် ( ၉ ) နှစ်သားအရွယ်ရောက်ကတည်းက ရေရေလည်လည်နားလည်အောင် ပြောပြသင့်တယ်လို့ အမေရိကန်ကလေးသူငယ်များစောင့်ရှောက်ရေးအကယ်ဒမီ - AAP ( American Academy of Pediatrics ) က ပြောလိုက်ပါတယ်။
.
သူတို့ရဲ့စာရင်းများအရ အထက်တန်းရောက်ပြီးသားကျောင်းသားအရေအတွက်ရဲ့ ( ၅ဝ% ) ဟာ အရက်သောက်ဖူးကြပါတယ်။ အရွယ်မတိုင်ခင်အရက်စွဲကြသူကျောင်းသားများက ( ၆ဝ% ) ရှိတယ်လို့ အစီရင်ခံစာက ထောက်ပြတယ်။ ဒါကြောင့်မို့ AAP ရဲ့ဖော်ပြချက်အရ များပြားလှတဲ့ဒီပမာဏကိုအရေးတကြီးကာကွယ်ဖို့လိုလာပြီဖြစ်တဲ့အကြောင်း ဩဂုတ်လ ( ၃၁ ) ရက်နေ့ထုတ် ကလေးသူငယ်များဂျာနယ် - Journal of Pediatrics မှာ ရေးသားထားပါတယ်။
.
.
အသက် ( ၁၂ ) နှစ် နဲ့ ( ၁၄ ) နှစ်ကြား အရက်စမ်းသောက်ကြည့်တဲ့ ကလေးငယ်တစ်ဝက်တိတိဟာ အရက်စွဲသွားကြပါတယ်။ ဒီပမာဏကိုကြည့်ပြီး မိဘများနဲ့ဆရာဝန်များက စိုးရိမ်တကြီးနဲ့စောင့်ကြည့်နေရတဲ့ကာလဆိုရင်လည်း မမှားပါဘူး။ မိမိသားသမီးကို အလယ်တန်းရောက်ပြီဆိုတာနဲ့ အရက်မကောင်းကြောင်း ထိထိမိမိပြောသင့်လှတဲ့အကြောင်းရင်းတွေက ခိုင်လုံစွာတည်ရှိနေပါတယ်။
.
ဒီအရွယ်မှာ ကလေးတွေရဲ့ဦးနှောက်ဟာ စိတ်ခံစားမှုဖွံ့ဖြိုးခြင်းနဲ့အတူ အရာရာကိုစူးစမ်းတတ်တဲ့အမူအကျင့်က ( ၉ ) နှစ်သားအရွယ်ကတည်းက စတာဖြစ်ပါတယ်။ အဆိုးလမ်းမှားမရောက်ရအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကလေးတွေရဲ့စိတ်ကူးကို မိဘတွေက အချိန်မီဝင်ရောက်စွက်ဖက်ဖို့လိုအပ်ပါတယ်။
.
.
အရက်ဆိုတာမကောင်းဘူး .. အရက်သောက်ရင်ဘယ်လိုဒုက္ခရောက်မယ် ”  ဆိုတာမျိုးကအစ မိမိပတ်ဝန်းကျင်မှာ အကောင်းကြီးကနေပြိုလဲသွားရတဲ့ဘဝတွေကိုသင်ခန်းစာယူဖို့ မီးမောင်းထိုးပြနိုင်မှ တော်ကာကျပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်ကျမှသိပြီး အမှီလိုက်ပြုပြင်ရခက်တဲ့ ကလေးဆိုးကြီးတွေအဖြစ် ကျရောက်သွားခြင်းကနေ ကာကွယ်နိုင်ပါလိမ့်မယ်။
.
.
It is hard to change their impressions later, from positive to negative - ဘယ်ကိစ္စမဆို မကောင်းတဲ့ဘဝရောက်တော့မှ ကောင်းအောင်ပြန်နေပါလို့ လိုက်ပြောတာကိုမကြိုက်ဆုံးထဲမှာ ကလေးငယ်တွေပါတာကို မိဘတွေ တော်တော်သတိထားရပါလိမ့်မယ် ”
.
 စိတ်ကစားစ ဆယ်ကျော်သက် - Teen အရွယ်ကနေ ကိုယ်ထင်ရာကိုယ်တဇွတ်ထိုးလုပ်တတ်တဲ့ ကြီးကောင်ပေါက် - Adolescent အရွယ်တွေကို အရက်က ဆိုးရွားစွာဖျက်ဆီးပါတယ်။ အဓိကအကြောင်းရင်းကတော့ အမေရိကန်မှာ အရက်ဟာ တရားဝင်ခွင့်ပြုထားတဲ့ မူးယစ်ဆေးဝါးဖြစ်နေလို့ပါပဲ။ အရက်ရောင်းအားတွေကောင်းလာသလောက် အမေရိကန် လူနေမှုစံနစ် နဲ့ လမ်းမှားရောက်သွားတဲ့ လူငယ်တွေရဲ့အနာဂါတ်က မတရားကျဆင်းနေပါတယ်။
.
.
အဆိုပါအစီရင်ခံစာကိုရေးတဲ့ စာရေးဆရာဒေါက်တာက “ အထူးကုဆေးခန်း - ICU ( Intensive Care Unit ) ရောက်လာတဲ့ကလေးငယ်တွေရဲ့မိဘတွေကို .. ရှင်တို့ရဲ့ကလေးက အရက်စွဲနေတယ်လို့ .. ကျွန်မကပြောတော့ သူတို့က စိတ်သက်သာရာရသွားတယ်။ အမှန်က သူတို့စိတ်မသက်သာပါဘူး။ စိတ်လည်းလျှော့မသွားသင့်ဘူး။ အရက်က လူသတ်တယ်လေ ” လို့ ရှင်းပြတယ်။
.
ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ - CDC ( Centers for Disease Control and Prevention ) က ပြောပြတာက လူငယ် ( ၆ ) ယောက်မှာ ( ၁ ) ယောက်က ( ၁ ) လ မှာ အရက် ( ၄ ) ကြိမ် သောက်ပါတယ် တဲ့။ ဒါက အရက်ကိုစွဲလမ်းနေတာဖြစ်ပါတယ်။ တစ်ချို့ဆယ်ကျော်သက်တွေက ( ၁ ) လ ကို အရက် ( ၃ ) ကြိမ်သောက်တာလည်းရှိပါတယ်။ ဒါဟာလည်း စွဲလမ်းမှုသံသရာထဲလျှောက်လှမ်းနေသလို ဖြတ်တောက်ဖို့ခက်တဲ့ဘဝထဲကိုအရောက်သွားနေသူများပဲဖြစ်ကြပါတယ်။ ဘယ်လိုနည်း နဲ့ ဘယ်နှစ်ကြိမ်ပဲသောက်သောက် စိတ်ချရတဲ့အခြေအနေကို ရောက်ဖို့မဖြစ်နိုင်သေးပါဘူး။
.
.
အရက်ကိုသောက်တတ်လာတဲ့ဆယ်ကျော်သက်တွေဟာ အပြင်းစား ဗော်ကာ - Vodka အရက်ကို ပုလင်းလိုက်ထောင်ကြတယ် .. ပြီးတော့ သူငယ်ချင်းအချင်းချင်း ပုလင်းကုန်မော့သောက်ပြတယ်။ ချက်ချင်းသောက် ချက်ချင်းမူးချင်ကြတယ်လေ။ အဲဒီမှာ အူပြတ်ပြီးသေနိုင်တယ်ဆိုတာမသိတာ အဆိုးဆုံးပါပဲ ”  လို့ စာရေးဆရာဒေါက်တာက ဆက်ပြောပါတယ်။
.
ဒါ့အပြင် အသက် ( ၁၅ ) နှစ် နဲ့ ( ၂ဝ ) နှစ်ကြား ကားမတော်တဆမှုတွေရဲ့ ( ၃ ) ပုံ ( ၁ ) ပုံဟာ အရက်ကြောင့် ဖြစ်ရတာပါ။ ငယ်စဉ်ဘဝမှာအရက်သောက်ခြင်းဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို ကြားဖြတ်တားဆီးရုံမက အရက်နာကျခြင်းရဲ့နာတာရှည်ရောဂါရဖို့ စွန့်စားခန်းဝင်ရသလိုဖြစ်နေပါတယ်။
.
.
မိဘတွေရဲ့တာဝန်က အခွင့်အရေးရတိုင်း သားသမီးကို အရက်ကြောင့်ဒုက္ခပင်လယ်ဝေရတဲ့အချက်တွေကို အမြဲတစေမီးမောင်းထိုးပြနေသင့်ပါတယ်။ သူကဆက်ပြီး “ အရက်က လွယ်တယ်။ နေရာတိုင်းမှာရနိုင်တယ် .. ဘတ်စ်ကားဘေးမှာ၊ ကြော်ငြာဆိုင်းဘုတ်ပေါ်မှာ၊ ရုပ်ရှင်ထဲမှာ .. အစုံပဲ။ တစ်ကယ်လို့ ကားမောင်းနေရင်း မူးနေသူတွေတွေ့တဲ့အခါ မိမိကလေးကိုပြရမယ်၊ တစ်ခါတစ်လေ ရုပ်ရှင်ထဲမှာ အရက်မူးခန်းပါမယ် .. အဲဒီအချိန်မှာ ကလေးကိုသင်ပေးရမယ် .. အရက်မူးရင် ဒီလိုဖြစ်မယ်ဆိုပြီးတော့ပေါ့ ” လို့ ပြောပြန်ပါတယ်။
.
ဒါ့အပြင် မိဘတွေက ကလေးတွေရဲ့ အဓိက-စံပြ ဖြစ်သင့်လှတယ်။ အစီရင်ခံစာထဲကသုတေသနအရ ( ၈ဝ% ) သော ဆယ်ကျော်သက်တွေဟာ သူတို့အရက်သောက်တတ်တာဟာ မိဘတွေသောက်တာကိုမြင်တာက စတယ်လို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဘယ်လောက်ကြောက်စရာကောင်းလိုက်ပါသလဲ?
.
.
ဒီလိုပြောလို့ ကလေးတွေရှေ့မှာ မိဘတွေက ဝိုင်အရက်လေးတစ်ခွက်လောက်မှ မသောက်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သောက်ပေမယ့် ကလေးတွေရှေ့မှာ အမူးလွန်တာကမှ ရှက်ဖွယ်လိလိ နဲ့ မကောင်းတဲ့လုပ်ရပ်ဖြစ်စေပါတယ်။ တစ်ဆက်တည်း ကြည့်မကောင်း ရှုမပျော် စရိုက်ဆိုးတစ်ခုက အပြင်မှာအလုပ်တစ်ခုခုအဆင်မပြေလို့ အိမ်ပြန်လာတဲ့ မိဘတွေဟာ “ ငါ အလုပ်မှာ အဆင်မပြေလာဘူး။ တစ်ခွက်လောက်သောက်မှဖြစ်မယ် ” ဆိုတဲ့စကားမျိုးကို ပြောတတ်ကြတာပါ။
.
ကလေးအတွက်လိုအပ်လို့ ဆရာဝန်ပြရတဲ့အခါမှာလည်း ဆရာဝန် နဲ့ နှစ်ယောက်တည်း စကားပေးပြောသင့်ပါတယ်။ အဲဒီနည်းလမ်းနဲ့ အခွင့်အရေးပေးမှသာလျှင် ကလေးဟာ သူ့ဘဝကို သူပုံဖော်နိုင်တဲ့ လောင်းရိပ်ကလွတ်တဲ့ လွတ်လပ်ပန်းလေးဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်လို့ “ LiveScience ” မဂ္ဂဇင်းကြီးက ရေးတာကို မြန်မာမှုပြုလိုက်ရပါတယ်။ မြန်မာလူငယ်ကလေးငယ်များ အတုယူမမှားပဲ အရက်ရန်ဘေး ကင်းဝေးကြပါစေ။
.
ခင်မင်ခြင်းများစွာဖြင့်
.
08-31-2015
.
“ မိမိကေလး ( ၉ ) ႏွစ္သားအရြယ္မွာ စေျပာျပသင္႕တဲ႕ အရက္ရဲ႕ဆိုးက်ိဳး ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၉ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၈ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/m92iy88ofbci2m4/NetGuide+Vol.4%2C+No.18.pdf





No comments: